𝙏𝙝𝙞𝙣𝙠𝙫𝙚𝙧𝙨𝙚
1.36K subscribers
262 photos
9 videos
13 files
126 links
သတင်း ၊ ဒဿန ၊ စာပေ ၊ သိပ္ပံနှင့် ဖျော်ဖြေရေး အရေးအသားများ

Our Web(closed)
thinkverse.lovable.app

Lunatic's Collection
https://t.me/IknowledgeField/476

Merlin's Collection
https://t.me/IknowledgeField/154

Contact for business -
@MertvetsKira
Download Telegram
❤17🔥5💯2
https://telegra.ph/An-essay-for-Ko-Nay-Win-04-29

တေးရေးကိုနေဝင်းအတွက်အက်ဆေးလေးပါ အားပေးကြပါဦးခင်ဗျ #Björn
❤16💯3🔥2
Update Price🎯

📱TikTok🪙
🔮View 10K - 500 ks
🔮View 1M - 10000 ks
🔮Like 1K - 3500ks (GiftView 10K)
🔮Follower 1K - 18000 ks
🔮Save/Share 1K - 1500 ks
🔮Promote 1$ - 8000ks ( Myanmar Real View Like Follower )📈

📱Facebook 📇
🇲🇲Page Like + Follower 1K -22000ks📈
🇲🇲Acc Follower 1K - 18000 ks
🇲🇲1 reaction 1K - 14000 ks
🇲🇲Comment 100 - 9000 ks ( Postနဲ့လိုက်တဲ့မန့်မျိုးမန့်ပေးပါသည် )

Golbal 🌎
👨‍👩‍👧Page Like + Follower1K - 12000 ks
👨‍👩‍👧Page Follower 1K - 7000 ks
👨‍👩‍👧1 reaction 1K - 8000 ks
👨‍👩‍👧comment react 1k - 6000 ks
👨‍👩‍👧Acc Follower 1K - 12000 ks🚀

📱Telegram✨
🇲🇲Sub 100 - 2000ks | Sub100 - 1000ks
🇲🇲Sub 500 - 8000ks| Sub 500 - 5000ks
🇲🇲Sub 1K   - 15000ks | Sub 1K - 9500ks
🇲🇲Sub 5K - 65000ks | Sub 5K -45000ks

🧩Telegram post view3K -1000ks
🧩Telegram post 4reaction 2K - 3000ks
🧩Telegram Post Myanmar name Myanmar comment 10 - 6000ks (ကြိုက်တာရေးလို့ရ)

⭐️Telegram Star⭐️
  50 Star - 5000 Ks
100 Star - 10000Ks
200 Star - 17000 Ks
500 Star - 40000Ks
750 Star - 57000 Ks
  1K Star - 79000 Ks
♠️Telegram Poll Vote 1K - 6500Ks♠️

📱Instgram 🎁
♦️Like 1K - 1000 ks
♦️View 10K - 3000 ks
   (Close Flag for review !)
♦️Follower 100 - 2000 ks
♦️Follower 1K - 20000 ks
🫙3 Month Warranty ✔️✔️

📱Youtube✨
💘Subscriber 100 - 3500 ks
💘like 1K - 5000
💘No Drop Lifetime View1K - 12000 ks
💘Short View+like 1K - 8000 ks
💘YouTube Premium 1M - 10000ks

TikTok အကောင့် Boost ပေးတဲ့ service ပါ စိတ်ချစွာ ဝယ်ယူအားပေးနိုင်ပါတယ် ကိုယ်တိုင်ဝယ်ဘူးလို့ညွှန်းတာပါ
#နောက်ဆုံးပိုစ့်
🥰3❤2
Philosophical Introductions : Classical Logic ; Article 

Hello Kiraပါဗျ။
ပျောက်သွားတာကြာလို့sorryဗျာ။
Association အတွက်ဆောင်းပါးတွေရေးနေရလို့။ ဒီနေ့မှာတော့Classical Logicနဲ့ပတ်သပ်ပြီးအနည်းအငယ် မိတ်ဆက်ထားပါတယ် နားလည်ရတာမခက်ပါဘူး။

အောက်က Linkကိုနှိပ်ပြီးဖတ်နိုင်ပါပြီ။

https://telegra.ph/Classical-Logic-%E1%80%A1%E1%80%80%E1%80%84%E1%80%90%E1%80%85%E1%80%85%E1%80%90%E1%80%85%E1%80%86%E1%80%84-04-30

#Kira
❤24🔥5💯3
Saint Joan of Arc

ယခုစာဖတ်သူဟာ အလယ်ခေတ် အင်္ဂလိပ်ကြေးစားတစ်ယောက် မုတ်ဆိတ်ကြင်ဆွယ်တွေနဲ့ လူသတ်တာလက်ယဉ်နေတဲ့ ဘာမထီိ တဲ့ရဲမက်တစ်ယောက်ဖြစ်ပြီး စစ်မြေပြင်မှာ နုနုထွတ်ထွတ် ဖြူဖက်ဖြူရော် မိန်းမပျိုလေး တစ်ယောက်က "Jesus Maria "ဆိုတဲ့ တံခွန်ကို လက်တစ်ဖက်ကကိုင် တစ်ဖက်ကဓားကိုဆွဲပြီး စစ်တပ်ရှေ့ဆုံးကနေ မြင်းဖြူကြီးစီးပြီး မာန်ကြီးနဲ့ ကွပ်ကဲချီတက်လာတာ မြင်ရင် ဘာပြေးတွေးမလဲဗျ။ပြင်သစ်ကောင်တွေ ကြောင်ကုန်ပြီ ဆိုပြီး လှောင်ရယ်မိမှာ ပြက်ရယ်ပြုမိမှာ သေချာတာပေါ့။တကယ်တော့အဲဒီ အမျိုးသမီးပျိုလေးကပဲ ပြင်သစ်ဘုရင်ကို ထီးနန်းပြန်တင်ပေးခဲ့တာဗျ။
ငယ်နံမည်က Jeanne d'Arc။သူ့ကို ပြင်သစ်ပြည် အရှေ့မြောက် က အညတရ မိသားစုမှာ မွေးဖွားခဲ့ပါတယ်။ထုံးစံအတိုင်း မိန်းကလေးတွေ စာမသင်ရတော့ စာမတတ်ဘူး။ဒါပေမဲ့ ငယ်ငယ်ထဲက သူမက အရမ်းအမှတ်သညာ ကြီးတယ်။ဘာသာရေး ကိုင်းရိုင်းတယ်။တစ်နေ့ ဘုရားကျောင်း ကအပြန် စိန့်မိုက်ကယ်ရယ် အပျိုစင် သူတော်စင်တွေဖြစ်တဲ့ Margaret of Antioch နဲ့Catherine of Alexandria တို့က အကြားအမြင် ပေးတယ်။သူမဟာ ပြင်သစ်နန်းကျဘုရင်ချားလ်စ်ကို Reims ဘုရားကျောင်းမှာ နန်းပြန်တင်ပေးရမယ်ပေါ့ဗျာ။အဲကာလတုန်းက ပြင်သစ်ကို အင်္ဂလိပ်တွေက ရုပ်သေးအစိုးရ အနေနဲ့ အုပ်ချုပ်နေတာဗျ။ဖြစ်ချင်တော့ မာလင်ရဲ့တဘောင်က ရှိနေတယ်။တံခွန်ကိုင်ထားတဲ့ မိန်းမပျိုတစ်ယောက်က အင်္ဂလိပ်တွေကို ပြင်သစ်ပြည် ထဲက မောင်းထုတ်မယ် အမျိုးသမီးတစ်ယောက်ကြောင့်ဆုံးရှုံးခဲ့တဲ့ ထီးနန်းကို အမျိုးသမီးတစ်ယောက်က ပြန်ယူမယ် ဆိုတဲ့တဘောင်။အစွဲအလန်းကြီးတဲ့ Jeanne က သူမပဲဆိုပြီး ယုံကြည်ပြီး စစ်ထွက်ဖို့ ပြင်ပါတော့တယ်။
ချားလ်စ်ဘုရင်မှာက အစဉ်အလာအရသာ ဘုရင်ဖြစ်လာတာ။ ပဲရစ်တောင် အင်္ဂလိပ်တွေလက်အောက်မှာ။အစဉ်အလာ အရ ထီးနန်းတက်တဲ့ဘုရားကျောင်းကလည်း အင်္ဂလိပ်အောက်မှာ။ ပြီးတော့သူ့အမေကြောင့်ပဲ ပြင်သစ်ထီးနန်း နယ်မြေတွေက ဆုံးရှုံးခဲ့တာ။စစ်တပ်ထဲစဝင်တော့ Jeanne အခက်အခဲတွေကြုံခဲ့ပေမဲ့ သူမကနောက်တော့မဆုတ်ခဲ့ဘူး။ဟာသအနေနဲ့ပဲ တွေးကြတာပေါ့ဗျာ။သူမက အပျိူဖော်ဝင်စ ဓားတောင်အနိုင်နိုင်နဲ့ စစ်တိုက်မယ်ဆိုတော့။ထူးဆန်းတာက သူမကို တဘောင်အရ ဘုရင်ကခေါ်တွေ့တော့ စမ်းသပ်တယ်ပေါ့။ဘုရင်ကိုသူမ မမြင်ဖူးပေမဲ့ လူအုပ်ထဲကဘုရင်ကိုရွေးနိုင်ခဲ့ပါတယ်။အဲဒီ ကနေစပြီး သူမက Joan of Arc လို့အမည်ခံခဲ့ပါတယ်။
ဘုရင်က သူမ ကိုပွဲဦးထွက်အနေနဲ့ Orleans မြို့ ကို ကာကွယ် ဖို့ တာဝန်ပေးပါတယိ။အစကတော့ စစ်တပ်အကြီးအကဲတွေက သိပ်လက်မခံပေမဲ နောက်ကျတော့ သူမစကားတွေက အရာရောက်လာပါတယ်။စစ်မြေပြင်မှာ နေရာအနှံ့ဥဒဟိုသွားလာနေတဲ့ သူမရဲ့ တံခွန်ကိုဖြစ်စေ မြင်းဖြူကြီးကို ဖြစ်စေ မြင်တိုင်း ရဲမက်တွေက အားတက်လာကြတယ်။"Au nom de Dieu(ဘုရားသခင်၏ နာမတော်ဖြင့်)"လို့ကြွေးကြော်ပြီး မြင်းခွါတစ်ချက်ပေါက်လိုက်တိုင်း ရန်သူတွေရှဲသွားတယ်။ ဒီလိုနဲ့ အင်္ဂလိပ်တွေ Orleans ကိုလက်လျော့ခဲ့ရတယ်။ဒီလို အညတရမိန်းမပျိုတစ်ယောက်ရဲ့ ကွပ်ကဲမှု အောက်မှာ ကျရှုံးခဲ့ရတဲ့ အင်္ဂလိပ်တွေက သူမကို လုံးဝကို အခဲမကျေပါဘူး ။ဒီလိုနဲ့ ထီးနန်းတင်ဖို့ ဘုရားကျောင်းရှိရာ မြို့ကိုလည်း သူမပဲဦးဆောင်ပြီး သိမ်းပြီး ဘုရင်ကို ထီးနန်းပြန်တင်ပေးခဲ့ပါတယ်။ဖမ်းမိတဲ့ အင်္ဂလိပ်ကြေးစားတွေကိုလည်း မသတ်ဖို့သူမက မေတ္တာရပ်ခံခဲ့ပါတယ်။

ဒီလိုနဲ့ပဲရစ်ကိုကိုသိမ်းဖို့လုပ်ပါတယ်။ပဲရစ်ကို သိမ်းတာတော့ အဆင်မပြေခဲ့ပါဘူး။ဒီနေရာမှာ လူပြောများတာကတော့ သူမဟာ ဘုရားသခင်ရဲ့ ဆန္ဒကို ကျော်လွန်ပြီး သူမ သဘော သူမဆောင်ခဲ့တဲ့အတွက် ဘုရားသခင်ရဲ့စောင့်ရှောက်မှု မရတော့ဘူး လို့ ပြောကြပါတယ်။ထို့အတူ ပြင်သစ်နန်းစံတွေထုံးစံအတိုင်း ဘုရင်ကိုယ်တိုင် သူမကို ကြောက်လာတာလည်းပါပါတယ်။ တကယ်လည်း အဲဒီနောက်ပိုငိး တိုက်ပွဲတွေမှာ သူမဟာ ဆက်တိုက်အရှုံးနဲ့ပဲ ရင်ဆိုင်ခဲ့ရပါတယ်။ကံဆိုးစွာနဲ့အင်္ဂလိပ်သစ္စာခံတွေကို တိုက်ရင်းသူမဟာ အဖမ်းခံခဲ့ရပါတယ်။သူမကို အင်္ဂလိပ်တွေက ခေါ်သွားပါတယ်။ဒါတောင် သူမနန်းတင်ပေးခဲ့တဲ့ ပြင်သစ်ဘုရင်က တစ်စက်လေးတောင် ခေါင်းထဲမရှိခဲ့ပါဘူး။

သူမကိုမျှော်စင်တစ်ခုထဲမှာထားပါတယ်။စစ်အတွင်းက အညိုးအတေးနဲ့ယောင်္ကျားလေးအဝတ်တွေကိုဆွဲချွတ် မိန်းကလေးအဝတ်အတင်း ပေးဝတ်တယ်။ညှင်းပန်းနှိပ်စက်တယ်။မျှော်စင်အစောင့်တွေက အလိုမတူတာတွေ တောင်ကြံဖို့တောင်လုပ်ပါတယ်။နောက်ဆုံးတော့ သူမကို အယူဝါဒအလွဲဖြန့်ဝေမှုနဲ့အယူလွဲမှု ယောင်္ကျားလေးဟန်ဆောင်မှု စသည်တွေနဲ့သေဒဏ်ပေးဖို့ လုပ်ပါတယ်။သူမဟာ အယူလွဲတဲ့သူ ဖြစ်ကြောင်းကို ပဲရစ်တက္ကသိုလ်ကပဲ အတည်ပြုခဲ့ပါတယ်။သေဒဏ်ပေးဖို့မီးမွှေးတဲ့အချိန်ထိတောင် အနီးနားက ရဲမက်ကို လက်ဝါးကပ်တိုင် ခဏတောင်းတဲ့အထိ တော်တော်သွေးအေးတဲ့ အမျိုးသမီးအာဇာနည်တစ်ယောက်ပါ။ကွယ်လွန်ချိန်မှာ ၁၉ နှစ်သာ ရှိပါသေးတယ်။သူမရဲ့ရုပ်ကြွင်းတွေကို သိန်းမြစ်ထဲ သွန်ပစ်ခဲ့ပါတယ်။သူမကွယ်လွန်ပြီး ၂၂နှစ်အကြာမှာ အင်္ဂလိပ်တွေက ပြင်သစ်ပြည်ကနေ အပြီး ဆုတ်ခွာသွားပါတယ်။1920 ခုနှစ်မှာ ရိုမန်ကက်သလစ်ကျောင်းတော်က Pope Benedict XV က သူတော်စင်အဖြစ် သတ်မှတ်ပေးခဲ့ပါတယ်။ သူမဟာ 1412 ခုနှစ်ကပေမဲ့ အခုချိန်ထိ ပြင်သစ်ပြည်ရဲ့အမျိုးသမီး သူရဲကောင်းအာဇာနည် တစ်ဦးအနေနဲ့တည်ရှိနေဆဲပါပဲ။
#BjĂśrn
❤20🔥3💯2🍓2💘1
❤19💯2💘2❤‍🔥1🔥1
The Falklands War

"ကျွန်မက တေလေကြမ်းပိုးတွေ ရာဇဝတ်သားတွေဘယ်တော့မှ ညှိုနိုင်းမှာ မဟုတ်ဘူး။ဖော့ကလန်ကျွန်းစုက ဗြိတိန်နိုင်ငံရဲ့အချုပ်အခြာ အာဏာအောက်မှာသာဖြစ်တယ်။ကျွန်မတို့ ဒီကျွန်းစု ကို ဘယ်နည်းပဲသုံးရသုံးရ ပြန်ယူမယ်။ဒီမယ် လူကြီးမင်းတို့ ဒါ ဖြစ်နိုင်လား မဖြစ်နိုင်လားပဲ ကျွန်မ သိချင်တယ်။"
အထက်ပါ စကားသံများသည် ဒေါင်းနင်းလမ်း အိမ်အမှတ်(၁၀) ကတ်ဘိနက် အစည်းအဝေးခန်းမအတွင်းမှ ထွက်ပေါ်နေခြင်းဖြစ်သည်။နေမဝင်အင်ပါယာဟု တစ်ချိန်က ခံယူခဲ့သော အင်မတန်ကြီးမားသည့် ၁၈ရာစု အင်ပါယာအား စိုးစံခဲ့သော ဘရစ်တာနီးယန်းများအား အဘယ်သော အရာကား တုန်လှုပ်အောင် လုပ်ဝံ့ပါသနည်း။
ဤဇာတ်ဝင်ခန်းသည် မာဂရက်သက်ချာ ၏ The iron lady ဇာတ်ဝင်ခန်းမှ ကောက်နှုတ်ထားခြင်း ဖြစ်ပါသည်။အာဂျင်တီးနားနိုင်ငံတွင် De facto အစိုးရအသစ် 1981 တွင် အာဏာရလာသော အချိန်တွင် အစိုးရအနေဖြင့် လူထုလက်ခံရန်အတွက် နိုင်ငံရေးပြယုဒ်ကောင်းတစ်ခုအား အင်မတန် အာသာငမ်းငမ်း လိုချင်နေသောအချိန် ဖြစ်သည်။ထိုအချိန်တွင် ခေါင်းဆောင်Leopoldo Galtieri အား အောက်လက်ငယ်သားများက အကြံပေးကြသည်။ယင်းသည် အနီးအနားရှိ ဗြိတိန်ပိုင် ဖော့ကလန်ကျွန်းစု အား အာဂျင်တီးနား၏ ပိုင်နက်သို့သွတ်သွင်းရန် ဖြစ်သည်။၂.၄.၁၉၈၂ တွင် ကမ်းထိုးရေယဉ်များဖြင့် ဖော့ကလန်ကျွန်းအား စတင်ကျူးကျော်သည်။နောက်ထိုအရာကပင် ထိုအစိုးရအား ချောက်ထဲကျစေမည့် မောင်းခလုတ် ဖြစ်လာမည်ကို ယင်းတို့ထိုအချိန်က သတိပြုနိုင်ခြင်းမရှိခဲ့ပေ။
ဗြိတိန်ဝန်ကြီးချုပ်မာဂရက်သက်ချာသည် သူမတာဝန်ထမ်းဆောင်ရာကာလအတွင်း မေးခွန်းထုတ်စရာစွမ်းဆောင်ရည်များ ရှိသော်လည်း ပြတ်ပြတ်သားသား ကိုင်တွယ်ခဲ့သော ဖော့ကလန်အရေးအခင်းက သူမအားလူကြိုက်များစေခဲ့သည်။ထိုအချိန်သည် တရုတ်က ဗြိတိန်အား ဟောင်ကောင်ကို လွှဲပေးရန် တွန်းတိုက်စပြုလာပြီ ဖြစ်သည်။ကျော်လွန်ခဲ့သော အတိတ်၏အရိပ်များသည် ပုံပြင်များ မဟုတ်ကြောင်းကို ပညာပေးရန် ဗြိတိန်နိုင်ငံအား သွေးတိုးစမ်းလာကြသော နိုင်ငံများကိုလက်တွေ့ပြရန် လိုလာပြီ ဖြစ်ကြောင်း ကို ဗြိတိန်နိုင်ငံသားတိုင်း သွေး၌ ဆူပွက်၍ အသိစိတ်ဝင်လာကြသည်။လန်ဒန်မြို့၏ မို့မှိုင်းသော ရာသီဥတုတွင် စစ်ခိုးစစ်ရိပ်များ တစ်လူလူ သန်း၍လာပြီဖြစ်သည်။
ထို့အတူ ဗြိတိန် တော်ဝင်လေတပ်နှင့်ရေတပ်၏ ဝေဟင်ကြီးစိုးမှု(Aerial Supremacy) နှင့် ရေပြင်ကြီးစိုးမှု (Naval Supremacy)သည် မည်မျှ နည်းပညာမြင့်နေပြီ ဖြစ်ကြောင်း ဥရောပနှင့် အမေရိကန် တို့ကို ပြသရန်အချိန်ကောင်းဖြစ်သည်။ခေတ်သစ်တိုက်လေယာဉ်များတွင် ပထမဆုံးပြေးလမ်းမလိုသည့်အပြင် ၉၀ဒီဂရီ အတက်အဆင်းလုပ်နိုင်သည့် Sea Harrier နှင့် ဗြိတန်တော်ဝင်လေတပ်၏ ပြယုဒ်ဖြစ်သည့် Vulcan Bomber များကိုစသုံးသည်။ထို့အတူ ကမ်းတက်စစ်ဆင်ရေးအတွက် အသုံးပြုသည့် ကုန်းရေနှစ်တန်သွား ကမ်းတက်ယာဉ်များနှင့် လေယာဉ်တင်သ​င်္ဘောများကို ပေါင်းသုံးခြင်းဖြင့် ဒုတိယကမ္ဘာစစ်နောက်ပိုင်း ကမ်းတက်ဗြူဟာ အသစ်များကို စမ်းသုံးသည်။အတ္တလန်တစ်ရေပြင်ရှိ Ascension ကျွန်းစုအား အခြေပြု၍ စစ်ဆင်ရေးကိုစသည်။ယင်းတိုက်ပွဲတွင် ဗြိတိန် နယူးကလီးယား ရေငုပ်သင်္ဘော HMS(Her majesty’s ship) Conqueror သည် ရန်သူခရုစ်သင်္ဘော ARA(Armada de la República Argentina )General Belgano ကို ပစ်ခတ်နှစ်မြုပ်ခဲ့ခြင်းဖြင့် ကမ္ဘာပထမဆုံး ရန်သူကို ပစ်ခတ်နှစ်မြုပ်ဖူးသော နယူးကလီးယား ရေငုပ်သင်္ဘောဖြစ်လာသည်။
ဖော့ကလန်ကျွန်းစုသည် အမှန်တော့ မဟာဗြူဟာကျသည်။တောင်အမေရိကသည်အချိန်မရွေး ဗြိတိန်နိုင်ငံနှင့်ရန်သူ ဖြစ်လာနိုင်သည့်အပြင် တောင်အတ္တလန်တစ်သမုန္ဒရာ ထွက်ပေါက် ဖြစ်သည်။ ထိုကျွန်းစုသည် အခြေစိုက်စခန်းအဖြစ် အသုံးပြု၍ရသည်။မာဂရက်သက်ချာသည် ၂.၅.၁၉၈၂ နေ့တွင် အများပြည်သူတို့၏အိမ်တော်(House of Common)၌ လက်တုန့်ပြန်မည်ဖြစ်ကြောင်း ကြေညာသည်။စစ်ပွဲသည် ၇၄ရက် ခန့်ကြာသည်။၁၄.၆.၁၉၈၂ တွင် အပစ်အခတ် ရပ်သည်။ရလဒ်ကရှင်းလင်းပြတ်သားသည်။ဖော့ကလန်ကျွန်းစုကို ဗြိတိန်ပြန်ရသည်။အာဂျင်တီးနား De facto အစိုးရ ပြုတ်ကျသွားသည်။ဗီယက်နမ်စစ်ပွဲနောက်ပိုင်း နှစ်နိုင်ငံလက်ရည်တူ တိုက်သည့်ပွဲ ဖြစ်သည်။ဘုရင်မရဲ့ကျောက်တုံးပုံလေးကိုသွားမထိလေနဲ့ ဆိုသည့်ဟာသအတိုင်း ဘရစ်တာနီးယန်းတို့
" Rule Britannia, Britannia rule the waves "ဟု နောက်တစ်ကြိမ် ထပ်မံ ဂုဏ်ယူဝံ့ကြားစွာ သီဆိုနိုင်ပြီ ဖြစ်သည်။

#BjĂśrn
❤13🔥2🥰1💯1💘1
❤11🔥3💘1
Followers 1.5k ပြည့်ရင် Giveaways တစ်ခုလုပ်ပေးပါမယ်။ Content ကောင်းတွေတင်ပေးနေတာမလို့ sharing လုပ်ပေးကြပါဦး။ 😍

#JP
Please open Telegram to view this post
VIEW IN TELEGRAM
❤28🔥2🥰1🤩1
Gobekli Tepe

ကျောင်းသားဘဝ အတန်းထဲမှာ သမိုင်းဆရာမက သမိုင်းဆိုတာ ဘာလဲလ်ို့မေးတော့ ခပ်နောက်နောက်ဘဲတစ်ပွေက "ရှစ်မိုင်နားက ဆရာမလို့ "ဖြေတယ်ဗျ။ပြန်တွေးမိတော့ သိပ်ရီဖို့လည်း မကောင်းတဲ့ ခပ်ပေါပေါဟာသပါပဲ။အဲတုန်းကတော့ ရီခဲ့ပါတယ်။ အဲဒီထဲကတွေးစရာ ရသွားတာက သမိုင်းကဘာလဲပေါ့။ကြီးလာတော့လည်း ခပ်ပေါပေါ youtube video လေးတွေကြည့်ရင်း စိတ်ဝင်စားလာတာက လူသားသမိုင်းဗျ။ဟုတ်တယ်လေ။ကိုယ်က လူဆိုတော့ လူအကြောင်းစိတ်ဝင်စားတာပေါ့။အဲဒီမှာ မေးစရာလေးတွေက စလာတာပဲ။ပြောရင်းဆိုရင်း ကျွန်တော်တို့BC 12000 လောက်ကို အလည်တစ်ခေါက် သွားကြရအောင်။ဒီနေရာမှာ BC( Before Christ) ၊ AD(Anno Domini =year of the lord) ဆိုပြီး ရှိရာမှာ ခရစ်တော် မပေါ်ခင် နှစ် 12000 ကိုဆိုလိုခြင်း ဖြစ်ပါတယ်။နှစ် 12000 က ရေခဲခေတ် နောက်ဆုံးနေ့ရက်တွေ ဖြစ်နေပါပြီ။
Gobekli Tepe က ရှေးဟောင်းသုတေသန ပညာရှင်တွေ လေ့လာတဲ့ site တစ်ခု ဖြစ်ပြီး တူရကီ(Turkey)နိုင်ငံမှာရှိပါတယ်။Neolithic(ကျောက်ခေတ်နောက်ပိုင်း) site ဖြစ်ပြီး မက်ဆိုပိုတေးမီးယား အထက်ပိုင်းမှာ တည်ရှိပါတယ်။ကြည့်လိုက်ရင်တော့ ကျောက်တုံးအဝိုင်းတွေပေါ့ ဗြိတိန်နိုင်ငံက Stonehenge လိုမျိုး။ဒါပေမဲ့ ဘာက ဒီsite ကို ထူးခြားစေတာလဲဆိုပြီး မေးစရာရှိပါတယ်။Gobekli Tepe က ကျောက်တုံးသွင်ပြင်တွေက ကမ္ဘာပေါ်မှာ ရှေးအကျဆုံးနဲ့အကြီးဆုံး ဘုရားကျောင်းလို့သတ်မှတ်ကြလို့ဖြစ်ပါတယ်။Stonehenge ထပ် နှစ် 7000လောက် စောပါတယ်။ပိရမစ်တွေထပ် နှစ် 7500 စောပါတယ်။1995 မှစတူးဖော်တာ ဖြစ်ပါတယ်။
အဲဒီနေရာမှာ Hunter-Gatherer ဆိုတဲ့ စုပေါင်းနေထိုင်သူ အမဲလိုက်သူတွေက ယဇ်ပူဇော်တာတွေ အခမ်းအနားတွေ သေဆုံးသူတွေကိုမြေမြုပ်တာတွေ လုပ်တယ်ပေါ့။ထူးဆန်းတာက အဲဒီ Hunter-Gatherer တွေက ဒီsite ရည်ရွယ်ချက်ရှိရှိနဲ့ကို စဆောက်ပြီး နှစ်1500လောက်ကြာမှ မြေဖို့ထားခဲ့တာဗျ။ဘာကြောင့်ဖို့ခဲ့တာကို ဘယ်သူမှ အဖြေမရှာနိုင်သေးဘူး ဖြစ်နေတယ်။ပြီးတော့ ဒီsite ရဲ့ Construction။ကျောက်တုံးတွေက လူလုပ်လည်းဖြစ်တယ် အဖြတ်အတောက်တွေက တိတိကျကျတွေ ပြီးတော့ 7တန် ကနေ 10တန်နီးပါးလေးတယ် ပုံစံအများစုက T ပုံ။(လဲဆက်လန်ခရူဇာ မှ သုံးတန်လေးတာဗျ)။ဒီနေရာမှာ ရှေးဟောင်းသုတေသနပညာရှင်တွေ ယုံကြည်ခဲ့တာက Neolithic Revolution(လူတွေစပြီးအခြေကျ ရွာတွေတည် ကောက်ပဲသီးနှံတွေစစိုက်ပြီ စုတတ်ဆောင်းတတ်ပြီ)ကျမှ စပြီး ဒီလို site တွေစပြီး ဆောက်ခဲ့တယ် ဆိုပြီး။အခု ဒီsite က သူတို ့ရဲ့အယူအဆတွေကို ပြောင်းပြန်လှန်သလို ဖြစ်သွားတယ်။ပြီးတော့ 3D (ရုပ်ကြွ) တိရစ္ဆာန်ရုပ်တွေလည်းတွေ့ရတယ် ဆိုတော့ လက်မှုပညာ လည်းထွန်းကားနေသလို ဘာသာရေးယုံကြည်မှု လည်း ရှိနေပြီဆိုတာ တွေ့ရတယ်။ဘီယာတောင်စချက်နေပြီဆိုတဲ့ အချက်အလက်တွေ တွေ့ရတယ်။ရုပ်ထုတွေနဲ့ မှတ်တမ်းတင်နေတတ်ပြီ။မြန်မာပြည်ကတွေ့ရတဲ့ Anyathian culture (အညာသားယဉ်ကျေးမှု) က ပစ္စည်းတွေထပ် Gobekli Tepe က နှစ်တစ်ထောင်ပဲစောတယ်။ကျွန်တော်တို့ဆီမှာတွေ့ရတဲ့ ကျောက်ခေတ်ပစ္စည်းတွေနဲ့တော့ ဒီကောင်တွေကို လုပ်လို့မရတာတော့ သေချာတယ်။နည်းပညာနဲ့ ယဉ်ကျေးမှုက နှစ်တစ်ထောင်ကွာတာတောင် Gobekli Tepe က ပိုသာနေတယ်(နိမ့်ချပြောဆိုလိုခြင်းမရှိပါ) စိတ်ဝင်စားရင် ရှမ်းပြည်က ပြဒါးလင်းဂူကို သွားရောက်လေ့လာ ကြည့်ဖို့အကြံပေးလိုပါတယ်။(မှတ်ချက် google မှာ ganlea ဆိုတဲ့ ပုံတောင်ပုံညာ ရုပ်ကြွင်း အကြောင်းပါလေ့လာကြည့်ပါ။လူသားအစ မြန်မာက ဆိုတဲ့ စကားကြီးကတော့ သိပ်မမိုက်ပေမဲ့ လေ့လာကြည့်ဖို့တန်ပါတယ် )
ဒီGobekli Tepe ကိုရှာဖွေတွေ့ရှိခြင်းဟာ လူသားတွေ စပြီး အခြေချနေထိုင်ခြင်းဟာ စိုက်ပျိုးရေးကြောင့် မဟုတ်ဘဲ ကိုးကွယ်ယုံကြည်မှု ကြောင့်စတင်ခဲ့တာဆိုပြီးပြောလို ့ရသွားသလို ဖြစ်နေပါတယ်။တွေ့ရှိချက်တွေအရ မတ်ဆိုပိုတေးမီးယား က ဆူမာ(Sumer) က လူသားသမိုင်းမှာ အစောဆုံး မြို့ပြနေထိုင်မှုပါ။BC 4000လောက်ကပါ။ပထမဆုံးလူသားတွေ အင်ဂျင်ကိုတီထွင်နိုင်တာ 1698ခုနှစ်ကပါ။အဲကနေ 1903 မှ လေယာဉ်ကိုစတင်တီထွင်ပြီး 1957 မှာ ဂြိုလ်ပတ်လမ်းထဲ Sputnik 1 ကို လွှတ်တင်နိုင်ခဲ့ပါပြီ။Gobekli Tepe နဲ့ဆူမာနဲ့ဟာ နှစ်ထောင်ပေါင်းများစွာဝေးပါတယ်။ပထမဆုံးလူသားဖြစ်တည်မှုလို့ဆိုလို့ရတဲ့ ကင်ညာက ရုပ်ကြွင်းနဲ့Gobekli Tepe နဲ့ဆို နှစ်သုံးသန်းအကွာကပါ။အဆုံးသတ်ပြောရရင်တော့ ကျွန်တော်တို့လူသားသမိုင်းမှာ နှစ်ပေါင်းမနည်းမနောကွင်းဆက်တွေအများကြီးပြတ်နေပါတယ်ဆိုတဲ့ တွေးစရာလေးတစ်ခုပေးချင်ပါတယ်။ကျွန်တော်ပြောချင်တဲ့ pointက တွေးစရာလေးပေးချင်တာဖြစ်တဲ့အတွက် အချက်အလက်လေးတွေပွသွားရင် နားလည်ပေးပါခင်ဗျာ။

# ရေးသားထားသောအကြောင်းအရာသည် ကျွန်တော်တစ်ဦးထဲ၏ ထင်မြင်ချက်သာ ဖြစ်ပါသည်။
#BjĂśrn
❤10💘6🔥4🕊2🐳1🦄1
Project MKUltra

Central Intelligence Agency (C.I.A) ကို စာဖတ်သူတိုင်း သိကြမယ် ထင်ပါတယ်။ဟုတ်ပါတယ်။ပွကြီး Uncle Sam ရဲ့ ထောက်လှမ်းရေး အဖွဲ့အစည်း တစ်ခုပါ။C.I.A ကို ပုလဲဆိပ်ကမ်း တိုက်ခိုက်ခံရပြီး နောက်ပိုင်းမှာ အမျိုးသားလုံခြုံရေး ထောက်လှမ်းရေး နဲ့ကြိုတင်လက်ဦးမှု ရယူရေးအတွက် ထိပ်တန်းထောက်လှမ်းရေး အဖွဲ့အစည်းတစ်ခု အဖြစ် တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ထိပ်တန်းလျို့ဝှက် အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ အတွက် ထိပ်တန်းလျို့ဝှက်စစ်ဆင်ရေး(Classified missions)တွေအများကြီးကို စတင်ဖွဲ့စည်းချိန်က စပြီး ယနေ့အထိ လှုပ်ရှားနေဆဲပါပဲ။ဒီထဲကမှ ယနေ့အထိ C.I.A က Declassified လုပ်လိုက်တဲ့ Mission တွေထဲက မှတ်တမ်းတွေကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။

P.MKUltra က 1953 ကနေ 1973 အထိ သို့မဟုတ် ယနေ့အထိ အမေရိကန်အစိုးရရဲ့ သဘာဝလွန်စွမ်းအားတွေကိုထွက်လာအောင် စိတ်ကော ခန္ဓာကိုယ်ပါ ညှင်းပန်းနှိပ်ဆက်ခဲ့တဲ့ ထိပ်တန်းစမ်းသပ်လေ့လာမှုတစ်ခု ဖြစ်ပါတယ်။တားမြစ်ဆေးတွေ လူမဆန်တဲ့နည်းလမ်းတွေကိုသုံးပြီး စမ်းသပ်ခံတွေကို စမ်းသပ်ပါတယ်။စစ်အတွင်းက camp တွေက nazi ဆရာဝန်တွေ Unit 731 စတဲ့နံမည်ပျက်ရှိတဲ့ ဆရာဝန်တွေကို နိုင်ငံသားအဖြစ် ကမ်းလှမ်းပြီး ဆက်လက် လေ့လာစေခဲ့တယ်လိုလည်း ပြောကြပါတယ်။Lucy လို့ခေါ်တဲ့ LSDတားမြစ်ဆေးတွေနေ့တိုင်းပေးတာ ၊chemicals တွေ ရှုခိုင်းတာ၊ရှော့တိုက်တာတွေ၊ အိပ်မွေ့ချတာတွေ ၊အာရုံငါးပါးလုံးခဏသုံးမရအောင်လုပ်ထားတာတွေ စတဲ့ ညင်းပန်းနှိပ်ဆက်မှု အကုန်သုံးပါတယ်။LSD က C.I.A product လို့တောင်ပြောလို့ရပါတယ်။1975 မှ ဒီproject ကို လူတွေကို စထုတ်ပြောတာ ဖြစ်ပါတယ်။netflix က Stranger Things ကဒီProject ကို ကိုးကားထားတာ ဖြစ်ပါတယ်။

Allan Memorial Institute ဆိုတဲ့ စိတ်ကျန်းမာရေးဆေးရုံမှာ လူနာတွေရဲ့ သဘောဆန္ဒမပါဘဲ လေ့လာခဲ့တာ ဖြစ်ပါတယ်။ကိုးရီယားစစ်ထဲကဖမ်းမိတဲ့ သုံ့ပန်တွေကို မေးမြန်းဖို့mind control လုပ်တာ ၊ကျူးဘားတော်လှန်ရေးခေါင်းဆောင် ကတ်စ်ထရိုကို mind controlဆေးခပ်ဖို့လုပ်တာ ၊စစ်အေးခေတ်ကာလ အတွင်း ဆိုဗီယက် စပိုင်တွေကို mind control လုပ်ဖို့အမှန်ပြောဆေးရည်(Truth serum) ထုတ်တာ ၊Frequncy သုံးပြီး မှတ်ညဏ်ဖျက်ပစ်တာ (memory erase) လုပ်တာ စသည့် ကောလဟာလတွေလား အမှန်တရားတွေလား မသိတဲ့ ထူးဆန်းမှုတွေနဲ့ရစ်ပတ်နေပေမဲ့ လူမဆန်တဲ့စမ်းသပ်မှုတွေကတော့ အမေရိကန်တွေရော ကနေဒီယန်တွေ ပါ ခံခဲ့ရတာတော့ အမှန်ပါပဲ။

မှတ်တမ်းတွေကို ကိုယ်တိုင်သွားရောက်လေ့လာချင်တယ်ဆိုရ
င်တော့ Official C.I.A website ဖြစ်တဲ့ https://www.cia.gov/readingroom/docs/CIA-RDP88-01070R000301530003-5.pdf မှာသွားလေ့လာနိုင်ပါတယ် ခင်ဗျ။

#BjĂśrn
❤8🔥4💘3
“ ဒီလူတွေဟာ အနန္တကျက်သရေတော်အကြောင်း အကုန်အစင်မေ့လျော့သွားခဲ့ပြီဖြစ်ပြီး သူတို့ကိုယ်သူတို့ အညစ်အကြေးနဲ့ ရွံ့ရေ လောက်နဲ့တင် စိတ်ဖြေနှစ်သိမ့်ကြလိုက်တော့ဖို့ အသင့်ဖြစ်နေတဲ့ ပိုးလောက်တွေပဲ ဖြစ်နေသယောင်ယောင်ပေ့ါ။ အတိတ်ကာလတခုတုန်းကတော့ သူတို့မှာ အတွေးတွေနဲ့ ပုံရိပ်ဆောင်စိတ်ကူး‌တွေရဲ့ ဧရာမလျံပယ်ကြွယ်ဝစွာ တန်ဆာဆင် ခြယ်သထားတဲ့ ကောင်းကင်ဘုံတခုရှိခဲ့တယ်။

ဖြစ်တည်သမျှအရာအားလုံးတို့ရဲ့ အဓိပ္ပာယ်ဟာ အဲ့ဒီကောင်းကင်ဘုံနဲ့ သူ့ကြားမှာ ဆက်သွယ်တန်းထားတဲ့ အလင်းကြိုးမျှင်ဆီမှာ ချိတ်ဆွဲလျက်ရှိခဲ့တယ်။

ဒီကမ္ဘာလောကရဲ့ မျက်မှောက်အရှိတရားထဲ ခိုဝင်နေထိုင်ခြင်းအစား လူသားဟာ အဲ့ဒါရဲ့အလွန်ကို ကျော်ကြည့်ခဲ့တယ်။

"စိတ်ဝိညာဉ်" ရဲ့ မျက်လုံးကို ဒီကမ္ဘာလောကရဲ့ အရာဝတ္ထုတွေဆီ ပြောင်းလှည့်ကြည့်လာအောင် အပန်းတကြီးအင်အားသုံးအားထုတ်ခဲ့ရပြီး "စိတ်ဝိညာဉ်" ကို ကမ္ဘာလောကနဲ့ ခိုင်ခိုင်မာမာတွဲချုပ်‌ပေးခဲ့ရတယ်၊ ပြီးတော့၊ လောကီအကြောင်းအရာတွေ၊ ကမ္ဘာလောကထဲမှာ ရှိတဲ့ အရာဝတ္ထုတွေအပေါ် သိမြင်ခံစားမှုအာရုံ အပေါ်လွှမ်းခြုံထားတဲ့ ထိုင်းမှိုင်းမှုနဲ့ စိတ်ရှုပ်ထွေးမှု ထဲကို ကောင်းကင်ဘုံပေါ်က အရာတွေဆီမှာသာ ရှိလေ့ရှိခဲ့တဲ့ ကြည်လင်ပြတ်သားမှုက ဝင်ရောက်တိုးဖောက်လာနိုင်ဖို့အတွက် အတော်ကြာတဲ့ အချိန်ကာလတခုကို အချိန်ယူခဲ့ရတယ်။

ပြီးတော့ 'ဒီမှာ' နဲ့ 'ဒီအချိန်မှာ' ဆိုတဲ့ အကြောင်းအရာတွေဆီကို အလေးပေးအာရုံစိုက်ကြဖို့၊ အခြေအမြစ်ရှိပြီး စိတ်ဝင်စားဖွယ် စီမံကိန်းတခုဖြစ်တဲ့ 'အတွေ့အကြုံ' လို့ ခေါ်ကြတဲ့အရာ အပေါ်ကို အလေးပေးအာရုံစိုက်ဖို့အတွက် အတော်ကြာတဲ့ ကာလတခုကို အချိန်ယူခဲ့ရတယ်။

အခုတော့ ကျနော်တို့ဟာ အဲ့ဒါနဲ့ပြောင်းပြန် ဆန့်ကျင်ဘက်ကိုပဲ လိုအပ်နေကြပုံပေါ်ပြန်တယ်။ ”

-Hegel;Phenomenolgy of the Spirit, Preface
-မြန်မာဘာသာပြန်အား creditပေးလျက်။

#Kira
❤24🔥6❤‍🔥3💯2🥰1
စာဖတ်နည်း 🤩

ဒီပိုစ့်က Literary Criticism (စာပေဝေဖန်ရေး) အတွက်လဲသီးသန့်မဟုတ်သလို ဝါသနာရှင်၊လေ့လာသူတွေအတွက်လဲ သီးသန့်ဟုတ်မနေဘူး ။ နှစ်ခုရောထွေးထားတာမျိုးပေါ့။ လိုတိုရှင်းပဲရေးမယ်။

ကျွန်တော်အကြိုက်ဆုံးစာဖတ်နည်းကိုSIMACလို့ခေါ်တယ်။ အရှည်ကောက်ကတော့ Situation, Intention,Matter, Approach, Consistency ပေါ့။
• Situation ဆိုတာခေတ်အခြေအနေကိုဆိုလိုတာ။ စာရေးသူ အနေနဲ့ထိုစာအုပ်တစ်အုပ်ကို ရေးနေစဥ်အတွင်းမှာ သူကဘာကို Against လုပ်နေတာ၊ ဘာကို Accept လုပ်နေတာ စသဖြင့်သူ့ခေတ်အခြေအနေရဲ့ အတွေ့အကြုံကိုသိထားဖို့လိုမယ် ။ သိထားရမယ်ဆိုတဲ့နေရာမှာ ထိုစာအုပ်ကို ကိုယ်က လေ့လာရေးစာအုပ်တစ်အုပ်လိုကိုင်တွယ်တော့မယ်၊ဝစ်ဂန်စတိုင်းစာအုပ်တွေကိုဖတ်ပြီးပုစ္ဆာဖြေရှင်းသလိုမျိုးဖြေရှင်းတော့မယ်ဆိုရင် တော့သိထားရမှာဖြစ်ပေမဲ့ ဒီတိုင်းအပျင်းပြေဖတ်လို့ရတဲ့ genere fictionတွေအတွက်ဆိုရင်တော့ မလိုအပ်ဘူး။ ဒါမျိုးလေ့လာရတယ်ဆိုတာ Literary Fiction တွေနဲ့ Philosophical Literary တို့လိုစာအုပ်တွေမှာ အများဆုံးလေ့လာသင့်တယ်။

• Intention အနေနဲ့ကတော့ ရေးသားသူအဓိကရည်ရွယ်တဲ့ သဘောတရား၊ ပေးချင်တဲ့မက်ဆေ့ပါပဲ ။ ဒါပေမဲ့ ပေးချင်တဲ့မက်ဆေ့ကတစ်ခြား၊ရလိုက်တာကတစ်ခြားဆိုတဲ့ ဘာသာစကားလွဲချော်မှုတွေကိုလဲ ကြုံတွေ့နိုင်ရပါတယ်။ ဒါပေမဲ့စာအုပ်တစ်အုပ်ကိုလေ့လာမယ်ဆိုရင် စာရေးသူရည်ညွှန်းတဲ့ သ​ဘောတရားဉာဏ်ကအရေးကြီးတဲ့အထဲပါပါတယ်။

• Matter ကတော့ သူဘာအကြောင်းရေးထားတာလဲပေါ့၊ အထူးတစ်လည်ပြောဖို့မလိုအပ်ပါဘူး ။

•Approach ကတော့ချည်းကပ်ထားပုံပါ ၊ ဒီနေရာမှာပြောစရာနည်းနည်းရှိတာက Notion တစ်ခု (Thisလို့ဆိုကြပါစို့) ကို ဇောင်းပေးချည်းကပ်ပုံမှာ ကွန်မြူနစ်ဝါဒနဲ့ ချည်းကပ်ရင် This ဟာတစ်မျိုးဖြစ်သွားသလို အရင်းရှင်ဝါဒနဲ့ဇောင်းပေးရင် This ဟာတစ်မျိုးဖြစ်သွားတယ်။ ပရမတ္ထ အရမပြောင်းလဲပေမဲ့ ပညတ္တိ အရ ပြောင်းလဲသွားတယ်။ အဲ့တော့မိမိအနေနဲ့ ဝါဒတစ်ခုIsmတစ်ခုကနေ စာအုပ်ကိုကိုင်စွဲတာလေ့လာတာက ဦးနှောက်အတွက် Healthy ​မဖြစ်ဘူး၊ ဒါ​ပေမဲ့ လုပ်ချင်ရင်လုပ်။ အပေါ်ကစာရေးသူ ရဲ့ ရည်ရွယ်ချက်တွေကိုပြောင်းပြန်လှန်ပြီး Ismတစ်ခုကနေ အနက်ပြန်ဖွင့်ဆိုမယ်ဆိုရင်တော့ ပိုလို့တောင်ဆိုးသေးတယ်။ စာပေတစ်ခုကိုဖတ်ရှု့ရမှာ မိမိအနေ နဲ့သာဖတ်ရှု့ပါ။ Nietzsche ကို Nietzsche လိုဖတ်ပါ။ Spinozaကို Spinoza လိုပဲဖတ်ပါ။ Hegelကို Marxလိုမဖတ်ပါနဲ့ ၊ Fichteကိုလဲ Hegelလိုမဖတ်ပါနဲ့ ။

• Consistency (ကျိုးကြောင်းညီညွတ်မှု) စာပေတစ်ခုကိုအထက်ပါ အခြင်းအရာတွေနဲ့ဝေဖန်ဆုံးဖြတ်နေပေမဲ့ ထိုစာပေဟာကျိုးကြောင်းစီလျော်မှန်ကန်ခြင်းရှိခြင်း၊မရှိခြင်း အပေါ်ကိုလဲဝေဖန်အကဲဖြတ်နိုင်မှ လေ့လာသင်ယူဖို့ရော၊ဖတ်ရှု့ဖို့ရော၊ကိုးကားအနက်ပြန်ဖွင့်ဆိုဖို့ရော ဖြစ်နိုင်ပါလိမ့်မယ်။

#Kira
Please open Telegram to view this post
VIEW IN TELEGRAM
❤34🦄3☃2🔥2⚡1🥰1🍓1
🔴 ငလျင်သတိပေးချက်! 🔴

ပြင်းအား : 5.7
တည်နေရာ : Shwe Ku, မိတ္ထီလာ ဒေသ, မန္တလေး, မြန်မာနိုင်ငံ
ကိုဩဒိနိတ် : 21.3540, 96.0710
အနက် : 10.0 ကီလိုမီတာ
ငလျင်လှုပ်ချိန် : 2025-05-17 22:24:46 (ရန်ကုန်အချိန်)
သတိပေးချိန် : 2025-05-17 22:39:03 (ရန်ကုန်အချိန်)
Google Maps : https://www.google.com/maps?q=21.354,96.071

နောက်ထပ်အချက်အလက်များ: https://earthquake.tmd.go.th/inside-info.html?earthquake=14385

#Credit

အားလုံးဂရုစိုက်ကြဗျ
#Kira
❤24😱4😭2
Channelက Contentဆန်ဆန်ရေးတင်ခဲ့တာတွေများနေပါပြီ။ အခုမှာတော့ Philosophy ဆိုတဲ့ဘာသာရပ်ကို AdminKiraဖက်က Educational ရည်ရွယ်ချက်နဲ့ လေ့လာဖတ်ရှု့နိုင်ဖို့အတွက် Program လေးတစ်ခုလာပါပြီ။ Programမှာ Branch အလိုက် Channel တွေခွဲလိုက်ပြီး ဖတ်ရှု့ရလွယ်ကူအောင် Telegraph နဲ့ တင်ဆက်မှာပါ။

Branch 0ကတော့
Totally
✔️ ပါ ညီကိုတို့။

Branch 0 ကအစမ်းသဘောမျိုးလဲ ဖြစ်တာကြောင့် အဓိကတင်ဆက်ပေးမှာကတော့ Pre Socrates နဲ့ပတ်သပ်တဲ့ Introduction တစ်ပုဒ်ဖြစ်ပြီး Test Question အနည်းအငယ်လဲ ပါဝင်ပါမယ်။ ( ရည်ရွယ်ချက်ကတော့ Target Audience ကိုသိရှိနိုင်ဖို့ပါပဲ ) Branch 0 ကို တော့အခကြေးငွေပေးစရာမလိုပဲ မည်သူမဆို လာရောက် ပါဝင်နိုင်ပါတယ်။ ဆက်သွယ်ရန် - @MertvetsKira

နှောင်းပိုင်းတင်ဆက်မဲ့
Branch 1 မှာတော့ တစ်ပတ်ကို စာဆောင် သုံးပုဒ်။ အိမ်စာ သုံးခု နဲ့ သုံးပတ်တိတိ Socrates, Plato, Artistole တို့ရဲ့ Philosophy ကို Details ကျကျ၊ အကျယ်ဖြန့် သွားမှာပါ ။ Open Gpလဲလုပ်ထားပေးမှာမလို့ မရှင်းတဲ့နေရာတွေကြရင် ချွင်းချက်မရှိမေးခွန်းထုတ်လို့ရသလို နာမည်မဖော်လိုပဲFeedbackပေးလို့ရတဲ့Form လေးတွေလဲ ပေးပါမယ်။ ဒီ Branch 1ကိုတော့ Branch 0 ကို ပါဝင်သူဖြစ်စေ၊မပါဝင်သူဖြစ်စေ အခကြေးငွေသက်သာစွာနဲ့ ပါဝင်နိုင်ပါတယ်။

Comment for more details ❤️

#Kira
Please open Telegram to view this post
VIEW IN TELEGRAM
❤23🔥3👏2🍾2
ကမူးစ့် နှင့် အချည်အနှီးဝါဒ

Support Our Tiktok Community

https://vt.tiktok.com/ZShpQYfEU/

Edit-Link Fixed

#Kira
❤22🔥5👏1
Adminကီရာ၏ ချာနယ်မိတ်ဆက်

“ Kira's Notes ”

ဒီချာနယ်လေးကတော့
Thinkverseက Admin Kiraရဲ့ Personal Channel​ဖြစ်ပါတယ်။ Thinkverseမှာ Philosophy ကို Introductions တင်ပေးခဲ့ပေမဲ့ ...

• ဒီ Kira's Note ချာနယ်လေးမှာ ဒဿနိကဗေဒကို Intermediate လောက်ထိနှံ့စပ်စွာ ဆောင်းပါးများရေးသားသွားမှာပါ။

• သဘောတရား(Concept) တစ်ခုခုကိုနားလည်ဖို့လဲ မြန်မာ့နည်းမြန်မာ့ဟန်နဲ့ ရှင်းပြပေးမဲ့အပြင်

• adminကီရာဖတ်ခဲ့ဖူးတဲ့ စာအုပ်တွေကို ဝေဖန်အကဲ ဖြတ်တာ (Analysis) တွေ နဲ့

• Philosophical ဘာသာပြန်အက်ဆေးတွေ

• Self Study နည်းစနစ်တွေနဲ့

• English,ဘာသာဗေဒ,ဒဿနဗေဒ,စိတ်ပညာ, လူမှုဗေဒ တို့လိုလူသိနည်း (အသုံးဝင်) တဲ့ဘာသာရပ်တွေနဲ့ပတ်သပ်ပြီး Admin Kira လေ့လာခဲ့တဲ့အခါ ထုတ်ထားတဲ့ မှတ်စုတိုလေးတွေကိုပါ မျှဝေတင်ဆက်ပေးသွားမှာပါ။

Channel Link -
@Lunatism_Philosophy

Thinkverse မှာလည်းတစ်ဖန်မတူညီတဲ့contentတွေတင်ဆက်ဦးမှာဖြစ်လို့ Educational Purpose ဖြစ်တဲ့ Channel နှစ်ခုလုံးကို Joinထားဖို့မမေ့နဲ့နော်။

#Kira
❤10🔥6🤯2👏1🏆1
သူကသူ့ရဲ့ဝန်ကို ဝန်လိုသဘောမထားပဲ ခန္ဓာကိုယ်ရဲ့ဒုတိယမြောက်ကျောရိုးအဖြစ်အနေနှင့်သယ်ဆောင်ထားတယ် ခန္ဓာကိုယ်ကြီးက‌ကြမ်းပြင်အထိကွေးညွှတ်နေတယ် ထိုကွေးညွှတ်နေမှုကြီးကသူ့ရဲ့ လှုပ်ရှားမှုတိုင်းကို ပြောင်းလဲနေစေတယ်လေ ထို့သို့တိုင်အောင်ဖြစ်သော်လည်း သူကမမြင်ခဲ့ဘူး ဘာကြောင့်လဲ။ အဲ့ဖိအားကဟုတ်ဟုတ်ဆိုပြီးလည်းအသံထွက်မနေဘူး ဒါပေမယ့် စကားလုံးမလိုပဲ ရှေးခေတ်တီးလုံးလေးတစ်ပုဒ်လိုနဲ့ မနားဘဲ အသံပေးနေတယ်။ သူ့ရဲ့စိတ်ဝိညာဉ်က နည်းနည်းလေးဖြင့် များများဆုပ်ကိုင်မှုအနုပညာတစ်ရပ်တတ်မြောက်ခဲ့တယ် ပြောရမယ်ဆိုရင် သူက မျှော်လင့်ချက်တွေကိုရယ်သံနဲ့ခေါက်သိမ်းတတ်ထားတယ် ကြောက်ရွံ့မှုကိုလည်း တာဝန်ဆိုတဲ့အရာနဲ့ဖုံးထားတယ် ချစ်ခြင်းကိုလဲ ကျိုးပဲ့နေတဲ့မှတ်ဉာဏ်တွေရဲ့အောက်ခြေမှာမြုပ်နှံထားတဲ့လူတစ်ယောက် လူဖြစ်ရှုံးတာလား တာဝန်သိတတ်တာလား ပြီးပြည့်စုံတဲ့လူသားတစ်ယောက်ဖြစ်လာတာလားမခွဲခြားတတ်‌ဘူးကွယ်။ သူ့ရဲ့ဝန်ဆိုတဲ့အသက်ရှုနေတယ် သက်ရှိတစ်ယောက်လိုပေါ့ ဒါပေမယ့်မလွတ်မြောက်နိုင်ဘူး လက်ဝါးကပ်တိုင်လိုသယ်ဆောင်ရမယ့်ဝန်တစ်ခုမဟုတ်ပေမဲ့ ဒါဟာသူဘယ်တုန်းကမှလှန်မကြည့်ခဲ့ဖူးတဲ့မှန်တစ်ချက်လိုပါပဲ။
#Thinkverse@IknowledgeField
❤16💘3🦄3😈2🔥1👏1🤔1🥱1
Answer me….

What’s the meaning of life for you?

#
အတွေးကမ္ဘာ@IknowledgeField
❤10🤔5🤯3
လိင်စိတ်ဆန္ဒ ကို ရှောင်ကြဉ်တဲ့ကျင့်စဉ်ဆိုတာ အပြောလွယ်ပေမဲ့ အလုပ်ခက်တယ်ဆိုတာလူတိုင်းသိကြပါတယ်။
လိင်စိတ်ဘယ်လိုဖျောက်ရမလဲ
(Kira's Note Channelတွင်ဖတ်ရှု့နိုင်ပါပြီ)

နှိပ်ပါ


•Übermensch ဖြစ်နည်း အဆစ်ပါ (It's a joke)

Porn Addiction recovery plan
https://t.me/Lunatism_Philosophy/25

#Kira
❤14🔥5🗿4🤯1
မိုးအေးအေးနဲ့ ရီဗျုးအတိုလေး။

Absurdism ဆိုရင် Camus ရဲ့ L'tranger တို့လောက်ကိုပဲ မြန်မာနိုင်ငံကအသိမှတ်ပြုကြတာများတယ် ။

Edward Albee ရဲ့ The American Dream ပြဇာတ် ဆိုရင် Absurdism အရေးအသားတွေထဲက Absurdအဆန်ဆုံး လက်ရာတစ်ခုပဲ ။ Camusဟာကမှ Existential ဆန်ရင်ဆန်နေဦးမယ် ။

The American Dream ပြဇာတ်က ဇာတ်ကောင်တွေတိုင်းက အဓိပ္ပါယ်မရှိ ဖြစ်ချင်ရာတွေဖြစ်ပြီး သူ့ရဲ့ Contemporary (ခေတ်ပြိုင်) အခြေအနေတုန်းက အမေရိကန်တွေရဲ့ စီးပွားရေးနဲ့ ပစ္စည်း (Materialism) တွေကိုချစ်မြတ်နိုးမှုက လူသားချင်း ကြင်နာခြင်းထက် ပို နေပြီဆိုတာကို ပြသထားတယ် ။ လူသားတွေဖန်တီးလိုက်တဲ့ တန်ဖိုးအသစ်တွေရဲ့ မခိုင်လုံမှုနဲ့ လူ့ဘောင်တည်နေရာကို မေးခွန်းထုတ်ဖို့ ရည်ရွယ်ထားတာပဲ ။ Absurdist Play/Novel တိုင်းက L'trangerလို Voidကိုဖော်ကျူးနေတာမျိုးမဟုတ်ဘူး၊ အချို့တွေကVoidကိုအသုံးပြုပြီးလဲ လိုချင်တာကို ပုံဖော်သွားတတ်ကြတယ်ဆိုတာ သိထားစေချင်ပါတယ်။

@Lunatism_Philosophy
#Kira
❤12🔥3