𝙏𝙝𝙞𝙣𝙠𝙫𝙚𝙧𝙨𝙚
1.36K subscribers
262 photos
9 videos
13 files
126 links
သတင်း ၊ ဒဿန ၊ စာပေ ၊ သိပ္ပံနှင့် ဖျော်ဖြေရေး အရေးအသားများ

Our Web(closed)
thinkverse.lovable.app

Lunatic's Collection
https://t.me/IknowledgeField/476

Merlin's Collection
https://t.me/IknowledgeField/154

Contact for business -
@MertvetsKira
Download Telegram
GASLIGHTING ဆိုတာဘာလဲ…။
———————————————

Gaslighting ဆိုတာကို အခုခေတ်လူ့အဖွဲ့အစည်းတွေ နဲ့ Social Media က လူ အများစု က သုံးနေကြတာကို မြင်ဘူးကြမှာပါ။ အချို့ကရည်ရွယ်ချက် တစ်စုံတစ်ရာပါသလို၊ အချို့က ကိုယ်တိုင်တောင်သတိမထားမိကြပါဘူး။ သတိမထားမိတဲ့ အခြေနေတွေကိုတော့ gaslightingတယ် ခေါ်ဖို့ကြ အနည်းငယ်ခက်တယ်လို့ ဆိုရပါမယ်။

ဆိုတော့ Gaslighting ဆိုတာတကယ်တော့ဘာလဲ…။

See More on TikTok - https://vt.tiktok.com/ZSrnNCLET/

written by Kira

#JP
❤13🔥3🤔1💯1
Literary Fiction & Genre Fiction
🌱🌱🌱🌱

ဒီနေ့မှာတော့ မြန်မာလိုခေါ် "ရသ" (Fiction) အမျိုး အစားနှစ်ခုပြောပေး သွားပါမယ်။ စာအုပ်မှန်သမျှ ပုလ္လင်ပေါ်တင်နေမှာ စိုးလို့ပါ။ (BL/GL ဖတ်တာမကောင်းကြောင်းကိုဒီpostကအဓိကaimတာမဟုတ်ပါ ၊ ဗဟုသုတမျှဝေလိုခြင်းသာဖြစ်တယ်) ။

ဆိုတော့ ကျွန်တော်ကအခု သုတ စာအုပ်တွေကို အခုထည့်မပြောပါဘူး။

•Genre Fiction ဆိုတာကို အသွက်ဖက်လို့ပဲ ခေါ်ရမလား ။ မြင်သာအောင် ပြောရရင် စာအုပ်ကိုဖတ်ပြီးတာနဲ့ အမျိုးအစားတစ်ခုခု
Romance, Science Fiction, Mystery Thriller စသဖြင့် ခွဲလို့ရပါတယ်။ ဥပမာ ဒဂုံတာရာရဲ့ မေ တို့ သိုးဆောင်းရဲ့ အကြင်သူသည် တို့ဆိုရင် ဘာအမျိုးအစားလဲ တန်းပြောလို့ရတယ်။ ဆားပုလင်းနှင်းမောင် တို့ဘာတို့ကိုလဲ ဘာအကြောင်းလဲမေးရင် စုံထောက်အမှုလိုက်တဲ့ အကြောင်း ဆိုဖြေရုံပဲ။ The Hunger Games တို့ ဘာတို့ဆိုတာလဲ အသွက်ဖက်တွေ ၊ ပေါ့ပေါ့ပါးပါးနဲ့ ။ ခုခေတ်ထနေတဲ့ Reverend Insanity တို့လို စာအုပ်တွေကလဲ Genre Fiction ပါ။

ဒါဆိုရင်
•Literary Fiction ကြတော့ရော ။
ဒါမျိုးကိုကြတော့ "လေးတယ်" လို့ခေါ်လို့ရတဲ့ စာအုပ်တွေပါ။ လေးတယ်ဆိုတာ စာအုပ်ထူလို့ လေးတယ် ခေါ်တာထပ် ပိုပြီးအဓိပ္ပါယ်တစ်မျိုးကို ပေးစွမ်းနိုင်တာကြောင့်လဲ ဖြစ်ပါတယ်။ Serious Fiction လို့လဲခေါ်တယ်။ ဒီလိုစာအုပ်တွေက Genreခွဲရခက်တယ်။

ဥပမာ The Stranger By Albert Camus ၊ No Longer Human by Osamu Dazai ၊ Dostoevsky ရဲ့ Notes from underground တို့လို စာအုပ်တွေ နဲ့ The Catcher in the Rye (1951) ၊ Ulysses by James Joyce တို့လို စာအုပ်တွေကို တစ်ယောက်ယောက်က ဘာအမျိုးအစား စာအုပ်လဲလို့မေးတဲ့အခါ သောက်ခွက်ထ ထိုးချင်စရာကောင်းတဲ့ထိ အဖြေမရှိပါဘူး။အမျိုးအစားလဲရေရေ ရာရာခွဲ ပစ်လိုက်လို့မရပြန်ပါဘူး။

Literary Fiction ဆိုတာ Character Driven ကိုအဓိကထားတယ်၊ ဇာတ်ကောင်တစ်ခုပေါ်အခြေခံပြီး ဇာတ်အိမ်တစ်ခုကိုတည်ဆောက်ထားတာ ။ ဇာတ်ကောင်ရဲ့ ပြောင်းလဲတိုးတက်မှုပေါ်မှာ ဇာတ်လမ်းတစ်ခုလုံးရဲ့Themeက အစ ဖြေးညှင်းနက်နဲစွာ ပြောင်းလဲသွားတယ်။ ဘေးနားက ဇာတ်ကောင်တွေကလဲ Plotတစ်ခုဖြစ်လာဖို့ လုပ်နေရ၊ရှိနေရတာမျိုး မဟုတ်ပါဘူး။ သူ့အဓိပ္ပါယ်နဲ့သူ ရှိနေပါတယ်။

ဥပမာ Geroge Orwell ရဲ့ Animal Farm ဆို တိရစ္ဆာန်တွေက ဒီတိုင်းပျင်းလို့ထည့်ထားတာမဟုတ် အပြင်ကလူတန်းစားတစ်ရပ် စီတိုင်းကို ထင်ဟပ်နေစေပါတယ်။ ပြီးတော့တိရစ္ဆာန်တွေ လူလိုစကားပြောနေတာက Tom & Jerry လို ဖျော်ဖြေရေးရသ အနေနဲ့ လုပ်ထားတာမဟုတ်ပဲ စာဖတ်သူကို အသိတစ်ခုခု၊သဘောပေါက်မှု တစ်ခုခုကို ပေးချင်လို့သုံးသွားတဲ့ ကြားခံပစ္စည်းပါ။

Literary Fiction ဆိုတာ စာဖတ်သူရဲ့ ရင်ထဲမှာ အသိတစ်ခုခုချန်သွားနိုင်တာချည်းပါ။ ရင်ဘက်ထဲမှာ ဂျေဒိုးနပ်လို ဟင်းလင်းပေါက်ကြီးချန်ခဲ့ပြီး လူ့လောကရဲ့ ဆန်းကြယ်မှု၊ ဆိုးယုတ်မှုတွေကို စာအုပ်စာပေ ထဲမှာ ထည့်သွင်းတုပ ဖို့ကြိုးစားပါတယ်။ Character တွေ၊ Plotတွေ ကလဲအရမ်းစိတ်ကူးယဥ် ဆန်မနေပါဘူး။ ဇာတ်ကောင်တွေကလဲ သူ့ဟာသူနဲ့သူ ချို့ယွင်းချက်တွေရှိနေပြီး ဇွတ်သူတော်ကောင်းလုပ် ပြနေတာမျိုးမဟုတ်ပါဘူး။

ကဲ Yapတာလဲ များသွားပြီ။ နောက်ဆုံးတော့ တောင်စဥ်ရေမရ တွေးရခက် မနေစေဖို့ရာ အမျိုးအစား သတ်မှတ်ရတာခက်တဲ့စာအုပ်ဆို Literary Fiction ပါပဲ။ (Genre Fictionထဲမှာတော့ Romance,Sci-Fi စသဖြင့်ဖြစ်စေ ၊ Thriller,Action စသဖြင့်ဖြစ်စေ နှစ်ခုတွဲ(သို့) သုံးခုတွဲ ပါနေနိုင်ပါတယ်။ အဲ့တာမျိုးကိုတော့ ခွဲရခက်တယ်ကွာဆိုပြီး Literary Fictionထဲကောက်ထည့်လို့မရပါဘူး)

စာဖတ်တဲ့လူတိုင်းတော်တော်များများက အသွက်ဖက် Genre Fictionကနေ စရတာများပါတယ်။ ဒါပေမဲ့ဖတ်တာကြာလာပြီဆိုရင်တော့ မော်ဖင်း၂လုံးနဲ့ မလောက်တော့တဲ့ဆေးသမားလို ဒီ့ထပ်ပြင်းတဲ့ စာအုပ်တွေ၊တစ်ခုခုပိုအဓိပ္ပါယ်ရှိတဲ့ စာအုပ်တွေကို တမ်းတလာပြီး Literary Fiction လောကထဲကို ဝင်သွားကြတာများပါတယ်။

ဒါပေမဲ့ Literary နဲ့ Genre အသိုင်းအဝိုင်းနှစ်ခုကလဲ မတည့်ကြပါဘူး။ ပေါက်သွားတာ၊ရေပန်းစားသွားတာ ဆိုရင်တော့ Genre Fictionက ပိုများပေမဲ့ အသိမှတ်ပြုခံရတာ၊လေးစားခံရတာဆိုရင်တော့ မလွဲမသေ Literary Fiction ပါပဲ။ Literary Fiction အမျိုးအစားမှာလဲ Contemporary Literary Fiction, Realistic Literary Fiction, Experimental Literary Fiction, Philosophical Literary Fiction စသဖြင့် ခွဲခြားနိုင်ပါသေးတယ်။

နောက်ဆုံးအပိတ်အနေနဲ့ Genre Fiction ဆိုတာမျိုးက ရိုလာကိုစတာစီးရသလို ခဏတာ စိတ်လှုပ်ရှားမှုကို ပေးစွမ်းနိုင်ပေမဲ့ Literary Fictionဆိုတာမျိုးကတော့ ဖတ်နေရင်း သိပ်မလှိမ့်သလိုနဲ့ ဖတ်ပြီးမှသာ တစ်ဆိမ့်ဆိမ့် ဖီးတက် နေရတာမျိုးပါပဲ။

အလွယ်မှတ်ချင်ရင်က Nobel / Pulitzer ဆုရနိုင်တဲ့ စာအုပ်တွေက Literary Fiction (စာခန့်ပေမွန်)တွေဖြစ်ပြီး အဲဒီဆုတွေမရနိုင်တာတွေက Genre Fiction (အသွက်ဖတ်)တွေပါ။

#Kira
Please open Telegram to view this post
VIEW IN TELEGRAM
🔥18❤14💯4
Genre Fiction နှင့် Literary Fiction
🌱🌱

https://t.me/IknowledgeField/377
#Kira
Please open Telegram to view this post
VIEW IN TELEGRAM
❤11💯5🔥2
We hit 1.1k followers

Thx for following till now ..

We are currently working to present you more high quality contents on other platforms such as TikTok and Youtube.

- Support us by sharing our channels to your family & friends. -

Wishing you all the best..

#JP
❤24💘2
ကျွန်တော်တို့ TikTok အတွက် Like & follow သွားတိုးတာ အကောင်းဆုံး Service နဲ့ရတဲ့ brotherပါ။

ကိုယ်တိုင် အပ်ကြည့်လို့အဆင်ပြေလို့ ပြန်ရှဲပေးတာပါ။ ❤️
❤4
Forwarded from Nyan Win Htwe
📌TikTok မှာ Like / View / ဖော်လိုဝါ တွေနည်းနေလား?

📣ငွေကြိုလွှဲရန် မလိုပါ📣

။။။။ မှာ Like / View တွေတိုးပြီး Cele ဖြစ်လို့ရပြီနော်!

Cele ဖြစ်ချင်လား၊ လုပ်ငန်းတွက်ပဲ သုံးမလား၊ သူငယ်ချင်းတွေကို ကြွားမလား?

✅မြန်ဆန်
✅အာမခံ ပေး
✅စိတ်ချစွာ ဖြင့်တိုးလို့ရပါပြီ

🔐တိုးမယ်ဆိုရင် Account Link လေးပဲလိုတယ်နော်၊ password တွေ လုံးဝ ပေးစရာမလိုပါ။

Buy = @Nyanwinhtwe
❤9👌3🔥1
John (Palmistry) ဆိုသောအမည်ဖြင့် TikTok မှ သတင်းအမှားဖြန့်ဝေ့သူ ဂျွန်မိုးသဲ (အသက် ၂၁) ဖမ်းဆီးခံရ…။
—————————————————

မတ်လ၊ ၂၈ရက်နေ့ တွင်လှုပ်ခပ်သော မြေငလျင်အပြီး TikTok Platform တွင်နာမည်ရလာသော JOHN(Palmistry) အမည်ရအကောင့်ပိုင်ရှင် ကိုဂျွန်မိုးသဲ (အသက် ၂၁နှစ်) အား ဧပြီလ၊ ၂၂ရက်နေ့ မနက် ၁၀နာရီ၌ လုံခြုံရေးတာဝန်ရှိသူများက မုံရွာမြို့ရှိ နေအိမ်သို့ သွားရောက်ဖမ်းဆီခဲ့ ကြောင်း သိရှိရပါတယ်။

ထိုသူသည် ဧပြီလ၊ ၂၁ရက်နေ့ နေ့လည် ၁၂နာရီ ၂၂မိနစ်ခန့်တွင် မြန်မာနိုင်ငံ နေရာအနှံ့၌ ပြင်းအားပြင်း ငလျင်လှုပ်ခပ်မည်ဟု မဟုတ်မမှန်သော သတင်းဖြင့် အများပြည်သူအား အထိန့်တလန့်ဖြစ်စေခဲ့သူဖြစ်ပါတယ်။

လင်းနို့တာယာလဲ နံနံဂျားမှာမလို့ ခံသာသွားတာပါ။ :3

Read on Tiktok -
https://vt.tiktok.com/ZSr7nRBxV/
#JP
😢16😱10👏7❤3🍓2🗿2
This media is not supported in your browser
VIEW IN TELEGRAM
❤5🤔2🤯2🔥1🍓1😈1👻1
လူစကားကိုနည်းနည်းနားလည်တဲ့ ခွေးနဲ့ ခွေးစကားကိုလုံးဝနားမလည်တဲ့လူ ဘယ်သူကပိုဉာဏ်ကောင်းတာလဲ

#Kira
🙏13🤔6🤯4
အားလုံးပဲမင်္ဂလာပါဗျ

ကျွန်တော်က Admin အသစ် Rover ပါ။ ကျွန်တော် လေ့လာကြည့်သလောက်တော့ ကျောင်းသားအများစုက သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒဘာသာရပ်တွေနဲ့ပတ်သက်ပြီး တော်တော်လေး အမြင်မှားကြတာနဲ့၊ ယူဆချက်အမှားတွေရှိနေတာတွေ့ရတယ်။ ပြီးတော့ ဒီဘာသာရပ်တွေကိုလည်း ပျင်းစရာကောင်းတဲ့ဘာသာရပ်တွေလို့သတ်မှတ်ပြီး စိတ်မဝင်စားလာကြတော့ဘူးဗျ။

တကယ်တော့ ဒီဘာသာရပ်တွေက ကျွန်တော်တို့ ကမ္ဘာကြီး ဘယ်လို လည်ပတ်နေလဲဆိုတာကို နားလည်ဖို့အတွက် အရေးအကြီးဆုံး အခြေခံတွေပါပဲ။ ဒါပေမဲ့ ကျောင်းမှာ သင်ပေးနေတဲ့ ဆရာ၊ ဆရာမတွေရဲ့ ပုံစံတွေရော၊ ရနိုင်တဲ့ သတင်းအချက်အလက်တွေရဲ့ အားနည်းချက်တွေကြောင့်ရော ကျောင်းသားတွေက ဒီဘာသာရပ်တွေရဲ့ အနှစ်သာရကို သေချာမသိကြဘူးဖြစ်နေပါတယ်။

ဒါကြောင့် ကျွန်တော့် ဒီ Channel ကနေ ကျောင်းမှာ သင်နေတဲ့ ပုံစံတွေနဲ့ မတူတဲ့ ရှုထောင့်တွေ၊ နားလည်ရ လွယ်ကူအောင် ရှင်းပြတာတွေ၊ ပြီးတော့ စိတ်ဝင်စားဖို့ ကောင်းတဲ့ အကြောင်းအရာတွေကို တင်ပေးပြီး ဒီဘာသာရပ်တွေအပေါ် ကျောင်းသားတွေရဲ့ အမြင်ကို ပြောင်းလဲပစ်ဖို့ ကျွန်တော် ရည်ရွယ်ထားပါတယ်။ ကျွန်တော့် ရည်ရွယ်ချက်တွေ အောင်မြင်ဖို့အတွက် ခင်ဗျားတို့ရဲ့ ပူးပေါင်းပါဝင်မှုနဲ့ အကြံပြုချက်တွေကို အမြဲ ကြိုဆိုပါတယ်။ ဘာမေးစရာရှိရှိ လွတ်လွတ်လပ်လပ် မေးလို့ရသလို၊ ဘာကို မကျေနပ်တာပဲဖြစ်ဖြစ် ပွင့်ပွင့်လင်းလင်း ပြောလို့ရပါတယ်။

ကျေးဇူးတင်ပါတယ်။
#Rover
❤31🥰2👏2🤔2🔥1
အားလုံးပဲ မင်္ဂလာပါဗျ။

ကျွန်တော်ကတော့Admin အသစ်Björn ပါ။Admin ညီအကိုတွေအားလုံးက ကျနော်မြင်ဖူးသမျှထဲ တကယ့်လူတော်တွေဗျ။ကျွန်တော်ကတော့ လူရှော်။ကျွန်တော်က ဘာတွေတင်မလဲဆိုတော့ အရူးလွယ်အိတ်ကို မြင်ဖူးကြလားဗျ။ဆေးလိပ်တိုပါမယ် လမ်းဘေးကကောက်လာတဲ့ကျောက်ခဲလည်းပါမယ် ဗိုက်ဆာရင်စားဖို့သိမ်းထားတဲ့ စျေးထဲကအပေါက်ဆိုးဆိုးအဖွားကြီးပေးလိုက်တဲ့ ပဲကြော်အကြေလေးတွေပါမယ် အိတ်ပြဲရင် ဖာဖို့ အပ်နဲ့ ဖြစ်သလို လုံးထားတဲ့ အပ်ချည်လုံးလေးပါမယ် သတင်းစာထဲကကြော်ငြာအပိုင်းအစတွေလည်းပါမယ် မီးပွိုင့်ကကောင်မလေးချောချောလေး အတင်းထိုးပေးလိုက်တဲ့ ပန်းဖလက်တွေလည်း ပါမယ် ဟဲဟဲ ။ဒီလိုပဲ ကျနော်က စုံစိနဖာတင်မဲ့သူဗျ။ ကျွန်တော့် လွယ်အိတ်အပြဲလေးထဲ ဒီဟာလေးကတော့မိုက်တယ် ကောက်ထည့်ထားမှ ဒီဟာလေးတော့လိုတယ် သိမ်းထားဦးမှ ဆိုတဲ့ဟာလေးတွေ တစ်ခုချင်းဆီ ထုတ်ပြမယ်ပေါ့ဗျာ။ဒါလေးပါပဲ။ကျွန်တော်က jack of all trades ဗျ သိသလိုလိုနဲ့မသိတဲ့ကောင်။adhd ရှိတဲ့သူတွေနဲ့တော့အလွမ်းသင့်တယ်ဗျ။ကျွန်တော်က အဲလိုယုန်တွင်းလို့ခေါ်တဲ့ လူသိနည်းသလိုလို နက်နက်နဲနဲကိစ္စလေးတွေတော့ ဟိုစစ ဒီစစ အတိုအထွာလေးတွေ စပ်စုထားတော့ သိသယောင်ယောင်ရှိတယ်။အဲလို အကြောင်းအရာ လေးတွေ ချပြလိုက်ရင် စိတ်ဝင်စားရင် ကျွန်တော့် လွယ်အိတ်လေးထဲ တစ်ချက်ဝင် ကြည့်သွားပေါ့ဗျာ။ဟုတ်တယ်မလား။အရူးလွယ်အိတ်ချင်းတွေ့တော့လည်း လွတ်လွတ်လပ်လပ် ဖလှယ်ကြတာပေါ့ဗျာ။

ကျေးဇူးတင်ပါတယ်ခင်ဗျ။

#BjĂśrn
❤30❤‍🔥6👏3🤔2🔥1🍓1
Greco-Buddhist art

ငယ်ငယ်တုန်းကကြည့်ခဲ့ဖူးတဲ့ Hercules ကိုဗုဒ္ဓဆင်းတုတော်နဲ့တွဲမြင်ရမယ်လို့ဘဝမှာ ထင်ခဲ့ဖူးလားဗျ။ကျွန်တော်တော့မတွေးမိခဲ့ဖူးဘူး။ကဲ စလိုက်ရအောင်ဗျ။

စပြောရမယ်ဆို Hellenization ဆိုတဲ့ ဂရိယဉ်ကျေးမှုကို မွေးစားခြင်း ဆိုတာကိုစပြောရမယ်ဗျ။Classical
ဂရိ ဆိုတဲ့ အချိန်ကာလနောက်ပိုင်းမှာ Hellenistic ဂရိဆိုတဲ့ကာလပေါ်လာတယ်ဗျ။ဂရိယဉ်ကျေးမှုတွေက နေရာအနှံ့အပြားကို ကွဲထွက်ကုန်တယ်လို့အကြမ်းဖျင်းပြောလို့ရတယ်။အဲဒီမှာ ဂန္ဓာရာ (Gandhara) ဆိုတဲ့ အခု ပါကစ္စတန်နိုင်ငံ(Pakistan )ထဲက ဒေသတစ်ခုက အဲလက်ဇန္ဒြားအင်ပါယာထဲမှာပါခဲ့တယ်။အဲဒေသကိုမောရိယအင်ပါယာ(Maurya)ဘုရင် အသောက က သိမ်းပိုက်ချိန်မှာ အဲဒေသက ဂရိလူမျိုးအကြွင်းအကျန်တွေကော ဒေသခံတွေကော သူ့လက်အောက်ရောက်သွားတယ်။အသောကမင်းက ဗုဒ္ဓဘာသာ သာသနာစပြုတော့ အဲဒီဒေသက လူမျိုးတွေက ဗုဒ္ဓဘာသာ ဖြစ်ကုန်တယ်။သူတို့မတိုင်ခင်က ဆင်းတုတော်ကိုကိုယ်လုံးတော်ပြည့်ပူဇော်တာမျိုး မရှိခဲ့ဘဲ ဗောဓိညောင်ပင် သို့မဟုတ် ပုလ္လင်အလွတ် နဲ့ပဲ ရည်ရွယ်ပြီးပူဇော်ခဲ့တယ်လို့လက်ခံထားသူတွေရှိတယ်(ဒီအချက်ကိုတော့ ကျွန်တော်ကိုယ်တိုင် ရေရေရာရာမပြောနိုင်ပါ)။သူတို့ကဂရိနတ်ဘုရားတွေပါ ရောပြီး ဆင်းတုတော်တွေကိုပူဇော်ခဲ့တယ်။အထူးသဖြင့် ဟာကြူလီပဲ။အဲဒီလို ဟာကြူလီကို မြတ်စွာဘုရားရဲ့ကိုယ်ရံတော် အဖြစ် ထွင်းထုကြတာဟာ ဂျပန်တို့တရုတ်တို့က နိအို(Nio)ဆိုတဲ့ မျက်နှာမာမာနဲ့ကြွက်သားတွေနဲ့ဘုရားကျောင်းအရှေ့မှာထားတဲ့ အရုပ်ကြီးတွေရဲ့ အစလို့ပြောလို့ရတယ်။သူတို့ကို ဝရာပါဏိ(Vajrapani) လို့ခေါ်တယ်။ဓမ္မပါလလို့လည်းခေါ်တယ်။ထေရဝါဒဗုဒ္ဓဘာသာဝင်တွေအနေနဲ့တော့ မရင်းနှီးလောက်ဘူးထင်တယ်။အဲဒီ ဂန္ဓာရဒေသမှာပဲကျွန်တော်တို့ပြောပြောနေလေ့ရှိတဲ့ တက္ကသီလာ ဆိုတဲ့ တက္ကသိုလ်ရှိတယ်။ပုံလေးတွေကြည့်ကြည့်ပါ။ဆိုးဆိုးရွားရွားမပြည့်စုံတဲ့ဆင်းတုတော်ပုံတွေကိုတော့ မသင့်တော်ဘူး ထင်လို့ကျွန်တော်မထည့်ထားဘူး။ဒသမတန်း စနစ်သစ် လူမှုရေးသိပ္ပံမှာလည်းပါတယ်လို့ Admin ညီအစ်ကိုတွေကထောက်ပြထားတယ်ဗျ။

အချိန်ယူပြီးဖတ်ပေးတာကျေးဇူးတင်ပါတယ်ခင်ဗျ။

#ရေးသားထားသောအကြောင်းအရာသည် ကျွန်တော့်တစ်ဦးတည်း၏ ထင်မြင်ချက်သာဖြစ်ပါသည်

#BjĂśrn
❤13💘3🔥2
Electrons Don’t Orbit Like Planets: Debunking a Common Misconception

မြန်မာနိုင်ငံက ကျောင်းအများစုမှာ ဒီအယူအဆကို ဆက်လက်သင်ကြားနေဆဲပဲဗျ။ ကျွန်တော်က Grade 12 ကျောင်းသားဖြစ်ပြီး မကြာသေးခင်က Bohr model နဲ့ပတ်သက်တဲ့ယုံကြည်ချက်နဲ့၊ အယူအဆတွေကို ဆရာတွေနဲ့သူငယ်ချင်းတွေထဲမှာ မေးမြန်းကြည့်ခဲ့တာ လုံးဝမှန်ကန်တဲ့လူကနှစ်ယောက်လောက်ပဲရှိတယ်ဗျ။ ကျွန်တော်မေးခဲ့တဲ့သူငယ်ချင်းတွေအများစုက "အေးလေ၊ grade 10 မှာသင်ခဲ့ဖူးတာ" ဆိုတာမျိုးပြန်လာကြတယ်။ ဒါကပဲ ပြဿနာပါ။ အတန်းတက်လာတာနဲ့အမျှ နားလည်မှုအသစ်တွေ တိုးလာဖို့လိုအပ်ပါတယ်။ ဒါကြောင့် ကျောင်းမှာ သင်ကြားနေတဲ့ အယူအဆအမှားနဲ့၊ ကျောင်းမတက်ဘဲနဲ့ Bohr model ကိုကြားဖူးနားဝရှိပြီး အယူအဆအမှားကိုလက်ခံထားကြတဲ့သူတွေအတွက် တကယ်မှန်တဲ့အချက်တွေကို မျှဝေပေးချင်တယ်ဗျာ။

Bohr model ကို Niels Bohr က 1913 ခုနှစ်မှာ ဖန်တီးခဲ့ပြီး၊ သူ့အယူအဆအရတော့ electrons တွေဟာ nucleus ကို စက်ဝိုင်းပုံစံနဲ့ fixed orbit မှာပတ်နေတယ်လို့ ဆိုပါတယ်။ ဒီ model က Hydrogen atom အတွက်တော့လုံးဝမှန်တယ်ဗျ။ electron တစ်ခုဟာ discrete energy levels တွင်သာရှိနိုင်တယ်လို့သူကပြောထားတယ်။

ဒါပေမဲ့ Bohr model ဟာ quantum mechanics စတင်ထွန်းကားလာတဲ့ 1920s နောက်ပိုင်းမှာတော့ ငြင်းစရာတွေပေါ်လာတယ်ဗျ။ quantum mechanics ရဲ့ကျေးဇူးနဲ့ electrons တွေဟာ fixed path တစ်ခုတည်းမှာမရှိတာကို သိလာရတယ်ဗျ။

အမှန်ကဘာလဲဆိုတော့ electron တွေမှာ wave-particle duality ရှိတဲ့အတွက် “orbit” ဆိုတာဖြစ်လို့မရတော့ဘူးဗျ။တိတိကျကျ တည်နေရာနဲ့ လှုပ်ရှားမှုကို တပြိုင်နက်တည်း သိလို့မရဘူးဆိုတဲ့ Heisenberg Uncertainty Principle ကလည်း အထောက်အထားတစ်ခုပဲ။ Electromagnetic theory အရ မူလကလည်း accelerated object တစ်ခုက အချိန်ကြာလာရင် radiation လုပ်ပြီး ရပ်သွားမှာဖြစ်တာကြောင့် classical logic နဲ့တင် Bohr model မှာပါတဲ့ concept တစ်ချို့ဟာ မဖြစ်နိုင်ဘူးဆိုတာလုံးဝသိသာလာတယ်။

တကယ်တော့ electrons တွေဟာ “orbitals” ဆိုတဲ့ electronကိုရှာတွေ့ဖို့ 90%လောက်သေချာတဲ့ မျှော်မှန်းတိမ်တိုက်မှာသာရှိနေနိုင်ပါတယ်ဗျ။ ဒီ orbitals တွေက s, p, d, f စတဲ့ shape ပုံစံမျိုးစုံရှိပြီး electron ကို 90% လောက်ဖြစ်နိုင်ချေရှိတဲ့နေရာအဖြစ်ဖော်ပြထားတယ်။ ဒါဟက fixed orbit မဟုတ်တော့ပါဘူး။ Electron တစ်ခုရဲ့ တိတိကျကျတည်နေရာကို မသိနိုင်သလို၊ သူ့ကို တစ်နေရာတည်းမှာပတ်နေတယ်လို့လည်းမဆိုနိုင်တော့ဘူးဗျ။ electron တွေက “ဖြစ်နိုင်ခြေရှိတဲ့နေရာ” ထဲမှာရှိနေတာပါပဲ။

ဒီလောက်ရှင်းပြချက်နဲ့ Bohr model ရဲ့အမှားနဲ့ တကယ်ဖြစ်နေတဲ့ electron structure ကို ခွဲခြားနားလည်မယ်လို့ ယုံကြည်ပါတယ်ဗျ။ ကျောင်းတွေမှာသင်ပေးနေတဲ့ concept တချို့ကိုလည်း ပြောင်းလဲသင့်နေပြီလို့ထင်တယ်ဗျ။ အာ့ကြောင့်မို့ Bohr model အယူအဆအမှားကို သိပြီးသားလူကော၊ မသိသေးတဲ့လူပါ လက်လွှတ်ဖို့အကြံပေးလိုက်ရင်းနဲ့ပဲ ဒီရှင်းပြချက်ကိုအဆုံးသတ်လိုက်ရပါတယ်ဗျ။ အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ။

#Rover
#AtomicMisconception
❤17🔥2💯2👏1
Orbitals shapes
source - internet
#Rover
❤13🔥3🥰3