𝙏𝙝𝙞𝙣𝙠𝙫𝙚𝙧𝙨𝙚
1.36K subscribers
262 photos
9 videos
13 files
126 links
သတင်း ၊ ဒဿန ၊ စာပေ ၊ သိပ္ပံနှင့် ဖျော်ဖြေရေး အရေးအသားများ

Our Web(closed)
thinkverse.lovable.app

Lunatic's Collection
https://t.me/IknowledgeField/476

Merlin's Collection
https://t.me/IknowledgeField/154

Contact for business -
@MertvetsKira
Download Telegram
Forwarded from đ™đ™đ™š 𝙐𝙣𝙠𝙣𝙤𝙬𝙖𝙗𝙡𝙚
Hello guys... It's me 源光 𝗞𝗼𝘂.
ကျွန်တော်ဒီနေ့မှာတော့ ဘာသာရေးနဲ့ပတ်သတ်တယ့် Post တစ်ခုတင်ပေးပါ့မယ်။ ဗုဒ္ဓဘာသာအယူအရ ရှေးဘဝ၊နောင်ဘဝ၊ယခုဘဝ နဲ့ ဘဝကူးခြင်းအကြောင်းကို တင်ပေးပါ့မယ်။ ဒီကိစ္စနဲ့ပတ်သတ်ပြီး ဗုဒ္ဓဘာသာဝင်အချို့နဲ့ မြန်မာက အခြားဘာသာဝင်အချို့က ဝေဖန်ချက် တွေကို Tiktok,Facebook အစရှိတယ့် ဆိုရှယ်မီဒီယာတွေပေါ်မှာဝေဖန်နေကြပြီး ဗုဒ္ဓဘာသာဝင်အချို့ကလည်း ဒီကိစ္စကိုလက်တွေ့ကျကျ ဖြေရှင်းနိုင်တယ့်သူအလွန်နည်းနေတယ့်အတွက်ကြောင့် ကျွန်တော် Kou က ဒီနေ့မှာတော့ ဘဝကူးပြောင်းခြင်းဖြစ်စဥ်ကို ဉာဏ်မှီသလောက်ရှင်းပြသွားပါမယ်။ ရှင်းပြမယ့်အပိုင်းကလည်း နှစ်ပိုင်းကွဲသွား ပါမယ်။ လက်တွေ့ကျကျနဲ့ သိပ္ပံနည်းကျကျ ဖြေရှင်းချက် နှင့် ပဋိစ္စသမုပ္ပါဒ် စက်ဝိုင်း နည်းဖြင့်ဖြေရှင်းချက် ဆိုပြီး နှစ်ပိုင်းကွဲသွားပါမယ်။ ဒီ post မှာတော့ လက်တွေ့ကျကျသိပ္ပံနည်းဖြင့် ဖြေရှင်းပြပါမယ်။

𝗧𝗵𝗲𝗼𝗹𝗼𝗴𝘆 𝗮𝗻𝗱 𝗥𝗲𝗹𝗶𝗴𝗶𝗼𝗻 𝗖𝗮𝘃𝗲𝘀 #1 : 𝗕𝘂𝗱𝗱𝗵𝗶𝘀𝗺'𝘀 𝗥𝗲𝗶𝗻𝗰𝗮𝗿𝗻𝗮𝘁𝗶𝗼𝗻

Alright so, ကျွန်တော်တို့အနေနဲ့ ပြောရရင် ဗုဒ္ဓဘာသာမှာ ရုပ်ခန္ဓာနှင့်နာမ်ခန္ဓာ ဆိုပြီး နှစ်ပိုင်းရှိပါတယ်။ ရုပ်ခန္ဓာကိုယ် ဓာတ်ကြီးလေးပါးဖြစ်တယ့် ပထဝီ ( ​မြေဓာတ် )၊အာပေါ ( ရေဓာတ် )၊တေဇော ( မီးဓာတ် ) နှင့် ဝါရော ( လေဓာတ် ) ဆိုပြီး ဖွဲ့စည်းထားပြီး နာမ်ခန္ဓာ မှာ ဓာတ်ကြီးလေးပါး ရယိ နောက်ထပ် အာကာသဓာတ် ( အပိုင်းအခြားဓာတ် ) နှင့်ဖွဲ့စည်းထားပြီး နာမ်ခန္ဓာ၊ရုပ်ခန္ဓာကိုပါ ခန္ဓာငါးပါးနှင့် ဖွဲ့စည်းထားပါတယ်။ " ခန္ဓာ " ဆိုတယ့်အဓိပ္ပါယ်က မြန်မာဘာသာပြန်လျှင် " အစု " ဆိုပြီးအဓိပ္ပါယ်ရပြီး ခန္ဓာကြီးဟာအစုတစ်ခုသာဖြစ်ပါတယ်။

ဒါပေမယ့် ဘဝကူးတာနဲ့ဒါနဲ့ဘာဆိုင်လို့လည်း ?

ဒီခန္ဓာကြီးကိုဦးဆောင်တယ့် pure energy သဘောမျိုး ဓာတ်စွမ်းအင်လေးတစ်မျိုးရှိပါသေးတယ်။ ပြောရရင် ဒီ pure energy ကနေပဲ ခန္ဓာအမျိုးမျိုးပြောင်းသွားခြင်းကို ဘဝကူးခြင်းလို့ခေါ်ပါတယ်။

ဒါတွေက သိပ္ပံအယူနဲ့ဘယ်လိုဆက်စပ်သလည်း?

သိပ္ပံဘာသာရပ် ရဲ့ အကြီးမားဆုံးသောဘာသာရပ်ခွဲတစ်ခုဖြစ်တယ့် ရူပဗေဒ ဘာသာရပ်မှာဆိုရင် energy အကြောင်းကို အကျယ်တဝင့်ရေးသားထားပါတယ်။ ရူပဗေဒဘာသာရပ်မှာဆိုလျှင် energy တွေက ဖျက်စီးလို့လည်းမရ ဖန်တီးလို့လည်းမရဘူးလို့ဆိုပါတယ် ဒါပေမယ့်တစ်မျိုးကနေ တစ်မျိုးကူးပြောင်းနိုင်တယ်လို့ မှတ်ယူကြ ပြီး grade 8 စနစ်သစ်ပညာရေးမှာလည်းသင်ရပါတယ်။

Energy cannot be created or destroyed, but it can be transferred and transformed.

   Source: Leveled by Newslea.

ကျွန်တော်တို့ အလယ်တန်းပညာရေးတွေမှာသင်ရပါတယ်။ နေလုံးကြီးကနေ ကမ္ဘာပေါ်ကို နေရောင်ခြည် ဆိုတယ့် energy ရောက်လာတယ့် အခါမှာ အလင်းစွမ်းအင် ကနေ အပူစွမ်းအင် အနေနဲ့ ပြောင်းလည်းသွားပါတယ်။ အဲ့တာက အပူစွမ်းအင်ကို create/ဖန်တီးလိုက်တာ မဟုတ်ပါဘူး အခြားပုံစံ form တစ်ခုအနေနဲ့ပြောင်းလည်းသွားတာပါ energy က energy ပါပဲ ပုံစံပြောင်းသွားတာပဲရှိတာပါ။ ဗုဒ္ဓဘာသာက ဘဝကူးတာကလည်းအဲ့လိုပါပဲ ဒီ energy force လေးတစ်ခုက နောက်ထပ် အဖြစ်အပျက် ( ခန္ဓာ ) အသစ်တစ်ခုကိုပြောင်းလည်းသွားခြင်းကို ဘဝကူးတာလို့ခေါ်ပါတယ်။
Note: ဗုဒ္ဓဘာသာမှာ ခန္ဓာကိုယ် ကို ပိုင်ဆိုင်သည့်အရာလို့မသတ်မှတ်ပါဘူး အဖြစ်အပျက်တစ်ခုလို့သတ်မှတ်လေ့ရှိပါတယ်။

ဒါကြောင့်လည်း ဒီဘဝကနေ နောက်ဘဝကို ကူးပြောင်းတယ့်အခါမှာဆိုလျှင် ယခင်ဘဝရဲ့ မှတ်ဉာဏ်တွေပါဝင်တယ့် ရုပ်ခန္ဓာ၊နာမ်ခန္ဓာ နဲ့ ခန္ဓာငါးပါး ဟာ ကျန်ရစ်ခဲ့ပြီး နောက်ထပ် ရုပ်နာမ်ခန္ဓာ နှင့် ခန္ဓာငါးပါး ပါဝင်တယ့် အစုအပိုင်းကြီးစီ ပြန်လည်ဝင်ရောက်ပြီး ဘဝအသစ်ဖြစ်ပေါ်တာပါ။ သို့သော် ဗုဒ္ဓဘာသာအယူအရ ဘဝတိုင်းနီးပါးပါလာတတ်တယ့် အထုံဓာတ် နှင့် ကုသိုလ်အကုသိုလ် ဆိုတယ့် ဥပဒေသတွေက ပါလာလျက်ရှိပါတယ်။ သိပ္ပံရှုထောင့်ကကြည့်လျှင်ဒါက energy တစ်ခုကအခြားတစ်ခု​ကိုပြောင်းလည်းသွားရင် ယခင် energy က ဖွဲ့စည်းပါဝင်ခဲ့တယ့် kinetic energy အချို့က နောက် ပြောင်းလည်းသွားတယ့် energy form အထိ ပါ လာခြင်းကြောင့်ဖြစ်ပါတယ်။

အဲ့အပြင် CIA ( Central Intelligence Agency ) Government ရဲ့ official website Library မှာ * Out of body trip  * ဆိုတယ့်ခေါင်းစဥ် ၊* Life after death *ဆိုတယ့် ခေါင်းစဥ်နဲ့ Document pdf file တစ်ခုကိုတွေ့ရှိထားပါတယ်။ ထို PDF Document အရလည်း ဘဝကူးပြောင်းခြင်း ကို CIA က ထောက်ခံတယ်လို့ သတ်မှတ်နိုင်ပါတယ်။

ဒါကတော့ Kou လက်လှမ်းမှီသလောက် Research လုပ်ထားတယ့် ဗုဒ္ဓဘာသာရဲ့ ဘဝကူးပြောင်းခြင်း အကြောင်းကို လက်တွေ့ကျကျနဲ့ သိပ္ပံ ရှုထောင့်ကနေ မျှဝေပေးခြင်းပဲ ဖြစ်ပါတယ်။ ဘာသာရေးနဲ့သိပ္ပံက ဆက်စပ်ရခက်တယ့်အတွက်ကြောင့် အမှားပါသွားတာရှိရင်လည်း ဝေဖန် ဆုံးဖြတ် ခွင့်လွှတ်ပေးပါလို့ တောင်းဆိုပါတယ်။

အကယ်၍ မရှင်းတာတွေ နားမလည်တာတွေရှိရင်လည်း @Fuckthatbitchyy acc dm မှာ လာ hi ပြီးဆွေးနွှေးလို့ရပါတယ်။ Thanks for giving an attention 🙏

#Kou源光@theunknowable_0
❤8
The Stranger (or) The Outsider

သင့်ဘဝမှာ "ရှင်သန်ရခြင်းမှာ အဓိပ္ပါယ် ရှိရဲ့လား" ဆို​တဲ့ မေးခွန်းမျိုး မေးဖူးပါရဲ့လား။

ဒီမေးခွန်းကို ရှု့ထောင့်တစ်ခုကနေ ဖော်ပြထားတဲ့ စာအုပ် တစ်အုပ်။
ပြင်သစ် နိုဘယ်ဆုရ စာရေးဆရာ တစ်ဦးဖြစ်တဲ့ Albert Camusရဲ့ ပြောင်မြောက်တဲ့ လက်ရာတစ်ခု "L'tranger" (The Stranger) ဆိုတဲ့စာအုပ်ဟာ Existentialism ကနေ ဆင်းသက်လာခဲ့တယ်လို့ဆိုရမဲ့ Camusရဲ့ ဘဝအပေါ်ရှု့မြင်ပုံ Absurdism ကို စတင်မိတ်ဆက်ခဲ့တဲ့ စာအုပ်တစ်အုပ်လဲ ဖြစ်ပါတယ်။

စာအုပ်အစချီခြင်းမှာတင် သူများနဲ့မတူပဲ ဆွဲဆောင်နေတဲ့ စာသားတစ်ခု။ ထိုစာသားကို မြန်မာလိုဘာသာပြန်ရရင်...

"အမေ ဒီကနေ့ ဆုံးတယ်။ မနေ့က ဆုံးတာ ဖြစ်ချင်လဲ ဖြစ်မယ် ။ အသေအချာ မပြောနိုင်ဘူး ။"

ဆိုပြီး အစချီထားပါတယ်။

စာအုပ် အကြောင်း ။
The Biography of the Book

စာအုပ်အကြောင်းကိုပြောရရင် ဘဝမှာဖြစ်နေသမျှပျက်နေသမျှ အရာတွေက သူ့အပေါ်ကိုသက်ရောက်မှုမရှိ၊ ဘာကိုမှ လိုက်ပြီးအရေးကြီးတယ်မထင်တဲ့ Meursault ဆိုတဲ့လူငယ်တစ်ဦးဟာ သူ့အမေရဲ့ အသုဘမှာ တောင် ကော်ဖီသောက်ချင်စိတ်နဲ့ နေပူတာကလွဲပြီး ကျန်တာခေါင်းထဲမရှိသူတစ်ဦးပါ။ ဘဝ ဆိုတာကိုက အချည်အနှီး၊ရယ်ရွှင်ဖွယ် ကောင်းတယ်။ အရေးလဲမကြီးဘူး။ ဆိုတဲ့ Mindsetမျိုး ။ "Life is Absurd" ဆိုတဲ့ ဒဿန အတွေးအခေါ်ကို Meursault စီမှာ လုံးလုံးလျားလျား မြင်ရမှာဖြစ်ပါတယ်။

စာအရေးအသား ။
The Writing

စာအရေးအသားက ကျန်စာအုပ်တွေနဲ့မတူ ကွဲထွက်နေစေတာက ဖြစ်ပျက်သမျှကို ခံစားချက်ပိုင်းဆိုင်ရာချည်းပုံဖော်ထားခြင်းမျိုးမဟုတ်၊ Meursault ရဲ့ စိတ်ထဲက ဖြစ်နေတဲ့ ဗြောက်သောက်တွေ၊ Meursault ရဲ့တွေးပုံတွေးနည်းတွေကို ဖတ်သည်နှင့်အမျှ ဖြည်းဖြည်း ခြင်း နစ်ဝင်သွားမှာဖြစ်ပါတယ်။
တိုတယ်၊လိုရင်းကိုရောက်တယ်။

စာအုပ်ကပေးတဲ့ ဒဿန။
The Philosophy of the Book

Atheist Existentialism (ဘုရားမဲ့ ဖြစ်တည်မှုဝါဒ ၊ ဘာသာမဲ့ဝါဒတစ်ခုလုံးလုံးလျားလျား မဟုတ်ပါ လူသားများရဲ့ ဖြစ်တည်နေခြင်း အဓိပ်ပါယျနဲ့ပတျသပျပွီး တွေးခေါ်ထားတဲ့ ဝါဒပါ နောက်မှတင်ပေးပါ့မယ်) တစ်ဦးဖြစ်သူ Jean-Paul Sartre နဲ့ မိတ်ဆွေဖြစ်ခဲ့တဲ့ Albert Camusဟာ ၎င်းရဲ့အတွေးအခေါ် Absurdismမှာ Existentialism နဲ့ခပ်ဆင်ဆင် တွေရှိတယ်ဆိုပြီး အချို့တွေကလက်ခံထားကြပါတယ်။
Jean Paul Sartreရဲ့ ဖြေကြားချက်အရ
  Camusကို Existentialist လို့ခေါ်ရင် မှားသွားမယ် သူတစ်ကယ်ဆရာတင်ထားတာ ဆယ်စုနှစ်ရာစုခေတ်က ကိုယ်ကျင့်တရားနဲ့ပတ်သပ်တဲ့ အတွေးအခေါ်ပညာကြီးရှင်များသာ ဖြစ်တယ်  လို့ဆိုပါတယ်   ။ Camusက Existentialist နဲ့ ဆင်တူတဲ့ အမြင်ရှိပေမဲ့ အခြေခံမှာတော့ မတူဘူးလို့ ဆိုလိုတာဖြစ်ပါတယ်။

ဒီစာအုပ်ကပေးတဲ့ဒဿန အတွေးအခေါ်ဟာ ဘဝကို အဓိပ်ပါယျဟူ၍ တိတိကျကျမရှိ၊ ရှာဖွေနေခြင်းသည်လည်း အချည်အနှီး ပင်ဖြစ်ကြောင်းနဲ့ ဒီလိုအဓိပ်ပါယျမရှိ ရယ်စရာကောင်းနေတာကပဲ မိမိစိတ်ကြိုက် နေထိုင်သင့်တဲ့အကြောင်းပြချက်ဖြစ်သလို အသက်ရှင်ရတာတန်အောင် နေသင့်တယ် ဆိုတဲ့ Absurdism ; Philosophyကို ပေးပါတယ်။

စာအုပ်အပေါ် ကျွန်ုပ်၏ အမြင်။
My Opinion on this book.

ကျွန်တော်ကတော့ Absurdismကို အရမ်းကြီးနှစ်သက်တဲ့အထဲမပါပါ။ စာဖတ်သူတို့ကို ကျွန်တော်က Absurdism အကြောင်း အကြမ်းဖျင်း ပြောပြပြီးသား ဆိုပေမဲ့ ကျွန်တော်ပြောလိုက်တာနဲ့ ကိုယ်တိုင်စာအုပ်ဖတ်ပြီး နားလည်လိုက်ရတာက အနှစ်သာရ မတူပါဘူး။ စာဖတ်သူတို့ကြိုက်ရင်လဲ ကြိုက်မယ်၊ မကြိုက်ရင်လဲမကြိုက်ဘူး။ စာအုပ်ကိုကြိုက်မကြိုက် ကျွန်တော့်ကို လာမေးရင်တော့ 100% ကြိုက်ကြောင်း ပြောမကုန်အောင်ပြောမှာပါ။ စာအရေးအသားတွေ၊ Meursaultရဲ့ တွေးပုံတွေ နဲ့ Plottingကလဲ ငြိမ့်ငြိမ့်လေးနဲ့ မြောသွားစေမှာဖြစ်တာကြောင့် Albert Camusရဲ့လက်ရာထဲက The Plagueပြီးရင် အကြိုက်ဆုံးပါပဲ။ (အဲ့စာအုပ်လဲနောက်မှReviewပေးပါ့မယ်) ။

စာအုပ်က The Stranger ဆိုပြီး USမှာ Englishလို translate ထားတာရှိသလို
The Outsider အမည်နဲ့ Englandမှာ ဘာသာပြန်ရှိပါတယ်။ မူရင်းရေးသားထားတာကတော့L'tranger အမည်နဲ့ ပြင်သစ်ဘာသာစကားနဲ့ ရေးသားထားတာပါ။
မြန်မာဘာသာပြန်စာအုပ် The Outsider ကို " စည်းအပြင်ကလူ " အဖြစ်နဲ့ ဆရာထင်လင်းဘာသာပြန်ထားတာ ကျွန်တော်တို့ရဲ့ @IknowledgeField Channelမှာ Audio Bookလေးလုပ်သွားမှာပါဗျ။

Englishလိုစာအုပ်ကတော့ Englishစာ အလယ်အလတ်လောက်ရှိရင်ဖတ်လို့ရပြီး စိတ်ရှည်ရှည်နဲ့ နားမလည်တဲ့စကားလုံးတွေ ပတ်ရှာပြီးဖတ်ရင်တော့ရပါတယ်။ စာအုပ်ဖတ်တယ် ဆိုတာက ဒီလိုမရင်းနှီးတဲ့wordတွေနဲ့ ကျွမ်းဝင်စေဖို့၊Vocabulary range ကျယ်ပြန့်စေဖို့ အတွက်လဲ ဖြစ်သလို မြောဝင်ခံစားဖို့လဲ ဖြစ်ပါတယ်။ စာအုပ်ဖတ်လို့ဉာဏ်ကောင်းတာလားဆိုတော့လဲ မဟုတ်ပြန်ပါဘူး။ အဲ့ကိုယ်ဖတ်လိုက်တဲ့စာအုပ်ကို ဆင်ခြင်သုံးသပ် ရတာက ပိုပြီးဉာဏ်ကောင်းစေတာပါ။ စာအုပ်ထဲကအချက်တွေကို လုံးလုံးလျားလျားလက်ခံလိုက်ရင်တော့ Vocabulary ကြွယ်သွားတာပဲရှိပါတယ် ။
Reading books won't make you smart,Analyzing them does.

စာအုပ်ကို Audio bookမစောင့်ပဲ မြန်မာဘာသာပြန်ပဲ ​ဖတ်ချင်ရင်
@MertvetsKira ကိုလာတောင်းလို့ရပါတယ်။

ဒါပါပဲ။
React For More Guys!!

#Kira
❤13
The Level II multiverse by Max Tegmark

ဒါကိုအရင်တုန်းက Level 1 အကြောင်းတင်ဖူးပါတယ် အခုကတော့ 2 ပေါ့ ရှည်ရှည်ဝေးဝေးမပြောတော့ပဲစလိုက်ပါမယ်။

ဒါကို Brane Multiverse လို့လဲခေါ်ဆိုပါတယ် Level 2 အနေနဲ့ကတော့ ကျွန်တော်တို့နေထိုင်တဲ့ Universe ကြီးက Brane တွေအများကြီးထဲက Higher Dimension များစွာအတွင်းမှာတည်ရှိနေတဲ့စကြာဝဠာဆိုပြီးပါ ဒီလိုစဉ်းစားကြည့် Brane ဆိုတဲ့ ကျွန်တော်တို့နေထိုင်တဲ့ Universe ကြီးက 3th dimension ဖြစ်ပြီးတော့ Higher dimension တွေထဲမှာလွင့်မျောနေတဲ့ Brane ကြီးတစ်ခုလို့ဆိုပြီးပေါ့။

Brane ဆိုတဲ့အရာတွေက Higher Dimension အတွင်းမှာတည်ရှိတဲ့ Theoretical အရာဝတ္ထုတွေဖြစ်ပြီးတော့
ဥပမာပေးရရင် Higher Dimension တွေ အတွင်းမှာလွင့်မျောနေတဲ့ အမြှေးတွေလိုပါပဲ (Membrane) ကျွန်တော်တို့နေထိုင်တဲ့စကြာဝဠာကြီးက 3-Brane ကြီးဖြစ်နိုင်ပါတယ် ‌ပြောချင်တာက ကျွန်တော်တို့နေထိုင်တဲ့ Universe ကြီးက 3th dimension ဆိုတဲ့ dimension မှာရှိနေတာပါ ( Dimension ---> Universe) အလျား၊ အနံ၊ အမြင့် ဆိုပြီးပေါ့။

Higher Dimension ကိုအကျဉ်းချုပ်ရှင်းပြရရင် 2D အတွက် 3D က Higher dimension ပါ ဘာလို့ဆိုတော့ 2D က အလျားနဲ့အနံပဲရှိပါတယ် အမြင့်မရှိဘူးပေါ့ 2D character တွေကို Fiction လို့ပဲသတ်မှတ်လိုက်ပါ ပြားချပ်နေတဲ့ စက္ကူတို့ဘာတို့ ဥပမာမပေးတာက အဲ့တာတွေက 2th dimension မဟုတ်ပဲနဲ့ 3th Dimension ပါပဲ အမြင့်ရှိပါတယ် အရမ်းသေးနေလို့မမြင်ရတာပဲရှိတာပါ ကျွန်တော်တို့နေထိုင်နေတဲ့ 3D ထဲမှာ 2D object တွေမရှိပါဘူး အကုန်လုံးအမြင့်ရှိပါတယ်။

အဆက် ---

Brane Multiverse Theory မှာက ကျွန်တော်တို့နေထိုင်နေတဲ့ 3D brane အပြင် ကျန်တဲ့ Brane တွေလဲရှိဦးမယ်လို့ယူဆပါတယ်။ Brane တစ်ခုဆီတိုင်းကထူးခြားတဲ့ကိုယ်ပိုင် နိယာမတွေ၊ ရုပ်ပိုင်းဆိုင်ရာပုံစံတွေရှိပါတယ် အရင် Level 1 နဲ့ကွဲပြားချက်ပြောရရင် လူတစ်ယောက်က History Class တင်မဟုတ်ပဲ မတူညီတဲ့ Physic Class ကိုပါတက်နေရသလိုဖြစ်မှာပါ Different lecture တွေပေါ့ အကုန်ကွဲပြားနေမှာ (Level 1 ကိုသွားဖတ်နိုင်ပါတယ်) ထို မတူညီတဲ့ Brane တွေကလဲ ကျွန်တော်တို့ Brane နဲ့ရှု့ထောင့်‌ပေါင်းစုံက ပြိုင်ရင်လဲပြိုင်နေမယ် ဆုံရင်လဲဆုံနေမယ်။

Tegmark ငြင်းခုန်ချက်အရ Brane Multiverse က စကြာဝဠာကြီးရဲ့လျှို့ဝှက်ချက်တွေကိုဖြေရှင်းနိုင်တယ်တဲ့ Dark Matter တွေလို Dark Energy တွေလိုအရာတွေကိုပေါ့ နောက်ပြီး Brane Multiverse က သက်ရှိတွေအပေါ်ဘယ်လို အရေးပါစေတာလဲ ဖြစ်ပေါ်စေတာလဲပါဖြေရှင်းနိုင်မယ်လို့ငြင်းခုန်ခဲ့ပါတယ်။ ဒီလောကကြီးမှာလဲ Brane စုစုရေပေါင်း အနန္တရှိတယ်ဆိုပြီးငြင်းခုန်ခဲ့ပါတယ် တစ်ခုဆီတိုင်းက ထူးခြားဖြစ်စဉ်တွေအနေနဲ့တည်ရှိနေမယ် ပုံစံမတူပဲရှိနေမယ်၊ တန်ဖိုးမတူပဲရှိနေမှာပါ။

( Higher Dimensions ---> Brane ပေါင်းများစွာထဲက ကျွန်တော်တို့ 3-Brane or 3th dimension ---> ကျွန်တော်တို့ Universe တစ်ခြား infinite numbers of universe တွေလဲရှိနေနိုင်ပါတယ် Brane တစ်ခုတည်းမှာပဲ။ နောက်ပြီး Brane တွေက Infinite အထိရှိတယ်လို့ပြောပါတယ် နောက်ပြီး ကိုယ်ကိုင် Law of Physics လဲရှိပါသေးတယ်)

တကယ်လို့ Brane Multiverse ကြီးသာမှန်ခဲ့ရင် ကျွန်တော်တို့စကြာဝဠာကြီးကထူးခြားနေမှာမဟုတ်တော့ပဲ ကျန်တဲ့ infinite numbers of universe တွေ‌ရှိနေမှာပါပဲ ကိုယ်ပိုင် နိယာမတွေနဲ့ပေါ့ နောက်တစ်ခုကလဲ ကျွန်တော်တို့လူသားတွေ Law Of Physics ဆိုတာကြီးကိုအပြည့်အဝနားလည်နိုင်ဖို့မဖြစ်နိုင်တော့ပါဘူး ဘာလို့လဲဆိုတော့ Universe က infinite ဖြစ်နေပြီး ကိုယ်ပိုင် Physic တွေရှိတာကြောင့် မတူညီတဲ့ physics နိယာမတွေလဲ အနန္တဖြစ်နေမှာပါပဲ ဒါကြောင့် သဘာဝတရားအကုန်လုံးကိုရှင်းပြမယ့် ရူပဗေဒကြီးအကုန်လုံးကိုဖြေရှင်းနိုင်စွမ်းမရှိတော့ပါဘူး။ တစ်ခြားအကြောင်းအရာတွေလဲကျန်သေးပေမယ့် မလိုတော့ဘူးထင်တာပါပဲ။ Bye see ya
Level 1 - https://t.me/IknowledgeField/55
#MerlinHermes
@IknowledgeField
❤8
ဒီနေ့ညမှ adm Kiraက Philosophy အကြောင်းကို စပြီးတင်ပါတော့မယ်။ take careပါ ။
#Kira
❤7
"What Is Philosophy?"

Philosophy အကြောင်းကို တင်ပေးမယ်လို့ပြောခဲ့တာ ကြာပြီ၊ အခု တင်ပေးလိုက်ပါပြီ။

Philosophy(သို့)Philosopher
စတဲ့စကားလုံးတွေကို စာဖတ်များသူတွေ လေ့လာမှုများ သူတွေနဲ့မစိမ်းလောက်တဲ့စကားလုံးတွေပါ၊စိမ်းနေရင်တောင် ကျွန်တော် တို့ခပ်လန်းလန်း quote တစ်ကြောင်းကိုအဘိုးကြီး လေသံနဲ့ပေါ်လာပြီးအဘိုးကြီးရုပ်ထုedit တွေ tiktok,ig social mediaတွေမှာမြင်ဖူးကြမှာပါ။ (It's Socaretes btw)

Philosophy ဆိုတာကို မြန်မာလိုဘာသာပြန်ရရင်ဒဿနဗေဒ ပါ။  ဒဿနဗေဒကို လူသားတွေရဲ့  မိမိဘဝ ပတ်ဝန်းကျင် နှင့် ရှင်သန်နေထိုင်ရာ လောကကြီး နဲ့ပတ်သတ်ပြီး  စူးစမ်းလေ့လာချင်စိတ်၊ သိလိုစိတ် ကအစပြုပါတယ်။ ဒါပေမဲ့ ရောက်ချင်ရာရောက် အခြေအမြစ်မရှိ ထိုင်တွေးနေတာမျိုး မဟုတ်ပဲ ကျိုးကြောင်းစီလျော်စွာတွေးခေါ်ရတာမျိုးပါ။ Philosophy ဆိုတဲ့ဘာသာရပ်က ဘာသာရပ်အားလုံးရဲ့ Root ဖြစ်သလို Philosophy of Political ( ဥပမာ liberalism, socialism, conservativism and anarchism ) ၊ Philosophy of Life ( Stoicism,Existentialism,Buddhism )  စသဖြင့် လဲရှိပါတယ်။

ထို့အပြင် St.Thomas Aquinas တို့ St.anselm တို့လို Christian ဘုန်းတော်ကြီး တွေကလဲ ဒဿနဗေဒနဲ့ချင့်ချိန်ပြီး သူတို့ဘာသာအယူအဆ ဘုရားသခင်ကို တည်ရှိကြောင်း ခြုံယူတင်ပြဖို့ ကြိုးစားခဲ့ကြပါတယ်။ ဒဿနဗေဒနယ်ပယ်ထဲက လူတွေက ခေတ်တွေမတူကြရင်တောင်တစ်ယောက်နဲ့တစ်ယောက် Debunkဖို့လုပ်နေကြတာပါ။ အဲ့တော့ ဒဿနဗေဒမှာ ဘုရားသခင်ရှိမရှိကလဲ အငြင်းပွားဖွယ်ရာတစ်ရပ်ပါပဲ။

ဒဿနဗေဒ (Philosophy)
ဆိုတာကို အဓိပ္ပါယ်ဖွင့်ရရင်
ဂရိဘာသာစကား “philos”(love of- ချစ်မြတ်နိုးခြင်း)
နဲ့“sophia” (wisdom-ဉာဏ်ပညာ)
  တို့ကဆင်းသက်လာတာပါ။
ဆိုတော့ Philosophy ကို “love of wisdom” “ဉာဏ်ပညာကိုချစ်မြတ်နိုးခြင်း” လို့ဘာသာ​​ပြန် အဓိပ္ပါယ်ထုတ်ရမှာပါ။ (နည်းနည်းတော့ lameသလိုထင်ရပါတယ် ဒါပေမဲ့ စကားလုံးရဲ့ဇစ်မြစ်ပါပဲ)

ဒဿနဗေဒကို ဘာသာရပ်တစ်ခုအနေနဲ့ လေ့လာမယ်ဆိုရင် သူ့ရဲ့နယ်ပယ်ကို အကြမ်းဖျဉ်းဟာဖြင့် အောက်ပါအတိုင်း ခွဲခြားလေ့ရှိပါတယ်။အဲဒါတွေကတော့

Metaphysic- တက်ကိကဗဒေ
Epistemology-သိမှုဗေဒ
Logic- ယုတ္တိဗေ
Ethics- ကိုယ်ကျင့်တရားပညာ
Aesthetics -အလှဗေဒ
Philosophy of X-
  (ဆိုလိုတာက ဘယ်ဘာသာရပ်ကိုပဲဖြစ်ပါစေ ဒဿနဗေဒဆိုင်ရာ ရှုထောင့်ကနေ လေ့လာတာမျိုး၊ဥပမာ philosophy of war,love, school,Universe
စသဖြင့်ပေါ့လေ။)

ကျွန်တော်တို့တွေ Philosophy ကိုလေ့လာမယ်ဆိုရင် သိထားရမှာက ခေတ်ဦး၊အလယ်ခေတ်၊ဉာဏ်လင်းခေတ် စတဲ့ ခေတ်အဆက်ဆက် ဒဿနဗေဒပညာရှင်တွေကတော့ “ငါတို့ဟာ ဘယ်နယ်ပယ်ကိုလေ့လာနေတာပါ”  ဆိုပြီးလေ့လာခဲ့ကြတာမဟုတ်ပဲ ​နယ်ပယ်အနှံ့ကို ဖြန့်ကျက်ခဲ့တာပါ။  ဥပမာ အားဖြင့် Immanuel Kantဆိုရင် Metaphysic တစ်မျိုးတည်းကို လေ့လာခဲ့တာမဟုတ်ပဲ Ethics,Epistemology,Logic တို့ကိုပါ လေ့လာပြီး သူ့ရဲ့ အဆိုပြုမှုတွေကို တင်ပြပါတယ်။ နောက် Post တစ်ခုမှာ Philosophy Major ကိုဘယ်လိုချည်းကပ်လေ့လာရမလဲ  ဆိုတာကို တင်ပေးသွားပါ့မယ်။

More Content?
React for More Guys

#Kira
❤26🔥4⚡2🏆1
𝐒𝐜𝐢𝐞𝐧𝐜𝐞, 𝐂𝐨𝐧𝐜𝐞𝐩𝐭 𝐚𝐧𝐝 𝐂𝐨𝐬𝐦𝐨𝐥𝐨𝐠𝐲 𝐬𝐭𝐮𝐟𝐟𝐬 -

Abstract Existence - https://t.me/IknowledgeField/9

Level I Multiverse - https://t.me/IknowledgeField/55

Level II Multiverse - https://t.me/IknowledgeField/147

Nikola Tesla's theory - https://t.me/IknowledgeField/94

Metaphysic Explanation -
https://t.me/IknowledgeField/3

𝗕𝗼𝗼𝗸 𝘀𝘁𝘂𝗳𝗳 -

No Longer Human's book review based on my opinion - https://t.me/IknowledgeField/89

#MerlinHermes The Magician
❤12
Gojo's infinity ကဘယ်လိုအလုပ်လုပ်တာလဲ?

ပထမဆုံး သူ့ infinity အကြောင်းမပြောခင် အရင်ဆုံးသူနဲ့ conceptချင်းတူတဲ့ Achilles paradox အကြောင်းပြောရမယ်။

Achilles paradoxဆိုတာက Zeno of Eleaရဲ့ ဂရိဒဏ္ဍာရီထဲကအပြေးအမြန်ဆုံးသူရဲကောင်း အားခီလီစ်(Achilles)နဲ့ ကုန်းလိပ်(tortoise)တို့ရဲ့ အပြေးပြိုင်တာကို ဥပမာအနေနဲ့ထားပြီး infinity အကြောင်းပြောထားတဲ့ paradoxပါ။
ဘယ်လိုအပြေးပြိုင်တာလည်းဆိုရင် ကုန်းလိပ်ကို အကြောပေးပြီး Achilles က အမီလိုက်မယ်၊အချိန်သတ်မှတ်ချက်တစ်ခုမှာ Achillesက နဂို ကုန်းလိပ်ရောက်ခဲ့တဲ့နေရာကိုရောက်သွားမယ် ဒါပေမယ့် ကုန်းလိပ်ကလည်းနောက်တစ်နေရာကို
ရောက်နှင့်နေပြီအဲ့လိုနဲ့ Achillesက ကုန်းလိပ်ရဲ့နေရာထပ်ရောက်၊ကုန်းလိပ်ကနောက်တစ်နေရာထပ်ရောက်ပြီး Achilles ကဘယ်တော့မှ ကုန်းလိပ်ကိုအပြေးပြိုင်ရာမှာမနိုင်ဘူးဆိုပြီးပြောထားတယ်။

ဒါကတကယ်တော့မှားပေမယ့် မှန်နေပါတယ် ဘာလို့လဲဆိုတာကိုရှင်းပြပါ့မယ်။မှန်တယ်ဆိုတာက zenoဆိုလိုချင်တာက လိပ်နဲ့လူရဲ့ကြားထဲက အကွာအဝေးကိုပြောတာ လူရဲ့နေရာက 1ဆိုပါတော့ လိပ်က 2မှာရှိနေမယ် အဲ့ ကိန်းနှစ်ခုကြားထဲမှာရှိတဲ့မရေမတွက်နိုင်တဲ့ကိန်းတွေကြောင့် 1နေရာမှာရှိတဲ့လူကဘယ်တော့မှ 2နေရာကလိပ်ကိုမရောက်နိုင်ဘူးဆိုတာပေါ့။ ဒါပေမယ့်လည်း ရိုးရှင်းတဲ့ ပုံသေနည်းဖြစ်တဲ့ 1+1=2နဲ့ဆို ဒါကဖြတ်ကျော်လို့ရပါတယ်

ဥပမာ လိပ် က 10m အသာစီးရထားတယ်။
Achilles က လိပ် ထက် 4ဆမြန်ဆန်တယ်။
1. Achilles က 10m ကို 5 စက္ကန့်အတွင်းရောက်မယ်။
2. ထိုအချိန်မှာ လိပ် က 2.5m ရှေ့ကိုရောက်သွားမယ်။
3. ထပ်ပြီး Achilles က 2.5m ကိုရောက်တဲ့အချိန်မှာ လိပ် က 0.625m ရှေ့တိုးမယ်။
ဒီလိုပုံစံမျိုးနဲ့သူပြောတာကိုတွက်ကြည့်ရင် limitအရ တိကျတဲ့အချိန်တစ်ခုမှာ လိပ်ကိုကျော်နိုင်သွားပါလိမ့်မယ်။
အမြန်နှုန်းချင်းတူတဲ့ သူချင်းဆိုရင်တော့မကျော်နိုင်ပေမယ့် အခုက လိပ်နဲ့လူပါ။ အဲ့ခေတ်က calculate မပေါ်သေးလို့လားတော့မသိပါ။

ဒါဆို gojoရဲ့ဟာကိုပြန်ဆက်ရအောင်။
Gojoကသူနဲ့သူ့ရဲ့ပစ်မှတ်ကြားက အကွာအဝေးကို သဘာဝအရတည်ရှိနေတဲ့ infinity နဲ့ tiny spaceတွေဖန်တီးပြီး infinite ဖြစ်တဲ့အထိဆွဲဆန့်လိုက်တာပါ tiny spaceတွေက infinite decimalsတွေနဲ့အလုပ်လုပ်ပုံဆင်တူပါတယ်။စောက ပြောခဲ့တဲ့ 1နဲ့2က gojoနဲ့သူ့ရဲ့ပစ်မှတ်ဖြစ်ပြီး tiny spaceတွေက ကြားထဲက နံပါတ်တွေလို့တွေးလို့ရပါတယ်။ပြောရရင် သူက တကယ်ကြီး infinity အဆုံးမရှိမဟုတ်ဘဲနဲ့ ဒီတိုင်း နဂိုမူရင်းအကွာအဝေးက infinity ဖြစ်တဲ့အထိဆွဲဆန့်ထားတာပါ။ သီအိုရီ အရစက္ကူတစ်ချပ်က အဆုံးမရှိထပ်ခါထပ်ခါခေါက်လို့ရတယ်ဆိုတာနဲ့တူပါတယ်။
ဒီလိုလုပ်လိုက်တဲ့အတွက် gojoကိုတိုက်ခိုက်တဲ့တိုက်ခိုက်မှုတွေကအချိန်အကန့်အသတ်မရှိတာကြောင့် နှေးသွားပြီးရပ်တန့်လုနီးပါးပါဖြစ်သွားပါတယ်။ဒါကြောင့်သူ့ဆီကို တိုက်ခိုက်မှုကမရောက်တော့ပါဘူး ဒါပေမယ့် bypassလုပ်လို့ရတဲ့နည်းတွေကတော့ရှိပါသေးတယ်

ဒါဆိုဘယ်လိုလုပ်မလဲ?
ပထမဆုံးနည်းကတော့ သီအိုရီအရပါပဲ ပြောရရင် စောနက Achilles paradox လိုပဲ 1နဲ့2ကြားထဲကအကွာအဝေးကို 1+1=2ဆိုတာမျိုးနဲ့လုပ်သလိုပဲ gojoကိုလည်း speedနဲ့တစ်ချိန်ကျ သူ့ဆီတိုက်ခိုက်မှုဒါမှမဟုတ် ပစ်မှတ်ကရောက်နိုင်ပါတယ်။(သီအိုရီအရပါပဲ)
Sukunaကလည်း သူ့ရဲ့ domain amplificationနဲ့အတွင်းကနေဖျက်ပြသွားခဲ့ပါတယ်။

-အပြင်ကနေဖျက်လို့ရလားဆိုရင်တော့
Canonမဟုတ်တဲ့အတွက် fanတွေကြားမှာ သီအိုရီအမျိုးမျိုးနဲ့ငြင်းနေကြတုန်းပါ။

-Gojoရဲ့ infinityက ရုပ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုတွေကိုပဲ တားဆီးဖို့လုပ်တာမလို့ စိတ်ပိုင်းဒါမှမဟုတ်တစ်ခြား special abilities တွေ haxတွေနဲ့ဆိုလည်း ထိခိုက်အောင်လုပ်လို့ရပါတယ်

React?
#allheavens
❤10
Kira's Collection;Literature 📌

[Click a text to read]

•LiteratureQuotes_1 ☕

• Book Review : White Nights 🌌

• LiteratureQoutes_2 ☕️

• Book Review : No Longer Human 👁‍🗨

• Book Review : L'tranger 🔆

•Albert Camus ☕️

•Book Review : Animal Farm 🐔

•Book Review : Thus Spoke Zarathustra 🪬

•Vintage Poem 🌱

•Catcher in the rye ▪️

#Kira
Please open Telegram to view this post
VIEW IN TELEGRAM
❤6
Kira 's Collections

•Psychology Collection
https://t.me/IknowledgeField/159

•Philosophy Collection
https://t.me/IknowledgeField/157

•Literature Collection
https://t.me/IknowledgeField/160

•10 Days 10 Writers
https://t.me/IknowledgeField/308


#Kira
❤10
ဒီနေ့ Adminများ Postမတင်ပါ။
ဒီည New yearည ဖြစ်သည့်အလျောက် အပျင်းထူခွှင့်ပြုပါရန်။

#Kira
❤8
Favourite fictional character
တစ်ကောင်ရေးသွားကြပါ
အကြိုက်တူရင်
တစ်ခုခုပေးပါ့မယ်
#baixiaochun
❤9
Happy new year guys

နှစ်သစ်မှာ ​ကျန်းမာချမ်းသားပျော်ရွှင်ကြပါစေ။ လိုရာဆုတောင်းများလည်းပြည့်ကြပါစေ။

Wish you all best ပါ ❤️🍀
#adminteam
❤10🎉2