𝙏𝙝𝙞𝙣𝙠𝙫𝙚𝙧𝙨𝙚
1.36K subscribers
262 photos
9 videos
13 files
126 links
သတင်း ၊ ဒဿန ၊ စာပေ ၊ သိပ္ပံနှင့် ဖျော်ဖြေရေး အရေးအသားများ

Our Web(closed)
thinkverse.lovable.app

Lunatic's Collection
https://t.me/IknowledgeField/476

Merlin's Collection
https://t.me/IknowledgeField/154

Contact for business -
@MertvetsKira
Download Telegram
အားလုံးပဲ မင်္ဂလာပါဗျ။

ကျွန်တော်ကတော့Admin အသစ်Björn ပါ။Admin ညီအကိုတွေအားလုံးက ကျနော်မြင်ဖူးသမျှထဲ တကယ့်လူတော်တွေဗျ။ကျွန်တော်ကတော့ လူရှော်။ကျွန်တော်က ဘာတွေတင်မလဲဆိုတော့ အရူးလွယ်အိတ်ကို မြင်ဖူးကြလားဗျ။ဆေးလိပ်တိုပါမယ် လမ်းဘေးကကောက်လာတဲ့ကျောက်ခဲလည်းပါမယ် ဗိုက်ဆာရင်စားဖို့သိမ်းထားတဲ့ စျေးထဲကအပေါက်ဆိုးဆိုးအဖွားကြီးပေးလိုက်တဲ့ ပဲကြော်အကြေလေးတွေပါမယ် အိတ်ပြဲရင် ဖာဖို့ အပ်နဲ့ ဖြစ်သလို လုံးထားတဲ့ အပ်ချည်လုံးလေးပါမယ် သတင်းစာထဲကကြော်ငြာအပိုင်းအစတွေလည်းပါမယ် မီးပွိုင့်ကကောင်မလေးချောချောလေး အတင်းထိုးပေးလိုက်တဲ့ ပန်းဖလက်တွေလည်း ပါမယ် ဟဲဟဲ ။ဒီလိုပဲ ကျနော်က စုံစိနဖာတင်မဲ့သူဗျ။ ကျွန်တော့် လွယ်အိတ်အပြဲလေးထဲ ဒီဟာလေးကတော့မိုက်တယ် ကောက်ထည့်ထားမှ ဒီဟာလေးတော့လိုတယ် သိမ်းထားဦးမှ ဆိုတဲ့ဟာလေးတွေ တစ်ခုချင်းဆီ ထုတ်ပြမယ်ပေါ့ဗျာ။ဒါလေးပါပဲ။ကျွန်တော်က jack of all trades ဗျ သိသလိုလိုနဲ့မသိတဲ့ကောင်။adhd ရှိတဲ့သူတွေနဲ့တော့အလွမ်းသင့်တယ်ဗျ။ကျွန်တော်က အဲလိုယုန်တွင်းလို့ခေါ်တဲ့ လူသိနည်းသလိုလို နက်နက်နဲနဲကိစ္စလေးတွေတော့ ဟိုစစ ဒီစစ အတိုအထွာလေးတွေ စပ်စုထားတော့ သိသယောင်ယောင်ရှိတယ်။အဲလို အကြောင်းအရာ လေးတွေ ချပြလိုက်ရင် စိတ်ဝင်စားရင် ကျွန်တော့် လွယ်အိတ်လေးထဲ တစ်ချက်ဝင် ကြည့်သွားပေါ့ဗျာ။ဟုတ်တယ်မလား။အရူးလွယ်အိတ်ချင်းတွေ့တော့လည်း လွတ်လွတ်လပ်လပ် ဖလှယ်ကြတာပေါ့ဗျာ။

ကျေးဇူးတင်ပါတယ်ခင်ဗျ။

#BjĂśrn
❤30❤‍🔥6👏3🤔2🔥1🍓1
Greco-Buddhist art

ငယ်ငယ်တုန်းကကြည့်ခဲ့ဖူးတဲ့ Hercules ကိုဗုဒ္ဓဆင်းတုတော်နဲ့တွဲမြင်ရမယ်လို့ဘဝမှာ ထင်ခဲ့ဖူးလားဗျ။ကျွန်တော်တော့မတွေးမိခဲ့ဖူးဘူး။ကဲ စလိုက်ရအောင်ဗျ။

စပြောရမယ်ဆို Hellenization ဆိုတဲ့ ဂရိယဉ်ကျေးမှုကို မွေးစားခြင်း ဆိုတာကိုစပြောရမယ်ဗျ။Classical
ဂရိ ဆိုတဲ့ အချိန်ကာလနောက်ပိုင်းမှာ Hellenistic ဂရိဆိုတဲ့ကာလပေါ်လာတယ်ဗျ။ဂရိယဉ်ကျေးမှုတွေက နေရာအနှံ့အပြားကို ကွဲထွက်ကုန်တယ်လို့အကြမ်းဖျင်းပြောလို့ရတယ်။အဲဒီမှာ ဂန္ဓာရာ (Gandhara) ဆိုတဲ့ အခု ပါကစ္စတန်နိုင်ငံ(Pakistan )ထဲက ဒေသတစ်ခုက အဲလက်ဇန္ဒြားအင်ပါယာထဲမှာပါခဲ့တယ်။အဲဒေသကိုမောရိယအင်ပါယာ(Maurya)ဘုရင် အသောက က သိမ်းပိုက်ချိန်မှာ အဲဒေသက ဂရိလူမျိုးအကြွင်းအကျန်တွေကော ဒေသခံတွေကော သူ့လက်အောက်ရောက်သွားတယ်။အသောကမင်းက ဗုဒ္ဓဘာသာ သာသနာစပြုတော့ အဲဒီဒေသက လူမျိုးတွေက ဗုဒ္ဓဘာသာ ဖြစ်ကုန်တယ်။သူတို့မတိုင်ခင်က ဆင်းတုတော်ကိုကိုယ်လုံးတော်ပြည့်ပူဇော်တာမျိုး မရှိခဲ့ဘဲ ဗောဓိညောင်ပင် သို့မဟုတ် ပုလ္လင်အလွတ် နဲ့ပဲ ရည်ရွယ်ပြီးပူဇော်ခဲ့တယ်လို့လက်ခံထားသူတွေရှိတယ်(ဒီအချက်ကိုတော့ ကျွန်တော်ကိုယ်တိုင် ရေရေရာရာမပြောနိုင်ပါ)။သူတို့ကဂရိနတ်ဘုရားတွေပါ ရောပြီး ဆင်းတုတော်တွေကိုပူဇော်ခဲ့တယ်။အထူးသဖြင့် ဟာကြူလီပဲ။အဲဒီလို ဟာကြူလီကို မြတ်စွာဘုရားရဲ့ကိုယ်ရံတော် အဖြစ် ထွင်းထုကြတာဟာ ဂျပန်တို့တရုတ်တို့က နိအို(Nio)ဆိုတဲ့ မျက်နှာမာမာနဲ့ကြွက်သားတွေနဲ့ဘုရားကျောင်းအရှေ့မှာထားတဲ့ အရုပ်ကြီးတွေရဲ့ အစလို့ပြောလို့ရတယ်။သူတို့ကို ဝရာပါဏိ(Vajrapani) လို့ခေါ်တယ်။ဓမ္မပါလလို့လည်းခေါ်တယ်။ထေရဝါဒဗုဒ္ဓဘာသာဝင်တွေအနေနဲ့တော့ မရင်းနှီးလောက်ဘူးထင်တယ်။အဲဒီ ဂန္ဓာရဒေသမှာပဲကျွန်တော်တို့ပြောပြောနေလေ့ရှိတဲ့ တက္ကသီလာ ဆိုတဲ့ တက္ကသိုလ်ရှိတယ်။ပုံလေးတွေကြည့်ကြည့်ပါ။ဆိုးဆိုးရွားရွားမပြည့်စုံတဲ့ဆင်းတုတော်ပုံတွေကိုတော့ မသင့်တော်ဘူး ထင်လို့ကျွန်တော်မထည့်ထားဘူး။ဒသမတန်း စနစ်သစ် လူမှုရေးသိပ္ပံမှာလည်းပါတယ်လို့ Admin ညီအစ်ကိုတွေကထောက်ပြထားတယ်ဗျ။

အချိန်ယူပြီးဖတ်ပေးတာကျေးဇူးတင်ပါတယ်ခင်ဗျ။

#ရေးသားထားသောအကြောင်းအရာသည် ကျွန်တော့်တစ်ဦးတည်း၏ ထင်မြင်ချက်သာဖြစ်ပါသည်

#BjĂśrn
❤13💘3🔥2
Electrons Don’t Orbit Like Planets: Debunking a Common Misconception

မြန်မာနိုင်ငံက ကျောင်းအများစုမှာ ဒီအယူအဆကို ဆက်လက်သင်ကြားနေဆဲပဲဗျ။ ကျွန်တော်က Grade 12 ကျောင်းသားဖြစ်ပြီး မကြာသေးခင်က Bohr model နဲ့ပတ်သက်တဲ့ယုံကြည်ချက်နဲ့၊ အယူအဆတွေကို ဆရာတွေနဲ့သူငယ်ချင်းတွေထဲမှာ မေးမြန်းကြည့်ခဲ့တာ လုံးဝမှန်ကန်တဲ့လူကနှစ်ယောက်လောက်ပဲရှိတယ်ဗျ။ ကျွန်တော်မေးခဲ့တဲ့သူငယ်ချင်းတွေအများစုက "အေးလေ၊ grade 10 မှာသင်ခဲ့ဖူးတာ" ဆိုတာမျိုးပြန်လာကြတယ်။ ဒါကပဲ ပြဿနာပါ။ အတန်းတက်လာတာနဲ့အမျှ နားလည်မှုအသစ်တွေ တိုးလာဖို့လိုအပ်ပါတယ်။ ဒါကြောင့် ကျောင်းမှာ သင်ကြားနေတဲ့ အယူအဆအမှားနဲ့၊ ကျောင်းမတက်ဘဲနဲ့ Bohr model ကိုကြားဖူးနားဝရှိပြီး အယူအဆအမှားကိုလက်ခံထားကြတဲ့သူတွေအတွက် တကယ်မှန်တဲ့အချက်တွေကို မျှဝေပေးချင်တယ်ဗျာ။

Bohr model ကို Niels Bohr က 1913 ခုနှစ်မှာ ဖန်တီးခဲ့ပြီး၊ သူ့အယူအဆအရတော့ electrons တွေဟာ nucleus ကို စက်ဝိုင်းပုံစံနဲ့ fixed orbit မှာပတ်နေတယ်လို့ ဆိုပါတယ်။ ဒီ model က Hydrogen atom အတွက်တော့လုံးဝမှန်တယ်ဗျ။ electron တစ်ခုဟာ discrete energy levels တွင်သာရှိနိုင်တယ်လို့သူကပြောထားတယ်။

ဒါပေမဲ့ Bohr model ဟာ quantum mechanics စတင်ထွန်းကားလာတဲ့ 1920s နောက်ပိုင်းမှာတော့ ငြင်းစရာတွေပေါ်လာတယ်ဗျ။ quantum mechanics ရဲ့ကျေးဇူးနဲ့ electrons တွေဟာ fixed path တစ်ခုတည်းမှာမရှိတာကို သိလာရတယ်ဗျ။

အမှန်ကဘာလဲဆိုတော့ electron တွေမှာ wave-particle duality ရှိတဲ့အတွက် “orbit” ဆိုတာဖြစ်လို့မရတော့ဘူးဗျ။တိတိကျကျ တည်နေရာနဲ့ လှုပ်ရှားမှုကို တပြိုင်နက်တည်း သိလို့မရဘူးဆိုတဲ့ Heisenberg Uncertainty Principle ကလည်း အထောက်အထားတစ်ခုပဲ။ Electromagnetic theory အရ မူလကလည်း accelerated object တစ်ခုက အချိန်ကြာလာရင် radiation လုပ်ပြီး ရပ်သွားမှာဖြစ်တာကြောင့် classical logic နဲ့တင် Bohr model မှာပါတဲ့ concept တစ်ချို့ဟာ မဖြစ်နိုင်ဘူးဆိုတာလုံးဝသိသာလာတယ်။

တကယ်တော့ electrons တွေဟာ “orbitals” ဆိုတဲ့ electronကိုရှာတွေ့ဖို့ 90%လောက်သေချာတဲ့ မျှော်မှန်းတိမ်တိုက်မှာသာရှိနေနိုင်ပါတယ်ဗျ။ ဒီ orbitals တွေက s, p, d, f စတဲ့ shape ပုံစံမျိုးစုံရှိပြီး electron ကို 90% လောက်ဖြစ်နိုင်ချေရှိတဲ့နေရာအဖြစ်ဖော်ပြထားတယ်။ ဒါဟက fixed orbit မဟုတ်တော့ပါဘူး။ Electron တစ်ခုရဲ့ တိတိကျကျတည်နေရာကို မသိနိုင်သလို၊ သူ့ကို တစ်နေရာတည်းမှာပတ်နေတယ်လို့လည်းမဆိုနိုင်တော့ဘူးဗျ။ electron တွေက “ဖြစ်နိုင်ခြေရှိတဲ့နေရာ” ထဲမှာရှိနေတာပါပဲ။

ဒီလောက်ရှင်းပြချက်နဲ့ Bohr model ရဲ့အမှားနဲ့ တကယ်ဖြစ်နေတဲ့ electron structure ကို ခွဲခြားနားလည်မယ်လို့ ယုံကြည်ပါတယ်ဗျ။ ကျောင်းတွေမှာသင်ပေးနေတဲ့ concept တချို့ကိုလည်း ပြောင်းလဲသင့်နေပြီလို့ထင်တယ်ဗျ။ အာ့ကြောင့်မို့ Bohr model အယူအဆအမှားကို သိပြီးသားလူကော၊ မသိသေးတဲ့လူပါ လက်လွှတ်ဖို့အကြံပေးလိုက်ရင်းနဲ့ပဲ ဒီရှင်းပြချက်ကိုအဆုံးသတ်လိုက်ရပါတယ်ဗျ။ အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ။

#Rover
#AtomicMisconception
❤17🔥2💯2👏1
Orbitals shapes
source - internet
#Rover
❤13🔥3🥰3
TikTok အကောင့် Boost ပေးတဲ့ service ပါ စိတ်ချစွာ ဝယ်ယူအားပေးနိုင်ပါတယ် ကိုယ်တိုင်ဝယ်ဘူးလို့ညွှန်းတာပါ
❤7
Forwarded from Nyan Win Htwe
စိတ်ချယုံကြည်စွာငွေကြိုလွှဲစရာမလို့ပဲဝယ်ယူနိုင်ပါပြီဗျ
Update Price🎯

📱TikTok🪙
🔮View 10K - 500 ks
🔮View 1M - 10000 ks
🔮Like 1K - 3500ks (GiftView 10K)
🔮Follower 1K - 18000 ks
🔮Save/Share 1K - 1500 ks
🔮Promote 1$ - 8000ks ( Myanmar Real View Like Follower )📈

📱Facebook 📇
🇲🇲Page Like + Follower 1K -22000ks📈
🇲🇲Acc Follower 1K - 18000 ks
🇲🇲1 reaction 1K - 14000 ks
🇲🇲Comment 100 - 9000 ks ( Postနဲ့လိုက်တဲ့မန့်မျိုးမန့်ပေးပါသည် )
😐7❤6😢3💔2
❤17🔥5💯2
https://telegra.ph/An-essay-for-Ko-Nay-Win-04-29

တေးရေးကိုနေဝင်းအတွက်အက်ဆေးလေးပါ အားပေးကြပါဦးခင်ဗျ #Björn
❤16💯3🔥2
Update Price🎯

📱TikTok🪙
🔮View 10K - 500 ks
🔮View 1M - 10000 ks
🔮Like 1K - 3500ks (GiftView 10K)
🔮Follower 1K - 18000 ks
🔮Save/Share 1K - 1500 ks
🔮Promote 1$ - 8000ks ( Myanmar Real View Like Follower )📈

📱Facebook 📇
🇲🇲Page Like + Follower 1K -22000ks📈
🇲🇲Acc Follower 1K - 18000 ks
🇲🇲1 reaction 1K - 14000 ks
🇲🇲Comment 100 - 9000 ks ( Postနဲ့လိုက်တဲ့မန့်မျိုးမန့်ပေးပါသည် )

Golbal 🌎
👨‍👩‍👧Page Like + Follower1K - 12000 ks
👨‍👩‍👧Page Follower 1K - 7000 ks
👨‍👩‍👧1 reaction 1K - 8000 ks
👨‍👩‍👧comment react 1k - 6000 ks
👨‍👩‍👧Acc Follower 1K - 12000 ks🚀

📱Telegram✨
🇲🇲Sub 100 - 2000ks | Sub100 - 1000ks
🇲🇲Sub 500 - 8000ks| Sub 500 - 5000ks
🇲🇲Sub 1K   - 15000ks | Sub 1K - 9500ks
🇲🇲Sub 5K - 65000ks | Sub 5K -45000ks

🧩Telegram post view3K -1000ks
🧩Telegram post 4reaction 2K - 3000ks
🧩Telegram Post Myanmar name Myanmar comment 10 - 6000ks (ကြိုက်တာရေးလို့ရ)

⭐️Telegram Star⭐️
  50 Star - 5000 Ks
100 Star - 10000Ks
200 Star - 17000 Ks
500 Star - 40000Ks
750 Star - 57000 Ks
  1K Star - 79000 Ks
♠️Telegram Poll Vote 1K - 6500Ks♠️

📱Instgram 🎁
♦️Like 1K - 1000 ks
♦️View 10K - 3000 ks
   (Close Flag for review !)
♦️Follower 100 - 2000 ks
♦️Follower 1K - 20000 ks
🫙3 Month Warranty ✔️✔️

📱Youtube✨
💘Subscriber 100 - 3500 ks
💘like 1K - 5000
💘No Drop Lifetime View1K - 12000 ks
💘Short View+like 1K - 8000 ks
💘YouTube Premium 1M - 10000ks

TikTok အကောင့် Boost ပေးတဲ့ service ပါ စိတ်ချစွာ ဝယ်ယူအားပေးနိုင်ပါတယ် ကိုယ်တိုင်ဝယ်ဘူးလို့ညွှန်းတာပါ
#နောက်ဆုံးပိုစ့်
🥰3❤2
Philosophical Introductions : Classical Logic ; Article 

Hello Kiraပါဗျ။
ပျောက်သွားတာကြာလို့sorryဗျာ။
Association အတွက်ဆောင်းပါးတွေရေးနေရလို့။ ဒီနေ့မှာတော့Classical Logicနဲ့ပတ်သပ်ပြီးအနည်းအငယ် မိတ်ဆက်ထားပါတယ် နားလည်ရတာမခက်ပါဘူး။

အောက်က Linkကိုနှိပ်ပြီးဖတ်နိုင်ပါပြီ။

https://telegra.ph/Classical-Logic-%E1%80%A1%E1%80%80%E1%80%84%E1%80%90%E1%80%85%E1%80%85%E1%80%90%E1%80%85%E1%80%86%E1%80%84-04-30

#Kira
❤24🔥5💯3
Saint Joan of Arc

ယခုစာဖတ်သူဟာ အလယ်ခေတ် အင်္ဂလိပ်ကြေးစားတစ်ယောက် မုတ်ဆိတ်ကြင်ဆွယ်တွေနဲ့ လူသတ်တာလက်ယဉ်နေတဲ့ ဘာမထီိ တဲ့ရဲမက်တစ်ယောက်ဖြစ်ပြီး စစ်မြေပြင်မှာ နုနုထွတ်ထွတ် ဖြူဖက်ဖြူရော် မိန်းမပျိုလေး တစ်ယောက်က "Jesus Maria "ဆိုတဲ့ တံခွန်ကို လက်တစ်ဖက်ကကိုင် တစ်ဖက်ကဓားကိုဆွဲပြီး စစ်တပ်ရှေ့ဆုံးကနေ မြင်းဖြူကြီးစီးပြီး မာန်ကြီးနဲ့ ကွပ်ကဲချီတက်လာတာ မြင်ရင် ဘာပြေးတွေးမလဲဗျ။ပြင်သစ်ကောင်တွေ ကြောင်ကုန်ပြီ ဆိုပြီး လှောင်ရယ်မိမှာ ပြက်ရယ်ပြုမိမှာ သေချာတာပေါ့။တကယ်တော့အဲဒီ အမျိုးသမီးပျိုလေးကပဲ ပြင်သစ်ဘုရင်ကို ထီးနန်းပြန်တင်ပေးခဲ့တာဗျ။
ငယ်နံမည်က Jeanne d'Arc။သူ့ကို ပြင်သစ်ပြည် အရှေ့မြောက် က အညတရ မိသားစုမှာ မွေးဖွားခဲ့ပါတယ်။ထုံးစံအတိုင်း မိန်းကလေးတွေ စာမသင်ရတော့ စာမတတ်ဘူး။ဒါပေမဲ့ ငယ်ငယ်ထဲက သူမက အရမ်းအမှတ်သညာ ကြီးတယ်။ဘာသာရေး ကိုင်းရိုင်းတယ်။တစ်နေ့ ဘုရားကျောင်း ကအပြန် စိန့်မိုက်ကယ်ရယ် အပျိုစင် သူတော်စင်တွေဖြစ်တဲ့ Margaret of Antioch နဲ့Catherine of Alexandria တို့က အကြားအမြင် ပေးတယ်။သူမဟာ ပြင်သစ်နန်းကျဘုရင်ချားလ်စ်ကို Reims ဘုရားကျောင်းမှာ နန်းပြန်တင်ပေးရမယ်ပေါ့ဗျာ။အဲကာလတုန်းက ပြင်သစ်ကို အင်္ဂလိပ်တွေက ရုပ်သေးအစိုးရ အနေနဲ့ အုပ်ချုပ်နေတာဗျ။ဖြစ်ချင်တော့ မာလင်ရဲ့တဘောင်က ရှိနေတယ်။တံခွန်ကိုင်ထားတဲ့ မိန်းမပျိုတစ်ယောက်က အင်္ဂလိပ်တွေကို ပြင်သစ်ပြည် ထဲက မောင်းထုတ်မယ် အမျိုးသမီးတစ်ယောက်ကြောင့်ဆုံးရှုံးခဲ့တဲ့ ထီးနန်းကို အမျိုးသမီးတစ်ယောက်က ပြန်ယူမယ် ဆိုတဲ့တဘောင်။အစွဲအလန်းကြီးတဲ့ Jeanne က သူမပဲဆိုပြီး ယုံကြည်ပြီး စစ်ထွက်ဖို့ ပြင်ပါတော့တယ်။
ချားလ်စ်ဘုရင်မှာက အစဉ်အလာအရသာ ဘုရင်ဖြစ်လာတာ။ ပဲရစ်တောင် အင်္ဂလိပ်တွေလက်အောက်မှာ။အစဉ်အလာ အရ ထီးနန်းတက်တဲ့ဘုရားကျောင်းကလည်း အင်္ဂလိပ်အောက်မှာ။ ပြီးတော့သူ့အမေကြောင့်ပဲ ပြင်သစ်ထီးနန်း နယ်မြေတွေက ဆုံးရှုံးခဲ့တာ။စစ်တပ်ထဲစဝင်တော့ Jeanne အခက်အခဲတွေကြုံခဲ့ပေမဲ့ သူမကနောက်တော့မဆုတ်ခဲ့ဘူး။ဟာသအနေနဲ့ပဲ တွေးကြတာပေါ့ဗျာ။သူမက အပျိူဖော်ဝင်စ ဓားတောင်အနိုင်နိုင်နဲ့ စစ်တိုက်မယ်ဆိုတော့။ထူးဆန်းတာက သူမကို တဘောင်အရ ဘုရင်ကခေါ်တွေ့တော့ စမ်းသပ်တယ်ပေါ့။ဘုရင်ကိုသူမ မမြင်ဖူးပေမဲ့ လူအုပ်ထဲကဘုရင်ကိုရွေးနိုင်ခဲ့ပါတယ်။အဲဒီ ကနေစပြီး သူမက Joan of Arc လို့အမည်ခံခဲ့ပါတယ်။
ဘုရင်က သူမ ကိုပွဲဦးထွက်အနေနဲ့ Orleans မြို့ ကို ကာကွယ် ဖို့ တာဝန်ပေးပါတယိ။အစကတော့ စစ်တပ်အကြီးအကဲတွေက သိပ်လက်မခံပေမဲ နောက်ကျတော့ သူမစကားတွေက အရာရောက်လာပါတယ်။စစ်မြေပြင်မှာ နေရာအနှံ့ဥဒဟိုသွားလာနေတဲ့ သူမရဲ့ တံခွန်ကိုဖြစ်စေ မြင်းဖြူကြီးကို ဖြစ်စေ မြင်တိုင်း ရဲမက်တွေက အားတက်လာကြတယ်။"Au nom de Dieu(ဘုရားသခင်၏ နာမတော်ဖြင့်)"လို့ကြွေးကြော်ပြီး မြင်းခွါတစ်ချက်ပေါက်လိုက်တိုင်း ရန်သူတွေရှဲသွားတယ်။ ဒီလိုနဲ့ အင်္ဂလိပ်တွေ Orleans ကိုလက်လျော့ခဲ့ရတယ်။ဒီလို အညတရမိန်းမပျိုတစ်ယောက်ရဲ့ ကွပ်ကဲမှု အောက်မှာ ကျရှုံးခဲ့ရတဲ့ အင်္ဂလိပ်တွေက သူမကို လုံးဝကို အခဲမကျေပါဘူး ။ဒီလိုနဲ့ ထီးနန်းတင်ဖို့ ဘုရားကျောင်းရှိရာ မြို့ကိုလည်း သူမပဲဦးဆောင်ပြီး သိမ်းပြီး ဘုရင်ကို ထီးနန်းပြန်တင်ပေးခဲ့ပါတယ်။ဖမ်းမိတဲ့ အင်္ဂလိပ်ကြေးစားတွေကိုလည်း မသတ်ဖို့သူမက မေတ္တာရပ်ခံခဲ့ပါတယ်။

ဒီလိုနဲ့ပဲရစ်ကိုကိုသိမ်းဖို့လုပ်ပါတယ်။ပဲရစ်ကို သိမ်းတာတော့ အဆင်မပြေခဲ့ပါဘူး။ဒီနေရာမှာ လူပြောများတာကတော့ သူမဟာ ဘုရားသခင်ရဲ့ ဆန္ဒကို ကျော်လွန်ပြီး သူမ သဘော သူမဆောင်ခဲ့တဲ့အတွက် ဘုရားသခင်ရဲ့စောင့်ရှောက်မှု မရတော့ဘူး လို့ ပြောကြပါတယ်။ထို့အတူ ပြင်သစ်နန်းစံတွေထုံးစံအတိုင်း ဘုရင်ကိုယ်တိုင် သူမကို ကြောက်လာတာလည်းပါပါတယ်။ တကယ်လည်း အဲဒီနောက်ပိုငိး တိုက်ပွဲတွေမှာ သူမဟာ ဆက်တိုက်အရှုံးနဲ့ပဲ ရင်ဆိုင်ခဲ့ရပါတယ်။ကံဆိုးစွာနဲ့အင်္ဂလိပ်သစ္စာခံတွေကို တိုက်ရင်းသူမဟာ အဖမ်းခံခဲ့ရပါတယ်။သူမကို အင်္ဂလိပ်တွေက ခေါ်သွားပါတယ်။ဒါတောင် သူမနန်းတင်ပေးခဲ့တဲ့ ပြင်သစ်ဘုရင်က တစ်စက်လေးတောင် ခေါင်းထဲမရှိခဲ့ပါဘူး။

သူမကိုမျှော်စင်တစ်ခုထဲမှာထားပါတယ်။စစ်အတွင်းက အညိုးအတေးနဲ့ယောင်္ကျားလေးအဝတ်တွေကိုဆွဲချွတ် မိန်းကလေးအဝတ်အတင်း ပေးဝတ်တယ်။ညှင်းပန်းနှိပ်စက်တယ်။မျှော်စင်အစောင့်တွေက အလိုမတူတာတွေ တောင်ကြံဖို့တောင်လုပ်ပါတယ်။နောက်ဆုံးတော့ သူမကို အယူဝါဒအလွဲဖြန့်ဝေမှုနဲ့အယူလွဲမှု ယောင်္ကျားလေးဟန်ဆောင်မှု စသည်တွေနဲ့သေဒဏ်ပေးဖို့ လုပ်ပါတယ်။သူမဟာ အယူလွဲတဲ့သူ ဖြစ်ကြောင်းကို ပဲရစ်တက္ကသိုလ်ကပဲ အတည်ပြုခဲ့ပါတယ်။သေဒဏ်ပေးဖို့မီးမွှေးတဲ့အချိန်ထိတောင် အနီးနားက ရဲမက်ကို လက်ဝါးကပ်တိုင် ခဏတောင်းတဲ့အထိ တော်တော်သွေးအေးတဲ့ အမျိုးသမီးအာဇာနည်တစ်ယောက်ပါ။ကွယ်လွန်ချိန်မှာ ၁၉ နှစ်သာ ရှိပါသေးတယ်။သူမရဲ့ရုပ်ကြွင်းတွေကို သိန်းမြစ်ထဲ သွန်ပစ်ခဲ့ပါတယ်။သူမကွယ်လွန်ပြီး ၂၂နှစ်အကြာမှာ အင်္ဂလိပ်တွေက ပြင်သစ်ပြည်ကနေ အပြီး ဆုတ်ခွာသွားပါတယ်။1920 ခုနှစ်မှာ ရိုမန်ကက်သလစ်ကျောင်းတော်က Pope Benedict XV က သူတော်စင်အဖြစ် သတ်မှတ်ပေးခဲ့ပါတယ်။ သူမဟာ 1412 ခုနှစ်ကပေမဲ့ အခုချိန်ထိ ပြင်သစ်ပြည်ရဲ့အမျိုးသမီး သူရဲကောင်းအာဇာနည် တစ်ဦးအနေနဲ့တည်ရှိနေဆဲပါပဲ။
#BjĂśrn
❤20🔥3💯2🍓2💘1
❤19💯2💘2❤‍🔥1🔥1
The Falklands War

"ကျွန်မက တေလေကြမ်းပိုးတွေ ရာဇဝတ်သားတွေဘယ်တော့မှ ညှိုနိုင်းမှာ မဟုတ်ဘူး။ဖော့ကလန်ကျွန်းစုက ဗြိတိန်နိုင်ငံရဲ့အချုပ်အခြာ အာဏာအောက်မှာသာဖြစ်တယ်။ကျွန်မတို့ ဒီကျွန်းစု ကို ဘယ်နည်းပဲသုံးရသုံးရ ပြန်ယူမယ်။ဒီမယ် လူကြီးမင်းတို့ ဒါ ဖြစ်နိုင်လား မဖြစ်နိုင်လားပဲ ကျွန်မ သိချင်တယ်။"
အထက်ပါ စကားသံများသည် ဒေါင်းနင်းလမ်း အိမ်အမှတ်(၁၀) ကတ်ဘိနက် အစည်းအဝေးခန်းမအတွင်းမှ ထွက်ပေါ်နေခြင်းဖြစ်သည်။နေမဝင်အင်ပါယာဟု တစ်ချိန်က ခံယူခဲ့သော အင်မတန်ကြီးမားသည့် ၁၈ရာစု အင်ပါယာအား စိုးစံခဲ့သော ဘရစ်တာနီးယန်းများအား အဘယ်သော အရာကား တုန်လှုပ်အောင် လုပ်ဝံ့ပါသနည်း။
ဤဇာတ်ဝင်ခန်းသည် မာဂရက်သက်ချာ ၏ The iron lady ဇာတ်ဝင်ခန်းမှ ကောက်နှုတ်ထားခြင်း ဖြစ်ပါသည်။အာဂျင်တီးနားနိုင်ငံတွင် De facto အစိုးရအသစ် 1981 တွင် အာဏာရလာသော အချိန်တွင် အစိုးရအနေဖြင့် လူထုလက်ခံရန်အတွက် နိုင်ငံရေးပြယုဒ်ကောင်းတစ်ခုအား အင်မတန် အာသာငမ်းငမ်း လိုချင်နေသောအချိန် ဖြစ်သည်။ထိုအချိန်တွင် ခေါင်းဆောင်Leopoldo Galtieri အား အောက်လက်ငယ်သားများက အကြံပေးကြသည်။ယင်းသည် အနီးအနားရှိ ဗြိတိန်ပိုင် ဖော့ကလန်ကျွန်းစု အား အာဂျင်တီးနား၏ ပိုင်နက်သို့သွတ်သွင်းရန် ဖြစ်သည်။၂.၄.၁၉၈၂ တွင် ကမ်းထိုးရေယဉ်များဖြင့် ဖော့ကလန်ကျွန်းအား စတင်ကျူးကျော်သည်။နောက်ထိုအရာကပင် ထိုအစိုးရအား ချောက်ထဲကျစေမည့် မောင်းခလုတ် ဖြစ်လာမည်ကို ယင်းတို့ထိုအချိန်က သတိပြုနိုင်ခြင်းမရှိခဲ့ပေ။
ဗြိတိန်ဝန်ကြီးချုပ်မာဂရက်သက်ချာသည် သူမတာဝန်ထမ်းဆောင်ရာကာလအတွင်း မေးခွန်းထုတ်စရာစွမ်းဆောင်ရည်များ ရှိသော်လည်း ပြတ်ပြတ်သားသား ကိုင်တွယ်ခဲ့သော ဖော့ကလန်အရေးအခင်းက သူမအားလူကြိုက်များစေခဲ့သည်။ထိုအချိန်သည် တရုတ်က ဗြိတိန်အား ဟောင်ကောင်ကို လွှဲပေးရန် တွန်းတိုက်စပြုလာပြီ ဖြစ်သည်။ကျော်လွန်ခဲ့သော အတိတ်၏အရိပ်များသည် ပုံပြင်များ မဟုတ်ကြောင်းကို ပညာပေးရန် ဗြိတိန်နိုင်ငံအား သွေးတိုးစမ်းလာကြသော နိုင်ငံများကိုလက်တွေ့ပြရန် လိုလာပြီ ဖြစ်ကြောင်း ကို ဗြိတိန်နိုင်ငံသားတိုင်း သွေး၌ ဆူပွက်၍ အသိစိတ်ဝင်လာကြသည်။လန်ဒန်မြို့၏ မို့မှိုင်းသော ရာသီဥတုတွင် စစ်ခိုးစစ်ရိပ်များ တစ်လူလူ သန်း၍လာပြီဖြစ်သည်။
ထို့အတူ ဗြိတိန် တော်ဝင်လေတပ်နှင့်ရေတပ်၏ ဝေဟင်ကြီးစိုးမှု(Aerial Supremacy) နှင့် ရေပြင်ကြီးစိုးမှု (Naval Supremacy)သည် မည်မျှ နည်းပညာမြင့်နေပြီ ဖြစ်ကြောင်း ဥရောပနှင့် အမေရိကန် တို့ကို ပြသရန်အချိန်ကောင်းဖြစ်သည်။ခေတ်သစ်တိုက်လေယာဉ်များတွင် ပထမဆုံးပြေးလမ်းမလိုသည့်အပြင် ၉၀ဒီဂရီ အတက်အဆင်းလုပ်နိုင်သည့် Sea Harrier နှင့် ဗြိတန်တော်ဝင်လေတပ်၏ ပြယုဒ်ဖြစ်သည့် Vulcan Bomber များကိုစသုံးသည်။ထို့အတူ ကမ်းတက်စစ်ဆင်ရေးအတွက် အသုံးပြုသည့် ကုန်းရေနှစ်တန်သွား ကမ်းတက်ယာဉ်များနှင့် လေယာဉ်တင်သ​င်္ဘောများကို ပေါင်းသုံးခြင်းဖြင့် ဒုတိယကမ္ဘာစစ်နောက်ပိုင်း ကမ်းတက်ဗြူဟာ အသစ်များကို စမ်းသုံးသည်။အတ္တလန်တစ်ရေပြင်ရှိ Ascension ကျွန်းစုအား အခြေပြု၍ စစ်ဆင်ရေးကိုစသည်။ယင်းတိုက်ပွဲတွင် ဗြိတိန် နယူးကလီးယား ရေငုပ်သင်္ဘော HMS(Her majesty’s ship) Conqueror သည် ရန်သူခရုစ်သင်္ဘော ARA(Armada de la República Argentina )General Belgano ကို ပစ်ခတ်နှစ်မြုပ်ခဲ့ခြင်းဖြင့် ကမ္ဘာပထမဆုံး ရန်သူကို ပစ်ခတ်နှစ်မြုပ်ဖူးသော နယူးကလီးယား ရေငုပ်သင်္ဘောဖြစ်လာသည်။
ဖော့ကလန်ကျွန်းစုသည် အမှန်တော့ မဟာဗြူဟာကျသည်။တောင်အမေရိကသည်အချိန်မရွေး ဗြိတိန်နိုင်ငံနှင့်ရန်သူ ဖြစ်လာနိုင်သည့်အပြင် တောင်အတ္တလန်တစ်သမုန္ဒရာ ထွက်ပေါက် ဖြစ်သည်။ ထိုကျွန်းစုသည် အခြေစိုက်စခန်းအဖြစ် အသုံးပြု၍ရသည်။မာဂရက်သက်ချာသည် ၂.၅.၁၉၈၂ နေ့တွင် အများပြည်သူတို့၏အိမ်တော်(House of Common)၌ လက်တုန့်ပြန်မည်ဖြစ်ကြောင်း ကြေညာသည်။စစ်ပွဲသည် ၇၄ရက် ခန့်ကြာသည်။၁၄.၆.၁၉၈၂ တွင် အပစ်အခတ် ရပ်သည်။ရလဒ်ကရှင်းလင်းပြတ်သားသည်။ဖော့ကလန်ကျွန်းစုကို ဗြိတိန်ပြန်ရသည်။အာဂျင်တီးနား De facto အစိုးရ ပြုတ်ကျသွားသည်။ဗီယက်နမ်စစ်ပွဲနောက်ပိုင်း နှစ်နိုင်ငံလက်ရည်တူ တိုက်သည့်ပွဲ ဖြစ်သည်။ဘုရင်မရဲ့ကျောက်တုံးပုံလေးကိုသွားမထိလေနဲ့ ဆိုသည့်ဟာသအတိုင်း ဘရစ်တာနီးယန်းတို့
" Rule Britannia, Britannia rule the waves "ဟု နောက်တစ်ကြိမ် ထပ်မံ ဂုဏ်ယူဝံ့ကြားစွာ သီဆိုနိုင်ပြီ ဖြစ်သည်။

#BjĂśrn
❤13🔥2🥰1💯1💘1
❤11🔥3💘1