𝙏𝙝𝙞𝙣𝙠𝙫𝙚𝙧𝙨𝙚
1.36K subscribers
262 photos
9 videos
13 files
126 links
သတင်း ၊ ဒဿန ၊ စာပေ ၊ သိပ္ပံနှင့် ဖျော်ဖြေရေး အရေးအသားများ

Our Web(closed)
thinkverse.lovable.app

Lunatic's Collection
https://t.me/IknowledgeField/476

Merlin's Collection
https://t.me/IknowledgeField/154

Contact for business -
@MertvetsKira
Download Telegram
𝐘𝐢𝐧 𝐘𝐚𝐧𝐠 𝐞𝐱𝐩𝐥𝐚𝐧𝐚𝐭𝐢𝐨𝐧

တရုတ်သိုင်းကားတွေထဲမှာ အဖြူနဲ့အမည်းကြီးရောနေတဲ့သင်္ကေတကိုလူတိုင်းနီးပါးသိလောက်မှာဒါကြောင့်ဒါလေးကိုအနည်းအကျဉ်းအတိုချုပ်ပြီးရှင်းပြချင်ပါတယ်။

ရှင်းရှင်းပြောရရင် 𝐘𝐢𝐧𝐠 𝐚𝐧𝐝 𝐘𝐚𝐧𝐠 ဆိုတာက ကောင်းခြင်းနဲ့ဆိုးခြင်းကြားက ညီမျှခြင်းကိုဖော်ပြနေတဲ့သဘောပါ။ တရုတ်နိုင်ငံမှာစတင်ဖြစ်ပေါ်ခဲ့တဲ့ တာအိုဘာသာကနေဆင်းသက်လာတာပါ။

ယင် ကတော့ အမည်းရောင်ဝဲကြီးကိုပြောတာဖြစ်ပြီး ယန် ကတော့ အဖြူရောင်ဟာကြီးကိုပြောတာပါ နောက်ပြီး အမည်းရောင်ဘက်မှာဆိုရင်လဲ အဖြူရောင်အစက်ကလေးရှိသလို အဖြူရောင်ဘက်မှာလဲထိုနည်းအတူရှိပါတယ်။

ယင်နဲ့ယန်ဆိုတာက တရုတ်ရိုးရာဒဿနပညာမှာရှိတဲ့ ဆန့်ကျင်ဘက်နှစ်ခုရဲ့ စုစည်းပြီးဖြစ်ပေါ်နေမှုပါ။
အဲ့တာကိုကိုယ်စားပြုတာကတော့ 𝐏𝐚𝐫𝐚𝐝𝐨𝐱𝐢𝐜𝐚𝐥 𝐃𝐮𝐚𝐥𝐢𝐬𝐦 မှာရှိတဲ့ (အရာအားလုံး – 𝐄𝐯𝐞𝐫𝐲𝐭𝐡𝐢𝐧𝐠) ဟာ ဆန့်ကျင်ဘက် သဘာဝသဘောတရားတွေ အား တွေပေါင်းစည်မှုကနေဖြစ်တည်လာတယ်လို့ဖော်ပြနိုင်ပါတယ်။ ဆိုလိုချင်တာက 𝐘𝐢𝐧𝐠 𝐚𝐧𝐝 𝐘𝐚𝐧𝐠 ကြောင့်အရာအားလုံးဆိုတာကြီးကဖြစ်တည်လာတာပါ။

ယင်နဲ့ယန်သဘောတရားက ကျွန်တော်တို့ကမ္ဘာကြီးမှာရှိတဲ့ "မ" သဘောတရားနဲ့ "ဖို" သဘောတရားကိုဖော်ပြတဲ့နေရာမှာသုံးတဲ့အသုံးနှုန်းတစ်ခုပါ။ အရာအားလုံးမှာ ယင်နဲ့ယန် အချိုးဆိုတာကြီးရှိပါတယ် သူတို့ဆန့်ကျင်ဘက်တွေလဲဖြစ်ပေမယ့် ဖယ်ရှား၍လဲမရပါဘူး။ ဘာကြောင့်လဲ... ဒီလိုစဉ်းစားကြည့်ပါ သင့်ခန္ဓာမှာ ခန္ဓာအ‌ရှေ့နဲ့ အနောက်ဆိုပြီးဆန့်ကျင်ဘက်ကြီးရှိပါတယ် ဒါပေမယ့် ဒီနှစ်ခုကပေါင်းစည်းပြီးဖြစ်ပေါ်နေတာပါ။

𝐘𝐢𝐧 က "လ" ဖြစ်ရင် 𝐘𝐚𝐧𝐠 က "နေ" ပါ။ ယင်က ရုပ်ပိုင်းဆိုင်ရာခံစားမှုမှာဖြစ်တဲ့ မှောင်နေတဲ့နေရာတွေ၊ တိတ်ဆိတ်နေတဲ့နေရာတွေ လိုမျိုးပါ ယန်ကကြတော့ ဆန့်ကျင်ဘက်ပေါ့။

𝐋𝐢𝐟𝐞 𝐨𝐟 𝐂𝐲𝐜𝐥𝐜𝐚𝐥 𝐩𝐚𝐭𝐭𝐞𝐫𝐧: ယင်နဲ့ယန်ကြီးကကျွန်တော်တို့ဘဝမှာအရမ်းအရေးပါပါတယ် 𝐁𝐚𝐥𝐚𝐧𝐜𝐞 ဖြစ်အောင်ထားပေးပြီး အသက်ရှင်နေထိုင်ရခြင်းက ဒါကြောင့်ပါ ဥပမာ ဆောင်းရာသီမှာ နွေးထွေးအောင်နေမှာလေဟုတ်တယ်မလား နွေရာသီမှာလဲအေးအောင်နေရတာပဲ။ ယင်ထဲမှာလဲ ယန်ရှိတယ်ဆိုတဲ့သဘောရားကိုရှင်းပြရရင် အန္တာရာယ်ရှိသ၍ကတော့ အကျိုးကျေးဇူးရှိနေမှာပဲ အကျိုးကျေးဇူးနဲ့အတူအန္တာရာယ်ကလဲအတူလိုက်ပါနေဦးမှာပဲ။

အများကြီးတော့မရှင်းတော့ဘူး နောက်ဆုံးတစ်ခုအနေနဲ့ ရှင်းပြခဲ့တာတွေကိုပဲ 𝐒𝐮𝐦𝐦𝐚𝐫𝐲 လုပ်ပြပါမယ်

𝐘𝐢𝐧-𝐘𝐚𝐧𝐠 𝐜𝐨𝐧𝐜𝐞𝐩𝐭 က 𝐃𝐮𝐚𝐥𝐢𝐬𝐦, 𝐖𝐡𝐨𝐥𝐞𝐧𝐞𝐬𝐬, 𝐎𝐧𝐞𝐧𝐞𝐬𝐬 သဘောပါ ယင်ယန်မှာက အကြွင်းမဲ့ ဆန့်ကျင်ဘက်ကြီးဆိုတာမရှ်ိပါဘူး 𝐘𝐚𝐧𝐠 မရှိရင် 𝐘𝐢𝐧 မရှိနိုင်သလို 𝐘𝐢𝐧 မရှိရင်လဲ 𝐘𝐚𝐧𝐠 မရှိပါ။

𝐄𝐱𝐚𝐦𝐩𝐥𝐞: နေ့ဆိုတာကြီးမရှိရင် ညဆိုတာကြီးလဲမရှိလာနိုင်ပါဘူး။ အေးတာတစ်ခုခုကို နွေးထွေးမှုမရှိပဲနဲ့ မခံစားနိုင်ပါဘူး လက်ကအေးနေပေမဲ့ကိုယ်ကမသိတော့သူများပူနေတဲ့လက်သွားကိုင်မှာအေးတာသိတာမျိုး။
လူတွေကလှပတဲ့အရာတစ်ခုကိုမြင်တွေ့လာရရင် အဆင်းမဲ့တဲ့အရာတစ်ခု ရုပ်ဆိုးတဲ့အရာကဖြစ်တည်လာပါတယ်။
လူတွေကအရာတစ်ခုခုကိုကောင်းတဲ့အနေနဲ့တွေ့ရင် မကောင်းတာလဲဖြစ်ပေါ်လာပါတယ်။
#𝐌𝐞𝐫𝐥𝐢𝐧𝐇𝐞𝐫𝐦𝐞𝐬
❤9🥰4👏2🎉1
Yohoo!mina san🙋🏽‍♀🙋🏽‍♀

🔹ဒီနေ့မှာတော့ ကျွန်တော်တို့ thinkverseက youtube channelမှာ ပထမဆုံးသော vidလေးတင်လိုက်ပါပြီဗျ။🥳🥳

Thinkverse youtube ch link 👇🏽👇🏽

https://www.youtube.com/@IrrelevantThinkverse

🔹Vidထဲကအကြောင်းရာလေးကတော့ FATE VERSEထဲက void shikiရဲ့အကြောင်းပဲဖြစ်ပါတယ်။(vid shikiအကြောင်းဘာတွေပြောပြထားလဲတော့ မပြောပြတော့ဘူးဗျာ သိချင်ရင် ဝင်သာကြည့် ကြိုက်ဝါးစေရမယ်)


🔹ဒီchannelလေးကိုသဘောကျတယ်ဆိုရင် like & shareလေးနဲ့ subscribeလေးလုပ်ရင်း supportပေးနိုင်ပါတယ်ဗျ။🙆🏽‍♀🙆🏽‍♀✅✅

🔹Fictional theoryတွေသိချင်တာလား။
🔹characterတွေရဲ့ abilityတွေအကြောင်းကိုအသေးစိတ်သိချင်တာလား။
🔹ဒါမှမဟုတ် တခြားknowledgeတွေအကြောင်းသိချင်တာလား။
🔹"We offer knowledge"ဆိုတဲ့ဆောင်ပုဒ်ကိုကိုင်ဆောင်ထားတဲ့ ဒီchannelလေးရဲ့discussion gpထဲမှာ mina sanတို့သိချင်တာအားလုံးမေးလို့ရပါတယ်ဗျ။
vidလေးကိုကြည့်ပြီးကြိုက်နှစ်သက်တယ်ဆိုရင် နောက်ထပ်ဘယ်လို characterတွေရဲ့အကြောင်းတွေကိုတင်ပေးစေချင်လဲဆိုတာပါ mentခဲ့ပါဦးနော်ဗျ။🦦🦦

Ja...bye bye
🦥🦥

#thinkverse
#Sake
❤6🔥2👏1
10 Days 10 Writers

Day 1 / 10.
" Fyodor Dostoevsky "

Fyodor Dostoevsky နှင့်
သူ၏စာအုပ်များ


ဒီတစ်ခေါက်ကတော့ စာအုပ်review မဟုတ်ပဲစာရေးဆရာနဲ့သူစာအုပ်တွေအကြောင်း ပေါ့ဗျာ။ (အကုန်လုံးတော့မဟုတ်ပါဘူး)

Fyodor Dostoevsky ဆိုတာ 1821 - 1881 ခုနှစ်အတွင်းမှာ ရှိခဲ့တဲ့ ရုရှား စာရေးဆရာတစ်ဦးပါ။ စာရေးဆရာတစ်ဦးလို့ သပ်သပ် သတ်မှတ်ထားရင် ကျွန်တော်ဟာပိန်းလွန်းရာကျပါလိမ့်မယ် (glazingလုပ်နေခြင်းမဟုတ်ပါ)  ။

Dostoevsky ကို Local Book readerဖြစ်ဖြစ်၊ Inter Book readerဖြစ်ဖြစ် book readerမှန်ရင် Tolstoy,Dostoevsky တို့လိုစာရေးဆရာတွေကို မသိရင်တောင်ကြားဖူးကြသူတွေချည်းပါ။ ဘယ်မှာမွေးတယ်ဘယ်မှာဆုံးတယ် မပြောတော့ဘူး။ သူ့စာပေလက်ရာတွေအကြောင်းတန်းသွားမယ်။

Dostoevsky ရဲ့လက်ရာများ ။

သူ့စာအုပ်တွေထဲမှာ လူသိအများဆုံးနှစ်အုပ်ကတော့ Crime&Punishment  (မြန်မာဘာသာပြန်အနေနဲ့ ပြစ်မှုနဲ့ပြစ်ဒဏ်) ၊ The Brothers Karamazov (မြန်မာဘာသာပြန်အနေနဲ့ ကာရာမာဇော့ညီအကိုအများ) တို့ပါပဲ ။ နှစ်အုပ်လုံးကသူ့တန်ဖိုးနဲ့သူ ရှိတယ်။

သူ့စာအုပ်တွေအားလုံးဟာ အဲ့ခေတ်အခါတုန်းက ရုရှားနိုင်ငံက စာရေးဆရာတွေရဲ့ အတွေးအခေါ်၊အခြေအနေရပ်ရပ်ကို ကူးညွန့်ဖော်ကျူးပြနေတာကိုတွေ့ရတယ်။ အထူးသဖြင့်ကတော့ Notes From Underground (NFU) ပဲ။

စာအုပ်က Insecureဖြစ်ပြီး Passive Depressed ဖြစ်နေတဲ့ လူတစ်ဦးအကြောင်းကိုရေးထားတာ ။ Characterများများစားစားမပါပဲ (Stream of consciousness)
" သိစိတ်အလျှင်အတိုင်းထင်ဟပ်ရေးသားခြင်း " နည်းစနစ်နဲ့ရေးသားထားတယ် ။ ဒါ့ကြောင့် Modernist Technique တစ်ခုအဖြစ် Modernism အပါအဝင်နှောင်းပိုင်း စာရေးဆရာခေတ်တွေကို ဒီစာအုပ်က လွှမ်းမိုးမှုရှိနေတယ် ။ ( SOCက မြင်သာအောင်ပြောရရင် Catcher In The Ryeတို့လိုစာအုပ်ထဲက စာရေးဟန်တွေ ပေါ့ လေ )

ဒါတင်မကသေးဘူး ဒီစာအုပ်ကပဲ Existentialist အပေါ်ကို Psychology တစ်ရပ်အနေနဲ့ လွှမ်းမိုးထားနိုင်တယ်။ အထူးသဖြင့် Jean-Paul Sartreနဲ့Camus တို့လို Existentialist Philosopher တွေအပြင် Character Drivenကိုအဓိကထားတဲ့ Literary ပြဇာတ်တွေမှာလဲ သက်ရောက်မှုရှိတယ်။

( ထပ်ဆောင်းအနေနဲ့
Modernismစာရေးဆရာ တစ်ဦးဖြစ်တဲ့ James Joyce အပေါ်ကိုလဲ Dostoevsky ကအဓိကလွှမ်းမိုးထားတာ )

လူကြိုက်များတဲ့စာအုပ်နှစ်အုပ်။

Dostoevsky စာအုပ်တွေကနောက်ထပ်ရှိသေးတယ် The Demonsတို့ The Idiotsတို့ အများကြီးပဲ။ အဓိကလူသိများတဲ့နှစ်ခုထဲမှာတော့ ကျွန်တော်ဖတ်တဲ့အထဲ Crime & Punishment ကအနစ်ဝင်ဆုံးပဲ ။ Dostoevsky ရဲ့ရေးသားဟန်အတိုင်း အစပိုင်း စာမျက်နှာ၂၀ ၊ ၄၀ လောက်ထိုင်Yapနေတာ စိတ်တော့ရှည်ရမယ်။ ဇာတ်လမ်းက လူသတ်သမားတစ်ယောက်ရဲ့ စိတ်ထဲမှာဘာတွေဖြစ်နေလဲ ဆိုတာကိုအဓိကဖော်ကျုးတယ်။ အဓိကဇာတ်ကောင် ရက်စကိုနိကောဗ့် ဟာ Depressedဖြစ်နေသလို တစ်ချိန်တည်းမှာပဲ God Complexဖြစ်တဲ့ behavior ကိုတွေ့ရမယ်။ တစ်သီးပုဂ္ဂလ အမြင်နဲ့လောကကြီးရဲ့စံနှုန်းတွေကို ဆက်တိုက် မေးခွန်းထုတ် ပွတ်တိုက်နေတာတွေ့ရမှာဖြစ်တယ်။

The Brothers Karamazov
ညီကိုသုံး​ယောက်ရှိတယ် ။ အငယ်ဆုံးသားလေး Alyosha(အလီရိုရှာ) ကအဓိက ဇာတ်ကောင်ပဲ ။ Alyosha မှာ လူတွေရဲ့စိတ်သဘောသဘာဝကို နားလည်နိုင်တဲ့ ထူးဆန်းတဲ့ အတွင်းအသိစိတ်တစ်မျိုး ရှိနေတယ်။ သူက စိတ်ထားကောင်းပြီး လောကကြီးကိုချစ်မြတ်နိုးသူအဖြစ် ဖော်ကျူးထားခဲ့ပြီး ကာရာမာဇော့ မိသားစုရဲ့စရိုက်သကန် ကိုတွန်းလှန်နေရတာမျိုးပါ ။ ဒီစာအုပ်မှာ Love Complexတွေ ၊ နိုင်ငံရေးဆွေးနွေးပွဲတွေ နဲ့ အဓိက ကတော့ ဘာသာရေးနဲ့လူမှုရေးကို စာရေးနည်းတစ်မျိုးနဲ့ဖော်ကျုးထားတာ ။ ဒီစာအုပ်ရဲ့အရေးသားက Alyoshaအပါအဝင် ဇာတ်ပို့တိုင်းရဲ့ အတွင်းစိတ် က အစိတ်အပိုင်းလေးတွေကိုလိုက်ကောက်ပြီး နားလည်အောင်ကြိုးစားရအောင်ကို ရေးသားထားတာ ။ အစပိုင်းတော့ Dostoevsky ရဲ့ထုံးစံအတိုင်း Plotကိုချက်ခြင်းမလာပဲ Yapထားပေမဲ့ Crime & Punishment လောက်မများဘူး။ (ကျွန်တော်စိတ်ဝင်စားဆုံး Character ကတော့ Ivan ပဲ သူကိုယ်တိုင်ကလဲ အရှုပ်ထွေးဆုံး ဇာတ်ကောင်တစ်ဦးဖြစ်နိုင်တယ်) ဒီစာအုပ်မှာ Dostoevsky ရဲ့ ခရစ်ယာန်ဘာသာအပေါ် ယုံကြည်သက်ဝင်မှု ကိုအကောင်းဆုံးလက်ရာအဖြစ် မြင်နိုင်ပါတယ်။ ဒီ့ထက်ပိုပြီးရှင်းပြရင် စပွိုင်လာပါမှာဆိုးလို့ ဆက်မရေးတော့ပါဘူး။

ဒါပေမဲ့ကြိုက်မှဖတ်ပါ၊မကြိုက်ရင်မဖတ်ပါနဲ့။ ဘာသာပြန်စာအုပ်တွေကတော့ ပေါသောနေတာပဲ ။ ( PDF fileတော့ဘာသာပြန်မရှိဘူးခင်ဗျ English translation ပဲရှိတာကြောင့်ပါ)

ဒါကတော့ဒီလောက်ပဲ။
စာများများဖတ်ပါ၊ ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ပါ ဒီလောက်ပါပဲ။

Reachကျနေတာကြောင့် Reactလေးတွေလဲပေးခဲ့ကြပါဦး။
commentမှာလဲလွတ်လပ်စွာဆွေးနွေးနိုင်ပါတယ်ခင်ဗျ။

#Kira
❤20💘2🔥1🍓1
If this is some kind of monkey experiment,yes we are monkeys
Don't ban us telegram


#Kira
❤7😱1🍓1
Hackတယ်ဆိုပြီး ဖင်ယားကြတဲ့ kmklလေးများအား မေတ္တာပို့သလျက်
🍓3😭3
10 Days 10 Writers
Link Collections

[ Click the text to read ]

Day 1/10
Fyodor Dostoevsky


Day 2 / 10
Franz Kafka


#Kira
❤15
ဒီည Kafka အကြောင်း လာပါမယ်ဗျ

#Kira
❤9🔥2🥰2
This media is not supported in your browser
VIEW IN TELEGRAM
❤6🕊2🥰1
10 Days 10 Writers
Day 2 /10

" Franz Kafka "

Kafka ရဲ့ Metamorphosis( အသွင်ပြောင်းခြင်း) တို့ The Trail တို့ဆိုတာ မြန်မာနိုင်ငံနဲ့ မစိမ်းပါဘူး။ Kafkaရဲ့ ဝတ္ထုတွေအပေါ်ကို ဘာသာပြန်တွေ၊သုံးသပ်မှုတွေ နဲ့ ဖတ်ရှုနည်း စာအုပ်တွေ မြန်မာနိုင်ငံမှာအများကြီးရှိပါတယ် ။

ဒီနေ့မှာတော့ Franz Kafka ရဲ့ အရေးအသား၊စာအုပ်၊ကိုယ်ရေးရာဇဝင် တွေကို Admin Kiraက အတိုချုံ့သုံးသပ်ပေးသွားပါမယ် ။

Biography
ကိုယ်ရေးအချက်အလက်


Kafka ကို ဘိုဟီးမီးယား၊ ပရပ်ဂ်မှာ ၁၈၈၃၊ ဇူလိုင် ၃ ရက်နေ့မှာ မွေးပါတယ် ။ သူက ချူချာတယ်၊ တစ်သီးတစ်ခြားနေတတ်တယ်၊ အရှက်အကြောက်လဲ ကြီးပြီး ပျော့တိပျော့ဖက်နဲ့ လူငယ်လေးတစ်ယောက်ပါ ။ သူ့စာအုပ်တွေဖတ်ဖူးတဲ့လူတွေဆိုရင် သူ့ဖခင်နဲ့သူ့ကြားထဲက ပြဿနာကို သိလောက်ပါတယ်။ အလိုရမ္မက်ကြီးတဲ့ဖခင်ရဲ့ မျှော်လင့်ချက်တွေကြားမှာ ရုန်းကန်ခဲ့ရတာလည်း ဖြစ်ပါတယ်။

Writing
အရေးအသား


၁၉ဝ၆ မှာ ဥပဒေဘွဲ့ရပြီးတဲ့နောက်ပိုင်း စာရေးတဲ့ဖက်ကိုသူ အားစိုက်တယ် ။ သူ့အရေးအသားတွေက သူ့ခံစားချက်တွေ ၊ သူ့ရဲ့ စိတ်အတွင်းတစ်နေရာက ပြဿနာတွေကို တိုက်ရိုက်မဖော်ညွှန်းပဲ သ​​င်္ကေတဆန်ဆန် ၊ အလင်္ကာတွေသုံးရင်း ဖော်ညွှန်းတယ် ။ (မြန်မာဘာသာပြန်ကတော့အဲ့သလိုဖြစ်ချင်မှဖြစ်မယ် ၊ Inter ကိုပြောတာပါ)

သူ့စာရေးဟန်တွေအပေါ်အဓိကလွှမ်းမိုးတာက Nietzsche နဲ့ Gertrude Stein တို့လို စာရေးဆရာ၊ဒဿနပညာ ရှင်တွေပဲ ။ (Nietzsche အကြောင်းကChannelမှာတင်ထားတယ်) ဘာပဲပြောပြော သူ့ရဲ့စာရေးဟန်တွေက Expressionism ရေးသားဟန် ဆန်နေတယ်။ အချိတ်ဆက်မိသလို ရှုပ်ထွေးနေတယ် ။ ဝေဖန်ရေးဆရာတွေကသူ့ရဲ့ Metamorphosis ကို Expressionism ရဲ့ အဓိကသွေးကြောတွေ ပါဝင်နေတဲ့လက်ရာအဖြစ် အသိအမှတ်ပြုထားတယ် ။
( Expressionism အကြောင်းကနောက်မှတင်ပေးမယ်)

Books & Theme
စာအုပ်များ အပေါ်ခံစားမှု


Kafkaရဲ့ဇာတ်ကောင်တွေက နားလည်ရခက်တဲ့လောကကြီးထဲမှာ သူတို့ကိုယ်သူတို့ ပြန်ရှာဖွေနေတာမျိုးပဲ ။ သူ့ရဲ့ Metamorphosis ထဲမှာဆိုရင် အဓိကဇာတ်ကောင် ဂရီဂေါ်စမ်က မနက်နိုးနိုးခြင်း သူ့ကိုယ်သူ ပိုးမွှားတစ်ကောင် အဖြစ်ပြောင်းသွားခဲ့တာ ။ ဒါက သာမန်လူကြီး ပိုးဟပ်ကောက်ဖြစ်သွားတဲ့ အကြောင်းကိုရေးထားတဲ့ 12နှစ်အောက် ကလေးပုံပြင်စာအုပ်လို မဟုတ်ဘူး။ သူ့ရဲ့ လောကကြီးနဲ့သူ့ကိုယ်တိုင်အပေါ် မြင်တဲ့အမြင်တွေ၊ ခံစားချက်တွေ ကို သင်္ကေတဆန်ဆန် ဖော်ကျူးထားတာမျိုးပဲ ။ ဒါ့အပြင် Kafka ကွယ်လွန်ချိန်မှာ အပြီးမ သတ်သွားခဲ့တဲ့ ဝတ္ထုရှည် The Trial ဟာ ဖမ်းဆီးခံပေမယ့် ဘယ်တုန်းကမှ တရားစွဲဖို့ကိစ္စကို မပြောသွားတဲ့ ဘဏ်စာရေးတစ်ဦးကို အဓိကတင်ပြတယ် ။ အဖြေထွက်ဖို့ ဘိုင်ဇန်တိုင်းခေတ်က ဥပဒေစနစ်နဲ့ ညှိနှိုင်းယူဖို့ အဓိပ္ပာယ်မဲ့ အဲဒီ ဇာတ်ကောင်က ကြိုးစားနေတာ။ ဒါပေမဲ့ ဘယ်တော့မှ အဖြေရှာမရဘူး၊ နောက် ဆုံး “ခွေးတစ်ကောင်လို” အtatခံလိုက်ရတယ်။

Kafkaရဲ့ စာအုပ်တွေ မှာ တူညီနေတာကတော့ လူမှုအသိုင်းအဝိုင်းဖြစ်စေ၊မိမိချစ်ရတဲ့လူတွေနဲ့ဖြစ်စေ ဝေးကွာဖယ်ရှောင် နေရတဲ့ခံစားချက် ကို အသွင်တစ်မျိုးနဲ့ ဖော်ပြထားတာပဲ ။ အဲ့ဒီ့ခံစားချက်ကို Modern Literature ခေတ် နှောင်းပိုင်းမှာ ရေးသားဟန်တွေထဲက တစ်မျိုးဖြစ်တဲ့ " Alienation " ရေးသားဟန်အဖြစ် သတ်မှတ်ခဲ့ကြတာ ။ Kafkaကလဲ အဲ့ရေးသားဟန်ကို Main Themeအနေနဲ့ အသုံးချခဲ့တာလို့ ဆိုနိုင်တယ်။ သူက စတင်ခဲ့တာတော့မဟုတ်ဘူး (interမှာ အမှတ်မှားကြလို့ပါ) ။

Kafkaရဲ့ နိဂုံး

ယနေ့ခေတ် ကာလမှာတော့
“ကက်ဖ်ကာဆန်သော” (kafkaesque) ဆိုတဲ့ဝေါဟာရကို သုံးစွဲလာတယ်။ ရှုပ်ထွေးပြီး နားလည်ရခက်သလို ယုတ္တိကင်းမဲ့တဲ့ သဘောသဘာဝ တစ်မျိုးကို ရည်ညွှန်းဖို့ သုံးစွဲခဲ့ကြတာဖြစ်တယ် ။

Kafka စာစရေးတဲ့ အချိန်ကစလို့ သူ့မိတ်ဆွေကောင်း မက်ဘိုးထ်ရဲ့ စာပေမဂ္ဂဇင်းမှာ သူ့ဝတ္ထုတို၊ဝတ္တရှည် တွေ ဖော်ပြခံရတယ်။ ၁၉၂၄၊ ဇွန် ၃ ရက်မှာ အဆုတ်နာရောဂါနဲ့ သြစတေးလျမှာ ကွယ်လွန်သွားတယ်။ သူ့ရဲ့လက်ရေးမူတွေအား လုံးကို မီးရှို့ပစ်ဖို့ မိတ်ဆွေ ဘိုးထ်ကို မသေခင် ပြောခဲ့ပေမဲ့ ဘိုးထ်က Kafka ရဲ့ဆန္ဒကိုမလိုက်လျောပဲ သူ့သူငယ်ချင်းအပြီးမသတ်ခဲ့တဲ့ဝတ္ထုတွေကို ဆယ်စုနှစ်ပေါင်းများစွာကြာတဲ့ထိ တည်းဖြတ်ပြီး ထုတ်ဝေခဲ့တာကြောင့် ကျွန်တော်တို့ ဆက်ဖတ်လို့ရနေသေးတာပါ ။

ဒီနေ့တော့ဒီလောက်ပါပဲ နောက် 10ရက်အတွင်းကျွန်တော်သဘောကျတဲ့ စာရေးဆရာနောက်တစ်ဦး ကိုဖော်ပြပေးသွားပါဦးမယ်။

#Kira
❤11🔥4🥰3
Franz Kafka BOOKS & BIOGRAPHY
https://t.me/IknowledgeField/311

Support our Tiktok
https://vt.tiktok.com/ZSMwv6LPw/

#Kira
❤9❤‍🔥3🔥2
Philosophy နဲ့ပတ်သပ်တာသိချင်တာဝင်မေး သိရင်ဖြေမယ်မသိရင်ကျော်မယ် ဘယ်သူမှမမေးရင်ရှက်လို့ဖျက်မယ် XD

#Kira
❤9🔥4
Metaphysic : Grounded Idealism & Plato's Work

Hello Kira ပါဗျ။
ယခင်က Philosophy ရဲ့နယ်ပယ်ခွဲတွေအကြောင်းလဲတင်ပေးပြီး Epistemology အကြောင်းလဲတင်ပေးဖူးတယ်။ Pin postမှာရှာဖတ်နိုင်ပါတယ်။

အခုမှာတော့ တက္ကိကဗေဒ (Metaphysic) နယ်ပယ်ထဲက Idealism( နာမ်ဝါဒ ) ရဲ့အခြေ ခံသဘောတရားလေးကို နည်းနည်းရေးပါမယ်။

Metaphysic ဆိုတာက ဘာလဲကတော့ Admin Merlin တင်ပေးထားတာရှိတာမလို့ မပြောနေတော့ပါဘူး ။ https://t.me/IknowledgeField/3 ဒီမှာဖတ်လို့ရပါတယ်။

Idealism ဆိုတာဘာလဲ 

Metaphysic မှာဆိုရင် Materalism, Dualism,Idealism  ဆိုပြီးအကြမ်းဖျင်းsubstanceတွေ အနေနဲ့ After Socrates ခေတ်မှာ ကျောင်းသုံးကျောင်း ခွဲထွက်ခဲ့ပါတယ်။

အဲ့ထဲကမှ Idealism ဆိုတာက နာမ် (စိတ်) ကိုပဓာန ထားတဲ့ အတွေးအခေါ်တစ်ရပ်ပါ ။
( ဒီနေရာမှာ နာမ်ဆိုတာက ဘာသာရေးအမြင်အရ နာမ်တွေဝိဉာဥ်တွေအဖြစ် သုံးနှုန်းထားခြင်းမဟုတ်ပါ ၊ စိတ်သဘော ကိုသာဆိုလိုပါတယ် )

ကျွန်တော်တို့ နေထိုင်ရာ Reality က အဖြစ်အပျက်တိုင်း (Time,Space etc.) စတာတွေတိုင်းက စိတ်၊နာမ်၊အိုင်ဒီယာ တွေ​ကြောင့်သာ ဖြစ်ပျက်နေတာဖြစ်တာဖြစ်ပြီး စိတ်တစ်မျိုးတည်းကသာ စစ်မှန်တယ် လို့ ယူဆတဲ့အတွေးအခေါ်ပါ။

ပိုပြီးကောင်းမွန်စွာနားလည်ချင်ရင် ဒဿနဗေဒရဲ့ Objective - Subject  သဘောတရားကို အကြမ်းဖျင်းသိထားဖို့လိုပါမယ်။

Objective & Subjective

English Grammarက Subjective နောက်က ဘာလိုက် တို့ Object ရှေ့မှာပါရင် s/es ထည့်တို့ကို ပြောတာမဟုတ်ပါဘူး ။

Philosophy မှာ Subject ဆိုတာက သိသူ၊ပြုလုပ်သူ (Knower) အဖြစ်အလွယ်မှတ်နိုင်ပြီး Object ဆိုတာကတော့ အသိခံ၊အပြုခံ (Known) အဖြစ် မှတ်ထားလို့ရနိုင်ပါတယ်။

Idealismမှာဆိုရင် Idea ဆိုတဲ့
"Only True Basic substance"  ကို ပိုင်ဆိုင်ထားနိုင်တဲ့ ကျွန်တော်တို့ က သာ Subjectတွေဖြစ်ကြပြီး

ကျွန်တော်တို့ Mind ရဲ့အပြင်မှာ ​ရှိနေတဲ့ Outsider ( Time,Space,World etc.) စတာတွေက Object အဖြစ်၊ (အသိရှိခံ) တည်ရှိနေတာကို ဆိုလိုပါတယ်။

ဒါပေမဲ့လည်း Idealismက ဒီလောက်နဲ့မရပ်ပါဘူး။

Mindရဲ့Outsideမှာ ရှိနေတဲ့ အရာတိုင်းကို Object အဖြစ် သ​တ်မှတ်လိုက်တဲ့ Idealismမှာ "External World"  ဆိုတဲ့အယူအဆ ပေါ်လာတယ်။

External Worldဆိုတဲ့အဓိပ္ပါယ်က သိစိတ်ရဲ့ပြင်ပအဖြစ်နဲ့ ကျွန်တော်တို့သိမြင်ခံစားနေရတဲ့ အာရုံတွေအရာဝတ္ထု တွေ ပြည့်နှက် နေတဲ့ အသိရှိခံ(Known Object) Worldကြီးကို ဆိုလိုတာပါ။

External Worldဟာ လူတွေရဲ့Mindထဲမှာပဲ မှီခိုတည်ရှိနေတာလား၊အပြင်မှာသီးသန့် အမှီခိုကင်းကင်းရှိနေတာလား ဆိုတာက Metaphysic ရဲ့ ငြင်းစရာ တွေထဲကတစ်ခု အဖြစ် ရှိ နေပါတော့တယ်။

Idealism ရဲ့အဓိက အယူအဆ ကိုလိုတိုရှင်းရရင် ကမ္ဘာကြီး(External World) ဟာ အသိရှိခံဖြစ်ပြီး Mind (Subject)  ရဲ့ လုပ်နိုင်စွမ်း၊မြင်နိုင်စွမ်း အတွင်းမှာပဲရှိနေတယ် ။

အစစ်အမှန်မဖြစ်ဘူး ၊ အကယ်၍ လူတစ်ယောက်မှာ Mind( Subjectiveness ) ဆိုတာသာမရှိရင် External Worldဆိုတာက အဲ့လူအတွက် မရှိနိုင်ပါဘူး။

Plato & Idealism

ခေတ်ဦးဒဿနပညာရှင် Platoရဲ့ World of Ideas ကို နားလည်ထားခြင်းက Idealism ရဲ့ ဆင့်ကဲပြောင်းလဲမှုတွေနဲ့ Kantတို့Hegelတို့ရဲ့ ကွဲထွက်နေတဲ့ Idealism Types တွေ ကို နားလည်ဖို့ လမ်းစပဲ ဖြစ်တယ်။

World of Ideas ဆိုတာက ဘေးပတ်ဝန်းကျင် တစ်ခုလုံးမှာ ရှိနေတဲ့ အရာမှန်သမျှ (ဝတ္ထုတိုင်း၊သက်ရှိတိုင်း) ရဲ့ " ဖြစ်တည်မှု " ဆိုတာကို သိရှိနေနိုင်တာကနေ ပေါက်ဖွားလာတာပဲ ။

ဥပမာခွေးတစ်ကောင်ကိုတွေ့လို့ ခွေးမှန်းသိနေတာမျိုး ၊ လှေကားဘယ်နှစ်ခုတွေ့တွေ့ လှေကားရဲ့အခြေ ခံ ပုံစံကို မြင်ပြီးလှေကားမှန်းသိနိုင်တာတို့ အစရှိသဖြင့်ပါ ။

Platoအတွက်ဒါမျိုး "ဖြစ်နေမှု" ( Being ) ဆိုတာကိုသိနိုင်ခြင်းက လူတွေရဲ့ Innate Knowledgeနဲ့ ချိတ်ဆက် နေတဲ့ "Ideal Forms" ကြောင့် ပါပဲ ။

Ideal Formsကိုနားလည်ချင်ရင် Platoရဲ့ လိုဏ်ဂူ ဥပမာကိုတစ်ချက်သွား​ကြည့်ရအောင်။

“လိုဏ်ဂူ ဥပမာ (allegory of the cave)” 

စာမဆန့်တော့တာမလို့ ဖတ်ချင်ရင် Linkကိုနှိပ်လိုက်ရုံပါပဲ...။

https://telegra.ph/allegory-of-the-cave-03-22-2

ကဲဒီနေ့ကတော့ဒီလောက်ပါပဲ ။

နောက်postတွေကြရင် Kant,Hegel,Hume နဲ့ အခြား Idealistတွေအကြောင်း ဖော်ပြပေးသွားပါဦးမယ်။ သိချင်တာရှိရင်လဲcommentမန့်ခဲ့ကြပါ။

#Kira
❤11🔥4🥰2👏1
Metaphysic : Grounded Idealism and Plato's Works
https://t.me/IknowledgeField/314

#Kira
❤4🔥4🥰1🎉1
Voting ရပ်ပါပြီခင်ဗျ။
Resultအတိုင်း Nietzsche : Übermensh တင်ပေးပါမယ်မနက်ဖြန်ကြရင်။ ပြီးရင်Book Reviewတစ်ခုလာပါမယ်။
#Kira
❤7⚡4
ဒါနဲ့Thinkverse Channelကနေ
Telegram Crewအတွက်
Adminအသစ်လိုပါတယ်။


အခြေ ခံလိုအပ်ချက်တွေကတော့

•စာလုံးပေါင်းသတ်ပုံမှန်အောင်ရေးတတ်၊စာစီတတ်တာလောက်တော့လုပ်တတ်ရပါမယ်။

•ကိုယ်တင်မဲ့Topicက ဘာပဲ ဖြစ်စေ Philosophy ဆို Philosophy ၊ History ဆို History ပိုင်ပိုင်နိုင်နိုင်သိထားရပါမယ်။ လာငြင်းမှGoogleခေါက်နေလို့မရပါ။

•တစ်ပတ်မှာContent 2ပုဒ်လောက်တော့ရေးတင်ပေးနိုင်ရပါဗျ။

ဒါပါပဲ ။ ဝါသနာ အပေါ်မူတည်ပြီးလုပ်ကြရမှာဖြစ်လို့ တစ်ကယ်ရေရှည်စိတ်ဝင်စားမှ လာခဲ့ဖို့ဖိတ်ခေါ်ပါတယ်။ လျှောက်ချင်ရင်
@MertvetsKira ကိုလာခဲ့ကြပါ။

#Kira
❤8🥰5❤‍🔥2👏1🤝1