𝙏𝙝𝙞𝙣𝙠𝙫𝙚𝙧𝙨𝙚
1.36K subscribers
262 photos
9 videos
13 files
126 links
သတင်း ၊ ဒဿန ၊ စာပေ ၊ သိပ္ပံနှင့် ဖျော်ဖြေရေး အရေးအသားများ

Our Web(closed)
thinkverse.lovable.app

Lunatic's Collection
https://t.me/IknowledgeField/476

Merlin's Collection
https://t.me/IknowledgeField/154

Contact for business -
@MertvetsKira
Download Telegram
Metaphysic ဆိုတာဘာလဲ

Metaphysic ဆိုတာက Philosophy တစ်မျိုးပါ Universe, Existence, Nature of reality တွေကိုအသေးစိတ်ရှာဖွေတဲ့ Philosophy အခွဲတစ်ခုပါ Metaphysic ကလဲ Physic လို့ပဲခေါ်ရမလားပေါ့ ကားတစ်စီးက ဘယ်လိုအရှိန်မျိုးနဲ့ဘယ်လိုရွေ့ရင် ဘယ်လောက်ရောက်မလဲဆိုတဲ့ သဘောထက် Universe ကြီးကဘာလို့ဒီလိုဖြစ်ရလဲဆိုတဲ့အရာကို Question ထုတ်တာပါ Metaphysic မှာ "Meta" ဆိုတာရဲ့နာမည်က Greek လို ကျော်လွန်ခြင်း ( Beyond) လို့အဓိပ္ပာယ်ရပါတယ်။

Ontology and Cosmology

Metaphysic ကိုအပိုင်းနှစ်ခုခွဲထားပါတယ် "ရှိမှုဗေဒ" နှင့် "စကြာဝဠာဗေဒ" (Cosmology and ontology) ဆိုပြီးခွဲထားတာပါ Ontology ကတော့ ကျွန်တော်တို့လဲတွေးရင်တွေးမိလိမ့်မယ် အဲ့တာတွေကတော့ "တည်ရှိနေရတဲ့ရည်ရွယ်ချက်ကဘာလဲ ငါတို့ကဘာလို့ဖြစ်တည်နေတာလဲ ငါတို့ကဘာတွေလဲ ပြီးတော့ ဘယ်လိုအရာတွေများဒီလောကထဲတည်ရှိနေလဲ" စသည့်အရာတွေကို မေးခွန်းထုတ်တဲ့ အပိုင်းပဲဖြစ်ပါတယ် Ontology ကတော့။ Cosmology ကတော့ ကိုယ်ရဲ့ဖြစ်တည်မှုတင်မဟုတ်ပဲ Universe ကြီးရဲ့ဖြစ်တည်မှုကိုပါ မေးခွန်းထုတ်တာပါ Universe ကြီးတည်ရှိနေရတဲ့ရည်ရွယ်ချက်တွေ၊ Universe ရဲ့မူလအစတွေ၊ Universe ကြီးရဲ့ အန္တတိမဖြစ်တည်မှုတွေကို မေးခွန်းထုတ်ပါတယ် Question တွေကိုဥပမာပြရရင် "Big Bang ကြီးမဖြစ်ပေါ်ခင်ကဘာများရှိခဲ့သလဲ၊ Universe ကြီးဖြစ်တည်နေရတဲ့ရည်ရွယ်ချက်ကဘာလဲ၊ ငါတို့ထက်မြင့်တဲ့ Dimension တွေ Reality တွေများရှိနေသလား" စသည်ဖြင့်မေးခွန်းထုတ်တဲ့သဘောမျိုးပါ။

Idealism and Realism

Idealism နဲ့ Realism အကြောင်းကိုလဲ Metaphysic မှာငြင်းခုန်မှုတွေအမြဲဖြစ်ပွားပါတယ် Idealism အကြောင်းကိုရှင်းပြရရင်

Idealism ရဲ့ ယုံကြည်မှု - Reality ကြီးကရုပ်ဝတ္ထု ဒြပ်မရှိ၊ စိတ်ပိုင်းဆိုင်ရာ၊ ဝိညာဏ အဲ့လိုသဘောမျိုးတည်ရှိတယ်လို့ယုံကြည်တာပါ အဓိပ္ပာယ်က လက်ရှိနေထိုင်နေတဲ့ Reality ကြီးက illusion ကြီးသို့မဟုတ် စိတ်ကပဲတည်ဆောက်ထားတယ်လို့ပဲယုံကြည်တာပါ စိတ်ကြောင့်ပဲ ဒီလောကကြီးဖြစ်ပေါ်လာတဲ့သဘောမျိုးယုံကြည်တာပါ

Idealism ရဲ့ အဓိကအကြံဉာဏ် - ပြင်ပကမ္ဘာကြီးရဲ့ဖြစ်တည်မှုက ကိုယ်တွေရဲ့ Mind ပေါ်မူတည်နေတယ်လို့ယုံကြည်တာပါ။ ကိုယ်တွေရဲ့အသိစိတ်မရှိခဲ့လျှင် မြင်နေရတဲ့ကမ္ဘာကြီးကတည်ရှိမှာမဟုတ်ဘူးဆိုတာပါပဲ။ Ideas, Perception, Spiritual entities တွေက ပဓာနအကျဆုံးဖြစ်တည်မှုတွေပါ idealism မှာ။ Platonic Idealism မှာဆို ပြီးပြည့်စုံတဲ့ကမ္ဘာက ရုပ်ပိုင်းဆိုင်ရာကမ္ဘာ(Physical world) ရဲ့အလွန်မှာတည်ရှိပါတယ် (Plato ရဲ့ Philosophy တွေလဲအများကြီးရှိပါတယ်နောက်နေ့မှ‌တင်တော့မယ် Form of Good တို့)
အရှင်းလင်းဆုံးဥပမာပြရရင် သစ်ပင်တစ်ခုကတည်ရှိလာတယ် ဘာကြောင့်လဲဆိုတော့ အဲ့သစ်ပင်ကို တစ်ယောက်ယောက်ကမြင်မိသွားတာမလို့ တည်ရှိလာတာမဟုတ်ရင် အဲ့သစ်ပင်ရဲ့ဖြစ်တည်မှုက အဓိပ္ပာယ်လဲမရှိတော့သလိုတကယ်လဲရှိတော့မှာမဟုတ်ပါဘူး။

Realism ကတော့ရှင်းပါတယ် ဒါရဲ့ပြောင်းပြန် Existence တိုင်းက သူ့ဘာသာတည်ရှိနေမှာပါ မြင်သည်ဖြစ်စေမမြင်သည်ဖြစ်စေ။

Concept of Causality က Cause နဲ့ Effect ဆိုတာရဲ့ဆက်နွယ်မှုတွေပါ Philosophers တွေက တစ်စုံတစ်ခုဖြစ်ပေါ်ရခြင်းအကြောင်းရင်းက နောက်တစ်ခုထပ်ဖြစ်ပေါ်လာတာလဲ ဖြစ်ရပ်တိုင်းမှုဆက်နွယ်မှုရှိနေသလားဆို‌တာတွေပါ။

နောက်ဆုံးတစ်ခုအနေနဲ့ကတော့ Identity နဲ့ Change ပါ ရှည်ရှည်ဝေးဝေးမပြောတော့ပါဘူး identity က အချိန်တွေဘယ်လောက်ကုန်လာပါစေ သူကသူပဲဖြစ်နေမှာပါ ရှင်းပါတယ်:) Change ကြတော့ အချိန်တွေကုန်ဆုံးလာရင်သူကသူမဖြစ်နေနိုင်တော့ပါဘူး ဒါကြောင့် Philosopher တွေဟာ အရာဝတ္ထုတွေကအချိန်တွေကုန်လွန်လာတာတောင် သူ့ရဲ့မူလ Identity ကိုဘယ်လိုထိန်းသိန်းထားနိုင်တာလဲ မနေ့ကလူကငါပဲလား ဒါမှမဟုတ်တစ်ခြားတစ်ယောက်လား စတဲ့အရာတွေပဲဖြစ်ပါတယ် အသေးစိတ်ရှင်းရင် စာလုံးရေ သောင်းချီသွားနိုင်ပါတယ် ဒါကြောင့် ဒါတောင်တိုတယ်လို့ပြောလို့ရပါတယ်။

ဒါတွေက Philosophy တွေဖြစ်တာကြောင့် အတွေးကိုရှုပ်ထွေးစေတာ တွေးတာစေတာတို့ဖြစ်စေပါတယ် လူတိုင်းလဲတွေးမိမဲ့ဟာတွေပါ ဒါတွေကိုရှေးခေတ်ကလူတွေလဲပေါင်းစုံတွေးခဲ့ပြီးပါပြီ Plato တို့ Berkeley တို့ Aristotle တို့လို Philosopher တွေလဲနာမည်ကြီးတွေပါ However see ya...
#MerlinHermes
🔥8❤4👀1💊1
Hi Guys ကျွန်တော်ကတော့ Irrelevant Knowledges(I.K)
ရဲ့adm Kiraပါ။ Channelအကြောင်းမိတ်ဆက်ချင်လို့ပါ။

ကျွန်တော်တို့channelက Qualityရှိတဲ့contentတွေ ပဲတင်သွားမှာဖြစ်ပြီး admကတော့စုစုပေါင်း ၆ယောက်ရှိပါတယ်။

#Kira
#MerlinHermes
#allheavens
#Sherlyn
#Snape
#Over

တို့ပါ၊ မတူတဲ့admတွေတင်တဲ့ မတူတဲ့postတွေကို '# ' ခံပြီးတင်ပေးသွားမှာဖြစ်သလို တစ်ယောက်ကို collection postတစ်ခုစီနဲ့သေချာတင်ပေးသွားမှာပါ။

ကျွန်တော်adm Kiraကတော့
Psychology,Philsophy,Self-Improvement တွေကိုဦးစားပေးတင်ပေးမှာဖြစ်ပါတယ်။

Adm Sherlyn ကgirl admဖြစ်ပေမဲ့
ပေါက်ကရ feminine content တွေတင်မဲ့အစား Weekendတိုင်းမှာ Philsophy bookတစ်ခုစီကို reviewရေးပေးမှာဖြစ်ပါတယ်။

Adm Merlin Hermes , Leywin(Allheavens) နဲ့ Sanpe
ကတော့တင်ချင်တာတင်ကြပါ။

Adm Overကတော့ Editing ပိုင်းကိုတာဝန်ယူထားပါတယ်။

မိတ်ဆွေတို့အသိတွေထဲမှာ အနှစ်သာရ ရှိတဲ့စာရှည်တွေဖတ်ရတာနှစ်ချိုက်သူတွေရှိရင် inviteလုပ်ပေးဖို့ ပန်ကြားအပ်ပါတယ်ဗျ။ 🕊🕊

#AdmTeam
❤10🔥2😱2
Abstract Existence တွေဆိုတာဘာလဲ

ပထမဦးဆုံး Type - 1 Abstract Existence ဆိုတာက စိတ်ကူးစိတ်သန်းသက်သက်ကြီးအနေနဲ့‌တည်ရှိတဲ့ကောင်ကိုရည်ညွှန်းတာပါ ( Pure Abstract )
ဒီဇာတ်ကောင်တွေမှာက ရုပ်ပိုင်းဆိုင်ရာအသွင်အပြင်မတည်ရှိပဲ Concept တစ်ခုအနေနဲ့ သို့မဟုတ် Idea တွေအနေနဲ့တည်ရှိတာမျိုးပါ။

ဒီလို Character တွေက သမားရိုးကျရုပ်ပိုင်းဆိုင်ရာအသွင်အပြင်ရှိတဲ့ကောင်တွေနဲ့မတူဘဲ Abstract Existence တွေက မြင်သာထင်သာတဲ့တည်ရှိမှုမျိုးမဟုတ်ပဲတည်ရှိနေတာမလို့ အကျိုးကျေးဇူးတွေအနေနဲ့ Physical အရာတွေနဲ့မထိခိုက်နိုင်၊ Physical အရာတွေနဲ့ တစ်ခြားရုပ်ပိုင်းဆိုင်ရာရှိတဲ့လူတွေလို Physical limit တွေနဲ့မသတ်မှတ်ခံရပါဘူး Physical Damage ကို လုံးဝ Immune ပါတယ်။

သူတို့လိုတည်ရှ်ိမှုတွေကိုထိခိုက်နိုင်မယ့် Qualify တွေကဘာလဲဆိုရင် Abstract ကိုပဲထိခိုက်စေနိုင်မယ့် ဒါမှမဟုတ် ခြယ်လှယ်နိုင်မယ့်အရာတွေလိုအပ်ပါတယ် Conceptual Manipulation ရှိတဲ့လူတွေဆိုရင်တော့ရပါတယ်။ အဲလို Being တွေက Physical form တွေအနေနဲ့မြင်ရအောင် Avatar ထားရင်ထား ဒါမှမဟုတ် Form တစ်ခုအနေနဲ့ဖန်ဆင်းပြီးနေမှမြင်နိုင်တွေ့နိုင်မှာပါ။

အရေးကြီးတဲ့အချက်တစ်ခုက Type - 1 Abstract Existence ရှိတဲ့ Character တွေက မတူညီတဲ့အဆင့်တစ်ခုမှာတည်ရှိနေတာပါ Physical ကန့်သတ်ချက်တွေရဲ့အလွန်မှာရှိပြီး ရုပ်ပိုင်းဆိုင်ရာခန္ဓာမရှိတဲ့အတွက် ထိခိုက်နိုင်စွမ်းမရှိပါဘူး

ဒါကတော့ Type - 1 Abstract Existence လေးပါ။ နောက်ကြရင် Type 2 သို့မဟုတ် Conceptual Manipulation အကြောင်းလေးတင်ပေးသွားပါမယ်။
တစ်ခြား Philosophy concept, Religion Debunking အစရှ်ိတဲ့အရာတွေတင်ဦးမှာမလို့ စိတ်ဝင်စားတယ်ဆိုရင် Channel လေး Join ခဲ့ပေးပါဦး။
https://t.me/IknowledgeField
#MerlinHermes #IK
🥰7❤5
Psychology : Gaslighting

Gaslighting ဆိုတာကို အခုခေတ်လူ့အဖွဲ့အစည်းတွေ နဲ့ Social Media က လူ အများစု က သုံးနေကြပါတယ်၊ အချို့ကရည်ရွယ်ချက် တစ်စုံတစ်ရာပါသလို အချို့က ကိုယ်တိုင်တောင်သတိမထားမိပါဘူး ၊ အဲ့လိုမျိုးကြတော့ gaslightingတယ် ခေါ်ဖို့ ကြခက် တယ်။ ထားပါတော့ Gaslighting ဆိုတာကလဲ Manipulation Technique အားလုံးထဲမှာ လူသိများပြီးသားနေမှာပါ Ghosting လောက်ကို လူသုံးများတဲ့ ပါတယ်။

Gaslighting ဆိုတဲ့wordက ဘယ်ကနေဆင်းသက်လာတာလဲ ဆိုရင် တော့ Gaslight ဆိုတဲ့ 1938-Patrick Hamilton ရေးတဲ့ စာအုပ် ၊  1940ကထွက်ရှိခဲ့တဲ့ Gaslight ဆိုတဲ့ ရုပ်ရှင်ကားက sence တစ်ချို့၊ အသုံအနှုန်းအချို့တွေကနေ တစ်ဆင့် လူတွေကြားကို ရောက်ရှိလာပြီး Gaslighting  ဆိုတဲ့စကားလုံးက တွင်ကျယ်လာခဲ့တယ်။

ဆိုဝောာ့ Gaslighting ဆိုတာ
ကဘာကြီးလဲ
What the f is gaslighting?

Gaslighting ဆိုတာက အမှန်တရားကို ဖုံးကွယ်မယ်၊ကိုယ့်ရဲ့ တစ်ဖက်သတ် အတွေးအမြင်နဲ့ စနစ်တစ်ကျဖန်တီးထားတဲ့စကားလုံးတွေကနေ သားကောင်ရဲ့ စိတ်ပိုင်းဆိုင်ရာ ကို လွှမ်းမိုးချုပ်ကိုင် လိုက်တာ၊ လှည့်စားလိုက်တာ၊ အတွေးခေါ်တွေကိုနေရာပြောင်းပေးလိုက်တာမျိုး ကို Gaslighting လုပ်တယ်လို့ခေါ်ပါတယ်။ Gaslighting ကို arguementတွေမှာကျွန်တော် အများဆုံးသုံးပါတယ်၊ debateဘာညာလုပ်ရင်သုံးကြည့်ပါ၊တော်တော်ထိရောက်ပြီးပျော်စရာကြီးပါ၊ ဟိုကောင်ကဘာမှမသိ ကိုယ်ကသူ့ကိုအပြစ်တွေထိုင်ဖို့ပြီး ကိုယ်မှားတာကိုဖုံးဖို့လုပ် နေတာကို မိန့်မိန့်ကြီးထိုင်ကြည့်နေတာကို မြင်ရတာမိုက်ပါတယ်။

အဲလို Gaslighting Manipulationကို အသုံးချရင်ဘာတွေရနိုင်မလဲ ဆိုရင်တော့သားကောင် အခုချိန်ထိ လက်ခံထားတဲ့ သူ့ရဲ့ဖြစ်တည်မှု ၊ သူ နှစ်ပေါင်းများစွာ ယုံကြည်လက်ခံလာတဲ့ ကိစ္စတွေ သူ့ရဲ့ Old Memories တွေကို တောင် ဟုတ်ရဲ့လားမှန်ရဲ့လား ဆိုပြီးစိတ်ထဲမှာ သူတို့ဖာသာတိုက်ပွဲဖြစ် မေးခွန်း ထုတ်ရလောက်အောင် ထိဆိုးဆိုးရွားရွား တွန်းအားပေးနိုင်ပါတယ်။ အဲ့လိုမေးခွန်းထုတ်စေဖို့ က information အမှားတွေကိုလဲသုံးနိုင် သလို သက်သေဖျောက်တာ၊ ချောက်ချတာ စသဖြင့်လုပ်နိုင်ပါတယ်။(ကိုယ်သုံးတဲ့ကိစ္စရပ်နဲ့ သုံးသွားတဲ့စကားလုံးတွေအပေါ်မူတည်ပြီး effectကကွာပါတယ်)။

Gaslighting ရဲ့ အားသာချက်က သားကောင်ရဲ့ အတိတ်က ဆိုးဝါးတဲ့ Memories တွေ ၊ လုပ်ရပ် တွေ ကို ပြန်အပြစ်တင်ပြီး လက်ရှိ အချိန်ကို ရောက်လာအောင် ပြန်ဆွဲခေါ်လာနိုင်ပါတယ်၊ အဲ့လိုနည်းနဲ့သားကောင်ရဲ့ စိတ်ပိုင်းဆိုင်ရာ ကို တိုက်ခိုက်တာမျိုးပါ။

ဘယ်လိုအချိန်မှာသုံးသင့်လဲ ဘယ်လိုသုံးသင့်လဲဆိုရင်တော့ Conversation တွေ  အငြင်းခုန် personal argumentတွေမှာ gaslightingကတော်တော်သုံး နိုင်ပါတယ်။  သူတို့ရဲ့ယုံကြည်မှု၊မှတ်ဉာဏ်၊ လက်ခံထားတဲ့အချက်အလက် စတာတွေကို မေးခွန်းထုတ် ပြန်ရှာ ပြီးသူတို့ဖြစ်တည်မှုကိုယ်တောင် သူတို့ သံယဝင်နေချိန်သေချာပေါက် ကိုယ်ရိုက်ထည့်ချင်တဲ့အတွေး ရိုက်ထည့်လို့ရပါတယ် ။

သုံးလို့ရမဲ့ fancy wordလေးတွေကတော့
"ပြန်စဥ်းစားဦးနော် မင်းသေချာမတွေးပဲအခြားလူကိုလိုက်အပြစ်မတင်နဲ့ "
"ဆိုတော့မင်းကဘာမှမမှားခဲ့ဘူး
လို့ပြောချင်တာလား မင်းလုပ်ခဲ့တာမင်းပြန်တွေးစမ်းပါ"

စသဖြင့် အဲ့လိုတွေအပြင် ကိုယ့်အတွေးနဲ့ကိုယ်ဖြစ်ရပ်နဲ့လိုက်မဲ့စကားစု တွေသုံးပြီး သားကောင်ကိုပြန်စဥ်းစားခိုင်းပါ ၊အဲ့အချိန်မှာ သူတစ်ချိန်ကမှားခဲ့တဲ့အမှား(သို့)မတော်တဆတစ်ခုခု ကိုပြန်ဆွဲခေါ်ပါ။

"မင်းက တစ်ခါ____(မကောင်းတာတစ်ခုခု) လုပ်ဖူးတဲ့အတွက် တစ်သက်လုံး အဲ့လိုလူစားမျိုးပဲဖြစ်နေမှာ မင်းဗီဇကပြင်လို့မရဘူး "
"ငါကအနည်းဆုံးတော့ မင်းလိုမျိုး____(မကောင်းတစ်ခုခု) လုပ်ခဲ့တာမဟုတ်ဘူးလေ"

(အတိကျတော့ပေးလို့မရပါဘူး၊အခြေအနေပေါ်မူတည်ပြီးသုံးသွားပေါ့ ကျွန်တော်ကအကြမ်းဖျင်းပဲshareလို့ရတာလေ)

အဲ့လိုနည်းနဲ့ mind gameတစ်ပွဲ ကို လုံး၀ အေးဆေး ထိန်းချုပ်သွားနိုင်ပါတယ် ၊  ဒါကဝောာ့ Gaslighting ဖြစ်ပါတယ် ။

More Contents?
React for More Guys

#Kira

Credit to pages,website,books that i reference
❤14🦄8✍3
ဒီ reactပေးတဲ့လူကို ph bill 2ထောင် ဖြည့်ပေးပါ့မယ်။ dmကိုproofနဲ့လာခဲ့ပေးပါ။
@MertvetsK

#Kira
😁2🤔1
ပေးတဲ့လူက 3ယောက်တောင်ဖြစ်သွားတယ် ငါလို့။

#Kira
🤣5
Original တစ်ယောက်ခုတင်လာယူသွားပါတယ်ဗျ ကံကောင်းသူလေးပေးပြီးပါပြီ။

#Kira
🔥4🥰1🤔1🖕1👻1
"how to improve your confidence"

confidence ဆိုတာကလူမှုဆက်ဆံရေး၊စီးပွားရေး၊ ဘယ်နယ်ပယ်မှမဆိုရှိကိုရှိရမဲ့skillတစ်ခုဆိုရင်လဲမမှားပါဘူး၊အချို့ကတော့မွေးရာပါတော်ကြပြီးအချို့ကတော့မွေးရာပါဖြစ်စေ၊ပတ်ဝန်းကျင်ကြောင့်ဖြစ်စေ
မိမိကိုယ်ကိုယ်ယုံကြည်မှုမရှိပဲsocial anxietyရှိတဲ့လူပဲဖြစ်ကြပါတယ်။

social anxiety ဆိုတာဘာကြီးလဲ။
social anxiety ဆိုတာကပတ်ဝန်းကျင်ကဝေဖန်ခံရမှာကြောက်တာ၊ပေါင်းသင်းဆက်ဆံရေးလုပ်ရမှာကိုကြောက်တာ၊လှောင်ပြောင်ပျယ်ရယ်ပြုခံရမှာကို​ကြောက်တာ etc. စသဖြင့်ပေါ့။
အဲ့လို social anxiety ရှိတဲ့လူတွေက သေချာပေါက်ကိုယ်ဘာကောင်မှန်းမသိကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုပျောက်ဆုံးနေတဲ့လူတွေပါ၊မိန်းကလေးအများစုမှာဖြစ်ကြပြီးသူတို့ရဲ့ရုပ်ပိုင်းဆိုင်ရာအသွင်ပြင်နဲ့
ပတ်သပ်ပြီးမနှစ်သက်တာကနေအများဆုံးဖြစ်ကြပါတယ်၊ဒါကရောသူတို့အမှားလားဆိုတော့မဟုတ်ပါဘူး၊မ​ပြောင်းလဲကြည့်ရင်တော့အမှားပါ။

ကဲဒါဆိုmain pointကလာပြီ။
social anxiety ကိုဘယ်လိုဖျောက်မလဲ၊ self-confidence ကိုဘယ်လိုကောင်းအောင်ကြိုးစားမလဲ။

social anxiety ပျောက်ရင်
self-confidence လဲအရင်လိုတစ်ဖြည်းဖြည်းတိုးတက်လာမှာပါ၊
ကျွန်တော်အချက်ကလေး၃ချက်နဲ့သေချာရှင်းပြပေးပါမယ်။

•stopping social anxiety
သပ်သပ်ရပ်ရပ်နေပါ၊ ဘာဆိုင်လို့လဲဘာညာမေးကြလိမ့်မယ်နေဦးမဆဲပါနဲ့ဦး ရှင်းပြပေးပါမယ်၊
သပ်သပ်ရပ်ရပ်ဝတ်စားတာ၊မျက်နှာကိုသပ်သပ်ရပ်ရပ်ထားတာ၊အားလုံးကိုcleaningအဖြစ်ထားတာက စိတ်ကိုလန်းဆန်းစေတယ်stressတွေကိုလျော့ကျစေတယ်လို့အဆိုပြုချက်တွေရှိပါတယ်၊သန့်သန့်ပြန့်ပြန့်​နေမယ်
မျက်နှာကိုskin care,bodyကိုskin care blah blah ဟုတ်ပါတယ်လုပ်ဖို့လိုပါတယ် boy or girlဘယ်သူဖြစ်ဖြစ်မိမိရဲ့အသွင်ပြင်ကိုဂရုမစိုက်ပဲနေမယ်ဆိုရင်ပတ်ဝန်းကျင်က ပြောနေဦးမှာပဲ၊မိမိရဲ့နေထိုင်မှုပုံစံကမိမိရဲ့ဘဝပါပဲ၊ ပတ်ဝန်းကျင်ကရုပ်လှတဲ့လူတွေဆိုမျက်နှာသာပေးကြပါတယ်မိန်းကလေးဖြစ်ဖြစ်ယောကျ်ားလေးဖြစ်ဖြစ်ပေါ့ အဲ့အမှန်တရားကခါးသီးတယ်ကျွန်တော်တို့ဘာမှပြုပြင်လို့မရတော့လက်ခံပြီးလိုက်လျောညီထွေဖြစ်အောင်နေပေါ့ဗျ၊ (အချစ်ရေးကိစ္စကိုကျွန်တော်မပြောလိုပါဘူး၊ဘဝအကြောင်းကိုပြောနေတာပါ၊အချစ်ကဘဝကြီးမဟုတ်ပါဘူး)
social anxiety ရဲ့80%သောအကြောင်းပြချက်သောက်ပြဿနာက ပုံပန်းအသွင်ပြင်ပါပဲ၊ ပလက်စတစ်စာဂျုရီဘာညာအတင်းမလုပ်ခိုင်းဘူးနော် သပ်သပ်ရပ်ရပ်နေရင်ကိုရပြီ။
နောက်တစ်ခုက ဖက်ရှင်ပဲ။
ဟုတ်ပါတယ် "ဟာဒီဘဲလာပြန်​ပြီအသွင်ပြင်ပဲပြောနေတယ်" မလုပ်ပါနဲ့၊ မိမိရဲ့ခန္ဓာကိုယ်နဲ့လိုက်ဖက်မဲ့
အဝတ်စားကိုရွေးချယ်ပြီးဝတ်ပါ၊
ပြီးတော့social mediaသုံးတာကိုအချိန်တစ်ခုထိရပ်ထားပါ၊အိပ်ချိန်ကောင်းကောင်းအိပ်ပါ၊ physical Exercise ပုံမှန်လုပ်ပေးပါဗျ ၊
ဟောပြောပွဲတွေ၊public speakingတွေမှာ တစ်ကယ့်အပြောဆိုဆက်ဆံလုပ်ရမဲ့roleတွေပဲယူပါ၊လေ့ကျင့်ပါ ကိုယ့်ကိုယ်ကိုယ်စကားပြောပေးပါ၊တရားထိုင်ပေးပါ၊ဒါတွေလုပ်ပေးရင် မိမိကိုယ်ကိုယ် self-respect ရှိလာမယ်၊
ဒါတွေလုပ်ပေးပြီးမရှိသေးရင်တော့
သတ်သေလိုက်ပါ။

•Skills
မိမိကိုယ်ကိုယ်ယုံကြည်မှုရှိဖို့ကခိုင်လုံတဲ့အကြောင်းပြချက်တစ်ခုလိုတယ်၊ ကိုယ်ကဘယ်နေရာမှာတော်တာလဲပန်းချီဆွဲတာလားစကားပြောတာလားစာရေးတာလားစသဖြင့်ပေါ့ ဘယ်နေရာမှသောက်သုံးမကျဘူးဆိုရင်တောင် သင်ပေါ့ဗျာ "There are people who born with talent,there are people who born without talent. It doesn't matter,the only thing that does matter is how much they want to be successful" ၊ အရည်ချင်းမရှိဘူးကွာငါဒါကြီးကိုမသင်တော့ဘူးဆိုတဲ့စိတ်ကြီးနဲ့ဆိုခင်ဗျားဘာမှမတတ်ဘူးစိတ်ချ၊ ငါဒါကိုရအောင်လုပ်မယ်ဒါငါကိုဖြစ်အောင်လုပ်မယ်ဆိုတဲ့စိတ်နဲ့skillတစ်ခုခုသင်ပါ၊
အသုံးချလို့ရမဲ့နယ်ပယ်ထဲကိုဝင်ပါ၊
ပတ်ဝန်းကျင်ကရှုံ့ချမှုကိုမခံရချင်ရင်ပတ်ဝန်းကျင်ကိုပြောင်းပစ်ပါဗျ၊
ကိုယ်သင်ယူထားတဲ့skillကိုအဓိကသုံးတဲ့နယ်ပယ်ထဲကိုဝင်ပြီး positive energyတွေအများကြီးယူလို့ရတယ်၊ ကိုယ့်အသွင်ပြင်ကအဆင်မပြေဘူးဆိုရင်တောင်မှ ချောပြီးစောက်သုံးမကျတာထပ်စာရင်လူရာဝင်ပါသေးတယ်၊ pretty face vs skillမှာskillရှိတဲ့လူက သာပါမယ်လို့မြင်တယ်ဗျ၊မျက်နှာကြီးကိုဖြတ်ရောင်းလို့မှမရတာ။

•public_speaking
အပေါ်ဆုံးကအချက်မှာပြောခဲ့သလို
လူတွေနဲ့များများထိတွေ့ပါပေါ့၊ စင်ပေါ်တက်ပြောချင်လဲပြော ပြောဖို့အဆင်မပြေဘူးဆိုရင်တောင်မှ
ဖုန်းနဲ့ချည်းအချိန်ဖြုန်းမဲ့အစား
ပတ်ဝန်းကျင်နဲ့ထိတွေ့တာ၊shoppingထွက်တာ၊gymသွားတာ၊သူငယ်ချင်းတွေနဲ့hangoutလုပ်တာစသဖြင့်လုပ်ပေါ့။

နောက်ဒီစာအားလုံးရဲ့pointတွေက sef-loveပါ။ But သူတို့ကိုယ်သူတို့ ဝ ဝ ပိန်ပိန် ချစ်မယ်ဆိုပြီးတစ်လွဲလုပ်ချပစ်တယ်။ အဲ့လိုအချစ်ကအန္တာရယ်ရှိတယ်။ ကိုယ့်ကိုယ်ကိုယ်ချစ်ရင်ကိုယ့်ကိုယ်ကိုယ်ပိုကောင်းတဲ့အခြေအနေတစ်ခုဖြစ်စေချင်မှာပဲ ၊ အဲ့လိုမျိုးစိတ်နဲ့ ပိုပြီးကောင်းမွန်အောင်ကြိုးစားသွားတဲ့ အချစ်ကိုပဲရအောင်လုပ်။ ကိုယ့်ကိုယ်ကိုယ်ဂရုမစိုက်ရင် ကိုယ့်ကိုယ်ကိုယ်လေးစားဖို့မပြောနဲ့ယုံကြည်မှုလဲမရှိဘူး၊ဘာမှဖြစ်မလာဘူး။

#Kira
❤14🔥4👏1🐳1🍓1
What is Types 9 immorality?
Immortality ကိုမြန်မာလိုဘာသာပြန်ရရင်
မသေဆုံးနိုင်ခြင်းပေါ့။
ဒါပေမယ့်မသေဆုံးတယ်ဆိုတာကြီးကစဥ်းစားရရင် တော်တော်ခေါင်းရှုပ်တယ်ပြောရမယ်။ကျွန်နော်တို့သုံးနေတဲ့ဇာတ်ကားတွေထဲဘဲဆိုကြပါစို့ တစ်ချို့က အသက်ကတော့မအိုလာဘူး ဒဏ်ရာရရင်သေနိုင်တယ် တစ်ချို့ကျလည်း ဓားတွေလှံတွေထိပြီးတယ်ပေါ့ဗျာ။မသေဆုံးခြင်းဆိုတာကယုံတမ်းတစ်ခုဆိုပေမယ့်သိထားလည်းအကျိုးတော့မယုတ်ပါဘူး။

Immorality ကိုအဆင့်နဲ့ခွဲခြားရရင်
9မျိုးရှိတယ် အဲ့တာတွေက
1.eternal life
2.resilient immortality
3.immorality via regeneration
4immortality via reincarnation
5.deathless immortality
6.parasitic
7.undead
8.reliant immorality
9. Transcendental immorality
ဆိုပြီးအဆင့်ခွဲထားတယ်



No.1 Eternal life
ပထမဆုံးဖြစ်တဲ့ Type1 eternal lifeကပြောရရင် အသက်လည်းကြီးမလာဘူး ရောဂါတွေဘာတွေနဲ့လည်းမသေဘူးပေါ့။
သူတို့ကပြောရရင် သဘာဝအတိုင်းမဟုတ်တဲ့အရာတွေကြောင့်မဟုတ်ရင် သတ်လို့မသေတဲ့အထဲပါတယ် ဥပမာ အဆင့်မြင့်ကျိန်စာတိုက်တာတို့ဘာတို့ပေါ့
ထာဝရအသက်ဆိုတဲ့အတိုင်း သာမန်နှစ်ထောင်ချီအသက်ရှည်တာမဟုတ်ဘဲနဲ့ သဘာဝလွန်အရာတွေနဲ့အသတ်မခံရခင်အထိအသက်ရှင်နိုင်တယ်ပေါ့ဗျာ
ဥပမာ LOTRထဲကလို THE VALOR
လိုကောင်တွေပေါ့

No.2 resilient immortality
ဒီကောင်တွေကကျ ရုပ်ပိုင်းဆိုင်ရာတိုက်ခိုက်တာတွေကို resilient လို့ရပေမယ့် regenerate လို့မရတဲ့ကောင်တွေပါ့
ပြောရရင် နှစ်ပိုင်းပြတ်သွားလည်း
မသေပေမယ့် သူ့ကိုယ်သူလည်းပြန်ဆက်လို့မရသလို ကိုယ်အင်္ဂါအသစ်လည်းထွက်မလာနိုင်တဲ့သူတွေကိုခေါ်တာပေါ့
ဥပမာ narutoထဲက hidanလိုကောင်တွေပေါ့

3.immortality via regeneration
ဒီကောင်တွေကကျ စောနကလိုပြတ်ထွက်သွားရင်ပြန်ဆပ်မရတာမဟုတ်ဘဲနဲ့ သူတို့ရဲ့ Wound healing
လုပ်နိုင်တဲ့သဘောဘဲ
ဒီဟာရဲ့အသုံးဝင်တဲ့အချက်ကျ regeneration လုပ်နိုင်တဲ့ကောင်ရဲ့အကန့်အသတ်ကိုမူတည်တာဘဲ။ဒါပေမယ့်လည်းသာမန်regeneration လုပ်နိုင်ရုံလောက်နဲ့တင် ဒီinherentlyထဲမဝင်ဘူးလို့ဆိုရမယ် ဒီtypeကိုဝင်ဖို့ဆို regeneration ကဘာစွမ်းအင်မှမသုံးstaminaတွေမကုန်ခမ်းစေနိုင်ဘဲနဲ့ regeneration ကိုအဆုံးမရှိလုပ်နိုင်နေမှရမယ် inherently ပေါ့။
တစ်ချို့ တော်တော်မြင့်တဲ့ regeneration ability တွေကတော့ဒီထဲဝင်နိုင်ပေမယ့် inherently တော့မဟုတ်ဘူး။
ဥပမာ Zamasuတို့ ဘာတို့ပေါ့


4.immortality via reincarnation
ဒီ Typeကြီးကတော့တော်တော်coolတယ်ပြောရမယ် နာမည်အတိုင်းဘဲပြန်ဝင်စားတာပေါ့ သေရွာပြန်ဘာညာပေါ့
သတ်လို့ရလားမေးရင်တော့သတ်လို့ရတယ် ဒါပေမယ့် သူတို့ကတော့အသက်ပြန်ရှင်နိုင်ပြောရမယ် reincarnation လုပ်တာဖြစ်ဖြစ် တစ်ခြား သဏ္ဌာန်အသွင်ကို auto-reviving လုပ်တာဖြစ်ဖြစ်ပေါ့ဗျာ။
ဥပမာ doctor whoတွေအကုန်လိုပေါ့

5.ᴅᴇᴀᴛʜʟᴇꜱꜱ ɪᴍᴍᴏʀᴛᴀʟɪᴛʏ
သူတို့ကကျပြောရရင် သေခြင်းရောရှင်ခြင်းနဲ့ပါ bound လို့မရတဲ့ကောင်တွေ၊
Life and death ကိုtranscendသွားတဲ့ကောင်တွေပေါ့။ non-beingလို့လဲခေါ်ကြတယ်သူတို့ကသေဆုံးခြင်းရောရှင်သန်ခြင်းပါမရှိတဲ့အတွက် Existence eraseနိုင်တဲ့ကောင်တွေသတ်မှဘဲရမယ်
ဥပမာ dementorလိုကောင်တွေ


6. ᴘᴀʀᴀꜱɪᴛɪᴄ
ဒီTypeကကျ body transfer လုပ်တာပေါ့
Parasyteထဲကလို bodyထိန်းချုပ်တာ possess လုပ်တာဘာညာရတဲ့ typeပေါ့။

7.ᴜɴᴅᴇᴀᴅ
သူတို့ကကျ သေပြီးသားသဘောသက်ရောက်နေလို့မသေနိုင်တဲ့ကောင်တွေဘဲဆိုပါတော့ သရဲတွေဝိညာဥ်တွေလည်းဒီtypeထဲကိုပါတယ်လို့တော့သတ်မှတ်ရတဲ့အထဲပါတယ်။

No.8 reliant immortality
Object တစ်ခုသို့မဟုတ် concept တစ်ခု သို့မဟုတ် beingတစ်ခုအပေါ်မှာမှီခိုနေတဲ့ကောင်တွေကို reliant immortality လို့ခေါ်လို့ရတယ်။ အဲ့တော့ သူတို့ရဲ့ immortality ကဘယ်လိုအလုပ်လုပ်တာလဲဆိုရင်
အပေါ်ကရေးထားတဲ့သူတို့မှီခိုနေတဲ့ နေရာတစ်ခုခုဖြစ်စေ အရာဝတ္ထု တစ်ခုဖြစ်စေ အဲ့အရာကိုလုံးဝအပြီးတိုင် မဖျက်စီးနိုင်ရင် သတ်လို့မရဘူးလို့ဆိုတဲ့ ကောင်မျိုးပေါ့။ သူတို့ကိုသတ်ချင်ရင် သူတို့မှီခိုထားတဲ့ original source ကြီးကိုဖျက်စီးနိုင်မှရမယ်။
ဒီ immortality က 72 layers immortality နဲ့လည်း ဆက်စပ်တာမလို့နောက်ကျအသေးစိတ်ပြန်တင်ပေးပါ့မယ်။

No.9 transcendental immortality
သူကတော့ရိုးရှင်းပါတယ်
သူတို့က physical existence တစ်ခုလုံးကို transcend သွားတာဖြစ်ပြီး သူတို့ရဲ့အစစ်အမှန် formကတစ်ခြားဘုံတစ်ခုမှာရှိနေတတ်တာမျိုးပါ soul,body eraseခံရရင်တောင်မသေနိုင်တဲ့ကောင်တွေဖြစ်ပြီးများသောအားဖြင့် higher dimensional beingတွေပါ။

အားလုံးဘဲကောင်းသောနေ့လေးဖြစ်ပါစေ
#allheavens
❤7
Hello, sherlynပါ ဒီနေ့ဖတ်လို့ကောင်းတဲ့ philosophy စာအုပ်တစ်အုပ်အကြောင်းကိုပြောပြသွားပါ့မယ်

စာအုပ်နာမည်က "The Brothers Karamasov" ဖြစ်ပြီး by fyodor dostoevsky ပါ။

TBK ကို 1879 January မှာစတင်ထုတ်ဝေပါတယ်။ (ရက်ကတော့အတိအကျမဖော်ပြထားပါဘူး)

TBK က murder and a complex discussion of faith, doubt, and morality အကြောင်းကိုမှ ရိုးရှင်းတဲ့plot နဲ့ ရေးသားထားတာဖြစ်ပြီး၊
dmitri karamazov, ivan karamazov, dmitri karamazov စတဲ့ Karamazov ညီအကိုသုံးယောက်အကြောင်းဖြစ်ပါတယ်။
Fyodor သည် TBK ( The Brothers Karamasov) ကို ၂ နှစ်နီးပါးရေးသားခဲ့တယ်လို့လည်းပြောထားပါသေးတယ်။

TBKက မသေခင်ဖတ်သွားသင့်တယ့် စာအုပ်များထဲကတစ်အုပ်အပါအဝင်လို့ပြောလို့ရတယ့်အထိကောင်းပါတယ်။TBKကို "A book about self-reflection" လို့လည်းပြောကြပါတယ်

TBK ကို English လိုမဖတ်ချင်ရင် မြန်မာဘာသာပြန်စာအုပ်လည်းရှိပါတယ် ဆရာ "နတ်နွယ်"က ဘာသာပြန်ထားတာပါ။စာအုပ်မဝယ်ချင်ဘူးဆ်ုလည်း pdf file လာတောင်းလို့ရပါတယ်ရှင့်( @weirdlysherlyn00 or @MertvetsK ကိုလာတောင်းလို့ရပါတယ်ရှင့်)

Sher အထင် TBKကို teenagers တွေမဖတ်သင့်သေးဘူးလို့တော့ထင်တယ်။လုံးဝမဖတ်သင့်တာတော့မဟုတ်ပေမယ့် ကိုယ့်ရဲ့စိတ်အပေါ် မူတည်တယ်ရှင့်။

#sherlyn
❤6🔥2🥰1
𝙏𝙝𝙞𝙣𝙠𝙫𝙚𝙧𝙨𝙚 pinned «Hello, sherlynပါ ဒီနေ့ဖတ်လို့ကောင်းတဲ့ philosophy စာအုပ်တစ်အုပ်အကြောင်းကိုပြောပြသွားပါ့မယ် စာအုပ်နာမည်က "The Brothers Karamasov" ဖြစ်ပြီး by fyodor dostoevsky ပါ။ TBK ကို 1879 January မှာစတင်ထုတ်ဝေပါတယ်။ (ရက်ကတော့အတိအကျမဖော်ပြထားပါဘူး) TBK က murder and…»
"နာကျင်မှု နဲ့ ဝေဒနာခံစားမှုတွေဟာဉာဏ်ပညာကြီးမားသူတို့နဲ့ နှလုံးသား
နက်ရှိုင်းသူတွေအဖို့ မလွဲမသေ ရှိနေစမြဲပင် "

" Pain and suffering are always inevitable for a large intelligence and a deep heart. "

-Crime and Punishment
Novel by Fyodor Dostoevsky


#Kira
#literaturequotes
❤8✍5