𝙏𝙝𝙞𝙣𝙠𝙫𝙚𝙧𝙨𝙚
1.36K subscribers
262 photos
9 videos
13 files
126 links
သတင်း ၊ ဒဿန ၊ စာပေ ၊ သိပ္ပံနှင့် ဖျော်ဖြေရေး အရေးအသားများ

Our Web(closed)
thinkverse.lovable.app

Lunatic's Collection
https://t.me/IknowledgeField/476

Merlin's Collection
https://t.me/IknowledgeField/154

Contact for business -
@MertvetsKira
Download Telegram
ပြီးဆုံးသွားခဲ့ပါပြီ အရာရာဟာသူ့အတွက်
ကံကြမ္မာက တကယ်ဘာမှပြောနိုင်တာမဟုတ်ဘူး ခုနေ ဗြုန်းကနဲအကုန်ဖြစ်သွားနိုင်တာမို့ လက်ရှိအချိန်လေးကိုပဲတန်ဖိုးထားပြီး ပျော်ရာလုပ်ဖို့အကြုံပြုချင်ပါတယ်
ခု Ozzy ကိစ္စဆိုလဲတလောကမှ monumental farewell တခုမှာ ကြမ်းနေသေးတဲ့ rock legend စစ်စစ်ကြီးပဲလေ
ပူပူနွေးနွေး ဆုံးရှုံးမှုကြီးပါပဲ rockကိုတကယ် မြတ်နိုးတဲ့community တခုအတွက်ကတော့

#Shira
🕊21❤2😭2😢1
Hip Hop ရဲ့ Elements တွေအကြောင်း တစ်စေ့တစ်စောင်း

အရှိန်အဟုန်နဲ့ တိုးတတ်လာတဲ့ Music Industry ထဲမှာ အားပေးမှုအများဆုံး Music genre တွေထဲက တစ်ခု အပါအဝင်ဖြစ်တဲ့ Hip Hopက ယခု မျက်မှောက်ကာလမှာ လူငယ်တွေကြားထဲမှာတင်မကဘဲ လူကြီးတွေအကြားထဲမှာပါ နေရာယူလာတာကို တွေ့ရှိရပါတယ်။ ထို့အတူ မြန်မာနိုင်ငံမှာလဲ Hip Hop Culture ကနေတစ်ဆင့် ဆင်းသက်လာတဲ့ Street Wear Outfits , DJ , Clubbing , Raps စတဲ့နယ်ပယ် တွေကို တွင်တွင် ကျယ်ကျယ် လက်ခံတိုးဝင်လာကြတဲ့ လူတွေလဲအများအပြားရှိပါလာပြီ။ ဒါပေမယ့် စိတ်မကောင်းစရာ အချက်ကတော့ ထိုလူတွေရဲ့ 60% က HipHop ရဲ့ အခြေခံအကျဆုံး ဖြစ်တဲ့ Element 4 ခုကိုတောင် Hip Hop နဲ့ဆက်စပ်နေမှန်းမသိကြတာပါပဲ။

ဆိုတော့ Hip Hop ရဲ့ Element တွေဆိုတာဘာတွေလဲ…။

(1) DJing

Hip Hop နဲ့ Disc Job ကခွဲမရဘူးဆိုသလို ပထမဆုံးနဲ့ အထင်ရှားဆုံး Hip Hop Element က DJing ပါပဲ။ Night Life ရဲ့ လျင်မြန်စွာ evolve ဖြစ်မှုနဲ့အညီ လူတွေနဲ့ ပိုပြီး နီးစပ်လာတဲ့ DJက Hip Hop element တစ်ခုဆိုတာကို မမေ့ထားသင့်ပါဘူး။

(2) MCing aka Rapping
ဒီတစ်ခုကတော့ လူတွေနဲ့ အနီးစပ်ဆုံးလို့ပြောလို့ရသလို Hip Hop culture တစ်ခုလုံးကို ထိပ်ဆုံးကိုရောက်အောင် ဆွဲခေါ်ပေးသွားတဲ့ အဓိက Hero ကြီးဆိုလဲ မမှားပါဘူး။ Gang တွေကြားထဲက လူငယ်လေးတစ်ချို့ရဲ့ အားပြိုင်မှုကနေ Music Industry ရဲ့ ထိပ်ဆုံးတွေထိကို ရောက်သွားအောင်ပေးပို့ခဲ့တဲ့ Element တစ်ခုပါ။

(3) Breakdancing aka B-boying
Dancer တွေရဲ့ community ကကျယ်ပြန့်လာသလို K Pop ရဲ့လွှမ်းမိုးမှုတွေကြောင့် Break Dancer တွေက မှိုလိုပေါနေပေမဲ့ Break Dance ရဲ့ မူလဦးတည်ရာက Hip Hop ကဆိုတဲ့အချက်ကို လူတော်တော်များများက မေ့လျော့နေကြပါတယ်။ ဒါပေမဲ့ Break Dance က underground ကနေပေါက်ဖွားလာတဲ့ Hip Hop ရဲ့ original Element တွေထဲက တစ်ခုဖြစ်တယ်ဆိုတာက မေ့မထားသင့်တဲ့ fact တစ်ခုပါပဲ။

(4) Graffiti
“လမ်းမကို အလှဆင်ခြင်း” ဆိုတဲ့ စကားလုံးက လမ်းမက လူငယ်တွေအတွက်တော့ ခန်းနားတယ်ဆိုတာထက်ကိုပိုတဲ့ စကားတစ်လုံးပါ။ နှစ်နဲ့ချီငြိမ်သက်နေတဲ့ နံရံတွေက တစ်ချိန်ထဲမှာ မြူးကြွမှု နဲ့လွတ်လပ်ခြင်း ပြယုဒ်ကို ပါပိုင်ဆိုင်ထားစေတာက Hip Hop ရဲ့ အလှဆုံး element တစ်ခုဖြစ်တဲ့ Graffiti ပါပဲ။ culture နောက်ကိုလိုက်တဲ့ သူတွေအတွက်တော့ Graffiti က နံရံပေါ်က ရောင်စုံ ရုပ်ကြွတွေဆိုတာထက်ကို ပိုတာ အသေချာပါပဲ။

—————/————-/—————-/

အထက်ပါအကြောင်းရာတွေကတော့ လူတွေသိပ်သတိမထားမိကြတဲ့ Hip Hop ရဲ့ origin တွေဖြစ်တဲ့ Four Elements ပါပဲ။ အရေးပါပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းရာတွေမဟုတ်ပေမဲ့ ၂မိနစ်စာလောက်တော့ ဖတ်ပျော်တဲ့ အကြောင်းရာတစ်ခုတော့ ဖြစ်မှာပါ။ ဖတ်ရှုပေးတဲ့အတွက် ကျေးဇူးပါ။

ရေးသားသူ - JP

#thinkverse
❤‍🔥8❤5🔥2🕊1
ဒီည စာပေ သမားများအတွက် Give Away လုပ် ပေးပါမယ် ဗျာ စောင့်မျှော်ပေးကြပါဦး အဟဲ

#Kira
❤15🤔2🐳2🔥1
Literary Give Away

@Akira_Daelan က
စာပေ သမားများအတွက် Give Away မဲဖောက်ပေးပါမယ် 💥💥

စာအုပ်ကတော့ ပြင်သစ် ဒဿနပညာရှင် စာရေးဆရာ Albert Camus ရဲ့ "The Stranger" ကိုမြန်မာဘာသာပြန် ထားတဲ့
" တစိမ်းတရံစာ "  ဆိုတဲ့စာအုပ် ပါ
📚

ပါဝင်ကံစမ်းဖို့အတွက်
လုပ် ရမှာတွေက

[ 1 ]

@IknowledgeField
နဲ့
@Lunatism_Bookshelf
ကို Joinထားတဲ့ Full screenshot နဲ့ 
Gp  ငါးခု ကို ဒီpost share ​ထားတဲ့
Full Screenshot အပြည့်အစုံ
ကို
@MertvetsKira ရဲ့
Dmလာပို့ပေးပါ ။ 📨

[ 2 ]
ပြီးရင် ဒီ post comment မှာ တစ်ခုခုမန့်ပေးပါ Adminက Rpပြန်ပြီး နံပတ် တပ်ပေးပါမယ် (Comment မဟုတ်လဲ Dm မှာပဲ ပေါ့)

• ကိုယ်ကြိုက်တဲ့နံပတ်ရှိရင်လဲတောင်းဆိုလို့ရပါတယ် ( ပေးပြီးသားနံပတ်ဆိုရင်မရတော့ပါ ) 🪄

ကိုယ်ရတဲ့နံပတ်ကို Random wheel နဲ့ရွေးပြီး ရင် မဲပေါက် ပါပြီ 🎉

မနက်ဖြန်ည 8:00
Result ကြော်ငြာ ပါမယ် ။

#Pic_crd
#Thinkverse
❤17🔥3🐳3👏1
𝙏𝙝𝙞𝙣𝙠𝙫𝙚𝙧𝙨𝙚
Literary Give Away @Akira_Daelan က စာပေ သမားများအတွက် Give Away မဲဖောက်ပေးပါမယ် 💥💥 စာအုပ်ကတော့ ပြင်သစ် ဒဿနပညာရှင် စာရေးဆရာ Albert Camus ရဲ့ "The Stranger" ကိုမြန်မာဘာသာပြန် ထားတဲ့ " တစိမ်းတရံစာ "  ဆိုတဲ့စာအုပ် ပါ 📚 ပါဝင်ကံစမ်းဖို့အတွက် လုပ် ရမှာတွေက…
Result ကြော်ငြာမဲ့ရက်လေးကို မနက်ဖြန် ည 8:00 ထိ ရွှေ့လိုက်ပါတယ်။ လူနည်းနေသေးလို့ဗျ မနက်ဖြန်ကြော်ငြာပေးပါ့မယ် ။
#Kira
❤8😭5
မဲဖောက်ပေးရမဲ့အချိန်ကိုရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်

#Kira
❤4🔥2🤯2🎉1
ကံထူးရှင်ရပြီခဏနေကြေငြာပေးပါမယ်
#Kira
🔥2🙈2❤1
This media is not supported in your browser
VIEW IN TELEGRAM
ကံထူးရှင်နံပတ်လေးကတော့
55 ပါခင်​ဗျာ🏆

Giveawayအစီအစဥ်လေးမှာပါဝင်ပေးကြတဲ့လူတွေကိုလဲကျေးဇူးတင်ပါတယ်။

အတုံ့အလှည့်ဆိုတာရှိတဲ့နောက်တော့ နောက်တစ်ကြိမ်Give Awayတွေအတွက်လဲ သတ္တိရှိကြပါဗျာ

#Kira
🔥12❤3🕊3🎉1🍓1
Quiz 2# Cynicsim ရဲ့ ဖခင်
Anonymous Quiz
28%
Waguri
28%
Diogenes of Sinope
28%
Plato
15%
Zeno
❤7👏2🐳1💔1
ဘယ်လိုContentတွေဖတ်ချင်ကြလဲ
Anonymous Poll
38%
တိုတိုတုပ်တုပ်
62%
အကျယ်တဝန်း
❤9🐳2
“ အမျိုးသမီးတစ်ယောက်ဟာ မွေးဖွားလာတာမဟုတ်ဘူး၊ အမျိုးသမီး အဖြစ် ပြုလုပ်ခြင်းခံရတာ။ အဆိုပါပြုလုပ်ခြင်းဖြစ်စဉ်မှာပဲ သူ့ရဲ့လူသားဆန်မှု ကိုဖျက်ဆီးခံလိုက်ရတယ်။ သူဟာ ‘အမျိုးသမီး' တံဆိပ်နဲ့အမှတ် သင်္ကေတ တွေ ဖြစ်လာခဲ့တယ်။ သူမဟာ ကမ္ဘာကြီးရဲ့မိခင်ဖြစ်မယ်၊ ဒါမှ မဟုတ်ရင် စကြဝဠာရဲ့အဆိုးရွားဆုံး မိန်းမပျက်တစ်ဦး ဖြစ်ရင်ဖြစ်မယ်။ သို့ သော် သူမစင်စစ်ဖြစ်ပိုင်ခွှင့်ကိုတော့ ပိတ်ပင်တားဆီးခံထားရတယ် ”

အထက်ပါစကားတွေကိုပြောခဲ့သူကတော့ ဣတ္ထိယဝါဒီဖြစ်တဲ့အန် နီယာဒွါကင်ပါ။ အလားတူသဘောဆောင်တဲ့ အမြင်မျိုးကို ဆိုင်မွန်ဒီဗူဗွား လည်း ပြောခဲ့ဖူးတယ် ။

-တည်တံ့ ၊ စိမ်းလန်းသောမြက်ခင်းများစီသို့ မျှော်ကြည့်ခြင်း

#Lunatic
❤18🔥3👏3🍓1
Are you unemployed ?👍
Anonymous Poll
66%
Sybau!🤔
34%
No I am employed b*tch🕺
❤7👏2
ကိုယ်သိတာရှိမသိတာရှိ အထိုက်အလျောက်စဉ်းစားကြည့်ကြတာပေါ့ ။
တိတိကျကျသိချင်ရင်တော့ မြန်မာစံတော်ချိန် လင်းအားကြီး နံနက်10နာရီခွဲ 30ရက်နေ့မှာ ဆောင်းပါးတိုအနေနဲ့လိုအပ်ချက်လေးတွေပါဖြည့်စွက်ပြီးတင်ပေးပါ့မယ် ။
စောင့်မျှော်ပေးကြပါဦး ✍ ။

(Edited --- အလုပ်ရှုပ်နေလို့ညမှပဲတင်‌ပါတော့မယ် Sorry for the delay & Thanks for your patience)

#Shira
❤19🤔2🤯1🍓1
𝙏𝙝𝙞𝙣𝙠𝙫𝙚𝙧𝙨𝙚
ကံထူးရှင်နံပတ်လေးကတော့ 55 ပါခင်​ဗျာ🏆 Giveawayအစီအစဥ်လေးမှာပါဝင်ပေးကြတဲ့လူတွေကိုလဲကျေးဇူးတင်ပါတယ်။ အတုံ့အလှည့်ဆိုတာရှိတဲ့နောက်တော့ နောက်တစ်ကြိမ်Give Awayတွေအတွက်လဲ သတ္တိရှိကြပါဗျာ #Kira
တစ်ယောက်ကတော့မဲပေါက်သွားခဲ့ပြီ နောက်ဂစ်ဝေ့တွေကြ ဘယ်သူပေါက်မလဲ ⁉️

#Lunatic
❤14🔥3🎉2
𝙏𝙝𝙞𝙣𝙠𝙫𝙚𝙧𝙨𝙚
ကိုယ်သိတာရှိမသိတာရှိ အထိုက်အလျောက်စဉ်းစားကြည့်ကြတာပေါ့ ။ တိတိကျကျသိချင်ရင်တော့ မြန်မာစံတော်ချိန် လင်းအားကြီး နံနက်10နာရီခွဲ 30ရက်နေ့မှာ ဆောင်းပါးတိုအနေနဲ့လိုအပ်ချက်လေးတွေပါဖြည့်စွက်ပြီးတင်ပေးပါ့မယ် ။ စောင့်မျှော်ပေးကြပါဦး ✍ ။ (Edited --- အလုပ်ရှုပ်နေလို့…
Philosophy

ကျွန်တော်တို့နဲ့မစိမ်းတဲ့ဒီ စကားလုံးက အမှန်တော့ခေါမ ဘာသာစကားပါပဲ Greece ပေါ့ philo-မြတ်နိုးခြင်း Sophy- အသိပညာ အသိပညာကိုမြတ်နိုးခြင်းလို့အဓိပ္ပါယ်ရပါတယ်။
(ဆန်းလွင်ရဲ့ ဖီလိုဆိုဖီ ကကြီးခခွေးထဲက ကူးကားထားတာပါ)

What is not philosophy?

မျက်စိပိတ်နားပိတ် လက်ခံလိုက်ရတဲ့အယူအဆတွေ မိမိတို့ပရမ်းပတာတွေးတောတာတွေ စိတ်ကူးယဉ်တာတွေ ဒါတွေကတော့ ဖီလိုဆိုဖီမဟုတ်ပါဘူး။စည်းဘောင်စနစ်နဲ့ ပဲအားလုံးကိုနိုင်"နင်း" ခြုံလေ့လာတာပါပဲ။ မီတို့ Maths ရူပ ဓာတု စိတ္တဒါတွေလေ့လာသလို တခုတည်းမဟုတ်ဘူးပေါ့သဘောက။critical thinking ပါထည့်လုပ်တာမျိုး သူ့အကြောင်းပြချက်နဲ့သူလက်ခံတာမျိုး logic ကျကျ‌တွေးတာတွေက ဒါ Philo ပါပဲ။
Short to the point ဆိုရင်တော့စုံမှိတ်လက်မခံဘူး အကျိုးနဲ့အကြောင်းနဲ့လက်ခံတာ ဘာသာရေးမဟုတ်တာ science မဟုတ်ပြန်တာ အယူမသည်းတာစည်းမဲ့ဘောင်မဲ့မဟုတ်ပဲ ကျယ်"ပြန့်" အတွေးအ‌ေခါ်လွတ်လပ်တာ ဆို philoဟုတ်ပြီး မဟုတ်ရင် မဟုတ်တာပေါ့။

Naturalistic philosophy ကိုမပြောခင် သူ့အစ ကိုအရင်ပြောပြပါ့မယ်
ခေါမ ပညာရှိတွေးခေါ်ဖြစ်တဲ့ Platoကတော့လူသားတွေဒီလို တွေးတတ်ခေါ်တတ်လာတဲ့ nature တွေက "amazement" ကနေစတယ်လို့ဆိုခဲ့ပါတယ်။ရှေးခေတ်အရ ဆိုရင်တော့ဟုတ်တာကိုးမှန်လဲမှန်ပါတယ် သူတို့မြင်ဖူးတာတွေ သိတာတွေစုံမှမစုံမများသေးပဲ စူးစမ်းဆဲကာလပဲရှိသေးတာကိုး ဥပမာ မိုးရွာတာမမြင်ဖူး မိုးကြိုးပစ်တာတွေ သက်တံ့တွေသဘာဝဘေးအန္တရာယ်တွေ မီးတောင်တွေမတွေ့ဖူးတော့ လူ့သဘာဝ အရင်အံ့ဩကြတာကိုး ‌အဲ့တော့ သူ့ခေတ်သူ့ခါအရ သူ့စကားမှန်ပါတယ် နောက်ကြ upgrade ဖြစ်လာတော့ "Doubt" ကသာ philosophy ရဲ့အစလို့လက်ခံလာကြပြန်ပါတယ်။ ဘာလို့ဆိုရှေ့က ပြောခဲ့တဲ့ မမြင်ဖူးတာတွေကို အကျိုးတရားလို့မှတ်ပြီး နောက်ကွယ်မှာဘာလို့ဖြစ်ရတာလဲဆိုတာကို သိချင်လာတာနဲ့ တဖြည်းဖြည်း အံ့ဩမှုကနေ Start Questioning ဖြစ်လာကျတဲ့အတွက် ဒီလိုမတည်မြဲတဲ့ ဖြစ်လိုက်ပျက်လိုက်သဘောတရားတွေအစား တည်မြဲတဲ့ အမှန်တရားတခုကိုသာ အကြောင်းတရားအဖြစ် ရှာဖွေလာကြပါတော့တယ် ။

အကြောင်းတရားကို ရှာတဲ့ခရီးစဉ်
အစမှာ ဒီဂရိတွေက ဒီဘာကြောင့်ပြောင်းလဲရတာလဲ ဆိုတာကိုရှာရမဲ့အစား ကနဦးအံ့ဩခြင်းက လွမ်းမိုးထားတာဖြစ်လို့ နတ်ဘုရားတွေဘက်လဲ ရောက်သွားခဲ့ပါသေးတယ် Olympus Zeus တို့အစရှိသဖြင့်ပေါ့
ဒါလဲကြာတော့ မကြာလိုက်ပါဘူး

{ ဒီနေရာမှာတခုပြောချင်တာက BC 600 500 ခုနှစ်တွေမှာ နယ်ချဲ့တာတွေရှိနေပြီမို့ ခေါမတိုင်းသားတွေလဲနယ်ချဲ့ရင်း အိုင်အိုးနီးယားဒေသက ကိုလိုနီမြေတခုဖြစ်လာပါတယ် ခေါမတွေးခေါ်ဆရာ့ ဆရာကြီးတွေပေါ်လာမဲ့နေရာတခုပါပဲ}

ပြောချင်တာက naturalistic Philosophy ခုထိတော့ မရောက်သေးဘူး

ခုနသိမ်းထားတဲ့ကိုလိုနီမြေထဲက မီလိတပ်စ် ဆိုတဲ့မြို့မှာ Father of philosophy လို့ခေါ်ကြတဲ့ Thales လဲအပါအဝင်ပေါ်ပေါက်လာတာပေါ့ သူ့ခေတ်ကျမှအရင်လို ပုံပြင်ဒဏ္ဏာရီဆန်ဆန် အတွေးတွေကနေ ကင်းလွတ်လာခဲ့ပြန်ပြီး (နတ်ဘုရားကပဲ ပြုပြင်လွှမ်းမိုး တခုခုဆိုမိုးနတ်မင်းကြီးတိုင်တယ်ဘာညာလုပ်တာကိုပြောတာ) ဘာဖြစ်တယ်ဆိုတာ ဘာရှိလို့ဆိုတာ လက်ခံလာကြပါတယ် ဥပမာ မီးတောင်‌တွေပေါက်တယ်ဆိုတာmagma တွေ အက်ကွဲကြောင်းတလျှောက် မြင့်တက်လာလို့တို့
Earthquake တွေဆို တက်တိုးနစ်သဘောအရ ဘယ်လောက်cm နဲ့တနှစ်ကိုဘယ်လောက်ရွေ့နေရာကနေတိုက်မိလို့တို့
စသည်ဖြင့်ပေါ့
အဲ့တော့ သူ့ခေတ်က သဘာဝတရားကြီးပေါ်အခြေခံနေတော့ ဖီလိုလို့ပြောရင် အသွင်သဏ္ဌာန်အားဖြင့် ရုပ်သဘာဝဆန်နေပေရောပေါ့
အဲ့မှာစပြီး တကယ့်တွေးခေါ်တယ်ဆိုတဲ့ဘက်ယိမ်းလာကော
ယိမ်းရင်း" ဟုတ်ပြီဒါတွေက ပြောင်းနေတယ် ရာသီဥတုတွေ ဥတုအလိုက်သဘာဝဘေးတွေ မြေမျက်နှာသွင်ပြင်တွေ ဆိုတော့ ဒီခပ်သိမ်းသော ကိစ္စအားလုံးရဲ့ အဆုံး အစွန်ကျတဲ့ဘက်မှာ မပြောင်းမလဲအမြဲမှန်နေတာကကောဘာလဲ သူတို့စသိချင်လာကြပါရော

(တိုချုံးထပ်ပြောရရင် Thales လက်ထက်ကစပြီး နတ်ဘုရားဘာညာတွေမယုံတော့ဘူး အဲ့အစား nature ဘက်ရောက်သွား မြင်သာအောင် four elements seasons ကပ်ဘေးတွေ အဲ့ထက်ဆင့်မြင့်‌ကျ ဒါတွေက အလှည့်ကျ ပြောင်းနေတာ ဘာကမပြောင်းမလဲမှန်နေတာလဲ ဆက်ရှာမှာပေါ့)

အဲ့အချိန်ကစပြီးမှ History of Philosophy မှာ substance (အမှန်ထာဝရဝတ္ထု) ဆိုတာဘာလဲဆိုလဲမေးခွန်းက စကြီးကျယ်လာကော ဇာတ်လမ်းကခုမှစတာ ဒီလောက်ကျယ်ပြန့်တဲ့ဟာကို အဖြေမျိုးစုံပေးတာတွေတော့ နောက်ကျလာမယ် ရှာတာ‌ကလဲ Thales တို့ဒေသကလူတွေ မီလိတပ်စ် မြို့သားတွေပဲ တော်တော်လဲတွေးနိုင်ခေါ်နိုင် Brain ကောင်းခဲ့ကြတဲ့ တွေးခေါ်ရှင်တွေပါပဲ

ဘာလို့ဆို Ultimate Reality ရှာရင်းနဲ့ အနိစ္စသဘော နိစ္စသဘောဆိုင်ရာ ပြဿနာ‌‌ေတွကိုပါလက်မလွတ်စဉ်စားနိုင်လာကြရောတဲ့

အဲ့ခုန မီလိတပ်စ်မြို့ရဲ့ ကနဦး Philosopher တွေထဲ ထင်ရှားခဲ့သူတွေဆိုရင်တော့ Thales, Anaximanda, Anaximenes ဒီသုံးယောက်ရှိပါမယ်
Ultimate Reality ကိုရှာတဲ့နေရာမှာ ရုပ်လောက သဘာဝလောက ဒီထဲမှာရှိတဲ့အရာတွေသုံးပြီး ရှင်းလင်းခဲ့တာမို့ အနောက်တိုင်းဖီလိုဆိုဖီမှာ Naturalistic Philosopher တွေအဖြစ် မှတ်ယူခဲ့ကြပါတယ်တဲ့။
❤12🔥5🐳1🍓1
𝙏𝙝𝙞𝙣𝙠𝙫𝙚𝙧𝙨𝙚
ကိုယ်သိတာရှိမသိတာရှိ အထိုက်အလျောက်စဉ်းစားကြည့်ကြတာပေါ့ ။ တိတိကျကျသိချင်ရင်တော့ မြန်မာစံတော်ချိန် လင်းအားကြီး နံနက်10နာရီခွဲ 30ရက်နေ့မှာ ဆောင်းပါးတိုအနေနဲ့လိုအပ်ချက်လေးတွေပါဖြည့်စွက်ပြီးတင်ပေးပါ့မယ် ။ စောင့်မျှော်ပေးကြပါဦး ✍ ။ (Edited --- အလုပ်ရှုပ်နေလို့…
Resources -- ဆန်းလွင်ရဲ့ဖီလိုဆိုဖီကကြီးခခွေးထဲက အပြည့်နီးပါးကိုးကားပြီး ကိုယ့်စကားနဲ့ကို paraphrasingရေးသားထားပါတယ် ။ ဖတ်ရတာ စာစီစာကုံးလို ဖြစ်နေတာမျိုး အစဉ်တကျဖြစ်‌မနေတာမျိုးတို့ ပေါ့ပျက်ပျက်ဖြစ်နေတာမျိုးတို့ စာဖတ်သူပေါ်ဖြစ်စေခဲ့လျှင် မူရင်းရေးသားသူနှင့်တကွ စာဖတ်သူအပေါ်အထူးပင် အားနာမိရပါသည်။

#Shira
❤7🍓2🔥1
Existentialism ဆိုတာဘာလဲ
Admin Lunatic အသံ ပါဝင်အားဖြည့်ထားပါတယ်

ကြည့်ရှု့ရန် -
https://vt.tiktok.com/ZSSfQecJC/

#Lunatic
❤10🔥2🆒2⚡1
ပြေးစမ်း အဝေးကို ၊
မင်းခြေလှမ်းတွေ ကမ္ဘာမြေအစွန်းရောက်ပါစေ။
အချိန်ကြာလာတာနဲ့အမျှ
မင်းရဲ့မျက်နှာကို ငါသေချာမမှတ်မိတော့ဘူး။
မင်းအသံကိုလဲ မကြားယောင်တော့ဘူး။
မင်းဖုန်းနံပါတ်ကိုလဲ ငါမသိတော့ဘူး။
Universeတစ်ခုထဲမှာ
အချင်းချင်းတိုက်မိရင်း ပွန်းပဲ့ရာကိုယ်စီနဲ့
ဝေးကွာသွားကြတဲ့ ဥက္ကာခဲတွေလို
ငါတို့ဘဝက ဘုရားတရားမြဲရင်တောင်
ရေစက်ပြန်မပါတော့တာမို့ ၊
ကံမကုန်ရင်တောင် ပြန်မဆုံတော့ဘူး။

#Sake
❤9😭3💘3🔥2💔2⚡1
Hello guys.
Voice overအပိုင်းတာဝန်ယူထားတဲ့Adm Sakeပါဗျ
ဒီထဲ စာဖတ်ပျင်းတဲ့လူတွေရှိလားဗျ
ရှိတယ်ဆိုရင် cmtထဲ ဘာတွေဖတ်ပြစေချင်တယ်ဆိုပြီး mentပေးသွားကြပါနော်
အပိုင်းလေးတွေခွဲပြီး audio clipလေးတွေ တစ်နေ့ တစ်ပုဒ်တင်ပေးသွားပါမယ်ဗျ။

#Sake
❤10🔥5