𝙏𝙝𝙞𝙣𝙠𝙫𝙚𝙧𝙨𝙚
1.36K subscribers
262 photos
9 videos
13 files
126 links
သတင်း ၊ ဒဿန ၊ စာပေ ၊ သိပ္ပံနှင့် ဖျော်ဖြေရေး အရေးအသားများ

Our Web(closed)
thinkverse.lovable.app

Lunatic's Collection
https://t.me/IknowledgeField/476

Merlin's Collection
https://t.me/IknowledgeField/154

Contact for business -
@MertvetsKira
Download Telegram
ပေါက်ကရ စကားထာလေးတခုဝှက်မယ် မှန်ရင် bill 3000

သူအဖြူရောင် လေဟာနယ်အချပ်ပြားတခုပေါ်ရောက်နေတယ်။ အချပ်ပြားကြီးရဲ့ချောက်ကပ်ပါးအတက်အချွန်ထိပ်မှာ သူ့မိသားစု‌တွေနေထိုင်မြဲဖြစ်တယ်။ သူဟာအခုတော့ ဘဝမီးစာကုန်လွန်တော့မယ်ဖြစ်တဲ့ မသန်စွမ်းသူတယောက်။ သူအိပ်ပျော်သွားတယ်။ မကြာပါဘူး။ သူ centipede တကောင်လိုမျိုးအလုပ်ပြန်လုပ်ရတယ်။သူ့ဘဝရဲ့ မပြီးမြောက်နိုင်သောသံသရာလည်ခြင်းဖြစ်စဉ်က သေခြင်းပဲ။ သူဖမ်းဆုပ်လို့မရနိုင်တဲ့အငွေ့အသက်တွေ။ သူဟာ လေအနှင်မှာသာ ဝေ့ပြီးချစ်တဲ့လူရဲ့လက်ဖဝါးပေါ် ခဏတာကပ်ညှိတွယ်နိုင်မယ်ဆိုရင်တောင် ပျော်နိုင်မယ့်ပုံပါပဲ။

[HINT/ အမှုန်အမွှားနဲ့ ပက်သတ်တာ btw ကြိုပြောတယ်နော် nonsense ဖြစ်တယ်လို့]

#Shira
❤6🕊3😡1
မြစ်မှ အနာဂတ်ဆီသို့တီးတိုးသံ အပိုင်း (၁)

1800s အလယ်လောက်က Finland နိုင်ငံလေးရဲ့ ( Fin ရဲ့နိုင်ငံရေးအပြောင်းလဲဘာညာအရ အဲ့တုန်းကတော့ကိုယ်ပိုင် အုပ်ချုပ်ခွင့် autonomous Grand Duchy ဆိုတာရတယ် ဒါမဲ့ရုရှန်း အင်ပါယာအောက်ပဲ ရှိသေးတာပေါ့) ဆိတ်ငြိမ်တဲ့ တောအုပ်တွေထဲမှာဆိုရင် မခမ်းနားလှသေးတဲ့ စက္ကူစက်ရုံလေးဟာဆိုရင်ဖြင့် တသွင်သွင်စီးဆင်းနေတဲ့ Nokianvirta မြစ်နားမှာ ကနဦးစတည်ထားခဲ့တာပေါ့။ စက်ရုံမှာအလုပ်" ကြတဲ့တချို့"သော တွေကတော့ သူတို့ရဲ့မဝံ့ကြွားနိုင်သေးတဲ့ စက်ရုံလေးဟာ သူ့ရဲ့မွေးဖွားရာ သစ်တောရေပြင်တွေကြားကနေ တချိန်"မှာတော့ "နည်းပညာ" ပိုင်းဆိုင်ရာမှာ ကမ္ဘာ့အမှတ်သင်္ကေတတခုနဲ့ကို ထွန်းပေါက်လာလိမ့်မယ်လို့ စိတ်ကူးယဉ်ခဲ့ကြပါတယ်တဲ့။

ပျင်းသွားမှာစိုးလို့ * Let me skip *

အဲ့ဒီထွန်းပေါက်အောင်မြင်ဖြစ်ထွန်းလာမဲ့ နာမည်က Nokia ဆိုတာ Thinker လေးတို့အသိပဲ။ ဒီပုံပြင်လေးအကြောင်းတစွန်းတစနားထောင်မိတိုင်း မီးခိုးတလူလူနဲ့80s ခေတ် က စက်ရုံတွေအကြောင်းလို့ မတွေးပဲ ကြီး"ကျယ်" မြစ်အကြောင်းပြုလို့ transformation တခု အကျိုးရလာလို့ပဲ တွေးလိုက်ကြပါစို့။

တည်ထောင်တဲ့သူအကြောင်းလေး လှည့်ကြဦးတာပေါ့

အဲအဲ့ဒီ Founder Fredrik Idestam ( အသံထွက် FREH-drik EE-deh-stam) က တကယ်တမ်းကျ Low-key genius လေး တခြား founderတွေလို ဂုဏ်ဘာညာလိုချင်တာမျိုးမရှိခဲ့ဘူး ။ သူ့မျက်နှာတောင် မမြင်ဖူးတဲ့လူခပ်များများရယ်တဲ့
သူ့အမြင်ကလဲ ရိုးရှင်းတယ် လက်တွေ့ကျတယ်။ မီတို့သိပ္ပံတို့ ပထဝီတို့မှာ ဖင်ဘူးတောင်းထောင် ကျက်ခဲ့ရတဲ့ " Natural Resources" တွေကို society မှာ တခုခုအသုံးဝင်အောင် ပြန် ဖန်တီးချင်တယ် ဒါပဲ။ သူကလဲတကယ်စိတ်ရှိတော့ သူ့ကိုယ်သူကြိမ်ဖန်ပေါင်းများစွာ မေးခွန်းတွေ မေးမှာပေါ့ ( Every invention begins as an answer to the question ကိုး)

Idestam : What can I do with what I have around me?

His mind : Progress starts with perception js fk do smth bit**

Nokia ရဲ့ပထမဆုံးနမူနာစကားက " အကောင်းဆုံးချစ်သူကို ရဖို့ အမြဲ အလန်းတွေအသစ်လေးတွေရှာပြီး အချိန်မဖြုန်းပဲ old is gold ဖြစ်တဲ့ချစ်သူဟောင်းတွေကိုပဲ ဘဝအလင်းသစ်လေးအဖြစ် မြင်သင့်ကြောင်း" ပေါ့။

Just kidding
သူပြောချင်တာက အသစ်မှကောင်းတာမဟုတ် ဟောင်းကိုမှ အမြင်တမျိုးဆန်းသစ်စ view နဲ့မြင်တတ်ဖို့ပြောတာ။

စက္ကူကိုအရင်းပြုလို့ တိုးတက်ကြပါစို့။

19th century ကုန်ဆုံးခါနီးမှာ တွဲဖက်ပုဂ္ဂိုလ်ဖြစ်လာမဲ့ Leo Mechelin က
"Nokia ကတော့တကယ့်ကောင် paper mill တည် စက္ကူထုတ်တာတခုထက် ပိုတိုးတက်လာနိုင်ခြေတွေ အများကြီးရှိတယ်" ဆိုပြီး company ကို ကမ္ဘာကိုလျှပ်စစ်ပေးတဲ့ ကဏ္ဍတွေဆီရောက်အောင် တွန်းပို့လိုက်ပါလေရော။ Mechelin ရဲ့စီးပွားရေးအကွက်တခုပဲ မဟုတ်ပဲ စိတ်ကူးစိတ်သန်းတခုကြောင့်လဲ တိုးတက်လာတဲ့ထဲ ပါတာပေါ့။

Others : Electricity is used only for power

Leo Mechelin: Nah" သူ့မှာဖြစ်နိုင်‌ခြေအလားအလာတွေ များကြီးပဲရှိတယ်ကွ

ဒီနေရာမှာ လောကအမြင်အရပြောရမယ်ဆိုရင် ကိုယ့်နယ်ပယ်ရဲ့တဖက်ခြမ်းကို ကျော်လွန်ပြီး ရဲရဲတွေးနိုင်ဖို့ လူအများစု မြင်/ထိ တွေ့နေကျ စက္ကူ‌တွေ တောအုပ်တွေအစား Mechelin ရဲ့ဆန်းသစ်ပြီး ခပ်ထွင်ထွင်ရှိတဲ့ ဆန်းသစ်ပြောင်းလဲဖို့ရာမှာ ကျွန်တော်တို့က မမြင်နိုင်မပြောနိုင်တဲ့အရာတွေပေါ့ ယုံကြည်ထားတာမျိုးလုပ်ကောင်းလုပ်သင့်ပါတယ်။ ကိုယ်မလုပ်နိုင်ရင်တောင် ဘေးနားက လုပ်နေတဲ့လူတွေကို မအောင်မြင်သေးတောင် စူးစမ်းအားပေးတာမျိုး ဒါတွေrisk ယူကြည့်သင့်ပါတယ် ရှုံးလဲဘာဖြစ်လဲ တခြားနည်း သန်းပေါင်းရှိသေးတာပဲဆိုတဲ့ ခံယူချက်မျိုးနဲ့ပေါ့။ ( motivation ဆန်သွားသလားမသိ >•< ကိုယ့်ခံယူချက်နဲ့ကိုယ်ပါပဲလူတိုင်းက)

Short to the point --- Nokia stepped into a future no one could predict

#Shira
❤9🔥1
Thanks everyone for participating ❤️

အဖြေကမျိုးစုံဖြစ်နိုင်တာတွေရှိတာမို့ ကိုယ့်အတွေးအရမှန်ပေမဲ့ မရသွားတဲ့လူတွေကော စိတ်လိုလက်ရ အဖြေတခုထက်မက စဉ်းစားပေးကြတဲ့ Thinker လေးတအုပ်စုကိုကော အမြင့်ကြီးnuclear တို့ physic atom ဒီလိုလေးတွေထိ စဉ်းစားပေးကြတဲ့ Thinker မြောင်လေးတို့ကော ပါဝင်ပေး‌ကြလို့ love you all <3

ဪပြီးတော့ဒီလိုပေါက်ကရ quizz လေးတွေထပ်ရှိလာနိုင်ဦးတာဖြစ်လို့ next timeကိုလဲ ပျော်"ကြီးစောင့်မျှော်ပေးကြပါဦးနော်

Have a nice day >•<

#Shira
❤16🔥2
မြစ်မှ အနာဂတ်ဆီသို့တီးတိုးသံအပိုင်း
(၂)

ဒီနေ့‌တော့ "Nokia" ဆိုတဲ့နာမည် ရဲ့နောက်ကွယ်က အဓိပ္ပါယ်ကိုပြောကြတာပေါ့

သူ့ရဲ့နဂိုနာမည် အရင်းခံကိုက စိတ်ဝင်စားဖို့ ကောင်းနေတာ
Finnish word ဖြစ်တဲ့ *noki*ကနေလာပြီး အဓိပ္ပါယ်က ကျပ်ခိုးစွဲ‌ရောင် အနက် ဒီလိုရတယ် ပြီးတော့ marten (မြန်မာလို ဆတ်ခလောက် မြွေပါမြီးတို) လို့ခေါ်တဲ့ ခပ်သေးသေး ခပ်နက်နက် သနားစရာသတ္တဝါလေးနဲ့တောင် သွားဆက်စပ်နေတယ်။ အဲ့အကောင်လေးတွေက ချက်ဆိုနားခွက်ကမီးတောက်တယ် မီးစဉ်ကြည့်ကတတ်တယ် ကြံရည်ဖန်ရည် ရှိတယ်

သဘောက အဲ့marten လို့ခေါ်တဲ့အကောင်လေးကိုshape လုပ်ပြီး သူတို့ Nokia ကုမ္ပဏီရဲ့ပရိယာယ် ကိုတင်စားပြောဆိုတာပါပဲ

ထိုနည်းတူ သဘောတရားတူတဲ့ မေးခွန်းလေးတခု Thinker လေးတို့တူတူစဉ်းစားကြည့်ရအောင်ပါ

***နာမည်တွေက တကယ်ပဲကံတရားကို ဆောင်ယူပေးလာနိုင်တာလား
ဒါမှမဟုတ် နာမည်တွေကိုပဲ အနက်တခုခု ပေးလိုက်တာလား*
**

နှစ်ခုလုံးဖြစ်နိုင်တာပါပဲ နာမည်ကနေလှုံ့ဆော်ပေးတာမျိုး မမြင်နိုင်တာတခုခုကိုပေါ့ ဒါမဲ့လဲ အရေးယူပြီးတခုခုဘဝထဲကိုလုပ်ကိုင်တာရှိဦးမှပဲပေါ့ ။ အခု Nokia case ဆိုရင်လဲ နာမည်ကနေ တွဲဖက်အဓိပ္ပါယ်ရှိတဲ့ Marten ရဲ့ ability ကို mirroring လုပ်တာ‌တွေ ကနေ တကမ္ဘာလုံးပြောင်းလဲပစ်လိုက်ဖို့ထိ ကျော်လွှားနိုင်သွားနိုင်တာပဲ

ဟာသတခုပြောမယ် တိုက်တန်းနစ်လို တိုက်တာနဲ့တန်းနစ် အဲ့လိုသဘောဆောင်သွားတာလဲရှိမှာပဲနော့
___

N
okia မဟုတ်သေးတဲ့ Nokia

တော်"များ သဘောမပေါက်ကြတဲ့ Nokia ရဲ့ unpopular အချက်က စက်ရုံဘယ်လောက်များများကိုများ သူထိတွေ့ခဲ့ရလဲဆိုတာပါပဲ
Technology Giant ဖြစ်လာဖို့ရာ ဘယ်ကနေစထုတ်လုပ်ခဲ့ရလဲဆို 20th century လောက်တုန်းက ဘွတ်ဖိနစ် ၊ရာဘာတွေ ၊ တာယာတွေ အိမ်သာသုံးစက္ကူတောင် ထုတ်ခဲ့ရပါသေးတယ်။ [That's the same company btw ]

လျှမ်း"တောက် အောင်မြင်ခဲ့တဲ့ Nokia ဟာဆိုရင်လဲ တချိန်က စွတ်"စို" နိုင်လှတဲ့မိုးရာသီလိုဟာမျိုးမှာ Galoshes လို့ခေါ်တဲ့ မိုးရွာသီသုံး Footwear တွေထုတ်ခဲ့ဖူးတာပါပဲ။

Samsung ဆိုရင်လည်းပဲ 1938လောက်မှာ ကုန်စိမ်းဆိုင်တဖြစ် ငါးခြောက်တွေ ခေါက်ဆွဲဟင်းသီးဟင်းရွက် တွေရောင်းခဲ့ရတာပဲ ဒီ electronic လောကကိုမဝင်ခင်

Sony လဲဘာထူးလဲ သူ့ပထမဦးဆုံးထုတ်ကုန်ဆို ဟန်သိပ်မကျတဲ့တဝက်ချက် နိုင်ရင် တဝက် မကျက် ဒါမှမဟုတ်ရင် မီးကျွမ်း"တတ်တဲ့ ထမင်းပေါင်းအိုးအစုတ်ကြီး ထုတ်ခဲ့ဖူးတာပဲ

Super Mario ဂိမ်းစီးရီးထုတ်တဲ့ Nintendo ဆိုလဲ ဖဲချပ်‌တွေ စထုတ်ခဲ့တာပါပဲအဲ့ကနေ ဖုန်စုပ်စက်နဲ့ taxi services တွေတောင် စမ်းကြည့်ခဲ့ဖူးကြတာပါပဲ နောက်မှသာ video games တွေဘက်ရောက်လာတာ

Toyota Lamborghini တို့ဆိုလဲ ကားတွေ luxury ဆန်"တွေမထုတ်ခင်က လူမလိုတဲ့ ရက်ကန်းအထည်တွေ ထုတ်တဲ့စက်တွေ ထုတ်ဖူးသလို လယ်ထွန်စက်တွေလဲ ထုတ်ခဲ့ဖူးတာပါပဲ ( လယ်သမားတွေဆို Lamborghini မျိုးကွဲလေး စီးဖူးကြတာပေါ့ အဲလယ့်)

#Shira
❤5🔥3
ဒီကဗျာလေးနဲ့ပက်သတ်လို့ အဲ့ခေတ်အခါက နိုင်ငံရေးမှာ စာပေလောကမှာ အထင်အမြင်အမျိုးမျိုးနဲ့ မှန်းဆကြည့်ခဲ့ကြသလိုမျိုး ခုမှာလဲကဗျာရဲ့ဆိုလိုရင်းကိုမသိဘူးဆိုရင် Thinker လေးတို့ကော ဘာကိုစဉ်းစားမိကြမှာလဲ
ဆရာတင်မိုးရဲ့ကဗျာအပါအဝင် ရှိ"သမျှ ကလောင်ကောင်းရင်ကောင်းသလောက် နူးညံ့သေသပ်လှတဲ့ ကဗျာ‌တွေကို ချစ်သူအားလုံးတို့ရေ comment အောက်မှာ အတွေးအမြင်ဗဟုသုတအိုးကြီးအိုးလေးတွေ ဝေမျှပေးခဲ့ကြပါဦးလို့ မေတ္တာရပ်ခံပါတယ်။

#Shira
🕊5🔥2❤1
𝙏𝙝𝙞𝙣𝙠𝙫𝙚𝙧𝙨𝙚
ဘာဖတ်ချင်ကြလဲ
ကဲ ဘယ်လိုလုပ်စေချင်ကြတုန်း နှစ်ခုကpercentage ညီနေကြ....
❤1
အောင်ခင်မြင့်ရဲ့ တကယ်မရှိသောနှစ်များ

#Shira
🔥2❤1
သွယ်ဝိုက်သော သရဲများ

ကျွန်တော်တို့တွေဟာ သရဲတွေကို ဖြူရော်" ဖျော့တော့နေတဲ့ ပုံပန်းတွေနဲ့အမှောင်ထဲရှိတဲ့ ပုံပန်းအဖြစ် စိတ်ကူးယဉ်ကြည့်ကြတာများပါတယ်။
( သရဲမတွေကို ဂါဝန်ဖြူ ဘယ်သူကောက်စွပ်ပေးလိုက်လဲ တွေတော့လာမမေးနဲ့နော် ကျွန်တော်လဲမသိဘူး)

ဒါမဲ့တကယ့်သရဲအစစ်တွေကတော့ ကားမှတ်တိုင်ဘေးမှာ ကျွန်တော်တို့ဘေးနား လာထိုင်တတ်ကြသလို ကော်ဖီဆိုင်တွေမှာအပြုံးချို"လေးတွေ ပြုံးပြတတ်ပြီး လူအုပ်ထဲမှာပဲပြန်ပျောက်ကွယ်သွားတတ်ကြပါတယ်။

ကျွန်တော်တို့ ကောင်း"မသိကြတဲ့ သိဖို့ကံမပါလာတတ်တဲ့ ဒီလူတွေကို " သူစိမ်း"ဆိုတာထက် ဘဝတွေရဲ့လက်ရှိခဏတာလေးတွေကို တည့်မတ်ပေးတာ ပဲ့ကိုင်တာတွေလုပ်နိုင်တတ်ကြလို့ "သွယ်ဝိုက်သော သရဲများလို့ပဲ"သုံးထားတာ ဖြစ်ပါတယ်။ ( ခင်ဗျားလေးတို့ ကြိုက်ရာခေါ်နိုင်ပါတယ်)

တခုခုကို အစိုးရတဲ့မင်းတယောက်ဟာ စက္ကူလေးတရွက်ပေါ်မှာ လက်မှတ်လေးထိုးလိုက်ရုံနဲ့ လူစိမ်းတယောက်ရဲ့အနာဂတ်ဟာ အတင်းအကြပ် စေခံခိုင်းလိုက်ရသလို ကွေးကောက်သွားတာမျိုး entrepreneur တယောက်ရဲ့ ထင်မြင်ချက်အသစ်တွေ ကြောင့်မို့ society တခုလုံးနေ့ချင်းညချင်း ပြောင်းလဲသွားတာမျိုး ( ဖားကန့်ဘက်က ကျောင်းသမားတွေ ကျောက်အောင်သွားရင် နေ့ည ဘဝကြီးပြောင်းလဲသွားတဲ့ဟာမျိုးတွေ) ဒီလိုသူစိမ်းတွေရဲ့ ရွေးချယ်မှုတွေကြောင့်ပဲ မမြင်နိုင်တဲ့လှိုင်းဂယက် လေးတွေဟာ ကျွန်တော်တို့ဘဝကို ရိုက်ခတ်လာတာမျိုးပေါ့

ဆိုတော့ ဒီနေရာမှာ တခုမေးစရာရှိတာက We create our own destiny
ဆိ
ုတဲ့ကိုယ့်ကြမ္မာကိုယ် ဖန်တီးတယ်ဆိုတဲ့အယူအဆက မှန်နိုင်ပါဦးမလား

Satre တခါပြောဖူးတဲ့ " Hell is other people" ဆိုတာအထက်မှာဖော်ပြခဲ့တဲ့ သွယ်ဝိုက်တဲ့ သရဲတွေကိုဆိုလိုတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

မျက်နှာမရှိတဲ့ သို့မဟုတ် အသွင်အပြင်မမှတ်မိနိုင်တဲ့ များပြားလှတဲ့လူအရေအတွက်ရဲ့ decisions တွေက ကျွန်တော်တို့ရဲ့ အသက်ရှင်ဖြစ်တည်နေခြင်း Existence ပေါ်မှာ သက်ရောက်ဝန်ပိနေတာမျိုးတွေရှိတတ်ပါတယ်။

Camus သာဆိုရင်လည်း ဘဝရဲ့ကို့ရို့ကားယားနိုင်တဲ့ ဟားတိုက်ချင်စရာကောင်းလှတဲ့ အခြေအမြစ်တွေဒီလို အရာတွေက စတင်တယ်လို့ ထောက်ခံကောင်း ထောက်ခံပါလိမ့်မယ်။

ကျွန်တော်တို့ မိမိရရ စုပ်ကိုင်နိုင်နေပြီထင်ခဲ့တဲ့ လွတ်လပ်မှုဟာ မမြင်နိုင်တဲ့လက်တွေရဲ့ ဇာတ်ညွှန်းပေါင်းများစွာကြောင့် ဒီရက်ဒီနေ့တိုင်ထိပျောက်ကွယ်နေရဆဲပါပဲ။ ( လွတ်လပ်မှုက ကိုယ့်စိတ်ထဲကပဲလာတယ်လို့ ပြောချင်တဲ့အုပ်စုရှိရင်တော့ ပင်ပန်းဆင်းရဲခြင်း၊ ငတ်မွတ်ဆာလောင်ခြင်း ဒီလိုအမင်္ဂလာတွေကို လားလားမှမကြုံဖူးတဲ့ ရွှေဇွန်းကိုက်လေးတွေပဲ ဖြစ်ဖို့်များပါလိမ့်မယ် ) ( ထားပါ ဒါကိုယ့်အယူအဆနဲ့ကိုယ်ပါ )

Nietzsche သာဆိုရင်တော့ အားပေးစကားအဖြစ် ဒီလိုအရာတွေကပဲပိုသန်မာလာစေဖို့ သာမန်လူထက်ပိုအရည်အချင်းရှိလာဖို့ ဆိုင်ကယ်တစီးကိုဆီဖြည့်လိုက်သလို ဘဝကိုအားပြန်ဖြည့်လာဖို့ ပြောကောင်းပြောပါလိမ့်မယ်။

ဒါမဲ့ဗျာ အဲ့ဒီဆီဖြည့်နိုင်ဖို့မရလောက်တဲ့ထိကို ဆိုင်ကယ်ငယ်လေးဟာ စုတ်ပြတ် အကုန်တစစီအေးချမ်းမေ ဖြစ်နေတာတော့ ဘယ်သူသိနိုင်မှာလဲ။

ကျွန်တော်တို့တွေ ကျော်ဖြတ်ခဲ့ရတဲ့နေ့တွေထဲမှာ ခြောက်လှန့်သူ ကော ခြောက်လှန့်ခံရသူ ကောနှစ်မျိုးလုံးဖြစ်နိုင်ကြပါတယ်။ ဖာသိဖာသာ မသိလိုက်ပဲနဲ့လဲ တခြားလူဘဝတွေကို shape လုပ်လိုက်နိုင်သလိုမျိုး ဝဋ် ပြန်လည်လာပြီး shape ပြန်လုပ်ခံရတာလဲရှိနိုင်ပါတယ်။ ( ဒါကြောင့်ကောင်းသော shape လုပ်ခြင်းဖြစ်အောင် အစစအရာရာ သတိနဲ့နေတာမျိုး လွတ်ခနဲ judge လုပ်လိုက်တာမျိုး မပေးနိုင်တဲ့ကတိတွေ ရှောင်နိုင်မယ်ဆို အကောင်းဆုံးပဲပေါ့)

သွယ်ဝိုက်တဲ့သရဲတွေနဲ့ ပြည့်နေတဲ့ဘဝ ကဇာတ်ရုံကြီးထဲမှာ ဒီလိုအရာတွေကိုလက်ခံနိုင်ဖို့ရာ ကိုယ်တိုင်ဇာတ်က နိုင်ဖို့ရာ Existentialism လို့ခေါ်တဲ့ဇာတ်ခုံပေါ် တက်ကြည့်ဖို့ အကြံပြုရင်း ဒီနေ့တော့ ဒီလောက်ပါပဲ။

ဖတ်ရှုပေးကြတဲ့ Thinker လေးတို့ကို Love you all<33

#Shira
❤6🔥2⚡1💘1
Hegel နှင့် အယူအဆလွဲ အချို့ ချေပချက် ( မကြာမီ လာမည် )

#Lunatic
❤12
Hegel _ Misunderstood Dialectic .pdf
187.6 KB
အထက်ပါ file မှာတော့ Hegel ရဲ့ Dialectic နဲ့ ပတ်သပ်ပြီး တစ်လွဲရေးသားထားတဲ့ ဟာတွေမြင်လိုက်လို့ ပြန် လည်ချေပ ငြင်းဆိုထားတာပါ။ Hegel ရဲ့ ဘ၀ လည်း မဆိုသလောက်ရေးထားပါတယ် ။

Hegel ဆိုတဲ့တော့ပစ်က ကျယ်ပြန့်တာမလို့ ဘယ်သူမဆို၀င်ရောက် ဆွေးနွေးတာ ၊ ထောက်ပြတာ လုပ်လို့ရပါတယ် ။

#Lunatic
❤13🥰2🐳1
ဒါက review မဟုတ်သလို ဘာဆိုဘာမှမဟုတ်ပါဘူး။ "တင်ဦးခက်"ရဲ့ မြေအောက်မှတ်တမ်းကိုဖတ်ပြီး နောင်ခါများ ပြန်ဖတ်မိရင် ‌တွေးမိတာနဲ့လောလောဆယ် အတွေးနဲ့တူမတူ ဆန်းစစ်ချင်လို့ရယ် ခင်ဗျားတို့လည်း စာအုပ်လုံးစုံ မဖတ်ချင်တောင်ပါတဲ့အကြောင်းအရာ သိတော့ဖတ်ချင်သလိုလို ရင်းနှီးသလို ဖြစ်လာအောင်ရေးမဲ့ ဟာပါပဲ။ spoil သလိုမဖြစ်အောင်နဲ့ ဖတ်တဲ့အခါ ပိုနားလည် အကျိုးရှိအောင် တတ်သမျှ ရေးသွားပါ့မယ်။

စာအုပ်မှာက ဒဿနပိုင်းဆိုင်ရာ သူဝန်ခံတဲ့အပိုင်း(၁) ရှိသလို ငယ်ဘဝကဇာတ်လမ်းတွေ ပြန်ဖြည်ပြောတဲ့အပိုင်း(၂) ရှိပေမဲ့ ကျွန်တော်ကတော့ အပိုင်း(၁) ကိုပဲ လောလောဆယ်ရေးသွားပါ့မယ်။ တခါပဲဖတ်ရသေးတာဖြစ်လို့ ကိုယ်တိုင်လဲ factနဲ့ဟို"ဒီ" အကြောင်းလေးရေးဖို့ကို လက်တွန့်နေတာမို့ အကောက်မှားတာ အမြင်မတူတာဆို Always welcome ပါ။

Continue......

#Shira
❤19🐳1
ဒီနေ့မနက် ရွှေမန်းမှာတော့ နိုးနိုးကတည်းက မိုးဖွဲဖွဲကြနေတာဗျို့။ မိုးကလည်းကောင်း လူကလည်းအအေးပတ် နုံးချိ" နဲ့ဆိုတော့ အပြင်သွားဖို့ အတော်အားယူလိုက်ရတယ်။ နောက်တကျကျနဲ့ စာဖြေခန်းမထဲရောက်တော့ အတန်းအလိုက်ကျောင်းသားလေးတွေ ကိုယ်စီစာမေးပွဲဖြေနေကြတွေ့တော့ ကိုယ်လဲ‌ ထောင်ကျပြားကျ နေရာရွေးပြီး စာစဖတ်မယ်လုပ်တော့ မြေအောက်မှတ်တမ်းကလဲ လွယ်အိတ်ထဲမပါလာ ပါလာတဲ့နောက်နှစ်အုပ်ထဲက တအုပ်က လဲ ဘယ်သွား" ထည့်သွားနေကျ ကဗျာဖြစ်နေတော့ မဖတ်ချင်ပြန်။ နောက်တအုပ်ကျလဲ ပါးပါးလေးဆိုတော့ အစ တရွက်လေးနှစ်ရွက်လေး အပျင်းပြေလှန်ကြည့်ရင်း ဘာတဲ့စာရေးသူက Novel ဆုရထားပါလားဆိုတာ တွေ့တော့ စဖတ်ကြည့်မိတယ်။ ဇာတ်လမ်းအစ ကနေအဆုံးဖတ်တာ 2 နာရီခွဲ ကြာသွားတယ်။ ဒါတောင်တအုပ်လုံးမှ စာမျက်နှာ60 နား ပါတာ။

စာအုပ်နာမည်က " A shining " တဲ့ Jon Fosse ရေးထားတာ။ အစက Stephen king ရဲ့စာအုပ် title နဲ့သွားတူနေတာကတကြောင်း စာအုပ်အဖုံး‌က မဲ"နဲ့ဆို‌ေတာ့ကတကြောင်း horror လားများတောင် တွေးလိုက်သေးတယ်။
မနှိုင်းကောင်း နှိုင်းကောင်းပါရဲ့။စာအုပ်ကBeginner တရားထိုင်နေရသလို အတွေးတွေပြန့်ကြဲနေတာကို ရအောင်လိုက်ထိန်းလိုက် ပြန်ပြန့်သွားလိုက် အတွေးသစ်တွေထပ်ဝင်လာလိုက် မျက်စိမှိတ်ထားပေမဲ့ အလင်းတွေဝင်လာသလိုမျိုး။ ဘာမှမပြောနေပေမဲ့ အဲ့ဒီမပြောတာကိုက တခုခုပြောနေသလိုမျိုး တိုးလာလိုက် ဝေးလာလိုက်။ မဟုတ်ဘူး သူတို့ဆီ ခန္ဓာကိုယ်က တိုးသွားသလို အလင်းတန်းတွေကလဲ ကိုယ်ဆီလာနေသလိုပေမဲ့ နှစ်ယောက်လုံးရွေ့မနေကြဘူး။ စာဖတ်သူက စာအုပ်ကိုမဖတ်ခင် အလယ်နဲ့ ဇာတ်လမ်းဆုံးကြိုဖတ်တတ်သူ ဆိုရင်တော့ ဇာတ်လမ်းတပုဒ်လုံး အက်ကြောင်းထပ်နေတဲ့ စကားလုံးတချို့နဲ့ ဘာပုံဖော်ချင်မှန်းမသိတဲ့ စာသားတချို့ကြောင့် ပြန်လှည့်ကောင်း ပြန်လှည့်လာရမှာ အသေအချာပါပဲ

ဒီနေရာမှာ A shining ကောဖတ်လက်စ ဖြစ်တဲ့ Notes from underground နဲ့ နည်းနည်းနှိုင်းယှဉ်ကြည့်တော့ တအုပ်က အလင်း နဲ့သက်ဆိုင်ပြီး တအုပ်ကျ စိတ်ပျက်လက်ပျက် မည်းညိုနေတာပဲလို့ သွားတွေးမိပြန်ပါတယ်။ တကယ်က A shining ကို notes from underground လောက် ခံစားမရတာကော နှစ်အုပ်လုံးက ရက်အပိုင်းအခြားလေး အတွင်း ဖတ်မိနေတာက တကြောင်းဖြစ်တာလဲပါပါတယ်။ ဘာပဲပြောပြော တူတာကတော့ နှစ်အုပ်စလုံး ဖတ်ပြီး ခေါင်းကိုက်သွားတာနဲ့ ကိုယ်တိုင်တောင် စိတ်ဓာတ်ကျချင်သလိုလို ဖြစ်လာတာပါပဲ။

A SHINING မှာက အသွားအလာအရ ငြိမ်တယ် တခုခုကိုဆုတောင်းသလိုနဲ့ ကမ္မဠာန်းထိုင်နေတာနဲ့ တူတယ် ပြီးရင်တခုခုလှုံ့ဆော်နေသလို သဘာဝနယ်ကိုလွန်ပြီး ရုပ်ပိုင်းထက် နာမ်ပိုင်းကိုအလေးပေးတဲ့ ရုပ်လွန်ဝါဲဒ(transcendentalism) ဆိုင်ရာ သာမန်လူလိုက်မမှီလိုက်တဲ့ အရာတွေပါတယ်။ Fosse ကိုယ်တိုင်က ဘုရားကျောင်းအုပ်ချုပ်ရေးအဖွဲ့ဝင်ကော သူတို့Norway နိုင်ငံတော်ရဲ့ ဘာသာရေးဆိုင်ရာ ကော်မတီဝင်လဲဖြစ်တော့ သူ့အရေးအသားက ဘုရားတို့ အဓွန့်ထာဝရတို့ ဒီလိုစာထဲမှာ အရိပ်အယောင်တွေထနေပြီး တဖက် Dostoevsky ဘက်ပြန်လှည့်လဲဖတ်ကော အမြှုပ်ထအောင်ပြောနေတဲ့ မြေအောက်လူနဲ့ တိတ်ဆိတ်တာမျိုးမရှိတဲ့အရေးအသားတွေနဲ့ ဘုရားသခင်ရဲ့ပျက်ကွက်မှု‌တွေ အဲ့လူနဲ့သူ့ရဲ့ နာမကျန်းဖြစ်မှုတွေ ကိုယ့်ကိုကိုယ် ညှင်းဆဲမှုတွေနဲ့ အတော်ကသိကအောင့်ဖြစ်စရာပါ။ စာရေးဆရာ Jack Edwards ကတော့ "ပထမပိုင်း ဖတ်ပြီး ဘာတွေမှန်းလဲမသိဘူး ဆိုပြီးဆဲမိတယ်။ နောက်ကျမှ သောက်ရမ်းမိုက်တယ်ဟေ့ဆိုပြီး သဘောကျသွားတာ " ပြောပေမဲ့ ကျွန်တော်ကတော့ နောက်ပိုင်းနားလည်သလိုဪအေးဒါဟုတ်တယ်ဆို ဖြစ်လိုက်ပေမဲ့ခုထက်ထိ နှင်းစိုစိုနဲ့တောကြီးမျက်မည်းတဲ့လမ်းလျှောက်နေတဲ့ "ကျွန်တော်"လို့ပဲ သုံးစွဲထားတဲ့ လူလိုမျိုး စမ်းတဝါး" နဲ့ ဖတ်ရတာ လမ်းပျောက်နေပြီး "ကျွန်တော်လို့ပဲ သုံးစွဲထားတဲ့ မြေအောက်လူလိုမျိုး ဖတ်ရတာ ဘာမှနားမလည်‌တော့ဒုက္ခ ဝေဒနာ ခံစားရတာ သုခချမ်းသာထက် ပိုကောင်းပါတယ်လို့ပဲ နှစ်သိမ့်လိုက်ပါတယ်။

နောက်ဆုံးအနေနဲ့ တောကြီးမျက်မည်းကို ဘဝလို့ထားကြည့်လိုက်ရင် သူတွေ့လိုက်ရတဲ့ အလင်းဆိုတာ ဘုရားကိုရည်ညွှန်းချင်တာများလား။စာအုပ်နှစ်အုပ်လုံးက တော့ monologue ပုံစံရေးသားထားပြီး လက်ရှိဖြစ်တည်မှုလေးကိုပဲ obsession ဖြစ်နေတာမျိုးတွေ သွားတူနေပါတယ်။Fosse ထဲက ကျွန်တော်ကတော့ အလင်းထဲတဝဲလည်လည် အရာရာကိုလက်ခံလိုက်ပြီး အကုန်လုံးကိုအဆုံးအဖြတ်ပေးသလို Fyodor ရဲ့ကျွန်တော်ကတော့ ကိုယ့်ကိုကိုယ်စက်ဆုပ် အရှက်တကွဲအကျိုးနည်းဖြစ်ခဲ့ရတာတွေ အော့နှလုံးနာစရာ အဖြစ်အပျက်တွေကို လက်မလွတ်နိုင်ဘဲ ကိုယ်စီစုပ်ကိုင်ထားကြတာပါပဲ။ ကျွန်တော်တို့ဖျားရင် မတွေးချင်ပါဘူးဆိုတာတောင် တယောက်ယောက်ခေါင်းထဲ လာပြောနေသလိုစကားလုံးတွေ ပတ်ချာလည်နေသလိုမျိုး ကျွန်တော်နှစ်ယောက်ရဲ့ ဘာမှရေရေရာရာ describe မလုပ်နိုင်တဲ့ စကားအသွားအလာတွေနဲ့ အလွန်အကျွံသုံးနှုန်းထာတဲ့ ဝေါဟာရတွေ စိတ်ထဲကလာတဲ့ မညီညွှတ်တာတွေ အဆုံးမှာအဖျားရှူးသွားတာတွေ ကြည့်တာနဲ့တင် ဘယ်လောက်တောင် နာမကျန်းဖြစ်နေလဲဆိုတာ အထင်းသားပါပဲ။ အဲ့ရာစုမှာအဲ့လိုလူ ရှိကောင်းရှိခဲ့ရဲ့လားတောင် အထပ်" သံသယဖြစ်လောက်အောင်ပါပဲ။

#Shira
❤13🔥3🐳1
Giveaway…

ပြည်တွင်းငှက် (သရုပ်ဖော်-လွန်နေရဲ)

တန်ဖိုးသိပ်မကြီးတဲ့ ဒီစာအုပ်လေးကို ThinkVerse ရဲ့အမှတ်တရ လက်ဆောင်တစ်ခုအဖြစ် မဲဖောက်ပေးလိုပါတယ်။
စာအုပ်ပဲဆိုပျင်းနေမယ်ဆိုးလို့ နှစ်သက်ရာ ဖုန်းဘေလ် ၅၀၀၀ ပါထပ်ဆောင်းမဲနှိုက်ပေးသွားပါမယ်…။

ပါဝင်လိုသူများ 1 မှ 999 အတွင်း သူများနှင့်ဂဏန်းမထပ်စေဘဲ မိမိနှစ်သတ်ရာ ဂဏန်းတစ်လုံးအား comment တွင်ရေးခဲ့ပါ…။
ဂဏန်းထပ်နေပါက ပထမဆုံးမန့်သူသာ အတည်ယူမည် ဖြစ်သည်။

“10.10.2025” တွင်မဲနှိုက်၍ ပေါက်သူများအား ယခု channel မှတစ်ဆင့်ပြန်လည်ကြေငြာသွားပေးမည်ဖြစ်သည်။

(Note - ***Not brand new but no damage on the pages…***)

#JP
❤23🐳5
စာရေးဆရာကြီး ၃ ယောက်ဘာသာပြန်ထားတဲ့ "ဒွန်"ကိုအပြီးထိ ဖတ်ဖူးရင် Review တပုဒ်ကောင်း"ရေးပေးပြီး bill 5000 ယူကွာ
#Shira
❤11