𝙏𝙝𝙞𝙣𝙠𝙫𝙚𝙧𝙨𝙚
1.36K subscribers
262 photos
9 videos
13 files
126 links
သတင်း ၊ ဒဿန ၊ စာပေ ၊ သိပ္ပံနှင့် ဖျော်ဖြေရေး အရေးအသားများ

Our Web(closed)
thinkverse.lovable.app

Lunatic's Collection
https://t.me/IknowledgeField/476

Merlin's Collection
https://t.me/IknowledgeField/154

Contact for business -
@MertvetsKira
Download Telegram
ကမူးစ့် နှင့် အချည်အနှီးဝါဒ

Support Our Tiktok Community

https://vt.tiktok.com/ZShpQYfEU/

Edit-Link Fixed

#Kira
❤22🔥5👏1
Adminကီရာ၏ ချာနယ်မိတ်ဆက်

“ Kira's Notes ”

ဒီချာနယ်လေးကတော့
Thinkverseက Admin Kiraရဲ့ Personal Channel​ဖြစ်ပါတယ်။ Thinkverseမှာ Philosophy ကို Introductions တင်ပေးခဲ့ပေမဲ့ ...

• ဒီ Kira's Note ချာနယ်လေးမှာ ဒဿနိကဗေဒကို Intermediate လောက်ထိနှံ့စပ်စွာ ဆောင်းပါးများရေးသားသွားမှာပါ။

• သဘောတရား(Concept) တစ်ခုခုကိုနားလည်ဖို့လဲ မြန်မာ့နည်းမြန်မာ့ဟန်နဲ့ ရှင်းပြပေးမဲ့အပြင်

• adminကီရာဖတ်ခဲ့ဖူးတဲ့ စာအုပ်တွေကို ဝေဖန်အကဲ ဖြတ်တာ (Analysis) တွေ နဲ့

• Philosophical ဘာသာပြန်အက်ဆေးတွေ

• Self Study နည်းစနစ်တွေနဲ့

• English,ဘာသာဗေဒ,ဒဿနဗေဒ,စိတ်ပညာ, လူမှုဗေဒ တို့လိုလူသိနည်း (အသုံးဝင်) တဲ့ဘာသာရပ်တွေနဲ့ပတ်သပ်ပြီး Admin Kira လေ့လာခဲ့တဲ့အခါ ထုတ်ထားတဲ့ မှတ်စုတိုလေးတွေကိုပါ မျှဝေတင်ဆက်ပေးသွားမှာပါ။

Channel Link -
@Lunatism_Philosophy

Thinkverse မှာလည်းတစ်ဖန်မတူညီတဲ့contentတွေတင်ဆက်ဦးမှာဖြစ်လို့ Educational Purpose ဖြစ်တဲ့ Channel နှစ်ခုလုံးကို Joinထားဖို့မမေ့နဲ့နော်။

#Kira
❤10🔥6🤯2👏1🏆1
သူကသူ့ရဲ့ဝန်ကို ဝန်လိုသဘောမထားပဲ ခန္ဓာကိုယ်ရဲ့ဒုတိယမြောက်ကျောရိုးအဖြစ်အနေနှင့်သယ်ဆောင်ထားတယ် ခန္ဓာကိုယ်ကြီးက‌ကြမ်းပြင်အထိကွေးညွှတ်နေတယ် ထိုကွေးညွှတ်နေမှုကြီးကသူ့ရဲ့ လှုပ်ရှားမှုတိုင်းကို ပြောင်းလဲနေစေတယ်လေ ထို့သို့တိုင်အောင်ဖြစ်သော်လည်း သူကမမြင်ခဲ့ဘူး ဘာကြောင့်လဲ။ အဲ့ဖိအားကဟုတ်ဟုတ်ဆိုပြီးလည်းအသံထွက်မနေဘူး ဒါပေမယ့် စကားလုံးမလိုပဲ ရှေးခေတ်တီးလုံးလေးတစ်ပုဒ်လိုနဲ့ မနားဘဲ အသံပေးနေတယ်။ သူ့ရဲ့စိတ်ဝိညာဉ်က နည်းနည်းလေးဖြင့် များများဆုပ်ကိုင်မှုအနုပညာတစ်ရပ်တတ်မြောက်ခဲ့တယ် ပြောရမယ်ဆိုရင် သူက မျှော်လင့်ချက်တွေကိုရယ်သံနဲ့ခေါက်သိမ်းတတ်ထားတယ် ကြောက်ရွံ့မှုကိုလည်း တာဝန်ဆိုတဲ့အရာနဲ့ဖုံးထားတယ် ချစ်ခြင်းကိုလဲ ကျိုးပဲ့နေတဲ့မှတ်ဉာဏ်တွေရဲ့အောက်ခြေမှာမြုပ်နှံထားတဲ့လူတစ်ယောက် လူဖြစ်ရှုံးတာလား တာဝန်သိတတ်တာလား ပြီးပြည့်စုံတဲ့လူသားတစ်ယောက်ဖြစ်လာတာလားမခွဲခြားတတ်‌ဘူးကွယ်။ သူ့ရဲ့ဝန်ဆိုတဲ့အသက်ရှုနေတယ် သက်ရှိတစ်ယောက်လိုပေါ့ ဒါပေမယ့်မလွတ်မြောက်နိုင်ဘူး လက်ဝါးကပ်တိုင်လိုသယ်ဆောင်ရမယ့်ဝန်တစ်ခုမဟုတ်ပေမဲ့ ဒါဟာသူဘယ်တုန်းကမှလှန်မကြည့်ခဲ့ဖူးတဲ့မှန်တစ်ချက်လိုပါပဲ။
#Thinkverse@IknowledgeField
❤16💘3🦄3😈2🔥1👏1🤔1🥱1
Answer me….

What’s the meaning of life for you?

#
အတွေးကမ္ဘာ@IknowledgeField
❤10🤔5🤯3
လိင်စိတ်ဆန္ဒ ကို ရှောင်ကြဉ်တဲ့ကျင့်စဉ်ဆိုတာ အပြောလွယ်ပေမဲ့ အလုပ်ခက်တယ်ဆိုတာလူတိုင်းသိကြပါတယ်။
လိင်စိတ်ဘယ်လိုဖျောက်ရမလဲ
(Kira's Note Channelတွင်ဖတ်ရှု့နိုင်ပါပြီ)

နှိပ်ပါ


•Übermensch ဖြစ်နည်း အဆစ်ပါ (It's a joke)

Porn Addiction recovery plan
https://t.me/Lunatism_Philosophy/25

#Kira
❤14🔥5🗿4🤯1
မိုးအေးအေးနဲ့ ရီဗျုးအတိုလေး။

Absurdism ဆိုရင် Camus ရဲ့ L'tranger တို့လောက်ကိုပဲ မြန်မာနိုင်ငံကအသိမှတ်ပြုကြတာများတယ် ။

Edward Albee ရဲ့ The American Dream ပြဇာတ် ဆိုရင် Absurdism အရေးအသားတွေထဲက Absurdအဆန်ဆုံး လက်ရာတစ်ခုပဲ ။ Camusဟာကမှ Existential ဆန်ရင်ဆန်နေဦးမယ် ။

The American Dream ပြဇာတ်က ဇာတ်ကောင်တွေတိုင်းက အဓိပ္ပါယ်မရှိ ဖြစ်ချင်ရာတွေဖြစ်ပြီး သူ့ရဲ့ Contemporary (ခေတ်ပြိုင်) အခြေအနေတုန်းက အမေရိကန်တွေရဲ့ စီးပွားရေးနဲ့ ပစ္စည်း (Materialism) တွေကိုချစ်မြတ်နိုးမှုက လူသားချင်း ကြင်နာခြင်းထက် ပို နေပြီဆိုတာကို ပြသထားတယ် ။ လူသားတွေဖန်တီးလိုက်တဲ့ တန်ဖိုးအသစ်တွေရဲ့ မခိုင်လုံမှုနဲ့ လူ့ဘောင်တည်နေရာကို မေးခွန်းထုတ်ဖို့ ရည်ရွယ်ထားတာပဲ ။ Absurdist Play/Novel တိုင်းက L'trangerလို Voidကိုဖော်ကျူးနေတာမျိုးမဟုတ်ဘူး၊ အချို့တွေကVoidကိုအသုံးပြုပြီးလဲ လိုချင်တာကို ပုံဖော်သွားတတ်ကြတယ်ဆိုတာ သိထားစေချင်ပါတယ်။

@Lunatism_Philosophy
#Kira
❤12🔥3
𝙏𝙝𝙞𝙣𝙠𝙫𝙚𝙧𝙨𝙚
Photo
What exactly is Mathematics?

အားလုံးပဲမင်္ဂလာပါဗျ။ ဒီနေ့ညကျွန်တော်ပြောပြမယ့်အကြောင်းကတော့ လူတော်တော်များများ အခက်တွေ့တတ်တဲ့ သင်္ချာအကြောင်းပဲဖြစ်ပါတယ်ဗျာ။ ဒီအကြောင်းမပြောခင် ခင်ဗျားတို့ကို ကျွန်တော်တစ်ခုမေးချင်တယ်။ ခင်ဗျားတို့ခေါင်းထဲ တစ်ခဏအတွင်း ရုတ်တရက်ပေါ်လာတဲ့ အဖြေကိုပဲ ထုတ်ပြောကြည့်ပါဗျာ။ "'သင်္ချာဆိုတာ ဘာလဲ'" ဒီမေးခွန်းကို ကျွန်တော့်သူငယ်ချင်းတွေကိုလည်း ခဏခဏမေးဖူးတယ်ဗျ။ သူတို့က "'သင်္ချာဆိုတာ ပေါင်း၊ နုတ်၊ မြှောက်၊ စားပဲလေ'" တချို့က "'နံပါတ်တွေနဲ့ ဂဏန်းတွေလား'" ဆိုပြီး ပြန်မေးတယ်။ တချို့ကလည်း "'ဖြေဖူးတာမရှိဘူး၊ စာမေးပွဲကျတော့ ကြားတာပဲ'" လို့ ဖြေတယ်။ တချို့ကတော့ "'သင်္ချာဆိုတာ ကျွန်တော်နဲ့ မသက်ဆိုင်တဲ့အရာပါ'" ဆိုပြီး လုံးဝရှောင်ပြေးကြတယ်။ သင်္ချာရဲ့ တကယ့်အနှစ်သာရကို ဖြေရာမှာ အတော်လေး ပေါ့ဆတာကို တွေ့ရတယ်ဗျ။ တကယ်တော့ သင်္ချာဆိုတာဘာလဲဆိုတဲ့ မေးခွန်းကို ဖြေဖို့အတွက် အဖြေက တိတိကျကျရှိတယ်ရယ်လို့လည်း မဟုတ်ပါဘူး။ ဒါပေမဲ့ သင်္ချာဆိုတာ "'ပေါင်း၊ နုတ်၊ မြှောက်၊ စား'" ထက် လေးနက်တယ်ဆိုတာကို ကျွန်တော်ဒီည ပြောပြချင်တာပါ။

တကယ့်သင်္ချာဆိုတာဘာလဲဆိုတော့ကာ သင်္ချာဆိုတာ လူအများစု ထင်မှတ်ယူဆထားတဲ့ သာမန်ရိုးရိုးရှင်းရှင်း ဂဏန်းတွေကို ကိုင်တွယ်ဖြေရှင်းတဲ့ ဘာသာရပ်တစ်ခုတော့ မဟုတ်ဘူးဗျ။ အမှန်တော့ သင်္ချာက ပုံစံ (pattern) တွေကို ရှာဖွေခြင်းနဲ့ နားလည်ခြင်း၊ အကျိုးသင့်အကြောင်းသင့် တွေးခေါ်ခြင်း (logical reasoning)၊ ပြဿနာတစ်ရပ်ကို စနစ်တကျ ချဉ်းကပ်ပြီး ဖြေရှင်းခြင်း (problem solving) နဲ့ နောက်တစ်ခုက abstract ကျတဲ့ တွေးခေါ်မှုတွေကို တည်ဆောက်ခြင်းဆိုတဲ့ လုပ်ငန်းစဉ်တွေကို စုစည်းထားတဲ့ ဘာသာရပ်တစ်ခုပဲဗျ။ "'ပေါင်း၊ နုတ်၊ မြှောက်၊ စား'" ဆိုတာတွေက သင်္ချာရဲ့ အခြေခံ "'ကိရိယာ'" တွေသာဖြစ်ပြီးတော့ တကယ့်သင်္ချာရဲ့ အနှစ်သာရကတော့ အဲ့ဒီကိရိယာတွေကို ဘယ်လိုကျွမ်းကျင်စွာ အသုံးပြုပြီး ရှုပ်ထွေးတဲ့ ပြဿနာတွေကို နည်းလမ်းပေါင်းစုံ နဲ့ ထောင့်ပေါင်းစုံကနေ ချဉ်းကပ်ဖြေရှင်းနိုင်မလဲဆိုတာပဲဗျ။ ပုစ္ဆာတစ်ခုရဲ့ အဖြေတစ်ခုကိုရဖို့ဆိုတာထက် အဲ့ဒီအဖြေကို ရရှိဖို့အတွက် ရောက်နိုင်တဲ့ ဖြေရှင်းပုံ (solution) တွေကို အလေးပေးတယ်လို့ ပြောလို့ရတယ်ဗျ။

စိတ်မကောင်းစရာက ဘာမှမရှိဘဲနဲ့ ပြဿနာကို ဖြေရှင်းနိုင်တဲ့ အကောင်းဆုံး ဖြေရှင်းချက်ရရှိအောင် စဉ်းစားတွေးခေါ်နိုင်တဲ့ ဉာဏ်နဲ့ စွမ်းရည်ကို ကျွန်တော်တို့နိုင်ငံမှာ အရမ်းကြီး အလေးပေး အရေးမထားတာကို တွေ့ရတယ်ဗျ။ ဒီမှာတော့ သင်္ချာကို စာမေးပွဲအတွက် ကျက်ဖို့ သို့မဟုတ် မှတ်သားဖို့ အကြောင်းရင်းမသိဘဲနဲ့ သင်ကြတာများပါတယ်။ "'စာမေးပွဲအတွက်ဖြေဖို့ သင်္ချာသင်ကြမယ်'" ဆိုတဲ့ အတွေးကြောင့် တကယ်ကို အသုံးဝင်တဲ့ ဘာသာရပ်တစ်ခုကို အဓိပ္ပါယ်မမှန်အောင် သူ့ရဲ့တန်ဖိုးကို လျှော့တွက်နေကြတာများတယ်ဗျ။ သင်္ချာကို ကျောင်းသားတွေ စာမေးပွဲအောင်ဖို့၊ ပုစ္ဆာအဖြေမှန်ရဖို့လောက်ပဲ အဓိကထား သင်ကြားနေကြတာများတယ်။ အဲ့လိုလုပ်ရပ်တွေက သင်္ချာရဲ့ တကယ့်တန်ဖိုးဖြစ်တဲ့ ဝေဖန်ပိုင်းခြားနိုင်စွမ်း (Critical Thinking) ၊ တီထွင်ဖန်တီးနိုင်စွမ်း (Creativity) နဲ့ အကျိုးသင့်အကြောင်းသင့် တွေးခေါ်ခြင်း (Logical Reasoning) တွေကို လျစ်လျူရှုထားသလို ဖြစ်နေပါတယ်။ အဲ့လိုမျိုး လျစ်လျူရှုချက်တွေကြောင့် သင်္ချာကို ထောက်တိုင်အဖြစ်ထားပြီး အသုံးပြုတဲ့ သင်္ချာအသုံးချ ဘာသာရပ်တွေဖြစ်တဲ့ ရူပဗေဒ (Physics)၊ ဓာတုဗေဒ (Chemistry) လို ဘာသာရပ်တွေမှာ သင်္ချာရဲ့ အရေးပါမှုကို ဆက်စပ်နိုင်စွမ်းတွေပါ လျော့လာပြီး သင်္ချာအပါအဝင် ဖော်ပြပါ ဘာသာရပ်တွေမှာပါ စိတ်ဝင်စားမှုနည်းလာတာကို တွေ့ရပါတယ်။

ဒါကြောင့်မို့ မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်မှာ သင်္ချာကို ရိုးရိုး ပုစ္ဆာတွက်တဲ့ ဘာသာရပ်တစ်ခုအနေနဲ့ပဲ သတ်မှတ်ထားတာကို ထိထိရောက်ရောက် ပြုပြင်သင့်နေပြီဗျ။ ကျောင်းသားတွေအနေနဲ့လည်း သင်္ချာရဲ့ အနှစ်သာရကို နားလည်ပြီး ပုစ္ဆာတွက်တာ၊ ပြဿနာရဲ့ အဖြေကိုရှာတာထက် ပိုတယ်ဆိုတာကို ရှင်းပြပြီး လက်တွေ့ဘဝမှာ ဘယ်လိုအသုံးချလို့ရတယ်ဆိုတာကို သိမြင်လာအောင် သင်ကြားပေးဖို့လိုအပ်တယ်ဗျ။ အဲ့လိုသင်ကြားပေးမှ တကယ့်လက်တွေ့ နေ့စဉ်ဘဝမှာ လုံးဝအရေးပါလာတဲ့ သင်္ချာရဲ့ အရေးပါမှုနဲ့ တန်ဖိုးအကြောင်းကို နားလည်ပြီး အခြေခံပညာကျောင်းကနေ ပေါ်ထွက်လာတဲ့ ကျောင်းသားတွေကလည်း ကျောင်းစာတတ်ရုံအပြင် ကျောင်းကသင်တဲ့ ပညာတွေကိုပါ လက်တွေ့မှာ အသုံးချနိုင်မှာဖြစ်ကြောင်း ပြောကြားရင်းနဲ့ ဒီမှာတင် ရပ်နားလိုက်ပါရစေဗျာ။

ခင်ဗျားတို့ကော သင်္ချာကို ဘယ်လိုထင်ကြလဲ။ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး ဆွေးနွေးချင်တာတွေရှိရင် comment မှာ လွတ်လပ်စွာ ရေးသားနိုင်ပါတယ်။

#Rover
❤24🔥2🍓2
အချိန်ကြေးမုံ

သီအိုရီပိုင်းဆိုင်ရာရူပဗေဒပညာရှင်များဟာ အချိန်ရဲ့ရောင်ပြန်ဟပ်မှု "𝙏𝙞𝙢𝙚 𝙈𝙞𝙧𝙧𝙤𝙧𝙨" လို့ခေါ်တဲ့အရာကိုဆယ်စုနှစ်ချီစွာသုတေသနပြုလုပ်နေခဲ့တာကြာပါပြီ ဒါကတော့ 𝙌𝙪𝙖𝙣𝙩𝙪𝙢 𝙈𝙚𝙘𝙝𝙖𝙣𝙞𝙘 လို့ခေါ်တဲ့ ရူပဗေဒထဲမှာပါဝင်တဲ့သီအိုရီတစ်ခုဖြစ်ပါတယ်။

အချိန်လှန်ခြင်းဆိုတဲ့အရာကဖော်ပြရရင် သင်ကမှန်တစ်ခုကိုသွားကြည့်တယ်ဆိုပါစို့ ဒါပေမယ့်သင်ကသင့်ရဲ့မျက်နှာကိုတွေ့ရမဲ့အစား သင့်ရဲ့နောက်ကျောပြင်ကြီးကိုသာမြင်လိုက်ရပါတယ် ဒါကတော့ တကယ့်ရူပဗေဒနယ်ပယ်အတွင်းမှာရှိတဲ့သီအိုရီတစ်ခုပါ သဘာဝလွန်မဟုတ်ပါဘူး ဒါကြောင့် 𝙏𝙞𝙢𝙚 𝙍𝙚𝙛𝙡𝙚𝙘𝙩𝙞𝙤𝙣 ဆိုတဲ့အရာကသာမန်မှန်တွေနဲ့ကွဲပြားတာကတော့သိမှာပါ။ အလင်းသို့မဟုတ်အသံက လေဟာနယ်ကြီးထဲမှာမူလအတိုင်းခုန်ကန်နေရာမဲ့အစား လှိုင်းကအချိန်အတွင်းမှာပြောင်းပြန်စီးဆင်းနေတာကြောင့် ဒီလိုအခြေအနေမျိုးဖြစ်ပေါ်လာပါတယ်။

ဖြစ်ပေါ်ပုံကိုပြောရမယ်ဆို လှိုင်းတွေ (အလင်း/အသံ/လျှပ်စစ်သံလိုက်) စတဲ့အရာတွေကပတ်ဝန်းကျင်အတွင်းမှာရုတ်တရက် အပြောင်းအလဲကြီးကြီးတစ်ခုဖြစ်စေတဲ့အရာနဲ့တွေ့ကြုံတဲ့အခါ လှိုင်းရဲ့ကြိမ်နှုန်းကပြောင်းလဲသွားပါတယ် ဒါကြောင့်လှိုင်းရဲ့ အချိန်စီးကြောင်းက ပြောင်းပြန်လှည့်သွားတဲ့အတွက် 𝙏𝙞𝙢𝙚 𝙍𝙚𝙛𝙡𝙚𝙘𝙩𝙞𝙤𝙣 ကဖြစ်ပေါ်လာပါတယ်။ ဒါကအချိန်ခရီးသွားတာနဲ့တော့မဆိုင်ပါဘူးလို့ပြောရမလား ဘာလို့လဲဆိုတော့ ဒီသက်ရောက်မှုကပတ်ဝန်းကျင်မှာပဲရှိတဲ့ရုပ်ပိုင်းဆိုင်ရာဂုဏ်သတ္တိတွေရဲ့ပြောင်းလဲမှုတစ်ခုခုနဲ့သာဆိုင်တာကြောင့်ပါ။

ဒီဖြစ်စဉ်ကို ဖန်တီးဖို့အတွက် သုတေသီအဖွဲ့ကလျှပ်စစ်သံလိုက်လှိုင်းများရဲ့ အပြုအမူကို ပုံမှန်မဟုတ်တဲ့နည်းလမ်းဖြင့်ထိန်းချုပ်နိုင်တဲ့ လူလုပ်အထူးပစ္စည်းတစ်ခုကိုအသုံးပြုခဲ့ပါတယိ။ ဒီအထူးလူလုပ်ပစ္စည်းက သိပ္ပံပညာရှင်များကို သာမန်မှန်ဒါမှမဟုတ်ပဲနဲ့တောင် မှန်ဘီလူးတွေထက် လှိုင်းတွေကို အဆမတန်ပိုမိုခြယ်လှယ်နိုင်စေတယ်လို့သိရပါတယ်။

သတ္တုပြားပေါ်ရှိတဲ့ လျှပ်စစ်အစိတ်အပိုင်းပစ္စည်းတွေကို သေချာချိန်ညှိပြီးနောက် သိပ္ပံပညာရှင်များက ဝုန်းကနည်းဖြစ်စေပြီးတော့ ရုတ်တရက်ဝင်လာနေတဲ့ 𝙎𝙞𝙜𝙣𝙖𝙡 တွေရဲ့ဦးတည်ရာကိုပြောင်းပြန်ဖြစ်သွားစေတဲ့အရာကိုစတင်မိတ်ဆက်ခဲ့ပါတယ်။ သိပ္ပံပညာရှင်တွေက ဒီသတ္တုပြားတွေကို လျှပ်သိုလှောင်တဲ့နေရာတွေနဲ့ချိတ်ဆက်ထားတဲ့ လျှပ်စစ်ခလုတ်တွေနဲ့တပ်ဆင်ထားပါတယ်။

ဒီဖွဲ့စည်းပုံက အချိန်ရဲ့စီးဆင်းပုံကိုပြောင်းပြန်လှည့်ဖို့ လုံလောက်တဲ့ အဟုန်စွမ်းအင်ကိုထောက်ပံ့ပေးနိုင်ခဲ့ပါတယ် (𝘽𝙪𝙧𝙨𝙩 𝙀𝙣𝙚𝙧𝙜𝙮) အရင်ကတော့ ဒါဟာလက်ရှိ ရှိနေတဲ့စွမ်းအင်တွေနဲ့မဖြစ်နိုင်ဘူးလို့ယူဆခဲ့ပါသေးတယ်။ ဖြစ်ပေါ်လာတာကတော့ မူလလှိုင်းရဲ့ပြောင်းပြန်ဖြစ်နေတဲ့ 𝙏𝙞𝙢𝙚-𝙍𝙚𝙫𝙚𝙧𝙨𝙚𝙙 မိတ္တူတစ်ခုပါ မျှော်လင့်ထားတဲ့အတိုင်းဖြစ်လာပေမဲ့ ရှင်းရှင်းလင်းလင်းတော့မမြင်ဖူးခဲ့ပါဘူး

ဒါကတော့ 𝙏𝙞𝙢𝙚 𝙈𝙞𝙧𝙧𝙤𝙧 ဆိုတဲ့အရာရဲ့အကျဉ်းချုပ်လေးပါ လတ်တလောလေးတွင်ပဲ 𝘾𝙝𝙧𝙤𝙢𝙚 မှာပတ်ရှာနေရင်းတက်လာတဲ့သတင်းဖြစ်လို့စိတ်ဝင်စားလို့ဖတ်ကြည့်ရင်းနဲ့ပဲအခုလိုတင်ဖို့ဖြစ်လာတာပါအခုကတော့ဒီလောက်ပါပဲ။
#𝙈𝙚𝙧𝙡𝙞𝙣𝙃𝙚𝙧𝙢𝙚𝙨
#𝙏𝙝𝙞𝙣𝙠𝙫𝙚𝙧@IknowledgeField
❤13🔥3🍓2🥰1🙏1
Voting Resultအရ Kantကိုတင်ပေးလိုက်ပါပြီ။ အောက်ပါ အပြာရောင် စာတန်းကိုနှိပ်ပြီးဖတ်နိုင်ပါတယ်။

နှိပ်ပါ

Educational Content Writer တွေကို React,Share ဖြင့်ကူညီပါ။

#Kira
❤22🔥3🍓1
This media is not supported in your browser
VIEW IN TELEGRAM
👏9❤4🍓2🍾2🔥1😎1
မြန်မာ ဒဿနိက လူငယ်များ
ဗဟုသုတ ဂျာနယ်ဆောင်းပါးစု

----------------------------------

Hello! Everyone ကျွန်တော်တို့ Burma Youth Philosophicus Association က နေ ထွက်ရှိလာတဲ့

" မြန်မာဒဿနိကလူငယ်များ စာနယ်ဇင်း " Vol.1 ဂျာနယ်(ကလောင်စုံ) နဲ့ စတင်မိတ်ဆက်ပေးပါရစေ။

ဂျာနယ်ထဲမှာ...

🔵 အတွေးအခေါ်ကဏ္ဍ (Philosophy) ၊ စိတ်ပညာ (Psychology) ၊ နိုင်ငံရေးဒဿန ကဏ္ဍ ( Political Philosophy ) ၊
သမိုင်း (History) နဲ့ အခြားကဏ္ဍများ ( Article , fiction , astronomy, physics, paradox , dilemmas ) စသဖြင့် ပါဝင်မှာဖြစ်ပြီး

🔵 အဖွဲ့အစည်းအတွင်းမှ ရေးသားသူများစွာနဲ့ ကလောင်စုံလင်စွာ တင်ဆက်ရေးသားထားပါတယ်။

ဂျာနယ်လေးကိုဖတ်ရှု့ချင်တယ်ဆိုရင်တော့ " ၃ထောင်ကျပ် " ထဲ ဖြင့် စျေးနှုန်းသက်သာစွာ လာရောက်ဝယ်ယူနိုင်ပါတယ်။🔥
PDF Fileဖြင့် ရောင်းချပါသည်။

ဆက်သွယ်ရန် @MertvetsKira
(အသေးစိတ် မာတိကာ ကိုသိချင်ရင်လဲ အားမနာတမ်း လာမေးလို့ရပါတယ်)

ဂျာနယ်ဆောင်းပါစုမှ ရရှိမဲ့အမြတ်ငွေဟာ မှန်းချက်နဲ့နှမ်းထွက် ကိုက်ခဲ့မယ်ဆိုရင်တော့ မြေဘေးသင့်ပြည်သူများစီ 80% လှူဒါန်းသွားမည်ဖြစ်တာကြောင့် ခိုးယူ/ပြန်လည် ရောင်းချသူများ၊ အလကားမျှဝေသူများကို တည်ဆဲ ဥပဒေနည်းလမ်းနဲ့သာ ဆောင်ရွက် မှာဖြစ်ပါတယ်။

#BurmaYouthPhilosophicusAssociation
#ThinkverseCollabration
❤24🍓2👏1
𝙏𝙝𝙞𝙣𝙠𝙫𝙚𝙧𝙨𝙚 pinned «မြန်မာ ဒဿနိက လူငယ်များ ဗဟုသုတ ဂျာနယ်ဆောင်းပါးစု ---------------------------------- Hello! Everyone ကျွန်တော်တို့ Burma Youth Philosophicus Association က နေ ထွက်ရှိလာတဲ့ " မြန်မာဒဿနိကလူငယ်များ စာနယ်ဇင်း " Vol.1 ဂျာနယ်(ကလောင်စုံ) နဲ့ စတင်မိတ်ဆက်ပေးပါရစေ။…»
မြန်မာဒဿနိက လူငယ်များ
ဗဟုသုတ ဂျာနယ်ဆောင်းပါစုတွင်း ပါရှိသော ခေါင်းစဥ်များ


~~~~

အတွေးအခေါ်ကဏ္ဍ (Philosophy)

1.ဖြစ်တည်မှု ဒဿန နှင့် မော်ဒန် အိမ်မက်ဆိုးများ ( Introduction to Existentialism : Modern Nightmares, Alienation and Human Condition . )

အခန်း (၁) ၊ ဖြစ်တည်မှုပဓာနဝါဒနှင့် စာရေးဆရာများ (What is Existentialism?
Sartre & Other Authors, Literature, Absurdism and Key Concepts
. )
အခန်း (၂) ၊ ဟိုက်ဒေးဂါး၏
ဖြစ်တည်မှုပဓာန တွေ့ကြုံသွင်ပြင်ဗေဒ
“ ဖြစ်တယ် ဆိုတာဘာလဲ ” (Heiddegerian Existential Phenomenolgy : What is “ Being ” )
အခန်း (၃) ၊ ခေတ်သစ်စနစ်၏ ကင်းစွာစိမ်းကားမှု ( Discourse on “ Modern Alienation ” )
- လူနတစ်
 
2. Immanuel Kant ၏ ကျင့်ဝတ်ဗေဒ အပေါ်အတွေးအခေါ်များ - Tracy

3. Julius Evola ၏ ရိုးရာယဉ်ကျေးမှုအခြေပြုအမြင်မှကျွန်ုပ်တို့အားအကြံပြုချက် - အီရီယွန်

စိတ်ပညာ (Psychology)

1 .သမဂ္ဂမသိစိတ်ပညာ ၊ မသိစိတ်ရဲ့ ကြိုးကိုင်မှု (Carl Jung & Freudian)
- Karmaz and Lunatic

နိုင်ငံရေးကဏ္ဍ ( Politic )

1. နိုင်ငံရေးသိပ္ပံအတွက်”ဝါဒ”နှင့်”စနစ်”
-အီရီယွန်

2. မာ့က်စ်ဝါဒမိတ်ဆက်- Thiha and Erion

3. မာခီယာဗယ်လီ သုံးသပ်ချက်
-လူနတစ်

သမိုင်း (History)

1. Declaration of pillnitz - Erion

အခြားကဏ္ဍ ( Article , fiction , astronomy, physics, paradox , dilemmas )

1. Kali Yuga and its western interpretation - Erion

2.လူ့စိတ်၏ အကြမ်းထည်သဘောစီသို့
ချီတက်ခြင်း ။ အိတ်ဇ်ပရက်ရှင်နစ်ဇမ် ( Expressionism )
- လူနတစ်

3. The Happy Prince by Oscar Wilde မြန်မာဘာသာပြန် - Tracy

ဆောင်းပါးဝယ်ယူဖတ်ရှု့ချင်ပါက အသေးစိတ်လေ့လာရန်
Explaination -
https://t.me/IknowledgeField/436

Contact -
@MertvetsKira

#BurmaYouthPhilosophicusAssociation
#Kira
❤15🔥3🍓1
Thinkverseရဲ့ နှောင်းပိုင်း ဆောင်းပါးတွေ ၊ ပိုစ့်တွေ ကို Thinkverseရဲ့ Offical facebook မှာ ဦးစွာ မျှဝေပေးမှာ ဖြစ်တာကြောင့် ချစ်memberတို့ဝင်ရောက် supportingပေးကြပါဦး ။
အရေးကြီးတဲ့သတင်းတွေလဲ တင်ဆက်ပေးမှာပါ ။

Thinkverse
Facebook Link -
https://www.facebook.com/61575650731858/posts/pfbid031cJmEBBHWQYQTmEU5EF3cgtP1hQtuNA4GDJBFWUpPQuVTJMYq8QoaBz29V7uWW6al/

#Thinkverse
❤12🔥2🍓2
Philosophy ကိုခြေတစ်လှမ်းလောက် တိုးကြည့်ကြရအောင်ပါ ။ တစ်လှမ်းပါပဲ။

(ဆောင်းပါးတို)
~~~

ယခုလို အင်တာနက်ခေတ်၊ စက်ယန္တရား တွေရဲ့ခေတ် ကြီးထဲမှာ အလွယ်တစ်ကူကျွန်တော်တို့လူငယ်အချို့ ရှာမတွေ့နိုင်တာက " ဘဝဖြစ်တည်မှုရဲ့ အနှစ်သာရတို့ ၊ အဓိပ္ပါယ်တို့ " ဘာတို့ပေါ့။ ဒါတွေကိုအဖြေတစ်စုံတစ်ရာ ပေးနိုင်ဖို့ က ကိုယ့်ကိုယ်ကိုယ် မှာ တာဝန်ရှိကြောင်း သိတဲ့လူငယ်တွေ ၊ ရှာဖွေစူးစမ်း လိုကြတဲ့လူငယ်တွေ ဖြစ်တယ်။
သူတို့တော်တော်များများဟာ Nihilism လို့ ခေါ်တဲ့....

( ဆက်လက်ဖတ်ရှု့ရန် )

https://vt.tiktok.com/ZSkpyYbWV/

#Kira
❤15🔥2🍓2😭1
White Nightsကို မတူတဲ့ ဗားရှင်းနဲ့ Reviewအသစ် ပြန်ရေးထားတာပါ ။
Friday Night Literature ကတော့ Facebookမှာပြီးပါပြီ။
Facebookမှာပဲ Sunday ညမှာ Philosophy contentတစ်ခုလာဖို့ရှိပါတယ်။

Content ဖတ်ရန် -
https://www.facebook.com/share/p/16o7QopW4K/
(like & share for more)

Support Our Tiktok -
https://vt.tiktok.com/ZSkn6cGWM/

#Kira
❤18🍓4
Philosophy ဆိုတာဘာလဲ ❔

https://t.me/IknowledgeField/150

Philosophy ကို ဘယ်လိုလေ့လာကြမလဲ ❕

https://t.me/IknowledgeField/199

Facebook: https://www.facebook.com/share/p/1As7gK71sn/

#Repost
#Kira
❤15🍓2🔥1
Free will တစ်ကယ်ရှိလား
Free Will ဆိုတာဘာလဲ

ဖတ်ရှု့ချင်ပါက...

https://www.facebook.com/share/p/16bGqcWnGt/

~ Karmaz

#Kira
❤13🍓3💘3