𝙏𝙝𝙞𝙣𝙠𝙫𝙚𝙧𝙨𝙚
1.36K subscribers
262 photos
9 videos
13 files
126 links
သတင်း ၊ ဒဿန ၊ စာပေ ၊ သိပ္ပံနှင့် ဖျော်ဖြေရေး အရေးအသားများ

Our Web(closed)
thinkverse.lovable.app

Lunatic's Collection
https://t.me/IknowledgeField/476

Merlin's Collection
https://t.me/IknowledgeField/154

Contact for business -
@MertvetsKira
Download Telegram
Are you unemployed ?👍
Anonymous Poll
66%
Sybau!🤔
34%
No I am employed b*tch🕺
❤7👏2
ကိုယ်သိတာရှိမသိတာရှိ အထိုက်အလျောက်စဉ်းစားကြည့်ကြတာပေါ့ ။
တိတိကျကျသိချင်ရင်တော့ မြန်မာစံတော်ချိန် လင်းအားကြီး နံနက်10နာရီခွဲ 30ရက်နေ့မှာ ဆောင်းပါးတိုအနေနဲ့လိုအပ်ချက်လေးတွေပါဖြည့်စွက်ပြီးတင်ပေးပါ့မယ် ။
စောင့်မျှော်ပေးကြပါဦး ✍ ။

(Edited --- အလုပ်ရှုပ်နေလို့ညမှပဲတင်‌ပါတော့မယ် Sorry for the delay & Thanks for your patience)

#Shira
❤19🤔2🤯1🍓1
𝙏𝙝𝙞𝙣𝙠𝙫𝙚𝙧𝙨𝙚
ကံထူးရှင်နံပတ်လေးကတော့ 55 ပါခင်​ဗျာ🏆 Giveawayအစီအစဥ်လေးမှာပါဝင်ပေးကြတဲ့လူတွေကိုလဲကျေးဇူးတင်ပါတယ်။ အတုံ့အလှည့်ဆိုတာရှိတဲ့နောက်တော့ နောက်တစ်ကြိမ်Give Awayတွေအတွက်လဲ သတ္တိရှိကြပါဗျာ #Kira
တစ်ယောက်ကတော့မဲပေါက်သွားခဲ့ပြီ နောက်ဂစ်ဝေ့တွေကြ ဘယ်သူပေါက်မလဲ ⁉️

#Lunatic
❤14🔥3🎉2
𝙏𝙝𝙞𝙣𝙠𝙫𝙚𝙧𝙨𝙚
ကိုယ်သိတာရှိမသိတာရှိ အထိုက်အလျောက်စဉ်းစားကြည့်ကြတာပေါ့ ။ တိတိကျကျသိချင်ရင်တော့ မြန်မာစံတော်ချိန် လင်းအားကြီး နံနက်10နာရီခွဲ 30ရက်နေ့မှာ ဆောင်းပါးတိုအနေနဲ့လိုအပ်ချက်လေးတွေပါဖြည့်စွက်ပြီးတင်ပေးပါ့မယ် ။ စောင့်မျှော်ပေးကြပါဦး ✍ ။ (Edited --- အလုပ်ရှုပ်နေလို့…
Philosophy

ကျွန်တော်တို့နဲ့မစိမ်းတဲ့ဒီ စကားလုံးက အမှန်တော့ခေါမ ဘာသာစကားပါပဲ Greece ပေါ့ philo-မြတ်နိုးခြင်း Sophy- အသိပညာ အသိပညာကိုမြတ်နိုးခြင်းလို့အဓိပ္ပါယ်ရပါတယ်။
(ဆန်းလွင်ရဲ့ ဖီလိုဆိုဖီ ကကြီးခခွေးထဲက ကူးကားထားတာပါ)

What is not philosophy?

မျက်စိပိတ်နားပိတ် လက်ခံလိုက်ရတဲ့အယူအဆတွေ မိမိတို့ပရမ်းပတာတွေးတောတာတွေ စိတ်ကူးယဉ်တာတွေ ဒါတွေကတော့ ဖီလိုဆိုဖီမဟုတ်ပါဘူး။စည်းဘောင်စနစ်နဲ့ ပဲအားလုံးကိုနိုင်"နင်း" ခြုံလေ့လာတာပါပဲ။ မီတို့ Maths ရူပ ဓာတု စိတ္တဒါတွေလေ့လာသလို တခုတည်းမဟုတ်ဘူးပေါ့သဘောက။critical thinking ပါထည့်လုပ်တာမျိုး သူ့အကြောင်းပြချက်နဲ့သူလက်ခံတာမျိုး logic ကျကျ‌တွေးတာတွေက ဒါ Philo ပါပဲ။
Short to the point ဆိုရင်တော့စုံမှိတ်လက်မခံဘူး အကျိုးနဲ့အကြောင်းနဲ့လက်ခံတာ ဘာသာရေးမဟုတ်တာ science မဟုတ်ပြန်တာ အယူမသည်းတာစည်းမဲ့ဘောင်မဲ့မဟုတ်ပဲ ကျယ်"ပြန့်" အတွေးအ‌ေခါ်လွတ်လပ်တာ ဆို philoဟုတ်ပြီး မဟုတ်ရင် မဟုတ်တာပေါ့။

Naturalistic philosophy ကိုမပြောခင် သူ့အစ ကိုအရင်ပြောပြပါ့မယ်
ခေါမ ပညာရှိတွေးခေါ်ဖြစ်တဲ့ Platoကတော့လူသားတွေဒီလို တွေးတတ်ခေါ်တတ်လာတဲ့ nature တွေက "amazement" ကနေစတယ်လို့ဆိုခဲ့ပါတယ်။ရှေးခေတ်အရ ဆိုရင်တော့ဟုတ်တာကိုးမှန်လဲမှန်ပါတယ် သူတို့မြင်ဖူးတာတွေ သိတာတွေစုံမှမစုံမများသေးပဲ စူးစမ်းဆဲကာလပဲရှိသေးတာကိုး ဥပမာ မိုးရွာတာမမြင်ဖူး မိုးကြိုးပစ်တာတွေ သက်တံ့တွေသဘာဝဘေးအန္တရာယ်တွေ မီးတောင်တွေမတွေ့ဖူးတော့ လူ့သဘာဝ အရင်အံ့ဩကြတာကိုး ‌အဲ့တော့ သူ့ခေတ်သူ့ခါအရ သူ့စကားမှန်ပါတယ် နောက်ကြ upgrade ဖြစ်လာတော့ "Doubt" ကသာ philosophy ရဲ့အစလို့လက်ခံလာကြပြန်ပါတယ်။ ဘာလို့ဆိုရှေ့က ပြောခဲ့တဲ့ မမြင်ဖူးတာတွေကို အကျိုးတရားလို့မှတ်ပြီး နောက်ကွယ်မှာဘာလို့ဖြစ်ရတာလဲဆိုတာကို သိချင်လာတာနဲ့ တဖြည်းဖြည်း အံ့ဩမှုကနေ Start Questioning ဖြစ်လာကျတဲ့အတွက် ဒီလိုမတည်မြဲတဲ့ ဖြစ်လိုက်ပျက်လိုက်သဘောတရားတွေအစား တည်မြဲတဲ့ အမှန်တရားတခုကိုသာ အကြောင်းတရားအဖြစ် ရှာဖွေလာကြပါတော့တယ် ။

အကြောင်းတရားကို ရှာတဲ့ခရီးစဉ်
အစမှာ ဒီဂရိတွေက ဒီဘာကြောင့်ပြောင်းလဲရတာလဲ ဆိုတာကိုရှာရမဲ့အစား ကနဦးအံ့ဩခြင်းက လွမ်းမိုးထားတာဖြစ်လို့ နတ်ဘုရားတွေဘက်လဲ ရောက်သွားခဲ့ပါသေးတယ် Olympus Zeus တို့အစရှိသဖြင့်ပေါ့
ဒါလဲကြာတော့ မကြာလိုက်ပါဘူး

{ ဒီနေရာမှာတခုပြောချင်တာက BC 600 500 ခုနှစ်တွေမှာ နယ်ချဲ့တာတွေရှိနေပြီမို့ ခေါမတိုင်းသားတွေလဲနယ်ချဲ့ရင်း အိုင်အိုးနီးယားဒေသက ကိုလိုနီမြေတခုဖြစ်လာပါတယ် ခေါမတွေးခေါ်ဆရာ့ ဆရာကြီးတွေပေါ်လာမဲ့နေရာတခုပါပဲ}

ပြောချင်တာက naturalistic Philosophy ခုထိတော့ မရောက်သေးဘူး

ခုနသိမ်းထားတဲ့ကိုလိုနီမြေထဲက မီလိတပ်စ် ဆိုတဲ့မြို့မှာ Father of philosophy လို့ခေါ်ကြတဲ့ Thales လဲအပါအဝင်ပေါ်ပေါက်လာတာပေါ့ သူ့ခေတ်ကျမှအရင်လို ပုံပြင်ဒဏ္ဏာရီဆန်ဆန် အတွေးတွေကနေ ကင်းလွတ်လာခဲ့ပြန်ပြီး (နတ်ဘုရားကပဲ ပြုပြင်လွှမ်းမိုး တခုခုဆိုမိုးနတ်မင်းကြီးတိုင်တယ်ဘာညာလုပ်တာကိုပြောတာ) ဘာဖြစ်တယ်ဆိုတာ ဘာရှိလို့ဆိုတာ လက်ခံလာကြပါတယ် ဥပမာ မီးတောင်‌တွေပေါက်တယ်ဆိုတာmagma တွေ အက်ကွဲကြောင်းတလျှောက် မြင့်တက်လာလို့တို့
Earthquake တွေဆို တက်တိုးနစ်သဘောအရ ဘယ်လောက်cm နဲ့တနှစ်ကိုဘယ်လောက်ရွေ့နေရာကနေတိုက်မိလို့တို့
စသည်ဖြင့်ပေါ့
အဲ့တော့ သူ့ခေတ်က သဘာဝတရားကြီးပေါ်အခြေခံနေတော့ ဖီလိုလို့ပြောရင် အသွင်သဏ္ဌာန်အားဖြင့် ရုပ်သဘာဝဆန်နေပေရောပေါ့
အဲ့မှာစပြီး တကယ့်တွေးခေါ်တယ်ဆိုတဲ့ဘက်ယိမ်းလာကော
ယိမ်းရင်း" ဟုတ်ပြီဒါတွေက ပြောင်းနေတယ် ရာသီဥတုတွေ ဥတုအလိုက်သဘာဝဘေးတွေ မြေမျက်နှာသွင်ပြင်တွေ ဆိုတော့ ဒီခပ်သိမ်းသော ကိစ္စအားလုံးရဲ့ အဆုံး အစွန်ကျတဲ့ဘက်မှာ မပြောင်းမလဲအမြဲမှန်နေတာကကောဘာလဲ သူတို့စသိချင်လာကြပါရော

(တိုချုံးထပ်ပြောရရင် Thales လက်ထက်ကစပြီး နတ်ဘုရားဘာညာတွေမယုံတော့ဘူး အဲ့အစား nature ဘက်ရောက်သွား မြင်သာအောင် four elements seasons ကပ်ဘေးတွေ အဲ့ထက်ဆင့်မြင့်‌ကျ ဒါတွေက အလှည့်ကျ ပြောင်းနေတာ ဘာကမပြောင်းမလဲမှန်နေတာလဲ ဆက်ရှာမှာပေါ့)

အဲ့အချိန်ကစပြီးမှ History of Philosophy မှာ substance (အမှန်ထာဝရဝတ္ထု) ဆိုတာဘာလဲဆိုလဲမေးခွန်းက စကြီးကျယ်လာကော ဇာတ်လမ်းကခုမှစတာ ဒီလောက်ကျယ်ပြန့်တဲ့ဟာကို အဖြေမျိုးစုံပေးတာတွေတော့ နောက်ကျလာမယ် ရှာတာ‌ကလဲ Thales တို့ဒေသကလူတွေ မီလိတပ်စ် မြို့သားတွေပဲ တော်တော်လဲတွေးနိုင်ခေါ်နိုင် Brain ကောင်းခဲ့ကြတဲ့ တွေးခေါ်ရှင်တွေပါပဲ

ဘာလို့ဆို Ultimate Reality ရှာရင်းနဲ့ အနိစ္စသဘော နိစ္စသဘောဆိုင်ရာ ပြဿနာ‌‌ေတွကိုပါလက်မလွတ်စဉ်စားနိုင်လာကြရောတဲ့

အဲ့ခုန မီလိတပ်စ်မြို့ရဲ့ ကနဦး Philosopher တွေထဲ ထင်ရှားခဲ့သူတွေဆိုရင်တော့ Thales, Anaximanda, Anaximenes ဒီသုံးယောက်ရှိပါမယ်
Ultimate Reality ကိုရှာတဲ့နေရာမှာ ရုပ်လောက သဘာဝလောက ဒီထဲမှာရှိတဲ့အရာတွေသုံးပြီး ရှင်းလင်းခဲ့တာမို့ အနောက်တိုင်းဖီလိုဆိုဖီမှာ Naturalistic Philosopher တွေအဖြစ် မှတ်ယူခဲ့ကြပါတယ်တဲ့။
❤12🔥5🐳1🍓1
𝙏𝙝𝙞𝙣𝙠𝙫𝙚𝙧𝙨𝙚
ကိုယ်သိတာရှိမသိတာရှိ အထိုက်အလျောက်စဉ်းစားကြည့်ကြတာပေါ့ ။ တိတိကျကျသိချင်ရင်တော့ မြန်မာစံတော်ချိန် လင်းအားကြီး နံနက်10နာရီခွဲ 30ရက်နေ့မှာ ဆောင်းပါးတိုအနေနဲ့လိုအပ်ချက်လေးတွေပါဖြည့်စွက်ပြီးတင်ပေးပါ့မယ် ။ စောင့်မျှော်ပေးကြပါဦး ✍ ။ (Edited --- အလုပ်ရှုပ်နေလို့…
Resources -- ဆန်းလွင်ရဲ့ဖီလိုဆိုဖီကကြီးခခွေးထဲက အပြည့်နီးပါးကိုးကားပြီး ကိုယ့်စကားနဲ့ကို paraphrasingရေးသားထားပါတယ် ။ ဖတ်ရတာ စာစီစာကုံးလို ဖြစ်နေတာမျိုး အစဉ်တကျဖြစ်‌မနေတာမျိုးတို့ ပေါ့ပျက်ပျက်ဖြစ်နေတာမျိုးတို့ စာဖတ်သူပေါ်ဖြစ်စေခဲ့လျှင် မူရင်းရေးသားသူနှင့်တကွ စာဖတ်သူအပေါ်အထူးပင် အားနာမိရပါသည်။

#Shira
❤7🍓2🔥1
Existentialism ဆိုတာဘာလဲ
Admin Lunatic အသံ ပါဝင်အားဖြည့်ထားပါတယ်

ကြည့်ရှု့ရန် -
https://vt.tiktok.com/ZSSfQecJC/

#Lunatic
❤10🔥2🆒2⚡1
ပြေးစမ်း အဝေးကို ၊
မင်းခြေလှမ်းတွေ ကမ္ဘာမြေအစွန်းရောက်ပါစေ။
အချိန်ကြာလာတာနဲ့အမျှ
မင်းရဲ့မျက်နှာကို ငါသေချာမမှတ်မိတော့ဘူး။
မင်းအသံကိုလဲ မကြားယောင်တော့ဘူး။
မင်းဖုန်းနံပါတ်ကိုလဲ ငါမသိတော့ဘူး။
Universeတစ်ခုထဲမှာ
အချင်းချင်းတိုက်မိရင်း ပွန်းပဲ့ရာကိုယ်စီနဲ့
ဝေးကွာသွားကြတဲ့ ဥက္ကာခဲတွေလို
ငါတို့ဘဝက ဘုရားတရားမြဲရင်တောင်
ရေစက်ပြန်မပါတော့တာမို့ ၊
ကံမကုန်ရင်တောင် ပြန်မဆုံတော့ဘူး။

#Sake
❤9😭3💘3🔥2💔2⚡1
Hello guys.
Voice overအပိုင်းတာဝန်ယူထားတဲ့Adm Sakeပါဗျ
ဒီထဲ စာဖတ်ပျင်းတဲ့လူတွေရှိလားဗျ
ရှိတယ်ဆိုရင် cmtထဲ ဘာတွေဖတ်ပြစေချင်တယ်ဆိုပြီး mentပေးသွားကြပါနော်
အပိုင်းလေးတွေခွဲပြီး audio clipလေးတွေ တစ်နေ့ တစ်ပုဒ်တင်ပေးသွားပါမယ်ဗျ။

#Sake
❤10🔥5
History, Truth, Feminism & Foucault's Discourses 🎐

နည်းနည်းမြင့်နိုင်ပေမဲ့
တစ်ကယ်တမ်း စဥ်းစားကြည့်ပါ ။

ယောကျ်ားကောင်း တစ်ယောက်ဖြစ်ရခြင်း ၊
မိန်းမကောင်း တစ်ယောက်ဖြစ်ရခြင်း ၊
လူကောင်းတစ်ယောက် ဖြစ်ရခြင်း ၊
မှန်တာ၊မှားတာ ရဲ့အဓိပ္ပါယ် တွေနဲ့ မှားတဲ့လုပ်ရပ်၊မှန်တဲ့လုပ်ရပ် ​ဆိုတာတွေကို တိတိကျကျLogic နဲ့တစ်ကွ စီမံ ခွဲခြားပေးနိုင်ဖို့ လူသားတွေအနေနဲ့ ဘာမှကို မတတ်နိုင်သေးတာကို တွေ့ရတယ် ။ လူသားတွေရဲ့ ဘဝတွေ ၊ လူမှု့အဖွဲ့အစည်းတွေဆိုတာတွေက (Superior Morality - ) အလုံးစုံအကျုံးဝင်တဲ့ ပြဠာန်း ချက် ဆိုတာမျိုး တည်ရှိနေနိုင်ဖို့ အတွက် အရမ်းရှုပ်ထွေး လွန်းပါတယ်။

ဆိုတော့ ဘာဖြစ်လာရသလဲ ဆိုရင် အရာအားလုံးက နှိုင်းရသဘော ဆန်လာတယ် ။


ယခင်ဟာ "အမျိုးသားတွေက အမျိုးသမီးတွေထပ်ပိုမြင့်မြတ်တယ်" ဆိုတာ အမေးအမြန်းမရှိလက်ခံလာကြတဲ့ "အမှန်တရား" ရဲ့ ပုံစံတစ်မျိုးပဲ ၊ အမျိုးသမီးတွေ တော်လှန်တာမျိုးရှိ လာတယ် ရနိုင်တဲ့ဖက်ကနေ "မျှတရေး" အတွက်တိုက်ယူကြတယ် Feminism ဖြစ်လာတယ် ၊ ယခု ခေတ်ကာလမှာ လိင်ညီမျှမှုဆိုတာဟာ နောက်ထပ် "အမှန်တရား" တစ်ခုဖြစ်လာပြန်တယ် ။ အဲ့တော့ ကျွန်တော်တို့ ကောက်ချက်ချလို့ရနိုင်တာဟာ အမှန်တရားဆိုတာကြီးထပ် အမှန်တရားပုံစံ တွေ က ခေတ်ကာလ/သမိုင်း အပေါ် အခြေခံ နေတယ်ဆိုတာပဲ ။ ယခင်က ဘောလုံးဆိုတာ လုံးဝန်း တဲ့အရာအဖြစ် လက်ခံထားခဲ့ကြတယ် ၊ American Football ဆိုတာပေါ်လာတော့ အဲ့ကဘောလုံးကဖြင့် ကန်ကျောက်ဖို့မပြောနဲ့ လုံးတောင်မလုံးတော့ဘူး ။ အဲ့တော့ Concept တွေဆိုတာကလဲ ခေတ်ကာလ ၊ သမိုင်းကို အခြေခံပြီး ဖြတ်သန်းတယ် ( Hegelစီကနည်းနည်းယူသုံးထားတာ) ။

နောက်ထပ်အမှန်တရားအပေါ် ကောက်ချက်ဆွဲပုံတစ်မျိုးရှိသေးတယ် ။

အစစ်အမှန်တရားတွေ ၊ ကိုယ်ကျင့်တရားဆိုင်ရာ ကောင်းမွန်မှုတွေဆိုတာ အဓိပ္ပါယ်ဖွင့်ဆိုခွှင့်ရရှိတဲ့ အုပ်စု စီက ပြဠာန်းချက် တွေဆိုတာမျိုးပဲ ။ ဒီကနေ ဆက်တွေးသွားမယ်ဆိုရင် Machiavelli နဲ့ Thrasymachus ကနေ Foucault, Nietzsche တို့ထိ သွားလို့ရတယ်။ Feminism ဖက်မှာ ဆိုရင် Judith Butler နဲ့ Jane Flax တို့ရဲ့ အမြင်ကို တွေးကြည့်လို့ရနိုင်တယ် ။ Butler က 1980 ဝန်းကျင်က ကျရှုံးသွားတဲ့ Feminism ဒုတိယလှိုင်းဟာ အမျိုးသမီးတွေရဲ့ Universal Identity (အလုံးစုံအကျုံးဝင်တဲ့အမှန်တရားပုံသဏ္ဍာန်တစ်မျိုး ၊ အမှတ်အသားတစ်မျိုး)ကိုတည်ဆောက်ဖို့ ကြိုးပမ်း နေလို့ ကျရှုံးရတာလို့ ပြောတယ် ။ Flax ကလဲ အလားတူပဲ " အမှန်တရား" တစ်ခုစီ ဦးတည်နေမဲ့အစား ၊ စိန်ခေါ်တဲ့ Post Modernist Philosophy ကို အခြေပြုသင့်တယ်လို့  တွေးတယ် ။ ဒီလို အမြင်ရှု့ထောင့် တွေကို ခြေရာ ပြန်လိုက်ရင် Foucault စီကိုပြန်ရောက်လာတာတွေ့ရတယ် ။

Foucault စီကနေ သူ့ရဲ့Radical Nietzschean  ပုံစံ ခံယူချက်တွေထိ ပြန်မလိုက်ပဲ ခဏရပ်ထားမယ် ဆိုရင် အမှန်တရားတွေ၊ကျင့်ဝတ်သိက္ခာ တွေဆိုတာ Power Conflict တွေကနေ ထွက်ကျလာတဲ့ ရလဒ်တွေ ပဲ ၊ Power Conflict တွေ ဆိုတာကို မရှင်းခင် Foucault ရဲ့ Power ဆိုတာကို အစိုးရတွေမှာရှိတဲ့ အာဏာလို့မမြင်ပဲ (အလွယ်ကူဆုံးအနေနဲ့ Social Force ) မောင်းနှင်အားတစ်ရပ် အနေနဲ့ မြင်တတ်ဖို့ လိုတယ် ။
အဲ့တော့ Power Conflict ဆိုတာက မတူညီတဲ့ အိုင်ဒီယာပါဝါ အုပ်စုနှစ်ခုတို့ကြားက ပဋိပက္ခ ကိုဆိုလိုတာ ပါ ။

အဲ့မှာ အမှန်တရား ၊ အလှအပ နဲ့ ကောင်းမွန်မှုတွေဆိုတာက နောက်ခံအချိန်ကာလနဲ့ Power Conflict တွေအပေါ်  မှီခိုနေရတဲ့ နှိုင်းရသဘော ဖြစ်လာတယ် ။

နောက်ထက် Foucault ပြောတာက Discourses တွေ ၊ ကျွန်တော်တို့ နေ့စဥ် ဘဝထဲက စကားပြောပုံ သိမြင်ပုံ တွေးခေါ်ပုံ တွေက ဘာသာစကားသင်ယူရသလိုမျိုး ပို့ချခံထားရတဲ့ သိမှု တွေ (Discourses) ဖြစ်တယ် ။ လူတွေမြင်နေရတဲ့ သိမြင်နားလည်မှု တွေနဲ့ ယူဆချက်တွေဆိုတာက ဘာသာစကားနဲ့အသွင်တူစွာ ထပ်တူ အလုပ်လုပ်နေတဲ့ သိမှုဆိုင်ရာ ပို့ချချက် တွေကနေလာတယ် ။ ဆရာ ​တည်တံ့ရဲ့စာအုပ်ထဲမှာတော့ Discourses ဆိုတာကို ` ကျွန်ုပ်တို့ ကမ္ဘာကြီးအပေါ်နားလည်ရှု့မြင်ပုံကို ဖြစ်စေတဲ့ ချိတ်ဆက်ထားသော အိုင်ဒီယာတွေရဲ့စနစ် အစုအဝေးများ ´ လို့ ဘာသာပြန်ထားတယ်။

အပိတ်အနေနဲ့
Social Concept တွေလုံးဝ မပါတဲ့ လူသားကမ္ဘာ တစ်ခုကို မြင်ယောင် ကြည့်လို့ရမှာမဟုတ်ဘူး။  ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ဘယ်သူဘယ်ဝါ ဖြစ်ကြောင်းကို Society က ပြဠာန်းမထား နိုင်ဘူး ဆိုရင်တောင်မှ ကျွန်တော်တို့က အဲ့ Society ကြီးရဲ့တစ်စိတ်တစ်ပိုင်း ဖြစ်နေပြီ ပဲမဟုတ်လား ။ အဲ့ဒီ Society ဆိုတာကြီးကလဲ သမိုင်းရဲ့ ဖန်တီးခြင်းကို ခံထားရတဲ့ သမိုင်းရဲ့တစ်စိတ် တစ်ဒေသ ပဲ ။  သမိုင်းဆိုတာကလဲ Power Conflict တွေ တစ်လျှောက် လူတွေရဲ့ခံယူချက်တွေ အယူအဆတွေ Idea တွေ  ပြောင်းလဲ လာတာ ၊ အဲ့တော့ကျွန်တော်တို့ အကောင်းဆုံးလုပ်နိုင်တာ တစ်ခုက အချိန်နဲ့တစ်ပြေးညီ ပြောင်းလဲနေဦးမဲ့ ၊ ရှုပ်ထွေးတဲ့ ဒီလို Collective သိစိတ် တွေ ၊ Cultural Norms တွေကို ထိရောက်စွာ အသုံးချနိုင်ဖို့ပဲ ရှိပါတယ် ။

Discourses အရဆိုရင်တော့
လူတစ်ယောက်ခံယူထားတဲ့ အမှန်တရားဆိုတာက သူ့အပေါ်ကိုသိမှုဆိုင်ရာလွှမ်းမိုး ပေးထားတဲ့ Discourses တွေရဲ့ ပြဠာန်း ချက် သာလျှင်ဖြစ်နေတော့တယ် ။

#Lunatic
❤12🔥3👏1🐳1
My Ridiculous Meinung on Philosophy of Moral : History, Truth, Feminism & Foucault's Discourses

ဖတ်ရန် ။
https://t.me/IknowledgeField/515

#Lunatic
❤10🔥3🍓1
Congratulations Yangon Galaticos 🎉👏

We should congrats to those who won…! ☠️

ဘယ်လိုပဲဖြစ်ဖြစ် မြန်မာနိုင်ငံက အသင်းကို တခြားနိုင်ငံသားတွေက underdog လို့ပြောနေတာကို ပြန်ပြီး မျက်ခွက်ဖြတ်ရိုက် world champion ပါကောက်ယူလိုက်တာက လုံးဝကို appreciate လုပ်ရမှာပါ။

မြန်မာနိုင်ငံ E-Sport community အတွက်လဲ ပထမဆုံး world-class trophy winner လဲဖြစ်ပါတယ်…။ 🕺🕺

#JP
Please open Telegram to view this post
VIEW IN TELEGRAM
👏15❤9🎉5🥰2💯2🔥1
Kafkaesque
~

Kafkaesque ဆိုတဲ့စကားလုံးကို စာရေးဆရာ ဖရန်ဇ့် ကာဖ့်ကာ (Franz Kafka) နဲ့ ရင်းနှီးတဲ့လူတွေ ဆို မစိမ်းလောက်တဲ့စကားလုံးပါ ။ အရမ်းလဲလှပြီး သုံးတတ်ရင် သုံးတတ်သလိုအထာကျပါတယ် ။ Philosophy တစ်ခုတော့မဟုတ်ပဲ နာမဝိသေသန တစ်ရပ်အနေနဲ့ အဓိပ္ပါယ်ဖွင့်ကြရပါမယ် ။ ဒါ့ကြောင့် Kafkaesque ကို " ကာဖ့်ကာ ဆန်သော" လို့ ဘာသာ ပြန်ကြရပါမယ် ။

အိမ်မက်ထဲရောက်နေသလိုလို အပြင်မှာဖြစ်နေသလိုလို ​ဒါမှမဟုတ် ပြဿနာကအလွန်ရှုပ်ထွေးပြီး အစဖော်မရ ၊ ဖြေရှင်းမရလွန်း ပေမဲ့ တစ်ခုခုမှားနေသလို ခံစားနေရတဲ့အခြေအနေအမျိုးကြုံဖူးကြလားဗျ ။


စာရေးဆရာ Kafka ကိုအစွဲ ပြုထားတဲ့ ထို စကားလုံး ဟာ အလွန်ရှုပ်ထွေးပြီး အဓိပ္ပါယ်မရှိ တဲ့ အိမ်မက်တစ်ခုထဲမှာ ပိတ်မိနေသလို မှားယွင်းတဲ့ အခြေအနေကို ဖော်ပြဖို့ သုံးကြတာပါ။

ဒီလိုအခြေအနေတွေမှာ အဓိကအားဖြင့် အဓိပ္ပာယ်မရှိသလို၊ ရှုပ်ထွေးပြီး ချုပ်ကိုင်ထားတဲ့စည်းကမ်းဥပဒေတွေ ၊ အစိုးရလုပ်ထုံးလုပ်နည်း (System) တွေပါဝင်ပြီး တစ်သီးပုဂ္ဂလ လူတစ်ဦးက ဖြစ်ရပ်အပေါ်ထိန်းချုပ်ခွင့်မရှိ၊ လွတ်မြောက်ဖို့လည်း မလွယ်ကူတာမျိုး ကို ရင်ဆိုင်ရပါတယ် ။
Kafkaesque အခြေအနေတစ်ခုမှာ အိပ်မက်ဆိုးတစ်ခုလို surreal ဆန်ဆန် သို့မဟုတ် nightmarish သဘောရှိပါတယ်။ တစ်ခါတစ်လေ ရှုပ်ထွေးတဲ့ ဗျူရိုကရေစီ အခြေအနေတွေနဲ့လည်း သွားရောက်ဆက်သွယ်တတ်ပါတယ် ။

ဖြေရှင်းနိုင်မလားဆိုတဲ့စိတ်နဲ့ ကိုယ်တိုင် လုပ်မိလုပ်ရာ လုပ်လိုက် တဲ့အပြုအမူက အခြေအနေကို ပိုဆိုးစေတတ်တာ ကလဲ Kafkaဆန်စေပါတယ် ။

Kafka ရဲ့ The Castle နဲ့ The Trial ကို ဖတ်ကြည့်ပြီးတဲ့အခါ ပိုနားလည်လာပါလိမ့်မယ်။ (The Castleကိုလဲ Reviewတင်ပေးပါမယ်)

အစိုးရရဲ့ ရှုပ်ထွေးတဲ့ လုပ်ငန်းစဉ်တွေကြောင့် မပြီးနိုင်တဲ့နှောင့်နှေးမှု တွေ ရလဒ်မပေါ်နိုင်တဲ့ ဥပဒေတရားရေးရာ တွေ ဒါမှမဟုတ် ရင် တစ်သီးပုဂ္ဂလ ပြောင်းလဲမှုကြောင့် မိမိချစ်ရသူတွေနဲ့ Alienation (ကင်းစွာစိမ်ကားမှု) ဖြစ်နေတာတွေ ကို Kafka ရဲ့အရေးအသားတွေမှာ အဓိက တွေ့ရမှာပါ။ အနှစ်ချုပ်ရရင် Kafkaesque ဖြစ်ရပ်တစ်ခုမှာ အစွန်းရောက်ရှုပ်ထွေးလွန်ပြီး လွတ်မြောက်ဖို့နည်းမရှိတာ ပါပဲ ။

#Lunatic
❤17🔥3🍓1
This media is not supported in your browser
VIEW IN TELEGRAM
🔥6❤‍🔥3💋2
နောက်ကျနေပြီဆိုပေမဲ့ ကျွန်တော် ခုမှဖတ်ဖြစ်တဲ့
`သူငယ်ချင်းလို့ပဲ
ဆက်၍ ခေါ်မည်ခိုင်´

အမည်ရတဲ့ ဆရာတက္ကသိုလ်ဘုန်းနိုင်ရဲ့ စာအုပ် ကိုဖ​တ်ဖူးတဲ့လူရှိကြလား​ဗျ ။

တော်တော်ကြီးလွန် လွန်းတယ် ထင်တယ် ၊ ပြီးတော့ ဘယ်သူ့ကိုအပြစ်တင်လို့တင်ရမှန်းလဲမသိဘူးဖြစ်နေလို့ ။
ဖတ်ဖူးတဲ့လူရှိရင် ဝင်ဆွေးနွေးပေးကြပါဦး ။
နောက်ထပ် အနေနဲ့ တက္ကသိုလ်ဘုန်းနိုင် စာအုပ်ကောင်းတာတွေညွှန်းပါဦးဗျာ

#Lunatic
❤15🔥5👏1🐳1
ဘာတင်ရမလဲဆက်ပြီးတော့
Anonymous Poll
41%
Plato's Republic
21%
Introduction to Greek Civilization
23%
Hegel : Dialectic
16%
Transcendental Idealism
❤3🔥3
"Why sages leave money on the table"

ရေးပြီးတဲ့အချိန်တင်ပေးထားပါ့မယ်
ကာလာဘာညာကတော့မီစိတ်ထဲရှိရာလုပ်ထားတာမို့ ကြောင်နေရင် ကြောင်နေတယ်လို့ပဲ မှတ်လိုက်ပါနော် <3

ပြီးတော့ပုံထဲကဝါးထားတဲ့ လူကဘယ်သူဖြစ်မယ်ထင်ကြလဲ Guess who မှန်ရင်Bill 3000ပေးပါ့မယ်။

#Shira
🔥9❤4🤔1
Plato's Republic ♟

~~~

Platoရဲ့ Republic ကို ဘာ တွေနဲ့ ဖွဲ့စည်းထားလဲ ဆိုတာတွေ ၊ Key Concepts တွေကို တတ်နိုင်သလောက် အကျဥ်းခြုံ့ပြီး နားလည်လွယ်အောင်ရှင်းပြထားပါတယ်။ Bite sized ဆိုလဲ မှန်ပါတယ်။

ဖတ်ရှု့ရလွယ်ကူအောင် Telegraph နဲ့ရေးသားထားပါတယ်။

ဖတ်ရန် နှိပ်ပါ 👇

[ ဖတ်ရှု့ရန် ]

#Lunatic
❤20🔥3🏆1
အဖြေမှန်က Thales ပါ
Thanks for participating everyone

#Shira
❤4🔥3