𝙏𝙝𝙞𝙣𝙠𝙫𝙚𝙧𝙨𝙚
1.36K subscribers
262 photos
9 videos
13 files
126 links
သတင်း ၊ ဒဿန ၊ စာပေ ၊ သိပ္ပံနှင့် ဖျော်ဖြေရေး အရေးအသားများ

Our Web(closed)
thinkverse.lovable.app

Lunatic's Collection
https://t.me/IknowledgeField/476

Merlin's Collection
https://t.me/IknowledgeField/154

Contact for business -
@MertvetsKira
Download Telegram
Gojo's infinity ကဘယ်လိုအလုပ်လုပ်တာလဲ?

ပထမဆုံး သူ့ infinity အကြောင်းမပြောခင် အရင်ဆုံးသူနဲ့ conceptချင်းတူတဲ့ Achilles paradox အကြောင်းပြောရမယ်။

Achilles paradoxဆိုတာက Zeno of Eleaရဲ့ ဂရိဒဏ္ဍာရီထဲကအပြေးအမြန်ဆုံးသူရဲကောင်း အားခီလီစ်(Achilles)နဲ့ ကုန်းလိပ်(tortoise)တို့ရဲ့ အပြေးပြိုင်တာကို ဥပမာအနေနဲ့ထားပြီး infinity အကြောင်းပြောထားတဲ့ paradoxပါ။
ဘယ်လိုအပြေးပြိုင်တာလည်းဆိုရင် ကုန်းလိပ်ကို အကြောပေးပြီး Achilles က အမီလိုက်မယ်၊အချိန်သတ်မှတ်ချက်တစ်ခုမှာ Achillesက နဂို ကုန်းလိပ်ရောက်ခဲ့တဲ့နေရာကိုရောက်သွားမယ် ဒါပေမယ့် ကုန်းလိပ်ကလည်းနောက်တစ်နေရာကို
ရောက်နှင့်နေပြီအဲ့လိုနဲ့ Achillesက ကုန်းလိပ်ရဲ့နေရာထပ်ရောက်၊ကုန်းလိပ်ကနောက်တစ်နေရာထပ်ရောက်ပြီး Achilles ကဘယ်တော့မှ ကုန်းလိပ်ကိုအပြေးပြိုင်ရာမှာမနိုင်ဘူးဆိုပြီးပြောထားတယ်။

ဒါကတကယ်တော့မှားပေမယ့် မှန်နေပါတယ် ဘာလို့လဲဆိုတာကိုရှင်းပြပါ့မယ်။မှန်တယ်ဆိုတာက zenoဆိုလိုချင်တာက လိပ်နဲ့လူရဲ့ကြားထဲက အကွာအဝေးကိုပြောတာ လူရဲ့နေရာက 1ဆိုပါတော့ လိပ်က 2မှာရှိနေမယ် အဲ့ ကိန်းနှစ်ခုကြားထဲမှာရှိတဲ့မရေမတွက်နိုင်တဲ့ကိန်းတွေကြောင့် 1နေရာမှာရှိတဲ့လူကဘယ်တော့မှ 2နေရာကလိပ်ကိုမရောက်နိုင်ဘူးဆိုတာပေါ့။ ဒါပေမယ့်လည်း ရိုးရှင်းတဲ့ ပုံသေနည်းဖြစ်တဲ့ 1+1=2နဲ့ဆို ဒါကဖြတ်ကျော်လို့ရပါတယ်

ဥပမာ လိပ် က 10m အသာစီးရထားတယ်။
Achilles က လိပ် ထက် 4ဆမြန်ဆန်တယ်။
1. Achilles က 10m ကို 5 စက္ကန့်အတွင်းရောက်မယ်။
2. ထိုအချိန်မှာ လိပ် က 2.5m ရှေ့ကိုရောက်သွားမယ်။
3. ထပ်ပြီး Achilles က 2.5m ကိုရောက်တဲ့အချိန်မှာ လိပ် က 0.625m ရှေ့တိုးမယ်။
ဒီလိုပုံစံမျိုးနဲ့သူပြောတာကိုတွက်ကြည့်ရင် limitအရ တိကျတဲ့အချိန်တစ်ခုမှာ လိပ်ကိုကျော်နိုင်သွားပါလိမ့်မယ်။
အမြန်နှုန်းချင်းတူတဲ့ သူချင်းဆိုရင်တော့မကျော်နိုင်ပေမယ့် အခုက လိပ်နဲ့လူပါ။ အဲ့ခေတ်က calculate မပေါ်သေးလို့လားတော့မသိပါ။

ဒါဆို gojoရဲ့ဟာကိုပြန်ဆက်ရအောင်။
Gojoကသူနဲ့သူ့ရဲ့ပစ်မှတ်ကြားက အကွာအဝေးကို သဘာဝအရတည်ရှိနေတဲ့ infinity နဲ့ tiny spaceတွေဖန်တီးပြီး infinite ဖြစ်တဲ့အထိဆွဲဆန့်လိုက်တာပါ tiny spaceတွေက infinite decimalsတွေနဲ့အလုပ်လုပ်ပုံဆင်တူပါတယ်။စောက ပြောခဲ့တဲ့ 1နဲ့2က gojoနဲ့သူ့ရဲ့ပစ်မှတ်ဖြစ်ပြီး tiny spaceတွေက ကြားထဲက နံပါတ်တွေလို့တွေးလို့ရပါတယ်။ပြောရရင် သူက တကယ်ကြီး infinity အဆုံးမရှိမဟုတ်ဘဲနဲ့ ဒီတိုင်း နဂိုမူရင်းအကွာအဝေးက infinity ဖြစ်တဲ့အထိဆွဲဆန့်ထားတာပါ။ သီအိုရီ အရစက္ကူတစ်ချပ်က အဆုံးမရှိထပ်ခါထပ်ခါခေါက်လို့ရတယ်ဆိုတာနဲ့တူပါတယ်။
ဒီလိုလုပ်လိုက်တဲ့အတွက် gojoကိုတိုက်ခိုက်တဲ့တိုက်ခိုက်မှုတွေကအချိန်အကန့်အသတ်မရှိတာကြောင့် နှေးသွားပြီးရပ်တန့်လုနီးပါးပါဖြစ်သွားပါတယ်။ဒါကြောင့်သူ့ဆီကို တိုက်ခိုက်မှုကမရောက်တော့ပါဘူး ဒါပေမယ့် bypassလုပ်လို့ရတဲ့နည်းတွေကတော့ရှိပါသေးတယ်

ဒါဆိုဘယ်လိုလုပ်မလဲ?
ပထမဆုံးနည်းကတော့ သီအိုရီအရပါပဲ ပြောရရင် စောနက Achilles paradox လိုပဲ 1နဲ့2ကြားထဲကအကွာအဝေးကို 1+1=2ဆိုတာမျိုးနဲ့လုပ်သလိုပဲ gojoကိုလည်း speedနဲ့တစ်ချိန်ကျ သူ့ဆီတိုက်ခိုက်မှုဒါမှမဟုတ် ပစ်မှတ်ကရောက်နိုင်ပါတယ်။(သီအိုရီအရပါပဲ)
Sukunaကလည်း သူ့ရဲ့ domain amplificationနဲ့အတွင်းကနေဖျက်ပြသွားခဲ့ပါတယ်။

-အပြင်ကနေဖျက်လို့ရလားဆိုရင်တော့
Canonမဟုတ်တဲ့အတွက် fanတွေကြားမှာ သီအိုရီအမျိုးမျိုးနဲ့ငြင်းနေကြတုန်းပါ။

-Gojoရဲ့ infinityက ရုပ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုတွေကိုပဲ တားဆီးဖို့လုပ်တာမလို့ စိတ်ပိုင်းဒါမှမဟုတ်တစ်ခြား special abilities တွေ haxတွေနဲ့ဆိုလည်း ထိခိုက်အောင်လုပ်လို့ရပါတယ်

React?
#allheavens
❤10
Kira's Collection;Literature 📌

[Click a text to read]

•LiteratureQuotes_1 ☕

• Book Review : White Nights 🌌

• LiteratureQoutes_2 ☕️

• Book Review : No Longer Human 👁‍🗨

• Book Review : L'tranger 🔆

•Albert Camus ☕️

•Book Review : Animal Farm 🐔

•Book Review : Thus Spoke Zarathustra 🪬

•Vintage Poem 🌱

•Catcher in the rye ▪️

#Kira
Please open Telegram to view this post
VIEW IN TELEGRAM
❤6
Kira 's Collections

•Psychology Collection
https://t.me/IknowledgeField/159

•Philosophy Collection
https://t.me/IknowledgeField/157

•Literature Collection
https://t.me/IknowledgeField/160

•10 Days 10 Writers
https://t.me/IknowledgeField/308


#Kira
❤10
ဒီနေ့ Adminများ Postမတင်ပါ။
ဒီည New yearည ဖြစ်သည့်အလျောက် အပျင်းထူခွှင့်ပြုပါရန်။

#Kira
❤8
Favourite fictional character
တစ်ကောင်ရေးသွားကြပါ
အကြိုက်တူရင်
တစ်ခုခုပေးပါ့မယ်
#baixiaochun
❤9
Happy new year guys

နှစ်သစ်မှာ ​ကျန်းမာချမ်းသားပျော်ရွှင်ကြပါစေ။ လိုရာဆုတောင်းများလည်းပြည့်ကြပါစေ။

Wish you all best ပါ ❤️🍀
#adminteam
❤10🎉2
I.K ကနေ မျှော်နေတဲ့Postတွေက...
Anonymous Poll
45%
Psychology
20%
Philosophy
10%
Books Review/Literature
20%
Fictional Knowledges
4%
Science & cosmology
❤9
နှစ်သစ် လက်ဆောင် ။
စာအုပ် ကနည်းနည်း ထူတယ်။ ရှင်းတယ်။ လူသားသမိုင်းအကြောင်းရေးထားတာ ။ အစအဆုံးပါတယ်။ လူတွေမျောက်ကစဖြစ်လားဘာလား ငြင်းနေကြသေးတဲ့လူတွေအတွက်ဖတ်ဖို့သင့်တယ်။

#Kira
❤4🥰2
Sigmund Freud : Oedipus complex

ဖတ်ရန်ကြာချိန် - ၂မိနစ် နီးပါး။

Psychology post ပါ။ ဒီနေ့မှာတော့ စိတ်ပညာနယ်ပယ်မှာ အလွန်ထင်ရှားတဲ့ ဩစတြီးယားနိုင်ငံသား ဦးနှောက်အထူးကုဆရာဝန် စိတ်သရုပ်ခွဲပညာ ( psychoanalysis ) ရဲ့ ဖခင်ကြီးလို့ တင်စားခေါ်ဝေါ်ရမဲ့ Sigmund Freud နဲ့ သူအဆိုပြုခဲ့တဲ့ Oedipus complex အကြောင်း တစ်စေ့တစ်စောင်းပြောပြပါမယ်။

Freud ရဲ့ Impact

သူ့ မတိုင်ခင်တုန်းက စိတ်ကို သရုပ်ခွဲတယ်ဆိုတာမျိုး မရှိခဲ့ပဲနဲ့ စိတ်ကိုတစ်ခုတည်းအဖြစ်သာ သတ်မှတ်ပြီး သဘာသဘာဝ တွေကို ​ကောက်ချက်ချ ကြံဆခဲ့ကြရပါတယ်။
Freud ကတော့ စိတ်ကို မသိစိတ်၊ သိစိတ်နဲ့ ကြားခံစိတ်ဆိုပြီး သရုပ်ခွဲပြခဲ့ပါတယ်။
(Freud ဟာ လူအများ ပြောပြောနေကြတဲ့ မသိစိတ်ဆိုတဲ့ အသုံးကို သူက စတင်သုံးနှုန်း ခဲ့သူ ပါ) ။
သူ့ဘဝရဲ့ သီအိုရီများစွာထဲက ယနေ့ထိ psychology နဲ့စိမ်းနေတဲ့လူတွေအတွက် ကြောင်စီစီနိုင်မဲ့ Mental Complex Theory တစ်ခုကိုပြောပြပေးပါ့မယ်။

Oedipus Complex

Oedipus Complexအကြောင်း ပိုမိုနားလည်ဖို့ Greek Myth of Oedipus အကြောင်းအရင်ပြောရပါမယ်။ Oedipusက သူ့အဖေကို သတ်ပြီး အမေ့ကိုပြန်လည်လက်ထပ်ယူခဲ့တဲ့ သူပါ။ ( ဟုတ်ပါတယ်။ သင်မှား မဖတ်ပါဘူး)

စိတ်ဝင်စားဖို့ ကောင်းတဲ့အခန်းလာပါပြီ။
ဖရွိုက်က အမေချစ်သားတစ်ယောက် ဖြစ်ပြီး ငယ်စဥ်က အမေကို သည်းသည်းလှုပ်ချစ်တာကြောင့် သူ့အဖေအပေါ် မနာလိုဝန်တို စိတ်တွေ၊ ပြိုင်ဖက်လို သဘောထားတာတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။ အောင်မြင်တဲ့ စီးပွားရေးသမားဖြစ်တဲ့ သူ့အဖေရဲ့ အရှိန်အဝါက သူ့အပေါ် လွှမ်းမိုးထားတယ် လို့ ခံစားခဲ့ရပါတယ်။ ဒီလို ခံစားချက်တွေက သူ့ရဲ့ Oedipus complex သီအိုရီဖြစ်ပေါ်လာဖို့ ပံ့ပိုးခဲ့ပါတယ်။

Oedipus Complex ဆိုတာက ငယ်စဥ် အသက် 3နှစ်ကနေ6 နှစ် အတွင်း ဖြစ်တတ်တဲ့Psychological Development တစ်မျိုးပါ။

မိမိသွေးသား ဟာ ​လိင်မတူ စိတ်ဝင်စားသူတစ်ဦးဆိုပါက မိဘနှစ်ပါးထဲက လိင်မတူတဲ့ မိဘအပေါ်ကို “သာမန်ထပ် ပိုတဲ့” မေတ္တာသက်ဝင်မှုမျိုး ရှိပြီး လိင်တူတဲ့ မိဘအပေါ်ကို မနာလိုမှု၊သဝန်တိုမှု တွေ ရှိတတ်တဲ့ Child Psychological development တစ်မျိုးဖြစ်ပါတယ်။ Freud ဆိုတာက Oedipus Complex ဟာ Psychopathically Mind Complex တစ်မျိုးမဟုတ်ပါဘူး။ (ပြောချင်တာက ငယ်စဥ်မှာဆို ကုသမှုယူဖို့လိုတာမျိုးမဟုတ်ဘူးပေါ့) ။ အသက် 3ကနေ 6နှစ် အလွန်ရောက်တဲ့အခါမှာ ကလေးတစ်ယောက်က ထိုMind Complexကနေ ပုံမှန်လို Out growဖြစ်လာရမှာပါ။ ဖြစ်မလာခဲ့ရင်၊အချိန်အတော်ကြာစွဲကပ်နေရင်တော့ ရောဂါတစ်ခုလို ခေါ်ဆိုနိုင်တဲ့stateထိ ရောက်နိုင်ပေမဲ့ များသောအားဖြင့် တော့ Out grow ဖြစ်သွားကြတာချည်းပါပဲ။

Welcome to the psychology guys
နောက်ကြလဲ ဒီလိုထူးထူးဆန်းဆန်းတွေချည်း တင်မှာပါ။ Psychology ဆိုတာကဒီလိုပါပဲ လူတွေမယုံနိုင်တဲ့ ကျင့်ဝတ်တွေ၊ကိုယ်ကျင့်တရားတွေကို ဆန့်ကျင်တဲ့ Mental Stateတွေ အကြောင်းကိုလဲလေ့လာရပါတယ်။ ကျွန်တော်ကတော့ ဒါက အထူးအဆန်းကြီးမဟုတ်ဘူးထင်တာပဲ။ အချိန်တန် Out Growဖြစ်လာတာပဲဥစ္စာ။ အချို့လူတွေကတော့ လက်မခံကြဘူး၊ Freudကို သူဖြစ်တိုင်းငါတို့လိုက်ဖြစ်ရမှာလား ဆိုပြီး ပြောကြပါတယ်။ အဲ့လူတွေက Mental Complex Stateဆိုတာကို ဘာလဲနားမလည်တဲ့လူတွေလို့ပဲထင်ပါတယ်။

ဒီနေ့တော့ဒီလောက်ပါပဲ။
It's a first of da monthz ပါညီကိုတို့။

#Kira
❤14🤯2🙊1
Sonic 3
2024မှာထွက်တဲ့ကားတွေထဲ plotတွေက simple ဖြစ်ပေမယ့် ပြောရမယ်
Ending ကလည်းမိုက်တယ်
Eggman နဲ့ shadowလည်းတကယ်ကို unique ဖြစ်သွားတယ်
Overall7/10လောက်ပေးရမယ်
ကျန်တာကတော့ spoilရာရောက်မှဆိုးလို့မပြောတော့ဘူး😁
#baixiaochun
❤6
ဆရာသမား အိပ်ချင်မူးတူးနဲ့ Reviewရေးသွားတာလန်းချက်
#Kira
🤣5
What is Conceptual Manipulation?
ɪɴᴛʀᴏᴅᴜᴄᴛɪᴏɴ
Conceptual Manipulationအကြောင်းမပြောခင်
Conceptဆိုတာဘာလဲအရင်ပြောကြရအောင်
concept ကိုဘာသာပြန်ရရင် အယူအဆပေါ့။
Concept ကတော့အရာအားလုံးမှာရှိတယ်။
မြင်သမျှ အရာအားလုံးပေါ့။
ပြောရရင် ဆောင်းရာသီမှာ အေးတယ်လို့ခံစားလာရရင် ဒါက concept of coldnessပေါ့ အဲ့လိုမျိုးပဲ
Concept of manipulation,concept of walking, concept of killing... စတဲ့စတဲ့အရာအားလုံးမှာ concept တွေကရှိတယ် ။ love တို့လို အရာတွေကျတော့ concept itself တွေပြောရမယ်။
ဆိုတော့ conceptual manipulation ကဘာလဲ
Fiction မှာဘယ်လောက်ထိအသုံးဝင်လဲအသုံးများကြလဲ?
လုပ်နိုင်တာတွေကတော့ နာမည်အတိုင်း concept တွေကိုချယ်လှယ်နိုင်တာပေါ့ ဒါပေမယ့်လွှမ်းမိုးမှုက fundamental principles တွေအထိပါသက်ရောက်တယ်။ဒီလိုပြောင်းလဲလိုက်ရင်ကမ္ဘာကြီးကပါ အသစ်သောနည်းယာမကိုကိုက်ညီအောင်ပြောင်းလဲသွားတာမလို့ သာမန်လူတွေရဲ့ စိတ်နဲ့ဆို နားမလည်အောင်နက်နဲတာမလို့ ဘယ်လိုလဲတော့မသိပါ။ ဒါပေါ့ အသစ်တွေဖန်တီးတာတင်မကပဲ ဖျက်စီးနိုင်တာတွေလည်းလုပ်နိုင်ပါသေးတယ် spaceတွေ၊လူတစ်ယောက်ကိုလုံးဝဖျက်ပစ်တာအထိပါရပါတယ်။ဒီလိုဖျက်ခံရတဲ့သူက ဆင်တူတဲ့ conceptual creation နဲ့ပြန်မလုပ်ရင် နဂိုအတိုင်းပြန်မရပါဘူး။ conventional regeneration တွေလည်းအသုံးမဝင်ပါဘူး ဘာလို့ဆိုဒီတိုင်းရိုးရိုးသတ်လိုက်တာမျိုးမဟုတ်ဘဲ တစ်ခါမှမတည်ရှိခဲ့အောင်လုပ်လိုက်တာမလို့ existence ကနေပျောက်သွားတဲ့အတွက် creation နဲ့ပြန်ခေါ်မှပဲရပါမယ်။
ဒီနေ့ကတော့ introduction ပဲတင်တာမလို့ဒီလောက်ပါပဲ ကျန်တဲ့ partတွေနောက်နေ့မှတင်ပေးပါ့မယ်။
React?

#allheavens
🔥8❤2🦄2🙊1
Existentialism

ငါဘာလို့ အသက်ရှင်နေရတာလဲ ။ ဘဝရဲ့အဓိပ္ပါယ်ကဘာလဲ ။ ရှင်သန်မှုက တစ်ကယ်ရော အဓိပ္ပါယ်ရှိလို့လား ။

ဒီမေးခွန်းတွေက ကျွန်တော်တို့ ခေါင်းထဲကို တစ်မျိုးမျိုးနဲ့
တိုးဝှေ့ဝင်ရောက် လာတဲ့အခါ
"Existential Crisis" ဖြစ်တယ် လို့ခေါ်ဆိုနိုင်ပါတယ်။

Existentialism ဟာ ၁၉ နဲ့ ၂၀ ရာစု အတွင်း Søren Kierkegaard နဲ့ Friedrich Nietzsche လိုမျိုး ဒဿနပညာရှင် တွေရဲ့ လွှမ်းမိုးမှုအောက်က Philosophy Framework တစ်ခုဖြစ်တယ်။ Philosophy ကို ပိုမိုနားလည်ချင်ရင်

https://t.me/IknowledgeField/157 ။

Existentialism က နောက်ပိုင်းမှသာ Jean-Paul Sartre,Camus နဲ့ အခြားသော ဒဿန အတွေးအခေါ်ပညာရှင် တွေရဲ့ စာပေလက်ရာတွေ ကနေတင်ဆင့် WW2 အပြီး ပိုပြီးလူသိများလာ တယ်။

Existentialism ဆိုတာကို မြန်မာလို ဘာသာပြန်ရရင် " အတ္တဘဝမှန်ဝါဒ (သို့) ဖြစ်တည်မှုပဓာနဝါဒ " လို့ ဘာသာပြန် ရမှာဖြစ််တယ်။

ပိုမိုနားလည်လွယ်အောင် ပြောရရင် မိမိဘဝရဲ့ အဓိပ္ပါယ် ၊ တန်ဖိုး၊ အနာဂတ် တွေ ကို ကိုယ်တိုင်ဖန်တီးပြီး အနက်ပြန်ဖွင့်ဆိုရမယ် ။

အတ္တ(self) ကို ကိုယ်တိုင် သတိမူ ပြီး ထိုသတိကိုအခြေ ပြု တွေးခေါ်ပြီး ဘဝခံယူချက်တွေ လှုပ်ရှား ချမှတ်တဲ့ framework တစ်ခုပါ။

(အတ္တဟု ဆိုသည့် နေရာတွင် Egoကိုဆိုလိုခြင်းမဟုတ် အလျင်း Self ကိုသာဆိုလိုခြင်း ဖြစ်ပါ၏)

Existentialism အမျိုးမျိုးရှိကြတယ်။

Christian Existentialism,
Atheist Existentialism နဲ့ Absurd Existentialism (သို့မဟုတ်) Absurdism


Existentialism ရဲ့ Background Notion ကို ကျွန်တော်အပေါ်က ခြုံငုံ ပြောဆိုတဲ့နေရာမှာတင်နားလည်သဘောပေါက်ထားရင် ထိုသုံးခုကို ကျွန်တော်ရေးသား ရာမှာ ဆက် ဖတ်ရတာအဆင်ပြေမှာပါ။

ဒီနေ့တော့ဒီလောက်ပါပဲ။

#Kira
❤9❤‍🔥3
Literature ဖက်နည်းနည်းလှည့်ပြီး ဒီည George Orwell ရဲ့ "Animal Farm" ကို review ရေးပေးမယ် ။ မြန်မာဘာသာပြန် သခင် ဘသောင်းရဲ့ " ခြေလေးချောင်းတော်လှန်ရေး " ပေါ့။ PDF fileလိုချင်ရင် @MertvetsKira ကိုလာတောင်းလို့ရတယ်။

#Kira
❤11