𝙏𝙝𝙞𝙣𝙠𝙫𝙚𝙧𝙨𝙚
1.36K subscribers
262 photos
9 videos
13 files
126 links
သတင်း ၊ ဒဿန ၊ စာပေ ၊ သိပ္ပံနှင့် ဖျော်ဖြေရေး အရေးအသားများ

Our Web(closed)
thinkverse.lovable.app

Lunatic's Collection
https://t.me/IknowledgeField/476

Merlin's Collection
https://t.me/IknowledgeField/154

Contact for business -
@MertvetsKira
Download Telegram
Platoရဲ့အထင်ရှားဆုံးနိုင်ငံရေးစာတမ်း
Anonymous Quiz
30%
လေးဖြူ
10%
The Law
42%
The Republic
19%
Critique Of Judgement
❤9🔥3
အခြေခံသဘောတရားများနှင့် ရင်းနှီးမှုယူခြင်း အပိုင်း ၁

WHY SAGES LEAVE MONEY ON THE TABLE?

Thinker လေးတို့ကိုဒီနေ့မှာတော့ အထက်မှာဖော်ပြထားတဲ့ ခေါင်းစဉ်လေးကို expand လုပ်ပြီးပြောပြပေးသွားမှာပဲ ဖြစ်ပါတယ်။မပြောပြခင်မှာ Thales of Miletus အကြောင်းကို မေ့နေကြမစိုးလို့ intro လေးပြန်ဝင်ပေးပါဦးမယ်။Thales ဆိုတာက (အသံထွက် သေးလိစ်) ရဲ့ fundamental သဘောတရားတခုဖြစ်တဲ့ရေသာလျှင်အားလုံး ရဲ့အခြေအမြစ်ဆိုတဲ့အယူအဆနဲ့ နာမည်ကြီးတဲ့ ancient greek Philosopher တယောက်ဖြစ်ပြီး Socrates ခေတ်ဦး တွေးခေါ်ရှင်ဆိုလဲမမှားပါဘူး။ပြီးတော့ metaphysic mathematics astronomy ဒီလိုနေရာတွေမှာပဲ နှစ်ရှည် လေ့လာခဲ့သူမို့ တော်"လေးပညာစုံတဲ့သူလဲ ဖြစ်ပါတယ်။Seven sages of Greece ထဲက တယောက်လဲဖြစ်တာမို့ သွားရှုပ်လို့မရတဲ့လူထဲ ပါပါတယ်။ ဒီလိုလူကိုမှ Ionia ဒေသက လူငယ်လေးတယောက်က mock လုပ်လာတာတဲ့အခါ သူဘယ်လိုချက်ကျလက်ကျ ဆုံးဖြတ်ဖြေရှင်းမလဲဆိုတာ thinker လေးတို့ကို ပြောပြပေးသွားပါ့မယ်။

Ionia ဒေသဆိုတာ ဆိပ်ကမ်းတွေနဲ့ လူ‌တွေပျားပန်းခတ်နေပြီး တောင်ကုန်းလေးတွေနဲ့မို့ကော နေရောင်လေးလဲ ရပြန်တော့ နေလို့ထိုင်လို့ကကောင်းပြီး သီးနှံစိုက်ကောင်းတဲ့ဒေသလဲ ဖြစ်ပါတယ်။ စပျစ်သီး သံလွင်သီး ကတွတ်သီး လဲစိုက်ရတဲ့မြို့လေးပေါ့။

Inonia ဒေသက လူတွေအမြင်ကတော့ philosopher တွေကို reality နဲ့ဝေးကွာနေပြီး အတွေးတိမ်ပင်လယ် မျောနေတဲ့လူတွေ
လို့မြင်ခဲ့တာပေါ့။ ဒါမဲ့ တလေးတစားတော့ရှိကြတယ်ရယ် လူ့သဘာဝအတိုင်း တမူထူးပြီး ကိုယ်မလုပ်နိုင်တာ လုပ်နေတဲ့သူတွေဆိုတော့ ဒီလိုပဲပေါ့။ သို့ပေသိ mock လုပ်ချင်တဲ့တအုပ်စု ကလဲရှိနေပြန်ပါကော။ ဘာလို့ဆို
ဉာဏ်ပညာအသိ‌တွေဒီလောက် ရှိပါရက်နဲ့ finance ပိုင်းဆိုင်ရာအားနည်းကြတော့ ငွေမရှိရာ ဟင်းဖက်နည်းဆိုသလို insult လုပ်ချင် လက်တည့်စမ်းချင်ကြတဲ့လူငယ်လေးတွေကလည်းရှိသကိုး။သူတို့‌ကိုလည်း သူတို့ရည်ရွယ်ချက်ပေါ်မူပြီး အပြစ်တော့လဲ တင်လို့တော့မရဘူးဗျို့။
Judgement သပ်" ဆိုရင်သာ မပြောတတ်ပေမဲ့ သူတို့ရဲ့ ရည်ရွယ်ချက်က သူတို့တော်တယ်လို့လက်ခံထားတဲ့လူရဲ့အရည်အချင်း တကယ်ရှိ မရှိ အတည်ပြုချင်လို့လား ဆိုတာပေါ်လည်းကြည့်ရသေးတာကိုး။
အဲ့တာကြောင့် ဒီလိုလူငယ်လေးတွေကို Thales ကနေပြီးတော့မှ arguing လုပ်တာမျိုးမရှိတဲ့ ပြန်ဖြေရှင်းချက်လေးတခုကတော့
--------------------------------------------------------
-------------

သူ့ရဲ့ နက္ခတ်တာရာ ဂြိုဟ်တွေဒါတွေအသိကရှိနေတော့ ခုခေတ်လိုဆိုရှေးကလူကြီးတွေ မိုးလေဝသပညာရှင်တွေ ကောင်းကင်ကြည့်ပြီး ရာသီဥတုခန့်မှန်းသလိုပဲ သူ့ prediction လုပ်ကြည့်တာပေါ့။ အဲ့မှာဘာဖြစ်လဲဆိုတော့ နောက်နှစ်မှာ သံလွင်သီး ဖောဖောသီသီ သုံးရမယ်ဆိုတာ သွားခန့်မှန်းမိကော သူ့အတွက်အချက်အရပေါ့ ။


အဲ့ခေတ်က သံလွင်သီးဆိုတာကလဲ အင်မတန်အသုံးဝင်တာ အလှအပအရေးအရာမှာကော မိန်းမပျိုလေးတွေ အသားအရည်ချောမွေ့ဖို့ရာသုံးကြ ပူ‌ေဇာ်ပသတာဘာညာတွေမှာကော ပြီးဟင်းချက်တဲ့နေရာ ပြီးဒီ မီးဖိုတဲ့အခါ
သန့်ရှင်းရေးလုပ်တာ‌တွေ ရေမွှေးနံ့သာအဆီကလင်း‌တွေ ဆေးဝါး‌တွေ စားလဲစားတာပဲ ဘာသာရေးဆိုင်မှာလဲသုံးတယ်
ပြီးသူ့ symbol က ငြိမ်ချမ်းခြင်း အောင်နိုင်ခြင်း peace and victory လို့အဓိပ္ပါယ်ရတယ်။ olympic နိုင်တဲ့သူတွေဆိုရင်အဲ့သံလွင်အရွက်လေးကို အခွေလုပ်ပြီး ဂုဏ်ပြုတဲ့‌အနေနဲ့စွတ် ပေးကြသေးတယ်ရယ်။

ပြန်ဆက်မယ်။ အဲ့မှာThales က အဲ့အသီးအထွက်တိုးမယ်ဆိုတာသိတော့ ဘာလုပ်သလဲဆို သံလွင်သီးကြိတ်စက်တွေကို သူ့ရာသီမရောက်ခင်ကတည်းက အကုန်ဈေးပေါပေါနဲ့ ငှားထားလိုက်ကော။ ငှားပေးလိုက်တဲ့လူတွေကလဲပျော်တာပေါ့ သူ့ရာသီတောင်မရောက်ပဲ ပိုက်ဆံရတော့ တွေးခေါ်ရှင်ထက်တောင် ပိုတော်သလို ဒီဟာတွေရောင်းထွက်အောင်လုပ်နိုင်တယ် တွေးချင်တွေးပြီးမာန်တက်နေမှာပေါ့။ Thales ကလဲအချဉ်တော့မဟုတ် ဝယ်တာမှ Miletus မြို့တင်မဟုတ်ပဲ ဘေးနီးနားမြို့တွေကဆီပါ ဝယ်တာ။ သီးနှံတိုးခဲ့ရင် ရသမျှ profit သူ့ဆီလာအောင်ပေါ့။

ဖြစ်ချင်တော့ Thales တွေးထားတဲ့အတိုင်းပါပဲ။ သီးနှံက ကောင်းတာမှ စပယ်ရှယ်ပဲဆိုတော့ လယ်သမားတွေ သံလွင်ဆီကုန်သည်တွေက‌နေ ကြိတ်စက်တွေလိုလာကောပေါ့။ Thales ကလဲသူဝယ်ထားတဲ့ဈေးထက်လေးဆလောက်ကိုတင်ရောင်းတာဆိုတော့ တော်တော်လေးလဲစုမိသွားတာပေါ့။
ပြီးရင် စက်လာငှားဖို့ရာကလဲ သူပဲရှိတာကိုး အနီးနားမြို့ကစက်တွေပါ ငှားထားဝာာကိုး။
ဝယ်ရတဲလူေတွကလည်းဈေးကြီးတယ်ဘာပုညာပု တယ် မပြောကြဘူးရယ် ဒီလောက်သီးနှံအားကောင်းမှတော့ ဘယ်ပြောနိုင်တော့မှာ။

အဲ့မှာ Thales ကဘာပြောသလဲဆို
Philosopher တွေမှာက ငွေကြေး ရနိုင်တဲ့အသိပညာရှိတယ် သူတို့ဆန္ဒကိုက ဒါပေါ်အခြေခံပြီး ပိုက်ဆံနောက်လိုက်ချင်တာမဟုတ်ပဲ အသိပညာတွေစု သူများမမြင်နိုင်တဲ့ရှုထောင့်တွေကနေ မြင်နိုင်အောင်ကြည့်ပြီး လူသားထုနဲ့သဘာဝကိုအကျိုးဖြစ်အောင်လုပ်ဖို့ပဲ‌တွေးကြတာ။ reality ကနေ escape ဖြစ်ဖို့ခုခေတ်စားတဲ့ စကားနဲ့ဆို daydream လုပ်တာမဟုတ်ပဲ အကြောင်းအရာတခုထဲက ကိုမှဖြန့်နိုင်သလောက်ဖြန့်ကျက်တွေးခေါ်ပြီး အားလုံးကိုဆက်စပ်တွေးခေါ် အများအကျိုး သွယ်ဝိုက်အကျိုးပြုကြတာ။
( Thales ကတော့အဲ့လို မြန်မာလိုကြီးတော့ဘယ်ချမလဲနော့ ဒါမဲ့ဆိုလိုရင်းကတော့ဒါပါပဲ)
❤8🐳2
Thales ရဲ့ olive ချေပချက်နဲ့ပက်သတ်ပြီး မျက်မှောက်ဖြစ်ပျက်နေတဲ့ ပစ္စုပန်ကာလမှာလဲ ကိုယ့်ရှေ့မှာ ဒီလိုပညာရေးအရ သိကျွမ်းပေမဲ့ finance အားနည်းနေတဲ့ လူတော်တွေတွေ့ရင် ငွေကြေးတခုပေါ်ပဲ အခြေခံပြီး မဆုံးဖြတ်မိဖို့ ပိုက်ဆံ ဂုဏ် fame ဒီလိုအရာတွေအစား သူတို့ဝါသနာလုပ်နေကြတဲ့လူတွေကို အပေါ်ယံလေးမြင်ယုံနဲ့ ဈေးမဖြတ်မိလိုက်ကြဖို့လိုပါတယ်။ သူတို့အတွက်က profit is boring ဖြစ်နေနိုင်တာမို့ပါ။

#Shira
❤8🐳3
𝘽𝙤𝙗𝙗𝙮 𝙁𝙞𝙨𝙘𝙝𝙚𝙧 ရဲ့ရူးသွပ်မှုနဲ့ သမိုင်းတစ်လျှောက်လွှမ်းမိုးနိုင်ခဲ့ဆုံးသောသူ

𝘽𝙤𝙗𝙗𝙮 𝙁𝙞𝙨𝙘𝙝𝙚𝙧 ကို 𝘾𝙝𝙚𝙨𝙨 ကစားသူတော်တော်များများသိကြမယ်လို့တော့ထင်ပါတယ် 𝙂𝙧𝙚𝙖𝙩𝙚𝙨𝙩 𝙤𝙛 𝘼𝙡𝙡 𝙏𝙞𝙢𝙚 ‌ဆိုပြီးလဲတစ်ချို့ကခေါ်‌ဆိုကြသူလဲဖြစ်ပါတယ် 𝙏𝙧𝙞𝙤 𝙂.𝙊.𝘼.𝙏 ထဲမှတစ်ယောက်လဲဖြစ်သူဖြစ်ပါတယ် ( 𝙈𝙖𝙜𝙣𝙪𝙨 𝘾𝙖𝙧𝙡𝙨𝙚𝙣, 𝙂𝙖𝙧𝙮 𝙆𝙖𝙨𝙥𝙖𝙧𝙤𝙫 𝙖𝙣𝙙 𝘽𝙤𝙗𝙗𝙮 𝙁𝙞𝙨𝙘𝙝𝙚𝙧 ) ကျ‌နော်ဘက်မလိုက်ပဲ အကောင်းဆုံးသူကိုရွေးပေးရမယ်ဆိုရင်တော့ 𝙈𝙖𝙜𝙣𝙪𝙨 𝘾𝙖𝙧𝙡𝙨𝙚𝙣 ကတော့ငြင်းစရာကိုမလိုတဲ့လူပါ 𝙒𝙤𝙧𝙡𝙙 𝘾𝙝𝙖𝙢𝙥𝙞𝙤𝙣𝙨𝙝𝙞𝙥 အများဆုံး 𝙀𝙡𝙤 အများဆုံးလူ 𝙔𝙤𝙪𝙣𝙜 𝙋𝙧𝙤𝙙𝙞𝙜𝙮 အစရှိတဲ့နာမည်တွင်သူမလို့ပါ ဒါပေမယ့် 𝘽𝙤𝙗𝙗𝙮 𝙁𝙞𝙨𝙘𝙝𝙚𝙧 ကတော့ 𝙋𝙚𝙧𝙨𝙤𝙣𝙖𝙡 အမြင်အရ ဒီနေ့ဒီခေတ်တွင်ရှိခဲ့ရင် အကောင်းဆုံးစစ်တုရင်ကစားသမားဆိုတာတစ်မျိုးပြောင်းသွားနိုင်ပါတယ်။ ဘာလို့ဒီလိုပြောရလဲဆိုရင်ဖြင့် 𝘽𝙤𝙗𝙗𝙮 𝙁𝙞𝙨𝙘𝙝𝙚𝙧 က 𝘼𝙪𝙩𝙞𝙨𝙢 လို့လဲပြောကြတာကြောင့် အလုပ်တစ်ခုခုအပေါ် 𝙁𝙤𝙘𝙪𝙨 အရမ်းထားနိုင်ပါတယ် 𝘾𝙝𝙚𝙨𝙨 ပေါ်မှာလည်းပဲ နေ့စဉ် ၁၂ သို့မဟုတ် ၁၄ နာရီလောက်အထိ 𝘾𝙝𝙚𝙨𝙨 ကို ရူးသွပ်စွာလေ့လာခဲ့တဲ့လူပါ သူကိုယ်တိုင်သင်ယူတာကိုယနေ့ခေတ်နဲ့နှိုင်းယှဉ်ရရင် တော်တော်ရူးသွပ်တယ်လို့မြင်လို့ရပါတယ်။
❤18🍓3🔥1💘1
ယနေ့ခေတ်စစ်တုရင်သင်ကြားတဲ့ပုံနဲ့ 𝘽𝙤𝙗𝙗𝙮 𝙁𝙞𝙨𝙝𝙚𝙧 ရဲ့ ကိုယ်တိုင်သင်ယူမှု

• နည်းပြကောင်းကောင်းကိုအရင်ဆုံးပြေးမြင်ကြတာပါပဲ နည်းပြမရှိပဲ တ‌ကိုယ်တော်သင်ယူသူက 𝘾𝙤𝙢𝙥𝙚𝙩𝙞𝙩𝙞𝙫𝙚 𝘾𝙝𝙚𝙨𝙨 မှာမရှိ‌သလောက်ရှားပါတယ်

• ကိုယ့်ရဲ့ကစားပွဲကို လေ့လာပြီး ‌𝘼𝙣𝙖𝙡𝙮𝙨𝙞𝙨 လုပ်တာ။ 𝘼𝙣𝙖𝙡𝙮𝙨𝙞𝙨 လုပ်တာကို အခုခေတ်မှာကိုယ်တိုင်လုပ်စရာတောင်မလိုတော့ပဲ 𝘾𝙤𝙢𝙥𝙪𝙩𝙚𝙧 တွေနဲ့လုပ်လို့ရနေပါပြီ 𝙎𝙩𝙤𝙘𝙠𝙛𝙞𝙨𝙝 လို 𝙀𝙣𝙜𝙞𝙣𝙚 တွေနဲ့ တစ်ခြား 𝙀𝙣𝙜𝙞𝙣𝙚 တွေရှိနေတာကြောင့် ကစားပွဲကိုဘယ်ဟာကဘယ်လိုကစားရင်ပိုကောင်းလဲနဲ့ ‌𝘼𝙣𝙖𝙡𝙮𝙨𝙞𝙨 လုပ်ပေးနေနိုင်ပါပြီ။ နောက်ပြီး ရှိပြီးသား 𝙋𝙪𝙯𝙯𝙡𝙚𝙨 တွေကို 𝙎𝙤𝙡𝙫𝙚 ဘာညာနဲ့ တော်တော်တိုးတက်နေနိုင်ပါပြီ ကျနော်လဲဒီနည်းကိုသုံးပြီးပဲ 𝙀𝙡𝙤 2000 (𝘾𝙝𝙚𝙨𝙨.𝙘𝙤𝙢) နားဝန်းကျင်လူအချို့ကိုအနိုင်ယူနေနိုင်ခဲ့တာပါ လုံးဝ 𝙀𝙛𝙛𝙚𝙘𝙩𝙞𝙫𝙚 ဖြစ်လွန်းပါတယ်။

𝘽𝙤𝙗𝙗𝙮 𝙁𝙞𝙨𝙘𝙝𝙚𝙧 ကမတူတာကြသူ့ခေတ်မှာ 𝙀𝙣𝙜𝙞𝙣𝙚 တွေမရှိတာပါ 𝘾𝙝𝙚𝙨𝙨 ကလဲ 𝙏𝙝𝙚𝙤𝙧𝙚𝙩𝙞𝙘𝙖𝙡 အရမ်းဆန်ပါသေးတယ် 𝙄𝙣𝙩𝙚𝙧𝙣𝙚𝙩 လဲအကျယ်ဝန်းတဖြင့်မရှိတာမလို့ ယနေ့ခေတ်လိုမလွယ်ကူနေပါဘူး စာအုပ်တွေပဲရှိတာပါ။ 𝘽𝙤𝙗𝙗𝙮 𝙁𝙞𝙨𝙘𝙝𝙚𝙧 က ရှုံးသွားတဲ့ပွဲတိုင်းကိုမှတ်ဉာဏ်နဲ့မှတ်ပါတယ် နောက်မှအဲ့ပွဲက အမှားတွေအကုန်လုံးကိုအသေးစိတ်လိုက်ပြင်သုံးသပ်ပါတယ်။ 𝙊𝙥𝙚𝙣𝙞𝙣𝙜 ကိုလဲ လေးနက်စွာအသေးစိတ်ပြင်ဆင်တာပါ 𝘽𝙚𝙨𝙩 𝙈𝙤𝙫𝙚 တွေကြီးပဲကိုပဲမှတ်ဉာဏ်နဲ့ရနိုင်သလောက်အကုန်မှတ်တာပါ 𝙊𝙥𝙚𝙣𝙞𝙣𝙜 တင်မဟုတ်ပဲ 𝙈𝙞𝙙 𝙜𝙖𝙢𝙚 အတွင်းကိုပါပါဝင်ပါတယ် 𝙀𝙣𝙙𝙜𝙖𝙢𝙚 ကျလွယ်ကူသွားပါပြီ။ နောက်ကြောက်စရာကောင်းတဲ့အချက်က ပြိုင်ဘက်ရဲ့ကစားပုံတိုင်းကိုလေ့လာပြီးအနိုင်ယူတာပါ 𝘿𝙚𝙛𝙚𝙣𝙨𝙞𝙫𝙚 𝙤𝙧 𝘼𝙜𝙜𝙧𝙚𝙨𝙨𝙞𝙫𝙚 ဆော့တဲ့လူတွေဘာညာစတဲ့အရာတွေကိုလေ့လာပြီးအနိုင်ယူတာပါ။

𝘾𝙝𝙚𝙨𝙨 ပြိုင်ပွဲသာသာမဟုတ်ခဲ့တဲ့အရာ

စစ်အေးဖြစ်နေချိန်အတွင်းမှာ စစ်တုရင်ဆိုတာ အတိတ်မှာတစ်ခုတည်းသောလွှမ်းမိုးမှုကိုပြန်ရနိုင်တဲ့‌နေရာမလို့ပါ 𝙎𝙤𝙫𝙞𝙚𝙩 𝙂𝙧𝙖𝙣𝙙𝙢𝙖𝙨𝙩𝙚𝙧 တစ်ယောက်နဲ့ကစားရင်တကယ့်စစ်မြေပြင်တစ်ခုလိုပါပဲ 𝙐𝙣𝙞𝙤𝙣 𝙤𝙛 𝙎𝙤𝙫𝙞𝙚𝙩 𝙎𝙤𝙘𝙞𝙖𝙡𝙞𝙨𝙩 𝙍𝙚𝙥𝙪𝙗𝙡𝙞𝙘 𝙤𝙧 𝙐.𝙎.𝙎.𝙍 (𝙍𝙪𝙨𝙨𝙞𝙖) က 𝘾𝙝𝙚𝙨𝙨 ပိုင်းဆိုင်ရာမှာ မွေးရာပါဉာဏ်ကြီးယှဉ်တွေလဲများသလို 𝘾𝙝𝙚𝙨𝙨 𝙒𝙤𝙧𝙡𝙙 𝙘𝙝𝙖𝙢𝙥𝙞𝙤𝙣𝙨𝙝𝙞𝙥 ကိုလဲ များစွာစိုးမိုးနိုင်သူတွေပါ မကောင်း‌ဆိုးဝါးဆန်ခဲ့သူတွေလို့ခေါ်ရင်တောင်မမှားပါဘူး 𝘾𝙝𝙚𝙨𝙨 𝙋𝙡𝙖𝙮𝙚𝙧 တွေကို‌မြင်ကြည့်ပါ 𝙈𝙞𝙠𝙝𝙖𝙞𝙡 𝙏𝙖𝙡 𝙏𝙝𝙚 𝙈𝙖𝙜𝙞𝙘𝙞𝙖𝙣 လို့ခေါ်ရလောက်တဲ့လူ 𝙂𝙖𝙧𝙮 𝙆𝙖𝙨𝙥𝙖𝙧𝙤𝙫 𝙤𝙣𝙚 𝙤𝙛 𝙩𝙝𝙚 𝙏𝙧𝙞𝙤 𝙂.𝙊.𝘼.𝙏 ထဲကတစ်ယောက် 𝙆𝙖𝙧𝙥𝙤𝙫, အစရှိတဲ့လူတွေအကုန်လုံးက 𝙎𝙤𝙫𝙞𝙚𝙩 တွေပါ 𝙐𝙎𝙎𝙍 က 𝘾𝙝𝙚𝙨𝙨 ကျောင်းတွေကို ငွေကြေးထောက်ပံ့ခဲ့တယ် စစ်တုရင်အတွက်သိသိသာသာများပြားလှတဲ့ပမာဏကိုလဲရင်းနှီးခဲ့တာပါ 𝙂𝙧𝙖𝙣𝙙𝙢𝙖𝙨𝙩𝙚𝙧 တွေဆိုလည်းအများဆုံးပါ တော်တော်များပြားလှခဲ့တာပါ 𝘽𝙤𝙗𝙗𝙮 𝙁𝙞𝙨𝙘𝙝𝙚𝙧 ကအဲ့အချိန်မှာ တစ်ဦးတည်း 𝙂𝙈 တစ်ယောက်ပါ ပြိုင်ပွဲတွေမှာဆိုလဲ လူဦးရေမမျှတဖြစ်နေတာမျိုးတွေပါ ဘာလို့လဲဆိုတော့ 𝙐𝙎𝙎𝙍 ကကစားသမားတွေက တိုင်ပင်ပြီး သရေမကျကျအောင်ကစားနေတာမလို့ 𝙁𝙞𝙨𝙘𝙝𝙚𝙧 ကနိုင်ရမဲ့ဟာတောင်ဝေးကွာနေတာပါ ဒါပေမယ့်နောက်ဆုံးမှာ 𝙁𝙞𝙨𝙘𝙝𝙚𝙧 က 𝙈𝙤𝙣𝙨𝙩𝙚𝙧 ကြားထဲမှ 𝘿𝙚𝙫𝙞𝙡 တစ်ယောက်လိုကစားသွားပြခဲ့ပြီး နှစ် ၂၀ ကျော်အတွင်း 𝙎𝙤𝙫𝙞𝙚𝙩 ကမဟုတ်ခဲ့တဲ့တစ်ဦးတည်းသော 𝙒𝙤𝙧𝙡𝙙 𝙘𝙝𝙖𝙢𝙥𝙞𝙤𝙣 ဖြစ်လာခဲ့တာပါ။ ဆိုတော့ ကျနော့် 𝙋𝙚𝙧𝙨𝙤𝙣𝙖𝙡 အမြင်အရယနေ့ခေတ် 𝙁𝙞𝙨𝙝𝙚𝙧 သာဆိုတစ်မျိုးပြောင်းသွားနိုင်တယ်ဆိုတာပါပဲ။

#ThinkVerse
❤27❤‍🔥3🔥2🐳1💘1
WHAT THE HELL IS HAPPENING IN SEPTEMBER

Larry Ellison ဆိုတဲ့ဘဲတစ်ပွေက အီလွန်မက်စ့်ထပ် ပိုချမ်းသာသွားတယ် ၊ epstein files တွေ ထွက်လာလာတယ် Trump ပြဿနာတက်နေပြီ ၊charlie kirk ဆိုတဲ့ debate သမား တစ်ယောက် ပစ်သတ်ခံလိုက်ရတယ် ( သောက်ရမ်းအရေးကြီးတဲ့ Political Figure တောင် မဟုတ်ဘူး အချို့ကတော့ Epstein File ကိစ္စ နဲ့ဆိုင်တယ် ပြောနေကြတာပဲ ) ၊ ပြီးတော့ Mars ဂြိုလ်ပေါ်မှာ လဲ သက်ရှိ တွေ တွေ့ပြီ ။
ဒါ တောင် ချုံပြောတာ အာရှဖက်မှာ ဖြစ်ပျက်နေတာတွေလည်း အများကြီးပဲ စက်တင်ဘာက နှစ်တိုင်း တော်တော် chaotic ဖြစ်တာ သိပါတယ် ဒါမဲ့ တစ်ပတ်အတွင်းအဲ့လောက်ကြီးဖြစ်ပျက်နေတာကြ :3

Note : Epstein file ဆိုတာ ကလေး မုဒိန်းမှု ၊ ကူးသန်းရောင်း၀ယ်မှုနဲ့ ပြဿနာတက်နေတဲ့ လူစီက ဖိုင်တွေ အချက်အလက်တွေကို ပြောတာပါ ။ Trump နဲ့ဆိုင်တယ် ပြောနေကြလို့ ။ ကျွန်တော်လဲ သေချာရှာမကြည့်ရသေး ဘူး ။

#Lunatic
🤯19❤5🎅3😭2
သောက်ထာကျ တဲ့ချီးထုတ်များ
(သို့)

ကူးခ်လ် ရှစ် ပရော့ဂျက်
Cool Shit Project


ကျွန်တော့်အတွက်ကတော့လူ ဖြစ်လာပြီဆိုတည်းက အဲ့လူမှာ အခြားလူတွေမှာ မရှိ (ဒါမှမဟုတ်အားနည်း) တဲ့ အရည်အသွေးတစ်ခု ရှိကိုရှိရပါမယ် ၊ မရှိရင်ရှိအောင်လုပ်ယူရပါမယ်။ နာမည်က စဥ်းစားရခက်နေလို့ ကျွန်တော့်နည်းကျွန်တော့် ဟန်နဲ့ အဲ့တာတွေကို Cool Shit တွေ ( သောက်ထာကျတဲ့ ချီးထုတ်တွေ ) လို့ခေါ်ပါမယ် ။

ဘဝမှာနေ့တိုင်း အလုပ်(မဟုတ်ရင်ကျောင်း) သွား ၊ ပြန်လာ ၊ အိပ် ၊ စားအဲ့တာတွေနဲ့ပဲအချိန်ကုန်နေရလို့ တော်တော်များများငြီးငွေ့နေကြပြီထင်ပါတယ် ။ အဲ့ငြီးငွေ့မှု ၊ ကိုယ့်ကိုယ်ကိုယ် ရှုံ့ချမှုတွေကို ဖြေရှင်းဖို့ သောက်ထာကျတဲ့ ချီးထုတ်ကြီးတွေရှိပါတယ် ။

သောက်ထာကျတဲ့ ချီးထုတ်တွေ ဆိုတာက

လူတစ်ယောက် နှစ်နဲ့အချိန်ယူပြီး လေ့ကျင့်ရတဲ့ ဂစ်တာတီးတာမျိုး ၊ ပန်းချီဆွဲတာမျိုး ၊ Bicep ကြွက်သား တွေလိုမျိုး ပါ ။ တစ်ပတ်အချိန်ပေးလေ့ကျင့်ထားရတဲ့ ဖဲချပ် ကဒ်လှည့်နည်းလေးတွေဖြစ်ချင်ဖြစ်မယ် ၊ သောက်ထာကျတဲ့ ဆေးလိပ်မီးညှိပုံလေး ဖြစ်ချင်ဖြစ်မယ် ၊ ဒိုက်ကိုလက်တစ်ဖက်နဲ့ထိုးပြတာ ဖြစ်ချင်ဖြစ်မယ် ။

သောက်ထာကျတဲ့ ချီးထုတ်တွေရဲ့ ရည်ရွယ်ချက်က နှစ်ခုရှိတယ် ။

• ပထမတစ်ခုက ကိုယ့်ကိုယ်ကိုယ် ဖျော်ဖြေ ဖို့ပါ ။ ကိုယ်ပျင်းတဲ့အချိန် ၊ အားလပ်တဲ့အချိန် လေ့ကျင့်စရာ သင်ယူစရာတစ်ခုခုပေါ့။ ဘယ်လောက်ပဲ အလုပ်ရှုပ်နေပါစေဦး ၊ လူငယ်တစ်ယောက်မှာ အားလပ်ချိန်ဆိုတာ တစ်နေ့မှာ ရှိကိုရှိမှာ သေချာပါတယ် ။

• ဒုတိယတစ်ခုက လူထင်ကြီးဖို့ပါ ။
ဟုတ်ပါတယ် ၊ သင်ဖတ်လိုက်တာမမှားပါဘူး ကျွန်တော်က ဒဲ့ပဲပြောချင်လို့ပါ ။ ပါတီတစ်ခုမှာပဲဖြစ်ဖြစ် သူစိမ်းတွေနဲ့တွေ့ရတဲ့အခါ ဖြစ်ဖြစ် Friend Circle အသစ်တစ်ခုထဲ ဝင်တာပဲဖြစ်ဖြစ် ကိုယ်ကအဲ့လို သောက်ထာကျတဲ့ချီးထုတ်လေးတွေနဲ့ ကိုယ့်ကိုယ်ကိုယ် စိတ်ဝင်စားစရာကောင်းအောင်လုပ်လို့ရပါပြီ။ လူတော်တော်များများမှာ Attraction ရှိနေတာက ရုပ်ရည်တစ်ခုတည်းကြောင့်မဟုတ်ပဲ သူတို့ပိုင်ဆိုင်ထားတဲ့ Cool Shit တွေကြောင့်လဲ ဖြစ်ပါတယ်။ သင့်မှာပိုင်ဆိုင်ထားတဲ့ Cool Shitက ကြီးလေလေ ၊ သင်ကပို စိတ်ဝင်စားဖို့ကောင်း ၊ ပိုတော်လေပါပဲ ။ လူတစ်ယောက်က ဘယ်လောက်ပဲ တစ်ယောက်တည်းတော်နိုင်တယ် တတ်နိုင်တယ် လို့ဆိုပါစေ ၊ အခြားလူတွေစီက Recognition တစ်ခုမရပဲ ဘယ်လိုမှ ရှေ့ဆက်နိုင်မှာမဟုတ်ပါ ဘူး။ ပြီးတော့သင့်အနေနဲ့ Social Media မှာ လဲ ဖျင်ခေါင်းစတား လို့ရပါသေးတယ် ၊ ကိုယ့်ကိုဖြဲရင်ပြန်ဖြဲလို့ရတဲ့ထိ ကိုယ့်Cool Shitမှာကိုယ် တော်အောင်လုပ်ပါ ။

မေးစရာတစ်ခုရှိလာပါပြီ
' Cool Shit တွေ ဘယ်လိုလုပ်ရမလဲ ကို လူနာတစ်ရေ '

ကဲ သောက်ထာကျတဲ့ချီးထုတ်ကြီး တွေမလုပ်ခင် အရင်ဆုံး ချီးထုတ်ကြီးတွေ လုပ်ရပါမယ် ။ တစ်ဆင့်ခြင်းတက်ပါ ။ သောက်ထာကျတဲ့ဖက်ကိုအစပိုင်းမှာအရမ်းအာရုံ စိုက်နေရင် ဘာမှတိုးတက်လာမှာမဟုတ်သလို ဖြစ်လာမှာလဲမဟုတ်ပါဘူး။ ဘယ်သူမဆို စစလုပ်ခြင်း စုတ်ပြတ်သပ်နေအောင်၊ရှက်ဖို့ကောင်းလောက်အောင်ကို ဘာမဆိုမှာ ညံ့မှာပါ။ အဲ့တော့သင်ကလဲ အစပိုင်းမှာစုတ်ပြတ်သပ် နေမှာပါ။ နောက်ကြရင်တော့ သင့်ရဲ့ effortအပေါ်မူတည်ပြီး သောက်ထာကျလာမှာကို ကျွန်တော် 100% အာမခံပါတယ်။ သင်သိထားတဲ့ ပုံဆွဲတော်တဲ့လူတိုင်းက သူတို့ Cool Shit Projectရဲ့ အစ ပိုင်းမှာ စက်ဝိုင်းနဲ့မျဥ်းဖြောင့်ကို တောင်ညီအောင်မဆွဲတတ်ကြပါဘူး ။ အခုဆိုရင် သင့်အနေနဲ့သူတို့ကို "ပုံဆွဲတော်" တယ်ဆိုတဲ့ ခေါင်းစဥ်တစ်ခုပေးထားရပါပြီ။ သင်လဲအဲ့နေရာကိုရောက်နိုင်ပါတယ်။

Secret Tip တစ်ခုကတော့...

အဲ့လို နံဟောင်နေတဲ့ ချီးထုတ်ကြီးတွေ လုပ်နေတဲ့အချိန်မှာ သင့်အနေနဲ့ နှာခေါင်းပိတ်ထားရမှာဖြစ်သလို အခြားလူတွေ အနံ့မခံမိအောင်လဲနေရပါမယ်။ ပြောချင်တာက အစပိုင်း သင်ယူနေရတဲ့အချိန်အတွင်းမှာ ကိုယ့်ရဲ့သင်ယူနိုင်စွမ်းအပေါ်မူတည်ပြီး အလွဲလွဲအချော်ချော်ဖြစ်နိုင်တာမလို့ သင်က အခြားလူတွေ ကဲ့ရဲ့ခံရတာနဲ့ အားငယ်တတ်တဲ့လူဆိုရင် အခြားလူတွေမသိအောင် တစ်ယောက်ထဲ မချစ်သော်လည်း အောင့်ကာနမ်းရပါမယ်။ဥပမာ Social Mediaမှာ Contentလေးတွေစပြီးတင်ချင်တယ်ဆိုရင် တစ်ယောက်ထဲအရင်ကြိတ်လုပ်ပါ၊ အခြေအနေတစ်ခုထိ ရောက်လာပြီးမှ သူငယ်ချင်းတွေ မိသားစုတွေကိုပေးသိတာကပိုပြီး Comfortဖြစ်စေပါတယ်။ ဒါပေမဲ့ အပေါ်ကပြောသလိုဂစ်တာတီးတာတို့ ပန်းချီဆွဲတာတို့လိုမျိုး သင်ယူရမဲ့အရာတွေဆိုရင်တောင်မှ လူအနည်းစုပဲသိအောင်လုပ်ပါ။ အရမ်းထုတ်ကြွားချင်ဇောမကြီးပါနဲ့ ၊ ကိုယ်ဘာလုပ်နေလဲဆိုတာ လူတစ်ကာကိုပေးမသိပါနဲ့။

နောက်ဆုံးတစ်ချက်ကတော့


သင့်အတွက် အကောင်းမွန်ဆုံး
ရွှေရောင်ချီးထုတ်ကြီးဆိုတာက သင့်ငယ်ဘဝအမှတ်တရတွေမှာရှိတတ်ပါတယ်။ သင်ဘာကိုတစ်ကယ်ဝါသနာပါသလဲသိချင်ရင် ငယ်ဘဝကိုပြန်ချည်းကပ်ပါ။ ငယ်ငယ်တုန်းကစိတ်လိုလက်ရ၊ ပေါ့ပေါ့ပါးပါးနေထိုင်တာဖြစ်လို့ အဲ့တုန်းကစိတ်ကူးတွေက စစ်မှန်ပါတယ်။ အဲ့ဒီ့ဝါသနာနဲ့ အခု လက်ရှိသင်မျက်စိကျနေတဲ့ဝါသနာကို ပေါင်းစပ်ကြည့်ပါ။

#Lunatic
🔥18❤12⚡1🆒1
သောက်ထာကျတဲ့ချီးထုတ်ဆိုတာ
https://t.me/IknowledgeField/555


#Lunatic
❤10🔥3
ကိုယ့်မျက်လုံးထဲမှာ အစိမ်းရောင်အစား အပြာရောင်ကိုမြင်ရတယ်။ အပြာရောင်အစားအစိမ်းရောင်ကိုမြင်ရတယ်။ Green Blue ColorBlindness လို့ခေါ်တယ်။ ဒါပေမဲ့ငယ်ငယ်လေးထဲက ကိုယ်က မြက်ခင်းကို အစိမ်းရောင်လို့ပဲ သင်ကြားခံထားရ ( = သိထားရ) တဲ့အခါ ​အဲ့မြက်ခင်းရဲ့အရောင်က ကိုယ့်မျက်လုံးထဲ အပြာဆိုပေမဲ့ အခေါ်အဝေါ် အသုံးအနှုန်းမှာ ကိုယ့်အတွက် ရော သူများတွေနဲ့ပြောတဲ့အခါရော အစိမ်းရောင်ပဲ ။

သင့်မှာရောအဲ့လိုမဖြစ်နိုင်ဘူးလား ။ သင်မြင်နေရတဲ့ အစိမ်းရောင်နဲ့ကျွန်တော်တို့မြင်နေရတဲ့အစိမ်းရောင် တူရောတူပါ့မလား။ သိရောသိနိုင်ပါ့မလား ။

#Lunatic
❤16🤔10
Is there anyone who is interested in government conspiracy theories?
❤6👌6🥰2
ဒီအပတ်မှာတော့ ရိုး"ရှင်း"အကြောင်းအရာလေးတခုကို မပြောပြခင်မှာ Thinker လေးတို့ဆီမှာကော Nokia ဖုန်းလေးနဲ့ပက်သတ်တဲ့ memories တွေ အကြောင်းအရာလေးတွေရှိရင် Experience sharing ချင်လို့ comment ပေးချင်ရင်လဲ Always welcome ပါနော်
Thales's olive tree တုန်းကလို story ဆန်"ကိုမှ fact လေးညှပ်"ရေးပေးသွားမှာဖြစ်လို့ စောင့်မျှော်ဖတ်ရှုပေးကြပါဦးနော် <3

#Shira
❤11💘3
ဝန်ခံမလား သရဲမွေးမလားဟေ့
Cofess your shadow or carry a ghost

ခေါင်းစဉ်နဲ့ စိတ်ကူးရှိရာstory လေးတွေ admin တို့နဲ့အတူ Thinker လေးတို့လဲပါဝင်ရေးသားပေးကြပါဦး ><

#Shira
❤18🐳2
ပေါက်ကရ စကားထာလေးတခုဝှက်မယ် မှန်ရင် bill 3000

သူအဖြူရောင် လေဟာနယ်အချပ်ပြားတခုပေါ်ရောက်နေတယ်။ အချပ်ပြားကြီးရဲ့ချောက်ကပ်ပါးအတက်အချွန်ထိပ်မှာ သူ့မိသားစု‌တွေနေထိုင်မြဲဖြစ်တယ်။ သူဟာအခုတော့ ဘဝမီးစာကုန်လွန်တော့မယ်ဖြစ်တဲ့ မသန်စွမ်းသူတယောက်။ သူအိပ်ပျော်သွားတယ်။ မကြာပါဘူး။ သူ centipede တကောင်လိုမျိုးအလုပ်ပြန်လုပ်ရတယ်။သူ့ဘဝရဲ့ မပြီးမြောက်နိုင်သောသံသရာလည်ခြင်းဖြစ်စဉ်က သေခြင်းပဲ။ သူဖမ်းဆုပ်လို့မရနိုင်တဲ့အငွေ့အသက်တွေ။ သူဟာ လေအနှင်မှာသာ ဝေ့ပြီးချစ်တဲ့လူရဲ့လက်ဖဝါးပေါ် ခဏတာကပ်ညှိတွယ်နိုင်မယ်ဆိုရင်တောင် ပျော်နိုင်မယ့်ပုံပါပဲ။

[HINT/ အမှုန်အမွှားနဲ့ ပက်သတ်တာ btw ကြိုပြောတယ်နော် nonsense ဖြစ်တယ်လို့]

#Shira
❤6🕊3😡1
မြစ်မှ အနာဂတ်ဆီသို့တီးတိုးသံ အပိုင်း (၁)

1800s အလယ်လောက်က Finland နိုင်ငံလေးရဲ့ ( Fin ရဲ့နိုင်ငံရေးအပြောင်းလဲဘာညာအရ အဲ့တုန်းကတော့ကိုယ်ပိုင် အုပ်ချုပ်ခွင့် autonomous Grand Duchy ဆိုတာရတယ် ဒါမဲ့ရုရှန်း အင်ပါယာအောက်ပဲ ရှိသေးတာပေါ့) ဆိတ်ငြိမ်တဲ့ တောအုပ်တွေထဲမှာဆိုရင် မခမ်းနားလှသေးတဲ့ စက္ကူစက်ရုံလေးဟာဆိုရင်ဖြင့် တသွင်သွင်စီးဆင်းနေတဲ့ Nokianvirta မြစ်နားမှာ ကနဦးစတည်ထားခဲ့တာပေါ့။ စက်ရုံမှာအလုပ်" ကြတဲ့တချို့"သော တွေကတော့ သူတို့ရဲ့မဝံ့ကြွားနိုင်သေးတဲ့ စက်ရုံလေးဟာ သူ့ရဲ့မွေးဖွားရာ သစ်တောရေပြင်တွေကြားကနေ တချိန်"မှာတော့ "နည်းပညာ" ပိုင်းဆိုင်ရာမှာ ကမ္ဘာ့အမှတ်သင်္ကေတတခုနဲ့ကို ထွန်းပေါက်လာလိမ့်မယ်လို့ စိတ်ကူးယဉ်ခဲ့ကြပါတယ်တဲ့။

ပျင်းသွားမှာစိုးလို့ * Let me skip *

အဲ့ဒီထွန်းပေါက်အောင်မြင်ဖြစ်ထွန်းလာမဲ့ နာမည်က Nokia ဆိုတာ Thinker လေးတို့အသိပဲ။ ဒီပုံပြင်လေးအကြောင်းတစွန်းတစနားထောင်မိတိုင်း မီးခိုးတလူလူနဲ့80s ခေတ် က စက်ရုံတွေအကြောင်းလို့ မတွေးပဲ ကြီး"ကျယ်" မြစ်အကြောင်းပြုလို့ transformation တခု အကျိုးရလာလို့ပဲ တွေးလိုက်ကြပါစို့။

တည်ထောင်တဲ့သူအကြောင်းလေး လှည့်ကြဦးတာပေါ့

အဲအဲ့ဒီ Founder Fredrik Idestam ( အသံထွက် FREH-drik EE-deh-stam) က တကယ်တမ်းကျ Low-key genius လေး တခြား founderတွေလို ဂုဏ်ဘာညာလိုချင်တာမျိုးမရှိခဲ့ဘူး ။ သူ့မျက်နှာတောင် မမြင်ဖူးတဲ့လူခပ်များများရယ်တဲ့
သူ့အမြင်ကလဲ ရိုးရှင်းတယ် လက်တွေ့ကျတယ်။ မီတို့သိပ္ပံတို့ ပထဝီတို့မှာ ဖင်ဘူးတောင်းထောင် ကျက်ခဲ့ရတဲ့ " Natural Resources" တွေကို society မှာ တခုခုအသုံးဝင်အောင် ပြန် ဖန်တီးချင်တယ် ဒါပဲ။ သူကလဲတကယ်စိတ်ရှိတော့ သူ့ကိုယ်သူကြိမ်ဖန်ပေါင်းများစွာ မေးခွန်းတွေ မေးမှာပေါ့ ( Every invention begins as an answer to the question ကိုး)

Idestam : What can I do with what I have around me?

His mind : Progress starts with perception js fk do smth bit**

Nokia ရဲ့ပထမဆုံးနမူနာစကားက " အကောင်းဆုံးချစ်သူကို ရဖို့ အမြဲ အလန်းတွေအသစ်လေးတွေရှာပြီး အချိန်မဖြုန်းပဲ old is gold ဖြစ်တဲ့ချစ်သူဟောင်းတွေကိုပဲ ဘဝအလင်းသစ်လေးအဖြစ် မြင်သင့်ကြောင်း" ပေါ့။

Just kidding
သူပြောချင်တာက အသစ်မှကောင်းတာမဟုတ် ဟောင်းကိုမှ အမြင်တမျိုးဆန်းသစ်စ view နဲ့မြင်တတ်ဖို့ပြောတာ။

စက္ကူကိုအရင်းပြုလို့ တိုးတက်ကြပါစို့။

19th century ကုန်ဆုံးခါနီးမှာ တွဲဖက်ပုဂ္ဂိုလ်ဖြစ်လာမဲ့ Leo Mechelin က
"Nokia ကတော့တကယ့်ကောင် paper mill တည် စက္ကူထုတ်တာတခုထက် ပိုတိုးတက်လာနိုင်ခြေတွေ အများကြီးရှိတယ်" ဆိုပြီး company ကို ကမ္ဘာကိုလျှပ်စစ်ပေးတဲ့ ကဏ္ဍတွေဆီရောက်အောင် တွန်းပို့လိုက်ပါလေရော။ Mechelin ရဲ့စီးပွားရေးအကွက်တခုပဲ မဟုတ်ပဲ စိတ်ကူးစိတ်သန်းတခုကြောင့်လဲ တိုးတက်လာတဲ့ထဲ ပါတာပေါ့။

Others : Electricity is used only for power

Leo Mechelin: Nah" သူ့မှာဖြစ်နိုင်‌ခြေအလားအလာတွေ များကြီးပဲရှိတယ်ကွ

ဒီနေရာမှာ လောကအမြင်အရပြောရမယ်ဆိုရင် ကိုယ့်နယ်ပယ်ရဲ့တဖက်ခြမ်းကို ကျော်လွန်ပြီး ရဲရဲတွေးနိုင်ဖို့ လူအများစု မြင်/ထိ တွေ့နေကျ စက္ကူ‌တွေ တောအုပ်တွေအစား Mechelin ရဲ့ဆန်းသစ်ပြီး ခပ်ထွင်ထွင်ရှိတဲ့ ဆန်းသစ်ပြောင်းလဲဖို့ရာမှာ ကျွန်တော်တို့က မမြင်နိုင်မပြောနိုင်တဲ့အရာတွေပေါ့ ယုံကြည်ထားတာမျိုးလုပ်ကောင်းလုပ်သင့်ပါတယ်။ ကိုယ်မလုပ်နိုင်ရင်တောင် ဘေးနားက လုပ်နေတဲ့လူတွေကို မအောင်မြင်သေးတောင် စူးစမ်းအားပေးတာမျိုး ဒါတွေrisk ယူကြည့်သင့်ပါတယ် ရှုံးလဲဘာဖြစ်လဲ တခြားနည်း သန်းပေါင်းရှိသေးတာပဲဆိုတဲ့ ခံယူချက်မျိုးနဲ့ပေါ့။ ( motivation ဆန်သွားသလားမသိ >•< ကိုယ့်ခံယူချက်နဲ့ကိုယ်ပါပဲလူတိုင်းက)

Short to the point --- Nokia stepped into a future no one could predict

#Shira
❤9🔥1
Thanks everyone for participating ❤️

အဖြေကမျိုးစုံဖြစ်နိုင်တာတွေရှိတာမို့ ကိုယ့်အတွေးအရမှန်ပေမဲ့ မရသွားတဲ့လူတွေကော စိတ်လိုလက်ရ အဖြေတခုထက်မက စဉ်းစားပေးကြတဲ့ Thinker လေးတအုပ်စုကိုကော အမြင့်ကြီးnuclear တို့ physic atom ဒီလိုလေးတွေထိ စဉ်းစားပေးကြတဲ့ Thinker မြောင်လေးတို့ကော ပါဝင်ပေး‌ကြလို့ love you all <3

ဪပြီးတော့ဒီလိုပေါက်ကရ quizz လေးတွေထပ်ရှိလာနိုင်ဦးတာဖြစ်လို့ next timeကိုလဲ ပျော်"ကြီးစောင့်မျှော်ပေးကြပါဦးနော်

Have a nice day >•<

#Shira
❤16🔥2