𝙏𝙝𝙞𝙣𝙠𝙫𝙚𝙧𝙨𝙚
1.36K subscribers
262 photos
9 videos
13 files
126 links
သတင်း ၊ ဒဿန ၊ စာပေ ၊ သိပ္ပံနှင့် ဖျော်ဖြေရေး အရေးအသားများ

Our Web(closed)
thinkverse.lovable.app

Lunatic's Collection
https://t.me/IknowledgeField/476

Merlin's Collection
https://t.me/IknowledgeField/154

Contact for business -
@MertvetsKira
Download Telegram
ဒီည Epistemology အကြောင်းတင်ပေးပါ့မယ်။ Postကနည်းနည်းငြင်းစရာဖြစ်နေလောက်တယ် ပျင်းနေရင်ဝင်ငြင်းပါဗျာ။

#Kira
1❤8🎉1💯1
Philosophy : Epistemology
•Rationalism
•Empiricism


" The philosophical study of knowledge is called epistemology. " 

Philosophy(ဒဿနဗေဒ) ရဲ့ နယ်ပယ်ခွဲတွေကိုလဲ ပြောပြခဲ့ပြီး ပြီ။ ဒီနေ့ပြောချင်တာက အဲ့ထဲက သိမှုဗေဒပါ။ Metaphysic (တက္ကိကဗေဒ)ကတော့ Admin MerlinHermese တင်ထားတယ်။ သွားဖတ်နိုင်ပါတယ်။

သိမှုဗေဒ (Epistemology)  ဆိုတာဘာလဲ။

Epistemology က Greek စကားလုံး “episteme” (knowledge-အသိပညာ)နဲ့ “logos” (ယုတ္တိ ဗေဒ)  ကနေ ဆင်းသက်လာတယ်။ ဒီနယ်ပယ်က အသိပညာ (Knowledge,Wisdom)  တို့ရဲ့ Nature နဲ့ Sauce တွေကို ယုတ္တိကျကျ လေ့လာတဲ့ပညာရပ်ပဲ ဖြစ်ပါတယ်။ မိမိရဲ့သိရှိနေခြင်းဆိုတာကို ဘာကြောင့်သိရသလဲ၊ဘယ်လိုသိနိုင်သလဲ စသဖြင့် လေ့လာတဲ့ ဘာသာရပ်ပါ။

ဒီဘာသာရပ်မှာ အဓိက ကျောင်းကြီးနှစ်ကျောင်းကို ကွဲထွက်လာခဲ့ပါတယ်။ ထိုနှစ်ကျောင်း ရဲ့ ငြင်းခုံမှုတွေ၊ဆွေးနွေးချက်တွေကလဲ အေသင်ခေတ်တည်းက ယနေ့ခေတ်ထိ အငြင်းပွားနိုင်ဖွယ်ရာရှိတုန်းပါပဲ။
ထိုကျောင်းနှစ်ကျောင်းက မတူညီတဲ့ဝါဒတွေကို လက်ကိုင်စွဲထားကြပြီး ထိုနှစ်ခုကတော့
•Rationalism & Empiricism  တို့ပါပဲ။

ဆင်ခြင်သိပဓာနဝါဒ နှင့် ၎င်းတို့၏ ခြေကန်ငြင်းဆိုချက်များ ။
•Rationalism & Their Absolute Arguments.

Rationalismရဲ့ ယုံကြည်ချက်အရ မိမိတို့လူသားတွေမှာ မွေးရာပါအသိပညာ Innate Knowledge ဆိုတာပိုင်ဆိုင်ထားပြီး လူသားအဖြစ် ဖြစ်မြောက်လာခြင်းရဲ့ Experience ကနေ တစ်ဆင့် အသိပညာကိုရလာတာမျိုး မဟုတ်ဘူး။ ကျင့်ဝတ်ဆိုင်ရာ နားလည်မှု တွေနဲ့  အမှန်၊အမှား ကိုခွဲ ခြားနိုင်တာတွေက ကိုယ်ကျင့်တရားတန်ဖိုး တွေနဲ့ပတ်သပ်တဲ့ အသိ  ဖြစ်ပါတယ်။ အဲ့တာတွေအကုန်လုံးက Innate Ideas  အဖြစ် မွေးကတည်းက ပါဝင်လာပြီး ဆင်ခြင်တုံတရား(Reasoning)  နဲ့ပဲ ဖြည်းဖြည်းခြင်း ပြန်လည် နားလည်လာနိုင်တယ် လို့ဆိုပါတယ်။

Rationalism ရဲ့ဖခင် Platoဟာ Idealism တစ်ယောက်ဖြစ်တဲ့အတူ Innate Ideas ဆိုတဲ့အဆိုပြုချက်ကို လက်ကိုင်စွဲ ခဲ့တယ်။ သူက စစ်မှန်တဲ့အသိပညာဆိုတာမျိုးက အတွေ့အကြုံ၊အာရုံခံစားမှုတွေကနေ မရနိုင်ပဲ ဆင်ခြင်မှုလုပ်ခြင်း(Reasoning)ဖြင့် သာရနိုင်တယ်လို့ဆိုပါတယ်။ အာရုံ၊အတွေ့အကြုံတွေက လှည့်ဖျားမှုသဘောကိုသာ ဆောင်တယ် ဆိုတာကို သူ့ရဲ့ “Allegory of the Cave” (လှိုင်ခေါင်း ဥပမာ) နဲ့ ရှင်းလင်းတင်ပြခဲ့ပါတယ်။


အာရုံသိအဓိက ဝါဒနှင့် ၎င်းတို့၏
ခြေကန် ငြင်းဆိုချက်များ။
•Empiricism & Their Absolute Arguments.

Empiricism ကတော့ Rationalism နဲ့ ဆန့်ကျင်ဖက်ပဲ Innate Ideaတွေအပေါ်မယုံဘူး။ လက်ရှိဖြစ်တည်နေတဲ့ ယုတ္တိကမ္ဘာပေါ်က အာရုံခံစားမှု(sense) နဲ့အတွေ့အကြုံ( Experience)တွေကနေသာ အသိပညာကိုရရှိမယ် လို့ငြင်းဆိုတယ်။

Aristotleက Empiricism တစ်ဦးဖြစ်ပြီး သူ့ငြင်းဆိုချက်ကတော့ ရှင်းပါတယ်။ လူတွေဟာ မွေးဖွားခါစ ကလေးဘဝမှာ အဖြူစာရွက်လေးတစ်ခုလိုပဲ ။ အရောင်အသွေးမရှိဘူး ခြောက်သွေ့နေပြီး အရည်အချင်းမရှိဘူး။ မတ်တပ်တောင်ကောင်းကောင်း ရပ်နိုင်တာမျိုးမဟုတ်ဘူး။ မွေးကင်စကလေးဟာ ဘယ်အရာကအမှန်၊ ဘယ်အရာကအမှား ဆိုတာကိုလဲမသိနိုင်ဘူး။

သူအသက်ရှင်နေထိုင်မှု များပြားလာတာနဲ့အမျှ ပတ်ဝန်းကျင်က လူသားတွေက သူတို့ကိုယ်တိုင်တောင် သတိမမူမိစဥ်မှာပဲ ထိုအဖြူရောင်စာရွက်ကို အရောင်ဆိုးတယ်။ ထိုကလေးကိုယ်တိုင်ကလဲ ပတ်ဝန်းကျင်နဲ့ Adapt ဖြစ်လာပြီး အတွေ့အကြုံတွေနဲ့ အာရုံခံစားမှုတွေကနေ အသိပညာတွေတိုးတက်လာတယ်။ လုပ်နိုင်စွမ်းတွေရှိလာတယ်။ ဘယ်အရာကကောင်းတယ်၊ ဘယ်အရာကမကောင်းဘူး ဆိုတာကို နေထိုင်ရှင်သန်ရာ ပတ်ဝန်းကျင်အပေါ်လိုက်ပြီး အာရုံခံစားရင်း သိမြင်လာခြင်းဖြစ်တယ်။
ပတ်ဝန်းကျင် တစ်ခုမှာ ကြီးပြင်းလာတဲ့ကလေး တစ်ဦးဟာ အဲ့ပတ်ဝန်းကျင်ရဲ့ အတွေးအခေါ် ရိုက်ခတ်မှု တွေကိုမဖြစ်မနေ ခံစားရမှာပဲ။ လူသားတွေကအချင်းချင်း လူသားတွေကိုပြန်လည်ပုံဖော်တယ်။
"Humans Painting Humans."

ဒါကတော့ Rationalism တွေနဲ့ ကွဲပြားထွက်လျက် တည်ရှိနေတဲ့ Empiricism ရဲ့ အယူဝါဒပါ။ Thomas Hobbes,John Locke,George Berkeley နဲ့ David Hume တို့ကလဲ Empiricist Philosopherတွေပဲ ဖြစ်ကြပါတယ်။

ဒီနေ့တော့ဒီလောက်ပါပဲ ။
စာဖတ်သူတို့ရော Rationalism နဲ့ Empiricism ဘယ်အရာကို ပိုသဘောကျသလဲ
  ။ Feel Free To Discuss ပါ။

More Contents?
React for more, guys🤺🤺

#Kira
❤11🔥4🎉1
What is Epistemology?
သိမှူဗေဒဆိုတာ ဘာလဲ။

https://t.me/IknowledgeField/243

#Kira
❤11🔥3🎉1
မနက်ဖြန် ဘာတင်ရမလဲတော့မသိဘူး။ ဒီရက်ပိုင်း Quoteအတိုလေးတွေ နဲ့ Reviewလေးလောက် ခဏတင်ပေးဖို့ရှိတယ်။ ဆောင်းပါးတစ်ခုတော့မနက်ဖြန်စရေးမယ် ။ Adminတွေမအားတာက Youtube ဖက်ကိုနယ်ချဲ့ဖို့ လုပ်နေကြလို့ပါ။ အချိန်အားဖြင့် တော့ VAဘာညာနဲ့ တစ်လဝန်းကျင်လောက် ကြာမယ်စိတ်ကူးတယ် ။ ဖတ်နေပေးကြတဲ့လူတွေကျေးဇူးပါ။ Adm Kiraက Philosophy တင်ရင် Metaphysic ပိုင်းတော့မသွားချင်သေးဘူး။ Epistemology, Ethicality, Valid Logic နဲ့ Existentialism တစ်ဝိုက် နားမှာနည်းနည်းလောက် လည်ချင်သေးတယ် ။ ချစ်တယ် subတွေကို တာ့တာ။

#Kira
❤18🎉1
We do not rush toward death, we flee the catastrophe of birth, survivors struggling to forget it. Fear of death is merely the projection into the future of a fear which dates back to our first moment of life.

We are reluctant, of course, to treat birth as a scourge: has it not been inculcated as the sovereign good - have we not been told that the worst came at the end, not at the outset of our lives? Yet evil, the real evil, is behind, not ahead of us.

-E.M. Cioran, The Trouble With Being Borned


" ကျွန်တော်တို့က သေခြင်း တရားဆီကို ပြေးဝင်နေကြတာမဟုတ်ပါဘူး။ ကျွန်တော်တို့က မွေးဖွားခြင်း ဆိုတဲ့ဘေးဒုက္ခကနေ ထွက်ပြေးနေကြတာဖြစ်ပြီး ထိုမွေးဖွားခြင်းရဲ့ဘေးဒုက္ခတွေကို မေ့လျော့ဖို့ ကြိုးစားနေကြတဲ့ ရှင်ကျန် သူတွေပါပဲ။ သေခြင်းတရားကို ကြောက်ရွံခြင်းဆိုတာက ကျွန်တော်တို့ စတင်မွေးဖွားကတည်းက ရှိနေခဲ့တဲ့ ကြောက်ရွံ့မှုကို ပုံဖော်ခြင်းပါပဲ။

ကျွန်တော်တို့ဟာ မွေးဖွားမှုကို ဘေးဒုက္ခအဖြစ် လက်ခံနိုင်ဖို့ရာ ခက်ခဲနေကြတယ်။ အဲ့အစား မွေးဖွားခြင်းကို အကောင်းမွန်ဆုံးသောအရာအဖြစ် ခေါင်းထဲမှာ ရိုက်သွင်း ခံခဲ့ရတယ်မဟုတ်လား ။ အဆိုးဆုံးဆိုတာ အစကတည်းက ရှိနေတာမဟုတ်ပဲ နောက်ဆုံးအချိန်(သေခြင်း) ကျရောက်လာမှ ရောက်လာမယ် ဆိုတဲ့ တွေးခေါ်မှုတွေ ထင်ဟပ်နေကြတယ်မဟုတ်လား ။

  အဲ့လိုဆိုပေမဲ့ ဆိုးယုတ်မှု ၊ အမှန်ကန်ဆုံးသော ဆိုးယုတ်မှု ဆိုတာမျိုးက ကျွန်တော်တို့ ရှေ့မှာ ရှိနေတာမဟုတ်ပါဘူး။ အနောက်မှာ ရှိနေခဲ့တာပါ။ (မွေးဖွားခြင်းကိုဆိုလိုခြင်းဖြစ်သည်) "

-E.M.Cioran,  The Trouble With Being Born (ကိုယ်ပိုင် စီလျော်အောင် ဘာသာပြန်ဆိုချက်)

#Kira
❤13🔥2🥰1🎉1💯1
https://t.me/IknowledgeField/249

The Trouble With Being Borned
Pdf file (English translation only) လိုချင်ပါက

@MertvetsKira

#Kira
❤12🎉2
အထက်ပါ The Trouble With Being Bornစာအုပ်ကို မြန်မာဘာသာပြန်မရှိသေးပါဘူး။ Adm Kiraဘာသာပြန်ပေးမယ်ဆိုရင်ရောဘယ်လိုလဲ အချိန်တော့စောင့်ရပါလိမ့်မယ် ။

အလကားဖတ်ရမှာပါ။ ဖတ်ကြမလားမဖတ်ကြမလားသိချင်ရုံပါ ။

#Kira
❤16💯3👏1🐳1
ကျွန်တော့်Channelတော့မဟုတ်ပေမဲ့ အပျင်းပြေ သီချင်းနားထောင်လို့ရအောင်ပါ ။

https://t.me/underratedfrankart

#Kira
❤7🔥2
ကျွန်တော်တို့ Channelက promotion vdတစ်ခုကို အခြားchannelမှာပြန်ကူးတင်တာခံရတယ် ။ ဒါမျိုးတွေကအောင်မြင်လာလေ ကြုံရမဲ့အရာတွေဆိုတာသိတယ်။ ဒါ့ကြောင့်Fanအနေနဲ့ပြန်ယူတင်တာလက်ခံတယ်။ Creditပေးဖို့အသာတစ်ကြည်ပြောတဲ့အခါ ပွဲရှာခံလိုက်ရပါတယ်ခင်ဗျာ။ Factကျကျပြောတော့လဲစာပိတ်ခံရပါတယ်။ ကွန်ကြောင်တွေနဲ့တူပါရဲ့။ ဒီဘိတ်မလားတွေပါမေးနေတာ ။

memberတွေကိုအသိပေးရတဲ့အကြောင်းအရင်းက ကျွန်တော်တို့Channelကဒီတစ်ခုပဲရှိပါတယ်။ မကြာခင်ytမှာ နာမည်အသစ်နဲ့ အခြေချမှာပါ ။ ဒါမျိုးeditတွေကို kirax999 - Jack Frost accကပဲ officalတင်ပါတယ်ခင်ဗျာ။ အောက်မှာတော့သက်သေတွေပါ ။

#AdminTeam
❤14
ကျွန်တော်တို့က ttမှာofficalလုပ်ထားကြောင်းtt accပြတော့ likeကြွားတယ်ထင်ပြီး အဲ့လောက်ပဲရတာလားပြန်မေးနေသေးတာဗျာ

#Kira
❤9😁3🥰2🎉2
𝙏𝙝𝙞𝙣𝙠𝙫𝙚𝙧𝙨𝙚 pinned «ကျွန်တော်တို့ Channelက promotion vdတစ်ခုကို အခြားchannelမှာပြန်ကူးတင်တာခံရတယ် ။ ဒါမျိုးတွေကအောင်မြင်လာလေ ကြုံရမဲ့အရာတွေဆိုတာသိတယ်။ ဒါ့ကြောင့်Fanအနေနဲ့ပြန်ယူတင်တာလက်ခံတယ်။ Creditပေးဖို့အသာတစ်ကြည်ပြောတဲ့အခါ ပွဲရှာခံလိုက်ရပါတယ်ခင်ဗျာ။ Factကျကျပြောတော့လဲစာပိတ်ခံရပါတယ်။…»
Media is too big
VIEW IN TELEGRAM
နောက်ဘဝ လူပြန်ဝင်စားရင်ငါ့ကိုမတွေ့စေနဲ့တို့ ဘာတို့🤣
အခြေနေမကောင်းရင်တန်းရှော့တဲ့ကောင်တွေလည်းရှိတယ်
#allheavens
🤣18
Channel name was changed to «𝙏𝙝𝙞𝙣𝙠𝙫𝙚𝙧𝙨𝙚»
𝙏𝙝𝙞𝙣𝙠𝙫𝙚𝙧𝙨𝙚 - ɪʀʀᴇʟᴇᴠᴀɴᴛ ᴋɴᴏᴡʟᴇᴅɢᴇꜱ

Hi guys ကျွန်တော်တို့ Irrelevant Knowledgesကနေ identity အသစ်ဖြစ်တဲ့ Thinkverseနဲ့တစ်ဖန်ပြန်လာပြီပဲ ဖြစ်ပါတယ်။ AdminတွေContent typeတွေကတော့အကုန်တူတူပါ။ နောက်တစ်ခုက Wiritng Contentတွေ contentအသေးစားလေးတွေ ဆောင်းပါးလေးတွေကိုတော့ Telegramမှာရေးသားတင်ဆက်သွားမှာဖြစ်ပြီး Heavyဖြစ်တဲ့Contentတွေကိုတော့ Youtubeမှာတင်ဆက်ပေးသွားမှာပါ။ ကြည့်ချင်ရင်တော့ subscribe လုပ်ပေးသွားပြီး Bellလေးမြည်အောင်ဖွင့်ထားလိုက်ပါ။

Youtube Channel Link

https://www.youtube.com/@IrrelevantThinkverse

စိတ်ကျေနပ်စရာContentတွေ။
Educationတွေနဲ့ တစ်ဖန်ပြန်လာခဲ့ပါဦးမယ်။

#AdminTeam
❤18💘3🎉2