𝙏𝙝𝙞𝙣𝙠𝙫𝙚𝙧𝙨𝙚
1.36K subscribers
262 photos
9 videos
13 files
126 links
သတင်း ၊ ဒဿန ၊ စာပေ ၊ သိပ္ပံနှင့် ဖျော်ဖြေရေး အရေးအသားများ

Our Web(closed)
thinkverse.lovable.app

Lunatic's Collection
https://t.me/IknowledgeField/476

Merlin's Collection
https://t.me/IknowledgeField/154

Contact for business -
@MertvetsKira
Download Telegram
Book Review : Animal Farm
By George Orwell

Animal Farm (သို့မဟုတ်)
ခြေလေးချောင်းတော်လှန်ရေး


အာဏာရှင်ဟာ ဘာကိုကြိုက်နှစ်သက်ပါသလဲ။ အာဏာရှင်ဟာ ငြိမ်းချမ်းရေး ကိုဘာကြောင့် စကားလုံးအလန်းလေးတစ်ခုအဖြစ် အသုံးပြုကြသလဲ။ အရည်အချင်းရှိတဲ့လူတွေ ဘာကြောင့် ကျရှုံးရသလဲ ဆိုတဲ့မေးခွန်းမျိုးတွေ ထွက်လာစေမဲ့ Concept အပေါ်အခြေ ခံထားတဲ့ George Orwell ရဲ့ စာအုပ်တစ်အုပ်။

George Orwell ကမြည်မာပြည်မှာလည်းကာလတစ်ခုကြာနေထိုင်သွားခဲ့ပါတယ်။ သူ့ရဲ့ ဒီ Animal Farm ဆိုတဲ့စာအုပ်ဟာ အာဏာရဲ့ ဆွဲဆောင်နိုင်မှု နဲ့ လူတွေတင်မက သက်ရှိဆိုတဲ့လက္ခဏာကို ပြရုံနဲ့တင် အာဏာရဲ့ငွေ့သက် ကို မက်မော မှု ထဲ စီးမြောနိုင်ကြောင်းကို ပြပါတယ်။

စာအုပ်အကြောင်း။
The Biography of the book

ဇာတ်လမ်းဟာ လူသားတွေရဲ့အဖိနှိပ်ခံ ဖြစ်နေရတဲ့ ခြံထဲက တိရစ္ဆာန်အုပ်စုဟာ လူသားတွေကို တော်လှန်ခြင်း ဖြစ်ပါတယ်။ သို့ပေမဲ့ လူသားတွေဟာ အဓိက ကြိုးကိုင်သူတွေ အဖြစ်ရေးသား ထားခြင်း လောက်ထိ ရိုးရှင်းတဲ့စာအုပ်မျိုးမဟုတ်။ ထို တော်လှန်ခြင်းရဲ့ အကျိုးဆက်တွေ နဲ့ အုပ်စုစနစ်တစ်ခု အပေါ်ကို ထင်ယောင်ထင်မှား လွတ်လပ်မှုတွေ ပေါ်လွင်အောင်ပြသပြီး ဉာဏ်ပညာနည်းသူတွေအပေါ်ကို ဉာဏ်နီဉာဏ်နက် များသူတွေက အမြတ်ကြီးစား ကြိုးကိုင် မှုတွေကို ဖြေးဖြေးခြင်း သရုပ်ဖော်သွား ပါတယ်။

အရေးအသား။
The Writing

ဒီစာအုပ်မှာ တစ်မူထူးခြားနေတဲ့အချက်က အစောပိုင်း အခန်းတွေမှာ Chapter(အခန်း) တစ်ခုနဲ့တစ်ခု ပြီးသွားတာနဲ့ "ဘာလား" ဆိုတဲ့ မေးခွန်းမျိုး ပေးနိုင်ပြီး နောက်ပိုင်းမှာတော့ ဖြည်းဖြည်းခြင်း စာအုပ်ရဲ့ အသိပေးချင်တဲ့ အစိတ်အပိုင်းတွေ၊ ဇာတ်ကောင်တွေရဲ့ သရုပ်သကန် မျက်နှာဖုံးတွေ ကွာကျလာတာကို မြင်ရမှာဖြစ်ပါတယ်။

စာအုပ် အပေါ်ကျွန်ုပ်၏ အမြင်။
My Review on this book

ဒီစာအုပ်က လှတယ်။ မြန်မာနိုင်ငံ လက်ရှိဖြစ်နေတဲ့ နိုင်ငံရေးအခြေအနေနဲ့ အပ်လျင်း တဲ့အထဲမှာပါပြီးတော့ ဒီတော်လှန်ရေးကြီးပြီးရင်တောင် ဘာဆက်ဖြစ်ကြဦးမလဲဆိုတာကို အနည်းဆုံးတော့ စိတ်ကူးယဥ်နိုင်မှုကို ပေးစွမ်းနိုင်မဲ့ စာအုပ်မျိုးပဲ။ အသက်ဝင်တယ်။ အာဏာရှင်စနစ်ရဲ့ သရုပ်သကန် ။ အမြတ်ကြီးစားခြင်း၊ လူထုကို ကြိုးကိုင်ချယ်လှယ်ခြင်း တွေကို အထင်းသားကြီး ထင်ဟပ် ပေါ်လွင်စေမဲ့ စာအုပ်တစ်အုပ်။

ကျွန်တော် ဒီစာအုပ်ကို စစဖတ်တုန်းက တိရစ္ဆာန်တွေ လူလိုစကားပြောပြီး လုပ်ချင်ရာလုပ်နေတာကို မြင်ပြီး သဘောကျမိပါတယ်။ ဒါပေမဲ့ နောက်ပိုင်း ဒီစာအုပ်ဟာ genere fiction တွေလိုမျိုး ဒီတိုင်းစကားပြောနေတဲ့ တိရစ္ဆာန်တွေအကြောင်းရေးထားတာမဟုတ်ပါဘူး။ ဒီစာအုပ်အဓိက ထင်ဟပ် စေတာက အဖိနှိပ်ခံဘဝကနေ လွတ်မြောက်သွားပြီလို့ ယုံမိရုံ နဲ့ ထာဝရလွတ်မြောက်မှုမဟုတ်သေး ဘူး ဆိုတာပဲ။

လွတ်လပ်ရေးရအောင် ကြိုးပမ်းနေတဲ့ သူတစ်ဦးချင်းစီး ရဲ့ ခံယူချက်၊ ရိုးသားမှု၊ အရည် အချင်း အပေါ်လိုက်ပြီး ထိုလွတ်လပ်မှု ဘယ်လောက်ကြာရှည်ခံသလဲ ၊ ဘယ်သူက လျှို့ဝှက်​ပြီး ပုန်းကွယ်လျက် အုပ်ချုပ်နေပါသလဲ ဆိုတာကို ဖော်ပြနေတဲ့ စာအုပ်မျိုးဖြစ်ပါတယ်။

ပြီးတော့ အဲ့ထဲမှ တိရစ္ဆာန်တစ်ကောင်ချင်းစီက အပျင်းပြေထည့်ထားတာမဟုတ်၊ အပြင်လောက နိုင်ငံရေး သရိုက်သကန်ရဲ့ ဇာတ်ကောင်တွေ ၊ နိုင်ငံတစ်နိုင်ငံရဲ့ လူတန်းစားတွေကို ဖော်ပြထားခြင်းပဲ ဖြစ်ပါတယ်။

မြန်မာဘာသာပြန် ။

ဘာသာပြန် "ခြေလေးချောင်း တော်လှန်ရေး" အဖြစ် ကလောင် ; သခင်ဘသောင်းရဲ့ အရေးအသားက မြန်မာ့အရသာ အပြည့် နဲ့ အလင်္ကာ အသုံးအစွဲတွေကလဲ သဘောကျဖို့ကောင်းပါတယ်။ ဒါပေမဲ့ နည်းနည်းမှင်မှင်လေး ကျန်ခဲ့ချင်ရင်တော့ Orwellရဲ့ Englishအရေးအသားက ပိုအဆင်ပြေမယ်ထင်မိပါတယ်။ 10ခန်းပါတယ်။ တစ်ခန်းချင်းစီ မှာအဆုံးသတ်ကို ဖြေးဖြေးခြင်းခေါ်သွားပြီး ဖြေးဖြေးခြင်းပဲ အာဏာရှင်စနစ် သရုပ်ကွာကျလာတာ မြင်ရမယ်။

မသေခင်ဖတ်ကြည့်သင့်တဲ့ စာအုပ်တစ်အုပ် ဆို ဒါကိုထည့်ပါတယ်။

မြန်မာဘာသာပြန် လိုချင်ရင် PDF File လာတောင်းလို့ရပါတယ်။ @MertvetsKira

“The creatures outside looked from pig to man, and from man to pig, and from pig to man again; but already it was impossible to say which was which”

- George Orwell, Animal Farm

#Kira
❤10🔥4
Animal Farm (သို့) ခြေလေးချောင်းတော်လှန်ရေး
Review -
https://t.me/IknowledgeField/183

#Kira
❤15
ဒီနေ့post မတင်ဖြစ်ပါဘူး ဗျာ။
Postတင်တဲ့ adminက ၄ယောက်ရှိတာ တစ်ယောက်က ခဏနားပြီး နောက်နှစ်ယောက်က နေမကောင်းဖြစ်နေလို့ ကျွန်တော်ပဲရှိတာ။ မနက်ဖြန်မှတင်ဖြစ်ပါမယ်။

ပြီးတော့ Channelထဲ အမျိုးသမီးရှိလားတော့မသိပေမဲ့ Admin Teamထဲမှာ Girl admတစ်ယောက်ပဲရှိ တာရယ်၊ အချိန်တစ်ခုထိ ကျွန်တော်တစ်ယောက်တည်း runရမှာဖြစ် တဲ့အတွက်ကြောင့် အဆင်မပြေလို့ admin လုပ်ချင်ရင် ခေါ်ပါတယ်ဗျ ။

အောက်ကတော့ sub တွေကို ချော့တဲ့အနေနဲ့ စာအုပ်လက်ဆောင်...။

#Kira
❤9🔥2
The Art of Psychological Warfare.pdf
21.3 MB
Fileပိုင်ရှင် အား မိမိတို့channelမှ Creditပေးပါကြောင်း။
❤11🔥2
Dark desire (Dark soul 3) Mmsub.pdf
5.6 MB
မူပိုင်ခွင့်ကတော့ သူငယ်ချင်းဆီကပဲရှိတာမလို့ ဖတ်ပဲဖတ်ကြပါ ပြန်မတင်ပါနဲ့
#allheavens
❤7💯1🦄1
နောက်ပိုင်းတွေ မှာ ညဖက်ဆိုကျွန်တော်တို့gpမှာ discussion လုပ်​ပေးပါမယ်ဗျ Joinထားပေးကြပါ။ https://t.me/Literature_Discussion_Club

#Kira
❤7
Voting result အတိုင်း ဒီည Philosophy ကိုဘယ်ကဘယ်လို စ လေ့လာရမှန်းမသိတဲ့လူတွေအတွက် 8:00 မှာတင်ပေးပါ့မယ်။

#Kira
❤8
Philosophy  ကို လေ့လာခြင်း။

Philosophy ဆိုတာဘာလဲသိချင်ရင်
https://t.me/IknowledgeField/150 ဒီမှာဖတ်ပါ။

ဒဿနဗေဒ ဆိုတာမေးခွန်း တွေကို အခြေပြုပြီး ကျိုးကြောင်းဆက်စပ် ရှာဖွေရခြင်းရဲ့ ဘာသာရပ်။ ဘာသာရပ်တစ်ခုလုံးရဲ့နယ်ပယ်ခွဲတွေလဲ ပြောပြပြီးပြီ။

အခုစာဖတ်သူတွေအနေနဲ့ Philosophy ကိုတစ်ခါမှမဖတ်ဖူး၊ ဘာမှလဲမသိသေးဘူး ဆိုရင် Sophie's World ကိုညွှန်းရမှာပါ။  Author Jostein Gaarder  က သူ့သမီးလေး ဆယ့်နှစ်နှစ်ပြည့်မွေးနေ့အတွက် လက်ဆောင်ပေးထားတာဖြစ်ပါတယ်။ English စာ အနည်းအငယ်ဖတ်တတ်ရင်အဆင်ပြေပါတယ်။

ပြီးရင်တော့ Socrates,Plato, Aristotle တို့ လို Western Philosopher တွေရဲ့ ဒဿန တွေကို ကြေညက်အောင်လေ့လာရပါမယ်။ ဒီလို Western Philosophy ကို နားလည်ထားမှသာ Kant,Hagel,RenĂŠ Descartes,David Hume တို့လို Foundationalism Philosopher  တွေရဲ့ ဒဿနကို ဆက်စပ်ပြီး တွေးခေါ် နားလည်မှာဖြစ်ပါတယ်။

( Socratesအကြောင်းကို Psychologyဖက် ကျွန်တော် လှည့်ပြီးရင် တင်ပေးပါ့မယ် ) Platoကိုလေ့လာရမှာ စာတမ်းဘာညာဖတ်ရမှာ အချိန်မပေးနိုင်ပဲ dialogue တွေဖတ်ချင်ရင် Plato-Complete Works ကိုဖတ်ပါ။

ဟုတ်ပြီ ကိုယ်က Sophie's Worldဖတ်ပြီးပြီ။ Western ဘဲ ကြီးသုံးပွေကိုလဲ နည်းနည်း နားလည်လာပြီဆိုရင် အဲ့မတိုင်ခင်ထဲက ကိုယ့်ရဲ့ Philosophy စဖတ်မယ်ဆိုကတည်းက ရွေးစရာနှစ်ခုရှိတယ်။ Secondary Book တွေဖတ်မလား။ Main Bookတွေဖတ်မလားဆိုတာပါ။

• Secondary Books  ဆိုတာက ဘာလဲဆိုတော့ မိမိလေ့လာချင်တဲ့ Philosopher ကိုယ်တိုင် ရေးသား ပြုစု ထားတဲ့ စာအုပ် (Main Books) မဟုတ်တဲ့စာအုပ်။
ထိုစာအုပ်တွေအပေါ်ဝေဖန်ချက် (သို့) ထို Philosopher ရဲ့ ဒဿန ကိုပြုစု ဖော်ပြထားတဲ့ စာအုပ် တွေကို ဆိုလိုပါတယ်။

Secondary booksတွေက မြန်မာမှာလဲ ရှိပါတယ်။ Mainတွေကိုတော့ ဘာသာပြန်ကရှားပါတယ်။

Englishလို Secondary Bookတွေ စဖတ်ချင်ရင် history of philosophy စာအုပ်တွေဖတ် ပါ။ ညွှန်းချင်တာက The Story of Philosophy by Will Durant  (မဖတ်ဖူးဘူး အကိုတစ်ယောက် fbမှာညွှန်းထားတယ်၊ ဖတ်ကြည့်ပါ) The Path of Philosophy: Truth, Wonder, and Distress Book by John Marmysz  (Philosophyနဲ့ပိုမိုရင်းနှီးစွာ နားလည်ချင်ရင် ဒါကိုပဲဖတ်ပါ ဒါကလုံးဝ recommendပေးပါတယ်)

မြန်မာလိုမျိုး Philosopher တွေရဲ့ အကြောင်းကို စာတမ်းပြုစုထားတာ ဖတ်ချင်ရင်တော့ ခေတ်သစ်ဒဿနဗေဒနိဒါန်း (လင်းလက်ဆွေ) ကိုဖတ်ပါ။  ရီနေဆန်းခေတ်ကနေစပြီးတော့ Philosopherတော်တော် တော့စုံပါတယ်။ ဒါတွေမဖတ်ချင်ရင်လဲ ဖြစ်တယ်။ မဖြစ်မနေလိုအပ်တာတော့မဟုတ် ဘူး။

ကိုယ်ဖတ်ချင်တဲ့ Philosopherအကြောင်းကို စာအုပ်ရှာပြီး websiteတွေမှာရှာဖတ်ပါ။ ပြီးတော့ ကိုယ်ကmajorသမားမဟုတ်ပဲအပျော်တမ်းဆို webတွေကနေပဲဖတ်ပါ။ အချိန်ကုန်၊ငွေကုန်သက်သာပါတယ်။

Ideaတွေကိုအဓိကနားလည်ချင်တာ ၊ Interpretation ( အဓိပ္ပါယ်သဘောမှတ်ယူပုံ ) တွေကိုနားလည်ချင်တာဆိုရင် lecture video တွေ ကို Youtube မှာနားထောင်လို့ရပါသေးတယ်။

ဒါက philosophy စဖတ်ဖို့ လမ်းညွှန်တာပါ။ philosophy က အရမ်းကျယ်ပြန့် တော့ အကုန်တော့ နားလည်ဖို့မကြိုးစားပါနဲ့။ 

တစ်ခုပြောချင်တာက ဘယ်ပညာရှင်ရဲ့ ideaကိုမှ Idolize လုပ်ပြီး ဘဝတစ်ခုလုံး ဒါပဲယုံမယ်ကွာ ဆိုပြီးမချပါနဲ့။ ရေနဲ့အညီစီးမြောပါ။ စိတ်ကျေနပ်ရင်နောက်တစ်ခုပြောင်းဖတ်ပါ။ ဒါပါပဲ။

More Contents?
React for More Guys

#Kira
❤19❤‍🔥5🔥1🦄1
Philosophy ကိုစတင် လေ့လာခြင်း။

ဖတ်ရန် -
https://t.me/IknowledgeField/199

#Kira
❤8💯2💘2
Hello ခု Admin က တော့ အသစ်ရောက်တဲ့ female admin huzailx ပါ။

Movie Recommendation လေးတွေ နဲ့ Poetry လေးတွေ တင်မှာပါနော်။

#huzailx
❤9🥰3
Memories erased လုပ်တယ်ဆိုတာကို ဘယ်လိုမြင်ကြလဲ။ accident တစ်ခုခုကြောင့် ဘာမှမမှတ်မိတော့ပဲ အကုန်လုံးကို မေ့သွားတာဖြစ်နိုင်ပေမယ့် ကိုယ်ဖျက်ပစ်ချင်တဲ့ မှတ်ဉာဏ်အပိုင်းအစ ကိုသာ ဖျက်ပစ်ခွင့်ရမယ်ဆိုရင်ရော။
ဒီနေ့ recommend ပေးချင်တဲ့ movie လေးက memories erased တာနဲ့ပတ်သတ်တဲ့ကားလေးဖြစ်တဲ့ Eternal Sunshine Of The Spotless Mind (2004) ကားလေးပဲဖြစ်ပါတယ်ရှင်။

ဇာတ်လမ်းအရတော့ အချစ်ရေးမှာ အဆင်မပြေတဲ့ Joel (Jim Carrey) နဲ့ clementine (Kate Winslet) တို့က တစ်ဦးကို တစ်ဦး မေ့နိုင်ဖို့ memories erased တဲ့ technology ကိုအသုံးပြုခဲ့ကြပါတယ်။
ကျွမ်းကျင်တဲ့ စက်မှုနည်းပညာကို အသုံးပြုပြီး မှတ်ဉာဏ်ကို ဖျက်ပစ်ပြီးနောက်မှာတောင်, သူတို့ရဲ့စိတ်ခံစားချက်နဲ့ အချစ်က အတိတ်မှတ်ဉာဏ်တွေထက်ပိုကြီးမားနေတယ်ဆိုတာကို ပြသပေးထားတာပဲဖြစ်ပါတယ်။

ရုပ်ရှင်ကို စတင်ရိုက်ကူးတဲ့အချိန်
တွေတုန်းကတော့ memories erased တဲ့အဖြစ်အပျက်မျိုးတွေက စိတ်ကူးယဉ်ဆန်တယ်ထင်ရပေမယ့် အခုချိန်မှာတော့ နီးစပ်လာပြီလို့တော့ထင်ပါတယ်။မလိုလားအပ်တဲ့မှတ်ဉာဏ်တွေကို ဖယ်ရှားပစ်မယ်ဆိုပေမယ့် ကျန်တဲ့မှတ်ဉာဏ်တွေကတော့ အကောင်းအတိုင်းကျန်ရှိနေခဲ့မှာ ဖြစ်တယ်လို့ ရုပ်ရှင်ထဲမှာဖော်ပြထားပါတယ်။ဒါပေမယ့် တစ်ကယ် real life စမ်းသပ်တဲ့အခါ ကျရင်ရော ကျွန်မတို့ မျှော်လင့်သလိုဖြစ်နိုင်ပါ့မလား။သို့သော်လည်း လူသားတွေပေါ်စမ်းသပ်အောင်မြင်နိုင်ဖို့က အချိန်တစ်ခုကြာဦးမယ်လို့တော့ထင်ပါတယ်ရှင်။

ပြီးတော့ ဒီmovie လေးက
IMDb မှာ 8.3/10 အဆင့်ရရှိထားပြီး၊ Rotten Tomatoes မှာလည်း 93% အထိ ရရှိထားတာကြောင့်၊ ကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။

ရုပ်ရှင်ကြည့်ပြီးတော့ လူမှုဆက်ဆံရေးနဲ့ ကိုယ့်အတွေးတွေကို ပြန်လည်စဉ်းစားဖို့ လိုအပ်စေမယ့် ဒီဇာတ်ကားကို မလွှတ်တမ်းကြည့်ဖို့ ညွှန်းပါရစေရှင့်။

#huzailx
❤17🍓2🥰1👏1
ဒီညတင်မှာ စာနည်းနည်းတော့ရှည်မယ်ဗျ။ Brotherတစ်ယောက် တောင်းဆိုထားတဲ့ Nietzsche ရဲ့ Thus Spoke Zarathustra ကို Reviewလေးပေးချင်လို့ပါ။

#Kira
1❤15💘2🍓1
Thus Spoke Zarathustra ; Friedrich Nietzsche

“ စိတ်ဝင်စားဖို့ကောင်းတဲ့လူတွေ ကောင်းကင်ဘုံမှာ ပျောက်ဆုံးနေတယ်။ ”
-Friedrich Nietzsche

Thus Spoke Zarathustra ဆိုတဲ့စာအုပ်က Nietzsche ရဲ့အခြားလက်ရာတွေနဲ့ မတူကွဲပြားတယ်။ Fiction (ရသ) တစ်ခုအနေနဲ့ TSZ(Thus Spoke Zarathustra) ကိုဖော်ကျုးထားရင်း Nietzsche ကသူ့ရဲ့ Philosophy ကိုထိရောက်စွာတင်ပြတယ်။
Nietzsche ဆိုတာဘယ်သူနှင့် ဘာလုပ်သလဲ နောက်မှတင်ပေးမယ်။ အရင်ဆုံး TSZကို ကြည့်ကြစို့။

စာအုပ်အကြောင်း။
The Biography of the Book

TSZ  စာအုပ်ထဲကလို များပြားလှတဲ့ အတွေးအခေါ် အယူအဆတွေ နဲ့ စိတ်ကူးဉာဏ်ကို မီနိုင်တဲ့ စာအုပ်လက်ရာက အတော်ရှားပါးပါတယ်။ Thus Spoke Zarathustra  ကို ၁၈၈၃ မှာ ထုတ်ဝေခဲ့ပြီး အပိုင်းကြီး 4 ပိုင်းနဲ့ဖွဲ့စည်း ထားတယ်။ အပိုင်းခွဲတွေ ၁၆ပိုင်းကနေ ၂၂ပိုင်းထိပါပါတယ်။ TSZ ဟာ Nietzsche ရဲ့လက်ရာတွေထဲမှာ နာမည်အကြီးဆုံးဖြစ်ပြီး ပထမဆုံးအပိုင်းကို 10 ရက်နဲ့ ရေးခဲ့တဲ့အတွက်လဲ လူသိ များပါတယ်။

စာအုပ်က အပြင်လောကမှာရှိတဲ့ Zarathustra လို့ခေါ်တဲ့ ပါရှားက ပရောဖက် (629-551BC) ကို အခြေခံပါတယ်။ သူက ကောင်းခြင်း၊ဆိုခြင်း နိယာမတွေကို ဆွေးနွေးတင်ပြခဲ့ပေမဲ့ Nietzsche ရဲ့ Zarathustra က ကြတော့ ကောင်းခြင်း၊ဆိုးခြင်း နှစ်ခုစလုံးကိုOvercome ဖြစ်ရမယ် လို့ ပြောပါတယ်။ ပြောရရင်အတ္ထုပတ္တိ မဟုတ်ပဲ ပြန်လည်ကိုးကားထားတဲ့ Fictional Character ပါ။
Nietzsche ရဲ့TSZထဲက Zarathustra ဆိုတဲ့ character ဟာ Nietzsche ရဲ့ ဒဿနတွေကို စာဖတ်သူတို့ထံ တစ်ဆင့်ခံ ပြောကြားပေးတဲ့ characterပါပဲ။

စာအရေးအသား ။
The Writing

နိဒါန်းကတော့ Nietzsche စာအုပ် တော်တော်များများထဲကလို ကျမ်းစာထဲက ဖြစ်ရပ်လိုလို၊ သမိုင်းကြောင်း တစ်ခု လိုလို ၊ပုံပြင်ဖြစ်ရပ်ဆန်း တစ်ခုလိုလို ရေးသားထားပါတယ်။
တစ်ခုပြောချင်တာက ဒီစာအုပ်က မြန်မာဘာသာပြန်တော့မရှိဘူး။ English လိုသွားဖတ်မယ်ဆိုရင်တော့ C1 Level ရှိထားရင်အကောင်းဆုံးပဲ။ ဘာကြောင့်လဲဆိုတော့ Nietzsche ဟာ စကားလုံးတွေကို လှည့်ဖျားကစားရတာ ကြိုက်နှစ်သက်သူဖြစ်တယ်။ စကားပုံတွေအမြောက်အများ သုံးစွဲထားတယ်။ စာရေးသားဟန်က အခြားNietzsche စာအုပ်တွေထပ် ဟန်ကျတယ်။ပိုပြီးလန်းတယ်။

စာအုပ်ကပေးတဲ့ဒဿန။
The Philosophy of the Book 

ဒီThus Spoke Zarathustra တစ်အုပ်တည်းနဲ့ Nietzsche ရဲ့ Philosophy အားလုံးကို နားလည်သွားဖို့ရာမဖြစ်နိုင်ဘူး။ ဒါ​ပေမဲ့Postက Nietzsche အကြောင်းကိုပြောနေတာမဟုတ်ပဲ TSZအကြောင်းကိုပြောနေတာဖြစ်လို့ ပါသမျှ Philosophy ကိုပြောပြပေးမယ်။ Nietzsche ဆွေးနွေးခဲ့တဲ့ Philosophy တွေဟာ TSZမထွက်ခင် အရင် The Gay science မှာဆွေးနွေးခဲ့တဲ့ Philosophy တော်တော်များများကို ပြန်လည်အကျယ်ဖြန့်ထားတာပါပဲ။

Overman နှင့် Last Man အယူအဆ ။
Eternal Recurrence ဖြစ်စဥ်။
Human Evolution ( Philosophical )။
Meaningful Life (ဝါ) Dangerous Life(Chaos Life)။
နောက်ဘဝကို သုံးသပ်ပုံ။
ကောင်းကင်ဘုံအ​ပေါ်မမျှော်ကိုးမှု။
  Amor Fati ။


စတာတွေကိုအဓိက ထားဆွေးနွေးသွားတာ ကိုတွေ့ရမှာပါ။ အဲ့အပြင် Nietzsche ရဲ့ နာမည်ကြီး "God is Dead"  အယူအဆကိုလဲ အပြင်းအထန်အသုံးချသွားတာ တွေ့ရပါတယ်။

Part 1 End

#Kira
❤11❤‍🔥3🔥2
Part 2:

စာအုပ်အပေါ် ကျွန်ုပ်၏ ထင်မြင်ချက်။
My Review on this book

(ကဗျာဆန်ဆန်ဖတ်ရတာကြိုက်ရင်ဖတ်ပါ)

“ ကျွန်တော့်အတွက် ဝေးလံခေါင်သီးတဲ့ အိပ်စက်မှု တောင်တန်းကြီးတွေ တည်ရှိရာ  ကမ္ဘာတစ်ခုတည်းကို ရောက်သွားတယ်။ အမြင့်ဆုံးတောင်တန်းပေါ်ကို တက်လိုက်ပြီးနောက် ရုတ်တရက် တိမ်တွေဟာ လှိုင်းတွန့်များလို ဖြစ်လာခဲ့ပြီးနောက် ကျွန်တော့်ကို စိတ်ကူးယဥ်ဆန်တဲ့ ကမ္ဘာ ။ အယုတ်ဆိုးပေမဲ့လှပတဲ့ကမ္ဘာ။ အကျဥ်းတန်သော်လည်း မပယ်ရက်တဲ့ ကမ္ဘာ တစ်ခုစီသို့ လှိုင်းတွန့်တွေကဆွဲခေါ်သွားတယ်။ ဘုရားသခင်ကို မကျေနပ်ဘူး၊ နောက်ဘဝဆိုတဲ့အရာကြီးအပေါ်ကို မယုံရဲ၊ အန္တာရယ်ရှိသောအရာတွေ  ရှောင်ပြေးလာရတာက အပြစ်ရှိသလိုခံစားနေရတယ်။ ”

ဒါကတော့ ဒီစာအုပ်ကိုဖတ်ရင်း ရခဲ့ရတဲ့ခံစားချက်ပဲ ဖြစ်တယ်။ ကဗျာဆန်ဆန်ရေးထားရတာက Nietzsche ရဲ့ အရေးအသားကိုသဘောကျလို့ပါ။
ကျွန်တော်သုံးခဲ့တဲ့ " စိတ်ကူးယဥ်ဆန်သော ကမ္ဘာ " ဆိုတာက Nietzsche ရဲ့ Philosophy ကိုဆိုလိုတယ်။ သူ့ရဲ့ Philosophy တွေက Utopia ဆန်တယ်ဆိုတာ ကျွန်တော် တစ်သီးပုဂ္ဂလ တစ်ဦးတည်းရဲ့ ရှု့ထောင့်သာ လျင်ဖြစ်တယ်။

စာပိုဒ်ထဲက တိမ်တိုက်ကနေ ဖြစ်လာတဲ့လှိုင်းတွန့်တွေက Nietzsche ရဲ့ဒဿန ရိုက်ခတ်မှု၊ လှိုင်းတွန့်တွေ ဝါးမြိုနေခြင်းဟာ စာအုပ်ကိုင်လိုက်ပါပြီဆိုကတည်းက ယခင်က မိမိ အကောင်းဟုထင်မှတ်ခဲ့သမျှ ကိုဆေးကြောရင်း Nietzsche ရဲ့ဒဿန ဝါးမြိုခြင်းကို ခံရခြင်းပဲ။  TSZဟာ စာအုပ်တစ်ခုထပ်ပိုပြီး လှပတဲ့အသွင်သဏ္ဍာန်ရှိနေတာကိုတွေ့ ရတယ်။ ချဥ်ပါတယ် ဆိုတဲ့သံပုရာသီး ကိုမှဝါးစားဖို့၊ ဆူးပါတဲ့ဖက်လုံး ကိုမှဖက်အိပ်ဖို့ တွန်းအားပေးနေခဲ့တယ် လို့မြင်တယ်။

ဒီစာအုပ်ကို ရေးနေစဥ်အတွင်း Nietzsche ဘဝမှာ အပျော်ဆုံးအချိန်တွေဖြစ်ခဲ့ရတယ်။ Nietzsche ရဲ့ဒဿနက အစောပိုင်းကာလမှာ Schopenhauer ရဲ့ ဒဿန လွှမ်းမိုးမှုကိုခံရပေမဲ့ TSZမှာပဲ အပြုသဘောဆောင်ရင်း Cynic (အဆိုးမြင်) ရှု့ထောင့်ကနေ ခုန်ထွက်နိုင်ခဲ့တယ်။  Nietzsche ကို Nihilist Philosopher လို့ ထင်မြင်သူတွေ ဖတ်သင့်တဲ့စာအုပ်ကောင်းတစ်အုပ်ပါ။

Personal Rating 9.4/10
" Must Read " 💯

တင်ဆက်သူ၏ မှတ်စု။ ။TSZထဲမှာ ပါဝင်တဲ့ အကြောင်းအရာတွေကို တစ်ခုမကျန် Reviewလုပ်ချင်ရင် Post နှစ်ခုတည်းဖြင့် မရနိုင်ပါ။ သို့ဖြစ်ပါ၍ လွယ်လင့်တစ်ကူ မဟုတ်စေကာမူ ဂရုစိုက်၍ အနှစ်ချုံ့ထား၏။

Part 2 End

ဒါမျိုးစိတ်ဝင်စားတဲ့ လူတွေရှိရင်နောက်ကြ များများတင်ပေးပါ့မယ်။
More Content?
React for more , Guys

#Kira
❤16💯2🎉1
Platonism

Platonism ဆိုတာက ရှေးဒဿနပညာရှင် ပလေတိုရဲ့ သင်ကြားမှုတွေနဲ့ အတွေးအခေါ်တွေကို အခြေခံယူထားတဲ့ Philosophy စနစ်တစ်ခုပါ။ ဒီအကြောင်းရာမှာတော့ Plato ရဲ့ မတူညီတဲ့ Philosophy တွေပါဝင်ပါတယ် အထူးသဖြင့် သူ့ရဲ့ ဝိပဿနာပညာ (Epistemology) နဲ့ ရုပ်လွန်ပညာ (Metaphysic) ပါ။

Platonism ရဲ့အူတိုင်အနေဖြင့် Platonism က အသွင်သဏ္ဌာန်တွေနဲ့ စိတ်ကူး (Ideas and forms) တွေရဲ့ ထာဝရနယ်မြေ တည်ရှိမှုကိုယုံကြည်တဲ့ယုံကြည်မှုတစ်ခုပါ။ ပလေတိုပြောကြားချက်အရ ထို Form တွေက အရာတွေရဲ့စစ်မှန်တဲ့သဘာဝ (True Nature of Things) ကိုကိုယ်စားပြုတဲ့ ပြီးပြည့်စုံတယ် မပြောင်းလဲနိုင်တဲ့အရာ‌တွေဆိုပြီးဆိုထားပါတယ်။ အဲ့ဒီအရာတွေကတော့ ရုပ်ပိုင်းဆိုင်ရာအရာတစ်ခုကြီးအနေနဲ့တည်ရှိနေတာမဟုတ်ပဲနဲ့ ရုပ်ပိုင်းဆိုင်ရာကမ္ဘာ‌မြေကြီးကိုကျော်လွန်တဲ့စိတ်ကူးစိတ်သန်းသဘော (Abstract) သို့မဟုတ် Universe concept တွေဖြစ်ပါတယ်။ ဥပမာအရပေးရရင် Form Of Beauty. Form Of Justice စတဲ့အရာတွေပါ ကျွန်တော်တို့အခုမြင်နေရတဲ့ အလှတရားတို့ တရားမျှတမှုတို့ကဘာမှမဟုတ်ပါဘူး ဒီတိုင်း ထို Form အစစ်မှန်တွေရဲ့ မပြီးပြည့်စုံတဲ့ ရောင်ပြန်မှုတစ်ခုလေးပါ ဒါကြောင့် Eternal Realm မှာတည်ရှိတဲ့ Form of Beauty တို့ဘာတို့ကအန္တတိမတည်ရှိမှုကြီးတစ်ခုပါ။

Platonism က ခံစားသိရှိနိုင်တဲ့ကမ္ဘာနဲ့ ဉာဏ်ပညာရှိကမ္ဘာရဲ့ကွဲပြားခြားနားမှုကိုလဲ ဖော်ပြထားပါတယ်။ Sensible World (ပထမဦးဆုံးဟာ) က ရုပ်ပိုင်းဆိုင်ရာအသွင်အပြင်ဝတ္ထုတွေနဲ့ ခံစားသိရှိနိုင်တဲ့အတွေ့အကြုံရှိတဲ့ကမ္ဘာပါ လက်ရှိကမ္ဘာပေါ့ ဒါကြောင့် ဒီကမ္ဘာဟာ ပြောင်းလဲနိုင်ပြီး မပြီးပြည့်စုံပါဘူး ဒီ (ကမ္ဘာမှာအကုန်လုံးကပြောင်းလဲနိုင်ပါတယ် ဥပမာအသက်ကြီးလာတာတို့ဘာတို့) Intelligible world ကကြတော့ Realm of Forms ကိုဆိုလိုတာပါအပေါ်ကဟာပေါ့ အကြောင်းပြချက်တွေနဲ့ အသိပညာတွေကြီးပဲရှိတယ်နေရာတစ်ခုပါ (Reason and Intellect)။ ပလေတိုယုံကြည်တာက စစ်မှန်တဲ့အသိပညာတွေနဲ့ နားလည်မှုတွေက ဒီ Form တွေကိုလေ့လာပြီး ဆင်ခြင်နိုင်မှရရှိမယ်လို့ယုံကြည်ပါတယ်။

နောက်တစ်ခုအနေနဲ့က Platonism မှာ မွေးရာပါ အသိပညာ အယူအဆ နဲ့ ဝိညာဉ်ရဲ့ မသေနိုင် မဖောက်ပြန်နိုင်တဲ့အယူအဆကိုပြခဲ့ပါတယ်။ ပလေတိုငြင်းခုန်မှုအရ ဝိညာဉ်က မမွေးခင်ကတည်းကတည်ရှ်ိနေတာဖြစ်ပြီး သေသွားပြီးနောက်မှာလဲဆက်လက်တည်ရှိနေမှာဖြစ်ပါတယ်။ ဝိညာဉ်က Realm of Forms တွေနဲ့ မွေးရာပါဆက်သွယ်နေတာဖြစ်ပြီး စကြာဝဠာကြီးရဲ့အမှန်တရားတွေကိုလဲရရှိထားပါတယ် ပြီးတော့ အတိတ်ဘဝက အတွေ့အကြုံဗဟုသုတတွေကိုလဲပြန်လည်ရယူနိုင်တယ်လို့ငြင်းခုန်ခဲ့ပါတယ်။

Platonism က အနောက်ပိုင်းဒဿနပညာပေါ်မှာလွှမ်းမိုးမှုရှိခဲ့ပြီး အထူးသဖြင့် Metaphysics, Epistemology and ethics ဆိုတဲ့အရာတွေပေါ်မှာပါ။ ဒီဒဿနအပိုင်းက စစ်မှန်တဲ့သဘာဝကိုရှာဖွေဖို့ဆွေးနွေးမှုခေါင်းစဉ်တစ်ခုပါပဲ ဗဟုသုတတွေရဲ့သဘာဝ၊ ကိုယ်ကျင့်တရားဆိုင်ရာ စံနှုန်းတွေကိုရှာဖွေမှုပေါ့

ကျွန်တော်ရေးတာနည်းနည်းရှုပ်သွားနိုင်ပါတယ် တစ်ချို့အရာကြဘယ်လိုရှင်းပြရမှန်းမသိလို့ပါ Metaphysical အကြောင်းလဲအရင်ကရေးဖူးပါတယ် Search Bar မှာရှာဖတ်နိုင်ပါတယ်ဗျ။
#MerlinHermes
❤10❤‍🔥3
ᴇɢɢ ᴛʜᴇᴏʀʏ သို့မဟုတ် ᴍᴀɪɴ ᴄʜᴀʀᴀᴄᴛᴇʀ ᴛʜᴇᴏʀʏ
ဘာသာပြန်
အောင်အောင်တစ်ယောက် ညနေရောက်လို့ ထုံးစံအတိုင်း စက်ဘီးကို ခပ်မြန်မြန်နှင်းပြီးအိမ်ကိုပြန်နေခဲ့သည်။ ယနေ့မှာ အချိန်ပိုရှိသဖြင့် ခါတိုင်းနေ့များထပ်တော့ ပြန်ချိန်မှာ အတော်နောက်ကျကာ
လမ်းတစ်လျှောက်လူခြေပင်မရှိတော့ပင်။
ထိုအချိန်... အောင်အောင် ဘယ်ကမှန်းမသိ ထရက်ကားတစ်စီးဝင်တိုက်ခံရကာ နေရာတင်ပွဲချင်းပြီး‌သေသွားခဲ့သည်။ အောင်အောင်တစ်ယောက်
သူ၏ကျန်ရစ်သူမိခင်နှင့် အမနှစ်ယောက်ကိုအပြီးတိုင်နှုတ်ဆက်ခဲ့ရလေရဲ့။
ဒီလိုနှင့် အောင်အောင်နှင့် ကျွနုပ်၏ ပထမဆုံးမဟုတ်တဲ့ပထမဆုံးသော တွေ့ဆုံမှုစတင်လေသည်။

အောင်အောင် တစ်ယောက်.. တစ်ဖြည်းဖြည်းသတိပြန်လည်လာပြီ အားမရှိသလိုခံစားရသော်လည်းသူ ရှိသမျှအားနှင့်မျက်စိကိုဖွင့်လိုက်သည်။ သို့ရာတွင် သူမြင်လိုက်ရသော မြင်ကွင်းကသူ့ကို အံသြသင့်သွားစေသည်။ သူ့ရှေ့တွင်ဘာမှမရှိ၊ပြောရရင် အမှောင်ထုကလွဲရင်ကျန်တာဘာမှကိုမရှိပေ။ခနအကြာ သူဘေးပတ်လည်ကိုလှည့်ပတ်ကြည့်ရာ လူတစ်ယောက်ကိုတွေ့လိုက်ရသည်။
သူ၏ ပုံစံမှာ လူသဏ္ဌာန်နှင့်ဆင်တူသော်လည်း အဖြူရောင်အငွေ့များနှင့်ဖုံးအုပ်ထားပြီး ကိုယ်ပေါ်တွင်လည်း ကြယ်စုအဝေးများနှင့်ဆင်တူတဲ့ အစက်အပျောက်တွေရှိလေသည်။
အောင်အောင်တစ်ယောက် ခနတာ ငေးငိုင်ပြီးနောက် ရှေ့ကလူကိုစကားတစ်ခွန်းမေးလိုက်သည်။
ခင်ဗျားကဘုရားသခင်လားဆိုသည်ပင်ဖြစ်သည်။
အရှေ့ကလူကခေါင်းငြိမ့်ပြလိုက်သည်။
အောင်အောင်ထပ်မေးသည်။ ဒါဆိုကျွန်နော်ကသေသွားပြီလား။ အရှေ့ကလူသည် ဘာတစ်ခွန်းမှမပြောဘဲ ခေါင်းသာထပ်မံငြိမ့်ပြခဲ့သည်။
အောင်အောင်ရုတ်တရက်.. ဝမ်းနည်းသလိုဖြစ်လာပြီး ဘုရားသခင်ကိုပြောလိုက်သည်၊ကျွန်နော့် အမနှစ်ယောက်နဲ့အမေကရောဘယ်လိုလဲဆိုပြီး သို့ရာတွင် ဘုရားသခင်ဆိုသည့် အဖြူရိပ်မှာ ဘာတုံ့ပြန်ချက်မှပြပုံမပေါ်ဘဲခနအကြာတွင် ခနလောက်လမ်းလျှောက်ရအောင်ဟု ပြီးရင် လမ်းမှာမင်းသိချင်တဲ့အဖြေတွေပြောပြမယ်ဆိုပြီး ပြောလိုက်သည်။
အောင်အောင်လည်းထိုဘုရားသခင်နဲ့လိုက်သွားလေသည်။
ဘာမှမမပြောဘဲ မိနစ်ပိုင်းလောက်လမ်းလျှောက်ပြီးသည့်အချိန်တွင် ဘုရားသခင်မှ
မင်းအမတွေနဲ့အမေကအဆင်ပြေပါတယ်ဟုဆိုပြီး
စကားဝိုင်းကိုစတင်အသက်သွင်းလိုက်သည်။
မင်းအမေကတော့ မင်းသတင်းကြားတုန်းက နေမကောင်းပါဖြစ်တာ နှစ်လလောက်ကြာတယ်။နောက်ပိုင်းတော့တစ်ဖြည်းဖြည်းနေသားကျသွားတာပါပဲ ဒါပေါ့မင်းအမတွေလည်းသိပ်မကွာဘူး
သူတို့ရဲ့စိတ်ထဲမှာတော့မင်းက သားကောင်း၊မောင်ကောင်းတစ်ယောက်ပါပဲ အဲ့တော့သိပ်စိတ်မပူနဲ့
အခုမင်းသိချင်တဲ့အရာတွေငါပြောပြမယ်

အောင်အောင် ဘာမှပြန်မပြောဘဲ တိတ်တိတ်လေးပဲနားထောင်လေ၏။
ခနအကြာတွင် အောင်အောင်က မေးခွန်းတစ်ခုမေးကာ စကားဝိုင်းကိုပြန်ဆက်လေသည်။
ခင်ဗျားက ဘုရားသခင်ဆိုတော့ ခရစ်ယာန်တွေကမှန်တာပေါ့ ဒါဆိုကျွန်နော်က ငရဲသွားရမှာလား ကောင်းကင်ဘုံသွားရမှာလား
တစ်ခုမှမဟုတ်ဘူး။ မင်းက‌ပြန်ဝင်စားရလိမ့်မယ်
ဘာသာတိုင်းကတော့သူ့ဟာနဲ့သူမှန်တာပါပဲ။
Part1 end
Part 2 react?
#allheavens
❤18🔥3
1922(2017)

အပြစ်တရား နဲ့ စိတ်ကျရောဂါများကြောင့်ပျက်စီးသွားသောဘဝများ။

1922, Nebraska ပြည်နယ်မှာ လယ်သမား wilfred က ဇနီးဖြစ်သူ arlette ၊သားဖြစ်သူ Henry တို့နဲ့တူတူနေထိုင်ပါတယ်။ ဇနီးဖြစ်သူက လယ်တွေကိုရောင်းချပြီး မြို့ကို ပြောင်းရွေ့ချင်ခဲ့တယ်။ ဒါကို Wilfred က ဆန့်ကျင်ပြီး သားဖြစ်သူနဲ့ တိုင်ပင်ပြီး ဇနီးဖြစ်သူကို သတ်ဖြတ်ခဲ့ပါတယ်။

သတ္တိမရှိတဲ့ မျိုးစိတ်ဂုဏ်ယူမှု (Toxic Masculinity)

သူ့အားနည်းချက်ကိုဖုံးကွယ်ထားဖို့ စဉ်းစားမိတဲ့ဆုံးဖြတ်ချက်တွေက အပြစ်တွေကိုစတင်စေမိခဲ့တယ်။သူ့အတွက်သူ့ဇနီးကိုသတ်မှုက သူ့ego ရဲ့ အနိမ့်ဆုံးရာထူးကို ဖော်ပြပေးတယ်။ သူ့ဇနီးက သူ့ရဲ့မာနကိုထိခိုက်စေတဲ့သူ၊ မဟုတ်ရင်နာမည်ပျက်စေမယ့်သူလို့ မြင်ပြီး သတ်ခဲ့တယ်။

ဒီရုပ်ရှင်က အဓိကအနေနဲ့ willfred ရဲ့ ego ကြီးမားပုံကို ရိုက်ထားတယ်လို့ မြင်မိပါတယ်။ ပြီးတော့ သူတို့သား Henry ။
Henry က obsessive love ကြောင့် ဘာမှမမြင်တော့ပဲ သူ့အမေက သူ့တက်လမ်းကိုပိတ်နေတယ်လို့မြင်လာပြီး သူ့အမေကိုသတ်ဖို့အဖေနဲ့ပူးပေါင်းလိုက်တဲ့အခါမှာတော့ self-interest က သူ့ရဲ့ morality ကိုဖုံးအုပ်သွားခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ အတ္တကြီးမားတဲ့အဖေနဲ့ ရူးမ်ိုက်တဲ့သားတို့က သူတို့ရဲ့အပြစ်တွေကိုတစ်ခုချင်းတွေ့မြင်လာပြီး စိတ်ကျရောဂါဖုံးလွှမ်းကာ သေတဲ့အဆင့်ထိရောက်သွားခဲ့ရပါတယ်။

ဇနီးဖြစ်သူarlette သာမြို့ကိုမပြောင်းချင်ခဲ့ရင်။
Wilfred သာ သူ့မိန်းမကိုသတ်ဖို့မကြိုးစားခဲ့ရင်။
Ego ကသာ အနိုင်မရခဲ့ရင်။

ဒီ movie ကတော့ Stephen king ရဲ့ dark tone တွေကိုနှစ်သက်တဲ့လူတွေအတွက်တော့ gold လိုပါပဲ။ ပြီးတော့ ရိုးရိုးstory line ထက်ပိုပြီး စိတ်ဓာတ်၊ အတိတ်နဲ့ အာရုံတွေကို ပေါင်းစပ်ထားတဲ့ Psychological Horror underrated ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပါတယ်။

horror/crime ကြိုက်တတ်တဲ့လူတွေအတွက် ကြည့်သင့်တဲ့ကားဖြစ်ပြီး admin ရဲ့ fav တွေထဲက တစ်ကားဖြစ်တာကြောင့် ဒီကားလေးကိုကြည့်ဖို့ လုံးဝ recommend ပေးပါတယ်ရှင့်။

#huzailx
❤11👏2🔥1