𝙏𝙝𝙞𝙣𝙠𝙫𝙚𝙧𝙨𝙚
1.36K subscribers
262 photos
9 videos
13 files
126 links
သတင်း ၊ ဒဿန ၊ စာပေ ၊ သိပ္ပံနှင့် ဖျော်ဖြေရေး အရေးအသားများ

Our Web(closed)
thinkverse.lovable.app

Lunatic's Collection
https://t.me/IknowledgeField/476

Merlin's Collection
https://t.me/IknowledgeField/154

Contact for business -
@MertvetsKira
Download Telegram
What is Types 9 immorality?
Immortality ကိုမြန်မာလိုဘာသာပြန်ရရင်
မသေဆုံးနိုင်ခြင်းပေါ့။
ဒါပေမယ့်မသေဆုံးတယ်ဆိုတာကြီးကစဥ်းစားရရင် တော်တော်ခေါင်းရှုပ်တယ်ပြောရမယ်။ကျွန်နော်တို့သုံးနေတဲ့ဇာတ်ကားတွေထဲဘဲဆိုကြပါစို့ တစ်ချို့က အသက်ကတော့မအိုလာဘူး ဒဏ်ရာရရင်သေနိုင်တယ် တစ်ချို့ကျလည်း ဓားတွေလှံတွေထိပြီးတယ်ပေါ့ဗျာ။မသေဆုံးခြင်းဆိုတာကယုံတမ်းတစ်ခုဆိုပေမယ့်သိထားလည်းအကျိုးတော့မယုတ်ပါဘူး။

Immorality ကိုအဆင့်နဲ့ခွဲခြားရရင်
9မျိုးရှိတယ် အဲ့တာတွေက
1.eternal life
2.resilient immortality
3.immorality via regeneration
4immortality via reincarnation
5.deathless immortality
6.parasitic
7.undead
8.reliant immorality
9. Transcendental immorality
ဆိုပြီးအဆင့်ခွဲထားတယ်



No.1 Eternal life
ပထမဆုံးဖြစ်တဲ့ Type1 eternal lifeကပြောရရင် အသက်လည်းကြီးမလာဘူး ရောဂါတွေဘာတွေနဲ့လည်းမသေဘူးပေါ့။
သူတို့ကပြောရရင် သဘာဝအတိုင်းမဟုတ်တဲ့အရာတွေကြောင့်မဟုတ်ရင် သတ်လို့မသေတဲ့အထဲပါတယ် ဥပမာ အဆင့်မြင့်ကျိန်စာတိုက်တာတို့ဘာတို့ပေါ့
ထာဝရအသက်ဆိုတဲ့အတိုင်း သာမန်နှစ်ထောင်ချီအသက်ရှည်တာမဟုတ်ဘဲနဲ့ သဘာဝလွန်အရာတွေနဲ့အသတ်မခံရခင်အထိအသက်ရှင်နိုင်တယ်ပေါ့ဗျာ
ဥပမာ LOTRထဲကလို THE VALOR
လိုကောင်တွေပေါ့

No.2 resilient immortality
ဒီကောင်တွေကကျ ရုပ်ပိုင်းဆိုင်ရာတိုက်ခိုက်တာတွေကို resilient လို့ရပေမယ့် regenerate လို့မရတဲ့ကောင်တွေပါ့
ပြောရရင် နှစ်ပိုင်းပြတ်သွားလည်း
မသေပေမယ့် သူ့ကိုယ်သူလည်းပြန်ဆက်လို့မရသလို ကိုယ်အင်္ဂါအသစ်လည်းထွက်မလာနိုင်တဲ့သူတွေကိုခေါ်တာပေါ့
ဥပမာ narutoထဲက hidanလိုကောင်တွေပေါ့

3.immortality via regeneration
ဒီကောင်တွေကကျ စောနကလိုပြတ်ထွက်သွားရင်ပြန်ဆပ်မရတာမဟုတ်ဘဲနဲ့ သူတို့ရဲ့ Wound healing
လုပ်နိုင်တဲ့သဘောဘဲ
ဒီဟာရဲ့အသုံးဝင်တဲ့အချက်ကျ regeneration လုပ်နိုင်တဲ့ကောင်ရဲ့အကန့်အသတ်ကိုမူတည်တာဘဲ။ဒါပေမယ့်လည်းသာမန်regeneration လုပ်နိုင်ရုံလောက်နဲ့တင် ဒီinherentlyထဲမဝင်ဘူးလို့ဆိုရမယ် ဒီtypeကိုဝင်ဖို့ဆို regeneration ကဘာစွမ်းအင်မှမသုံးstaminaတွေမကုန်ခမ်းစေနိုင်ဘဲနဲ့ regeneration ကိုအဆုံးမရှိလုပ်နိုင်နေမှရမယ် inherently ပေါ့။
တစ်ချို့ တော်တော်မြင့်တဲ့ regeneration ability တွေကတော့ဒီထဲဝင်နိုင်ပေမယ့် inherently တော့မဟုတ်ဘူး။
ဥပမာ Zamasuတို့ ဘာတို့ပေါ့


4.immortality via reincarnation
ဒီ Typeကြီးကတော့တော်တော်coolတယ်ပြောရမယ် နာမည်အတိုင်းဘဲပြန်ဝင်စားတာပေါ့ သေရွာပြန်ဘာညာပေါ့
သတ်လို့ရလားမေးရင်တော့သတ်လို့ရတယ် ဒါပေမယ့် သူတို့ကတော့အသက်ပြန်ရှင်နိုင်ပြောရမယ် reincarnation လုပ်တာဖြစ်ဖြစ် တစ်ခြား သဏ္ဌာန်အသွင်ကို auto-reviving လုပ်တာဖြစ်ဖြစ်ပေါ့ဗျာ။
ဥပမာ doctor whoတွေအကုန်လိုပေါ့

5.ᴅᴇᴀᴛʜʟᴇꜱꜱ ɪᴍᴍᴏʀᴛᴀʟɪᴛʏ
သူတို့ကကျပြောရရင် သေခြင်းရောရှင်ခြင်းနဲ့ပါ bound လို့မရတဲ့ကောင်တွေ၊
Life and death ကိုtranscendသွားတဲ့ကောင်တွေပေါ့။ non-beingလို့လဲခေါ်ကြတယ်သူတို့ကသေဆုံးခြင်းရောရှင်သန်ခြင်းပါမရှိတဲ့အတွက် Existence eraseနိုင်တဲ့ကောင်တွေသတ်မှဘဲရမယ်
ဥပမာ dementorလိုကောင်တွေ


6. ᴘᴀʀᴀꜱɪᴛɪᴄ
ဒီTypeကကျ body transfer လုပ်တာပေါ့
Parasyteထဲကလို bodyထိန်းချုပ်တာ possess လုပ်တာဘာညာရတဲ့ typeပေါ့။

7.ᴜɴᴅᴇᴀᴅ
သူတို့ကကျ သေပြီးသားသဘောသက်ရောက်နေလို့မသေနိုင်တဲ့ကောင်တွေဘဲဆိုပါတော့ သရဲတွေဝိညာဥ်တွေလည်းဒီtypeထဲကိုပါတယ်လို့တော့သတ်မှတ်ရတဲ့အထဲပါတယ်။

No.8 reliant immortality
Object တစ်ခုသို့မဟုတ် concept တစ်ခု သို့မဟုတ် beingတစ်ခုအပေါ်မှာမှီခိုနေတဲ့ကောင်တွေကို reliant immortality လို့ခေါ်လို့ရတယ်။ အဲ့တော့ သူတို့ရဲ့ immortality ကဘယ်လိုအလုပ်လုပ်တာလဲဆိုရင်
အပေါ်ကရေးထားတဲ့သူတို့မှီခိုနေတဲ့ နေရာတစ်ခုခုဖြစ်စေ အရာဝတ္ထု တစ်ခုဖြစ်စေ အဲ့အရာကိုလုံးဝအပြီးတိုင် မဖျက်စီးနိုင်ရင် သတ်လို့မရဘူးလို့ဆိုတဲ့ ကောင်မျိုးပေါ့။ သူတို့ကိုသတ်ချင်ရင် သူတို့မှီခိုထားတဲ့ original source ကြီးကိုဖျက်စီးနိုင်မှရမယ်။
ဒီ immortality က 72 layers immortality နဲ့လည်း ဆက်စပ်တာမလို့နောက်ကျအသေးစိတ်ပြန်တင်ပေးပါ့မယ်။

No.9 transcendental immortality
သူကတော့ရိုးရှင်းပါတယ်
သူတို့က physical existence တစ်ခုလုံးကို transcend သွားတာဖြစ်ပြီး သူတို့ရဲ့အစစ်အမှန် formကတစ်ခြားဘုံတစ်ခုမှာရှိနေတတ်တာမျိုးပါ soul,body eraseခံရရင်တောင်မသေနိုင်တဲ့ကောင်တွေဖြစ်ပြီးများသောအားဖြင့် higher dimensional beingတွေပါ။

အားလုံးဘဲကောင်းသောနေ့လေးဖြစ်ပါစေ
#allheavens
❤7
Hello, sherlynပါ ဒီနေ့ဖတ်လို့ကောင်းတဲ့ philosophy စာအုပ်တစ်အုပ်အကြောင်းကိုပြောပြသွားပါ့မယ်

စာအုပ်နာမည်က "The Brothers Karamasov" ဖြစ်ပြီး by fyodor dostoevsky ပါ။

TBK ကို 1879 January မှာစတင်ထုတ်ဝေပါတယ်။ (ရက်ကတော့အတိအကျမဖော်ပြထားပါဘူး)

TBK က murder and a complex discussion of faith, doubt, and morality အကြောင်းကိုမှ ရိုးရှင်းတဲ့plot နဲ့ ရေးသားထားတာဖြစ်ပြီး၊
dmitri karamazov, ivan karamazov, dmitri karamazov စတဲ့ Karamazov ညီအကိုသုံးယောက်အကြောင်းဖြစ်ပါတယ်။
Fyodor သည် TBK ( The Brothers Karamasov) ကို ၂ နှစ်နီးပါးရေးသားခဲ့တယ်လို့လည်းပြောထားပါသေးတယ်။

TBKက မသေခင်ဖတ်သွားသင့်တယ့် စာအုပ်များထဲကတစ်အုပ်အပါအဝင်လို့ပြောလို့ရတယ့်အထိကောင်းပါတယ်။TBKကို "A book about self-reflection" လို့လည်းပြောကြပါတယ်

TBK ကို English လိုမဖတ်ချင်ရင် မြန်မာဘာသာပြန်စာအုပ်လည်းရှိပါတယ် ဆရာ "နတ်နွယ်"က ဘာသာပြန်ထားတာပါ။စာအုပ်မဝယ်ချင်ဘူးဆ်ုလည်း pdf file လာတောင်းလို့ရပါတယ်ရှင့်( @weirdlysherlyn00 or @MertvetsK ကိုလာတောင်းလို့ရပါတယ်ရှင့်)

Sher အထင် TBKကို teenagers တွေမဖတ်သင့်သေးဘူးလို့တော့ထင်တယ်။လုံးဝမဖတ်သင့်တာတော့မဟုတ်ပေမယ့် ကိုယ့်ရဲ့စိတ်အပေါ် မူတည်တယ်ရှင့်။

#sherlyn
❤6🔥2🥰1
𝙏𝙝𝙞𝙣𝙠𝙫𝙚𝙧𝙨𝙚 pinned «Hello, sherlynပါ ဒီနေ့ဖတ်လို့ကောင်းတဲ့ philosophy စာအုပ်တစ်အုပ်အကြောင်းကိုပြောပြသွားပါ့မယ် စာအုပ်နာမည်က "The Brothers Karamasov" ဖြစ်ပြီး by fyodor dostoevsky ပါ။ TBK ကို 1879 January မှာစတင်ထုတ်ဝေပါတယ်။ (ရက်ကတော့အတိအကျမဖော်ပြထားပါဘူး) TBK က murder and…»
"နာကျင်မှု နဲ့ ဝေဒနာခံစားမှုတွေဟာဉာဏ်ပညာကြီးမားသူတို့နဲ့ နှလုံးသား
နက်ရှိုင်းသူတွေအဖို့ မလွဲမသေ ရှိနေစမြဲပင် "

" Pain and suffering are always inevitable for a large intelligence and a deep heart. "

-Crime and Punishment
Novel by Fyodor Dostoevsky


#Kira
#literaturequotes
❤8✍5
"Flow State"

ကျွန်တော်ကီရာပါ။
ဒီနေ့အားလုံးမသိလောက်တဲ့ body-mind knowledge တစ်ခုဖြစ်တဲ့ "Flow State" ဆိုတာဘာလဲရှင်းပြပေးချင်ပါတယ်။

Flow State ဆိုတာက
စိတ်၊ခန္ဓာတစ်ခုလုံး
Hyper active point ကိုရောက်နေတဲ့အခိုက်တန့်ပါ၊အဲ့အချိန်မှာ ကိုယ့်ရဲ့အာရုံစူးစိုက်မှုက တစ်ခုထဲမှာပဲရှိနေပြီးမြင်ကွင်းကို စလိုးမိုးရှင်းနဲ့သာမန်အချိန်မျက်ကွယ်(LOS)ဖြစ်နေတဲ့ ​အရာတွေကိုပါမြင်ရပါတယ် ။

ပြီးတော့အားလုံးကိုအလျင်မြန်တွေးတောပြီး စိတ်နဲ့ကိုယ်တစ်ထပ်တည်း ကျနေတဲ့အခိုက်တန့်ဖြစ်တယ်။
ခဏတာ bff ဖြစ်သွားတဲ့ ability လို့ပဲပြောရမလား၊စျန်ဝင်တယ်ပဲပြောရမလားအရွယ်ရောက်ပြီးသား လူတော်တော်များများ အကြောင်းပြချက် တစ်ခုခုနဲ့ flow state စီရောက်ဖူးကြပါတယ် မသိလိုက်တာပဲရှိတာ။

အဲ့ Flow State ထဲရောက်သွားတဲ့ အခိုက်တန့်မှာ ကျွန်တော်တို့က သာမန်လုပ်ဆောင်နိုင်စွမ်း(ခွန်အား၊အရှိန်၊ခံနိုင်ရည်၊သက်လုံ)၊သာမန်တွေးခေါ်နိုင်စွမ်း၊ အမြင်အာရုံ စတာတွေထက် Order of Magnitude နှစ်ဆလောက်မြင့်သွားတာကို သိသိသာသာချပြနိုင်၊ခံစားနိုင်ကြပါတယ်။

Flow State ကို
ဘယ်လိုရောက်ရှိနိုင်လဲ။

စပါပြီ၊ ဒီ state ကိုရောက်ဖို့ကကြတော့ ကြိုးစားလို့လဲမရသလိုလုပ်ယူလို့လဲမရပါဘူး၊ ဘယ်လိုအချိန်တွေမှာဖြစ်တတ်လဲဆိုတာကိုပဲပြောပြလို့ရပါမယ်။

Science အရပြောရရင် case တစ်ခုခုဖြစ်တဲ့အခါ difficulty ကြောင့်ဖြစ်လာတဲ့ anxiety ရယ် နဲ့ skill ရယ် ကြားမှာ ကူးလိုက်ခက်လိုက်ဖြစ်နေရင်း ခန္ဓာကိုယ်ကရုတ်တရက် critical ထပွင့်သွားတာမျိုးပေါ့ ၊ ဘယ်လိုနေရာတွေအဖြစ်များလဲဆိုတော့သေရေးရှင်ရေးရန်ဖြစ်နေတဲ့အချိန်၊Gym(သို့)အားကစားတစ်ခုခုလုပ်နေချိန်မှာအဖြစ်များတယ်။

ဥပမာပြောရရင် 5vs1 မှာပြေးဖို့လုံးဝအစီစဥ်မရှိပဲ အသေခံမယ်ဆိုတဲ့စိတ်ကြီးနဲ့ဝင်ကြုံးနေချိန်မှာ စိုးရိမ်ပူပန်မှုရယ်ရန်ဖြစ်တတ်တဲ့ကျွမ်းကျင်မှူရယ်ကမညီမျှဘူး။

အဲ့မညီမျှဘူးကြားမှာစိတ်က ဟိုကူးဒီကူးဖြစ်နေရင်း ရုတ်တရက် flow state မှာရပ်သွားတာမျိုး၊( ကံကောင်းရင်ပွင့်နိုင်တယ်၊မကောင်းရင်မပွင့်ပဲtayနိုင်တယ်၊ ဒီစာဖတ်ပြီးgang vs 1 ထကြုံးဖို့စိတ်မကူးပါနဲ့သင်ကMikeyမဟုတ်သလိုDaniel parkလဲမဟုတ်ပါဘူး) ။ Gym ဆော့နေရင်းလဲ အလေးတုံး မ နေရင်းနဲ့ ငါဒါကိုနိုင်ပါ့မလားဆိုတဲ့စိတ်နဲ့အရင်က မ ခဲ့တဲ့အလေးတုံးကြောင့်ရလာတာတဲ့ skill ကြားမှာ ကူးခတ်နေမယ်၊ မ လိုက်တဲ့အချိန်မှာ flow state မှာရပ်သွားမယ်။
powerlifter တွေမှာအဖြစ်များတယ်။

သို့သော်လဲ ဒီ State ကအရမ်းတိုလွန်းပါတယ်၊ဆွဲဆန့်နိုင်မဲ့နည်းအချို့တော့ဖတ်ချင်ရင်cmtမှာပြောသွားပေးပါ ဖတ်ချင်တဲ့လူများရင်ကျွန်တော်တင်ပေးပါ့မယ်။ ဒီနေ့တော့ဒီလောက်ပါပဲ။

More Content?
React for More Guys

#Kira
🔥11❤6☃1🐳1
Stoicism - ဥပေက္ခာဝါဒီ

သင်ဓားနဲ့ခုတ်လိုက်တဲ့လူက သင့်ကို ခပ်ဖျော့ဖျော့မျက်နှာပေးနဲ့ ပြုံးပြနေတာမျိုးကို မြင်ယောင်ကြည့်ပါ။

Stoicism ဆိုတာ တော်တော်များများခေတ်စားနေတဲ့ လူပြောများနေတဲ့ အရာတစ်ခုပါ။
အချို့ကတော့ philosophy က ဆိုတဲ့​အကြောင်းကိုသိသလို အချို့ကတော့ ဘာမှမသိကြသေးပါဘူး။

သင်ကဘယ်အမျိုးအစားထဲကဖြစ်ပါစေ ကျွန်တော်ဒီ contentမှာရှင်းပြပေးမှာပါ။
ဥပေက္ခာဝါဒီအကြောင်း ကိုပြောရမယ်ဆိုရင် သူ့ခေတ်သူ့အခါက အင်အားအကြီးမားဆုံးဖြစ်တဲ့ ရောမအင်ပါယာကြီးရဲ့ ဘုရင်
Marcus Aurelius
( 121 ad - 180 ad )
အကြောင်းသေချာပေါက်ပြောရမှာပါပဲ။

Stoicism ရဲ့ဖခင်လို့ပြောရမဲ့ Marcus Aurelius က သူအိပ်ချင်လို့ရှိရင် ဘယ်အမျိုးသမီးနဲ့ပဲဖြစ်ဖြစ်သူအိပ်လို့ရပါတယ်။ တစ်ဘဝလုံးကို အရက်သောက်၊ပျော်ပါ မူးရူး ပျော်ပါးပြီးကုန်ဆုံးသွားချင်ရင်လဲ အပူအပန်မရှိ ကုန်ဆုံးနိုင်ပါတယ်။

အတိတ်မှာရော အခုပစ္စုပ္ပန်မှာရော စွမ်းအားကြီးတဲ့လူတော်တော်များများက သူတို့ရဲ့စွမ်းအားကို သေချာမကိုင်တွယ်နိုင်ကြပါ။ စွမ်းအားရဲ့ ဖျားယောင်းမှုတွေနောက်မှာလောဘနဲ့ ရမ္မက်ရဲ့သားကောင်တွေ ဖြစ်သွားကြတယ်။

‌ဒါပေမယ့် Marcus Aurelius ကအဲ့လိုမဟုတ်ပဲ သူဟာ ရောမအင်ပါယာကြီးရဲ့ ဘုရင်ဖြစ်တဲ့ အလျှောက် လိင်ကိစ္စ၊ အပျော်အပါးတွေဆိုတာက သူ့အတွက် ကန့်သတ်မှုမရှိပဲ ရနိုင်နေတယ်ဆိုတာ သူနားလည်တယ်။

သူကနေ့တိုင်း ပျော်ပါးမူရူးနေရင်း အာဏာကြားထဲပျော်မွေ့နေသူတွေကြားထဲမှာ အရမ်းကိုစိတ်ဖိစီးခဲ့ဟန်ပေါ်ပါတယ်။
သူ့ရဲ့စိတ်အတွင်းအတွင်းပြဿနာတွေနဲ့ ကြိုးစားမှုတွေအကြောင်းကို နေ့တိုင်း စာအုပ်လေးတစ်အုပ်နဲ့ ရေးလေ့ရှိတယ်။

ထိုစာအုပ်ထဲမှာ သူ့ကိုယ်သူ ကျင့်ဝတ်နဲ့နေဖို့တွန်းအားပေး ခိုင်းစေတာတွေနဲ့ သူ့စိတ်ထဲကပြဿနာတွေ ပါဝင်ပါတယ်။ Diary သဘောမျိုးပါပဲ။

အဲ့ဒီစာအုပ်လေးကို ထုတ်ဝေဖို့ ဒါမှမဟုတ် တခြားသူတွေဖတ်ဖို့ Marcus Aurelius က ရေးခဲ့တာမဟုတ်ပါဘူး။
တစ်ကိုယ်ရည်အတွက်ပဲရေးခဲ့တာဖြစ်ပေမယ့် အဲ့ဒီစာအုပ်လေးကို Meditations အဖြစ် နောက်မျိူးဆက်က စာအုပ်ထုတ်ဝေခဲ့ပါတယ်။
ထိုစာအုပ်လေးကနေ အနှစ် ၂၀၀၀ ကျော်သက်တမ်းရှိ အတွေးအခေါ်တစ်ခု Stoicism ဆိုတဲ့ အရာရဲ့အဓိက မဏ္ဍိုင် ဖြစ်လာခဲ့တာပါ။

Stoic အတွေးအခေါ်ပညာရှင်တွေက လောကမှာရှိတဲ့ အရာရာကို နှစ်မျိုးခွဲလို့ရတယ်လို့ ဆိုပါတယ်။

ကျွန်တော်တို့ ထိန်းချုပ်နိုင်တဲ့အရာတွေ၊ ကျွန်တော်တို့ မထိန်းချုပ်နိုင်တဲ့ အရာတွေ ဆိုပြီးတော့ပါ။

"ပြင်ပအရာ" တွေဖြစ်တဲ့ ကျွန်တော်တို့ သူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေ၊ ချစ်သူရည်းစားတွေ၊ နိုင်ငံစီးပွားရေး ၊ အတင်းတုပ်နေကြတာတွေ ၊ လှောင်​ပြောင်မှု တွေ နောက်ဆုံး ကျွန်တော်တို့ ခန္ဓာကိုယ်ရဲ့ တဖြည်းဖြည်းပျက်စီးလာမှုအကြောင်း အရာတွေကို ကျွန်တော်တို့ "လွှမ်းမိုး" လို့ရပါတယ်။

ကျွန်တော်တို့စိတ်ထဲမှာ အရောက်ခံ၊စိတ်ဆင်းရဲခံလို့ရတယ်၊ ကြိုးစားကြည့်လို့ရတယ် သို့ပေမဲ့ ကျွန်တော်တို့ အရာရာကို မှန်အောင်လုပ်ရင်တောင်မှ နိုင်ငံစီးပွားရေးက ပျက်စီးနိုင်ပါတယ်။
ကျွန်တော်တို့ ပိုက်ဆံတွေ အခိုးခံ အလုခံရနိုင်ပါတယ်။ ကျွန်တော်တို့ ချစ်ရသူတွေ ဖောက်ပြန်တာ ဒါမှမဟုတ် သေဆုံးတာနဲ့ ကြုံရနိုင်ပါတယ်။

အဆိုးမြင်ဝါဒနဲ့ပြောနေတာမဟုတ်ပါဘူး။ ဖြစ်နိုင်ချေဆိုတာအမြဲတမ်းရှိပြီး ဘဝမှာ မကောင်းတာတွေကိုလုံးဝမဖြစ်အောင် ကျွန်တော်တို့လုပ်လို့မရပါဘူး ဆိုတာကို လက်ခံရမှာပါ။ ကျွန်တော်တို့ကပြင်ပ သက်ရောက်မှုတွေကိုထိန်းချုပ်လို့မရပါဘူး။

သို့သော်လည်း...
ကျွန်တော်တို့ ၁၀၀% ထိန်းချုပ်နိုင်တဲ့ အရာတွေလည်း ကျွန်တော်တို့ဘဝမှာရှိပါသေးတယ်။  ကျွန်တော်တို့ရဲ့ အတွေးအထင် ( opinions )တွေနဲ့ ကျွန်တော်တို့ရဲ့ လုပ်ဆောင်ချက် ( actions )တွေပါ။

ကျွန်တော်တို့ ကမ္ဘာကြီးကို ဘယ်လိုရင်ဆိုင်သလဲ ဆိုတဲ့အချက်ပါပဲ။

Stoicကသင်ပေးတာက ကျွန်တော်တို့ဘဝမှာ ကျွန်တော်တို့ ထိန်းချုပ်နိုင်တာကိုပဲ ဂရုစိုက်သင့်ပြီးတော့ ကျွန်တော်တို့မထိန်းချုပ်နိုင်တာတွေကို လိုက်ပြီး ခံစားမနေနဲ့ ပေါ့ဗျာ။

ဖျားနေတဲ့ လူတစ်ယောက်က သူ့ရဲ့ရောဂါအပေါ်မှာ ၁၀၀% ထိန်းချုပ်နိုင်စွမ်းမရှိပါဘူး။
ကျွန်တော်တို့သူ့ကို သက်သာအောင် ဆေးတိုက်လို့ရတယ်၊ ဆရာဝန်ခေါ်လို့ရတယ် သို့ သော်လည်း လူနာက ပြန်ကောင်းလာပါမယ် လို့ အာမခံနိုင်ပါ့မလား။

ဒီဖြစ်ချင်ရာဖြစ်နေတဲ့လောကကြီးထဲ ဘယ်အရာကမှ ကံသေကံသ မပြောနိုင်ပါဘူး။

ဆိုတော့လူနာလုပ်နိုင်တာက  ဒီအခြေအနေနဲ့ပတ်သက်ပြီး ဘယ်လိုရင်ဆိုင်မလဲဆိုတာ ကိုဆုံးဖြတ်ခြင်းပါပဲ။
ကိုယ့်ရဲ့ဖျားနာမှုကို ကိုယ်ထိန်းချုပ်လို့မရဘူး။ သေရင်လည်းသေသွားနိုင်တယ်‌ဆိုတဲ့ စိတ်နဲ့ လက်ရှိ ဖြစ်တည်မှုကို အပြည့်အဝလက်ခံခြင်းနှင့်သာလျှင် သူဟာ စိတ်ငြိမ်းချမ်းမှုကို ရဖို့ကြိုးစားနိုင်မှာပါ။

ဒီလိုငြိမ်းချမ်းတဲ့အတွင်းစိတ် (inner peace)ကို ရယူနိုင်ခြင်း ကသာ ယုတ္တိတန်တဲ့ ဆုံးဖြတ်ချက်တွေကို ချနိုင်ပါတယ်။ အကယ်၍သေမှာသေချာ​နေရင်တောင် မသေခင်ဘာလုပ်သွားမလဲဆိုတာကို ဆုံးဖြ​တ်ပြီး အဆိုးတွေထဲကအကောင်းတစ်ခုဖြစ်ခဲ့အောင် လုပ်နိုင်မယ်မဟုတ်လား။

#Kira
❤23☃1
ကျွန်တော်ပြောခဲ့တာတွေက Stoicism ရဲ့ တစ်စိတ်တစ်ပိုင်းပဲရှိသေးတာဖြစ်ပြီး နောက်နေ့ကြမှ Four Virtues of Stoicism
(Stoicism၏ကျင့်ဝတ်၄ပါး) ကိုတင်ပေးပါ့မယ်။

More Contents?
React for more guys

#Kira
❤10🎄5
Cthulhu
H.p Lovecraft verseရဲ့ great old one The call of Cthulhuမှာစမိတ်ဆက်ခဲ့ပြီး outer godတွေရဲ့ဆရာကြီး Azathoth ရဲ့ မြေးပါ။
Outer spaceကလာတဲ့ကောင်ဖြစ်ပြီး Lovercraftမှာတော်တော်ကို iconic ဖြစ်တဲ့အကောင်ပါ

Appearance
The great onesတွေက ပုံစံကိုလိုသလိုဖန်ဆင်းနိုင်ပြီးတိတိကျကျမရှိပေမယ့် သူ့ကိုစတင်မိတ်ဆက်ထားတဲ့ the call of cthulhuထဲမှာဖော်ပြထားတာကတော့ Cthulhu ကလူနဲ့အနည်းငယ်ဆင်တူတဲ့ ပုံသဏ္ဌာန်ရှိပေမယ့် သူ့မှာရေဘဝဲခေါင်းကြီးရှိပြီး နှုတ်ခမ်းမှာလည်း
နှုတ်ခမ်းမွှေးလိုအရာတွေအများကြီးနဲ့ပါ။ခြေသည်းလက်သည်း တွေကလည်းအရှည်ကြီးဖြစ်ပြီး ပျော့ဖက်နေတဲ့ရော်ဘာလိုခန္တာကိုယ်တစ်ခုလည်းပိုင်ဆိုင်ပါတယ်။အနောက်ဘက်မှာတော့တောင်ပံတစ်စုံပါရှိပါတယ်
စိတ်ကူးယဥ်ကြည့်မယ်ဆို ရေဘဝဲလိုလို နဂါးလိုလို လူလိုလိုကောင်မျိုးပါ။ Cthulhuက မီတာရာပေါင်းများစွာလည်းမြင့်ပါတယ်

Power and abilities
the great old ones တွေက outer godတွေလိုမကြမ်းဘူးဆိုပေမယ့်လည်းသူ့ဟာနဲ့သူတော့အရမ်းကြမ်းတဲ့အထဲပါပါတယ်။ The great onesတွေကသေသွားရင်တောင်ပြန်ရှင်လာနိုင်ပါတယ်။
သူတို့ကလုံးဝကြီးသေဆုံးသွားတယ်ဆိုတာမရှိပါဘူး။သက်တမ်းအရလည်းအကန့်သတ်မရှိပါဘူး ဟိုနေ့ကတင်ခဲ့တဲ့ Type 1,3,4,5ထဲဝင်ပါတယ်
The great onesတိုင်းက universe ထဲမှာဖြစ်ပျက်နေတဲ့အရာမှန်သမျှကိုမြင်သိနိုင်စွမ်းလည်းရှိကြပါတယ်။
The great onesတွေကတကယ်တော့ godလို့ခေါ်ဆိုပေမယ့် godအစစ်ရယ်လို့တော့မဟုတ်ပါဘူး သူတို့ရဲ့ အစစ်အမှန်နေရာက တစ်ခြားနေရာတစ်ခုကပါ လူသားတွေအနေနဲ့ဆိုသူတို့ကဂြိုဟ်သားတွေလိုပါဘဲ။

Cthulhu ကလောလောဆယ်တော့
ပစိဖိတ်သမုဒ္ဒရာရဲ့တစ်‌နေရာမှာတည်ရှိတဲ့R'lyeh မှာတည်ရှိနေပါတယ် ဒီနေ့တော့ဒီလောက်ပါဘဲ
Horrorတွေရဲ့ဖခင်ကြီး HP lovecraftရဲ့ဝတ္ထုတွေကိုစိတ်ဝင်စားရင်နောက်အားရင်လည်းတင်ပေးပါ့မယ်
#allheavens
❤7
White Nights

အစကတော့ Book reviewမတင်ဖို့ဆုံးဖြတ်ထားတာ။ ဒီတစ်အုပ်ကြ ကြိုက်လို့တင်ပေးလိုက်ပြီ။

White Nights ဟာ russian author တစ်ဦးဖြစ်တဲ့ Fyodor Dostoevsky ရဲ့ One-Shot လက်ရာတစ်ခု။ originally publish ခဲ့တာက 1848 က။ ​ဆရာ တင်ဦးခက် မြန်မာဘာသာပြန် "​ညဖြူဖြူ" ဆိုပြီး ထွက်ထားသေးတယ်။ ဆက်ပြောမယ် စာအုပ်အကြောင်းပဲ။

စာအုပ်က ဆွေး ရပါတယ်။ dead romance ကြိုက်ရင်ဖတ်ပါ။
စာအုပ်ထဲမှာပါတဲ့အကြောင်းကတော့ အထီးကျန်မှုကိုပြင်းထန်စွာခံစားနေရတဲ့ ကောင်လေးတစ်ယောက် ၊ အရာရာကို စိတ်ကူးယဥ်လွယ်ပြီး အခန်းတစ်ခန်းရဲ့ဂျောင်ငယ်မှာပဲ ကပ်နေချင်သူ ကောင်လေးဟာ အချစ်ကိုတောင့်တနေတဲ့ မိန်းမငယ်တစ်ဦး နဲ့ တွေ့ဆုံခဲ့ခြင်းပါ။

ထိုတွေ့ဆုံမှု က ကြည်နူးဖွယ်၊နာကျင်ဖွယ် အကျိုးဆက်လေးတွေဖြစ်စေခဲ့ပြီးနောက် အထီးကျန်တတ်တဲ့လူတစ်ဦးရဲ့ မသေဆုံးနိုင်တဲ့ချစ်ခြင်းတွေ၊စကားလုံး တွေနဲ့တောင်ဖော်ပြလို့မရနိုင်တဲ့ အချစ်မေတ္တာတွေ က တန်ပြန်လာနိုင်ပါ့မလား။
စာဖတ်သူတို့အတွက် ရင်ထဲအဖို့ တစ်လှိက်လှိက်နဲ့ ခံစားရစေမှာပါ။

ကျွန်တော့်personal ratingကတော့ 9.2/10 ပါ။ ဖတ်ရတာတန်တယ်လို့ပဲ မြင်ပါတယ်။
Pure Poetry ပါပဲ။

#Kira
❤13❤‍🔥4
"In the darkest times, hope is something you give yourself. That is the meaning of inner strength" 

-Uncle Iroh , Avatar:The Last Airbender (My Fav Stoics character of all time)

#Kira
❤15