𝙏𝙝𝙞𝙣𝙠𝙫𝙚𝙧𝙨𝙚
1.36K subscribers
262 photos
9 videos
13 files
126 links
သတင်း ၊ ဒဿန ၊ စာပေ ၊ သိပ္ပံနှင့် ဖျော်ဖြေရေး အရေးအသားများ

Our Web(closed)
thinkverse.lovable.app

Lunatic's Collection
https://t.me/IknowledgeField/476

Merlin's Collection
https://t.me/IknowledgeField/154

Contact for business -
@MertvetsKira
Download Telegram
နောက်ကျနေပြီဆိုပေမဲ့ ကျွန်တော် ခုမှဖတ်ဖြစ်တဲ့
`သူငယ်ချင်းလို့ပဲ
ဆက်၍ ခေါ်မည်ခိုင်´

အမည်ရတဲ့ ဆရာတက္ကသိုလ်ဘုန်းနိုင်ရဲ့ စာအုပ် ကိုဖ​တ်ဖူးတဲ့လူရှိကြလား​ဗျ ။

တော်တော်ကြီးလွန် လွန်းတယ် ထင်တယ် ၊ ပြီးတော့ ဘယ်သူ့ကိုအပြစ်တင်လို့တင်ရမှန်းလဲမသိဘူးဖြစ်နေလို့ ။
ဖတ်ဖူးတဲ့လူရှိရင် ဝင်ဆွေးနွေးပေးကြပါဦး ။
နောက်ထပ် အနေနဲ့ တက္ကသိုလ်ဘုန်းနိုင် စာအုပ်ကောင်းတာတွေညွှန်းပါဦးဗျာ

#Lunatic
❤15🔥5👏1🐳1
ဘာတင်ရမလဲဆက်ပြီးတော့
Anonymous Poll
41%
Plato's Republic
21%
Introduction to Greek Civilization
23%
Hegel : Dialectic
16%
Transcendental Idealism
❤3🔥3
"Why sages leave money on the table"

ရေးပြီးတဲ့အချိန်တင်ပေးထားပါ့မယ်
ကာလာဘာညာကတော့မီစိတ်ထဲရှိရာလုပ်ထားတာမို့ ကြောင်နေရင် ကြောင်နေတယ်လို့ပဲ မှတ်လိုက်ပါနော် <3

ပြီးတော့ပုံထဲကဝါးထားတဲ့ လူကဘယ်သူဖြစ်မယ်ထင်ကြလဲ Guess who မှန်ရင်Bill 3000ပေးပါ့မယ်။

#Shira
🔥9❤4🤔1
Plato's Republic ♟

~~~

Platoရဲ့ Republic ကို ဘာ တွေနဲ့ ဖွဲ့စည်းထားလဲ ဆိုတာတွေ ၊ Key Concepts တွေကို တတ်နိုင်သလောက် အကျဥ်းခြုံ့ပြီး နားလည်လွယ်အောင်ရှင်းပြထားပါတယ်။ Bite sized ဆိုလဲ မှန်ပါတယ်။

ဖတ်ရှု့ရလွယ်ကူအောင် Telegraph နဲ့ရေးသားထားပါတယ်။

ဖတ်ရန် နှိပ်ပါ 👇

[ ဖတ်ရှု့ရန် ]

#Lunatic
❤20🔥3🏆1
အဖြေမှန်က Thales ပါ
Thanks for participating everyone

#Shira
❤4🔥3
Socrates မတိုင်ခင် ခေတ် ကိုဘာကြောင့်လေ့လာသင့်တာလဲ ဆိုတာမျိုးကိုအဓိကဆွေးနွေးထားတာပါ
အသံအနေအထား၊ Editing ဘာညာ လိုအပ်ချက်ရှိကောင်းရှိနိုင်ပေမဲ့ Pre Socrates ကိုစတင်လေ့လာချင်တဲ့လူတွေအတွက်အဆင်ပြေနိုင်ပါတယ် ။
Link ကတော့ဒီမှာပါ။
https://youtu.be/PPbRyBmEFXc?si=rcA1XVF11tjhUeya

#Lunatic
❤11🔥3
Free Willကို ငြင်းပယ်တဲ့ဝါဒကဘာလဲ
Anonymous Quiz
25%
Utilitarianism
17%
Categorical Imperative
32%
Determinism
26%
Frank Ocean
❤11🔥2
“If a friend, who is sane, entrusts you with a weapon, and later returns in a state of madness asking for it back, is it just to return the weapon to him?”

" မင်းရဲ့ သူငယ်ချင်းတစ်ယောက် က မင်းကိုလက်နက်တစ်ခု ငှားလိုက်မယ် ဆိုပါစို့။ နောက်တော့ သူက အရူးဖြစ်သွားပြီး မင်းကိုလက်နက်ပြန်လာတောင်းမယ် ။ မင်းအနေနဲ့ လက်နက်ကိုပြန်ပေးလိုက်တာက မှန်ကန်သေးရဲ့လား "

-Plato's Republic, Book I

#Lunatic
❤15⚡2🔥2
Platoရဲ့Metaphysics ကို Philosophy နဲ့လုံးဝအစပ်အဆက်မရှိတဲ့လူတွေပါနားလည်လွယ်အောင်ရှင်းပြပေးထားပြီး Editing ပေါက်ကရတွေလဲကလိထားပါတယ်။ Lecture လို့သတ်မှတ်ရလောက်တဲ့ထိမကောင်းသေးပေမဲ့ Educational Contentတစ်ပုဒ်တော့ဖြစ်သွားမယ်ထင်ပါတယ် ။  အားပေးကြပါဦးဘာညာပေါ့ကွာ

Link:
https://youtu.be/vmzH4z_oppY?si=dDCBdrQeq58QzPZu

#Lunatic
❤17🔥2😭1
ဒီနေ့မှာတော့ မီတို့အစုံသုပ်channel လေးကနေ thinker လေးတို့ကို my fav of all time ဖြစ်တဲ့ songတပုဒ်အကြောင်း ပြောပြပေးသွားမှာပဲဖြစ်ပါတယ်။

Offspring band ကသီဆိုထားတဲ့အထာအရမ်းကျတဲ့ 2000 နောက်ပိုင်းသီချင်းတပုဒ်ဖြစ်ပြီး American လူငယ်တွေရဲ့ သူတို့ငယ်ဘဝနဲ့လက်ရှိကို ကောင်းကောင်းသရော်ထားဟန်ပါတဲ့ lyrics တွေနဲ့အတူ မြူးကြွကြွ Rock ဟန်လေးပေါင်းစပ်ထားတာဖြစ်လို့ ပန်းချီကားတချပ်အနေနဲ့ ဒီသီချင်းကိုစခြယ်မှုန်းရမယ်ဆိုရင် ဦးစွာ မျှော်လင့်ချက်ပျောက်"သွားရတဲ့ဝိုးတဝါး အနာဂတ်တွေ အတွက်မဲပြာရောင်နဲ့အောက်ခံကိုစ painting လုပ်ရပါ့မယ် ကိုယ်နဲ့အသားကျခဲ့ရတဲ့သာမန် အရာလို့ထင်ခဲ့တဲ့ ပျော်ရွှင်မှုအမှုန်လေးတွေက လက်ရှိမှာ heroin စွဲသလိုတလှိုက်လှိုက်နဲ့တသသ ပြန်လိုချင်တဲ့ အမှတ်တရလေးတွေ ဖြစ်လာကြလို့ မွဲခြောက်ခြောက် ရွှေမှုန်လေးတွေကြဲပြီး ရုပ်လုံးသွင်းရပါ့မယ်။
(စတာပါ" အဲ့လောက်နဲ့တောင်မလုံလောက်ဘူးရယ် တကယ်က)
ဘဝက game simulator တွေထဲကလို choicesတွေကနေပဲ destiny က လူလုံးသူလုံးလေး ဖြစ်လာပြီး တဖြည်းဖြည်း cruel ဖြစ်လာတဲ့ဒီဘဝကြီးမှာ ဘာကိုပေါက်ကွဲချင်မှန်းမသိ တိုင်တယ်ချင်မှန်း မသိတဲ့အခါမျိုးမှာဆိုရင် ဒီသီချင်းလေးကို Highly recommend ပါတယ်နော် ။

#Shira
❤13🔥1👏1
Athens ( အေသင်မြို့ ) တွင် လေအများနိုင်ဆုံးသူကိုရွေးပါ
Anonymous Quiz
56%
Socrates
17%
Archimedes
19%
Julius Caesar
8%
John Cena
❤6
Happy Traditional Chinese Valentine's Day everyone

#Dehz@IknowledgeField
❤12🐳2😡2
ဉာဏ်ကောင်းတဲ့လူတွေက ကြောင်တောင်တောင်အယူအဆတွေကို ဘာလို့ လက်ကိုင်ထားနိုင်သလဲ ❗️❓

စိတ်သရုပ်ခွဲပညာ (psychoanalysis) ၏ ဖခင်ဟု အမွှမ်းတင်ခံထားရသူ Sigmund Freud တစ်ယောက် သူ့မိတ်ဆွေ Carl Jung ကို စာတစ်စောင်ရေးပို့ခဲ့ဖူးပါတယ်။

စာထဲမှာ ဉာဏ်ကောင်းလွန်းသူ Freud ကြီးဟာ နံပါတ် 61 နှင့် 62 ကို အလွန်ကြောက်ရွံ့ကြောင်းနဲ့အသက် 61/62 တွင်သေဆုံးလိမ့်မည်လို အခိုင်အမာယုံကြည်ကြောင်း ရေးသားထားပါတယ်။

ဒါပေမယ့်…စာဖတ်သူပရိသတ်တို့…တိုက်တိုက်ဆိုင်ဆိုင် သူဘယ်နှနှစ်မှာ ဆုံးသွားတယ်လို့ မှန်းကြည့်ပါဦး

မှန်ပါတယ် အသက် ၈၃ မှာဆုံးသွားခဲ့တာပါ။

ကျွန်တော်ပြောချင်တာက ဉာဏ်ဘယ်လိုပဲကောင်းကောင်း အဓိပ္ပာယ်မရှိတဲ့ အရာတွေကို ယုံနိုင်စွမ်းရှိတယ်ဆိုတာပါပဲ။

အဆိုးရွားဆုံး အမှားအယွင်းဆုံး အယူအဆတွေကို ယုံကြည်ကိုင်စွဲထားတဲ့သူတွေကို တွေ့ဖူးပါတယ်။

ဥပမာ…ဟစ်တလာလုပ်ခဲ့တာ မှန်တယ်တို့…မုဒိ်းကျင့်တာက လူသားမျိုးနွယ်ဆက်လက်တည်ရှိရေးအတွက် အထောက်အကူပြုတယ်တို့…ရိုနယ်ဒိုက မက်ဆီထက်ပိုကောင်းတယ်တို့

စတဲ့ မှားယွင်းဆိုးရွားလွန်းတဲ့ အရာတွေကို ယုံကြည်ထားတာဖြစ်ပါတယ်။ ယုံတဲ့လူတွေက ငတုံးတွေလားဆိုတော့ မဟုတ်ပြန်ဘူး…စာတတ်ပေတတ်တွေ…နိုဘယ်ဆုရတွေပါနိုင်သေးတယ်။

ဒါဘာကြောင့်လဲ…

အောက်က ကို@Misoonfentanyl ရဲ့ ဆောင်းပါးတိုမှာ အသေးစိတ်ဖတ်ရှုနိုင်ပါတယ်။

ဖတ်ဖို့တိုက်တွန်းချင်ပါတယ်။

#generalknowledge
#logic
#Thinkverse
❤12🔥2🐳1
Platoရဲ့အထင်ရှားဆုံးနိုင်ငံရေးစာတမ်း
Anonymous Quiz
30%
လေးဖြူ
10%
The Law
42%
The Republic
19%
Critique Of Judgement
❤9🔥3
အခြေခံသဘောတရားများနှင့် ရင်းနှီးမှုယူခြင်း အပိုင်း ၁

WHY SAGES LEAVE MONEY ON THE TABLE?

Thinker လေးတို့ကိုဒီနေ့မှာတော့ အထက်မှာဖော်ပြထားတဲ့ ခေါင်းစဉ်လေးကို expand လုပ်ပြီးပြောပြပေးသွားမှာပဲ ဖြစ်ပါတယ်။မပြောပြခင်မှာ Thales of Miletus အကြောင်းကို မေ့နေကြမစိုးလို့ intro လေးပြန်ဝင်ပေးပါဦးမယ်။Thales ဆိုတာက (အသံထွက် သေးလိစ်) ရဲ့ fundamental သဘောတရားတခုဖြစ်တဲ့ရေသာလျှင်အားလုံး ရဲ့အခြေအမြစ်ဆိုတဲ့အယူအဆနဲ့ နာမည်ကြီးတဲ့ ancient greek Philosopher တယောက်ဖြစ်ပြီး Socrates ခေတ်ဦး တွေးခေါ်ရှင်ဆိုလဲမမှားပါဘူး။ပြီးတော့ metaphysic mathematics astronomy ဒီလိုနေရာတွေမှာပဲ နှစ်ရှည် လေ့လာခဲ့သူမို့ တော်"လေးပညာစုံတဲ့သူလဲ ဖြစ်ပါတယ်။Seven sages of Greece ထဲက တယောက်လဲဖြစ်တာမို့ သွားရှုပ်လို့မရတဲ့လူထဲ ပါပါတယ်။ ဒီလိုလူကိုမှ Ionia ဒေသက လူငယ်လေးတယောက်က mock လုပ်လာတာတဲ့အခါ သူဘယ်လိုချက်ကျလက်ကျ ဆုံးဖြတ်ဖြေရှင်းမလဲဆိုတာ thinker လေးတို့ကို ပြောပြပေးသွားပါ့မယ်။

Ionia ဒေသဆိုတာ ဆိပ်ကမ်းတွေနဲ့ လူ‌တွေပျားပန်းခတ်နေပြီး တောင်ကုန်းလေးတွေနဲ့မို့ကော နေရောင်လေးလဲ ရပြန်တော့ နေလို့ထိုင်လို့ကကောင်းပြီး သီးနှံစိုက်ကောင်းတဲ့ဒေသလဲ ဖြစ်ပါတယ်။ စပျစ်သီး သံလွင်သီး ကတွတ်သီး လဲစိုက်ရတဲ့မြို့လေးပေါ့။

Inonia ဒေသက လူတွေအမြင်ကတော့ philosopher တွေကို reality နဲ့ဝေးကွာနေပြီး အတွေးတိမ်ပင်လယ် မျောနေတဲ့လူတွေ
လို့မြင်ခဲ့တာပေါ့။ ဒါမဲ့ တလေးတစားတော့ရှိကြတယ်ရယ် လူ့သဘာဝအတိုင်း တမူထူးပြီး ကိုယ်မလုပ်နိုင်တာ လုပ်နေတဲ့သူတွေဆိုတော့ ဒီလိုပဲပေါ့။ သို့ပေသိ mock လုပ်ချင်တဲ့တအုပ်စု ကလဲရှိနေပြန်ပါကော။ ဘာလို့ဆို
ဉာဏ်ပညာအသိ‌တွေဒီလောက် ရှိပါရက်နဲ့ finance ပိုင်းဆိုင်ရာအားနည်းကြတော့ ငွေမရှိရာ ဟင်းဖက်နည်းဆိုသလို insult လုပ်ချင် လက်တည့်စမ်းချင်ကြတဲ့လူငယ်လေးတွေကလည်းရှိသကိုး။သူတို့‌ကိုလည်း သူတို့ရည်ရွယ်ချက်ပေါ်မူပြီး အပြစ်တော့လဲ တင်လို့တော့မရဘူးဗျို့။
Judgement သပ်" ဆိုရင်သာ မပြောတတ်ပေမဲ့ သူတို့ရဲ့ ရည်ရွယ်ချက်က သူတို့တော်တယ်လို့လက်ခံထားတဲ့လူရဲ့အရည်အချင်း တကယ်ရှိ မရှိ အတည်ပြုချင်လို့လား ဆိုတာပေါ်လည်းကြည့်ရသေးတာကိုး။
အဲ့တာကြောင့် ဒီလိုလူငယ်လေးတွေကို Thales ကနေပြီးတော့မှ arguing လုပ်တာမျိုးမရှိတဲ့ ပြန်ဖြေရှင်းချက်လေးတခုကတော့
--------------------------------------------------------
-------------

သူ့ရဲ့ နက္ခတ်တာရာ ဂြိုဟ်တွေဒါတွေအသိကရှိနေတော့ ခုခေတ်လိုဆိုရှေးကလူကြီးတွေ မိုးလေဝသပညာရှင်တွေ ကောင်းကင်ကြည့်ပြီး ရာသီဥတုခန့်မှန်းသလိုပဲ သူ့ prediction လုပ်ကြည့်တာပေါ့။ အဲ့မှာဘာဖြစ်လဲဆိုတော့ နောက်နှစ်မှာ သံလွင်သီး ဖောဖောသီသီ သုံးရမယ်ဆိုတာ သွားခန့်မှန်းမိကော သူ့အတွက်အချက်အရပေါ့ ။


အဲ့ခေတ်က သံလွင်သီးဆိုတာကလဲ အင်မတန်အသုံးဝင်တာ အလှအပအရေးအရာမှာကော မိန်းမပျိုလေးတွေ အသားအရည်ချောမွေ့ဖို့ရာသုံးကြ ပူ‌ေဇာ်ပသတာဘာညာတွေမှာကော ပြီးဟင်းချက်တဲ့နေရာ ပြီးဒီ မီးဖိုတဲ့အခါ
သန့်ရှင်းရေးလုပ်တာ‌တွေ ရေမွှေးနံ့သာအဆီကလင်း‌တွေ ဆေးဝါး‌တွေ စားလဲစားတာပဲ ဘာသာရေးဆိုင်မှာလဲသုံးတယ်
ပြီးသူ့ symbol က ငြိမ်ချမ်းခြင်း အောင်နိုင်ခြင်း peace and victory လို့အဓိပ္ပါယ်ရတယ်။ olympic နိုင်တဲ့သူတွေဆိုရင်အဲ့သံလွင်အရွက်လေးကို အခွေလုပ်ပြီး ဂုဏ်ပြုတဲ့‌အနေနဲ့စွတ် ပေးကြသေးတယ်ရယ်။

ပြန်ဆက်မယ်။ အဲ့မှာThales က အဲ့အသီးအထွက်တိုးမယ်ဆိုတာသိတော့ ဘာလုပ်သလဲဆို သံလွင်သီးကြိတ်စက်တွေကို သူ့ရာသီမရောက်ခင်ကတည်းက အကုန်ဈေးပေါပေါနဲ့ ငှားထားလိုက်ကော။ ငှားပေးလိုက်တဲ့လူတွေကလဲပျော်တာပေါ့ သူ့ရာသီတောင်မရောက်ပဲ ပိုက်ဆံရတော့ တွေးခေါ်ရှင်ထက်တောင် ပိုတော်သလို ဒီဟာတွေရောင်းထွက်အောင်လုပ်နိုင်တယ် တွေးချင်တွေးပြီးမာန်တက်နေမှာပေါ့။ Thales ကလဲအချဉ်တော့မဟုတ် ဝယ်တာမှ Miletus မြို့တင်မဟုတ်ပဲ ဘေးနီးနားမြို့တွေကဆီပါ ဝယ်တာ။ သီးနှံတိုးခဲ့ရင် ရသမျှ profit သူ့ဆီလာအောင်ပေါ့။

ဖြစ်ချင်တော့ Thales တွေးထားတဲ့အတိုင်းပါပဲ။ သီးနှံက ကောင်းတာမှ စပယ်ရှယ်ပဲဆိုတော့ လယ်သမားတွေ သံလွင်ဆီကုန်သည်တွေက‌နေ ကြိတ်စက်တွေလိုလာကောပေါ့။ Thales ကလဲသူဝယ်ထားတဲ့ဈေးထက်လေးဆလောက်ကိုတင်ရောင်းတာဆိုတော့ တော်တော်လေးလဲစုမိသွားတာပေါ့။
ပြီးရင် စက်လာငှားဖို့ရာကလဲ သူပဲရှိတာကိုး အနီးနားမြို့ကစက်တွေပါ ငှားထားဝာာကိုး။
ဝယ်ရတဲလူေတွကလည်းဈေးကြီးတယ်ဘာပုညာပု တယ် မပြောကြဘူးရယ် ဒီလောက်သီးနှံအားကောင်းမှတော့ ဘယ်ပြောနိုင်တော့မှာ။

အဲ့မှာ Thales ကဘာပြောသလဲဆို
Philosopher တွေမှာက ငွေကြေး ရနိုင်တဲ့အသိပညာရှိတယ် သူတို့ဆန္ဒကိုက ဒါပေါ်အခြေခံပြီး ပိုက်ဆံနောက်လိုက်ချင်တာမဟုတ်ပဲ အသိပညာတွေစု သူများမမြင်နိုင်တဲ့ရှုထောင့်တွေကနေ မြင်နိုင်အောင်ကြည့်ပြီး လူသားထုနဲ့သဘာဝကိုအကျိုးဖြစ်အောင်လုပ်ဖို့ပဲ‌တွေးကြတာ။ reality ကနေ escape ဖြစ်ဖို့ခုခေတ်စားတဲ့ စကားနဲ့ဆို daydream လုပ်တာမဟုတ်ပဲ အကြောင်းအရာတခုထဲက ကိုမှဖြန့်နိုင်သလောက်ဖြန့်ကျက်တွေးခေါ်ပြီး အားလုံးကိုဆက်စပ်တွေးခေါ် အများအကျိုး သွယ်ဝိုက်အကျိုးပြုကြတာ။
( Thales ကတော့အဲ့လို မြန်မာလိုကြီးတော့ဘယ်ချမလဲနော့ ဒါမဲ့ဆိုလိုရင်းကတော့ဒါပါပဲ)
❤8🐳2