𝙏𝙝𝙞𝙣𝙠𝙫𝙚𝙧𝙨𝙚
1.36K subscribers
262 photos
9 videos
13 files
126 links
သတင်း ၊ ဒဿန ၊ စာပေ ၊ သိပ္ပံနှင့် ဖျော်ဖြေရေး အရေးအသားများ

Our Web(closed)
thinkverse.lovable.app

Lunatic's Collection
https://t.me/IknowledgeField/476

Merlin's Collection
https://t.me/IknowledgeField/154

Contact for business -
@MertvetsKira
Download Telegram
𝙏𝙝𝙞𝙣𝙠𝙫𝙚𝙧𝙨𝙚 pinned «Admin information (Re created) Content Writing Team #Kira - Philosophy,Psychology,Poetry & Book Reviews,Literary Criticism. https://t.me/IknowledgeField/161 #MerlinHermes - Science, Fiction, Philosophy analysis and Psychology. Most likely facts. ht…»
You should try this book if you love Van Gogh and his paintings

My favorite paintings of him other than starry night (check in comments)

#Kira
❤8🥰1🎉1
Reachကတော့နည်းနည်းကျနေတယ် But မနက်ဖြန် Nietzsche ရဲ့ Eternal Recurrence ဒဿနကို တင်ပေးမယ်။

Nietzsche တို့ Camusတို့အကြောင်းချည်း ပြောရတာများတော့ ပျင်းလာမှာစိုးလို့ ကိုယ်လေ့လာချင်တဲ့ Philosophy တစ်ခုခုရှိရင်မန့်သွားလို့ရတယ် တင်ပေးပါ့မယ်။

#Kira
❤12💯6🎉1
The Eternal Recurrence
By Friedrich Nietzsche

Hi, Kira ပါဗျ။
ဒီနေ့ပြော​ပြပေးသွားချင်တာကတော့ German ဒဿနပညာရှင် Friedrich Nietzsche ရဲ့ Philosophy Concept  တစ်ခုကို ပြောပြပေးသွားချင်ပါတယ်။ Nietzsche လို့ပြောလိုက်ချိန်မှာ လူတော်တော်များများအထင်မှားတတ်ကြတာကတော့ Nihilism Philosopher ဆိုပြီးတော့ပါပဲ။ (tiktok editတွေရဲ့ Impact လို့ပဲဆိုရမယ်) ။ အမှန်က နီးတောင်မနီးစပ်တဲ့အပြင် Nietzsche ဟာ The Abyss of Nihilism (နိတ္တိဝါဒရဲ့ချောက်နက်) ကိုဆန့်ကျင် ရပ်တည်ခဲ့သူပါ။

အဲ့အချက်ကို သူ့ရဲ့ Eternal Recurrence  ကိုလေ့လာရုံနဲ့ကျွန်တော်တို့သိရှိနိုင်ပါတယ်။ Nietzsche က ERကို The Gay science  (နာမည်ကဆန်းပါတယ်) စာအုပ်မှာ စတင်မိတ်ဆက်ပြီး Thus Spoke Zarathustra  မှာ ထပ်မံ ဆွေးနွေးသွားခဲ့တယ် ။

အဲ့တော့ The Eternal Recurrence ဆိုတာက ဘာလဲ။

ကျွန်တော်တို့ ယခုနေနေရတဲ့ဘဝက ယခင်ကလဲ အကြိမ်ကြိမ်ဖြစ်ခဲ့ပြီး၊အသေးစိတ် ကအစ ဖြတ်သန်းခဲ့ပြီးပြီ ။ ဒီဘဝတစ်ခုတည်း ကိုပဲ လူသားအားလုံးက ထပ်ခါထပ်ခါ အဆုံး အစမဲ့ ကြိမ်ဖန်များစွာ ဖြစ်ခဲ့ပြီးပြီဖြစ်သလို နောက်လဲ အဆုံးအစမဲ့ ဒီဘဝမျိုးကိုပဲ ရှင်သန်နေရဦးမှာ ဆိုတာမျိုး တွေးကြည့်ဖူးလား။

ပြောရရင် "ငါဒါကြီးဖြစ်ဖူးသလိုလိုပဲ" ဆိုတဲ့ Deja Vu ဖြစ်စဥ်နဲ့ ဆင်တူတယ်။ Nietzsche ဘဝမှာလဲ အဲ့လိုဖြစ်ခဲ့ဖူးမယ် ထင်တယ်။ ဒါပေမဲ့ဒါမျိုး အတွေးအခေါ်က Science ဆန်ဆန် ၊ Ontological ဆန်ဆန် Theoryတစ်ခု လုံးဝမဟုတ်ဘူး။ Existential ဆန်တဲ့ အတွေးအခေါ် တစ်ခုသာဖြစ်တယ်  ။

Nietzsche က Eternal Recurrence နဲ့ပတ်သပ်ပြီး
" အကယ်၍ ဒီအတွေးကသာ မင်းကို ချုပ်ကိုင်ခဲ့ရင် ၊ အဲ့ဒါဟာ မင်းကို အကြီးအကျယ် ပြောင်းလဲအောင် လုပ်ရင်လုပ် မဟုတ်ရင် မင်းကို နင်းခြေသွားမှာပဲ မင်းရဲ့လုပ်ရပ်တိုင်းမှာ အလွန်လေးလံတဲ့ ဆင်ခြင်မှုတွေ ပါလာလိမ့်မယ်"  လို့ ပြောခဲ့တယ်။

Nietzsche က Eternal Recurrence ကိုဖြစ်နိုင်ချေ တစ်ခုဆိုတာထပ် ခံယူချက်တစ်ခုအနေနဲ့ ရှု့ထောင့် တစ်ခု (Point of View ) အနေနဲ့ တင်ပြခဲ့တာလဲ ဖြစ်တယ်။  သူက အဖန်တစ်လဲလဲ ဖြစ်ပေါ်ခြင်း (Eternal Recurrence)  ကို ချစ်မြတ်နိုး စေချင်တာ ။

ဘဝဆိုတာအဓိပ္ပါယ်မရှိဘူး ၊ မင်းတွေးကောင်းတွေးလိမ့်မယ် ။ ဒါ​ပေမဲ့ ထပ်ခါထပ်ခါ ပြန်လည်ရှင်သန်ရဦးမှာ ဖြစ်တာကြောင့် မင်းလုပ်ရပ်တစ်ခု မလုပ်ခင်မှာ

" ငါဒီလုပ်ရပ်ကို ယခင်ကရော ထပ်ခါထပ်ခါ လုပ်ခဲ့တာဟုတ်ပါ့မလား။ နောက်လဲ ထပ်ခါထပ်ခါ လုပ်ရလောက်တဲ့ထိ ချစ်မြတ်နိုးတဲ့ အလုပ်ဟုတ် မှ ဟုတ်ပါလေစွ "

ဆိုတဲ့ အတွေးအခေါ် ဆင်ခြင်တုံးတရား ကို Eternal Recurrence နဲ့ပတ်သပ်ပြီး လက်ကိုင် စွဲစေချင်ခဲ့တာ ပါ။

Nietzsche က နေ့စဉ်အမျှ လုပ်ဆောင်ချက်တွေကို ပေါ့ပေါ့တန်တန် ပဲ သဘောမထားစေချင်ဘူး။ ငါဒါကြီးကို အဆုံးမရှိပြန်လည်ခံစားရမယ်ဆိုရင် ဒီရွေးချယ်မှုကိုပဲ ရွေးချယ်ဖြစ်ဦးမှာလား ၊ တစ်ခါပဲရှင်သန်ရမယ်ဆိုတဲ့ အတွေးတစ်ခုက နှောင့်ယှက်နေရင်တောင် လုပ်ရပ်တိုင်းက ထပ်ခါထပ်ခါ ပြန်လုပ်မဲ့ အလုပ်လို့ ခံယူရတဲ့အထိ မိမိချစ်မြတ်နိုးတဲ့အလုပ်၊ တန်ဖိုးထားရတဲ့ အလုပ်ကိုသာ လုပ်ရမှာဖြစ်တယ်။ ဒါမျိုး အတွေးမျိုးကို တွေးနိုင်မှ Nietzsche's Eternal Recurrence  ကို အမှန်စစ်စစ် ကျင့်သုံးခြင်း ဖြစ်ပါလိမ့်မယ်။

သေချာတာပေါ့၊ ဒါမျိုးကလူတိုင်းမလုပ်နိုင်ဘူးလေ။ Nietzsche က The Gay scienceမှာ ပြောခဲ့သလိုမျိုးပဲလေ။

" ဒါမျိုးအတွေးကမင်းကိုချုပ်ကိုင်လာတဲ့အခါ နင်းချေနိုင်သလို ​ပြောင်းလဲပေးနိုင််တယ်  "

Nietzsche ရဲ့ Philosophy ကိုက Subjective ဆန်တယ် ။ လူတိုင်းလုပ်ဆောင်နိုင်တဲ့အရာဆိုရင် သူဒီလောက်ထိ တန်ဖိုးထားမှာမဟုတ်သလို လူတိုင်းနားလည်နေတဲ့အရာဆိုရင်လဲ သူရေးမှာမဟုတ်ဘူး ။ သူ့ရဲ့ Philosophy Workတွေက လူတိုင်းနားလည်နိုင်တာမဟုတ်ဘူး ။

အဲ့လိုပြောလို့ "ဘာကောင်တွေမလို့နားလည်တာလဲကွ နှဖူးမှာဂွေးစိအပိုပါတဲ့ကောင်တွေမလို့လား" လို့မေးရင် နှဖူးမှာ ဂွေးစိအပိုပါတဲ့လူတွေတောင် နားလည်ခြင်းအဆင့်ပဲရှိတယ်။
သူ့ရဲ့ Eternal Recurrence အပြင်
Slave/Master Morality,Unmroal Philosophy,Übermensch,Morality of Custom etc...  စတာတွေကို နားလည်ခြင်းအပြင် ကျင့်သုံးဖို့ရာ နှဖူးမှာဂွေးတက်ပေါက်တဲ့ လူတွေထပ်ထူးခြားနေမှရမယ်။

နောက်ဆုံးပိတ်ပြောချင်တာက ERကို အထာကျကျ ထွေးပွေ့ နိုင်ဖို့ မေးရမဲ့မေးခွန်းက နှစ်စုံသာရှိတယ် ။
ကျွန်တော်တို့ ဘဝကို ဘယ်လောက်ချစ်သလဲ ဆိုတာနဲ့ ကျွန်တော်တို့ ချစ်ပါတယ်ဆိုတဲ့ သူတွေကို ထပ်မံမြင်တွေ့ရဖို့အတွက် ဒီဘဝရဲ့ ဒုက္ခ တွေကို ထပ်မံ ခံစားရဖို့ ဆန္ဒရှိသလား ဆိုတာပါပဲ ။ အကယ်၍ ဆန္ဒမရှိဘူးဆိုရင်တော့ ဘဝမှာ ချစ်မြတ်နိုးရမဲ့ တစ်စုံတစ်ရာမရှိခြင်းထပ် ချစ်မြတ်နိုးဖို့ရာ မစွမ်းသာနိုင်သော ကြောင့်သာ ဖြစ်တယ် လို့ကျွန်ုပ်က ဆိုချင်ပါတယ်။

Feel Free To discuss ပါ။
More Cotents?
React for more, guys.

#Kira
❤15💯2🥰1🎉1
𝙏𝙝𝙞𝙣𝙠𝙫𝙚𝙧𝙨𝙚
White Nights အစကတော့ Book reviewမတင်ဖို့ဆုံးဖြတ်ထားတာ။ ဒီတစ်အုပ်ကြ ကြိုက်လို့တင်ပေးလိုက်ပြီ။ White Nights ဟာ russian author တစ်ဦးဖြစ်တဲ့ Fyodor Dostoevsky ရဲ့ One-Shot လက်ရာတစ်ခု။ originally publish ခဲ့တာက 1848 က။ ​ဆရာ တင်ဦးခက် မြန်မာဘာသာပြန် "​ညဖြူဖြူ"…
သဘက်ခါကြ ဒီ White Nightsကို Review ပြန်ရေးပေးဦးမယ် ။ ဖြစ်သလိုရေးထားသလိုဖြစ်သွားလို့။ နောက်ပိုင်းတွေကြတော့ Dostoevsky,Tolstoy တို့လိုစာရေးဆရာတွေရဲ့Bookတွေ Review အားစိုက်ရေးပေးဖို့ရှိတယ်။
Pdf fileလဲဘာသာပြန်ဖြစ်ဖြစ် မပြန်ဖြစ်ဖြစ် ဖတ်ချင်ရင်Free လာယူလို့ရတယ်။

#Kira
❤9🔥2🎉1
Like bro doesn't interest in girls and other things, so what is the purpose?
Btw no content tonight, i am sick
#allheavens
1❤10😱1🎉1
White Nights

" မင်းလက်တွေက ရေခဲတစ်မျှ အေးစက်လွန်းပြီး ငါ့လက်တွေကတော့ မီးလို လောင်မြိုက်နေတယ်။ မင်းဘယ်လိုတောင် မမြင်ရနိုင်ရတာလဲ နက်ရှ်တီခါ "

-Dostoevsky,White Nights.

အချစ်စာအုပ် ​တွေဖတ်ရတာကြိုက်ရင် ဖတ်ပါလို့ ညွှန်းချင်သော်လည်း သာမန်ကြေ ကွဲ ဇာတ်တွေလို ကောင်လေးနဲ့ကောင်မလေး ကြိုက်မယ် ။ ကောင်မလေးကထားသွားမယ်။ ကောင်လေးက ကြေ ကွဲမယ်။ အဲ့သလိုဇာတ်ရုပ် ဆိုတာမျိုး ထပ်ကိုပိုပါတယ်။ သင့်ရဲ့ အတွေးတံခါးပေါက်ကို ဖွင့်ထားခဲ့ပြီး တံခါးပိတ်လို့ရမဲ့ သော့ကိုတော့ မြောင်းထဲမှာ ပစ်ချလိုက်မဲ့ စာအုပ်မျိုးပါပဲ။

စာအုပ်အကြောင်း။
Biography of the Book

White Nights စာအုပ်က russian author တစ်ဦးဖြစ်တဲ့ Fyodor Dostoevsky ရဲ့ One-Shot လက်ရာတစ်ခု ဖြစ်ပါတယ်။ ​စာအုပ် အကြောင်းကတော့ အထီးကျန်မှုကို ပြင်းပြင်းထန်ထန် ခံစားနေရတဲ့ လူငယ်တစ်ဦး ဟာ အချစ်ကိုငတ်မွတ်တောင်းတ နေတဲ့ မိန်းမငယ်တစ်ဦးနဲ့ ထိုကောင်လေးရဲ့ အထီးကျန်မှောင်မိုက်တဲ့ ညတွေ မှာ တွေ့ဆုံ ခြင်း အကြောင်းကို ရေးသားထားတာဖြစ်ပါတယ်။ တွေ့ဆုံခြင်း သပ်သပ်ပဲဆိုမဟုတ်ဘူး။ ထိုတွေ့ဆုံမှုလေးကနေ စာဖတ်သူ ကို ချစ်ကြိုက်ဖို့ ကြောက်နိုင်တဲ့ထိ နှိုးဆွ ပေးနိုင်ပါတယ်။

အရေးအသား။
The Wiritng

Fyodor Dostoevsky ရဲ့စာအုပ်ဆိုတဲ့အတိုင်း အစပိုင်း နှစ်မျက်နှာ လောက်မှာ ကောင်လေးရဲ့ အထီးကျန်မှုကိုအနက် အဓိပ္ပါယ်ဖွင့်ပါမယ်။ ဒါပေမဲ့ တစ်ကယ်နှလုံးသားနဲ့ ခံစားနိုင်သူအဖို့တော့ ပျင်းဖို့ကောင်းမယ်မထင်ပါဘူး။ Dostoevsky ရေးသားထားတဲ့ အကြောင်းကိုတော့ ကျွန်တော် သိပ်မပြောချင်ပါဘူး။ စာအုပ်ဟာ ညဖြူဖြူ ဆိုပြီး ဆရာတင်ဦးခက် ဘာသာပြန်ရှိပါတယ်။ ဆရာတင်ဦးခက်က သိတဲ့အတိုင်း No Longer Human ဘာသာပြန် အနေနဲ့ အရေးအသားပိုင်းမှာ ဝေဖန်ခံနေရပါတယ်။ အခုညဖြူဖြူကြတော့ Dostoevsky ရဲ့အရေးအသား ကိုဦးစားပေးနှစ်ခြိုက်သူဆိုရင် သူ့အဖို့တော့ နည်းနည်း ဆားပေါ့မယ် ထင်ပါတယ်။

စာအုပ်အပေါ် ကျွန်ုပ်၏ အမြင်။
My Review on this book

ဒီစာအုပ်ထဲမှာ ည 4 ည ​ရှိပြီး လေးညစလုံးဟာ အပြောင်းအလဲများစွာနဲ့ စိတ်ခံစားမှုအတက်အကျ ကို ပြင်းထန်စွာ ဆွဲခေါ်သွားမှာ မျိုးတော့မဟုတ်ပါဘူး ။ စာဖတ်သူ သာ စာအုပ်ကို အချိန်တစ်ခုပေးပြီး စိတ်နှစ် ဖတ်မယ်ဆိုရင်တော့ ဖြည်းညှင်း ညင်သာစွာပဲ ရေလှိုင်းထဲမှာ မြောနေတဲ့ လူတစ်ဦးလို စာဖတ်သူကို ခံစားရစေမှာပါ။ နောက်ဆုံး စာအုပ်ရဲ့ဇာတ်သိမ်း (ဝါ) နေရာအတည်တစ်ကျ တစ်ခုကို ရောက်သွားခဲ့ရင်တောင် မေးခွန်းတွေ နဲ့အတွေးလွန်မှု တွေသာ ရှိမဲ့ ကျွန်းတစ်ခု အပေါ်ကို အချိန်အတော်ကြာ သောင်တင်နေ စေမဲ့ စာအုပ်မျိုးပါ။

Fyodor Dostoevsky ရဲ့ စာအုပ်တွေကို ဖတ်ရတာက ဘာနဲ့တူသလဲဆိုရင် အခန်းတစ်ခုထဲက ကုလားထိုင်တစ်ခုပေါ်မှာ ထိုင်ပြီး နေ့စဥ်ပြဿနာပေါင်းစုံ၊ကိစ္စပေါင်းစုံ၊စိတ်အရှုပ် အထွေး ပေါင်းစုံနဲ့ ရင်ဆိုင်နေရတဲ့ လူတွေ အခန်းထဲကို ဝင်လာရင်း တစ်ယောက်ပြီးတစ်ယောက် စိတ်ကြိုက်သောင်းကျန်း၊ဖွင့်ဟ နေတာကိုမျိုး ကို ကြည့်နေ ရတာ နဲ့သွားတူတယ်။

Romance ကိုခံစားတတ် သူတွေ ၊ နှစ်သက်သူတွေ အဖို့တော့ ဒီစာအုပ်ကိုစိတ်နှစ်ပြီး ဖတ်မယ်ဆိုရင် ထိုအခန်းထဲမှာ ရေတွေအပြည့် နဲ့ အသက်ရှုကျပ်နေတာမျိုး ဖြစ်ပါလိမ့်မယ် ။ စာအုပ်ကို ၂ရက် လောက်ထိအချိန်ဆွဲ မဖတ်ပါနဲ့ အချိန်ရမှဖတ်ရတာကောင်းပါတယ်။ စာအုပ်ကတိုတယ် ၊ ပြီးတော့ ရှင်းလင်းတယ်။ ဆွေးရတယ်။ dead romanceကြိုက်ရင် ဖတ်ပါ။ မဟုတ်ဘူး၊ မကြိုက်ရင်လဲဖတ်ပါ။ မသေခင်ဖတ်သင့်တဲ့စာအုပ်ကောင်းတစ်ခုပါ။

နောက်ဆုံး ကျွန်တော် ဒီစာအုပ်ကြောင့် ပေါ်ထွက်လာတဲ့မေးခွန်း တွေကတော့ ။

လူတွေကဘာကြောင့် သူတို့ကိုနာကျင်စေသူကိုမှ အဆုံးသတ်မှရွေးချယ်ရသလဲ။ အချစ်မေတ္တာကြီးမားသူ ဟာ ကျန်ရစ်သူပဲလား။ Romanceဟာ တစ်ကယ်ပဲ သေဆုံးနေတဲ့ စိတ်ကူးယဥ်မှုများလား ။

#Kira
1❤14🍾3👏2🐳2🎉1
ဒီည Epistemology အကြောင်းတင်ပေးပါ့မယ်။ Postကနည်းနည်းငြင်းစရာဖြစ်နေလောက်တယ် ပျင်းနေရင်ဝင်ငြင်းပါဗျာ။

#Kira
1❤8🎉1💯1
Philosophy : Epistemology
•Rationalism
•Empiricism


" The philosophical study of knowledge is called epistemology. " 

Philosophy(ဒဿနဗေဒ) ရဲ့ နယ်ပယ်ခွဲတွေကိုလဲ ပြောပြခဲ့ပြီး ပြီ။ ဒီနေ့ပြောချင်တာက အဲ့ထဲက သိမှုဗေဒပါ။ Metaphysic (တက္ကိကဗေဒ)ကတော့ Admin MerlinHermese တင်ထားတယ်။ သွားဖတ်နိုင်ပါတယ်။

သိမှုဗေဒ (Epistemology)  ဆိုတာဘာလဲ။

Epistemology က Greek စကားလုံး “episteme” (knowledge-အသိပညာ)နဲ့ “logos” (ယုတ္တိ ဗေဒ)  ကနေ ဆင်းသက်လာတယ်။ ဒီနယ်ပယ်က အသိပညာ (Knowledge,Wisdom)  တို့ရဲ့ Nature နဲ့ Sauce တွေကို ယုတ္တိကျကျ လေ့လာတဲ့ပညာရပ်ပဲ ဖြစ်ပါတယ်။ မိမိရဲ့သိရှိနေခြင်းဆိုတာကို ဘာကြောင့်သိရသလဲ၊ဘယ်လိုသိနိုင်သလဲ စသဖြင့် လေ့လာတဲ့ ဘာသာရပ်ပါ။

ဒီဘာသာရပ်မှာ အဓိက ကျောင်းကြီးနှစ်ကျောင်းကို ကွဲထွက်လာခဲ့ပါတယ်။ ထိုနှစ်ကျောင်း ရဲ့ ငြင်းခုံမှုတွေ၊ဆွေးနွေးချက်တွေကလဲ အေသင်ခေတ်တည်းက ယနေ့ခေတ်ထိ အငြင်းပွားနိုင်ဖွယ်ရာရှိတုန်းပါပဲ။
ထိုကျောင်းနှစ်ကျောင်းက မတူညီတဲ့ဝါဒတွေကို လက်ကိုင်စွဲထားကြပြီး ထိုနှစ်ခုကတော့
•Rationalism & Empiricism  တို့ပါပဲ။

ဆင်ခြင်သိပဓာနဝါဒ နှင့် ၎င်းတို့၏ ခြေကန်ငြင်းဆိုချက်များ ။
•Rationalism & Their Absolute Arguments.

Rationalismရဲ့ ယုံကြည်ချက်အရ မိမိတို့လူသားတွေမှာ မွေးရာပါအသိပညာ Innate Knowledge ဆိုတာပိုင်ဆိုင်ထားပြီး လူသားအဖြစ် ဖြစ်မြောက်လာခြင်းရဲ့ Experience ကနေ တစ်ဆင့် အသိပညာကိုရလာတာမျိုး မဟုတ်ဘူး။ ကျင့်ဝတ်ဆိုင်ရာ နားလည်မှု တွေနဲ့  အမှန်၊အမှား ကိုခွဲ ခြားနိုင်တာတွေက ကိုယ်ကျင့်တရားတန်ဖိုး တွေနဲ့ပတ်သပ်တဲ့ အသိ  ဖြစ်ပါတယ်။ အဲ့တာတွေအကုန်လုံးက Innate Ideas  အဖြစ် မွေးကတည်းက ပါဝင်လာပြီး ဆင်ခြင်တုံတရား(Reasoning)  နဲ့ပဲ ဖြည်းဖြည်းခြင်း ပြန်လည် နားလည်လာနိုင်တယ် လို့ဆိုပါတယ်။

Rationalism ရဲ့ဖခင် Platoဟာ Idealism တစ်ယောက်ဖြစ်တဲ့အတူ Innate Ideas ဆိုတဲ့အဆိုပြုချက်ကို လက်ကိုင်စွဲ ခဲ့တယ်။ သူက စစ်မှန်တဲ့အသိပညာဆိုတာမျိုးက အတွေ့အကြုံ၊အာရုံခံစားမှုတွေကနေ မရနိုင်ပဲ ဆင်ခြင်မှုလုပ်ခြင်း(Reasoning)ဖြင့် သာရနိုင်တယ်လို့ဆိုပါတယ်။ အာရုံ၊အတွေ့အကြုံတွေက လှည့်ဖျားမှုသဘောကိုသာ ဆောင်တယ် ဆိုတာကို သူ့ရဲ့ “Allegory of the Cave” (လှိုင်ခေါင်း ဥပမာ) နဲ့ ရှင်းလင်းတင်ပြခဲ့ပါတယ်။


အာရုံသိအဓိက ဝါဒနှင့် ၎င်းတို့၏
ခြေကန် ငြင်းဆိုချက်များ။
•Empiricism & Their Absolute Arguments.

Empiricism ကတော့ Rationalism နဲ့ ဆန့်ကျင်ဖက်ပဲ Innate Ideaတွေအပေါ်မယုံဘူး။ လက်ရှိဖြစ်တည်နေတဲ့ ယုတ္တိကမ္ဘာပေါ်က အာရုံခံစားမှု(sense) နဲ့အတွေ့အကြုံ( Experience)တွေကနေသာ အသိပညာကိုရရှိမယ် လို့ငြင်းဆိုတယ်။

Aristotleက Empiricism တစ်ဦးဖြစ်ပြီး သူ့ငြင်းဆိုချက်ကတော့ ရှင်းပါတယ်။ လူတွေဟာ မွေးဖွားခါစ ကလေးဘဝမှာ အဖြူစာရွက်လေးတစ်ခုလိုပဲ ။ အရောင်အသွေးမရှိဘူး ခြောက်သွေ့နေပြီး အရည်အချင်းမရှိဘူး။ မတ်တပ်တောင်ကောင်းကောင်း ရပ်နိုင်တာမျိုးမဟုတ်ဘူး။ မွေးကင်စကလေးဟာ ဘယ်အရာကအမှန်၊ ဘယ်အရာကအမှား ဆိုတာကိုလဲမသိနိုင်ဘူး။

သူအသက်ရှင်နေထိုင်မှု များပြားလာတာနဲ့အမျှ ပတ်ဝန်းကျင်က လူသားတွေက သူတို့ကိုယ်တိုင်တောင် သတိမမူမိစဥ်မှာပဲ ထိုအဖြူရောင်စာရွက်ကို အရောင်ဆိုးတယ်။ ထိုကလေးကိုယ်တိုင်ကလဲ ပတ်ဝန်းကျင်နဲ့ Adapt ဖြစ်လာပြီး အတွေ့အကြုံတွေနဲ့ အာရုံခံစားမှုတွေကနေ အသိပညာတွေတိုးတက်လာတယ်။ လုပ်နိုင်စွမ်းတွေရှိလာတယ်။ ဘယ်အရာကကောင်းတယ်၊ ဘယ်အရာကမကောင်းဘူး ဆိုတာကို နေထိုင်ရှင်သန်ရာ ပတ်ဝန်းကျင်အပေါ်လိုက်ပြီး အာရုံခံစားရင်း သိမြင်လာခြင်းဖြစ်တယ်။
ပတ်ဝန်းကျင် တစ်ခုမှာ ကြီးပြင်းလာတဲ့ကလေး တစ်ဦးဟာ အဲ့ပတ်ဝန်းကျင်ရဲ့ အတွေးအခေါ် ရိုက်ခတ်မှု တွေကိုမဖြစ်မနေ ခံစားရမှာပဲ။ လူသားတွေကအချင်းချင်း လူသားတွေကိုပြန်လည်ပုံဖော်တယ်။
"Humans Painting Humans."

ဒါကတော့ Rationalism တွေနဲ့ ကွဲပြားထွက်လျက် တည်ရှိနေတဲ့ Empiricism ရဲ့ အယူဝါဒပါ။ Thomas Hobbes,John Locke,George Berkeley နဲ့ David Hume တို့ကလဲ Empiricist Philosopherတွေပဲ ဖြစ်ကြပါတယ်။

ဒီနေ့တော့ဒီလောက်ပါပဲ ။
စာဖတ်သူတို့ရော Rationalism နဲ့ Empiricism ဘယ်အရာကို ပိုသဘောကျသလဲ
  ။ Feel Free To Discuss ပါ။

More Contents?
React for more, guys🤺🤺

#Kira
❤11🔥4🎉1
What is Epistemology?
သိမှူဗေဒဆိုတာ ဘာလဲ။

https://t.me/IknowledgeField/243

#Kira
❤11🔥3🎉1
မနက်ဖြန် ဘာတင်ရမလဲတော့မသိဘူး။ ဒီရက်ပိုင်း Quoteအတိုလေးတွေ နဲ့ Reviewလေးလောက် ခဏတင်ပေးဖို့ရှိတယ်။ ဆောင်းပါးတစ်ခုတော့မနက်ဖြန်စရေးမယ် ။ Adminတွေမအားတာက Youtube ဖက်ကိုနယ်ချဲ့ဖို့ လုပ်နေကြလို့ပါ။ အချိန်အားဖြင့် တော့ VAဘာညာနဲ့ တစ်လဝန်းကျင်လောက် ကြာမယ်စိတ်ကူးတယ် ။ ဖတ်နေပေးကြတဲ့လူတွေကျေးဇူးပါ။ Adm Kiraက Philosophy တင်ရင် Metaphysic ပိုင်းတော့မသွားချင်သေးဘူး။ Epistemology, Ethicality, Valid Logic နဲ့ Existentialism တစ်ဝိုက် နားမှာနည်းနည်းလောက် လည်ချင်သေးတယ် ။ ချစ်တယ် subတွေကို တာ့တာ။

#Kira
❤18🎉1
We do not rush toward death, we flee the catastrophe of birth, survivors struggling to forget it. Fear of death is merely the projection into the future of a fear which dates back to our first moment of life.

We are reluctant, of course, to treat birth as a scourge: has it not been inculcated as the sovereign good - have we not been told that the worst came at the end, not at the outset of our lives? Yet evil, the real evil, is behind, not ahead of us.

-E.M. Cioran, The Trouble With Being Borned


" ကျွန်တော်တို့က သေခြင်း တရားဆီကို ပြေးဝင်နေကြတာမဟုတ်ပါဘူး။ ကျွန်တော်တို့က မွေးဖွားခြင်း ဆိုတဲ့ဘေးဒုက္ခကနေ ထွက်ပြေးနေကြတာဖြစ်ပြီး ထိုမွေးဖွားခြင်းရဲ့ဘေးဒုက္ခတွေကို မေ့လျော့ဖို့ ကြိုးစားနေကြတဲ့ ရှင်ကျန် သူတွေပါပဲ။ သေခြင်းတရားကို ကြောက်ရွံခြင်းဆိုတာက ကျွန်တော်တို့ စတင်မွေးဖွားကတည်းက ရှိနေခဲ့တဲ့ ကြောက်ရွံ့မှုကို ပုံဖော်ခြင်းပါပဲ။

ကျွန်တော်တို့ဟာ မွေးဖွားမှုကို ဘေးဒုက္ခအဖြစ် လက်ခံနိုင်ဖို့ရာ ခက်ခဲနေကြတယ်။ အဲ့အစား မွေးဖွားခြင်းကို အကောင်းမွန်ဆုံးသောအရာအဖြစ် ခေါင်းထဲမှာ ရိုက်သွင်း ခံခဲ့ရတယ်မဟုတ်လား ။ အဆိုးဆုံးဆိုတာ အစကတည်းက ရှိနေတာမဟုတ်ပဲ နောက်ဆုံးအချိန်(သေခြင်း) ကျရောက်လာမှ ရောက်လာမယ် ဆိုတဲ့ တွေးခေါ်မှုတွေ ထင်ဟပ်နေကြတယ်မဟုတ်လား ။

  အဲ့လိုဆိုပေမဲ့ ဆိုးယုတ်မှု ၊ အမှန်ကန်ဆုံးသော ဆိုးယုတ်မှု ဆိုတာမျိုးက ကျွန်တော်တို့ ရှေ့မှာ ရှိနေတာမဟုတ်ပါဘူး။ အနောက်မှာ ရှိနေခဲ့တာပါ။ (မွေးဖွားခြင်းကိုဆိုလိုခြင်းဖြစ်သည်) "

-E.M.Cioran,  The Trouble With Being Born (ကိုယ်ပိုင် စီလျော်အောင် ဘာသာပြန်ဆိုချက်)

#Kira
❤13🔥2🥰1🎉1💯1
https://t.me/IknowledgeField/249

The Trouble With Being Borned
Pdf file (English translation only) လိုချင်ပါက

@MertvetsKira

#Kira
❤12🎉2
အထက်ပါ The Trouble With Being Bornစာအုပ်ကို မြန်မာဘာသာပြန်မရှိသေးပါဘူး။ Adm Kiraဘာသာပြန်ပေးမယ်ဆိုရင်ရောဘယ်လိုလဲ အချိန်တော့စောင့်ရပါလိမ့်မယ် ။

အလကားဖတ်ရမှာပါ။ ဖတ်ကြမလားမဖတ်ကြမလားသိချင်ရုံပါ ။

#Kira
❤16💯3👏1🐳1
ကျွန်တော့်Channelတော့မဟုတ်ပေမဲ့ အပျင်းပြေ သီချင်းနားထောင်လို့ရအောင်ပါ ။

https://t.me/underratedfrankart

#Kira
❤7🔥2
ကျွန်တော်တို့ Channelက promotion vdတစ်ခုကို အခြားchannelမှာပြန်ကူးတင်တာခံရတယ် ။ ဒါမျိုးတွေကအောင်မြင်လာလေ ကြုံရမဲ့အရာတွေဆိုတာသိတယ်။ ဒါ့ကြောင့်Fanအနေနဲ့ပြန်ယူတင်တာလက်ခံတယ်။ Creditပေးဖို့အသာတစ်ကြည်ပြောတဲ့အခါ ပွဲရှာခံလိုက်ရပါတယ်ခင်ဗျာ။ Factကျကျပြောတော့လဲစာပိတ်ခံရပါတယ်။ ကွန်ကြောင်တွေနဲ့တူပါရဲ့။ ဒီဘိတ်မလားတွေပါမေးနေတာ ။

memberတွေကိုအသိပေးရတဲ့အကြောင်းအရင်းက ကျွန်တော်တို့Channelကဒီတစ်ခုပဲရှိပါတယ်။ မကြာခင်ytမှာ နာမည်အသစ်နဲ့ အခြေချမှာပါ ။ ဒါမျိုးeditတွေကို kirax999 - Jack Frost accကပဲ officalတင်ပါတယ်ခင်ဗျာ။ အောက်မှာတော့သက်သေတွေပါ ။

#AdminTeam
❤14
ကျွန်တော်တို့က ttမှာofficalလုပ်ထားကြောင်းtt accပြတော့ likeကြွားတယ်ထင်ပြီး အဲ့လောက်ပဲရတာလားပြန်မေးနေသေးတာဗျာ

#Kira
❤9😁3🥰2🎉2