𝙏𝙝𝙞𝙣𝙠𝙫𝙚𝙧𝙨𝙚
1.36K subscribers
262 photos
9 videos
13 files
126 links
သတင်း ၊ ဒဿန ၊ စာပေ ၊ သိပ္ပံနှင့် ဖျော်ဖြေရေး အရေးအသားများ

Our Web(closed)
thinkverse.lovable.app

Lunatic's Collection
https://t.me/IknowledgeField/476

Merlin's Collection
https://t.me/IknowledgeField/154

Contact for business -
@MertvetsKira
Download Telegram
A quick reminder
—————————

" 𝐍𝐞𝐯𝐞𝐫 𝐂𝐡𝐚𝐬𝐞 𝐀 𝐁*𝐭𝐜𝐡 "

#JP
❤13🥰4🍾2🕊1🦄1
Tho' by nature I like to laugh, yet weep I must when I should weep;

When I laugh they throng to me, to join me in my laughter.

But when I weep they shun me, they elude me, they desert me, the merciless ones!


--------

ငါ့စိတ်ပင်ကိုယ် ရယ်နေလိုလည်း ငိုကြွေးသင့်ခါ ငိုရပါမည်။

ငါရယ်သောအခါ စုရုံးလာ၍ ဝိုင်းကာ သူတို့ ရယ်သတည်း။

ငါငိုနေလျှင် ပတ်ဝန်းကျင်မှ ဖဲကြဉ်ရှောင်ကာ သူတို့ခွာသည် ကြင်နာမဲ့ကြကုန်သတည်း။ ။

#Kira
(စာအုပ်အဟောင်းတစ်ခုမှ
ကောက်နုတ်ဖော်ပြချက် ။ စာအုပ်မှာ နာမည်ထည့်သွင်းဖော်ပြရန်ပင် နာမည်စာရွက်မရှိတော့)
❤19💯3❤‍🔥1🔥1🎉1
ကျွန်တော်တို့Thinkverse Channelကဒီတစ်ခုပဲရှိပါတယ်။Second Channelမရှိပါဘူး။ promoteတဲ့TT accကလဲ Jack Frostတစ်ခုပဲရှိပါတယ်။
မကြာသေးမီက IKnowledgeVerseဆိုတဲ့ ချာနယ်ကြီးနဲ့ttမှာပါကျွန်တော့်နာမည်နဲ့accဖွင့်ထားတာတွေ့လို့ပါ။ လုံးဝမဆိုင်ပါဘူးခင်ဗျ။

#Kira
❤18🔥4🎉1💯1
ဝါသနာ - content writer | စာရေးခြင်း

အားနည်းချက် - ရေးရမှာပျင်းနေခြင်း


#Kira
🤣22❤3😭3
❤‍🔥9❤4😢2🔥1🫡1
💐Happy Intertional Women's day to my beloved female subscribers💐

International Women's dayမှာchannelထဲရှိတဲ့အမျိုးသမီးငယ်လေးတွေအားလုံးအပြင်ကမ္ဘာပေါ်မှာရှိတဲ့အမျိုးသမီးတွေအားလုံးစိတ်၏ချမ်းသာခြင်း ၊ ကိုယ်၏ကျန်းမာခြင်းနဲ့ပြည့်စုံပြီး ဆန္ဒတွေတစ်လုံးတစ်ဝကြီးပြည့်စုံကြပါစေ။နေ့ရက်တိုင်းကိုအကောင်းဆုံးသောအားမာန်အသစ်တွေနဲ့ဖြတ်သန်းနိုင်ပါစေ။ရှေ့ဆက်ရမယ့်ဘဝခရီးလမ်းမှာလဲ သာယာဖြောင့်ဖြူးခြင်းများနှင့်သာကြုံရပြီး ခလုပ်မထိဆူးမငြိ စိတ်သွားတိုင်းကိုယ်ပါကြပါစေလို့ ကျွန်တော်တို့ Thinkverseအဖွဲ့သားများမှ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်ဗျာ။
🌸🌸🌸🌸

#ThinkverseAdmTeam
#Internationalwomen'sday
❤13🔥4👏2❤‍🔥1🥰1💅1💘1
Bloomsbury Group 


ဘလွန်းစ် ဘယ်ရီ အုပ်စုဆိုတာ ၁၉၀၇ ကနေ ၁၉၃၀ ပြည့်နှစ် ​အစောပိုင်းအထိ လန်ဒန်မြို့မြို့ရဲ့နယ်မြေ ဘလွန်းစ့် ဘယ်ရီမှာ အခြေစိုက်ရင်း အသိပညာလှုပ်ရှားမှုတွေ ဦးဆောင်တဲ့ အဖွဲ့ကို ကိုယ်စားပြုပြီးခေါ်တာပဲ ဖြစ်တယ်။ ဒီအုပ်စုထဲမှာ အသိပညာရှင်၊အနုပညာရှင်၊ကဗျာဆရာ၊စာရေးဆရာတွေ ပါဝင်ကြတယ် ။ သူတို့တွေစုဝေးပြီး အသိပညာနဲ့ဒဿနတွေ နီးနှောဖလှယ် ဆွေးနွေးကြတာပဲ ဖြစ်ပါတယ်။ ဘလွန်းစ် ဘယ်ရီအုပ်စုမှာ တူညီတဲ့ဒဿနဗေဒ လမ်းကြောင်းမျိုးမရှိပါဘူး ။

Gpမှာ Sex educationဆိုတာကိုအတိုင်းအတာတစ်ခုထိခွှင့်ပြုထားတယ်။ ကွက်ကွက်ကွင်းကွင်းအိပ်ယာပေါ်က ကိစ္စတွေကို ထိုင်ပြောနေတာမျိုးကတော့ banသင့်ရင်banရမှာမလို့ ဆင်ခြင်ကြပါခင်ဗျ ။ ယောကျ်ားလေးသီးသန့်gp လဲမဟုတ်ဘူး။ Groupရဲ့ Impressionကိုလဲdownအောင်လုပ်လို့မရဘူး ။ ဒါGpရဲ့ 1st Rule ပါပဲ။

ကျန်တာကတော့ဒဿနဗေဒတွေ၊ကိုယ်ကျင့်တရားစံနှုန်းတွေ ငြင်းခုန်ထိုးစစ်ဆင်လို့ရတယ်။ကဗျာတွေဆွေးနွေးမယ်၊ မရိုင်းရဘူး ။ ဒါပါပဲ။

https://t.me/Literature_Discussion_Club

#AT
❤17🔥2🥰2👏2
ကမ္ဘာဦးကတည်းက
သက်တံတွေ ငါ ချစ်တယ်
ကမ္ဘာဦးကတည်းက
ကမ္ဘာကြီးမို့ ငါချစ်တယ်

ငါ့အိတ်ကတ်ထဲ အမြဲ ငွေစက္ကူအဟောင်းတွေ
သိမ်းထား
ငါ့ ဖုန်းထဲ ခေတ်ဟောင်းတေးချည့်
ငါကိုယ်တိုင်ကလည်း
လွန်ခဲ့တဲ့ နှစ်သုံးဆယ်က ကောင်ပဲ

Midnight In Paris ဟာ ငါအကြိုက်ဆုံးရုပ်ရှင်ပဲ
အချိန်ခရီးသွားခြင်းနဲ့ warmhole ဆိုရင်
ငါမျက်မှောင်ကြုတ်ဖတ်နေမိတာပဲ
နားလည်လှတယ်ရယ် မဟုတ်ဘဲနဲ့ပေါ့

၁၉၃၀ လောက်က ပါရီကို ငါသွားချင်တယ်
ချာလီချက်ပလင်၊ ချက်ကော့၊ ဟဲမင်းဝေး ငါတွေ့ချင်တယ်
သခင်ဗဟိန်းနဲ့ ငါ စကားပြောချင်တယ်
ဗန်းမော်တင်အောင်ကို ငေးကြည့်ချင်တယ်
ငယ်ငယ်ချောချော ကြည်အေးကို ငမ်းချင်တယ်
နှစ် လေးဆယ်လောက် သိမ်းထားတဲ့ ဝိုင်ကိုဖောက်
သော်တာဆွေနဲ့ အတူထိုင်
မိုဒီလျာနီတယောက် ဒန်တီရဲ့ပျို့ကို ရွတ်တာ
ငါ နားထောင်ချင်တယ်
ငါ လုပ်ချင်တာတွေက အဟောင်းတွေချည့်
ငါ့ ခံစားမှုကတော့ နုပျိုနေမှာပဲ

ခေတ်နောက်ပြန်ဆွဲရတာ သိပ်ပီတိဖြစ်တယ်
အတွေးအခေါ်အသစ်ဆိုတာ
အတွေးအခေါ်အဟောင်းကို ဌာပနာထားရတာပဲ

ဘာဖြစ်သေးလဲ
ငါဟာ လူငယ်
နှစ်ညောင်းကြာချီ တည်တံ့မယ့်
ခေတ်ဟောင်းဝါဒီတယောက်။     ။

#လင်းခါး
❤12🔥4❤‍🔥2
Mankind is only meant to live 2.272 billions seconds.
So make every second a verse in the poem of your life.

#JP
❤13🍾1
မရေးတာကြာပြီဖြစ်တဲ့ 𝐌𝐮𝐥𝐭𝐢𝐯𝐞𝐫𝐬𝐞 𝐓𝐲𝐩𝐞 – 4

𝐓𝐲𝐩𝐞 3 ကိုတော့အရင်ကတင်ဖူးပါတယ် 𝐏𝐚𝐫𝐭 ခွဲတင်ဖို့လုပ်ပေမယ့်မလိုတော့ဘူးလုံလောက်နေပြီထင်တော့ 𝐋𝐞𝐯𝐞𝐥 4 ပဲတန်းတင်လိုက်ပါတယ်။

𝐋𝐞𝐯𝐞𝐥 4 𝐌𝐮𝐥𝐭𝐢𝐯𝐞𝐫𝐬𝐞 𝐨𝐫 𝐌𝐚𝐭𝐡𝐞𝐦𝐚𝐭𝐢𝐜𝐚𝐥 𝐌𝐮𝐥𝐭𝐢𝐯𝐞𝐫𝐬𝐞 လို့ခေါ်ပါတယ် ဒီ 𝐌𝐮𝐥𝐭𝐢𝐯𝐞𝐫𝐬𝐞 မှာ 𝐈𝐦𝐩𝐨𝐬𝐬𝐢𝐛𝐥𝐞 𝐮𝐧𝐢𝐯𝐞𝐫𝐬𝐞𝐬 တွေနဲ့ရော 𝐏𝐨𝐬𝐬𝐢𝐛𝐥𝐞 𝐮𝐧𝐢𝐯𝐞𝐫𝐬𝐞𝐬 တွေပါပါဝင်ပါတယ်

𝐏𝐨𝐬𝐬𝐢𝐛𝐥𝐞 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐞𝐬

𝐏𝐨𝐬𝐬𝐢𝐛𝐥𝐞 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐞𝐬 တွေဆိုတာကျွန်တော်တို့သိထားတဲ့ 𝐋𝐚𝐰 𝐎𝐟 𝐏𝐡𝐲𝐬𝐢𝐜𝐬 ကိုလိုက်နာတဲ့ 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐞 တွေပါ။ သူတို့တွေမှာ မတူညီတဲ့ရုပ်ပိုင်းဆိုင်ရာကန့်သတ်ချက်တွေတော့ရှိလိမ့်မယ်တစ်ခုနဲ့တစ်ခုကပေါ့ ဒါမှမဟုတ် 𝐜𝐨𝐬𝐦𝐨𝐥𝐨𝐠𝐲 ကြီးအတွက်မတူညီတဲ့ 𝐌𝐚𝐬𝐬 တွေရှိရင်ရှိမယ် 𝐓𝐢𝐦𝐞𝐥𝐢𝐧𝐞 တွေရှိရင်ရှ်ိမယ်။ သူတို့တွေမှာလဲ မတူညီတဲ့ 𝐃𝐢𝐦𝐞𝐧𝐬𝐢𝐨𝐧 အရေအတွက်တွေနဲ့ 𝐃𝐢𝐟𝐟𝐞𝐫𝐞𝐧𝐭 𝐏𝐚𝐫𝐭𝐢𝐜𝐥𝐞 တွေရှိနိုင်ပါတယ်

ဥပမာ — 𝐋𝐚𝐰𝐬 𝐨𝐟 𝐏𝐡𝐲𝐬𝐢𝐜𝐬 တွေကနည်းနည်းပါးပါးကွာခြားမှုရှိတဲ့ 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐞, 𝐆𝐫𝐚𝐯𝐢𝐭𝐲 က အားနည်းနေတာတို့ သန်နေတာတို့ရှိတတ်တဲ့ 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐞 တွေပါ။
𝐃𝐢𝐦𝐞𝐧𝐬𝐢𝐨𝐧 တွေမတူညီတဲ့ 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐞 တွေဥပမာ 10𝐭𝐡 𝐝𝐢𝐦𝐞𝐧𝐬𝐢𝐨𝐧𝐚𝐥 𝐮𝐧𝐢𝐯𝐞𝐫𝐬𝐞 𝐨𝐫 29𝐭𝐡 𝐝𝐢𝐦𝐞𝐧𝐬𝐢𝐨𝐧𝐚𝐥 𝐮𝐧𝐢𝐯𝐞𝐫𝐬𝐞 လိုမျိုးတွေပေါ့။ 𝐃𝐢𝐟𝐟𝐞𝐫𝐞𝐧𝐭 𝐏𝐚𝐫𝐭𝐢𝐜𝐥𝐞 ကကြတော့ 𝐐𝐮𝐚𝐫𝐤 ဆိုတဲ့အရာကြီးကမတည်ရှ်ိတဲ့ 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐞 သို့မဟုတ် 𝐀𝐭𝐨𝐦 တွေနဲ့တည်ဆောက်ထားတာမဟုတ်ပဲကျန်ပုံစံတွေနဲ့တည်ဆောက်ထားသလိုဒါတွေမျိုးပါ။

𝐈𝐦𝐩𝐨𝐬𝐬𝐢𝐛𝐥𝐞 𝐮𝐧𝐢𝐯𝐞𝐫𝐬𝐞𝐬

𝐈𝐦𝐩𝐨𝐬𝐬𝐢𝐛𝐥𝐞 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐞𝐬 တွေက 𝐋𝐚𝐰 𝐨𝐟 𝐏𝐡𝐲𝐬𝐢𝐜 ကိုလုံးဝမလိုက်နာတဲ့ 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐞 တွေပါ။ သူတို့တွေမှာ မတူညီတဲ့ 𝐌𝐚𝐭𝐡𝐞𝐦𝐚𝐭𝐢𝐜𝐚𝐥 𝐒𝐭𝐫𝐮𝐜𝐭𝐮𝐫𝐞 တွေရှိရင်ရှိ ဒါမှမဟုတ် လုံးဝမဖြစ်နိုင်တဲ့ ရုပ်ပိုင်းဆိုင်ရာတန်ဖိုးတွေရှိတာမျိုးပါ။ ဥပမာ 𝐢𝐧𝐟𝐢𝐧𝐢𝐭𝐞 𝐞𝐧𝐞𝐫𝐠𝐲 𝐨𝐫 𝐢𝐧𝐟𝐢𝐧𝐢𝐭𝐞 𝐦𝐚𝐬𝐬

𝐄𝐱𝐚𝐦𝐩𝐥𝐞 𝐨𝐟 𝐈𝐦𝐩𝐨𝐬𝐬𝐢𝐛𝐥𝐞 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐞𝐬:

- ယုတ္တိ(𝐋𝐨𝐠𝐢𝐜)လုံးဝမရှိတဲ့ 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐞  ယုတ္တိဗေဒလုံးဝမသက်ရောက်တဲ့ 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐞 မျိုး
- 𝐌𝐚𝐭𝐡𝐞𝐦𝐚𝐭𝐢𝐜𝐚𝐥 𝐋𝐚𝐰 တွေကွဲပြားနေတဲ့ 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐞 မျိုး။ ဥပမာ 1+1 = 3 ဖြစ်နေတာမျိုးပါ။
- ရုပ်ပိုင်းဆိုင်ရာတန်ဖိုးအရမဖြစ်နိုင်တဲ့အရာ။ ဥပမာ 𝐒𝐩𝐞𝐞𝐝 𝐨𝐟 𝐋𝐢𝐠𝐡𝐭 က တန်ဖိုးကသိတဲ့အတိုင်း 299 792 458 𝐦 / 𝐬 ရှိပါတယ် ဒါပေမယ့် ဒီ 𝐈𝐦𝐩𝐨𝐬𝐬𝐢𝐛𝐥𝐞 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐞 မှာက 𝐢𝐧𝐟𝐢𝐧𝐢𝐭𝐞 ဖြစ်နေတာမျိုး ဒါမှမဟုတ် 𝐌𝐚𝐬𝐬 ကြီး 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐞 ရဲ့ 𝐌𝐚𝐬𝐬 ကလုံးဝ ဆန့်ကျင်ဘက်ဆောင်နေပြီး 𝐍𝐞𝐠𝐚𝐭𝐢𝐯𝐞 𝐌𝐚𝐬𝐬 ရှိနေတာမျိုးတွေပါပါဝင်ပါတယ်။

𝐌𝐚𝐭𝐡𝐞𝐦𝐚𝐭𝐢𝐜𝐚𝐥 𝐦𝐮𝐥𝐭𝐢𝐯𝐞𝐫𝐬𝐞 𝐢𝐯𝐞𝐫𝐬𝐞 ကအရမ်းကျယ်ပြန့်ပြီး ရှုပ်ထွေးတဲ့အယူအဆတွေပါဝင်ပါတယ်။ ထိုအရာထဲမှာ 𝐩𝐨𝐬𝐬𝐢𝐛𝐥𝐞 ရော 𝐢𝐦𝐩𝐨𝐬𝐬𝐢𝐛𝐥𝐞 ရောပါဝင်ပါတယ်။ ပြောချင်တာက 𝐌𝐚𝐭𝐡𝐞𝐦𝐚𝐭𝐢𝐜𝐚𝐥 𝐌𝐮𝐥𝐭𝐢𝐯𝐞𝐫𝐬𝐞 ထဲမှာ စဉ်းစားလို့ရသမျှအရာရော စဉ်းစားလို့မရတဲ့အရာရောမှန်သမျှတည်ရှိနေတာပါ။

𝐓𝐡𝐚𝐭'𝐬 𝐭𝐡𝐞 𝐥𝐚𝐬𝐭 𝐩𝐚𝐫𝐭 𝐨𝐟 𝐓𝐞𝐠𝐦𝐚𝐫𝐤 𝐌𝐮𝐥𝐭𝐢𝐯𝐞𝐫𝐬𝐞 𝐬𝐞𝐫𝐢𝐞𝐬, 𝐡𝐨𝐩𝐞 𝐲𝐨𝐮 𝐠𝐮𝐲𝐬 𝐮𝐧𝐝𝐞𝐫𝐬𝐭𝐚𝐧𝐝 𝐢𝐭 𝐯𝐞𝐫𝐲 𝐰𝐞𝐥𝐥 𝐱𝐃. 𝐒𝐞𝐞 𝐲𝐚
#𝐌𝐞𝐫𝐥𝐢𝐧𝐇𝐞𝐫𝐦𝐞𝐬
❤10🥰2👏1🎉1🍓1
𝐘𝐢𝐧 𝐘𝐚𝐧𝐠 𝐞𝐱𝐩𝐥𝐚𝐧𝐚𝐭𝐢𝐨𝐧

တရုတ်သိုင်းကားတွေထဲမှာ အဖြူနဲ့အမည်းကြီးရောနေတဲ့သင်္ကေတကိုလူတိုင်းနီးပါးသိလောက်မှာဒါကြောင့်ဒါလေးကိုအနည်းအကျဉ်းအတိုချုပ်ပြီးရှင်းပြချင်ပါတယ်။

ရှင်းရှင်းပြောရရင် 𝐘𝐢𝐧𝐠 𝐚𝐧𝐝 𝐘𝐚𝐧𝐠 ဆိုတာက ကောင်းခြင်းနဲ့ဆိုးခြင်းကြားက ညီမျှခြင်းကိုဖော်ပြနေတဲ့သဘောပါ။ တရုတ်နိုင်ငံမှာစတင်ဖြစ်ပေါ်ခဲ့တဲ့ တာအိုဘာသာကနေဆင်းသက်လာတာပါ။

ယင် ကတော့ အမည်းရောင်ဝဲကြီးကိုပြောတာဖြစ်ပြီး ယန် ကတော့ အဖြူရောင်ဟာကြီးကိုပြောတာပါ နောက်ပြီး အမည်းရောင်ဘက်မှာဆိုရင်လဲ အဖြူရောင်အစက်ကလေးရှိသလို အဖြူရောင်ဘက်မှာလဲထိုနည်းအတူရှိပါတယ်။

ယင်နဲ့ယန်ဆိုတာက တရုတ်ရိုးရာဒဿနပညာမှာရှိတဲ့ ဆန့်ကျင်ဘက်နှစ်ခုရဲ့ စုစည်းပြီးဖြစ်ပေါ်နေမှုပါ။
အဲ့တာကိုကိုယ်စားပြုတာကတော့ 𝐏𝐚𝐫𝐚𝐝𝐨𝐱𝐢𝐜𝐚𝐥 𝐃𝐮𝐚𝐥𝐢𝐬𝐦 မှာရှိတဲ့ (အရာအားလုံး – 𝐄𝐯𝐞𝐫𝐲𝐭𝐡𝐢𝐧𝐠) ဟာ ဆန့်ကျင်ဘက် သဘာဝသဘောတရားတွေ အား တွေပေါင်းစည်မှုကနေဖြစ်တည်လာတယ်လို့ဖော်ပြနိုင်ပါတယ်။ ဆိုလိုချင်တာက 𝐘𝐢𝐧𝐠 𝐚𝐧𝐝 𝐘𝐚𝐧𝐠 ကြောင့်အရာအားလုံးဆိုတာကြီးကဖြစ်တည်လာတာပါ။

ယင်နဲ့ယန်သဘောတရားက ကျွန်တော်တို့ကမ္ဘာကြီးမှာရှိတဲ့ "မ" သဘောတရားနဲ့ "ဖို" သဘောတရားကိုဖော်ပြတဲ့နေရာမှာသုံးတဲ့အသုံးနှုန်းတစ်ခုပါ။ အရာအားလုံးမှာ ယင်နဲ့ယန် အချိုးဆိုတာကြီးရှိပါတယ် သူတို့ဆန့်ကျင်ဘက်တွေလဲဖြစ်ပေမယ့် ဖယ်ရှား၍လဲမရပါဘူး။ ဘာကြောင့်လဲ... ဒီလိုစဉ်းစားကြည့်ပါ သင့်ခန္ဓာမှာ ခန္ဓာအ‌ရှေ့နဲ့ အနောက်ဆိုပြီးဆန့်ကျင်ဘက်ကြီးရှိပါတယ် ဒါပေမယ့် ဒီနှစ်ခုကပေါင်းစည်းပြီးဖြစ်ပေါ်နေတာပါ။

𝐘𝐢𝐧 က "လ" ဖြစ်ရင် 𝐘𝐚𝐧𝐠 က "နေ" ပါ။ ယင်က ရုပ်ပိုင်းဆိုင်ရာခံစားမှုမှာဖြစ်တဲ့ မှောင်နေတဲ့နေရာတွေ၊ တိတ်ဆိတ်နေတဲ့နေရာတွေ လိုမျိုးပါ ယန်ကကြတော့ ဆန့်ကျင်ဘက်ပေါ့။

𝐋𝐢𝐟𝐞 𝐨𝐟 𝐂𝐲𝐜𝐥𝐜𝐚𝐥 𝐩𝐚𝐭𝐭𝐞𝐫𝐧: ယင်နဲ့ယန်ကြီးကကျွန်တော်တို့ဘဝမှာအရမ်းအရေးပါပါတယ် 𝐁𝐚𝐥𝐚𝐧𝐜𝐞 ဖြစ်အောင်ထားပေးပြီး အသက်ရှင်နေထိုင်ရခြင်းက ဒါကြောင့်ပါ ဥပမာ ဆောင်းရာသီမှာ နွေးထွေးအောင်နေမှာလေဟုတ်တယ်မလား နွေရာသီမှာလဲအေးအောင်နေရတာပဲ။ ယင်ထဲမှာလဲ ယန်ရှိတယ်ဆိုတဲ့သဘောရားကိုရှင်းပြရရင် အန္တာရာယ်ရှိသ၍ကတော့ အကျိုးကျေးဇူးရှိနေမှာပဲ အကျိုးကျေးဇူးနဲ့အတူအန္တာရာယ်ကလဲအတူလိုက်ပါနေဦးမှာပဲ။

အများကြီးတော့မရှင်းတော့ဘူး နောက်ဆုံးတစ်ခုအနေနဲ့ ရှင်းပြခဲ့တာတွေကိုပဲ 𝐒𝐮𝐦𝐦𝐚𝐫𝐲 လုပ်ပြပါမယ်

𝐘𝐢𝐧-𝐘𝐚𝐧𝐠 𝐜𝐨𝐧𝐜𝐞𝐩𝐭 က 𝐃𝐮𝐚𝐥𝐢𝐬𝐦, 𝐖𝐡𝐨𝐥𝐞𝐧𝐞𝐬𝐬, 𝐎𝐧𝐞𝐧𝐞𝐬𝐬 သဘောပါ ယင်ယန်မှာက အကြွင်းမဲ့ ဆန့်ကျင်ဘက်ကြီးဆိုတာမရှ်ိပါဘူး 𝐘𝐚𝐧𝐠 မရှိရင် 𝐘𝐢𝐧 မရှိနိုင်သလို 𝐘𝐢𝐧 မရှိရင်လဲ 𝐘𝐚𝐧𝐠 မရှိပါ။

𝐄𝐱𝐚𝐦𝐩𝐥𝐞: နေ့ဆိုတာကြီးမရှိရင် ညဆိုတာကြီးလဲမရှိလာနိုင်ပါဘူး။ အေးတာတစ်ခုခုကို နွေးထွေးမှုမရှိပဲနဲ့ မခံစားနိုင်ပါဘူး လက်ကအေးနေပေမဲ့ကိုယ်ကမသိတော့သူများပူနေတဲ့လက်သွားကိုင်မှာအေးတာသိတာမျိုး။
လူတွေကလှပတဲ့အရာတစ်ခုကိုမြင်တွေ့လာရရင် အဆင်းမဲ့တဲ့အရာတစ်ခု ရုပ်ဆိုးတဲ့အရာကဖြစ်တည်လာပါတယ်။
လူတွေကအရာတစ်ခုခုကိုကောင်းတဲ့အနေနဲ့တွေ့ရင် မကောင်းတာလဲဖြစ်ပေါ်လာပါတယ်။
#𝐌𝐞𝐫𝐥𝐢𝐧𝐇𝐞𝐫𝐦𝐞𝐬
❤9🥰4👏2🎉1
Yohoo!mina san🙋🏽‍♀🙋🏽‍♀

🔹ဒီနေ့မှာတော့ ကျွန်တော်တို့ thinkverseက youtube channelမှာ ပထမဆုံးသော vidလေးတင်လိုက်ပါပြီဗျ။🥳🥳

Thinkverse youtube ch link 👇🏽👇🏽

https://www.youtube.com/@IrrelevantThinkverse

🔹Vidထဲကအကြောင်းရာလေးကတော့ FATE VERSEထဲက void shikiရဲ့အကြောင်းပဲဖြစ်ပါတယ်။(vid shikiအကြောင်းဘာတွေပြောပြထားလဲတော့ မပြောပြတော့ဘူးဗျာ သိချင်ရင် ဝင်သာကြည့် ကြိုက်ဝါးစေရမယ်)


🔹ဒီchannelလေးကိုသဘောကျတယ်ဆိုရင် like & shareလေးနဲ့ subscribeလေးလုပ်ရင်း supportပေးနိုင်ပါတယ်ဗျ။🙆🏽‍♀🙆🏽‍♀✅✅

🔹Fictional theoryတွေသိချင်တာလား။
🔹characterတွေရဲ့ abilityတွေအကြောင်းကိုအသေးစိတ်သိချင်တာလား။
🔹ဒါမှမဟုတ် တခြားknowledgeတွေအကြောင်းသိချင်တာလား။
🔹"We offer knowledge"ဆိုတဲ့ဆောင်ပုဒ်ကိုကိုင်ဆောင်ထားတဲ့ ဒီchannelလေးရဲ့discussion gpထဲမှာ mina sanတို့သိချင်တာအားလုံးမေးလို့ရပါတယ်ဗျ။
vidလေးကိုကြည့်ပြီးကြိုက်နှစ်သက်တယ်ဆိုရင် နောက်ထပ်ဘယ်လို characterတွေရဲ့အကြောင်းတွေကိုတင်ပေးစေချင်လဲဆိုတာပါ mentခဲ့ပါဦးနော်ဗျ။🦦🦦

Ja...bye bye
🦥🦥

#thinkverse
#Sake
❤6🔥2👏1
10 Days 10 Writers

Day 1 / 10.
" Fyodor Dostoevsky "

Fyodor Dostoevsky နှင့်
သူ၏စာအုပ်များ


ဒီတစ်ခေါက်ကတော့ စာအုပ်review မဟုတ်ပဲစာရေးဆရာနဲ့သူစာအုပ်တွေအကြောင်း ပေါ့ဗျာ။ (အကုန်လုံးတော့မဟုတ်ပါဘူး)

Fyodor Dostoevsky ဆိုတာ 1821 - 1881 ခုနှစ်အတွင်းမှာ ရှိခဲ့တဲ့ ရုရှား စာရေးဆရာတစ်ဦးပါ။ စာရေးဆရာတစ်ဦးလို့ သပ်သပ် သတ်မှတ်ထားရင် ကျွန်တော်ဟာပိန်းလွန်းရာကျပါလိမ့်မယ် (glazingလုပ်နေခြင်းမဟုတ်ပါ)  ။

Dostoevsky ကို Local Book readerဖြစ်ဖြစ်၊ Inter Book readerဖြစ်ဖြစ် book readerမှန်ရင် Tolstoy,Dostoevsky တို့လိုစာရေးဆရာတွေကို မသိရင်တောင်ကြားဖူးကြသူတွေချည်းပါ။ ဘယ်မှာမွေးတယ်ဘယ်မှာဆုံးတယ် မပြောတော့ဘူး။ သူ့စာပေလက်ရာတွေအကြောင်းတန်းသွားမယ်။

Dostoevsky ရဲ့လက်ရာများ ။

သူ့စာအုပ်တွေထဲမှာ လူသိအများဆုံးနှစ်အုပ်ကတော့ Crime&Punishment  (မြန်မာဘာသာပြန်အနေနဲ့ ပြစ်မှုနဲ့ပြစ်ဒဏ်) ၊ The Brothers Karamazov (မြန်မာဘာသာပြန်အနေနဲ့ ကာရာမာဇော့ညီအကိုအများ) တို့ပါပဲ ။ နှစ်အုပ်လုံးကသူ့တန်ဖိုးနဲ့သူ ရှိတယ်။

သူ့စာအုပ်တွေအားလုံးဟာ အဲ့ခေတ်အခါတုန်းက ရုရှားနိုင်ငံက စာရေးဆရာတွေရဲ့ အတွေးအခေါ်၊အခြေအနေရပ်ရပ်ကို ကူးညွန့်ဖော်ကျူးပြနေတာကိုတွေ့ရတယ်။ အထူးသဖြင့်ကတော့ Notes From Underground (NFU) ပဲ။

စာအုပ်က Insecureဖြစ်ပြီး Passive Depressed ဖြစ်နေတဲ့ လူတစ်ဦးအကြောင်းကိုရေးထားတာ ။ Characterများများစားစားမပါပဲ (Stream of consciousness)
" သိစိတ်အလျှင်အတိုင်းထင်ဟပ်ရေးသားခြင်း " နည်းစနစ်နဲ့ရေးသားထားတယ် ။ ဒါ့ကြောင့် Modernist Technique တစ်ခုအဖြစ် Modernism အပါအဝင်နှောင်းပိုင်း စာရေးဆရာခေတ်တွေကို ဒီစာအုပ်က လွှမ်းမိုးမှုရှိနေတယ် ။ ( SOCက မြင်သာအောင်ပြောရရင် Catcher In The Ryeတို့လိုစာအုပ်ထဲက စာရေးဟန်တွေ ပေါ့ လေ )

ဒါတင်မကသေးဘူး ဒီစာအုပ်ကပဲ Existentialist အပေါ်ကို Psychology တစ်ရပ်အနေနဲ့ လွှမ်းမိုးထားနိုင်တယ်။ အထူးသဖြင့် Jean-Paul Sartreနဲ့Camus တို့လို Existentialist Philosopher တွေအပြင် Character Drivenကိုအဓိကထားတဲ့ Literary ပြဇာတ်တွေမှာလဲ သက်ရောက်မှုရှိတယ်။

( ထပ်ဆောင်းအနေနဲ့
Modernismစာရေးဆရာ တစ်ဦးဖြစ်တဲ့ James Joyce အပေါ်ကိုလဲ Dostoevsky ကအဓိကလွှမ်းမိုးထားတာ )

လူကြိုက်များတဲ့စာအုပ်နှစ်အုပ်။

Dostoevsky စာအုပ်တွေကနောက်ထပ်ရှိသေးတယ် The Demonsတို့ The Idiotsတို့ အများကြီးပဲ။ အဓိကလူသိများတဲ့နှစ်ခုထဲမှာတော့ ကျွန်တော်ဖတ်တဲ့အထဲ Crime & Punishment ကအနစ်ဝင်ဆုံးပဲ ။ Dostoevsky ရဲ့ရေးသားဟန်အတိုင်း အစပိုင်း စာမျက်နှာ၂၀ ၊ ၄၀ လောက်ထိုင်Yapနေတာ စိတ်တော့ရှည်ရမယ်။ ဇာတ်လမ်းက လူသတ်သမားတစ်ယောက်ရဲ့ စိတ်ထဲမှာဘာတွေဖြစ်နေလဲ ဆိုတာကိုအဓိကဖော်ကျုးတယ်။ အဓိကဇာတ်ကောင် ရက်စကိုနိကောဗ့် ဟာ Depressedဖြစ်နေသလို တစ်ချိန်တည်းမှာပဲ God Complexဖြစ်တဲ့ behavior ကိုတွေ့ရမယ်။ တစ်သီးပုဂ္ဂလ အမြင်နဲ့လောကကြီးရဲ့စံနှုန်းတွေကို ဆက်တိုက် မေးခွန်းထုတ် ပွတ်တိုက်နေတာတွေ့ရမှာဖြစ်တယ်။

The Brothers Karamazov
ညီကိုသုံး​ယောက်ရှိတယ် ။ အငယ်ဆုံးသားလေး Alyosha(အလီရိုရှာ) ကအဓိက ဇာတ်ကောင်ပဲ ။ Alyosha မှာ လူတွေရဲ့စိတ်သဘောသဘာဝကို နားလည်နိုင်တဲ့ ထူးဆန်းတဲ့ အတွင်းအသိစိတ်တစ်မျိုး ရှိနေတယ်။ သူက စိတ်ထားကောင်းပြီး လောကကြီးကိုချစ်မြတ်နိုးသူအဖြစ် ဖော်ကျူးထားခဲ့ပြီး ကာရာမာဇော့ မိသားစုရဲ့စရိုက်သကန် ကိုတွန်းလှန်နေရတာမျိုးပါ ။ ဒီစာအုပ်မှာ Love Complexတွေ ၊ နိုင်ငံရေးဆွေးနွေးပွဲတွေ နဲ့ အဓိက ကတော့ ဘာသာရေးနဲ့လူမှုရေးကို စာရေးနည်းတစ်မျိုးနဲ့ဖော်ကျုးထားတာ ။ ဒီစာအုပ်ရဲ့အရေးသားက Alyoshaအပါအဝင် ဇာတ်ပို့တိုင်းရဲ့ အတွင်းစိတ် က အစိတ်အပိုင်းလေးတွေကိုလိုက်ကောက်ပြီး နားလည်အောင်ကြိုးစားရအောင်ကို ရေးသားထားတာ ။ အစပိုင်းတော့ Dostoevsky ရဲ့ထုံးစံအတိုင်း Plotကိုချက်ခြင်းမလာပဲ Yapထားပေမဲ့ Crime & Punishment လောက်မများဘူး။ (ကျွန်တော်စိတ်ဝင်စားဆုံး Character ကတော့ Ivan ပဲ သူကိုယ်တိုင်ကလဲ အရှုပ်ထွေးဆုံး ဇာတ်ကောင်တစ်ဦးဖြစ်နိုင်တယ်) ဒီစာအုပ်မှာ Dostoevsky ရဲ့ ခရစ်ယာန်ဘာသာအပေါ် ယုံကြည်သက်ဝင်မှု ကိုအကောင်းဆုံးလက်ရာအဖြစ် မြင်နိုင်ပါတယ်။ ဒီ့ထက်ပိုပြီးရှင်းပြရင် စပွိုင်လာပါမှာဆိုးလို့ ဆက်မရေးတော့ပါဘူး။

ဒါပေမဲ့ကြိုက်မှဖတ်ပါ၊မကြိုက်ရင်မဖတ်ပါနဲ့။ ဘာသာပြန်စာအုပ်တွေကတော့ ပေါသောနေတာပဲ ။ ( PDF fileတော့ဘာသာပြန်မရှိဘူးခင်ဗျ English translation ပဲရှိတာကြောင့်ပါ)

ဒါကတော့ဒီလောက်ပဲ။
စာများများဖတ်ပါ၊ ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ပါ ဒီလောက်ပါပဲ။

Reachကျနေတာကြောင့် Reactလေးတွေလဲပေးခဲ့ကြပါဦး။
commentမှာလဲလွတ်လပ်စွာဆွေးနွေးနိုင်ပါတယ်ခင်ဗျ။

#Kira
❤20💘2🔥1🍓1
If this is some kind of monkey experiment,yes we are monkeys
Don't ban us telegram


#Kira
❤7😱1🍓1
Hackတယ်ဆိုပြီး ဖင်ယားကြတဲ့ kmklလေးများအား မေတ္တာပို့သလျက်
🍓3😭3
10 Days 10 Writers
Link Collections

[ Click the text to read ]

Day 1/10
Fyodor Dostoevsky


Day 2 / 10
Franz Kafka


#Kira
❤15