𝙏𝙝𝙞𝙣𝙠𝙫𝙚𝙧𝙨𝙚
1.36K subscribers
262 photos
9 videos
13 files
126 links
သတင်း ၊ ဒဿန ၊ စာပေ ၊ သိပ္ပံနှင့် ဖျော်ဖြေရေး အရေးအသားများ

Our Web(closed)
thinkverse.lovable.app

Lunatic's Collection
https://t.me/IknowledgeField/476

Merlin's Collection
https://t.me/IknowledgeField/154

Contact for business -
@MertvetsKira
Download Telegram
YOU Seriesရဲ့ Endingက
လူတိုင်းပြောသလို တော်တော်ဆိုးတဲ့ Feminist Ending တစ်ပုဒ်မလို့လား ။


Facebookမှာ
ဖတ်ရှု့နိုင်ပါတယ်။
https://www.facebook.com/share/p/16b62ddYwn/

Tiktokမှာလဲ Part 1,2 ခွဲ ပြီးတင်ပေးထားပါတယ်။
Thinkverse Tiktok Offical (click to copy)
" @thinkverse69 "

You Season 5 ကို Free ကြည့်ချင်ရင်
https://t.me/YouS5mmSub မှာကြည့်လို့ရပါတယ်။

#Kira@IknowledgeField
❤9🔥3
Lord of the Mysteries ဆိုတာ လက်ရှိတော်တော်လေးကိုနာမည်ကြီးနေတဲ့ Donghua ပါ Webnovel တုန်းကလဲလုံးဝကို No. 1 နေရာမှာရပ်တည်ခဲ့တဲ့ဟာကြီးပါ Big 3 of webnovel ထဲကတစ်ခုလို့ပါတင်စားကြပါတယ်

ဒီနေ့မှာတော့ မြူခိုးအထက်က နေရာကြီးကဘာလဲ Klein ရောက်သွားတဲ့နေရာကြီးကဘာလဲဆိုတာနည်းနည်း spoiler အနည်းငယ်နဲ့ရှင်းပြသွားမှာပါ။

ဆက်လက်ဖတ်ရှု့ရန်
Facebook Link -
https://www.facebook.com/share/p/19Mo9pVX8b/

~ Written By Karma

( ဒါကတော့ Telegramမှာ Monday တင်ပေးပါမယ် ၊ Goldberg Contentကတော့မတင်တော့ပါတဲ့ )

#Karma@IknowledgeField
❤8🔥3
❝ ကတ်ကိုဘိန်း အတွက် ပန်းစည်း ❞

ဘဝ နောက်ခန်းတွဲလေး တခုမှာ
သူ့ကို မွေးဖွားခဲ့
တံတားအောက် ရွက်ဖျင်တဲလေးမှာ
မီးလင်းဖိုမဲ့ ညတွေ
အေးစက်တဲ့ ကျောက်စရစ်ခဲတွေကြားမှာ
ဆူးတောင်တွေ အကြောင်းမဲ့ ထောင်နေတဲ့
ရေနည်းငါး တကောင်
ချောင်းဆိုးပျောက်ဆေး ပုလင်းတွေဟာ
သစ္စာအရှိဆုံး အပေါင်းအသင်းတွေ

ကိုယ့်ကိုယ်ကိုယ် ရှောင်လို့မလွတ်တာ အခက်ဆုံးပဲ
အရူး နှစ်သိမ့် စိတ်ငြိမ်ဆေးအခါး တွေစွဲပြီး
သူ့ လူငယ်ဘဝဟာ ခါးရိုးညွှတ်လာတယ်

စက်အထိန်းမနိုင်ဘဲ ထွက်လာတဲ့ စူးစူးဝါးဝါးဂစ်တာသံတွေ
ဘိ(တ)မျိုးဆက်တွေ အရူးအမူးဝတ်ဆင်ကြတဲ့
ဂျင်းဘောင်းဘီအမျိုးအစား

❝ ခင်ဗျားတို့ကို ကျွန်တော်အရူးမလုပ်တော့ပါဘူး ❞ တဲ့

ပိန်းပိတ်အောင် နက်မှောင်နေတဲ့ ထပ်ခိုးလေးထဲမှာ
သေနတ်တလက်သာ အနက်ရောင်တဖျပ်ဖျပ်
လက်ရင်းကျန်ခဲ့။ ။

▪️မောင်ယုပိုင်

#ကတ်ကိုဘိန်းအတွက်ပန်းစည်း #မောင်ယုပိုင်
❤14❤‍🔥4
Emil Cioran : Antinatalism
On “The Trouble With Being Born"


“ ကျွန်တော်တို့က သေခြင်း တရားဆီကို ပြေးဝင်နေကြတာမဟုတ်ပါဘူး။ ကျွန်တော်တို့က မွေးဖွားခြင်း ဆိုတဲ့ဘေးဒုက္ခကနေ ထွက်ပြေးနေကြတာဖြစ်ပြီး ထိုမွေးဖွားခြင်းရဲ့ဘေးဒုက္ခတွေကို မေ့လျော့ဖို့ ကြိုးစားနေကြတဲ့ ရှင်သန် သူတွေပါပဲ။ သေခြင်းတရားကို ကြောက်ရွံခြင်းဆိုတာက ကျွန်တော်တို့ စတင်မွေးဖွားကတည်းက ရှိနေခဲ့တဲ့ ပထမဆုံးကြောက်ရွံ့မှု ရဲ့ ပုံရိပ် ပဲမဟုတ်လား ”

~~~~

Emil Cioran ဆိုတာ ရူမေးနီးယား စာရေးဆရာ၊ဒဿနပညာရှင် တစ်ဦးဖြစ်ပြီး Nihilist ဆန်တဲ့ဘဝအမြင် ရှု့ထောင့်နဲ့ ဒဿနပညာရှင် Arthur Schopenhauer (အာသာ ရှိုပင်ဝှာ) တို့ရဲ့ လွှမ်းမှုမကင်းတဲ့ သူတစ်ဦး လဲ ဖြစ်ပါတယ်။

သူဟာ မွေးဖွားလာခြင်း (ကလေးမွေးခြင်း) ဆိုတာကို ကြီးမားလေးလံတဲ့ ပြစ်မှုတစ်ခုလို့ ယူဆတဲ့( " Antinatalism ; မွေးဖွားမှုဆန့်ကျင်ခြင်း ဝါဒ " ) စာရေးဆရာတစ်ဦးဖြစ်ပါတယ်။
ဘယ်သူကမှ သူ/သူမ ကိုမွေးပေးပါလို့ မတောင်းဆိုစေခဲ့ပဲ မွေးဖွားလာရခြင်း ဆိုတာက ထိုမွေးဖွားခံ(Subject) ကို ဒီ ရှုပ်ထွေး ရက်စက် တဲ့ လူ့လောကထဲ ခေါ်သွင်းပြီး ငရဲခံစေတာပဲလို့ Antinatalism က ယူဆတယ်။ ဒီနိုင်ငံမှာလူဖြစ်ရတာတွေဟိုနိုင်ငံမှာလူဖြစ်ရတာတွေခဏထားဦး ၊ သူတို့က လူဖြစ်လာရတာ ကိုတောင်မှ အဆုံးစွန်သော မကောင်းမှုလို့ ဖော်ပြတာ ။

David Benatar နဲ့Thomas Ligotti စသည်ဖြင့် Antinatalist စာရေးဆရာ တွေ လောက် Cioran က သက်သေအထောက်အထား၊ရှင်းလင်းတဲ့ဖြေခြင်း ချက်တွေ မသုံးထားပေမဲ့ သူ့ရဲ့ စာအုပ်
" The Trouble with Being Born " ဟာ Antinatalism ကို ကဗျာဆန်ဆန် ဖော်ကျူးထားတာ ကိုတွေ့ရမှာဖြစ်တယ်။ Cioran ဟာ လူသားတစ်ဦး မွေးဖွားလာခြင်း ကို တရားမျှတမှုမရှိဘူးလို့ ယူဆတယ်။ သူ့အတွက် လူ့သက်တမ်း ဆိုတာက စဉ်ဆက်မပြတ် နာကျင်ရတဲ့ အချိန်ကာလ ဖြစ်တယ် ။ ပျော်ရွှင်မှု့ကို စောင့်စားနေတဲ့လူတွေသာလျှင် မပျော်ရွှင်နိုင်တော့တဲ့အခါ စိတ်ပျက်သွားရတယ်။ သူက အသက်ရှိနေသေးတာကို ကျေးဇူးမတင်သင့်ပဲ တိတ်ဆိတ်စွာ ငြင်းပယ်ခြင်း အဖြစ်နဲ့နေထိုင်သွားရလိမ့်မယ်လို့ ဆိုတယ် ။

ဒါပေမဲ့Cioran ကိုယ်တိုင်
က မိမိကိုယ်ကိုယ် အဆုံးစီရင်တာကို လမ်းကြောင်းတစ်ခုအဖြစ်မမြင်ခဲ့ဘူး။
သူ့ရဲ့ The Trouble With Being Born စာအုပ်ထဲမှာ -

“It is not worth the bother of killing yourself, since you always kill yourself too late.”

လို့ဖော်ပြထားတယ်။ ဆိုလိုတာက သတ်သေတယ်ဆိုတာ အမြဲတမ်း နောက်ကျနေတာပဲမလို့ အကျိုးမရှိဘူးဆိုတာပဲ။ (မကောင်းတာတစ်ခုခုဖြစ်လို့သတ်သေမယ်ဆိုတာ ထိုမကောင်းမှုက ဖြစ်ပြီးသွားပြီ မလို့အဓိပ္ပါယ်မရှိဘူးပြောချင်တာ ၊ ဒီနေရာမှာ ဖြစ်တော့မှာမလို့ကြိုသတ်သေတာလို့ ပြောလို့မရဘူး ၊ ဘာကြောင့်လဲဆိုရင် Cioranဟာ "မွေးဖွားခြင်း" ဆိုတဲ့ အရာအားလုံးရဲ့ အစ ကို 'မကောင်းမှု' လို့ခံယူထားတယ် ဒါကြောင့်ဘာမှ ထူးခြားမှာမဟုတ်ဘူး) ။

ဒါကတော့ တစ်ကိုက်စာ : စာရေးဆရာ အကြောင်းလေးပါ ။ အပတ်စဥ် Sundayတိုင်း postတင်ပါတယ် ။

~ Written by Lunatic
(လူနတစ်ရေးသားသည်)

Support Our Contents &
Telegram Channel -
@IknowledgeField

#Kira@IknowledgeField
❤13🔥2
Emil Cioran : Antinatalism
On “The Trouble With Being Born"

https://t.me/IknowledgeField/473

#Kira
❤16🔥2🤔2
Something big is coming !!!
#JP
🔥7❤6
Hello everyone,
အခုကနေစပြီးတော့ စိတ်ရူးပေါက်ရင်Content တစ်ခုမဟုတ်တစ်ခုတင်ပေးလာမယ့် #Dehz ဖြစ်ပါတယ်။
လိုက်စားတာကတော့ Existentialism ဖြစ်ပြီးတော့ကျန်တဲ့အယူတွေကိုလည်းမငြင်းဆန်လိုပါဘူး။
Icebergတစ်ချို့ကိုပါ ဘာသာပြန်ပြီးတင်ဖို့စိတ်ကူးရှိပါတယ်။
အခုတော့ Debut အနေနဲ့ ဆောင်းပါးတိုတစ်ခုကိုတင်မှာပါ။
#Dehz @IknowledgeField
❤12🔥5🍓4
ဘဝ၏ စီးဆင်းမှု ။

Dehz မှရေးသားပြုစုထားသည့်
ဆောင်းပါးတို

#Dehz@IknowledgeField
❤6🔥1🥰1
Tidal Wave.txt
28.7 KB
❤8🔥2
Admin Karmaz အရင်တုန်းက တင်ထားတဲ့ Philosophy နဲ့သပ်ဆိုင်တဲ့ Metaphysic Introductory content လေးပါ

ဖတ်ရန် -
https://www.facebook.com/share/p/1FZxoz6PDm/

တိုက်ရိုက်ဖတ်ရန် -
https://t.me/IknowledgeField/3

#Kira@IknowledgeField
❤4🔥1🍓1
"Crime and punishment "ထဲမှာ Raskonikov ဆိုတဲ့ဇာတ်ကောင်ကိုလူကြိုက်များ လူသိသလောက် Gailov အကြောင်း ဖွဲ့"နွဲ့"ရေးတာ တွေ့ရ‌ခဲပါတယ်။
Rodka နဲ့ shadow သဖွယ်လို့ ပြောရတဲ့အထိ တချို့အပိုင်းတွေမှာ ဆင်တူတဲ့လက္ခဏာလေးတွေတွေ့ရတာတော့အမှန်ပဲ ရီဝေဝေတိန်းထိုးထိုး အ‌တွေးအစုလိုက်အပြုံလိုက်နဲ့ မူးနေတတ်တဲ့ဒီလူက တင်စားပြောရရင် Napoleon အသေးစားလေးပဲ။Rodya အစက ဖြစ်ချင်တဲ့ပုံစံအတိုင်းပဲပေါ့ စိတ်အဖုအသစ်တစုံတရာမရှိပဲ အဖွားကြီးပိုက်ဆံ‌တွေယူမယ် ဒီလိုလူမျိုး။ တကယ်လဲ ယူနိုင်မယ့်လူမျိုး။ပမွှားသာသာပဲသူ့အတွက်က။ Raskonikov ကျမဟုတ်ဘူး သူ့မှာguilty ဖြစ်နေရတယ်ဒီအတွက်သူတကျပ်တလေ မှလဲမသုံးနိုင်ခဲ့ဘူး။ဒီစာအုပ်မှာ Gailov ကိုလိုချင်တာထက် မြှုပ်ထားတဲ့အပိုင်းတွေအများကြီးလဲရှိတယ်။ ကိုယ့်အမြင်အနေနဲ့ ဝမ်းနည်းဆုံးကတော့ သူ့ကိုသတ်ပစ်လိုက်တာပဲ။ ဒီလိုလူဟာ အပြင်မှာဘယ်တော့မှ အဆုံးစီရင်မဲ့လူမဟုတ်ဘူး စီရင်ကောင်းစီရင်တောင်မှ ဒါဟာ မဖြစ်နိုင်တဲ့လှည့်ကွက်ကို တဖက်လှည့်ကျူးလွန်မိအောင် လုပ်ထားတဲ့သဘောမျိုးအနေထားပဲ။Rodkaဆိုတာ ဘယ်သူ့ကိုမှချစ်တဲ့လူမျိုးမဟုတ်ဘူး အလကားငကြောက် အပြစ်မရှိတဲ့လူတယောက်သာသာပဲ (အဖွားကြီးကိုမသတ်ခဲ့ရင်ပေါ့ ။ သတ်ပြီးတာတောင် သူ့ဆီမှာ နောက်ဆုံးအနေနဲ့ ထောင်ကထွက် မျှော်လင့်ချင်ဝိုးတဝါးအရိပ်လေးမြင်ရ ဒီလိုအဆုံးသတ်ရတာပဲသူ့ဘဝက။ ဘယ်သူ့အတွက်မှ စိုးရိမ်ပူပန်မှ ကြီးမားခဲ့ရတာမျိုးမရှိဘူး သူဟာ အပြစ်မရှိတဲ့တကိုယ်ကောင်းသမားသာသာပဲ) Gailov နဲ့ကွာတာက အပြစ်ကျုးလွန်တာချင်းတူတူ သူ့မှာ လွတ်လပ်တယ် သူ့ချစ်ရတယ်ပဲပြောမလား (နဲနဲ တဇွတ်ထိုးဆန်တယ်ပဲပြောပြော သူဟာ နောက်ဆုံး Dunyaကိုကာမကျူးလွန်ခွင့်ရှိတာတောင် သူဆံခြည်မျှင် ထိခဲ့တာမဟုတ်ဘူး။ မျှော်လင့်ချက်မဲ့တဲ့အဆုံး pistol သုံးပစ်သတ်ခိုင်း‌တာတောင် သူ့နောက်ဆုံးစွဲလမ်းမိတဲ့လူလက်မှာပဲ သေချင်ခဲ့တဲ့လူ)
သူဟာ ယုတ်မာသူတယောက်ဖြစ်ဦးတော့14 နှစ်အရွယ် ကောင်မလေးကို sexually abused လုပ်ခဲ့ပေဦးတော့
သူ့ဇနီးMarfa Petrovana ကိုအဆိပ်ဆေး ကြွေးခဲ့စေဦးတော့ Dostoevsky အနေနဲ့သူဘာကြောင့်လုပ်ရတဲ့အကြောင်း တဖက်လူအကြောင်း Rodya လောက်မပါတော့ သူ့ကို အနုစိတ်မရတော့ ပြောချင်ရာမရောက်ဖြစ်ရတယ်။အမှောင်မှာနေပြီး အလင်းကို ဖယ်ကျဉ်ပေမဲ့ အမှောင်ထဲက တဖက်သားကိုကူညီတဲ့ သူ့ရည်ရွယ်ချက်မဲ့ကြင်နာမှုတွေ ဒါတွေဟာ Pyotr Petrovich Luzhin တို့နဲ့ယှဉ်ရင် အများကြီးစိတ်တန်းအဆင့်မြင့်တယ်။ ဒီလူနှစ်ယောက်က စက်ဆုပ်ရှုပ်ခြင်းဆိုတဲ့ဝေါဟာရ မကင်းတဲ့လူတွေပဲ။ Gailov ကအခြေနေအရပ်ရပ်ကို နားလည်နိုင်တယ် ပထမလူတန်းစားကော တတိယလူတန်းစားဆိုမှာကော ခံစားရတတ်တဲ့ ရသ‌တွေသူကြုံခဲ့ဖူးပြီးပြီ။ တနည်းသူဟာ developed ဖြစ်သွားတဲ့ Raskonikov ပဲ။ အပြစ်ခံစားလိုစိတ်မရှိတဲ့ ထောင်အပြင်ဘက်က အကျဉ်းသားတယောက်ပဲ။ လူအများကြား သူဟာ လူကြီးလူကောင်းတယောက်ပဲ။ သူအပြစ်ကျူးလွန်ထားတာအတွက် သက်သေနဲ့တကွသူ့ကိုဖမ်းမိဖို့အတွက် Hints လေးတွေပေးတဲ့လူလဲဖြစ်တယ်။သူဟာ ထောင်ကိုမကြောက်ဘူး သူ့မှာ ခေါင်းမြီးထိခြံထားတဲ့ ဖွက်ထားတဲ့ချစ်ရတဲ့သူဆို Marfa အကြောင်းလဲမကင်းဘူး။ သူ့ဇနီးခြောက်လှန့်မှုတွေကြားမှာ သူဟာပျော်တောင်ပျော်ခဲ့တယ် Raskonikov က တစ္ဆေသရဲ illusional လောကထဲမှာသူ့ကိုယ်သူ စားသုံးနေမိရင် Gailov ဆိုတဲ့လူဟာ ပိတ်မိရက် သူ့ကိုယ်သူပုပ်ပွ သေဆုံးပြီးမှ သူ့အလောင်းကို အနံ့ခံမဲ့လူပဲ သူဟာစားသုံးမိမှာတော့မဟုတ်ဘူး တစိမ့်စိမ့် အရသာခံတတ်တဲ့လူကိုး။ ဒါကြောင့်လဲသူ အချိန်တိုင်းတာတခုထိ သူ့ကိုယ်သူ မသတ်မိဖို့ရာ ပျော်ရာလုပ်နေခဲ့သူပဲလေ။ အဲ့လိုပြောနေမဲ့လဲ နှစ်ယောက်လုံးက တကယ်မှာ ကိုယ့်ကိုစားသုံးမဲ့အစား အတွေးတွေပဲစားသုံးကြဖို့များပါတယ်။
အကျဉ်းချုပ် Gailov ကိုဘာကြောင့်disillusioned man လို့ပြောရသလဲဆိုရင် သူဟာ မသိမှုဆိုင်ရာပဋိပက္ခမှာခေါင်းစိုက်နေရင်တောင် အရာရာအဖုံးကောင်းသူကြီးဖြစ်နေလို့ပါပဲ။သူရှာ‌တွေ့ခဲ့ပါတယ်လေ။ မလှပခြင်းတွေမှာရှိတဲ့ လှပခြင်းဟာ အလှပဆုံးပဲဆိုတာကိုပေါ့။

ဒါဟာ ကျွန့်တော့်အမြင် ခံစားချက်နဲ့ပဲရေးထားတာမို့ မတော်တာရှိ‌ရင်ပြောနိုင်ပြီး ရှုထောင့်ပေါင်းစုံက ဖြန့်ကျက်တွေးနိုင်ပါတယ်။
#Shira@IknowledgeField
❤9🍓2
My Ridiculous Meinung on
Philosophy of Moral : Metaethics


Part I

“ မှန်တယ် ဆိုတာဘာလဲ မှားတယ်ဆိုတာဘာလဲ ခင်ဗျားတို့တွေးကြည့်ဖူးလား ၊ အခု  ကျွန်တော်နဲ့အတူ တွေးကြည့်ကြရအောင် ”

Introduction to Meta-Ethics
====

Meta-Ethics ဆိုတာ ကိုယ်ကျင့်တရား တွေရဲ့ ဇစ်မြစ် နဲ့ သဘောသဘာဝ ကို လေ့လာတာပဲ ။

• Normative Ethic လို ဘယ် အပြုအမူက မှားတယ်၊ ဘယ်အပြုအမူက မှန်တယ် ဆိုတာမျိုးတွေကို တွေးခေါ်တာမဟုတ်တော့ပဲနဲ့

• လူတွေလက်ခံထားတဲ့  ကောင်းခြင်း၊ဆိုးခြင်း ဆိုတာမှာ ကောင်းတယ်၊ဆိုးတယ်ဆိုတာ ဘာကိုဆိုလိုတာလဲ၊  ကိုယ်ကျင့်တရားစံနှုန်းတွေနဲ့ လျော်ညီတယ်ဆိုတာဘာလဲ ဆိုတာကို ဆန်းစစ်တာမျိုးဖြစ်တယ်။ 
Morality ဆိုတာ Emotional Driven ဖြစ်တာလား ၊ Rational Structure တစ်မျိုးမျိုးလား စသည်ဖြင့်ပေါ့ ၊ ဘာမှကွေ့ဝိုက်မနေပဲ "morality" ဆိုတာဘာလဲ (Morality Itself)  ဆိုတာကို လေ့လာတာပဲ ဖြစ်တယ် ။ 

ဒီကနေမှ တော်တော်ထက်မြက်တဲ့အတွေးအခေါ်ပညာရှင်တွေ ပေါ်ထွက်လာတယ် ၊ အထူးသဖြင့် Morality အကြောင်းပြောရင် ပယ်ထားလို့မရတဲ့ Friedrich Nietzsche ပဲ ။ Traditional Morality ကိုစိန်ခေါ်တယ် ၊ လက်ရှိကျွန်ုပ်တို့ယုံမှားနေကြတဲ့ ကောင်းခြင်းဆိုတာရဲ့ သဘောသဘာဝကို သမိုင်းကနေ ပြန်လေ့လာ စိန်ခေါ်တယ်။

• Moral Realism တွေကတော့ Moral Fact တွေက လူတွေရဲ့ယူဆချက်တွေ ကနေလုံးဝ ကင်းလွတ်တဲ့ ပကတိ အမှန်တရားတွေ လို့ပြောကြတယ်။ ဘာသာရေးသမားတွေ တော်တော်များတယ် ၊ Golden Rule ဆိုတာ ပေါ်လာတယ် ။

• Emotivism  နဲ့ Moral Anti-Realism သမားတွေက ` ကျင့်ဝတ် ကညွှန်းဆိုသမျှက လူသားတွေရဲ့ နှစ်သက်ခြင်းမသက်ခြင်း ( Expressive Feelings) ကနေ ဆင်းသက်လာတယ် ´ လို့ပြောကြတယ်။
သူများပစ္စည်းခိုးတာ မှားယွင်းတယ် ဆိုတာသည် ကိုယ့်ပစ္စည်းခိုးတာမခံချင်တဲ့စိတ်ကြောင့် ဖြစ်တယ် ။

•  Constructivism ဖက်မှာ​တော့ ကျင့်ဝတ်ထောက်ရှု့ချက်တွေဆိုတာ လူတွေ တည်ဆောက်လိုက်တဲ့ Structure တွေ နဲ့ အုပ်စုဖွဲ့ဓလေ့ယဥ်ကျေးမှုတွေကနေ ပေါ်လာတယ်လို့ပြောကြတယ် ။

• Kant ရဲ့ Categorical Imperative  သဘောတရားကလဲ rational construct တစ်မျိုးပဲ။ Kantရဲ့ Categorical Imperative ဆိုတာ ကျွန်တော်တို့ရဲ့ ဇီဝနဲ့လူမှု ဆန္ဒတွေ ကိုချိုးနှိမ်ပစ်ဖို့လိုက်တဲ့အခါ  ကျန်ခဲ့တဲ့ Reason Itself (ဆင်ခြင်ဉာဏ်သီးသန့်) ပဲ ဖြစ်ပါတယ် ဒီအကြောင်းကိုနောက်မှ ဆွေးနွေးကြတာပေါ့ ။

• ဒီနေရာမှာ Hegel က ဝင်လာတယ် ၊ " သားရီးရေ မင်းဟာက မှန်တော့မှန်ပေမဲ့ နည်းနည်းတော့ မှားနေပြီ" ဘာညာ ပေါ့ ။ Hegel ရဲ့ အမြင်မှာ Kantက လူတွေရဲ့ တစ်ကိုယ်ရည်ဆန္ဒ တွေနဲ့ လူမှုရေးပဋိဉာဏ် တွေကို တာဝန် တွေ ဆင်ခြင်တုံတရား တွေနဲ့  မဆုံးနိုင်တဲ့ ပဋိပက္ခ ထဲမှာ ထည့်ပိတ်ထားလိုက်တယ် လို့ မြင်တယ်။

Hegel ဆိုတာကလဲ တော်ရုံ Philosopher မဟုတ်ဘူး ၊ သမိုင်းဆိုတာကို တစ်ကယ်ဘယ်သူမှ မမြင်နိုင်တဲ့ပုံစံမျိုးနဲ့ ပထမဆုံးမြင်နိုင်ခဲ့တဲ့လူ ပဲ ။ Hegelဖော်ကျူးနေတဲ့ Morality ဆိုတာ လူမှုအသိုင်းအဝန်းတွေ ၊ စည်းကမ်းဥပဒေတွေ ကနေ Abstract (ဒြပ်မဲ့ဆန်ဆန်)  ကင်းလွတ်နေတာမျိုး မဟုတ်ဘူး ။
Kantက လူမှု ဆန္ဒ နဲ့ တာဝန် ၊ ဆင်ခြင်ဉာဏ် နဲ့ ခံစားချက် ဆိုပြီး ခွဲ ခြားပြလိုက်တဲ့ အခါ Hegelကတော့ ပေါင်းစည်းရမဲ့ အရာတွေ လို့မြင်ခဲ့တာ ။

ဒါကအပေါ်ယံ Hegel နဲ့ အပေါ်ယံKant ပဲရှိသေးတယ် ။ နှစ်ယောက်စလုံးရဲ့မူရင်း Ideaတွေက ပိုပြီးကြွယ်ဝပါတယ် ။ Hegel နဲ့ပတ်သပ်တဲ့ Dialectic ယူဆချက်ကို မှားယွင်းနေတာတွေထောက်ပြဖို့ ကျွန်တော် Pdf file နဲ့စာတမ်းတစ်ခုရေးထားတာ တင်ပေးဖို့ရှိပါသေးတယ် ။

ဒီနေ့တော့ ဒီလောက်ပါပဲ Part II လေး Yapတာကိုစောင့်မျှော်ပေးကြပါဦး ။

React For More Guys!
အပတ်စဥ် Sundayညတိုင်း Philosophy နဲ့သပ်ဆိုင်တဲ့ Contentတင်ပါတယ် ။

( ကူးယူဖော်ပြခွှင့်မပြုပါ ၊ နာမည်ပါသ၍ မျှဝေနိုင်ပါတယ် )

~ Written By Lunatic(Kira)

Support our Contents:
Telegram Channel -
@IknowledgeField

#Kira
❤11🔥4👏3🍓2
My Ridiculous Meinung on
Philosophy of Moral : Metaethics

Part I
https://t.me/IknowledgeField/485

#Kira@IknowledgeField
❤8🔥2👏2
Englishလို စာအုပ်တွေdownချင်ရင်
https://z-library.sk
ကို recommend ပေးတယ်ဗျ ။


Login ဝင်ထားရင်တစ်နေ့ကို ဆယ်အုပ်down လို့ရတယ် ကြားဖူးတယ်။  Epub နဲ့လဲရတယ် pdf fileနဲ့လဲရတယ် ။  Tryကြည့်ကြပါ ကျွန်တော်လဲ Readerless Poetryက တွေ့လို့ ပြန်shareပေးတာ

( https://t.me/IknowledgeField/485 )

#Kira
❤14🍓3👏2🕊1🤝1
Quiz 1# " I Think Therefore I Am " ဆိုတဲ့ quote ပိုင်ရှင်
Anonymous Quiz
23%
Jonathan Joestar
9%
Carl Jung
5%
Deleuze
51%
RenĂŠ Descartes
12%
Plato
❤8🍓2🔥1
ပြီးဆုံးသွားခဲ့ပါပြီ အရာရာဟာသူ့အတွက်
ကံကြမ္မာက တကယ်ဘာမှပြောနိုင်တာမဟုတ်ဘူး ခုနေ ဗြုန်းကနဲအကုန်ဖြစ်သွားနိုင်တာမို့ လက်ရှိအချိန်လေးကိုပဲတန်ဖိုးထားပြီး ပျော်ရာလုပ်ဖို့အကြုံပြုချင်ပါတယ်
ခု Ozzy ကိစ္စဆိုလဲတလောကမှ monumental farewell တခုမှာ ကြမ်းနေသေးတဲ့ rock legend စစ်စစ်ကြီးပဲလေ
ပူပူနွေးနွေး ဆုံးရှုံးမှုကြီးပါပဲ rockကိုတကယ် မြတ်နိုးတဲ့community တခုအတွက်ကတော့

#Shira
🕊21❤2😭2😢1