𝙏𝙝𝙞𝙣𝙠𝙫𝙚𝙧𝙨𝙚
1.36K subscribers
262 photos
9 videos
13 files
126 links
သတင်း ၊ ဒဿန ၊ စာပေ ၊ သိပ္ပံနှင့် ဖျော်ဖြေရေး အရေးအသားများ

Our Web(closed)
thinkverse.lovable.app

Lunatic's Collection
https://t.me/IknowledgeField/476

Merlin's Collection
https://t.me/IknowledgeField/154

Contact for business -
@MertvetsKira
Download Telegram
Philosophy နဲ့ပတ်သပ်တာသိချင်တာဝင်မေး သိရင်ဖြေမယ်မသိရင်ကျော်မယ် ဘယ်သူမှမမေးရင်ရှက်လို့ဖျက်မယ် XD

#Kira
❤9🔥4
Metaphysic : Grounded Idealism & Plato's Work

Hello Kira ပါဗျ။
ယခင်က Philosophy ရဲ့နယ်ပယ်ခွဲတွေအကြောင်းလဲတင်ပေးပြီး Epistemology အကြောင်းလဲတင်ပေးဖူးတယ်။ Pin postမှာရှာဖတ်နိုင်ပါတယ်။

အခုမှာတော့ တက္ကိကဗေဒ (Metaphysic) နယ်ပယ်ထဲက Idealism( နာမ်ဝါဒ ) ရဲ့အခြေ ခံသဘောတရားလေးကို နည်းနည်းရေးပါမယ်။

Metaphysic ဆိုတာက ဘာလဲကတော့ Admin Merlin တင်ပေးထားတာရှိတာမလို့ မပြောနေတော့ပါဘူး ။ https://t.me/IknowledgeField/3 ဒီမှာဖတ်လို့ရပါတယ်။

Idealism ဆိုတာဘာလဲ 

Metaphysic မှာဆိုရင် Materalism, Dualism,Idealism  ဆိုပြီးအကြမ်းဖျင်းsubstanceတွေ အနေနဲ့ After Socrates ခေတ်မှာ ကျောင်းသုံးကျောင်း ခွဲထွက်ခဲ့ပါတယ်။

အဲ့ထဲကမှ Idealism ဆိုတာက နာမ် (စိတ်) ကိုပဓာန ထားတဲ့ အတွေးအခေါ်တစ်ရပ်ပါ ။
( ဒီနေရာမှာ နာမ်ဆိုတာက ဘာသာရေးအမြင်အရ နာမ်တွေဝိဉာဥ်တွေအဖြစ် သုံးနှုန်းထားခြင်းမဟုတ်ပါ ၊ စိတ်သဘော ကိုသာဆိုလိုပါတယ် )

ကျွန်တော်တို့ နေထိုင်ရာ Reality က အဖြစ်အပျက်တိုင်း (Time,Space etc.) စတာတွေတိုင်းက စိတ်၊နာမ်၊အိုင်ဒီယာ တွေ​ကြောင့်သာ ဖြစ်ပျက်နေတာဖြစ်တာဖြစ်ပြီး စိတ်တစ်မျိုးတည်းကသာ စစ်မှန်တယ် လို့ ယူဆတဲ့အတွေးအခေါ်ပါ။

ပိုပြီးကောင်းမွန်စွာနားလည်ချင်ရင် ဒဿနဗေဒရဲ့ Objective - Subject  သဘောတရားကို အကြမ်းဖျင်းသိထားဖို့လိုပါမယ်။

Objective & Subjective

English Grammarက Subjective နောက်က ဘာလိုက် တို့ Object ရှေ့မှာပါရင် s/es ထည့်တို့ကို ပြောတာမဟုတ်ပါဘူး ။

Philosophy မှာ Subject ဆိုတာက သိသူ၊ပြုလုပ်သူ (Knower) အဖြစ်အလွယ်မှတ်နိုင်ပြီး Object ဆိုတာကတော့ အသိခံ၊အပြုခံ (Known) အဖြစ် မှတ်ထားလို့ရနိုင်ပါတယ်။

Idealismမှာဆိုရင် Idea ဆိုတဲ့
"Only True Basic substance"  ကို ပိုင်ဆိုင်ထားနိုင်တဲ့ ကျွန်တော်တို့ က သာ Subjectတွေဖြစ်ကြပြီး

ကျွန်တော်တို့ Mind ရဲ့အပြင်မှာ ​ရှိနေတဲ့ Outsider ( Time,Space,World etc.) စတာတွေက Object အဖြစ်၊ (အသိရှိခံ) တည်ရှိနေတာကို ဆိုလိုပါတယ်။

ဒါပေမဲ့လည်း Idealismက ဒီလောက်နဲ့မရပ်ပါဘူး။

Mindရဲ့Outsideမှာ ရှိနေတဲ့ အရာတိုင်းကို Object အဖြစ် သ​တ်မှတ်လိုက်တဲ့ Idealismမှာ "External World"  ဆိုတဲ့အယူအဆ ပေါ်လာတယ်။

External Worldဆိုတဲ့အဓိပ္ပါယ်က သိစိတ်ရဲ့ပြင်ပအဖြစ်နဲ့ ကျွန်တော်တို့သိမြင်ခံစားနေရတဲ့ အာရုံတွေအရာဝတ္ထု တွေ ပြည့်နှက် နေတဲ့ အသိရှိခံ(Known Object) Worldကြီးကို ဆိုလိုတာပါ။

External Worldဟာ လူတွေရဲ့Mindထဲမှာပဲ မှီခိုတည်ရှိနေတာလား၊အပြင်မှာသီးသန့် အမှီခိုကင်းကင်းရှိနေတာလား ဆိုတာက Metaphysic ရဲ့ ငြင်းစရာ တွေထဲကတစ်ခု အဖြစ် ရှိ နေပါတော့တယ်။

Idealism ရဲ့အဓိက အယူအဆ ကိုလိုတိုရှင်းရရင် ကမ္ဘာကြီး(External World) ဟာ အသိရှိခံဖြစ်ပြီး Mind (Subject)  ရဲ့ လုပ်နိုင်စွမ်း၊မြင်နိုင်စွမ်း အတွင်းမှာပဲရှိနေတယ် ။

အစစ်အမှန်မဖြစ်ဘူး ၊ အကယ်၍ လူတစ်ယောက်မှာ Mind( Subjectiveness ) ဆိုတာသာမရှိရင် External Worldဆိုတာက အဲ့လူအတွက် မရှိနိုင်ပါဘူး။

Plato & Idealism

ခေတ်ဦးဒဿနပညာရှင် Platoရဲ့ World of Ideas ကို နားလည်ထားခြင်းက Idealism ရဲ့ ဆင့်ကဲပြောင်းလဲမှုတွေနဲ့ Kantတို့Hegelတို့ရဲ့ ကွဲထွက်နေတဲ့ Idealism Types တွေ ကို နားလည်ဖို့ လမ်းစပဲ ဖြစ်တယ်။

World of Ideas ဆိုတာက ဘေးပတ်ဝန်းကျင် တစ်ခုလုံးမှာ ရှိနေတဲ့ အရာမှန်သမျှ (ဝတ္ထုတိုင်း၊သက်ရှိတိုင်း) ရဲ့ " ဖြစ်တည်မှု " ဆိုတာကို သိရှိနေနိုင်တာကနေ ပေါက်ဖွားလာတာပဲ ။

ဥပမာခွေးတစ်ကောင်ကိုတွေ့လို့ ခွေးမှန်းသိနေတာမျိုး ၊ လှေကားဘယ်နှစ်ခုတွေ့တွေ့ လှေကားရဲ့အခြေ ခံ ပုံစံကို မြင်ပြီးလှေကားမှန်းသိနိုင်တာတို့ အစရှိသဖြင့်ပါ ။

Platoအတွက်ဒါမျိုး "ဖြစ်နေမှု" ( Being ) ဆိုတာကိုသိနိုင်ခြင်းက လူတွေရဲ့ Innate Knowledgeနဲ့ ချိတ်ဆက် နေတဲ့ "Ideal Forms" ကြောင့် ပါပဲ ။

Ideal Formsကိုနားလည်ချင်ရင် Platoရဲ့ လိုဏ်ဂူ ဥပမာကိုတစ်ချက်သွား​ကြည့်ရအောင်။

“လိုဏ်ဂူ ဥပမာ (allegory of the cave)” 

စာမဆန့်တော့တာမလို့ ဖတ်ချင်ရင် Linkကိုနှိပ်လိုက်ရုံပါပဲ...။

https://telegra.ph/allegory-of-the-cave-03-22-2

ကဲဒီနေ့ကတော့ဒီလောက်ပါပဲ ။

နောက်postတွေကြရင် Kant,Hegel,Hume နဲ့ အခြား Idealistတွေအကြောင်း ဖော်ပြပေးသွားပါဦးမယ်။ သိချင်တာရှိရင်လဲcommentမန့်ခဲ့ကြပါ။

#Kira
❤11🔥4🥰2👏1
Metaphysic : Grounded Idealism and Plato's Works
https://t.me/IknowledgeField/314

#Kira
❤4🔥4🥰1🎉1
Voting ရပ်ပါပြီခင်ဗျ။
Resultအတိုင်း Nietzsche : Übermensh တင်ပေးပါမယ်မနက်ဖြန်ကြရင်။ ပြီးရင်Book Reviewတစ်ခုလာပါမယ်။
#Kira
❤7⚡4
ဒါနဲ့Thinkverse Channelကနေ
Telegram Crewအတွက်
Adminအသစ်လိုပါတယ်။


အခြေ ခံလိုအပ်ချက်တွေကတော့

•စာလုံးပေါင်းသတ်ပုံမှန်အောင်ရေးတတ်၊စာစီတတ်တာလောက်တော့လုပ်တတ်ရပါမယ်။

•ကိုယ်တင်မဲ့Topicက ဘာပဲ ဖြစ်စေ Philosophy ဆို Philosophy ၊ History ဆို History ပိုင်ပိုင်နိုင်နိုင်သိထားရပါမယ်။ လာငြင်းမှGoogleခေါက်နေလို့မရပါ။

•တစ်ပတ်မှာContent 2ပုဒ်လောက်တော့ရေးတင်ပေးနိုင်ရပါဗျ။

ဒါပါပဲ ။ ဝါသနာ အပေါ်မူတည်ပြီးလုပ်ကြရမှာဖြစ်လို့ တစ်ကယ်ရေရှည်စိတ်ဝင်စားမှ လာခဲ့ဖို့ဖိတ်ခေါ်ပါတယ်။ လျှောက်ချင်ရင်
@MertvetsKira ကိုလာခဲ့ကြပါ။

#Kira
❤8🥰5❤‍🔥2👏1🤝1
Antithesis of Last Man
Friedrich Nietzsche : Übermensch


ဂျာမန် ဒဿနပညာရှင်တွေ အမြောက်အများ ဖြစ်တည်ခဲ့တဲ့အထဲမှာ သာမန်ထပ်ပိုပြီး လူမှုစံနှုန်းတွေကို စိန်ခေါ်ခဲ့တဲ့လူက Nietzsche ပဲ။ အရင်ဆုံး Nietzsche ကိုအသံထွက်တာက နိချေးလဲမဟုတ်ဘူး နိရှေးလဲမဟုတ်ဘူး နိချ လို့ပဲအသံထွက်တာပါ။

ဒါကအရေးတော့မကြီးဘူး ။ ကျွန်တော်ဒီနေ့ ဖော်ပြ သွားမှာက Nietzsche ရဲ့ Übermensch အယူအဆ ၊ တစ်နည်အားဖြင့် Overman လို့လဲခေါ်သလို Englishမှာ Superman လို့လဲခေါ်တယ်။ အဓိပ္ပါယ်က သာလွန်တဲ့လူသား၊ လူလွန်လူသား လို့ အဓိပ္ပါယ်ရတယ်။
ဒီConcept ကို နားလည်အောင်ရှင်းပြရရင် Nietzsche ရဲ့ ကြိုတင်
မှန်းဆမှုတွေ ၊ သူ့ခေတ်သူ့အခါက ပြဿနာတွေကို နားလည်ထားရမှာပါ။ အတတ်နိုင်ဆုံးအတိုချုံ့ပြီး ရှင်းပြပါ့မယ်။

Nietzsche က သူ့ခေတ်သူ့အခါတုန်းက ဥရောပ စာရေးသားဟန်တွေ၊ခံယူချက်တွေက တစ်ဖြည်းဖြည်းနဲ့ ( နိုင်ငံရေးအခြေအနေတွေကြောင့်ရော လူတွေတွေးခေါ်တတ်လာတာကြောင့်ရော)  Nihilism(ဘဝအဓိပ္ပါယ်မဲ့မြင်မှု) ဆိုတဲ့ မြောင်းထဲထိုးဆင်လာတော့မှာကို သူက ကြိုတင်သတိထားမိခဲ့ ပါတယ်။

အဲ့တာကိုသူက The abyss of Nihilism လို့ အမည်တပ်ခဲ့ပါတယ်။

အနာဂတ်တစ်ချိန်မှာ လူသားတွေက အသက်ရှင်သန်မှုကို တန်ဖိုးမထားတော့ပဲ ဖြစ်ချင်ရာဖြစ်လုပ်ချင်ရာလုပ် နေမှာ​ဖြစ်ပြီး ဘဝရဲ့အဓိပ္ပါယ်ကို ဖော်ဆောင်ဖို့ စိတ်မဝင်စားတော့ပဲ ဖြစ်သလို အသက်ရှင်နေကြမှာကို Nietzsche က ကြိုတင်တွေးခေါ်ထားခဲ့ပါတယ်။ တစ်နည်းအားဖြင့်
Passive Nihilism လို့ခေါ်တဲ့အရာရဲ့ သက်ရောက်မှုပေါ့ ။

• Passive Nihilism ဆိုတာက အပျင်းသဘောဆောင်တဲ့ဘဝအဓိပ္ပါယ်မဲ့မှု အမြင်တစ်မျိုးဖြစ်ပါတယ် ၊ ဘဝကအဓိပ္ပါယ်မရှိ တာကိုလက်ခံပြီး ဘာမှတုံ့ပြန်မှုမရှိပဲ ဘာကိုမှမလုပ်၊မကြိုးစားပဲနေခြင်း ကိုဆိုလိုပါတယ်။ Passive Nihilism ရဲ့ ရိုက်ခတ်မှုကိုခံရတဲ့လူသားဟာ Nietzsche အလိုအရတော့ "Last Man"  လို့ခေါ်ပါတယ်။

Übermensch

Main focusကဒီမှာပါ။ အပေါ်က ပြောခဲ့တဲ့ Passive Nihilism : LastMan ရဲ့  ဆန့်ကျင်ဖက် အဖြစ် Nietzsche ကဒဿနအသစ် တစ်ခုဖော်ဆောင်လိုက်ပါတယ်။
အဲ့တာကတော့  Übermensch  (ဂျာမန်လိုပါ) ဖြစ်ပါတော့တယ်။

Übermensch ဆိုတဲ့ Conceptဆိုတာ တစ်သီးပုဂ္ဂလ ဖြစ်မှုကိုတိုက်ရိုက် ရည်ညွှန်းပါတယ်။

စူပါမန်းဆိုလို့ Comicတွေ Mangaတွေထဲကလို စူပါလူသားဖြစ်မှုကို ရည်ညွှန်းတာမဟုတ်ပဲ  လူသားတစ်ယောက်ဖြစ်နိုင်တဲ့ အကြီးအမြတ်ဆုံးအခြေအနေကိုရည်ညွှန်းတာပဲဖြစ်ပါတယ်။

ဒါဆိုရင် Übermensch ကဘယ်လိုအရာကိုခေါ်တာလဲ ❓❓

• လူမှု့ဘောင်အတွင်းက သတ်မှတ်ထားတဲ့ စံနမူနာကျင့်ဝတ်တွေ (အလှူလုပ်တာကောင်းတယ် သူများအသတ်သတ်တာဆိုးတယ်) စသဖြင့် Societal Norms လို့ခေါ်တဲ့အရာတွေကို ငြင်းဆိုတဲ့ လူတစ်ဦး။

• ကိုယ့်ရဲ့ ကန့်သက်ချက်တွေ၊ အားနည်းချက်တွေကို အချိန်ပြည့်သာလွန်ဖို့ ကြိုးစားနေတဲ့လူ တစ်ဦး။

• တန်ဖိုးစံတွေ၊Normsတွေ
အကုန်လုံးကို ပြန်လည် ငြင်းဆိုပြီး ဓလေ့ထုံးစံ ကျင့်ဝတ်တွေကို အချိန်ပြည့်ပြန်လည် ပုန်ကန်နေတဲ့သူတစ်ဦး ။

•သူ့ရဲ့အတွေ့အကြုံတွေ၊ကိုယ်ပိုင်အယူအဆတွေနဲ့ကိုယ့်ကိုယ်ကိုယ်ထုဆစ်နေတဲ့လူတစ်ဦး ။

ကိုဆိုလိုပါတယ်။ ဒါကအပြည့်အစုံမဟုတ်သေးပါဘူး ၊ အဆုံးထိဖတ်ကြည့်ပါဦး။

Amor Fati နဲ့ Übermensch

Amor Fatiဆိုတာ ဘဝကိုချစ်မြတ်နိုးမှုလို့ အဓိပ္ပါယ်ရပါတယ်။ ဆိုလိုချင်တာက Übermensch ကသူ့ဘဝမှာ ကောင်းတာဖြစ်ဖြစ်၊ဆိုးတာပဲဖြစ်ဖြစ် နာကျင်ဝေဒနာ ခံစားမှုအားလုံးကို ချစ်မြတ်နိုးစွာ ထွေးပွေ့ နိုင်တယ်လို့ဆိုလိုတာဖြစ်ပါတယ်။

ဒီ Übermensch အယူအဆကို Nietzsche ရဲ့ညီမဖြစ်သူကိုယ်တိုင်ရဲ့ လက်ချက်ကြောင့် နာဇီဝါဒနဲ့ ရောယှက်တာတွေ အဓိပ္ပါယ်မှားဖွင့်တာတွေခံရပါတယ်။

အထူးသဖြင့် Will To Power ဆိုတဲ့စာအုပ်ဟာ Nietzsche ကိုယ်တိုင်လက်ရေးမူနဲ့မမြင်ခဲ့ရသလို ၊ သူကိုယ်တိုင်ရေးသားတာမျိုးလဲမရှိဘူး။ သူ့ရဲ့ညီမဖြစ်သူဟာ Nietzsche ရဲ့noteတိုလီမုတ်စ လေးတွေစုပြီး ရေးသားလိုက်တဲ့သဘောပဲ။

ဒါ့ကြောင့် Übermensch ဆိုတာ Hitlerကို ကိုယ်စားပြုတာဘာညာ ဆိုပြီး မှားယွင်းစွာ အဓိပ္ပါယ်ဖွင့်ခံခဲ့ရတာပါ။

တစ်ကယ်တော့ Übermensch ဟာ "ငါÜbermenschဖြစ်ရမယ်" ဆိုပြီး ချမှတ်ရမဲ့ဘဝရဲ့ Ultimate Goalတစ်ခုမဟုတ်ပါဘူး။

Übermensch က သူ Übermensch ဖြစ်လို့ဆိုပြီးရပ်သွားတာမဟုတ်ပါဘူး။

သူကိုယ်တိုင်ကိုက အဆက်မပြတ် ဖွံ့ဖြိုးနေတဲ့ အခြေအနေတစ်ရပ်ကို ဖော်ညွှန်းတာဖြစ်ပြီး Nietzsche က Last Manအယူအဆကို ပြန်လည်တုံ့ပြန်ဖို့ မျှော်လင့်ချက်တစ်ခု၊အတွေးအမြင်အသစ်တစ်ခု အနေနဲ့ ဖန်တီးခဲ့တာပဲ ဖြစ်ပါတယ်။

#Kira
❤8🔥4⚡3✍1🤔1
Antithesis of Last Man
Friedrich Nietzsche : Übermensch

•Explained Amor Fati and Conceptual Definitions of Übermensch and LastMan

https://t.me/IknowledgeField/319

3Stages of Übermensch
https://telegra.ph/3-Stages-of-%C3%9Cbermensch-03-25

Support our Tiktok
https://vt.tiktok.com/ZSrNtkynj/

#Kira
❤14❤‍🔥4🍓3✍2🥰1
Reactတွေကျနေတယ် ချိဖတို့ရေ:I

#Kira
❤12🤯2✍1🥰1👏1🕊1🐳1🍾1💋1💅1🦄1
𝙏𝙝𝙞𝙣𝙠𝙫𝙚𝙧𝙨𝙚 pinned «ဒါနဲ့Thinkverse Channelကနေ Telegram Crewအတွက် Adminအသစ်လိုပါတယ်။ အခြေ ခံလိုအပ်ချက်တွေကတော့ •စာလုံးပေါင်းသတ်ပုံမှန်အောင်ရေးတတ်၊စာစီတတ်တာလောက်တော့လုပ်တတ်ရပါမယ်။ •ကိုယ်တင်မဲ့Topicက ဘာပဲ ဖြစ်စေ Philosophy ဆို Philosophy ၊ History ဆို History ပိုင်ပိုင်နိ…»
❤7❤‍🔥2✍1🔥1🤔1
အိပ်နေရင်း ကုတင်ပေါ်ကပြုတ်ကျလို့ဘာဖြစ်တာလဲ:3

#Kira
😢6🔥2🤔1
မန္တလေးတိုင်းကဗဟိုဆိုတော့ပိုဆိုးတယ်
😢9
စစ်ကိုင်းတံတား။

နောက်ဆက်တွဲ Shock တွေထပ်လာနိုင်သေးပါတယ်
😢9
(၁) အခန်းတိုင်းတွင် လုံခြုံသောနေရာ ကို သိထားရမည်၊
(၂) လုံခြုံသောနေရာသို့ ဝင်ရန်၊ အကာ အကွယ်ယူရန်၊ ဆွဲကိုင်ထားရန် တို့ကို လေ့ကျင့်ထားရမည်၊
(၃) အန္တရာယ်ရှိသော နေရာများကို သိထားရမည်၊
(၄) အိမ်ပြင်တွင်ရှိလျှင် လုံခြုံစိတ်ချရ သောနေရာများကို သိထားရမည်၊
(၅) ထွက်ပြေးရန် လမ်းကြောင်းများ၊ အရန်ထွက်လမ်းများကို လေ့လာ မှတ်ထားရမည်၊
(၆) ရေ၊ ဓာတ်ငွေ့နှင့် လျှပ်စစ်မီးတို့ကို အရေးပေါ် ဖြတ်တောက်နိုင်မည့် နေရာများကို သိထားရမည်။
အရေးပေါ် လိုအပ်မည့်ပစ္စည်းများ
(၁) စားစရာနှင့် သောက်ရေ၊
(၂) ရှေးဦးသူနာပြုပစ္စည်းနှင့် အရေး ပေါ်ဆေးများ၊
(၃) ဓာတ်မီးနှင့် ဓာတ်ခဲအပိုများ၊
(၄) ခရီးဆောင်ရေဒီယိုနှင့် အရန်ဓာတ်ခဲ။


ငလျင်လှုပ်ရှားစဉ်
လုပ်ဆောင်ရန်အချက်များ

(၁) မြေကြီး(သို့မဟုတ်) အဆောက်အအုံ တုန်ခါခြင်းကြောင့် ပြိုကျလာ သည့် အကျိုးအပဲ့များ ထိခိုက်မည့် အန္တရာယ်မှ လွတ်ကင်းအောင် စာရေးခုံ၊ စားပွဲအောက်တွင် ချက်ချင်းအမြန်ဆုံးဝင်၍ ပုန်းလျှိုး နေရပါမည်၊
(၂) ပြိုကျနေသည့် အကျိုးအပဲ့များ၊ မြင့်မားသည့် ပရိဘောဂများ၊ ကြမ်းပြင်ပေါ်တွင် လျှောကျနိုင် သော (သို့မဟုတ်) မှောက်လဲနိုင် သော လေးလံသည့် အရာဝတ္ထု များကို သတိထားပါ၊
(၃) အပြင်ထွက်သော တံခါးပေါက်၊ ပြတင်းပေါက်များမှ ဝေးဝေး နေပါ၊
(၄) ငလျင်လှုပ်စဉ် အိမ်အပြင်သို့ ထွက်မပြေးပါနှင့်၊
(၅) မိမိသည် တိုက်အမြင့်ကြီး၌ နေထိုင် ပါက လှေကားများ (သို့မဟုတ်) ဓာတ်လှေကားများတွင် တိုးဝှေ့ ခြင်းမပြုပါနှင့်၊
(၆) မိမိသည် လမ်းပေါ်သို့ ရောက်နေ ပါက အဆောက်အအုံများ၊ လျှပ်စစ် ကြိုးများနှင့် ဝေးကွာသော ကွင်းပြင်သို့ ရောက်ရှိရန် ကြိုးပမ်း ရမည်၊
(၇) မိမိသည် ကားအတွင်းတွင်ရှိနေ လျှင် ကားကိုစက်သတ်ရပ်ထား၍ ကားအတွင်း၌ပင် ဆက်နေပြီး တံတားများ၊ အဆောက်အအုံများ နှင့် ဝေးဝေးနေရမည်၊
(၈) ပင်လယ်ကမ်းခြေ၊ နိမ့်သော မြစ်ကမ်းပါးတို့မှ ဝေးနိုင်သမျှ ဝေးဝေးနေပါ။ ဆူနာမီရေလှိုင်းကြီး များ ဝင်ရောက်လာနိုင်ပါသည်။

ငလျင်လှုပ်ပြီးလျှင်
လုပ်ဆောင်ရန်အချက်များ

(၁) မိမိကိုယ်ကို အနာတရဖြစ်၊ မဖြစ် စစ်ဆေးပါ၊
(၂) နောက်ဆက်တွဲ ဖြစ်နိုင်သည့် အန္တရာယ်တို့ကို ကာကွယ်ပါ၊
(၃) ရှေးဦးသူနာပြုစုနည်းများဖြင့် ပြုစု ပါ၊
(၄) အဆောက်အအုံတွင် ထိခိုက်မှု ပမာဏကို စစ်ဆေးပါ၊
(၅) မီးဘေးအန္တရာယ်ကို တွက်ဆပါ၊
(၆) မီးခြစ် မသုံးပါနှင့်၊ မီးခလုတ်များကို ပိတ်ထားပြီး ဓာတ်မီးနှင့် ဘက်ထရီ မီးတို့ကို သုံးပါ၊
(၇) ဓာတ်ငွေ့နံ့၊ ဓာတ်ဆီနံ့ စသည့် လောင်စာနံ့ရပါက အမြန်ဆုံး ထွက်ခွာပါ၊
(၈) နောက်ဆက်တွဲငလျင်များ လှုပ်နိုင် သည်ကို သတိပြုပြင်ဆင်ပါ။

ငလျင်လှုပ်ပြီးနောက်
နောက်ဆက်တွဲဘေးအန္တရာယ်များ

(၁) နောက်ဆက်တွဲငလျင်များ၊
(၂) မြို့ပြမီးဘေးအန္တရာယ်၊
(၃) ရေကာတာကြီးများ ကျိုးပျက်၍ ရေကြီးခြင်း၊
(၄) တောင်ပြိုခြင်း၊ မြေပြိုခြင်း၊
(၅) ရွှံ့မီးတောင်များ ပေါက်ကွဲပန်း ထွက်ခြင်း၊
(၆) ဆူနာမီရေလှိုင်း ဖြစ်ပေါ်ရိုက်ခတ် ခြင်း၊
(၇) ကောလာဟလ သတင်းလွှင့် ခြင်း။

ငလျင်သည် အခြားသော သဘာဝ ဘေးများကဲ့သို့ ဖြစ်ပေါ်နိုင်သောအချိန်၊ ကာလ၊ ရာသီမရှိဘဲ အချိန်အခါမရွေး ရာသီမရွေးဖြစ်ပေါ်နိုင်သော သဘာဝ ဘေးတစ်မျိုးဖြစ်၍ တွေးကြောက်နေရန် မလိုဘဲ အမှန်တကယ် ငလျင်လှုပ်ရှားမှု နှင့် ရင်ဆိုင်ကြုံတွေ့ရပါက ရင်ဆိုင် ဖြေရှင်းနိုင်ရန် ကြိုတင်ပြင်ဆင်မှုအစီ အမံများ ဆောင်ရွက်ထားရန် လိုအပ်ပါ သည်။ သို့ဖြစ်ပါ၍ ငလျင်လှုပ်ရှားမှုကို ဖြစ်ပေါ်စေသည့် ပြတ်ရွေ့များအနီး တစ်ဝိုက်နှင့် မြေထုချပ်တိုးဝင်မှုဖြစ်စဉ် များ ဖြစ်ပေါ်စေနိုင်သော ဒေသများတွင် နေထိုင်သူများအနေဖြင့် ငလျင်နှင့် ပတ်သက်၍ ကြိုတင်ပြင်ဆင်မှု များ ဆောင်ရွက်ထားသင့်ပါကြောင်းနှင့် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနသည်လည်း ငလျင်ဘေးလျော့ပါးရေး နှင့်ပတ်သက်၍ ငလျင်ဆိုင်ရာ ဟောပြော ပို့ချမှုများ၊ ကြိုတင်ဇာတ်တိုက်လေ့ကျင့် မှုများ ဆောင်ရွက်နေသည့်အပြင် နိုင်ငံတကာနှင့်လည်း ပူးပေါင်း၍ ငလျင် ဆိုင်ရာ သုတေသန စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း ရေးသား ဖော်ပြအပ်ပါသည်။
❤15
Earthquake Knowledges

ငလျင်နှင့်စပ်လျင်း၍။

ငလျင်မှာ "M" ဆိုတာက moment magnitude ကိုခေါ်ပါတယ်။ လှုပ်ခတ်သွားတဲ့ ငလျင်ရဲ့ပြင်းအားကို Scaleတာဖြစ်ပြီး ဂဏန်းမြင့်လေ အန္တာရယ်ကြီးလေပါပဲ။ ယခုမြန်မာနိုင်ငံမှာလှုပ်ခက်သွားတဲ့ငလျင်က 7.7ရှိပါတယ်။

Scaling:

•M 6.0 ကနေ 6.9 အတွင်းကတော့ အားကောင်းတဲ့ငလျင်လို့ သတ်မှတ်လို့ရပြီး ဒေသအလိုက် ပျက်စီးမှုရှိပါတယ်။

•7.0 ကနေ 7.9 ကတော့ Major လို့သတ်မှတ်နိုင်တဲ့အဆင့်ထိရှိပါတယ်။ အတော်လေးကျယ်ပြန့်တဲ့ ထိပျက်စီးနိုင်သလို အဓိကလိုင်းကြောနဲ့နီးစပ်မှုအပေါ်မူတည်ပြီးလဲ ပျက်စီးနိုင်ပါတယ်။
 
•  8.0 နဲ့ အထက်ဆိုရင်တော့ Great Earthquake (အလွန်ပြင်းထန်တဲ့ငလျင်) အဖြစ်သတ်မှတ်လို့ရပြီး တိုင်းတွေပြည်တွေအထိ effectထိ ပျက်စီးနိုင်ပါတယ်။

M 7.7 လှိုင်းဟာ
ဘယ်နိုင်ငံတွေမှာဖြစ်ခဲ့သေးလဲ
❓❓


- ၂၀၁၈ ဆူလာဝေစီ၊ အင်ဒိုနီးရှား (M 7.7) – တော်တော်သေဆုံးမှုများတဲ့ ဆူနာမီငလျင်ပါ ။ လူ၄,၃၀၀ ကျော်လောက် သေခဲ့ရပါတယ်။

- ၂၀၀၁ ပီရူး (M 7.7) – လူ ၇၄ ဦးပဲ သေပြီးအပျက်စီးတော့များခဲ့ပါတယ်။
 
- ၁၉၉၉ ထိုင်ဝမ် (M 7.7) – လူ ၂,၄၀၀ ကျော်သေဆုံးပြီး အတော်လေးပြင်းတဲ့ပျက်စီးမှုဖြစ်ခဲ့ပါတယ်။

Not-Fun Facts
(မရယ်ရတဲ့အချက်အလက်)


- လေ့လာတွေ့ရှိချက်တွေအရ M 7.7 ရှိတဲ့ ငလျင်ဒဏ်က TNT  45 သန်းတန် လောက် သို့မဟုတ် ဟီရိုရှီးမားအနုမြူဗုံး ၂,၂၅၀ လုံးစာ အတွက် ထုတ်ခဲ့တဲ့စွမ်းအင်နဲ့ တူတူပဲလို့ဆိုပါတယ်။

နောက်လဲဒါမျိုးတွေတင်ပေးဦးမှာပါ။ လောလောဆယ်တော့ လူများများနားလည်အောင်shareပေးကြပါဦး။

#Kira
❤16🔥6
🔴အရေးပေါ် ကူညီကယ်ဆယ်ရေး နံပတ်များ🔴

🚨မန္တလေး
09402600033 ( မဟာ - လူမှုကယ်ဆယ်ရေး မန္တလေး )
အမရပူရမြိုနယ် ☎️02-4070713,02-4070996
ပြည်ကြီးတံခွန်မြိုနယ် ☎️02-5154974
ပုသိမ်ကြီးမြိုနယ် ☎️02-4058056
ချမ်းမြသာစည်မြိုနယ် ☎️02-4021087,02-4062718
မဟာအောင်မြေမြိုနယ် ☎️02-4076362
အောင်မြေသာစံမြိုနယ်☎️02-4060200
ချမ်းအေးသာစံမြိုနယ်☎️02-4060738

🚨အမရပူရမြိုနယ်
ဦးထွန်းနေနွယ်(ဒု ဦးစီး)☎️09404080191 အမရပူရမြိုနယ် မီးသတ်စခန်း
ဦးကျော်နိုင်ဝင်း(စခန်းမှုး) ☎️0429551689 မြစ်ငယ်နယ်မြေခံမီးသတ်စခန်း
ဦးဇော်မင်းဦး (တပ်ကြပ်ကြီး)☎️09444032583 အမရပူရမြိုနယ် မီးသတ်စခန်း
ဦးအောင်မျိုးကျော် (တပ်ကြပ်ကြီး)☎️09449637974 အမရပူရမြိုနယ် မီးသတ်စခန်း
ဦးဖြိုးဇင်(တပ်ကြပ်ကြီး)☎️09783299191 မြစ်ငယ်မီးသတ်စခန်း
ဦးစည်သူဇော် ☎️09-959984191 အမရပူရ အရှေ့ခြမ်း စွယ်တော်
ဦးသဲဦး ☎️09-402574094 အမရပူရ အရှေ့ခြမ်း ဖျောက်ဆိပ်ကုန်း
ဦးစံသိန်း ☎️09448197750 အမရပူရ အရှေ့ခြမ်း နတ်ရေကန်အရန်မီးသတ်စခန်း တာဝန်ခံ
ဦးစည်သူအောင် ☎️09445765287 အမရပူရ အရှေ့ခြမ်း နတ်ရေကန်အရန်မီးသတ်စခန်း
ဦးဇင်ကို ☎️09451801862 အမရပူရ အနောက်ခြမ်း ရှမ်းကလေးကျွန်း
09-767119119 (အမပူရမြိုနယ် မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ)
09-787119119 (အမပူရမြိုနယ် မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ)
09-440119119 (အမပူရမြိုနယ် မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ)
09988144119(Myanmar Rescue Amarapura ကိုဥက္ကာကျော် )

🚨နေပြည်တော် #နေပြည်တော်သီးသန့်
09420722222 (ရွှေပြည်တော်သို့ဆုံမှတ်ပရဟိတအသင်း)
09423671702 (ရွှေပြည်တော်သို့ဆုံမှတ်ပရဟိတအသင်း)
0673404666(လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန)
0673404777 (လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန)
09972755311
09420771405 (မိုးစေတနာ)
09404590001 (မိုးစေတနာ)
09677080162 (တပ်ကုန်းမီးသတ်)
09677080126 (တပ်ကုန်းမီးသတ်)

လူမှုကရုဏာရှင်အဖွဲ့
09681000095
09797604667
09775207713
09972755311
0943106850(တပ်ကုန်းရေဘေး)
095044564(ပုဗ္ဗတွဲလက်များ)
09448535275 (နေပြည်တော်ကြက်ခြေနီသူနာပြုတပ်ဖွဲ့)
09420714432 (နေပြည်တော်ကြက်ခြေနီသူနာပြုတပ်ဖွဲ့)
09404050511 (မြတ်ပါရမီလူမှုကူညီရေးအသင်း)
09429319960 (မြတ်ပါရမီလူမှုကူညီရေးအသင်း)
09420104504 (စိုးမိုးသူလူမှုကူညီရေးအသင်း)
09253095834 (စိုးမိုးသူလူမှုကူညီရေးအသင်း)
09254080946 (စိုးမိုးသူလူမှုကူညီရေးအသင်း)
09445599676 (ပုညကာရီလူမှုကယ်ဆယ်ရေး)
095402616 (ပုညကာရီလူမှုကယ်ဆယ်ရေး)
09771151505 (စေတနာလူမှုကူညီရေးအသင်း)
09420720713 (စေတနာလူမှုကူညီရေးအသင်း)
09797905232 (စေတနာလူမှုကူညီရေးအသင်း)
09797712335 (ကရုဏာရှင်ပရဟိတအသင်း)
09786545509 (ကရုဏာရှင်ပရဟိတအသင်း)
09254448800 (ကရုဏာရှင်ပရဟိတအသင်း)
09420942455 (သုခဒါနပရဟိတအသင်း)
09773592699 (သုခဒါနပရဟိတအသင်း)
09779905443 (ဇမ္ဗူတလူ ပရဟိတာအသင်း)

ညောင်ရွှေမြို့ ရေဘေးကယ်ဆယ်ရေး  
09428310586 ( ကိုစိုးမင်းလတ် )
09261932939 ( ကိုသက်ပိုင်စိုး )
09428311563 ( ကိုတိုးအောင်ရွှေ )

🚨(နေပြည်တော် တပ်ကုန်း ဆွာ တောင်ငူ ကယ်ဆယ်ရေး)
0943106850
ဒို့လယ်ဝေးပရဟိတလူငယ်များ အဖွဲ့
09681000095
09797604667
09775207713
09 972755311
09 420771405 (မိုးစေတနာ)
09 404590001 (မိုးစေတနာ)
09 677080162 (တပ်ကုန်းမီးသတ်)
09 677080126 (တပ်ကုန်းမီးသတ်)
095044564 (ပုဗ္ဗတွဲလက်များ လူမှု ကူညီရေးအသင်း)
09420085147 (ဟန်းရာဇာ)

🚨(ကျောက်ဆည်ကယ်ဆယ်ရေး)
KYAUKSE RESCUE
09256006355
09258444414
09787900929 ( ကျောက်ဆည်ကြက်ခြေနီ )
09402526768 ( ကျောက်ဆည်ကြက်ခြေနီ )

🚨မြစ်သား
09251156006  ( မြစ်သားကြက်ခြေနီ )

🚨စဉ့်ကိုင်
09788743559  ( စဉ့်ကိုင်ကြက်ခြေနီ )

🚨(ဝမ်းတွင်းကယ်ဆယ်ရေး)
ဝမ်းတွင်းမြို့နယ်လုံးဆိုင်ရာ ပရဟိတ ကွန်ယက်
092165003
09444484129
09444484128

🚨(ပျော်ဘွယ်ကယ်ဆယ်ရေး )
09449988191
092228214
0943020516
09459975496
092049021
09449988191 မီးသတ်ဦးစီးမှူး
092228214 ကိုကျော်ကျော်ဝင်း
0943020516 ကိုအောင်ဇော်မိုး
09459975496 ကိုရဲမင်းထွန်း

🚨(ရမည်းသင်း ကယ်ဆယ်ရေး)
09404590001(မိုးစေတနာ)
064-4007(ရမည်းသင်းမီးသတ်)
064-40787- ရမည်းသင်း

🚨(တောင်ငူ ကယ်ဆယ်ရေး)
09443555502 (T.E.R.Tအသင်း)
09791232000 (T.Rescueအသင်း)
09428155773 (မေတ္တာရှင်အသင်း)
09687635151 (အာယုပါလအသင်း)
09770313323 (ရှင်စောပုအသင်း)
09973775151 (၆ရပ်ကွက်အသင်း)

🚨(မိတ္ထီလာ ကယ်ဆယ်ရေး )
မိတ္ထီလာမြို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေး
အဖွဲ့ မျိုးဆက်သစ်မြတ်ပါရမီအသင်း
09402684996
09696860666
❤8👏7
𝙏𝙝𝙞𝙣𝙠𝙫𝙚𝙧𝙨𝙚 pinned «Earthquake Knowledges ငလျင်နှင့်စပ်လျင်း၍။ ငလျင်မှာ "M" ဆိုတာက moment magnitude ကိုခေါ်ပါတယ်။ လှုပ်ခတ်သွားတဲ့ ငလျင်ရဲ့ပြင်းအားကို Scaleတာဖြစ်ပြီး ဂဏန်းမြင့်လေ အန္တာရယ်ကြီးလေပါပဲ။ ယခုမြန်မာနိုင်ငံမှာလှုပ်ခက်သွားတဲ့ငလျင်က 7.7ရှိပါတယ်။ Scaling: •M 6.0…»