𝙏𝙝𝙞𝙣𝙠𝙫𝙚𝙧𝙨𝙚
1.36K subscribers
262 photos
9 videos
13 files
126 links
သတင်း ၊ ဒဿန ၊ စာပေ ၊ သိပ္ပံနှင့် ဖျော်ဖြေရေး အရေးအသားများ

Our Web(closed)
thinkverse.lovable.app

Lunatic's Collection
https://t.me/IknowledgeField/476

Merlin's Collection
https://t.me/IknowledgeField/154

Contact for business -
@MertvetsKira
Download Telegram
Stoicism - ဥပေက္ခာဝါဒီ

သင်ဓားနဲ့ခုတ်လိုက်တဲ့လူက သင့်ကို ခပ်ဖျော့ဖျော့မျက်နှာပေးနဲ့ ပြုံးပြနေတာမျိုးကို မြင်ယောင်ကြည့်ပါ။

Stoicism ဆိုတာ တော်တော်များများခေတ်စားနေတဲ့ လူပြောများနေတဲ့ အရာတစ်ခုပါ။
အချို့ကတော့ philosophy က ဆိုတဲ့​အကြောင်းကိုသိသလို အချို့ကတော့ ဘာမှမသိကြသေးပါဘူး။

သင်ကဘယ်အမျိုးအစားထဲကဖြစ်ပါစေ ကျွန်တော်ဒီ contentမှာရှင်းပြပေးမှာပါ။
ဥပေက္ခာဝါဒီအကြောင်း ကိုပြောရမယ်ဆိုရင် သူ့ခေတ်သူ့အခါက အင်အားအကြီးမားဆုံးဖြစ်တဲ့ ရောမအင်ပါယာကြီးရဲ့ ဘုရင်
Marcus Aurelius
( 121 ad - 180 ad )
အကြောင်းသေချာပေါက်ပြောရမှာပါပဲ။

Stoicism ရဲ့ဖခင်လို့ပြောရမဲ့ Marcus Aurelius က သူအိပ်ချင်လို့ရှိရင် ဘယ်အမျိုးသမီးနဲ့ပဲဖြစ်ဖြစ်သူအိပ်လို့ရပါတယ်။ တစ်ဘဝလုံးကို အရက်သောက်၊ပျော်ပါ မူးရူး ပျော်ပါးပြီးကုန်ဆုံးသွားချင်ရင်လဲ အပူအပန်မရှိ ကုန်ဆုံးနိုင်ပါတယ်။

အတိတ်မှာရော အခုပစ္စုပ္ပန်မှာရော စွမ်းအားကြီးတဲ့လူတော်တော်များများက သူတို့ရဲ့စွမ်းအားကို သေချာမကိုင်တွယ်နိုင်ကြပါ။ စွမ်းအားရဲ့ ဖျားယောင်းမှုတွေနောက်မှာလောဘနဲ့ ရမ္မက်ရဲ့သားကောင်တွေ ဖြစ်သွားကြတယ်။

‌ဒါပေမယ့် Marcus Aurelius ကအဲ့လိုမဟုတ်ပဲ သူဟာ ရောမအင်ပါယာကြီးရဲ့ ဘုရင်ဖြစ်တဲ့ အလျှောက် လိင်ကိစ္စ၊ အပျော်အပါးတွေဆိုတာက သူ့အတွက် ကန့်သတ်မှုမရှိပဲ ရနိုင်နေတယ်ဆိုတာ သူနားလည်တယ်။

သူကနေ့တိုင်း ပျော်ပါးမူရူးနေရင်း အာဏာကြားထဲပျော်မွေ့နေသူတွေကြားထဲမှာ အရမ်းကိုစိတ်ဖိစီးခဲ့ဟန်ပေါ်ပါတယ်။
သူ့ရဲ့စိတ်အတွင်းအတွင်းပြဿနာတွေနဲ့ ကြိုးစားမှုတွေအကြောင်းကို နေ့တိုင်း စာအုပ်လေးတစ်အုပ်နဲ့ ရေးလေ့ရှိတယ်။

ထိုစာအုပ်ထဲမှာ သူ့ကိုယ်သူ ကျင့်ဝတ်နဲ့နေဖို့တွန်းအားပေး ခိုင်းစေတာတွေနဲ့ သူ့စိတ်ထဲကပြဿနာတွေ ပါဝင်ပါတယ်။ Diary သဘောမျိုးပါပဲ။

အဲ့ဒီစာအုပ်လေးကို ထုတ်ဝေဖို့ ဒါမှမဟုတ် တခြားသူတွေဖတ်ဖို့ Marcus Aurelius က ရေးခဲ့တာမဟုတ်ပါဘူး။
တစ်ကိုယ်ရည်အတွက်ပဲရေးခဲ့တာဖြစ်ပေမယ့် အဲ့ဒီစာအုပ်လေးကို Meditations အဖြစ် နောက်မျိူးဆက်က စာအုပ်ထုတ်ဝေခဲ့ပါတယ်။
ထိုစာအုပ်လေးကနေ အနှစ် ၂၀၀၀ ကျော်သက်တမ်းရှိ အတွေးအခေါ်တစ်ခု Stoicism ဆိုတဲ့ အရာရဲ့အဓိက မဏ္ဍိုင် ဖြစ်လာခဲ့တာပါ။

Stoic အတွေးအခေါ်ပညာရှင်တွေက လောကမှာရှိတဲ့ အရာရာကို နှစ်မျိုးခွဲလို့ရတယ်လို့ ဆိုပါတယ်။

ကျွန်တော်တို့ ထိန်းချုပ်နိုင်တဲ့အရာတွေ၊ ကျွန်တော်တို့ မထိန်းချုပ်နိုင်တဲ့ အရာတွေ ဆိုပြီးတော့ပါ။

"ပြင်ပအရာ" တွေဖြစ်တဲ့ ကျွန်တော်တို့ သူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေ၊ ချစ်သူရည်းစားတွေ၊ နိုင်ငံစီးပွားရေး ၊ အတင်းတုပ်နေကြတာတွေ ၊ လှောင်​ပြောင်မှု တွေ နောက်ဆုံး ကျွန်တော်တို့ ခန္ဓာကိုယ်ရဲ့ တဖြည်းဖြည်းပျက်စီးလာမှုအကြောင်း အရာတွေကို ကျွန်တော်တို့ "လွှမ်းမိုး" လို့ရပါတယ်။

ကျွန်တော်တို့စိတ်ထဲမှာ အရောက်ခံ၊စိတ်ဆင်းရဲခံလို့ရတယ်၊ ကြိုးစားကြည့်လို့ရတယ် သို့ပေမဲ့ ကျွန်တော်တို့ အရာရာကို မှန်အောင်လုပ်ရင်တောင်မှ နိုင်ငံစီးပွားရေးက ပျက်စီးနိုင်ပါတယ်။
ကျွန်တော်တို့ ပိုက်ဆံတွေ အခိုးခံ အလုခံရနိုင်ပါတယ်။ ကျွန်တော်တို့ ချစ်ရသူတွေ ဖောက်ပြန်တာ ဒါမှမဟုတ် သေဆုံးတာနဲ့ ကြုံရနိုင်ပါတယ်။

အဆိုးမြင်ဝါဒနဲ့ပြောနေတာမဟုတ်ပါဘူး။ ဖြစ်နိုင်ချေဆိုတာအမြဲတမ်းရှိပြီး ဘဝမှာ မကောင်းတာတွေကိုလုံးဝမဖြစ်အောင် ကျွန်တော်တို့လုပ်လို့မရပါဘူး ဆိုတာကို လက်ခံရမှာပါ။ ကျွန်တော်တို့ကပြင်ပ သက်ရောက်မှုတွေကိုထိန်းချုပ်လို့မရပါဘူး။

သို့သော်လည်း...
ကျွန်တော်တို့ ၁၀၀% ထိန်းချုပ်နိုင်တဲ့ အရာတွေလည်း ကျွန်တော်တို့ဘဝမှာရှိပါသေးတယ်။  ကျွန်တော်တို့ရဲ့ အတွေးအထင် ( opinions )တွေနဲ့ ကျွန်တော်တို့ရဲ့ လုပ်ဆောင်ချက် ( actions )တွေပါ။

ကျွန်တော်တို့ ကမ္ဘာကြီးကို ဘယ်လိုရင်ဆိုင်သလဲ ဆိုတဲ့အချက်ပါပဲ။

Stoicကသင်ပေးတာက ကျွန်တော်တို့ဘဝမှာ ကျွန်တော်တို့ ထိန်းချုပ်နိုင်တာကိုပဲ ဂရုစိုက်သင့်ပြီးတော့ ကျွန်တော်တို့မထိန်းချုပ်နိုင်တာတွေကို လိုက်ပြီး ခံစားမနေနဲ့ ပေါ့ဗျာ။

ဖျားနေတဲ့ လူတစ်ယောက်က သူ့ရဲ့ရောဂါအပေါ်မှာ ၁၀၀% ထိန်းချုပ်နိုင်စွမ်းမရှိပါဘူး။
ကျွန်တော်တို့သူ့ကို သက်သာအောင် ဆေးတိုက်လို့ရတယ်၊ ဆရာဝန်ခေါ်လို့ရတယ် သို့ သော်လည်း လူနာက ပြန်ကောင်းလာပါမယ် လို့ အာမခံနိုင်ပါ့မလား။

ဒီဖြစ်ချင်ရာဖြစ်နေတဲ့လောကကြီးထဲ ဘယ်အရာကမှ ကံသေကံသ မပြောနိုင်ပါဘူး။

ဆိုတော့လူနာလုပ်နိုင်တာက  ဒီအခြေအနေနဲ့ပတ်သက်ပြီး ဘယ်လိုရင်ဆိုင်မလဲဆိုတာ ကိုဆုံးဖြတ်ခြင်းပါပဲ။
ကိုယ့်ရဲ့ဖျားနာမှုကို ကိုယ်ထိန်းချုပ်လို့မရဘူး။ သေရင်လည်းသေသွားနိုင်တယ်‌ဆိုတဲ့ စိတ်နဲ့ လက်ရှိ ဖြစ်တည်မှုကို အပြည့်အဝလက်ခံခြင်းနှင့်သာလျှင် သူဟာ စိတ်ငြိမ်းချမ်းမှုကို ရဖို့ကြိုးစားနိုင်မှာပါ။

ဒီလိုငြိမ်းချမ်းတဲ့အတွင်းစိတ် (inner peace)ကို ရယူနိုင်ခြင်း ကသာ ယုတ္တိတန်တဲ့ ဆုံးဖြတ်ချက်တွေကို ချနိုင်ပါတယ်။ အကယ်၍သေမှာသေချာ​နေရင်တောင် မသေခင်ဘာလုပ်သွားမလဲဆိုတာကို ဆုံးဖြ​တ်ပြီး အဆိုးတွေထဲကအကောင်းတစ်ခုဖြစ်ခဲ့အောင် လုပ်နိုင်မယ်မဟုတ်လား။

#Kira
❤23☃1
ကျွန်တော်ပြောခဲ့တာတွေက Stoicism ရဲ့ တစ်စိတ်တစ်ပိုင်းပဲရှိသေးတာဖြစ်ပြီး နောက်နေ့ကြမှ Four Virtues of Stoicism
(Stoicism၏ကျင့်ဝတ်၄ပါး) ကိုတင်ပေးပါ့မယ်။

More Contents?
React for more guys

#Kira
❤10🎄5
Cthulhu
H.p Lovecraft verseရဲ့ great old one The call of Cthulhuမှာစမိတ်ဆက်ခဲ့ပြီး outer godတွေရဲ့ဆရာကြီး Azathoth ရဲ့ မြေးပါ။
Outer spaceကလာတဲ့ကောင်ဖြစ်ပြီး Lovercraftမှာတော်တော်ကို iconic ဖြစ်တဲ့အကောင်ပါ

Appearance
The great onesတွေက ပုံစံကိုလိုသလိုဖန်ဆင်းနိုင်ပြီးတိတိကျကျမရှိပေမယ့် သူ့ကိုစတင်မိတ်ဆက်ထားတဲ့ the call of cthulhuထဲမှာဖော်ပြထားတာကတော့ Cthulhu ကလူနဲ့အနည်းငယ်ဆင်တူတဲ့ ပုံသဏ္ဌာန်ရှိပေမယ့် သူ့မှာရေဘဝဲခေါင်းကြီးရှိပြီး နှုတ်ခမ်းမှာလည်း
နှုတ်ခမ်းမွှေးလိုအရာတွေအများကြီးနဲ့ပါ။ခြေသည်းလက်သည်း တွေကလည်းအရှည်ကြီးဖြစ်ပြီး ပျော့ဖက်နေတဲ့ရော်ဘာလိုခန္တာကိုယ်တစ်ခုလည်းပိုင်ဆိုင်ပါတယ်။အနောက်ဘက်မှာတော့တောင်ပံတစ်စုံပါရှိပါတယ်
စိတ်ကူးယဥ်ကြည့်မယ်ဆို ရေဘဝဲလိုလို နဂါးလိုလို လူလိုလိုကောင်မျိုးပါ။ Cthulhuက မီတာရာပေါင်းများစွာလည်းမြင့်ပါတယ်

Power and abilities
the great old ones တွေက outer godတွေလိုမကြမ်းဘူးဆိုပေမယ့်လည်းသူ့ဟာနဲ့သူတော့အရမ်းကြမ်းတဲ့အထဲပါပါတယ်။ The great onesတွေကသေသွားရင်တောင်ပြန်ရှင်လာနိုင်ပါတယ်။
သူတို့ကလုံးဝကြီးသေဆုံးသွားတယ်ဆိုတာမရှိပါဘူး။သက်တမ်းအရလည်းအကန့်သတ်မရှိပါဘူး ဟိုနေ့ကတင်ခဲ့တဲ့ Type 1,3,4,5ထဲဝင်ပါတယ်
The great onesတိုင်းက universe ထဲမှာဖြစ်ပျက်နေတဲ့အရာမှန်သမျှကိုမြင်သိနိုင်စွမ်းလည်းရှိကြပါတယ်။
The great onesတွေကတကယ်တော့ godလို့ခေါ်ဆိုပေမယ့် godအစစ်ရယ်လို့တော့မဟုတ်ပါဘူး သူတို့ရဲ့ အစစ်အမှန်နေရာက တစ်ခြားနေရာတစ်ခုကပါ လူသားတွေအနေနဲ့ဆိုသူတို့ကဂြိုဟ်သားတွေလိုပါဘဲ။

Cthulhu ကလောလောဆယ်တော့
ပစိဖိတ်သမုဒ္ဒရာရဲ့တစ်‌နေရာမှာတည်ရှိတဲ့R'lyeh မှာတည်ရှိနေပါတယ် ဒီနေ့တော့ဒီလောက်ပါဘဲ
Horrorတွေရဲ့ဖခင်ကြီး HP lovecraftရဲ့ဝတ္ထုတွေကိုစိတ်ဝင်စားရင်နောက်အားရင်လည်းတင်ပေးပါ့မယ်
#allheavens
❤7
White Nights

အစကတော့ Book reviewမတင်ဖို့ဆုံးဖြတ်ထားတာ။ ဒီတစ်အုပ်ကြ ကြိုက်လို့တင်ပေးလိုက်ပြီ။

White Nights ဟာ russian author တစ်ဦးဖြစ်တဲ့ Fyodor Dostoevsky ရဲ့ One-Shot လက်ရာတစ်ခု။ originally publish ခဲ့တာက 1848 က။ ​ဆရာ တင်ဦးခက် မြန်မာဘာသာပြန် "​ညဖြူဖြူ" ဆိုပြီး ထွက်ထားသေးတယ်။ ဆက်ပြောမယ် စာအုပ်အကြောင်းပဲ။

စာအုပ်က ဆွေး ရပါတယ်။ dead romance ကြိုက်ရင်ဖတ်ပါ။
စာအုပ်ထဲမှာပါတဲ့အကြောင်းကတော့ အထီးကျန်မှုကိုပြင်းထန်စွာခံစားနေရတဲ့ ကောင်လေးတစ်ယောက် ၊ အရာရာကို စိတ်ကူးယဥ်လွယ်ပြီး အခန်းတစ်ခန်းရဲ့ဂျောင်ငယ်မှာပဲ ကပ်နေချင်သူ ကောင်လေးဟာ အချစ်ကိုတောင့်တနေတဲ့ မိန်းမငယ်တစ်ဦး နဲ့ တွေ့ဆုံခဲ့ခြင်းပါ။

ထိုတွေ့ဆုံမှု က ကြည်နူးဖွယ်၊နာကျင်ဖွယ် အကျိုးဆက်လေးတွေဖြစ်စေခဲ့ပြီးနောက် အထီးကျန်တတ်တဲ့လူတစ်ဦးရဲ့ မသေဆုံးနိုင်တဲ့ချစ်ခြင်းတွေ၊စကားလုံး တွေနဲ့တောင်ဖော်ပြလို့မရနိုင်တဲ့ အချစ်မေတ္တာတွေ က တန်ပြန်လာနိုင်ပါ့မလား။
စာဖတ်သူတို့အတွက် ရင်ထဲအဖို့ တစ်လှိက်လှိက်နဲ့ ခံစားရစေမှာပါ။

ကျွန်တော့်personal ratingကတော့ 9.2/10 ပါ။ ဖတ်ရတာတန်တယ်လို့ပဲ မြင်ပါတယ်။
Pure Poetry ပါပဲ။

#Kira
❤13❤‍🔥4
"In the darkest times, hope is something you give yourself. That is the meaning of inner strength" 

-Uncle Iroh , Avatar:The Last Airbender (My Fav Stoics character of all time)

#Kira
❤15
ကြားထဲadmin ခရီးထွက်နေတာနဲ့မအားတာဖြစ်သွားလို့ channelသေမလိုဖြစ်သွားတာ sorryပါ။ ဒီည ကစပြီးပြန်Runပါပြီဗျ။

#AdminTeam
🔥4
Laws of Human Nature
Law No.2 : The Law of Narcissism


Part 1:
The Psychology of Ego,Pride


အတ္တမာနရဲ့သဘာဝဘာလဲ။

လူသားတွေဟာ အဆက်မပြတ်ဂရုစိုက်မှုကိုလိုချင်မှုတွေနဲ့မွေးဖွားလာကြတယ်၊ ပြောရရင်attentionလိုချင်တာ လူတိုင်းပါပဲ။
ပေါင်းသင်းဆက်ဆံရေးတိရစ္ဆာန်ဖြစ်တဲ့အလျောက် ပျော်ရွှင်သာယာရေးအတွက် အဆက်မပြတ်သောဂရုစိုက်မှုတွေကို မဖြစ်မနေလိုအပ်ကြတာလူတိုင်းဖြစ်တယ်။

တစ်ယောက်နဲ့တစ်ယောက်တွယ်တာတာမျိုးဂရုစိုက်တာမျိုးမရှိပဲ အသက်ရှင်ရတာက အသက်ရှိလျက်နဲ့ဘဝသေ သလိုပဲ ဒါ့ကြောင့်မို့ အထီးကျန်ဘဝနဲ့ရှင်သန်ရတာကို အန္တာရယ်အရှိဆုံးရှင်သန်မှုအဖြစ် ပညာရှင်တွေကသတ်မှတ်ထားကြတယ်။

မျက်လုံးခြင်းဆုံတာတို့၊အရေးပြားခြင်းထိမိတာတို့၊အပြန်အလှန်ပြုံးတာတို့ကအသေးစားဂရုစိုက်မှုလေးတွေဖြစ်ပြီး လူတစ်ယောက်အနေနဲ့အဲ့တာလေးတွေတောင်မရတာ ကြာသွားမယ်ဆိုရင် စိတ်ကျရောဂါ (passive depression)

အတ္တ အပေါ်လွန်ကဲစွာမှီခိုခြင်း။

(Ego)အတ္တဆိုတာကဘယ်ကပေါက်ဖွားလာသလဲ ဆိုရင် အထက်ပါပြောခဲ့တဲ့ဂရုစိုက်မှုတွေရဲ့ သက်ရောက်မှုပါပဲ၊ လူလူခြင်းဂရုစိုက်မှု ကအရေးပါပေမဲ့ လူတစ်ယောက်အနေနဲ့အချိန်ပြည့်ရနေမှာတော့မဟုတ်ဘူး၊အဲ့အချက်ကိုလက်မခံနိုင်ပဲ အချိန်ပြည့်လိုချင်နေတဲ့ လူအချို့ဟာ ကိုယ်ပိုင်ဖြစ်တည်မှုရဲ့မူလဇစ်မြစ် "အတ္တ" (selfကို အသိလွန်ခြင်း) ကိုဖန်တီးလိုက်ကြတယ်။

ပြင်ပ ပတ်ဝန်းကျင်ကမပေးနိုင်တဲ့ဂရုစိုက်မှု တွေကို ကိုယ်တိုင်​ပေးနိုင်ယူနိုင်ဖို့အတွက် အတ္တဟာ စွမ်းဆောင်နိုင်ပါတယ်။ (ဒီနေရာမှာသိထားရမဲ့ self-respectရှိခြင်းက အတ္တ(ego)နဲ့အတော် ကွာတယ်ဆိုတာပါပဲ) ။

ဘယ်အရာမဆိုအတိုင်းအတာရှိပါတယ်၊ အဲ့သလိုပဲဘယ်လောက်ပဲအတ္တဟာ အတိုင်းထပ်လွန်ကျော်နေပါစေ ပြင်ပ ပတ်ဝန်းကျင်ကလာတာမဟုတ်တာကြောင့် အတ္တစိတ်အားနည်းလာတိုင်း "စိတ်မလုံခြုံမှု" ဆိုတာတွေစတင်ဖြစ်ပေါ်လေ့ရှိပါတယ်။

တစ်ဖက်ကအတ္တစိတ်ကိုအခြေခံပြီးအတွေးများလာရင် ငါသာလျင်အကောင်းဆုံးဆိုတဲ့ ထောင်လွှားစိတ်ဖြစ်လာပြီး နောက်တစ်ဖက်မှာကြတော့ အတ္တစိတ်ကိုသိမ်ငယ်စိတ်က လွှမ်းခြုံသွားတဲ့အခါ ကိုယ့်ကိုယ်ကိုယ် စက်ဆုပ်ရွံရှာတာမျိုးဖြစ်သွားတတ်ပါတယ်။

ကိုယ့်ကိုယ်ကိုယ်တန်ဖိုးထားလွန်းခြင်းနဲ့အတူ ကိုယ့်ကိုယ်ကိုယ်အားမလိုအားမရဖြစ်သွားပြီးယုံကြည်မှုကင်းမဲ့သွားခြင်းက အတ္တမာနစိတ်အပေါ်အရမ်းမှီခိုလွန်းနေတာကြောင့်ပါ။

ပတ်ဝန်းကျင်မှာ ဒီလိုလူတွေ ရှိနေတတ်တယ်။ သူတို့ကိုယ်သူတို့ ဒုက္ခသည်လို မျိုး ခံရသူ သားကောင်နေရာမှာနေပြီး အားလုံးရဲ့ ဂရုစိုက်မှုကို ရှာတတ်ကြတယ်။ ဆတ် ဆတ်ထိမခံ ဖြစ်နေတတ်ပြီး သူကလွဲရင် အားလုံးက မှားနေသလိုမျိုး စွပ်စွဲစိတ် ကြီးနေ တတ်ကြတယ်။ ဒါတွေအားလုံးက အတ္တမာနအပေါ်မှီခိုလွန်းလို့ ဖြစ်တာပါ။ ဒီလိုလူတွေဟာ Narcissismတွေဖြစ်ကြပြီး ရုပ်ရှင်တွေကလို coolဖြစ်တဲ့ nate jacob personalityနဲ့လားလားမျှမဆိုင်ပဲ သူတို့စိတ်မလုံခြုံမှုကိုအသဲအသန်ဖုံးဖို့ကြိုးစားနေကြတဲ့လူတွေပါ။

သူတို့က Toxicဖြစ်တာကြောင့် သင့်ကိုအသဲအသန်ဒုက္ခပေးနိုင်သလို သင့်ဖက်က defenseလုပ်မလား attackလုပ်မလား စသဖြင့်mind gameတစ်ခုကိုသေချာကစားဖို့လိုလာပါတယ်။

အတ္တမာနစွဲသုံးမျိုး နဲ့ သူတို့ကိုရင်ဆိုင်ဖြေရှင်းဖို့နည်းလမ်း တွေ​ နောက်အပိုင်းမှာဖော်ပြပေးသွားပါမယ်။

Part 1End

#Kira
❤9🔥2🐳1
Tegmark Multiverse

ဒါတွေကတော့ Cosmologist တစ်ယောက်ဖြစ်တဲ့ Tegmark ဆိုသူရဲ့ Multiverse type theory တွေပါ အခုတော့ Type 1 ဖြစ်တဲ့ Level 1 Multiverse by Max Tegmark ကိုပြောပြပေးသွားမှာပါ Level စုစုပေါင်း ၄ ခုရှိပါတယ်။

ထို Multiverse ကို‌ဖောင်းပွနေသော Multiverse လို့လဲသိကြပါတယ် ထို Multiverse ကတော်တော်‌ရိုးရှင်းပါတယ် နောက်ပိုင်းတွေကမှရှုပ်တာပါ အကြောင်းကတော့ ကိုယ်တွေနေထိုင်တဲ့စကြာဝဠာက ရှေးဦးပိုင်းစကြာဝဠာ‌ဖောင်းပွမှုကဖြစ်လာတဲ့ ပူဖောင်းလေးတွေလိုစကြာဝဠာများစွာထဲကတစ်ခုဆိုတာပါပဲ (Bubble universes)

Inflation ခေါ် ဖောင်းပွမှုက Big Bang ပေါက်ကွဲမှုကနေဖြစ်ပေါ်လာတဲ့ ရုတ်တရက်ပြန့်ကားလာတဲ့အခြေအနေကိုဆိုလိုတာပါ။ ဖောင်းကားနေချိန်မှာ စကြာဝဠာကြီးက ပရမာဏုမြူ (Subatomic) အရွယ်အစားကနေ စက္ကန့်တစ်ဝက်လောက်မှာပဲ စပျစ်သီးအရွယ်အစားဖြစ်လာတာပါ။

Tegmark က ဒီဖောင်းကားလာမှုကနေပြီး အနန္တရှိတဲ့ပူဖောင်းစကြာဝဠာတွေကို ဖန်တီးခဲ့နိုင်တယ်လို့ငြင်းခုန်ခဲ့ပါတယ်။ စကြာဝဠာတိုင်းက တူညီတဲ့ တည်မြဲကိန်းသေ ရုပ်ပိုင်းဆိုင်းရာရှိနေပြီး မတူညီတဲ့ ကနဦးအခြေအနေတွေရှိလောက်မယ်လို့ငြင်းခုန်ခဲ့ပါတယ်။ ဆိုတော့ Universe ရဲ့အကျယ်အဝန်းက Infinite a.k.a အနန္တဖြစ်ပါတယ် နောက်ပြီးဒီ Level 1 မှာ Parallel Universe တွေဖြစ်တည်နေတာပါ။
စကြာဝဠာတစ်ခုနဲ့တစ်ခုက ရူပဗေဒတူပါတယ် ရူပ‌ဗေဒအရလဲတူပါတယ် Hubble ထုထည်တွေလဲပါရှိပါတယ် spherical ပြောတာပါ။ ဒီ Theory ထဲ 10^10^29 မီတာအကွာအဝေးမှာသင့်ရဲ့ ပုံစံတူလူတစ်ယောက်ရှ်ိတယ်လို့ခန်းမှန်းပါတယ်။ ဒီအယူအဆမှာ စကြာဝဠာအကျယ်အဝန်းက Cosmic Inflation ကြောင့်အနန္တဖြစ်ပြီး အခြေအနေတူတဲ့ဒေသတွေက စက်ဝန်းပုံစကြာဝဠာတွေကိုဖြစ်ပေါ်စေပြီးတော့ Parallel universes တွေခေါ် အပြိုင်စကြာဝဠာတွေကိုဖြစ်ပေါ်စေပါတယ် ဒါကြောင့် သင်နဲ့ပုံစံတူလူ‌ပေါင်းများစွာကိုလဲရှိနေစေမှာပါ။

ရှင်းလင်းရရင် ကျွန်တော်တို့ Level 1 မှာဖြစ်တည်နေတဲ့အရာတွေက တစ်ချို့က တစ်ခြား Level 1 Multiverse တွေမှာပုံစံတူဖြစ်နေနိုင်ပြီး Level 1 Multiverses နဲ့ Level 3 Quantum Multiverses တွေနဲ့ ဆက်နွယ်မှုတောင်ရှိချင်ရှိနေနိုင်ပါတယ် အဲ့တာနဲ့ပတ်သက်ပြီးထူးခြားဆန်းပြားပုံပြင်တွေ၊ အယူအဆတွေရှိပါသေးတယ်။ တူညီတဲ့ ရူပဗေဒနဲ့ မတူညီတဲ့ကနဦးအခြေအနေတွေဆိုတာကို ဥပမာပြရရင် --- ဒီလိုစဉ်းစားကြည့်ပါ သင်နဲ့ပုံစံတူတစ်ယောက်က ရူပဗေဒအတန်းကိုတူတူတက်ပြီး တူညီတဲ့သင်ခန်းစားကိုပဲသင်ယူပါတယ် ဒါပေမယ့် သမိုင်းကိုကြ မတူညီတဲ့သင်ခန်းစာတွေသင်ယူတာကြောင့် လမ်းစဉ်ကမတူတော့ပါဘူး ပြောချင်တာက တစ်ခြားစကြာဝဠာတွေမှာလဲ မြေဆွဲအားရှိတယ်၊ လူပုံတွေကလဲတူတူပဲ မတူညီတာကဖြစ်ရပ်နဲ့သမိုင်းတွေပါပဲ။

Join the channel for more - https://t.me/IknowledgeField
#MerlinHermes
❤7🔥2🤓1
ခရစ်စမတ် ရောက်ပါတော့မည်။ အားလုံး တိတ်ခဲပါ။

#Kira
☃3❤1🎉1🎄1
ဥပေက္ခာဝါဒီရဲ့ ၄ ပါးသီလ
Four Virtues of Stoicism

ကဲ၊ ကျွန်တော်အရင်က တင်ထားပေးတဲ့ Stoicism contentရဲ့အဆက်ကလေးပါ။
အရင်ကရေးခဲဲ့တဲ့postကို ဒီ link collection မှာဖတ်လို့ရပါတယ်။ https://t.me/IknowledgeField/34

ဖတ်ချင်ရင်တော့ဖတ်ပါ။ သင်ဘာဖတ်လဲ ကျွန်တော် ထိန်းချုပ်လို့မရပါ။

ဥပေက္ခာဝါဒီ ( Stoics ) တွေအတွက် အကောင်းဆုံးဘဝနေနည်းက  Ethic,Morality,Virtue စတဲ့ အကျင့်သီလနဲ့ ပြည့်စုံအောင် နေထိုင်ခြင်း ဖြစ်ပါတယ်။ အကျင့်သီလနဲ့ မပြည့်စုံတဲ့ ဘဝမှာ စစ်မှန်သောပျော်ရွှင်မှုကို ရနိုင်မှာမဟုတ်ဘူး လို့ ခံယူကြပါတယ်။

ဆိုတော့ကား Stoicism ရဲ့ အကျင့်သီလ ၄ ခုက ဘာတွေလဲ ။

၁. သတ္တိ ( Courage )

၂. မိမိကိုယ်ကိုယ် ထိန်းကြောင်းနိုင်စွမ်း ( Temperance or Self discipline )

၃. တရားမျှတမှု ( Justice )

၄. ပညာရှိမှု ( Wisdom
)

တို့ပဲဖြစ်ပါတယ်။

အချိန်တိုင်းစောင့်ထိန်းဖို့ တစ်ကယ်ပဲမလွယ်တဲ့ ဒီVirtue လေးခုကိုပြောပြပါမယ်။

သတ္တိ ( Courage )

Stoicism မှာဆိုရင် မှန်ကန်ကောင်းမွန်တဲ့ အရာတွေလုပ်ဖို့  သတ္တိလိုပါတယ် ။ အမှန်တရားဖက်က ရပ်တည်ဖို့ ၊ တိုက်ခိုက်ဖို့အတွက်သတ္တိရှိဖို့လိုပါတယ် ။

အရင်ကပြောခဲ့တဲ့ ရောမဘုရင်ကြီး Marcus Aurelius ကို မှူးမတ်တွေက ဘုရင်အဖြစ်တင်မြှောက်ခဲ့တဲ့အခါမှာ သူကျရှုံးမှာ၊သူကောင်းကောင်းမလုပ်နိုင်မှာ၊ နန်းတွင်းကလူတွေသဘောမကျမှာ၊ ပြည်သူလူထုက မကျေနပ်ကြမှာကို အရမ်းကြောက်ခဲ့တာပါ။ နောက်ကြတော့လဲ သူ့ကိုယ်သူ ရဲဆေးတင်ပြီး ဘုရင်လုပ်ခဲ့တာ ရောမပြည်ရဲ့ အကောင်းဆုံးဘုရင်ကြီးတစ်ယောက်အဖြစ် သမိုင်းဝင်ခဲ့ပါတယ်။

ကျွန်တော်တို့ ဘဝကိုချိန်ထိုးကြည့်ရင်း Courage ရဲ့အရေးပါမှုကိုသိရှိရပြီ ဖြစ်ပါတယ်။ ကျွန်တော်တို့ အသက်ရှင်နေနိုင်ဖို့၊ ဘဝကို ဖြတ်သန်းနိုင်ဖို့အတွက် သတ္တိလိုပါတယ်။

"It takes courage just to stay alive in thsu world."
-Seneca
 


Wisdom ( ပညာရှိမှု )

လူတစ်ယောက်ရဲ့လုပ်ရပ်တွေ ၊ ဆုံးဖြတ်ချက်တွေ နဲ့ အတွေးအခေါ်တိုင်းက သူ့ရဲ့ အသိဉာဏ်ပညာကနေ မြစ်ဖျားခံပါတယ်။ လူတစ်ဦးဟာ အသိဉာဏ်ပညာ မရှိပါပဲလျက် စစ်မှန်တဲ့ ဘဝကိုရှင်သန်နိုင်မှာမဟုတ်ပါဘူး။

Stoicism က ပြောတဲ့ပညာဆိုတာ ကျောင်းစာတို့၊ ဘာတို့ကို ပြောတာမဟုတ်ပါဘူး။ (လိုအပ်တဲ့အခါတော့ရှိပါတယ်) ။ တစ်ကယ် အရေးကြီးတာတွေက ကျွန်တော်တို့ရဲ့ ဘဝနေနည်း၊ ဒုက္ခတွေကို ရင်ဆိုင်နည်းနဲ့ general knowledge တွေပါပဲ။ ကိုယ့်အမှားတွေကနေ၊ဘဝအတွေ့အကြုံတွေကနေ ရလာတဲ့သင်ခန်းစာတွေကိုလဲ ယူတတ်ဖို့ကအရေးကြီးပြန်ပါသေးတယ်။
 
ကျွန်တော်တို့ အဲ့ဒီပညာတွေကို ယူနိုင်ဖို့ Egoတွေ prideတွေ ကြောင့် မျက်ကန်းနေလို့မရနိုင်ပါဘူး။ ကိုယ်သိတာတွေက လွှဲမှားနေနိုင်တာတွေရှိသလို၊ ကိုယ်မသိသေးတာတွေအများကြီးရှိနေတာကိုလည်း သိထားရပါမယ်။

"The only thing i know is that i know nothing"
-Socrates


မိမိကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်း ( Temperance or Self discipline )

ကိုယ်အတွေးတွေ၊ လုပ်ဆောင်ချက်တွေနဲ့ ရှုမြင်ပုံတွေ တွေကို ထိန်းချုပ်ပါ။ Stoicism အရဆို ကိုယ်တစ်ကယ်ထိန်းချုပ်နိုင်တာလည်း အဲ့ဒါတွေပဲရှိတယ်လေ။

Stoicism ရဲ့ ဒီအကျင့်သီလကို စကားလုံးနှစ်လုံးထဲနဲ့ အနှစ်ချုပ်လို့ရပါတယ်။
"  Persist and Resist. "

ကိုယ့်အတွက်ကောင်းတဲ့၊ သူများအတွက်ကောင်းတဲ့၊ ရေတိုမှာ ခက်ခဲပေမယ့် ရေရှည်မှာတဲ့ဟာတွေကို မဆုတ်မနစ်လုပ်မယ်။
ကိုယ့်အတွက်မကောင်းတဲ့၊ သူများအတွက်မကောင်းတဲ့၊ ရေတိုမှာကောင်းသလိုရှိပြီး ရေရှည်မှာ မကောင်းတဲ့အရာတွေကို ရှောင်ရမယ်။
အဲ့နှစ်ခုပါပဲ။

Self Control ဆိုတာက ပျင်းဖို့ကောင်းတယ်ထင်ရပါတယ်။ သို့ပေမဲ့ဖြစ်လာတဲ့ပြဿနာတွေက ကိုယ့်ကိုယ်ကိုယ်မထိန်းချုပ်နိုင်မှုတွေကြောင့် ဖြစ်တာများပါတယ်။

(နောက်ကြ Self Controlကောင်းဖို့guideတင်ပေးပါမယ် ဒီpost reaction 10 ပြည့်ရင်ပေါ့:3 )

Discipline is freedom.

တရားမျှတမှု ( Justice )

Stoicism က ကိုယ့်ကိုယ်ကို ကောင်းအောင်လုပ်ဖို့ကို အာရုံစိုက်ရမယ် ။ သူများတွေရဲ့အမြင်ကို ဂရုမစိုက်ရဘူး ။ ဆိုပြီး  individualistic ဖြစ်တာတွေ ပြောပါတယ်။ သို့သော်လည်း Stoics တွေက တစ်ပါးလူ တွေအတွက် ကောင်းတာတွေကို တရားမျှတစွာလုပ်ဖို့ကိုလည်း အာရုံစိုက်ခဲ့ပါသေးတယ်။

ဘုရင်ကြီး Marcus Aurelius က သူ့ရဲ့ Meditations ဆိုတဲ့ diary မှာ

"What's not good for the hive can't be good for the bee"

" ပျားအုံအတွက်မကောင်းတာ ပျားအတွက်လည်းကောင်းမှာ မဟုတ်ဘူး"

ဆိုပြီးရေးသားခဲ့ပါတယ်။
ဘုရင်ဆိုတော့လဲအများအတွက်တွေးရတာပေါ့။ သို့သော်လည်း
Stoics သမားတိုင်းက တရားမျှတမှုရဲ့လမ်းစဥ်အောက်မှာ လုပ်ဆောင်ဖို့ ဖြစ်လာခဲ့ကြတယ်။

Marcus Aurelius လက်ထက် ရောမမှာ Antonine ပလိပ် ရောဂါကြီးဖြစ်တော့ သူ့နန်းတော်က ပစ္စည်းအတော်များများကို နိုင်ငံကိုထောက်ပံ့ဖို့ ရောင်းချပစ်ခဲ့ပါတယ်။

တရားမျှတမှုဆိုတာ ကိုယ့်အတွက်ကိုယ်ပဲမျှတဖို့ မဟုတ်ပါဘူး။
သူများတွေအတွက် ကိုယ့်ရဲ့လုပ်ရပ်တွေက တရားမျှတနေရဲ့လား ဆိုတာကအရေးကြီးပါသေးတယ်။

#Kira
❤26