𝙏𝙝𝙞𝙣𝙠𝙫𝙚𝙧𝙨𝙚
1.36K subscribers
262 photos
9 videos
13 files
126 links
သတင်း ၊ ဒဿန ၊ စာပေ ၊ သိပ္ပံနှင့် ဖျော်ဖြေရေး အရေးအသားများ

Our Web(closed)
thinkverse.lovable.app

Lunatic's Collection
https://t.me/IknowledgeField/476

Merlin's Collection
https://t.me/IknowledgeField/154

Contact for business -
@MertvetsKira
Download Telegram
ငလျင် ဘယ်နေရာတွေလှုပ်နိုင်ပါသေးလဲ
ဘာကြောင့်ငလျင်လှုပ်သွားခဲ့ရလဲ
❓❓


မြန်မာနိုင်ငံမှာ ရှိတဲ့စစ်ကိုင်း ပြတ်ရွေ့ကြောကြောင့် လက်ရှိငလျင်ဖြစ်ခဲ့တာလို့ အကြမ်းဖျင်းဆိုနိုင်ပါတယ်။

ပြတ်ရွေ့ကြော (Fault) ဆိုတာ —
မြေပြင်အောက်မှာ မျဉ်းလိုက်ပြိုကွဲသွားပြီး မြေဆီလွှာ (Earth's crust ) ၂ ခု သီးခြားခြား ဖြစ်သွားတဲ့နေရာ ကို ခေါ်ပါတယ်။
ဒီ ပြတ်ရွေ့ကြော တွေမှာ တစ်ဖက်သားမြေဆီလွှာက တစ်ဖက်သားနဲ့ နှိုင်းယှဉ်ရွေ့လျားမှု ဖြစ်ပေါ်တတ်ပါတယ်။

ပြတ်ရွေ့ကြော ရှိရင် ဘာဖြစ်နိုင်လဲ ❓❓

အဲ့ဒီပြတ်ရွေ့ကြောပေါ်မှာ
Stress build-up → Release → မြေငလျင် (Earthquake) ဖြစ်နိုင်ပါတယ်။

မြန်မာနိုင်ငံမှာရှိတဲ့ စစ်ကိုင်းပြတ်ရွေ့ကြော က အနောက်မြောက်ကနေ အရှေ့တောင်ဖက် ကို ၁,၂၀၀ ကီလိုမီတာ အထိ ရှည်လျားပါတယ်။

ဒီပြတ်ရွေ့ကြော ကြောင့်ပဲ မြန်မာသမိုင်းမှာ ငလျင်တွေဖြစ်ခဲ့ဖူးပါတယ်။
-(၁၉၃၀) ပဲခူးငလျင် (M ၇.၃) – မြန်မာနိုင်ငံ၏ အသေအပျောက်အများဆုံး ငလျင်တစ်ခု။ 
- (၂၀၁၂) သပိတ်ကျင်းငလျင် ( M ၆.၈) – မြန်မာနိုင်ငံအလယ်ပိုင်းမှာတော်တော်လေး ပျက်စီးခဲ့ပါတယ်။

အခု ၂၀၂၅ ခုနှစ် 28(မနေ့က) လှုပ်ခဲ့တဲ့ငလျင်ကတော့ M 7.7 ရှိပြီး စစ်ကိုင်းပြတ်ရွေ့ကြောကြောင့်ပဲ ဖြစ်ပါတယ်။  ။

ဘယ်နေရာတွေ လှုပ်နိုင်ပါသေးလဲ ❓❓ 

Note:  ရန်ကုန်မလုံခြုံနိုင်ပါဗျ။

နောက်တစ်ခုအနေနဲ့ဧရာဝတီပြတ်ရွေ့ကြောတစ်ခုရှိနေပြန်ပါသေးတယ် ။ လူသိနည်းပေမဲ့ အရေးကြီးတဲ့အထဲမှာပါပါတယ်။ စစ်ကိုင်းလောက် တော့ငလျင်ကြီးကြီးမားမား လှုပ်ခဲ့တာမျိုးမရှိပေမဲ့ စစ်ကိုင်းပြက်ရွေ့ကြောနဲ့ အပြိုင်သဘော တည်ရှိနေတာမလို့ အချိန်ကြာလာတာနဲ့အမျှ အခုလှုပ်ခဲ့တဲ့ငလျင်က သွားထိရောက်ရင် နောက်ထပ်ငလျင်ကြောတစ်ခုမှာ ဧရာဝတီဟာ အဓိကဖြစ်လာနိုင်ပါတယ် ။ အဲ့တာကြောင့် ရန်ကုန်ဟာ ဒုတိယမန္တလေးလိုဖြစ်လာနိုင်တယ်လို့ ကောက်ချက်ချလို့ရနိုင်ပါတယ်။

ဒါမျိုး သတင်းတွေ၊ ငလျင်နဲ့ပတ်သပ်ပြီးဖြစ်စေ စာပေနဲ့ပတ်သပ်ပြီးပဲ ဖြစ်စေ သိချင်ရင် Telegram Channel - @IknowledgeField ကိုလာရောက် Joinထားပေးပါ ။

#Kira
❤33😢6🍾5🤔4😭2🤯1
ကယ်ဆယ်ရေးများနှင့် ငလျင်ဒေသပြည်သူများ အထူးသတိပြုရန်

ငလျင်လှုပ်တဲ့နေရာမှာကယ်ဆယ်ရေးလုပ်တဲ့လူသို့မဟုတ်အလောင်းတွေရဲ့အနံ့များကိုခံစားနေရသူများအတွက် အထူးရည်ရွယ်ပါသည်။

လူသေသွားပြီးတဲ့နောက်မှာ ခန္ဓာကိုယ်က ပြိုကွဲခြင်း လုပ်ငန်းစဉ် (Decomposition) ကိုအလိုလျောက်လုပ်ဆောင်ပါတယ်။ ဒီ process ဖြစ်နေချိန်မှာ Dead body ကနေ အမျိုးမျိုးသော Gas ပေါင်းစုံကိုထုတ်လွှတ်နိုင်ပါတယ်။

Hydrogen Sulfide လိုမျိုးဓာတ်ငွေ့တွေလဲပါဝင်သလို Ammonia ဆိုတဲ့ဓာတ်ငွေ့လဲပါဝင်ပါတယ်။ ဒီဓာတ်ငွေ့များနဲ့ ထိတွေ့မှုရှိတဲ့အခါ  မျက်လုံး၊ နှာခေါင်း တစ်ဝိုက် ယားယံမှု နာကျင်မှု နဲ့ အသက်ရှူရခက်တာတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ Methane နဲ့တစ်ခြား VOCs တွေလဲထုတ်လုပ်တာမလို့ ထိတွေ့မှုမရှိ / မရှုမိတာ အကောင်းဆုံးပါ။

သေဆုံးပြီးသားလူတစ်ယောက်မှာ ကူးစက်ရောဂါရှိနေခဲ့ရင် ကိုယ်တွင်းမှာရှိနေတဲ့ ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ့်တွေက လေထုထဲမှာပြန့်နေနိုင်တာမလို့လဲကူးစက်ရောဂါတွေလဲကူးနိုင်ပါတယ် ။

တိုက်ရိုက်ထိတွေ့မှုများတွင် မိမိ၏ လက်ဗလာနှင့် သေဆုံးသူ၏အင်္ကျီ၊ အရေပြားတို့နှင့် ထိတွေ့လျင် လဲကူးစက်နိုင်ပါတယ်။
လေထဲကလဲကူးစက်နိုင်တာမလို့ ကာကွယ်မှုတွေကိုကြိုတင်လုပ်ဆောင်သင့်ပါတယ်။

မျက်နှာနဲ့လက်ကိုအဓိကဖုံးပါ။ လက်အိတ်တို့ Mask တို့တပ်ပြီးအလောင်းတွေကိုကိုင်တွယ်သင့်သလို အနီးနားကဖြတ်မယ်ဆိုရင်တောင် Mask တပ်သွားကြပါ။ ဖြစ်နိုင်ပါက face shield များပါကာထားကြပါ။

အကယ်၍ထိတွေ့မိခဲ့လျှင် -
တကိုယ်လုံးကိုသန့်ရှင်းရေးပြုလုပ်ပါ။ သေချာဆေးကြောပါ။
ရှုခဲ့မိတယ်ဆိုရင်လဲ Medical checkup သွားလုပ်သင့်ပါတယ်။

တကယ်ကိုအန္တာရာယ်ကြီးတာပါ။!!!

အလောင်းနဲ့နီးခဲ့တဲ့ အဝတ်အစားတွေကိုလဲအိမ်ပြန်ရောက်ရင်ရေနွေးဖြင့်လျှော်ပါ။ မလိုအပ်ပါက လွင့်ပစ်ပါ။

ဆေးလိပ်သောက်သုံးသောများ အနေနှင့်လဲ Dead body ရှိတဲ့အနီးတစ်ဝိုက်မှာ လုံးဝမသောက်သုံးသင့်ပါ။ ဆေးလိပ်မှပါဝင်သော ဓာတ်ပေါင်းများနှင့် လေထုထဲက Gas များထပ်မံဓာတ်ပြုပြီး ပိုမိုဆိုးဝါးစွာ အဆုတ်နှင့်လည်ချောင်းကိုထိခိုက်နိုင်ပါတယ်။
—————————————————————————-

ငလျင်ဒဏ်ခံစားနေရသူများ အမြန်ဆုံးအဆင်ပြေကြပါစေရန် ကျွန်တော်တို့မှဆုတောင်းပေးလိုက်ပါတယ်။ အလှူငွေများလည်း ကျွန်တော်တို့ အဖွဲ့သားများတွေစုပေါင်းပြီး ထည့်သွားမှာဖြစ်ပါတယ်။

By - @IknowledgeField team
#MerlinHermes
❤26😢5⚡3💘2🦄1
Earthquake Knowledge & Informations Collection By Thinkverse

•Earthquake Knowledge (ငလျင်နှင့်စပ်လျင်း၍)

• အရေးပေါ်ကယ်ဆယ်ရေးနံပတ်များ (မြို့စုံ)

• မန္တလေးငလျင်ဘေးဒုက္ခသည်များအတွက်

• ရန်ကုန် အရေးပေါ်ဖုန်းအားသွင်း

• မန္တလေးသောက်ရေအခမဲ့

•ငလျင်ဘာကြောင့်လှုပ်သွားလဲနှင့် လှုပ်နိုင်သောနေရာများ

• ကယ်ဆယ်ရေးများလူငယ်များ သတိပြုရန်အလောင်းများ၏ အန္တာရယ်

#Thinkverse_AdminTeam
❤12🔥4💘2⚡1🎉1
ငလျင်နှင့်မြွေများအန္တာရယ်

ငလျင်လှုပ်ပြီး တဲ့နောက်မှာ မြွေတွေ ရဲ့အန္တာရယ်ကပိုဆိုးလာမှာပါ ။ အကြောင်းအရင်းကတော့ ငလျင်ကြောင့်သူတို့နေထိုင်တဲ့ မြေအောင်းနေရာတွေ ပျက်စီးလာတာမလို့ပါပဲ။

သတိထားရမဲ့ အချက်ကတော့ သူတို့နေရာကနေခွာလာရတဲ့ မြွေတွေက ပိုပြီးတော့ အန္တာရယ်များသလို လူတွေကိုဒုက္ခပေးနိုင်ချေလဲ ပိုများနေပါတယ်။

အန္တရာယ်နှင့် ကာကွယ်ရန် အချက်များ

အမှိုက်ပုံများကို ရှောင်ပါ ၊ ခြေလှမ်းတွေသတိထားပါ။

မြွေတွေက အုတ်ကျင်းတွေ သို့မဟုတ် ပြိုကျပစ္စည်းတွေ အောက်မှာ ပုန်းအောင်းနေနိုင်ပါတယ် ၊ အဆောက်အအုံပျက်တွေကိုလဲအထူးသတိထားပါ ။

ညဖက်မှာဓာတ်မီးတွေ အသုံးပြုပြီးလှုပ်ရှားပါ။

အိမ်အတွင်း မြွေမဝင်နိုင်အောင် အက်ကြောင်းနှင့် နေရာလွတ်များကို ပိတ်ဆို့ထားပါ။

မြွေကိုက်ခံရပါက အရေးပေါ်ကုသမှုခံယူပါ (ကိုက်ခံရပါက ဆေးကုသမှုချက်ချင်းခံယူပြီး မြွေအမျိုးအစားကို အလွန်နီးကပ်စွာ မကြည့်ဘဲ မှတ်သားထားပါ ကုသရာမှာအထောက်အကူဖြစ်ပါလိမ့်မယ် )

မန္တလေးမြို့တွင်း မြွေဆိပ်ဖြေဆေး လိုချင်ပါက... https://www.facebook.com/share/p/1SBHQjp1on/

#Kira
❤15🔥3🥰3💘3
ငလျင်နဲ့ပတ်သပ်တဲ့သတင်းတွေ၊ပြဿနာတွေနဲ့အချက်အလက်တွေ ကို ဆောင်းပါးရေးပြီး ပြန်လည်မျှဝေစေလိုပါက
@MertvetsKira ကိုအချက်အလက်ပေးပို့ရန် ဆက်သွယ်ထားပေးပါ ။

ဒီ ရက်ပိုင်းအတွင်းမှာတော့ကျွန်တော်တို့ရဲ့စာပေနဲ့ပတ်သပ်တဲ့ပုံမှန်Contentတွေထဲက အဟောင်းလေးတစ်ချို့ကို ပြန်လည်ပြီး Repostလုပ်သွား ချင်ပါတယ်။ Postအသစ်တွေလဲလာပါဦးမယ်။

ဒီလိုပြောလို့ပုံမှန် ဘာမှမဖြစ်ခဲ့သလိုပြန်Runမှာတော့မဟုတ်ပါဘူး ၊ အထက်ပါ accountမှာcontactခဲ့တဲ့လူရှိရင် ရှိသလို ငလျင်ဘေးဒဏ်နဲ့ပတ်သပ်တဲ့ကြိုတင်သတိပေးချက်တွေပဲဖြစ်ဖြစ် သတင်းတွေပဲဖြစ်ဖြစ် ဖြတ်ညှပ်ရေးသားသွားမှာပါ ။ အသိမိတ်ဆွေတွေရှိရင်လဲ ဖတ်ရှု့လေ့လာနိုင်အောင်Channelကို မျှဝေပေးဖို့မေတ္တာရပ်ခံလိုပါတယ် ။ ကျွန်တော်တို့ဖက်ကကြည့်ရင်လဲSubများမှာ ဖြစ်သလို Fanတွေဖက်ကလဲ မလွဲမသွေ Knowledge ရမှာပဲ ဖြစ်ပါတယ်။

ငလျင်နှင့်မြွေများအန္တာရယ်
https://t.me/IknowledgeField/345

#Kira
❤12🥰3💘3🔥2
Support our TikTok platform
https://vt.tiktok.com/ZSrBRg1bP/

#Kira
❤18🔥3🥰1🙏1💘1
Psychology :
Sigmund Freud's Personality Theory


Psychology ဖက်မတင်ဖြစ်တာကြာလို့ တင်တာပါဗျာ ။ အရင်ကတော့Robert Greeneတို့ ဘာတို့လောက်နဲ့အချိုသပ်ဖူးပေမဲ့ ဒီတစ်ခါတော့နည်းနည်း Educated ဖြစ်တာလေးသွားမယ်ဗျ ။

"Sigmund Freud" ကို Psychological Field ကလူတော်တော်များများ မသိသူမရှိလောက်ပါဘူး ။ စိတ်သရုပ်ခွဲပညာရဲ့ဖခင်ကြီးပါ။

စိတ်ကုထုံး(Therapist) နည်းစနစ် (Technique) တွေကို ပြောင်းလဲတိုးတက်စေခဲ့တဲ့လူလဲ ဖြစ်သလို " မသိစိတ် (unconsciousness) " ဆိုတဲ့စကားလုံးကို လူသိများစေခဲ့တဲ့လူလဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဒဿနစာရေးဆရာ နယ်ပယ်မှာလည်း Expressionism,Surrealism နဲ့ Postmodernism တို့ကို အတော်လေးလွှမ်းမိုးခဲ့တဲ့ လူပါ ။ ဒီနေ့မှာတော့သူ့ရဲ့လူသားpersonalityအပေါ် Theorize လုပ်ထားတာတွေကို ရှင်းပြပေးချင်ပါတယ်။

Freud ရဲ့ Id, Ego နဲ့ Super Ego

လူတွေရဲ့ ပင်ကိုယ်စရိုက်ကို Freud က  id, ego and super-ego ဆိုပြီး အမျိုးအစားသုံးမျိုး ခွဲ ပါတယ်။

ID.

Id ဆိုတာကတော့  လူတွေရဲ့ သဘာဝအရိုင်းစိတ် မွေးကင်စ ဗီဇစိတ်သပ်သပ် ပါပဲ ။ မသိစိတ်ရဲ့စေ့ဆော်မှုအတိုင်း ဆောင်ရွက်တဲ့စိတ်ခံကိုဆိုလိုပါတယ် ၊ လုပ်ချင်တာလိုချင်တာတွေ ချက်ချင်းလုပ်လိုက်ရမှ၊ဖြစ်လိုက်ရမှ ကျေနပ်မှုရှိတဲ့ စိတ်ခံမျိုးပါ ။
​Societal Norms တွေ Moral Principle တွေ ဘာမှ မလွှမ်းမိုးသေးတဲ့ Raw Personality  သပ်သပ်ပါ ။ မွေးကင်စ ကလေးတွေရဲ့ ပင်ကိုယ်စရိုက်ကို Id အဖြစ်ဖော်ပြပါတယ် ။ လိင်စိတ်ဆန္ဒကိုလဲ Idကမောင်းနှင်ပါတယ်။

Super-Ego

Super Egoကတော့ Id နဲ့ဆန့်ကျင်ဖက်ပဲ မိမိကြီးပြင်းရာပ​တ်ဝန်းကျင်ရဲ့ လွှမ်းမိုးမှု တွေနဲ့ စည်းကမ်းစံနှုန်းတွေကို လိုက်နာရခြင်း အခြေအနေပါပဲ ။ Super Egoက အဓိကလုပ်ဆောင်တာကတော့ မိမိရဲ့ Raw Personality (စိတ်ရိုင်း ဒါမှမဟုတ် Id) ရဲ့ desire တွေနောက်ကိုမလိုက်ပဲ control လုပ်ပြီး Morality Principle တွေ ရဲ့ လွှမ်းမိုးမှုအတိုင်း လိုက်နာတာဖြစ်ပါတယ် ။  လိင်စိတ်၊ ဒေါသ၊ လောဘ စတာတွေကို ထိန်းချုပ်ထားတာမျိုးတွေကို super-ego က ဆောင်ရွက်တာ ပါ။

The Ego

Egoကတော့ အလယ်အလတ်ပါ ။ တစ်ချိန်လုံး Id နောက်ကိုလိုက်ပြီး ကလေးဆန်နေတာတို့ ၊ Super Egoနောက်ကိုလိုက်ပြီး သူတော်စင် လုပ်နေတာမျိုးကအဆင်မပြေပါ​ဘူး ။  Ego က Id နှင့် Super-Ego ကြားကိုချိန်ညှိပေးပါတယ် ။

id, ego နဲ့ super-ego ဆိုတဲ့အပိုင်းသုံးခုမှာ တစ်ခုခုချို့ယွင်းရင် စိတ်ရောဂါရနေပြီလို့ ဆေးပညာနယ်ပယ်မှာ သတ်မှတ်ပါတယ်။

အကယ်၍ Egoက ချို့ယွင်းသွားပြီး Idနဲ့Super Ego ကြား ညီမျှမှုမရှိတော့တဲ့အခါ Stressတွေ ၊ မသိစိတ်ရဲ့ သောကတွေကို တွေ့ကြုံခံစားလာရတဲ့အခါ ထို အဆင်မပြေမှုတွေကို ကုစားဖို့ မသိစိတ်က Defense mechanisms  တွေကို ထုတ်သုံးလာရပါတယ်။ Theory of personality ကိုအခြေခံပြီး Freud က defense mechanism ကို  ၇ ခု ခွဲပြထားပါတယ်။

Defense mechanism ဆိုတာက ဘာလဲ နဲ့ ၇ခုက ဘာလဲဆိုတာကို နောက်ကြတင်ပေးပါမယ်။ ဒါပေမဲ့ဒီ Post လူကြိုက်များမများအပေါ်မူတည်ပါတယ်: 3

ဒီနေ့တော့ဒီလောက်ပါပဲ ။
အားလုံးဂရုစိုက်ကြပါ။

သူ့အကြောင်းကိုစိတ်ဝင်စားရင် channelမှာတင်ထားတဲ့ သူ့ရဲ့ နောက်ထပ် Mental Complex Theoryတစ်ခုကို ဖတ်ရှု့ပေးသွားပါဦး။ https://t.me/IknowledgeField/171


ကျမ်းကိုး
• The Ego and the Id (German: Das Ich und das Es) by Sigmund Freud

•ဆစ်ဂမန်ဖရွိုက် ဘဝနှင့်လုပ်ဆောင်ချက်များ by ဦးခင်မောင်ဆွေ

#Kira
❤25🔥2🏆2🥰1🤩1
Psychology:Sigmund Freud's Theory of Personality

https://t.me/IknowledgeField/348

#Kira
❤15🔥2💯1
𝐓𝐡𝐨𝐮𝐠𝐡𝐭𝐥𝐞𝐬𝐬 𝐒𝐭𝐚𝐭𝐞 𝐨𝐟 𝐌𝐢𝐧𝐝

ဒါကိုစာနဲ့ဖော်ပြရရင်တော့ 𝐕𝐨𝐢𝐝 𝐒𝐭𝐚𝐭𝐞 ကြီးလို့ပဲပြောရမယ်ပေါ့ စိတ်ကလုံးဝဘာဆိုဘာမှအတွေးတွေရှိမနေတော့တဲ့အချိန်ပေါ့ တရားထိုင်တာနဲ့မတူတာက တရားထိုင်တာက တစ်ခုခုကို 𝐅𝐨𝐜𝐮𝐬 နေတာဖြစ်ပေမယ့်ဒီဟာကကြတော့ 𝐅𝐨𝐜𝐮𝐬 စရာ 𝐏𝐨𝐢𝐧𝐭 ကိုမရှိတော့တာပါ

𝐓𝐡𝐨𝐮𝐠𝐡𝐭𝐥𝐞𝐬𝐬 𝐬𝐭𝐚𝐭𝐞 ကိုလေ့ကျင့်ခြင်းအားဖြင့် 𝐖𝐢𝐥𝐥𝐩𝐨𝐰𝐞𝐫 ကောင်းလာနိုင်သလိုအရမ်းလဲခက်ပါတယ် 𝐓𝐡𝐨𝐮𝐠𝐡𝐭 တွေကငြိမ်သက်၊ သန့်စင်ပြီး တည်ငြိမ်နေတဲ့အချိန်ဖြစ်တာမလို့ 𝐓𝐫𝐲 ကြည့်သင့်တဲ့အရာတစ်မျိုးပါ 𝐓𝐡𝐨𝐮𝐠𝐡𝐭𝐥𝐞𝐬𝐬 𝐌𝐢𝐧𝐝 ကိုဘယ်လိုပိုင်ဆိုင်ရမလဲဆို အရင်ဆုံးအတွေးတွေကိုဆန်းစစ်နေပါပြီးရင် ခေါင်းထဲကိုဝင်ခွင့်ပြုလိုက်ပါ ပြီးသောအခါမှ "ငါ့ရဲ့နောက်အတွေးကဘာဖြစ်မလဲ" ဆိုပြီးကိုယ့်ကိုယ်ကိုမေးခွန်းထုတ်ကြည့်လိုက်ပါ ဒါကတော်တော်လေးအလုပ်ဖြစ်ပါတယ် ကိုယ်တိုင်လဲစမ်းထားပြီးပါပြီ 𝐈𝐧𝐝𝐢𝐚 ကလာတဲ့ 𝐌𝐞𝐭𝐡𝐨𝐝 တစ်မျိုးပါ။

အတွေးမရှ်ိခြင်းအခြေအနေကိုရောက်နေရင် ကိုယ့်ကိုယ်ကို 𝐒𝐞𝐥𝐟 𝐣𝐮𝐝𝐠𝐦𝐞𝐧𝐭 လုံးဝမလုပ်မိစေပါနဲ့၊ မအိပ်ငိုက်စေပါနဲ့။ ဒီ 𝐒𝐭𝐚𝐭𝐞 က 𝐓𝐡𝐨𝐮𝐠𝐡𝐭𝐥𝐞𝐬𝐬 ပဲဖြစ်တာမလို့ 𝐀𝐰𝐚𝐫𝐞𝐧𝐞𝐬𝐬 တော့ရှိနေတာပုံမှန်ပါပဲ ဒါကြောင့် 𝐚𝐰𝐚𝐫𝐞𝐧𝐞𝐬𝐬 ကိုလဲမေးခွန်းမထုတ်မိစေပါနဲ့ ဒီအရာကိုပိုမိုသင်ယူသိချင်တယ်ဆိုရင် 𝐇𝐢𝐧𝐝𝐮𝐢𝐬𝐦 က 𝐌𝐞𝐝𝐢𝐭𝐚𝐭𝐢𝐨𝐧 တွေ ဂုရုကြီးတွေရဲ့ အကြံပေးချက်တွေနားထောင်သင့်ပါတယ် 𝐌𝐞𝐝𝐢𝐭𝐚𝐭𝐢𝐨𝐧 ထပ်ပိုမြင့်တဲ့အခြေအနေမလို့ 𝐘𝐨𝐠𝐚 ဆော့တတ်တဲ့လူတွေ ဒါမှမဟုတ်တရားထိုင်လေ့ရှိတတ်တဲ့လူတွေစမ်းကြည့်သင့်တာကတော့အမှန်ပါပဲ။

အရင်ဆုံးဒီအခြေအနေတန်းမတက်ခင်ကြားထဲမှာတရားထိုင်တာဘာညာတော့လေ့ကျင့်တတ်တဲ့အလေ့အထလေးရှိအောင်တော့လုပ်သင့်ပါတယ် ဒီဟာကိုလုပ်ခြင်းဖြင့် 𝐅𝐨𝐜𝐮𝐬, 𝐖𝐢𝐥𝐥𝐩𝐨𝐰𝐞𝐫 စတဲ့စိတ်နဲ့သက်ဆိုင်တဲ့အရာတွေပိုမိုကောင်းမွန်လာမှာပါ ၁ မိနစ်လောက်ထိန်းထားနိုင်ရင်တောင်အတွေးအမြင်အသစ်တစ်ခု နေ့စဉ်ဘဝမှာပေါ်ပေါက်လာဖို့အာမခံပါတယ်
#Merlin
❤17🤔2🤯2💘2☃1😐1
The catcher in the Rye
By J.D. Salinger { Review }


“ ဆယ်ကျော်သက်အရွယ်လောက်တုန်းက ဘဝကဘာအရေးကြီးလဲ ၊ ငါဒီတိုင်းလျှောက်သွားလိုက်ရင်ဘာဖြစ်မလဲ စသဖြင့် တွေးဖူးကြလားမသိဘူး။ ”

Hi everyone ထုံးစံအတိုင်းကျွန်တော်တော့က Kira ပါ ။ ဒီနေ့မှာတော့ စာရေးဆရာ J.D. Salinger ရဲ့ The catcher in the rye ကို Reviewရေးပေးသွားမှာပဲ ဖြစ်ပါတယ်။ ဒီစာအုပ်က အပြင်မှာဝယ်လို့လဲရတယ်၊ မြန်မာဘာသာပြန်လိုချင်ရင်လဲ adm Kiraရဲ့ Dmမှာ pdf fileလာတောင်းလို့ပါတယ် ။ adm kiraရဲ့accကတော့အောက်မှာပေးထားပါတယ်။

The Biography of the book
စာအုပ်အကြောင်း

စာအုပ်က Literary Fictionအမျိုးအစားတစ်ခုဖြစ်ပါတယ်။ ဆိုလိုချင်တာက အမျိုးအစားခွဲ ပြဖို့ခက်ပြီး L'tranger (The Stranger) တို့လို နည်းနည်းuncanny ဖြစ်စေမဲ့ စာအုပ်တစ်အုပ်ပါ။ The Strangerတို့ American Dream တို့ လောက်တော့ absurdistမဖြစ်ပေမဲ့ ဖတ်ရတာအတော်ကောင်းပါတယ်။ ကျောင်းသားလေးတစ်ယောက် စာမေးပွဲမအောင်လို့ ကျောင်းထုတ်ခံရရာကနေ အိမ်မပြန်ရဲတော့ပဲ ခြေဦးတည့်ရာလျှောက်သွားရင်း လူငယ်တစ်ယောက်ရဲ့ လောကကြီးအပေါ်မြင်တဲ့အမြင်တွေ ၊ မိသားစုအပေါ်ထားတဲ့ စိတ်နေစိတ်ထားတွေ ၊ ကိုယ့်ကိုယ်ကိုယ် မြင်တဲ့အမြင်တွေကို အဖွဲ့အနွဲ့ကောင်းကောင်းနဲ့ ဖော်ကြူးထားတာ ။ အမျိုးအစားခွဲဖို့ခက်တယ်ဆိုတာလဲအဲ့လိုပဲ ရိုမန်စ့်လား၊ အက်ရှင်လား၊ သည်းထိတ်ရင်ဖိုလား စသဖြင့် အမျိုးအစားအတိအကျ ခွဲလို့မရတာကို Literary Fictionလို့ခေါ်ပါတယ် ။ အခု ဒီစာအုပ်လေးကလဲ သင့်ရဲ့ ခေါင်းထဲမှာအတွေးတစ်ခုခု၊ခံစားချက်တစ်ခုခု ချန်ထားနိုင်ခဲ့မဲ့စာအုပ်လို့ပြောရရင် မမှားပါဘူး။

The Writing
အရေးအသား

မော်ဒန်ဝါဒရဲ့အဓိက အစိတ်အပိုင်းဖြစ်တဲ့ စိတ်အလျှင်အတိုင်းထင်ဟပ် ရေးသားခြင်း ( stream of consciousness ) ကို အသုံးပြုပြီး အဓိက ဇာတ်ကောင် Heldonရဲ့ အတွင်းအဇ္စျတ္တ ( self ) စီကနေ စာဖတ်သူတို့ ဖတ်ရှု့ရမှာပါ။ ပတ်ဝန်းကျင်အပေါ်ကိုပုံဖော်ပုံတွေနဲ့ လောကကြီးအပေါ်မြင်တဲ့အမြင်တွေကအစ ထို နည်းစနစ် နဲ့ပဲ ကောင်လေးရှု့ထောင့်ကနေ ရေးသားထားတာ ။ အခန်း ၂၆ခန်းပါပေမဲ့တစ်ခန်းကို တိုတိုလေးမှတိုတိုလေး စာမျက်နှာကလဲ ၂၀၀ မကျော်ဘူး။ ( ကော်ဖီခါးခါးလေးတစ်ခွက်နဲ့ထိုင်ဖတ်ရင်ရှယ်ပဲ ) ဒါက ဆရာမြသန်းတင့်ဘာသာပြန် စာအုပ်ကိုပဲ ကျွန်တော်ဖတ်ဖူးလို့ပြောတာပါ။ မူရင်းဘယ်လောက်ရှိသလဲတော့မသိပါဘူး။ အလင်္ကာသုံးထားတာတွေ နည်းတဲ့မော်ဒန် အရေးအသားဆိုတော့ ဒဲ့တိုးသမားတွေ ၊ Writing ထပ် Story ကိုပို အသာပေးတဲ့လူတွေ ဖတ်ရတာအဆင်ပြေစေမှာ ​ပါ။

My review of the book
စာအုပ်အပေါ် ကျွန်ုပ်ရဲ့အမြင်

ဆယ်ကျော်သက်အရွယ်လောက်တုန်းက ဘဝကဘာအရေးကြီးလဲ ၊ ငါဒီတိုင်းလျှောက်သွားလိုက်ရင်ဘာဖြစ်မလဲ စသဖြင့် တွေးဖူးကြလားမသိဘူး။ ဒီထဲကဇာတ်ကောင်ကတော့ အဲ့လိုအတွေးတွေကို အကောင်ထည်ဖော်ပြီးသေချာ သရုပ်ဖော်သွားတယ် ပြောရမယ် ။ စာအုပ်ကအဆုံးသတ်နားလေး ရောက်လေ ပိုပြီး ဖတ်ရတာငြိမ့်လေပဲ ။ အစပိုင်းတော့စိတ်ရှည်ရတယ်။ Existentialist အရေးအသားတွေထဲကတစ်ခုလို့ ပြောချင်ရင်လဲပြောလို့ရနိုင်တယ် ဒါပေမဲ့ Nihilistတို့absurdistတို့ထပ် Existenctial Crisis Writing ကိုပိုပြီး ဖော်ညွှန်းမယ်ထင်ပါတယ် ။

( ငါဘာလို့ အသက်ရှင်နေရတာလဲ ။ ဘဝရဲ့အဓိပ္ပါယ် ကဘာလဲ ။ ရှင်သန်မှုက တစ်ကယ်ရော အဓိပ္ပါယ် ရှိလို့လား ။
ဒီမေးခွန်းတွေက ကျွန်တော်တို့ ခေါင်းထဲကို တစ်မျိုးမျိုးနဲ့ တိုးဝှေ့ဝင်ရောက် လာတဲ့အခါ
"Existential Crisis" ဖြစ်တယ် လို့ခေါ်ဆိုနိုင်ပါတယ်။ )

ဒီစာအုပ်က တစ်ခုခုချန်ခဲ့နိုင်တယ်ဆိုတာထပ် စာဖတ်ဝါသနာပါတဲ့လူတွေ ကော်ဖီခါးခါးတစ်ခွက်နဲ့ အတွေးလွန်လို့ရမဲ့စာအုပ်မျိုးဖြစ်ပါတယ် ။ စာဖတ်လေ့ဖတ်ထမရှိရင်တော့ အစပိုင်းပျင်းဖို့အလွန်ကောင်းပြီး ဘယ်လိုမှခံစားလို့ရနိုင်မယ်မထင်ပါဘူး ။ ဒါပေမဲ့ ဖတ်ကြည့်ဖို့တိုက်တွန်းပါတယ် ။ အကြောင်းကတော့ ဖတ်လေဖတ်လေ... စာအုပ်ရဲ့ဆွေးမြေ့ မှုနဲ့ လူမှုရေး ဒဿန တွေထဲ နစ်ဝင်လေမလို့ပါပဲ... ။

ဆရာမြသန်းတင့် မြန်မာဘာသာပြန်
" လေ လွင့် သူ " Pdf file လိုချင်ပါက...
@MertvetsKira

#Kira
❤13❤‍🔥2🔥2🥰1
The catcher in the rye
Book review
https://t.me/IknowledgeField/352

#Kira
❤‍🔥7❤3💘3
Midnight In Paris
------------
Movie Review


MovieတွေSeriesတွေနဲ့ပတ်သပ်ပြီးတော့ တစ်ခါမှတော့ Reviewမရေးဖူးဘူး ဒါပေမဲ့ ဒီတစ်ခုက တော်တော်သဘောကျတဲ့အထဲပါလို့ ရေးလိုက်တာပါ ။

တော်တော်များများကကြည့်ဖူးပြီးလောက်ပြီလို့တော့ထင်တာပဲ မကြည့်ဖူးရင်တော့ကြည့်ကိုကြည့်သင့်တဲ့အထဲမှာပါတယ် ။

ပါရီ(ပဲရစ်; Paris) မြို့ဆိုတာမျိုးက စာရေးဆရာတွေ ကဗျာဆရာတွေ ပန်းချီဆရာတွေအများကြီးကို မွေးထုတ်ပေးခဲ့နိုင်တဲ့မြို့တစ်မြို့ ။
ဂါထရုစတိုင်း တို့ ၊ ဟဲမင်းဝေ တို့ ရဲ့ "Lost Generation" ဆိုတာကြီးအပြင် အခြားSurrealist Writerတွေ၊ Painterတွေ အများကြီး ရှိခဲ့တဲ့မြို့ပါပဲ။

ယနေ့ခေတ်ရဲ့စာရေးဆရာပေါက်စတစ်ဦးက သူ့ရဲ့ သတို့သမီးလောင်း နဲ့အတူ ပါရီမြို့ကို ရောက်လာတယ်။ အဲ့မြို့မှာ အချိန်လွဲချော်မှုဖြစ်ပြီး ည ၁၂ ထိုးတိုင်း ကျွန်တော်တို့ရဲ့စာရေးဆရာပေါက်စလေးက ပါရီမြို့ရဲ့စာပေ လှုပ်ရှားမှု ခေတ်တစ်ခေတ်ကို ရောက်သွားတတ်တယ်ပေါ့ ။

Actor/Actressတွေကလဲ Owen Wilson က Main actor ဖြစ်တဲ့အပြင် Adrien Brody, Tom Hiddleston, Rachel McAdams တို့လို နာမည်ကြီးတွေပဲဆိုတော့ Tasteကောင်းကောင်းကြိုက်တဲ့လူတွေ လက်လွှတ်ခံသင့်တာမျိုးတော့မဟုတ်ဘူး ။

ကဗျာတွေစာပေတွေပါတော့ အချစ်ရဲ့အငွေ့အသက်လေးလဲနည်းနည်းပါတယ် ။

Plot twistတွေ Heavyဖြစ်တဲ့ Plottingတွေမပါပါဘူး ။

အားလပ်ရက် မှာညဖက် အေးအေးဆေးဆေး လေး အပန်းဖြေရင်း ကြည့်လို့ရပြီးတော့
တစ်လက်စထဲ စာပေလှုပ်ရှားမှု တွေအကြောင်းကိုလဲ သိလာမယ် ။

ဒါကတော့ဒါပါပဲ ကြည့်ချင်တယ်ဆိုရင်တော့ အောက်ကLinkမှာဝင်ကြည့်လို့ရပါတယ်။
https://t.me/ThinkverseBackup

တစ်လက်စထဲ ကျွန်တော်တို့Thinkverseရဲ့Back upလေးလဲ Joinခဲ့ပေးပါဦး။

#Kira
❤16🔥2🥰1🤯1
Wunzinn (1).pdf
1023 KB
ကာရာမာဇော့ညီအစ်ကိုများ
စာမြည်း
Credit goes to Wunzinn Reader
#Kira
❤15🔥5
ပထမဆုံးတစ်ခုကိုဖြေတဲ့လူတွေ
ထဲမှာ မိန်းကလေးတွေများပါလားခင်ဗျ။
#Kira
😭6😱3🤗3❤1💯1
မြန်မာဒဿနိက_ကြော်ငြာစာတမ်း.pdf
108.9 KB
Manifesto of Burma Youth Philosophicus Association
မြန်မာဒဿနိက လူငယ်အသင်း ကြော်ငြာစာတမ်း

Written by
Lunatic(Kira)

#Kira
❤29🔥2👏2
နတ်နွယ်_ကာရာမာဇော့_ညီအစ်ကိုများ.pdf
383.6 MB
The brothers Karamazov
ကာရာမာဇော့ညီအစ်ကိုများ
စ/ဆုံး

#credit
#Kira
❤20⚡3🔥2
Philosophy (ဒဿနဗေဒ) ဆိုတာ ကျယ်ပြန့်တဲ့ Fieldတစ်ခုဖြစ်ပြီး ဘာသာရပ်တွေရဲ့ဇစ်မြစ်လို့ အာမခံလိုက်ရင်လဲ မှားယွင်းမှု တစ်စုံတစ်ရာရှိမယ်မထင်ပါဘူး ။ မြန်မာနိုင်ငံမှာ Trendရိုက်ခဲ့တဲ့ Psychology (စိတ်ပညာ) ဟာ Manipulation ကြောင်၊ ကွန်ကြောင် တွေရဲ့ ကျေးဇူးနဲ့ ဘာသာရပ်တစ်ခုအဖြစ် ဆင့်ကဲဖို့နှောင့်နှေးသွားခဲ့ရပါတယ်။

ယခုအချိန်ထိတော့ Philosophyဟာ မြန်မာနိုင်ငံရဲ့ လူငယ်တွေကြားမှာ သိပ်ဘောင်မဝင်သလိုဖြစ်နေသေးသလို Hegel ရဲ့ ပကတိ စိတ်ဝိဉာဥ် ၊ Kant ရဲ့ ကျော်လွန် သိမှုဉာဏ် အစရှိသဖြင့် Metaphysic, Epistemology အကြောင်းအရာတွေက လည်း လူထုစိတ်ဝင်စားမှုအလုံအလောက်မရသေးပါဘူး ။

နောက်တစ်ချိန်မှာတော့ဒဿနဗေဒဟာ မြန်မာနိုင်ငံမှာ ဂယက်ထလာတော့မယ်ဆိုပေမဲ့ Main Streamတွေကိုမေ့ထားပြီး Dostoevsky, Camus,Jean Paul တို့ကိုပဲဗဟိုပြုရင်း ကျယ်ပြန့်တဲ့ ဒဿနဗေဒလို့ ခေါင်းစဥ်တပ်ထားကြတော့မှာကို မြင်ရမှာ ရှက်စရာကောင်းပါတယ်။

ဒါမျိုးအဖြစ်မျိုးနဲ့ မကြုံတွေ့ရလေအောင် ၊
ဒဿနဗေဒရဲ့ အနှစ်သာရ မပျောက်ပျယ်အောင် နဲ့ ကျစ်လစ်ခိုင်မာတဲ့လမ်းကြောင်းတစ်ခုကိုတည်ဆောက်နိုင်စေဖို့ရည်ရွယ်ပြီး
Burma Youth Philosophicus Association ( မြန်မာဒဿနိက လူငယ်အသင်း) ကိုတည်ဆောက်လိုက်ရခြင်းလဲ ဖြစ်သလို အောက်ပါ Manifesto (ကြော်ငြာစာတမ်း) ကိုလဲ ရေးသား ထားရခြင်းဖြစ်ပါတော့တယ်။
Association နဲ့ပတ်သပ်လို့စိတ်ဝင်စားရင်လဲဆက်သွယ်နိုင်ဖို့အတွက် ကြော်ငြာစာတမ်းထဲမှာ ရေးသားထားပါတယ်။
https://t.me/IknowledgeField/360

#Kira
❤21🥰2
“ကိုယ်ဝန်တားခြင်း (Pregnancy Control) Knowledge Sharing”

Written By JamesPathon (JP)

https://telegra.ph/%E1%80%80%E1%80%9A%E1%80%9D%E1%80%94%E1%80%90%E1%80%81%E1%80%84-Pregnancy-Conrol-%E1%80%86%E1%80%84%E1%80%9B-Knowledge-Sharing-04-17

#JP
😭13❤7💘4👏2🤔1🤯1