𝙏𝙝𝙞𝙣𝙠𝙫𝙚𝙧𝙨𝙚
1.36K subscribers
262 photos
9 videos
13 files
126 links
သတင်း ၊ ဒဿန ၊ စာပေ ၊ သိပ္ပံနှင့် ဖျော်ဖြေရေး အရေးအသားများ

Our Web(closed)
thinkverse.lovable.app

Lunatic's Collection
https://t.me/IknowledgeField/476

Merlin's Collection
https://t.me/IknowledgeField/154

Contact for business -
@MertvetsKira
Download Telegram
Support our TikTok platform
https://vt.tiktok.com/ZSrBRg1bP/

#Kira
❤18🔥3🥰1🙏1💘1
Psychology :
Sigmund Freud's Personality Theory


Psychology ဖက်မတင်ဖြစ်တာကြာလို့ တင်တာပါဗျာ ။ အရင်ကတော့Robert Greeneတို့ ဘာတို့လောက်နဲ့အချိုသပ်ဖူးပေမဲ့ ဒီတစ်ခါတော့နည်းနည်း Educated ဖြစ်တာလေးသွားမယ်ဗျ ။

"Sigmund Freud" ကို Psychological Field ကလူတော်တော်များများ မသိသူမရှိလောက်ပါဘူး ။ စိတ်သရုပ်ခွဲပညာရဲ့ဖခင်ကြီးပါ။

စိတ်ကုထုံး(Therapist) နည်းစနစ် (Technique) တွေကို ပြောင်းလဲတိုးတက်စေခဲ့တဲ့လူလဲ ဖြစ်သလို " မသိစိတ် (unconsciousness) " ဆိုတဲ့စကားလုံးကို လူသိများစေခဲ့တဲ့လူလဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဒဿနစာရေးဆရာ နယ်ပယ်မှာလည်း Expressionism,Surrealism နဲ့ Postmodernism တို့ကို အတော်လေးလွှမ်းမိုးခဲ့တဲ့ လူပါ ။ ဒီနေ့မှာတော့သူ့ရဲ့လူသားpersonalityအပေါ် Theorize လုပ်ထားတာတွေကို ရှင်းပြပေးချင်ပါတယ်။

Freud ရဲ့ Id, Ego နဲ့ Super Ego

လူတွေရဲ့ ပင်ကိုယ်စရိုက်ကို Freud က  id, ego and super-ego ဆိုပြီး အမျိုးအစားသုံးမျိုး ခွဲ ပါတယ်။

ID.

Id ဆိုတာကတော့  လူတွေရဲ့ သဘာဝအရိုင်းစိတ် မွေးကင်စ ဗီဇစိတ်သပ်သပ် ပါပဲ ။ မသိစိတ်ရဲ့စေ့ဆော်မှုအတိုင်း ဆောင်ရွက်တဲ့စိတ်ခံကိုဆိုလိုပါတယ် ၊ လုပ်ချင်တာလိုချင်တာတွေ ချက်ချင်းလုပ်လိုက်ရမှ၊ဖြစ်လိုက်ရမှ ကျေနပ်မှုရှိတဲ့ စိတ်ခံမျိုးပါ ။
​Societal Norms တွေ Moral Principle တွေ ဘာမှ မလွှမ်းမိုးသေးတဲ့ Raw Personality  သပ်သပ်ပါ ။ မွေးကင်စ ကလေးတွေရဲ့ ပင်ကိုယ်စရိုက်ကို Id အဖြစ်ဖော်ပြပါတယ် ။ လိင်စိတ်ဆန္ဒကိုလဲ Idကမောင်းနှင်ပါတယ်။

Super-Ego

Super Egoကတော့ Id နဲ့ဆန့်ကျင်ဖက်ပဲ မိမိကြီးပြင်းရာပ​တ်ဝန်းကျင်ရဲ့ လွှမ်းမိုးမှု တွေနဲ့ စည်းကမ်းစံနှုန်းတွေကို လိုက်နာရခြင်း အခြေအနေပါပဲ ။ Super Egoက အဓိကလုပ်ဆောင်တာကတော့ မိမိရဲ့ Raw Personality (စိတ်ရိုင်း ဒါမှမဟုတ် Id) ရဲ့ desire တွေနောက်ကိုမလိုက်ပဲ control လုပ်ပြီး Morality Principle တွေ ရဲ့ လွှမ်းမိုးမှုအတိုင်း လိုက်နာတာဖြစ်ပါတယ် ။  လိင်စိတ်၊ ဒေါသ၊ လောဘ စတာတွေကို ထိန်းချုပ်ထားတာမျိုးတွေကို super-ego က ဆောင်ရွက်တာ ပါ။

The Ego

Egoကတော့ အလယ်အလတ်ပါ ။ တစ်ချိန်လုံး Id နောက်ကိုလိုက်ပြီး ကလေးဆန်နေတာတို့ ၊ Super Egoနောက်ကိုလိုက်ပြီး သူတော်စင် လုပ်နေတာမျိုးကအဆင်မပြေပါ​ဘူး ။  Ego က Id နှင့် Super-Ego ကြားကိုချိန်ညှိပေးပါတယ် ။

id, ego နဲ့ super-ego ဆိုတဲ့အပိုင်းသုံးခုမှာ တစ်ခုခုချို့ယွင်းရင် စိတ်ရောဂါရနေပြီလို့ ဆေးပညာနယ်ပယ်မှာ သတ်မှတ်ပါတယ်။

အကယ်၍ Egoက ချို့ယွင်းသွားပြီး Idနဲ့Super Ego ကြား ညီမျှမှုမရှိတော့တဲ့အခါ Stressတွေ ၊ မသိစိတ်ရဲ့ သောကတွေကို တွေ့ကြုံခံစားလာရတဲ့အခါ ထို အဆင်မပြေမှုတွေကို ကုစားဖို့ မသိစိတ်က Defense mechanisms  တွေကို ထုတ်သုံးလာရပါတယ်။ Theory of personality ကိုအခြေခံပြီး Freud က defense mechanism ကို  ၇ ခု ခွဲပြထားပါတယ်။

Defense mechanism ဆိုတာက ဘာလဲ နဲ့ ၇ခုက ဘာလဲဆိုတာကို နောက်ကြတင်ပေးပါမယ်။ ဒါပေမဲ့ဒီ Post လူကြိုက်များမများအပေါ်မူတည်ပါတယ်: 3

ဒီနေ့တော့ဒီလောက်ပါပဲ ။
အားလုံးဂရုစိုက်ကြပါ။

သူ့အကြောင်းကိုစိတ်ဝင်စားရင် channelမှာတင်ထားတဲ့ သူ့ရဲ့ နောက်ထပ် Mental Complex Theoryတစ်ခုကို ဖတ်ရှု့ပေးသွားပါဦး။ https://t.me/IknowledgeField/171


ကျမ်းကိုး
• The Ego and the Id (German: Das Ich und das Es) by Sigmund Freud

•ဆစ်ဂမန်ဖရွိုက် ဘဝနှင့်လုပ်ဆောင်ချက်များ by ဦးခင်မောင်ဆွေ

#Kira
❤25🔥2🏆2🥰1🤩1
Psychology:Sigmund Freud's Theory of Personality

https://t.me/IknowledgeField/348

#Kira
❤15🔥2💯1
𝐓𝐡𝐨𝐮𝐠𝐡𝐭𝐥𝐞𝐬𝐬 𝐒𝐭𝐚𝐭𝐞 𝐨𝐟 𝐌𝐢𝐧𝐝

ဒါကိုစာနဲ့ဖော်ပြရရင်တော့ 𝐕𝐨𝐢𝐝 𝐒𝐭𝐚𝐭𝐞 ကြီးလို့ပဲပြောရမယ်ပေါ့ စိတ်ကလုံးဝဘာဆိုဘာမှအတွေးတွေရှိမနေတော့တဲ့အချိန်ပေါ့ တရားထိုင်တာနဲ့မတူတာက တရားထိုင်တာက တစ်ခုခုကို 𝐅𝐨𝐜𝐮𝐬 နေတာဖြစ်ပေမယ့်ဒီဟာကကြတော့ 𝐅𝐨𝐜𝐮𝐬 စရာ 𝐏𝐨𝐢𝐧𝐭 ကိုမရှိတော့တာပါ

𝐓𝐡𝐨𝐮𝐠𝐡𝐭𝐥𝐞𝐬𝐬 𝐬𝐭𝐚𝐭𝐞 ကိုလေ့ကျင့်ခြင်းအားဖြင့် 𝐖𝐢𝐥𝐥𝐩𝐨𝐰𝐞𝐫 ကောင်းလာနိုင်သလိုအရမ်းလဲခက်ပါတယ် 𝐓𝐡𝐨𝐮𝐠𝐡𝐭 တွေကငြိမ်သက်၊ သန့်စင်ပြီး တည်ငြိမ်နေတဲ့အချိန်ဖြစ်တာမလို့ 𝐓𝐫𝐲 ကြည့်သင့်တဲ့အရာတစ်မျိုးပါ 𝐓𝐡𝐨𝐮𝐠𝐡𝐭𝐥𝐞𝐬𝐬 𝐌𝐢𝐧𝐝 ကိုဘယ်လိုပိုင်ဆိုင်ရမလဲဆို အရင်ဆုံးအတွေးတွေကိုဆန်းစစ်နေပါပြီးရင် ခေါင်းထဲကိုဝင်ခွင့်ပြုလိုက်ပါ ပြီးသောအခါမှ "ငါ့ရဲ့နောက်အတွေးကဘာဖြစ်မလဲ" ဆိုပြီးကိုယ့်ကိုယ်ကိုမေးခွန်းထုတ်ကြည့်လိုက်ပါ ဒါကတော်တော်လေးအလုပ်ဖြစ်ပါတယ် ကိုယ်တိုင်လဲစမ်းထားပြီးပါပြီ 𝐈𝐧𝐝𝐢𝐚 ကလာတဲ့ 𝐌𝐞𝐭𝐡𝐨𝐝 တစ်မျိုးပါ။

အတွေးမရှ်ိခြင်းအခြေအနေကိုရောက်နေရင် ကိုယ့်ကိုယ်ကို 𝐒𝐞𝐥𝐟 𝐣𝐮𝐝𝐠𝐦𝐞𝐧𝐭 လုံးဝမလုပ်မိစေပါနဲ့၊ မအိပ်ငိုက်စေပါနဲ့။ ဒီ 𝐒𝐭𝐚𝐭𝐞 က 𝐓𝐡𝐨𝐮𝐠𝐡𝐭𝐥𝐞𝐬𝐬 ပဲဖြစ်တာမလို့ 𝐀𝐰𝐚𝐫𝐞𝐧𝐞𝐬𝐬 တော့ရှိနေတာပုံမှန်ပါပဲ ဒါကြောင့် 𝐚𝐰𝐚𝐫𝐞𝐧𝐞𝐬𝐬 ကိုလဲမေးခွန်းမထုတ်မိစေပါနဲ့ ဒီအရာကိုပိုမိုသင်ယူသိချင်တယ်ဆိုရင် 𝐇𝐢𝐧𝐝𝐮𝐢𝐬𝐦 က 𝐌𝐞𝐝𝐢𝐭𝐚𝐭𝐢𝐨𝐧 တွေ ဂုရုကြီးတွေရဲ့ အကြံပေးချက်တွေနားထောင်သင့်ပါတယ် 𝐌𝐞𝐝𝐢𝐭𝐚𝐭𝐢𝐨𝐧 ထပ်ပိုမြင့်တဲ့အခြေအနေမလို့ 𝐘𝐨𝐠𝐚 ဆော့တတ်တဲ့လူတွေ ဒါမှမဟုတ်တရားထိုင်လေ့ရှိတတ်တဲ့လူတွေစမ်းကြည့်သင့်တာကတော့အမှန်ပါပဲ။

အရင်ဆုံးဒီအခြေအနေတန်းမတက်ခင်ကြားထဲမှာတရားထိုင်တာဘာညာတော့လေ့ကျင့်တတ်တဲ့အလေ့အထလေးရှိအောင်တော့လုပ်သင့်ပါတယ် ဒီဟာကိုလုပ်ခြင်းဖြင့် 𝐅𝐨𝐜𝐮𝐬, 𝐖𝐢𝐥𝐥𝐩𝐨𝐰𝐞𝐫 စတဲ့စိတ်နဲ့သက်ဆိုင်တဲ့အရာတွေပိုမိုကောင်းမွန်လာမှာပါ ၁ မိနစ်လောက်ထိန်းထားနိုင်ရင်တောင်အတွေးအမြင်အသစ်တစ်ခု နေ့စဉ်ဘဝမှာပေါ်ပေါက်လာဖို့အာမခံပါတယ်
#Merlin
❤17🤔2🤯2💘2☃1😐1
The catcher in the Rye
By J.D. Salinger { Review }


“ ဆယ်ကျော်သက်အရွယ်လောက်တုန်းက ဘဝကဘာအရေးကြီးလဲ ၊ ငါဒီတိုင်းလျှောက်သွားလိုက်ရင်ဘာဖြစ်မလဲ စသဖြင့် တွေးဖူးကြလားမသိဘူး။ ”

Hi everyone ထုံးစံအတိုင်းကျွန်တော်တော့က Kira ပါ ။ ဒီနေ့မှာတော့ စာရေးဆရာ J.D. Salinger ရဲ့ The catcher in the rye ကို Reviewရေးပေးသွားမှာပဲ ဖြစ်ပါတယ်။ ဒီစာအုပ်က အပြင်မှာဝယ်လို့လဲရတယ်၊ မြန်မာဘာသာပြန်လိုချင်ရင်လဲ adm Kiraရဲ့ Dmမှာ pdf fileလာတောင်းလို့ပါတယ် ။ adm kiraရဲ့accကတော့အောက်မှာပေးထားပါတယ်။

The Biography of the book
စာအုပ်အကြောင်း

စာအုပ်က Literary Fictionအမျိုးအစားတစ်ခုဖြစ်ပါတယ်။ ဆိုလိုချင်တာက အမျိုးအစားခွဲ ပြဖို့ခက်ပြီး L'tranger (The Stranger) တို့လို နည်းနည်းuncanny ဖြစ်စေမဲ့ စာအုပ်တစ်အုပ်ပါ။ The Strangerတို့ American Dream တို့ လောက်တော့ absurdistမဖြစ်ပေမဲ့ ဖတ်ရတာအတော်ကောင်းပါတယ်။ ကျောင်းသားလေးတစ်ယောက် စာမေးပွဲမအောင်လို့ ကျောင်းထုတ်ခံရရာကနေ အိမ်မပြန်ရဲတော့ပဲ ခြေဦးတည့်ရာလျှောက်သွားရင်း လူငယ်တစ်ယောက်ရဲ့ လောကကြီးအပေါ်မြင်တဲ့အမြင်တွေ ၊ မိသားစုအပေါ်ထားတဲ့ စိတ်နေစိတ်ထားတွေ ၊ ကိုယ့်ကိုယ်ကိုယ် မြင်တဲ့အမြင်တွေကို အဖွဲ့အနွဲ့ကောင်းကောင်းနဲ့ ဖော်ကြူးထားတာ ။ အမျိုးအစားခွဲဖို့ခက်တယ်ဆိုတာလဲအဲ့လိုပဲ ရိုမန်စ့်လား၊ အက်ရှင်လား၊ သည်းထိတ်ရင်ဖိုလား စသဖြင့် အမျိုးအစားအတိအကျ ခွဲလို့မရတာကို Literary Fictionလို့ခေါ်ပါတယ် ။ အခု ဒီစာအုပ်လေးကလဲ သင့်ရဲ့ ခေါင်းထဲမှာအတွေးတစ်ခုခု၊ခံစားချက်တစ်ခုခု ချန်ထားနိုင်ခဲ့မဲ့စာအုပ်လို့ပြောရရင် မမှားပါဘူး။

The Writing
အရေးအသား

မော်ဒန်ဝါဒရဲ့အဓိက အစိတ်အပိုင်းဖြစ်တဲ့ စိတ်အလျှင်အတိုင်းထင်ဟပ် ရေးသားခြင်း ( stream of consciousness ) ကို အသုံးပြုပြီး အဓိက ဇာတ်ကောင် Heldonရဲ့ အတွင်းအဇ္စျတ္တ ( self ) စီကနေ စာဖတ်သူတို့ ဖတ်ရှု့ရမှာပါ။ ပတ်ဝန်းကျင်အပေါ်ကိုပုံဖော်ပုံတွေနဲ့ လောကကြီးအပေါ်မြင်တဲ့အမြင်တွေကအစ ထို နည်းစနစ် နဲ့ပဲ ကောင်လေးရှု့ထောင့်ကနေ ရေးသားထားတာ ။ အခန်း ၂၆ခန်းပါပေမဲ့တစ်ခန်းကို တိုတိုလေးမှတိုတိုလေး စာမျက်နှာကလဲ ၂၀၀ မကျော်ဘူး။ ( ကော်ဖီခါးခါးလေးတစ်ခွက်နဲ့ထိုင်ဖတ်ရင်ရှယ်ပဲ ) ဒါက ဆရာမြသန်းတင့်ဘာသာပြန် စာအုပ်ကိုပဲ ကျွန်တော်ဖတ်ဖူးလို့ပြောတာပါ။ မူရင်းဘယ်လောက်ရှိသလဲတော့မသိပါဘူး။ အလင်္ကာသုံးထားတာတွေ နည်းတဲ့မော်ဒန် အရေးအသားဆိုတော့ ဒဲ့တိုးသမားတွေ ၊ Writing ထပ် Story ကိုပို အသာပေးတဲ့လူတွေ ဖတ်ရတာအဆင်ပြေစေမှာ ​ပါ။

My review of the book
စာအုပ်အပေါ် ကျွန်ုပ်ရဲ့အမြင်

ဆယ်ကျော်သက်အရွယ်လောက်တုန်းက ဘဝကဘာအရေးကြီးလဲ ၊ ငါဒီတိုင်းလျှောက်သွားလိုက်ရင်ဘာဖြစ်မလဲ စသဖြင့် တွေးဖူးကြလားမသိဘူး။ ဒီထဲကဇာတ်ကောင်ကတော့ အဲ့လိုအတွေးတွေကို အကောင်ထည်ဖော်ပြီးသေချာ သရုပ်ဖော်သွားတယ် ပြောရမယ် ။ စာအုပ်ကအဆုံးသတ်နားလေး ရောက်လေ ပိုပြီး ဖတ်ရတာငြိမ့်လေပဲ ။ အစပိုင်းတော့စိတ်ရှည်ရတယ်။ Existentialist အရေးအသားတွေထဲကတစ်ခုလို့ ပြောချင်ရင်လဲပြောလို့ရနိုင်တယ် ဒါပေမဲ့ Nihilistတို့absurdistတို့ထပ် Existenctial Crisis Writing ကိုပိုပြီး ဖော်ညွှန်းမယ်ထင်ပါတယ် ။

( ငါဘာလို့ အသက်ရှင်နေရတာလဲ ။ ဘဝရဲ့အဓိပ္ပါယ် ကဘာလဲ ။ ရှင်သန်မှုက တစ်ကယ်ရော အဓိပ္ပါယ် ရှိလို့လား ။
ဒီမေးခွန်းတွေက ကျွန်တော်တို့ ခေါင်းထဲကို တစ်မျိုးမျိုးနဲ့ တိုးဝှေ့ဝင်ရောက် လာတဲ့အခါ
"Existential Crisis" ဖြစ်တယ် လို့ခေါ်ဆိုနိုင်ပါတယ်။ )

ဒီစာအုပ်က တစ်ခုခုချန်ခဲ့နိုင်တယ်ဆိုတာထပ် စာဖတ်ဝါသနာပါတဲ့လူတွေ ကော်ဖီခါးခါးတစ်ခွက်နဲ့ အတွေးလွန်လို့ရမဲ့စာအုပ်မျိုးဖြစ်ပါတယ် ။ စာဖတ်လေ့ဖတ်ထမရှိရင်တော့ အစပိုင်းပျင်းဖို့အလွန်ကောင်းပြီး ဘယ်လိုမှခံစားလို့ရနိုင်မယ်မထင်ပါဘူး ။ ဒါပေမဲ့ ဖတ်ကြည့်ဖို့တိုက်တွန်းပါတယ် ။ အကြောင်းကတော့ ဖတ်လေဖတ်လေ... စာအုပ်ရဲ့ဆွေးမြေ့ မှုနဲ့ လူမှုရေး ဒဿန တွေထဲ နစ်ဝင်လေမလို့ပါပဲ... ။

ဆရာမြသန်းတင့် မြန်မာဘာသာပြန်
" လေ လွင့် သူ " Pdf file လိုချင်ပါက...
@MertvetsKira

#Kira
❤13❤‍🔥2🔥2🥰1
The catcher in the rye
Book review
https://t.me/IknowledgeField/352

#Kira
❤‍🔥7❤3💘3
Midnight In Paris
------------
Movie Review


MovieတွေSeriesတွေနဲ့ပတ်သပ်ပြီးတော့ တစ်ခါမှတော့ Reviewမရေးဖူးဘူး ဒါပေမဲ့ ဒီတစ်ခုက တော်တော်သဘောကျတဲ့အထဲပါလို့ ရေးလိုက်တာပါ ။

တော်တော်များများကကြည့်ဖူးပြီးလောက်ပြီလို့တော့ထင်တာပဲ မကြည့်ဖူးရင်တော့ကြည့်ကိုကြည့်သင့်တဲ့အထဲမှာပါတယ် ။

ပါရီ(ပဲရစ်; Paris) မြို့ဆိုတာမျိုးက စာရေးဆရာတွေ ကဗျာဆရာတွေ ပန်းချီဆရာတွေအများကြီးကို မွေးထုတ်ပေးခဲ့နိုင်တဲ့မြို့တစ်မြို့ ။
ဂါထရုစတိုင်း တို့ ၊ ဟဲမင်းဝေ တို့ ရဲ့ "Lost Generation" ဆိုတာကြီးအပြင် အခြားSurrealist Writerတွေ၊ Painterတွေ အများကြီး ရှိခဲ့တဲ့မြို့ပါပဲ။

ယနေ့ခေတ်ရဲ့စာရေးဆရာပေါက်စတစ်ဦးက သူ့ရဲ့ သတို့သမီးလောင်း နဲ့အတူ ပါရီမြို့ကို ရောက်လာတယ်။ အဲ့မြို့မှာ အချိန်လွဲချော်မှုဖြစ်ပြီး ည ၁၂ ထိုးတိုင်း ကျွန်တော်တို့ရဲ့စာရေးဆရာပေါက်စလေးက ပါရီမြို့ရဲ့စာပေ လှုပ်ရှားမှု ခေတ်တစ်ခေတ်ကို ရောက်သွားတတ်တယ်ပေါ့ ။

Actor/Actressတွေကလဲ Owen Wilson က Main actor ဖြစ်တဲ့အပြင် Adrien Brody, Tom Hiddleston, Rachel McAdams တို့လို နာမည်ကြီးတွေပဲဆိုတော့ Tasteကောင်းကောင်းကြိုက်တဲ့လူတွေ လက်လွှတ်ခံသင့်တာမျိုးတော့မဟုတ်ဘူး ။

ကဗျာတွေစာပေတွေပါတော့ အချစ်ရဲ့အငွေ့အသက်လေးလဲနည်းနည်းပါတယ် ။

Plot twistတွေ Heavyဖြစ်တဲ့ Plottingတွေမပါပါဘူး ။

အားလပ်ရက် မှာညဖက် အေးအေးဆေးဆေး လေး အပန်းဖြေရင်း ကြည့်လို့ရပြီးတော့
တစ်လက်စထဲ စာပေလှုပ်ရှားမှု တွေအကြောင်းကိုလဲ သိလာမယ် ။

ဒါကတော့ဒါပါပဲ ကြည့်ချင်တယ်ဆိုရင်တော့ အောက်ကLinkမှာဝင်ကြည့်လို့ရပါတယ်။
https://t.me/ThinkverseBackup

တစ်လက်စထဲ ကျွန်တော်တို့Thinkverseရဲ့Back upလေးလဲ Joinခဲ့ပေးပါဦး။

#Kira
❤16🔥2🥰1🤯1
Wunzinn (1).pdf
1023 KB
ကာရာမာဇော့ညီအစ်ကိုများ
စာမြည်း
Credit goes to Wunzinn Reader
#Kira
❤15🔥5
ပထမဆုံးတစ်ခုကိုဖြေတဲ့လူတွေ
ထဲမှာ မိန်းကလေးတွေများပါလားခင်ဗျ။
#Kira
😭6😱3🤗3❤1💯1
မြန်မာဒဿနိက_ကြော်ငြာစာတမ်း.pdf
108.9 KB
Manifesto of Burma Youth Philosophicus Association
မြန်မာဒဿနိက လူငယ်အသင်း ကြော်ငြာစာတမ်း

Written by
Lunatic(Kira)

#Kira
❤29🔥2👏2
နတ်နွယ်_ကာရာမာဇော့_ညီအစ်ကိုများ.pdf
383.6 MB
The brothers Karamazov
ကာရာမာဇော့ညီအစ်ကိုများ
စ/ဆုံး

#credit
#Kira
❤20⚡3🔥2
Philosophy (ဒဿနဗေဒ) ဆိုတာ ကျယ်ပြန့်တဲ့ Fieldတစ်ခုဖြစ်ပြီး ဘာသာရပ်တွေရဲ့ဇစ်မြစ်လို့ အာမခံလိုက်ရင်လဲ မှားယွင်းမှု တစ်စုံတစ်ရာရှိမယ်မထင်ပါဘူး ။ မြန်မာနိုင်ငံမှာ Trendရိုက်ခဲ့တဲ့ Psychology (စိတ်ပညာ) ဟာ Manipulation ကြောင်၊ ကွန်ကြောင် တွေရဲ့ ကျေးဇူးနဲ့ ဘာသာရပ်တစ်ခုအဖြစ် ဆင့်ကဲဖို့နှောင့်နှေးသွားခဲ့ရပါတယ်။

ယခုအချိန်ထိတော့ Philosophyဟာ မြန်မာနိုင်ငံရဲ့ လူငယ်တွေကြားမှာ သိပ်ဘောင်မဝင်သလိုဖြစ်နေသေးသလို Hegel ရဲ့ ပကတိ စိတ်ဝိဉာဥ် ၊ Kant ရဲ့ ကျော်လွန် သိမှုဉာဏ် အစရှိသဖြင့် Metaphysic, Epistemology အကြောင်းအရာတွေက လည်း လူထုစိတ်ဝင်စားမှုအလုံအလောက်မရသေးပါဘူး ။

နောက်တစ်ချိန်မှာတော့ဒဿနဗေဒဟာ မြန်မာနိုင်ငံမှာ ဂယက်ထလာတော့မယ်ဆိုပေမဲ့ Main Streamတွေကိုမေ့ထားပြီး Dostoevsky, Camus,Jean Paul တို့ကိုပဲဗဟိုပြုရင်း ကျယ်ပြန့်တဲ့ ဒဿနဗေဒလို့ ခေါင်းစဥ်တပ်ထားကြတော့မှာကို မြင်ရမှာ ရှက်စရာကောင်းပါတယ်။

ဒါမျိုးအဖြစ်မျိုးနဲ့ မကြုံတွေ့ရလေအောင် ၊
ဒဿနဗေဒရဲ့ အနှစ်သာရ မပျောက်ပျယ်အောင် နဲ့ ကျစ်လစ်ခိုင်မာတဲ့လမ်းကြောင်းတစ်ခုကိုတည်ဆောက်နိုင်စေဖို့ရည်ရွယ်ပြီး
Burma Youth Philosophicus Association ( မြန်မာဒဿနိက လူငယ်အသင်း) ကိုတည်ဆောက်လိုက်ရခြင်းလဲ ဖြစ်သလို အောက်ပါ Manifesto (ကြော်ငြာစာတမ်း) ကိုလဲ ရေးသား ထားရခြင်းဖြစ်ပါတော့တယ်။
Association နဲ့ပတ်သပ်လို့စိတ်ဝင်စားရင်လဲဆက်သွယ်နိုင်ဖို့အတွက် ကြော်ငြာစာတမ်းထဲမှာ ရေးသားထားပါတယ်။
https://t.me/IknowledgeField/360

#Kira
❤21🥰2
“ကိုယ်ဝန်တားခြင်း (Pregnancy Control) Knowledge Sharing”

Written By JamesPathon (JP)

https://telegra.ph/%E1%80%80%E1%80%9A%E1%80%9D%E1%80%94%E1%80%90%E1%80%81%E1%80%84-Pregnancy-Conrol-%E1%80%86%E1%80%84%E1%80%9B-Knowledge-Sharing-04-17

#JP
😭13❤7💘4👏2🤔1🤯1
ကမ္ဘာ့လူဦးရေက ၈ဘီလီယံဆိုသည်မှာ လွဲမှားနေသည့် တွက်ချက်မှု ဖြစ်သည်။
—————————————————

သိပ္ပံပညာရှင်တွေက ကမ္ဘာ့လူဦးရေကို Miscalculated (တစ်လွဲတွက်ချက်မိ) မိတာဖြစ်နိုင်ပါတယ်။

အခုတစ်လောinterက websiteတွေ
မီဒီယာချာနယ်တွေအချို့မှာ ကမ္ဘာ့လူဦးရေ အကြောင်းကိုအနည်းအငယ်သတိထားမိခဲ့ပါတယ်။ Offical ကြော်ငြာချက်အရတော့ 8Billionဆိုပေမဲ့ နိုင်ငံရေး၊လူမှုရေးတွေပြောင်းလဲချက်အရ 9-12 billionကြားလောက် တစ်ကယ်တန်းရှိနေနိုင်တယ်ဆိုတာပါပဲ ။ ခုနှစ်သက္ကရာဇ်နဲ့ 8Billionဆိုပြီးကြော်ငြားထားတာတောင်မှ ခုနှစ်ပြောင်းလဲသွားလဲ Offical Claimလုပ်ထားတာကိုမပြင်သေးတာ ဘာကြောင့်များဖြစ်နိုင်မလဲ။

တစ်ကယ်တန်းဒါတွေက 45%လောက်ပဲမှန်ကန်နိုင်တဲ့Theoryတွေပါ။
Rumor state လို့ခေါ်ချင်လဲခေါ်နိုင်ပါတယ်။ Mindblowing​ဖြစ်​အောင်တင်ပေးတာပါ။

Written By Kira

#JP
❤15😭4🔥3
𝙃𝙮𝙥𝙣𝙤𝙩𝙝𝙚𝙧𝙖𝙥𝙮

ငယ်ငယ်ကအိပ်မွေ့ချပြီး ခိုင်းတာလုပ်တာတို့ဘာတို့ကြားဖူးမယ် မြင်ဖူးမယ်ထင်ပါတယ် တစ်ချို့လူကဒါကိုမျက်လှည့်လိုပဲထင်ချင်ထင်ပါမယ် ဒါပေမယ့်ဒီအပိုင်းက 𝙃𝙮𝙥𝙣𝙤𝙨𝙞𝙨 ပိုင်းနဲ့သွားပတ်သက်ပါတယ် သာမန် 𝙏𝙝𝙚𝙧𝙖𝙥𝙮 ထက်ကိုတစ်ဆင့်ပိုမြင့်တယ်ပဲပြောရမလား 𝙃𝙮𝙥𝙣𝙤𝙩𝙝𝙚𝙧𝙖𝙥𝙮 ကိုမိတ်ဆက်ပေးပါရစေ။

𝙃𝙮𝙥𝙣𝙤𝙩𝙝𝙚𝙧𝙖𝙥𝙮 ဆိုတာဘာလဲ

𝙃𝙮𝙥𝙣𝙤𝙩𝙝𝙚𝙧𝙖𝙥𝙮 ဆိုတာက ယုံကြည်မှုတွေ၊ အကျင့်တွေ၊ ခံစားချက်တွေတည်ရှိတဲ့နေရာဖြစ်တဲ့ 𝙎𝙪𝙗𝙘𝙤𝙣𝙨𝙘𝙞𝙤𝙪𝙨 (မသိစိတ်) အပေါ်ကိုအဓိကထားပြီး ကုသပေးတဲ့အပိုင်းပါ။ သာမန်စင်ပေါ်မှာဖျော်ဖြေပြတဲ့ 𝙃𝙮𝙥𝙣𝙤𝙨𝙞𝙨 နဲ့မတူတဲ့အပိုင်းက ဆေးဘက်ဆိုင်ရာ 𝙃𝙮𝙥𝙣𝙤𝙩𝙝𝙚𝙧𝙖𝙥𝙮 က မကောင်းတဲ့အတွေးတွေနဲ့ အမူအကျင့်တွေကို ဦးတည်ထားပြီး ပြန်လည်ပြုပြင်တဲ့အရာမျိုးပါ။

𝙃𝙮𝙥𝙣𝙤𝙩𝙝𝙚𝙧𝙖𝙥𝙮 ကိုဘယ်လိုလုပ်လဲ

ပထမဦးဆုံးလုပ်ရမဲ့အပိုင်းက အရင်းအမြစ်ကိုရှာဖွေဖော်ထုတ်တာပါ ဥပမာ 𝘼𝙣𝙭𝙞𝙚𝙩𝙮 တွေ 𝙋𝙝𝙤𝙗𝙞𝙖 တွေ 𝘼𝙙𝙙𝙞𝙘𝙩𝙞𝙤𝙣 တွေရဲ့အရင်းမြစ်ကိုအရင်ရှာဖွေပါတယ်
နောက်တစ်ခုက အခုလိုစိတ်ရောဂါဖြစ်လာရတဲ့အကြောင်းရင်းဖြစ်တဲ့ မှတ်ဉာဏ်တွေ 𝙏𝙧𝙖𝙪𝙢𝙖 တွေကိုအရင်ဖော်ထုတ်ပြီးမှပဲ မသိစိတ်ထဲကို ‌မကောင်းတဲ့ဟာဖယ်ပြီးကောင်းတဲ့ဟာကိုအစားထိုးပါတယ် "ငါကသူမနဲ့မထိုက်တန်ဘူး" ဆိုတဲ့အရာကို ကောင်းတဲ့ 𝘽𝙚𝙡𝙞𝙚𝙛 ထည့်ပေးလိုက်လို့ 𝙘𝙤𝙣𝙛𝙞𝙙𝙚𝙣𝙘𝙚 ရှိလာသလိုပါပဲ

လုပ်ပုံလုပ်နည်းများ

ဒါကိုစလုပ်မယ်ဆိုရင် အိပ်ငွေ့ချပြီး ကာယကံရှင်ကို အတိတ်က 𝙏𝙧𝙖𝙪𝙢𝙖 လိုဖြစ်ခဲ့တဲ့မှတ်ဉာဏ်ဆီကိုပြန်သွားခိုင်းပါတယ် ဒါမှရင်ဆိုင်နိုင်ပြီး ပြန်လည်ကုသနိုင်ဖို့ပါ နောက်တစ်ခုက ဥပမာ သင်ကဆေးလိပ်ဖြတ်ချင်တယ်ဆို ဆေးလိပ်ဖြတ်ချင်ရတဲ့အကြောင်းနဲ့ ဖြတ်မရတဲ့အကြောင်းကိုအသေးစိတ်မေးပါတယ်ကာယကံရှင်ရဲ့ 𝙎𝙪𝙗𝙘𝙤𝙣𝙨𝙘𝙞𝙤𝙪𝙨 ကိုလဲ လက်ချောင်းအမူအရာနဲ့ဆက်သွယ်လို့လဲရပါတယ် ဥပမာ 𝙔𝙚𝙨 လို့ပြောချင်ရင် လက်မကိုလှုပ်ပါဘာညာ ဒါမှမဟုတ် အသိစိတ်ရဲ့ခုခံမှုကိုလဲကျော်လွှားနိုင်ဖို့ 𝙨𝙮𝙢𝙗𝙤𝙡𝙞𝙘 𝙡𝙖𝙣𝙜𝙪𝙖𝙜𝙚 အရာဆိုတာကိုသုံးပါတယ် ဥပမာ "သင့်ရဲ့ကြောက်လန့်မှုကြီးက ရေခဲလိုအရည်ပျော်လာတာခန့်မှန်းကြည့်" ဆိုလိုမျိုးပါ။ နောက်မသိစိတ်နဲ့ သိစိတ်နဲ့သက်ဆိုင်တဲ့အရာတွေအကုန်လုံးကိုသုံးပြီးကုသပါတယ် 𝘿𝙖𝙮𝙙𝙧𝙚𝙖𝙢𝙞𝙣𝙜 လိုအရာမျိုးကိုတောင်သုံးပါတယ်။

ကုသလို့ရတဲ့အရာတွေကတော့ 𝘼𝙣𝙭𝙞𝙚𝙩𝙮, 𝙋𝙏𝙎𝘿, 𝙋𝙝𝙤𝙗𝙞𝙖𝙨, 𝘿𝙚𝙥𝙧𝙚𝙨𝙨𝙞𝙤𝙣 လိုအရာမျိုးတွေပါစိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ရင်

အကျင့်ဖြစ်တာနဲ့ပတ်သက်တာကတော့ လက်သည်းကိုက်တတ်တာတို့၊ ဆေးလိပ်သောက်တာတို့ဘာတို့ကိုလဲဖျောက်လို့ရပါတယ်

ရုပ်ပိုင်းဆိုင်ရာအရလဲ နာတာရှည်ရောဂါ၊ 𝙄𝘽𝙎, 𝙞𝙣𝙨𝙤𝙢𝙣𝙞𝙖 တွေကိုလဲကုသလို့ရပါတယ် ဒါမှမဟုတ် ကိုယ်ရည်ကိုယ်သွေးမြှင့်တင်ချင်တာဆို 𝘾𝙤𝙣𝙛𝙞𝙙𝙚𝙣𝙘𝙚 ရှိလာအောင်လုပ်တာတွေ 𝙁𝙤𝙘𝙪𝙨 နိုင်စွမ်းပိုကောင်းလာအောင်လုပ်တာများပြုလုပ်ရပါတယ်။

𝙃𝙮𝙥𝙣𝙤𝙩𝙝𝙚𝙧𝙖𝙥𝙮 လဲ 𝙪𝙣𝙨𝙖𝙛𝙚𝙩𝙮 𝙘𝙤𝙣𝙙𝙞𝙩𝙞𝙤𝙣 တစ်ချို့ရှိပါတယ် မှတ်ဉာဏ်အတုပေါ်လာတာတို့ ‌မှတ်ဉာဏ်ပျောက်သွားတာတို့ ရူးသွားတတ်တာတို့ဖြစ်တတ်ပါတယ် ဆရာဝန်ကတလွဲလုပ်ရင်ပေါ့ မြန်မာနိုင်ငံမှာဘယ်မှာရှိလဲတော့မသိပေမဲ့ ကြားဖူးတာအရတော့ 𝙎𝙚𝙨𝙨𝙞𝙤𝙣 တစ်ခုစာကိုပဲ သိန်း ၃၀ လောက်ရှိပါတယ် သင်သာမေ့မရတဲ့ 𝙈𝙚𝙣𝙩𝙖𝙡 𝙥𝙧𝙤𝙗𝙡𝙚𝙢 တစ်ခုရှိရင် 𝙃𝙮𝙥𝙣𝙤𝙩𝙝𝙚𝙧𝙖𝙥𝙮 ပြကြည့်သင့်ပါတယ် 𝘾𝙚𝙧𝙩𝙞𝙛𝙞𝙘𝙖𝙩𝙚 ရှိတဲ့ဆရာဝန်ဆီမှာပေါ့ (မှတ်ချက် - 𝙃𝙮𝙥𝙣𝙤𝙩𝙝𝙚𝙧𝙖𝙥𝙮 ကစိတ်ကိုထိန်းချုပ်တာမဟုတ်ပါဘူး ကာယကံရှင်နဲ့ပေါင်းလုပ်ရတာမလို့ ကာယကံရှင်ကအတင်းမလိုမလားဖြစ်နေရင် ပြဿနာတက်တတ်ပါတယ် ဒါကြောင့်ကိုယ်ကသေသေချာချာလက်ခံနိုင်မှ ပူးပေါင်းဆောင်ရွက်နိုင်မှ 𝙎𝙚𝙨𝙨𝙞𝙤𝙣 ယူပါ
#𝙈𝙚𝙧𝙡𝙞𝙣𝙃𝙚𝙧𝙢𝙚𝙨
❤19🔥4
Announcement 📣
————————

ThinkVerse ရဲ့ နောက်ခြေလှမ်းတွေဖြစ်တဲ့ TikTok , YouTube Short စတဲ့ platform တွေကို နေရာယူဖို့အတွက် အတူလျှောက်လှမ်းနိုင်မဲ့ “ Nakama “တွေလိုအပ်နေပါတယ်။

အဲ့တာကြောင့်မလို့ လိုအပ်တဲ့ နေရာတွေအတွက် သင့်တော်တဲ့ လူတွေကို recruit လုပ်ချင်ပါတယ်။

လိုတဲ့ position နှစ်နေရာရှိပါတယ်။

- Fiction Content Writer ( Requirement - SuperHero , Anime&Manga or တခြားလူကြိုက်များတဲ့ fiction တွေနဲ့နီးစပ်မှုရှိသူဖြစ်ပြီး ထိုအရာတွေနဲ့ ပတ်သတ်တဲ့ content ကောင်းကောင်း ရေးနိုင်ရပါမယ်)

- Junior Reporter ( Requirement - ခေတ်ရေစီးကြောင်းနှင့် အညီနိုင်ငံတကာမှာ ထွက်ပေါ်နေတဲ့ နာမည်ကြီးသတင်းများကို ရေးသားတင်ဆက်နိုင်ရပါမယ်)

You don’t have to be professional and we can’t give you professional salary.

But တိုးတတ်လာမဲ့ channel ရဲ့ Engagement Statistics နဲ့အတူ Modernization ကရမဲ့ fund ကို ထိုက်သင့်သလောက်ခံစားရပါမယ်။

လိုအပ်တာကို သင်ကြားပြသပေးပြီး news reporter အတွက်လဲ information တွေကို ရှာပေးမှာမလို့ content writing skill ရှိတာနဲ့ကို လာလျှောက်နိုင်ပါတယ်။

Dm me if you’re interested.

Account to contact - @hytbf

#JP
❤16🔥3
ကျွန်တော်တို့ နေထိုင်တဲ့ကမ္ဘာမြေကြီးထက် (၈.၆) ဆ ပိုကြီးပြီး သက်ရှိနေထိုင်နေနိုင်တဲ့ ဂြိုလ်အသစ်တစ်လုံးကို ရှာဖွေတွေ့ရှိခဲ့ကြောင်း အတည်ပြုခဲ့ ပါပြီ။

Cambridge University ကအဖွဲ့တစ်ခုက K2-18B လို့အမည်ပေးထားတဲ့ဂြိုလ်တစ်လုံးရဲ့ လေထုကိုလေ့လာရမှာ သက်ရှိတွေရှင်သန်ပေါက်ဖွားနိုင်တဲ့မော်လီကျူးတွေကိုရှာဖွေတွေ့ရှိခဲ့ကြတာပဲ ဖြစ်ပါတယ်။

ကမ္ဘာကနေ မိုင်ပေါင်း ထရီလီယံ (၇၀၀) သို့မဟုတ် အလင်းနှစ် ၁၂၄ ခုနှစ် ကွာဝေးတဲ့ K2-18B ကိုတော့ James Webb Space Telescope ဆိုတဲ့အား ကောင်းတဲ့မှန်ပြောင်းကနေ လေ့လာနိုင်ခဲ့ကြတာပါ ။

Note:
သက်ရှိတွေနေထိုင်နိုင်တယ်လို့ ပြောတဲ့နေရာမှာ လူလို အခြားသက်ရှိသတ္တဝါတွေ ရှိမရှိ အတိအကျမသိရသေးပါဘူး။ ကောက်ချက်ချပုံကတော့ အကောင်တွေ၊မော်လီကျူးတွေ၊ဆဲလ်တွေ အပါအဝင် ရေ( H²O) ရှိရင်ကိုပဲ သက်ရှိတွေနေထိုင်နိုင်တယ်လို့ ယူဆလို့ရပါတယ် ။ အခုတော့
ရေညှိလိုအရာကနေ ထွက်ရှိလာတဲ့ဓာတ်ငွေ့ကို လေ့လာနိုင်ခဲ့ကြတာကြောင့် သက်ရှိတွေနေထိုင်တယ်လို့ယူဆခဲ့ကြတာဖြစ်ပြီး Alienတွေရှိမရှိတော့ မသိရသေးပါဘူး။


#Kira
1❤20🔥2
Our Offical TikTok Account

Link -
www.tiktok.com/@thinkverse69

Pls Follow For More Contents

Video
တွေနဲ့ပါ သတင်း၊ ဒဿန ၊ စာပေ၊ fiction စတာတွေကို တင်ဆက်ပေးသွားမှာမလို့ follow ပေးကြပါဦး။

#JP
❤17👏4