𝙏𝙝𝙞𝙣𝙠𝙫𝙚𝙧𝙨𝙚
1.36K subscribers
262 photos
9 videos
13 files
126 links
သတင်း ၊ ဒဿန ၊ စာပေ ၊ သိပ္ပံနှင့် ဖျော်ဖြေရေး အရေးအသားများ

Our Web(closed)
thinkverse.lovable.app

Lunatic's Collection
https://t.me/IknowledgeField/476

Merlin's Collection
https://t.me/IknowledgeField/154

Contact for business -
@MertvetsKira
Download Telegram
အာဏာ ဆိုတာဘယ် နေရာမှာ မဆိုရှိနေတတ်တယ် ။

အားလုံးကိုလွှမ်းခြုံထားလို့မဟုတ် ဘဲ

ဘယ်အရာကနေ မဆိုဆင်းသက်လာနိုင်တာကြောင့်ပဲ။

အာဏာဆိုတာက တည်မြဲခြင်း ၊ ပြန်လည်စီးဆင်းခြင်း နဲ့

သူ့ကိုယ်သူ ပြန်ဖန်တီးနိုင်စွမ်း ရှိတယ်။

ဒါမှမဟုတ် အဲ့တာတွေ အကုန် ပေါင်းစည်းထားတာမျိုးပဲပေါ့ ။

အာဏာဆိုတာ အဖွဲ့အစည်း တစ်ခု ( institution )
ဒါမှမဟုတ်

တည်ဆောက်ပုံ တစ်ခုခု ( structure ) လဲ မဟုတ်သလို

လူရဲ့ အင်အားတစ်ခုခု ကနေ ဖြစ်လာတာလဲ မဟုတ်နေပြန်ဘူး ။

အာဏာဆိုတာ သီးခြားလူ့အဖွဲ့အစည်းတစ်ခုက ဆက်ဆံရေးတွေ ကို နက်ရှိုင်းစွာ ထိန်းချုပ်ပေးထားတဲ့ ခပ်ရှုပ်ရှုပ် သဘောတရားကို ရည်ညွှန်း တဲ့အခေါ်အဝေါ် သပ်သပ် ပါပဲ ။

📖 — Michel Foucault, The History of Sexuality, Vol. 1 (1976)

လူနတစ်ဘာသာပြန်သည်

#Lunatic
#Kira@IknowledgeField
1❤20🔥2🍓2
No Longer Human

တစ်စေ့တစ်စောင်း
https://www.facebook.com/share/15EAr2cBQj/

#Kira
#Repost
❤17🔥2🍓2
ခင်ဗျား ဘဝမှာ ရွေးချယ်စရာတွေနဲ့
ကြုံလာရတဲ့အခါ ဘယ်လိုရင်ဆိုင်လေ့ရှိလဲ ။

ထွက်ပြေးလိုက်တာပဲ လား ။
မှန်မှာထင်တာကိုရွေးလိုက်တာပဲလား ။
ဘာပဲရွေးရွေး ခင်ဗျား နောင်တရမှာပဲ ။

ဒိန်းမတ် Philosopherတစ်ဦး ဖြစ်တဲ့
Sren Kierkegaard (ဆိုရန်ကဲဂီးဂတ်) နဲ့ ကျွန်တော်မိတ်ဆက်ပေးပါရစေ ။

~~

Existentialism နိဒါန်း
ဆောင်းပါးတို

ဖတ်ရှု့ရန်

https://www.facebook.com/share/p/1CPTkJsxcb/

(telegram - https://t.me/IknowledgeField/455 )

#Kira @Lunatism_Philosophy
❤12🔥3🍓3
ခင်ဗျား ဘဝမှာ ရွေးချယ်စရာတွေနဲ့
ကြုံလာရတဲ့အခါ ဘယ်လိုရင်ဆိုင်လေ့ရှိလဲ ။


ထွက်ပြေးလိုက်တာပဲ လား ။
မှန်မှာထင်တာကိုရွေးလိုက်တာပဲလား ။
ဘာပဲရွေးရွေး ခင်ဗျား နောင်တရမှာပဲ ။

ဒိန်းမတ် Philosopherတစ်ဦး ဖြစ်တဲ့
Sren Kierkegaard (ဆိုရန်ကဲဂီးဂတ်) နဲ့ ကျွန်တော်မိတ်ဆက်ပေးပါရစေ ။
  
Kierkegaard က  ဖြစ်တည်မှုပဓာန ဝါဒီ ( existentialist ) ဒဿန အတွေးအခေါ်ရှင်တစ်ဦးဖြစ်ပါတယ်။ Sartre နဲ့တစ်ခေတ်တည်း မဟုတ်ပဲ forerunner လိုပုံစံမျိုးပါ ။
သူ့ရဲ့လက်ရာတွေက လူသားသဘာဝတွေနဲ့ ရွေးချယ်စရာနဲ့ပတ်သပ်လာရင်ကြုံရတဲ့ပြဿနာတွေအကြောင်း အဓိကဆွေးနွေးတယ်။ Logicတို့ Metaphysic တို့လို အဝေးကြီးတွေ ခေါင်းရှုပ်မှာ မဟုတ် ဘူး။

Existentialism ဟာ လူနေမှုဘဝတွေနဲ့ ပိုနီးစပ်ပါတယ်။  ပြီးတော့သူက Sartre တို့လို Atheist Existentialist (ဘာသာမဲ့ ဖြစ်တည်မှုပဓာနဝါဒ) မဟုတ်ခဲ့ဘူး ။ ကဲဂီးဂတ် (Kierkegaard) ဟာ ဘာသာတရားအပေါ် အပြင်းအထန်ကန့်ကွက်နေပေမဲ့ ခရစ်ယာန်ဝါဒနဲ့ ဖြစ်တည်မှုပဓာနဝါဒ ကြားက အဖြေကိုညှိယူဖို့ ကြိုးခဲ့တာ ။

"The Leap of Faith"

ကဲကီးဂတ် ရဲ့ Either/Or လို့ အမည်ရတဲ့စာအုပ်မှာ သူက လူသားတွေရဲ့ ဘဝနေထိုင်ပုံနှစ်မျိုး ကို ဖော်ပြခဲ့တယ် ။ 

အနုသုခုမ ဘဝ (The Aesthetic Sphere)  လို့ခေါ်တဲ့ ယာယီအာရုံခံစားမှုတွေ ၊ ပျော်ရွှင်မှု တွေအပေါ်ကို ဗဟိုပြုပြီး ကာမဂုဏ် တွေနဲ့ယစ်မူးနေတဲ့ ဘဝ နဲ့ တည်ငြိမ်တဲ့ဘဝ (The Ethical / Disciplined Sphere) လို့ခေါ်တဲ့ တာဝန်ယူမှု တွေ ၊ ကိုယ်ကျင့်တရားစောင့်ထိန်းမှု တွေနဲ့ ကိုယ့်ကိုယ်ကိုယ် အမြဲတိုးတက်အောင် လုပ်နေတဲ့ဘဝ တို့ပါပဲ။

( လူတစ်ယောက်က ဘဝအချိုးအကွေ့ တစ်ခုခုမှာ Aesthetic Sphere ရဲ့ စိတ်ပျက်စရာတွေကြောင့်ပဲ Ethical Sphere ထဲကို ရောက်သွားဖို့လိုတယ် ။ အကယ်၍ မရောက်ခဲ့ရင်တော့ အဲ့လူက လူအစစ်အဖြစ်နဲ့ရှင်သန်ခဲ့ခြင်းမျိုးမဟုတ်ပါဘူး  : ကျွန်ုပ်၏ ဖြည့်စွက်ချက် )

ဆိုတော့ဒါတွေနဲ့ ဘဝရွေးချယ်စရာတွေနဲ့ကဘာဆိုင်တာလဲ ။ အောက်စာ ကိုဖတ်လိုက်ကြည့်ကြည့်ပါ ။
 
"  The crucial thing is to find a truth which is truth for me, to find the idea for which I am willing to live and die. But what is it to find this idea, if not to live in such a way that my life itself expresses it? And this can be done only through a leap, not by reason alone. The leap is the existential decision, made not with proof, but with passion. " (မဖတ်လဲရတယ်)

ဘာသာပြန် :
" အရေးအကြီးဆုံးကတော့ ကျုပ် အတွက် အမှန်တရားတစ်ခုကို ရှာဖွေဖို့ပဲ၊ ဘဝကိုပေးလိုက်ရင်တောင်အဆင်ပြေတဲ့ အမှန်တရားအတွေးအခေါ်တစ်ခုကိုပဲပေါ့ ။  ဒါပေမဲ့၊ ကျုပ် ဘဝနဲ့တစ်ပြေးညီ အဲဒီအတွေးကို အသက်ဝင်အောင် ပြသဖို့ မဖြစ်မနေ လိုတယ်မဟုတ်လား။ ဒါကိုတော့ မျက်စိစုံမှိတ်ပြီး ပစ်ဝင်လိုက် ဖို့လိုတယ်၊ ဆင်ခြင်တုံတရားသပ်သပ်ချည်း နဲ့ တော့ မရဘူးလေ ။ အဲ့ဒီလို ဘဝကြီးနဲ့ ပစ်ဝင်ရမဲ့ ခြေလှမ်းလေးကလဲ သက်သေတွေ နဲ့ ဆင်ခြင်မှုတွေအစား စိတ်အားထက်သန်မှုနဲ့သာ ဆောင်ရွက်ရတာ  "
(ဒါလေးတော့ဖတ်)

---

သူ့အတွက် အရေးကြီးတာက အမှန်တရားတစ်ခု ကို ရှာဖွေဖို့ပဲ ။ ဒါက အတွေးတစ်ခု ဖြစ်နိုင်တယ်၊ ဒါမှမဟုတ် ဘဝတစ်လျှောက် လိုက်နာလိုတဲ့ ရည်ရွယ်ချက်တစ်ခု ဖြစ်နိုင်တယ်။

အထက်ပါဖော်ပြတဲ့စာပိုဒ်ထဲမှာပြောတဲ့
" The crucial thing is to find a truth which is truth for me, " ဆိုတဲ့နားလေးမှာ  Truth for me ဆိုတာက မိမိဘဝတစ်သက်တာလုံး နဲ့ဆိုင်တဲ့ အမှန်တရားတစ်ခု၊ရည်ရွယ်ချက် ဒါမှမဟုတ်ရင်လဲ ခံယူချက်တစ်ခုခုကိုရည်ညွှန်းတယ်။  ဒါကို ရှာဖွေနိုင်ဖို့ ဆင်ခြင်တုံတရား(Rationality) ၊ သက်သေအထောက်တွေ ချည်းပဲနဲ့ မဖြစ်နိုင်ဘူးလို့ သူကဆိုတယ်။ ဆင်ခြင်တုံတရားမဲ့တဲ့ လမ်းစဥ်ကိုလိုက်ခိုင်းတာမဟုတ်ပဲ Rationality အပေါ်ကို အပြည့်အဝ မမှီခိုစေချင်တဲ့ သဘော ။

ဥပမာ ။

အိမ်က သင့်ကိုဆရာဝန်မဖြစ်ဖြစ်အောင်လုပ်ခိုင်းတယ်။ သင့်အနေနဲ့လဲ ဆရာဝန်ဖြစ်ဖို့ဆေးကျောင်းတွေ တက်လာပြီးမှ လုပ်ရမဲ့အချိန်ရောက်တဲ့အခါ သင် ဝါသနာပါတဲ့ ပန်းချီ အလုပ်ကို ရှာတွေ့တယ် ။ ဝင်ငွေခြင်း ၊ အားစိုက်လိုက်ရခြင်း တွေကတော့ ဘယ်ရွေးချယ်မှုက Rationality နဲ့ညီလဲဆိုတာ သိသာပါတယ်။

ဒါပေမဲ့ ဆရာဝန်ဖြစ်လာရင် သင်တစ်ကယ်ရော ပျော်ရွှင် ရမှာပါလား ။ ( ဒီနေရာမှာ ပျော်ရွှင်မှုက Aesthetic Sphere ရဲ့ ကာမဂုဏ် မဟုတ်ပဲ ဘယ်သူ့ကိုမှထိခိုက်မနေတဲ့  Passion သာဖြစ်ပေတယ် )

  Kierkegaard က ဒီနေရာမှာ သင့်နားထဲကို တိုးတိုးကလေး ပြောနေတာ ကတော့ ရွေးချယ်မှုတစ်ခုကို စိတ်အားထက်သန်မှု (passion) ရှိရာလမ်းကြောင်း နဲ့ ခုန်ဝင်(leap) လိုက်ရမယ် ဆိုပြီးတော့ပေါ့ ။

ထိုခုန်ဝင်လိုက်တဲ့ခြေလှမ်းက ယုံကြည်မှုအပေါ်ပဲ ဗဟိုပြုထားတယ်။ Kierkegaard အတွက် အဲ့သလို ခြေလှမ်းမျိုးဆိုတာ တစ်ဦးတစ်ယောက်ရဲ့ အမှန်တရားနဲ့ ခံယူချက်ရှိရှိ စစ်မှန်တဲ့ ဘဝကို စတင်ဖန်တီးခြင်းပါပဲ။

~Written By Lunatic

#Kira@IknowledgeField
❤20🔥4🥰2🍓2😭1
Web Novel: Shadow Slave
Quick review

Fb မှာ ဖတ်ရှု့နိုင်ပါပြီ
https://www.facebook.com/share/p/1CQQQUo2EZ/

ရေးသားသူ =
~ Karmaz

#Kira@IknowledgeField
❤9🔥2🍓2
တရုတ် web novel လောကကို
Inter ထိတစ်ခေတ်ဆန်းစေခဲ့တဲ့
Lord of the mysteries ဟာ ယခုဆိုရင် Animation အဖြစ်ထွက်လာပါပြီ ။
ယခင်အပတ်ထဲက ထွက်နေတာ ဒီအပတ်တစ်ပိုင်း နဲ့ဆိုရင် သုံးပိုင်းရှိနေပါပြီ ။ LOTM ရဲ့ ပျင်းစရာအကောင်းဆုံး Vol အစပိုင်းကို Animation ရော Themeရောနဲ့ စိတ်မပျက်စေရတဲ့ adaption တစ်ခုဖြစ်တာမလို့ ကြည့်ကိုကြည့်သင့်ပါတယ်။

( Thinkverse မှာ ပူးတွဲ ဘာသာပြန် Channel )
https://t.me/LOTMAOM

#Kira@IknowledgeField
❤15🔥4
Chomsky - Foucault Debate on Power Vs Justice (1971)

In his debate with Chomsky on Power vs Justice, Foucault asserted that there is no universal justice, and that all concepts of justice are shaped by power.

In His Own Words

"Justice is not some ideal existing above society.
What is called 'justice' is part of the power structures that exist. it is defined by them, enforced through them, and serves them. "

Which means
What people call “justice” is not a fixed or eternal truth.
Instead, it is a product of historical and social power relations.
Even our sense of morality and truth is constructed by institutions (like prisons, schools, science, law).
Foucault refused to define justice in abstract or universal terms. He insisted that power shapes justice, not the other way around.
He saw Chomsky’s appeal to innate ideas of justice as a naïve Enlightenment ideal, blind to the historical and material conditions that define what justice means.

~Written by Lunatic (Me)
(မြန်မာလိုနောက်နေ့တင်မယ်)

#Kira
❤12🔥1👏1🌚1💅1🗿1
New admin, Shira ပါ
Music အပိုင်းနဲ့ ကြိုက်မိတဲ့စာအုပ်လေးတို့ philo လောက်တော့ ပြောပြပေးနိုင်မယ် ထင်ပါတယ် အဓိကကတော့ ဒီလိုတင်ပေးရင်းနဲ့ music နဲ့ပိုနီးစပ်လာမလား ဆိုတဲ့ရည်ရွယ်ချက်နဲ့ပါပဲ
#Shira
❤10🍓2🥰1
လောလောဆယ်တော့ Karl Marx ရဲ့အရင်းကျမ်းနဲ့ ပက်သတ်ပြီးdetailed ရှင်းပြချင်တယ် ဘယ်လိုလူတွေအတွက်လဲဆိုဝောာ့ စာဖတ်ရမှာပျင်းသူတွေနဲ့ ဖတ်ပေမဲ့နားမလည်လိုက်တာမျိုး ဆွေးနွေးဖို့လူလိုတာမျိုးနဲ့ ဥပမာနဲ့ထပ်ဆင့်ထပ်ဆင့် ပိုသိချင်တဲ့လူမျိုး အတွက်ရည်ရွယ်ထားပါတယ်။ စုစုပေါင်း အခန်း(၈) ခန်းပါပြီး  powerpoint နဲ့ကောလုပ်ပေးဖြစ်မယ်လို့ လျာထားတာရှိပါတယ် မအီအောင်တော့တတ်နိုင်သမျှတော့ ဖန်တီးပေးပါ့မယ် ကိုယ်တိုင်လဲလေ့လာနေဆဲမို့ အတွေးလွဲချော်တာရှိမိသွားရင်လဲ အားမနာပါးမနာ လာပြောလို့ရပါတယ် ကြားထဲလဲ ဟိုစပ်ဒီစပ် တင်ပေးဖြစ်မယ်ထင်ပါတယ်

အသုံးပြုသွားမယ့် စာအုပ်လေးပါကိုယ်တိုင်လဲရှာဖတ်လို့ရပါတယ်
#Shira
❤13🔥4🍓1
Oedipus Complex : Short Explaination

Sigmund Freud ရဲ့ စိတ်သရုပ်ခွဲ ဗေဒအယူအဆ အရ ဖြစ်ပေါ်လာတဲ့ စိတ်ပိုင်းဆိုင်ရာပြဿနာတစ်မျိုး ဖြစ်ပြီး ကလေးတွေအနေနဲ့ မိခင်ကို romantic affection (လိင်ပိုင်းဆိုင်ရာ အချစ်စိတ်) နဲ့ တိတ်တဆိတ် ချစ်ပြီး ဖခင်ကို ယှဉ်ပြိုင်သူတစ်ယောက်အဖြစ် မြင်တတ်ကြတာကိုဖော်ပြထားတာ Oedipus Complex လို့ခေါ်တယ်။

ကလေးအရွယ်မှာ မိဘနှစ်ဦးနဲ့ emotional attachment တွေ ဖြစ်လာပြီး သားယောင်္ကျားလေးတစ်ဦးအတွက် မိခင်နဲ့နီးစပ်ချင်စိတ်က ဖခင်ကို မနှစ်သက်သလို သူ ခံစားရတတ်တယ်။

Freud ဆိုလိုတဲ့ Oedipus Complex ဟာ Psychopathically Mind Complex တစ်မျိုးမဟုတ်ပါဘူး။ (ပြောချင်တာက ငယ်စဥ်မှာဆို ကုသမှုယူဖို့လိုတာမျိုးမဟုတ်ဘူးပေါ့)

Child Psychological development တစ်မျိုးဖြစ်ပြီး အသက် 3ကနေ 6နှစ် အလွန်ရောက်တဲ့အခါမှာ ကလေးတစ်ယောက်က ထို Mind Complexကနေ ပုံမှန်လို Out growဖြစ်လာရမှာပါ။

ဖြစ်မလာခဲ့ရင်၊အချိန်အတော်ကြာစွဲကပ်နေရင်တော့ ရောဂါတစ်ခုလို ခေါ်ဆိုနိုင်တဲ့stateထိ ရောက်နိုင်ပေမဲ့ များသောအားဖြင့် တော့ Out growဖြစ်သွားကြတာချည်းပါပဲ။

Freud အရတော့ အဲ့လို စိတ်ခံစားမှုက ၃ နှစ်မှ ၆ နှစ်အကြား ပုံမှန် ဖြစ်တတ်ပြီး ဖခင်ကိုကြောက်တဲ့စိတ် (castration anxiety) ကြောင့် ပဲ မိခင်အပေါ် ခဏတာဖြစ်ပေါ်တဲ့ လိင်စိတ် ကိုဖိသိပ်ဖို့ကြိုးစားထားတာပါ ။

အမျိုးသမီးလေးတွေအတွက်လည်း မတူညီတဲ့ဗားရှင်းတစ်ခုဖြစ်တဲ့ Electra Complex ဆိုတာရှိတယ်။

Oedipus Complex လို့ခေါ်ရတဲ့ အကြောင်းအရင်းကတော့ ဂရိတ်ဒဏ္ဍာရီထဲက မိခင်နဲ့ လက်ထပ်ပြီး ဖခင်ကိုသတ်လိုက်တဲ့ Oedipus ရဲ့ သမိုင်းကြောင်းအရပါ ပဲ။

#Kira
❤11⚡1🔥1🥰1🍓1
YOU Seriesရဲ့ Endingက
လူတိုင်းပြောသလို တော်တော်ဆိုးတဲ့ Feminist Ending တစ်ပုဒ်မလို့လား ။


Facebookမှာ
ဖတ်ရှု့နိုင်ပါတယ်။
https://www.facebook.com/share/p/16b62ddYwn/

Tiktokမှာလဲ Part 1,2 ခွဲ ပြီးတင်ပေးထားပါတယ်။
Thinkverse Tiktok Offical (click to copy)
" @thinkverse69 "

You Season 5 ကို Free ကြည့်ချင်ရင်
https://t.me/YouS5mmSub မှာကြည့်လို့ရပါတယ်။

#Kira@IknowledgeField
❤9🔥3
Lord of the Mysteries ဆိုတာ လက်ရှိတော်တော်လေးကိုနာမည်ကြီးနေတဲ့ Donghua ပါ Webnovel တုန်းကလဲလုံးဝကို No. 1 နေရာမှာရပ်တည်ခဲ့တဲ့ဟာကြီးပါ Big 3 of webnovel ထဲကတစ်ခုလို့ပါတင်စားကြပါတယ်

ဒီနေ့မှာတော့ မြူခိုးအထက်က နေရာကြီးကဘာလဲ Klein ရောက်သွားတဲ့နေရာကြီးကဘာလဲဆိုတာနည်းနည်း spoiler အနည်းငယ်နဲ့ရှင်းပြသွားမှာပါ။

ဆက်လက်ဖတ်ရှု့ရန်
Facebook Link -
https://www.facebook.com/share/p/19Mo9pVX8b/

~ Written By Karma

( ဒါကတော့ Telegramမှာ Monday တင်ပေးပါမယ် ၊ Goldberg Contentကတော့မတင်တော့ပါတဲ့ )

#Karma@IknowledgeField
❤8🔥3
❝ ကတ်ကိုဘိန်း အတွက် ပန်းစည်း ❞

ဘဝ နောက်ခန်းတွဲလေး တခုမှာ
သူ့ကို မွေးဖွားခဲ့
တံတားအောက် ရွက်ဖျင်တဲလေးမှာ
မီးလင်းဖိုမဲ့ ညတွေ
အေးစက်တဲ့ ကျောက်စရစ်ခဲတွေကြားမှာ
ဆူးတောင်တွေ အကြောင်းမဲ့ ထောင်နေတဲ့
ရေနည်းငါး တကောင်
ချောင်းဆိုးပျောက်ဆေး ပုလင်းတွေဟာ
သစ္စာအရှိဆုံး အပေါင်းအသင်းတွေ

ကိုယ့်ကိုယ်ကိုယ် ရှောင်လို့မလွတ်တာ အခက်ဆုံးပဲ
အရူး နှစ်သိမ့် စိတ်ငြိမ်ဆေးအခါး တွေစွဲပြီး
သူ့ လူငယ်ဘဝဟာ ခါးရိုးညွှတ်လာတယ်

စက်အထိန်းမနိုင်ဘဲ ထွက်လာတဲ့ စူးစူးဝါးဝါးဂစ်တာသံတွေ
ဘိ(တ)မျိုးဆက်တွေ အရူးအမူးဝတ်ဆင်ကြတဲ့
ဂျင်းဘောင်းဘီအမျိုးအစား

❝ ခင်ဗျားတို့ကို ကျွန်တော်အရူးမလုပ်တော့ပါဘူး ❞ တဲ့

ပိန်းပိတ်အောင် နက်မှောင်နေတဲ့ ထပ်ခိုးလေးထဲမှာ
သေနတ်တလက်သာ အနက်ရောင်တဖျပ်ဖျပ်
လက်ရင်းကျန်ခဲ့။ ။

▪️မောင်ယုပိုင်

#ကတ်ကိုဘိန်းအတွက်ပန်းစည်း #မောင်ယုပိုင်
❤14❤‍🔥4
Emil Cioran : Antinatalism
On “The Trouble With Being Born"


“ ကျွန်တော်တို့က သေခြင်း တရားဆီကို ပြေးဝင်နေကြတာမဟုတ်ပါဘူး။ ကျွန်တော်တို့က မွေးဖွားခြင်း ဆိုတဲ့ဘေးဒုက္ခကနေ ထွက်ပြေးနေကြတာဖြစ်ပြီး ထိုမွေးဖွားခြင်းရဲ့ဘေးဒုက္ခတွေကို မေ့လျော့ဖို့ ကြိုးစားနေကြတဲ့ ရှင်သန် သူတွေပါပဲ။ သေခြင်းတရားကို ကြောက်ရွံခြင်းဆိုတာက ကျွန်တော်တို့ စတင်မွေးဖွားကတည်းက ရှိနေခဲ့တဲ့ ပထမဆုံးကြောက်ရွံ့မှု ရဲ့ ပုံရိပ် ပဲမဟုတ်လား ”

~~~~

Emil Cioran ဆိုတာ ရူမေးနီးယား စာရေးဆရာ၊ဒဿနပညာရှင် တစ်ဦးဖြစ်ပြီး Nihilist ဆန်တဲ့ဘဝအမြင် ရှု့ထောင့်နဲ့ ဒဿနပညာရှင် Arthur Schopenhauer (အာသာ ရှိုပင်ဝှာ) တို့ရဲ့ လွှမ်းမှုမကင်းတဲ့ သူတစ်ဦး လဲ ဖြစ်ပါတယ်။

သူဟာ မွေးဖွားလာခြင်း (ကလေးမွေးခြင်း) ဆိုတာကို ကြီးမားလေးလံတဲ့ ပြစ်မှုတစ်ခုလို့ ယူဆတဲ့( " Antinatalism ; မွေးဖွားမှုဆန့်ကျင်ခြင်း ဝါဒ " ) စာရေးဆရာတစ်ဦးဖြစ်ပါတယ်။
ဘယ်သူကမှ သူ/သူမ ကိုမွေးပေးပါလို့ မတောင်းဆိုစေခဲ့ပဲ မွေးဖွားလာရခြင်း ဆိုတာက ထိုမွေးဖွားခံ(Subject) ကို ဒီ ရှုပ်ထွေး ရက်စက် တဲ့ လူ့လောကထဲ ခေါ်သွင်းပြီး ငရဲခံစေတာပဲလို့ Antinatalism က ယူဆတယ်။ ဒီနိုင်ငံမှာလူဖြစ်ရတာတွေဟိုနိုင်ငံမှာလူဖြစ်ရတာတွေခဏထားဦး ၊ သူတို့က လူဖြစ်လာရတာ ကိုတောင်မှ အဆုံးစွန်သော မကောင်းမှုလို့ ဖော်ပြတာ ။

David Benatar နဲ့Thomas Ligotti စသည်ဖြင့် Antinatalist စာရေးဆရာ တွေ လောက် Cioran က သက်သေအထောက်အထား၊ရှင်းလင်းတဲ့ဖြေခြင်း ချက်တွေ မသုံးထားပေမဲ့ သူ့ရဲ့ စာအုပ်
" The Trouble with Being Born " ဟာ Antinatalism ကို ကဗျာဆန်ဆန် ဖော်ကျူးထားတာ ကိုတွေ့ရမှာဖြစ်တယ်။ Cioran ဟာ လူသားတစ်ဦး မွေးဖွားလာခြင်း ကို တရားမျှတမှုမရှိဘူးလို့ ယူဆတယ်။ သူ့အတွက် လူ့သက်တမ်း ဆိုတာက စဉ်ဆက်မပြတ် နာကျင်ရတဲ့ အချိန်ကာလ ဖြစ်တယ် ။ ပျော်ရွှင်မှု့ကို စောင့်စားနေတဲ့လူတွေသာလျှင် မပျော်ရွှင်နိုင်တော့တဲ့အခါ စိတ်ပျက်သွားရတယ်။ သူက အသက်ရှိနေသေးတာကို ကျေးဇူးမတင်သင့်ပဲ တိတ်ဆိတ်စွာ ငြင်းပယ်ခြင်း အဖြစ်နဲ့နေထိုင်သွားရလိမ့်မယ်လို့ ဆိုတယ် ။

ဒါပေမဲ့Cioran ကိုယ်တိုင်
က မိမိကိုယ်ကိုယ် အဆုံးစီရင်တာကို လမ်းကြောင်းတစ်ခုအဖြစ်မမြင်ခဲ့ဘူး။
သူ့ရဲ့ The Trouble With Being Born စာအုပ်ထဲမှာ -

“It is not worth the bother of killing yourself, since you always kill yourself too late.”

လို့ဖော်ပြထားတယ်။ ဆိုလိုတာက သတ်သေတယ်ဆိုတာ အမြဲတမ်း နောက်ကျနေတာပဲမလို့ အကျိုးမရှိဘူးဆိုတာပဲ။ (မကောင်းတာတစ်ခုခုဖြစ်လို့သတ်သေမယ်ဆိုတာ ထိုမကောင်းမှုက ဖြစ်ပြီးသွားပြီ မလို့အဓိပ္ပါယ်မရှိဘူးပြောချင်တာ ၊ ဒီနေရာမှာ ဖြစ်တော့မှာမလို့ကြိုသတ်သေတာလို့ ပြောလို့မရဘူး ၊ ဘာကြောင့်လဲဆိုရင် Cioranဟာ "မွေးဖွားခြင်း" ဆိုတဲ့ အရာအားလုံးရဲ့ အစ ကို 'မကောင်းမှု' လို့ခံယူထားတယ် ဒါကြောင့်ဘာမှ ထူးခြားမှာမဟုတ်ဘူး) ။

ဒါကတော့ တစ်ကိုက်စာ : စာရေးဆရာ အကြောင်းလေးပါ ။ အပတ်စဥ် Sundayတိုင်း postတင်ပါတယ် ။

~ Written by Lunatic
(လူနတစ်ရေးသားသည်)

Support Our Contents &
Telegram Channel -
@IknowledgeField

#Kira@IknowledgeField
❤13🔥2
Emil Cioran : Antinatalism
On “The Trouble With Being Born"

https://t.me/IknowledgeField/473

#Kira
❤16🔥2🤔2
Something big is coming !!!
#JP
🔥7❤6