𝙏𝙝𝙞𝙣𝙠𝙫𝙚𝙧𝙨𝙚
1.36K subscribers
262 photos
9 videos
13 files
126 links
သတင်း ၊ ဒဿန ၊ စာပေ ၊ သိပ္ပံနှင့် ဖျော်ဖြေရေး အရေးအသားများ

Our Web(closed)
thinkverse.lovable.app

Lunatic's Collection
https://t.me/IknowledgeField/476

Merlin's Collection
https://t.me/IknowledgeField/154

Contact for business -
@MertvetsKira
Download Telegram
Forwarded from đ™đ™đ™š 𝙐𝙣𝙠𝙣𝙤𝙬𝙖𝙗𝙡𝙚
အခုကတော့ yhwachရဲ့ the almightyအကြောင်းရှင်းပြမှာဖြစ်ပါတယ် ပထမဆုံးသူကို summarizeအနေနဲ့သူရဲ့the almighty powerကဖြစ်နိုင်သမျှအနာဂတ်နဲ့အနာဂတ်ဖြစ်ရပ်များကိုထိန်းချုပ်နိုင်တာနဲ့ပြန်ပြင်ရေးနိုင်တာ sternritterတွေထဲမှာအကြမ်းဆုံးbroken haxလို့သိထားလို့ရတယ်

ဒါဆိုသူရဲ့the almighty core abilitiesတွေရှင်းပြပေးမယ် yhwachကall posibilities futureတွေကိုဘယ်alternate timelineမှာမဆိုမြင်နိုင်တယ်also parellel timelineမှာဖြစ်သမျှအရာအာလုံးနဲ့ဖြစ်နိုင်သမျှအနာဂတ်တွေအကုန်သူမြင်နိုင်တယ် ဆိုလိုတာကသူကအရာအာလုံးလှုပ်ရှားမှုတွေကိုမဖြစ်ခင်ကတည်းကကြိုသိနေတာပေါ့ဖြစ်ပျက်သမျှလှုပ်ရှားမှုတိုင်းကိုသူကကြိုကြည့်ရတယ် သူရဲ့ရန်သူကichigoလို့infinite timelinesတွေကိုcuttingမလုပ်နိုင်မခြင်းသူကသေမှာမဟုတ်ဘူး သူသေမဲ့အနာဂတ်ကိုမြင်ရင်သူမသေမဲ့အနာဂတ်ကိုပြန်ပြောင်းလိုက်ရုံပဲ

နောက်တစ်ခုကfuture manipulationပါ the almightyကသူအနာဂတ်ကိုမြင်ရုံတင်မဟုတ်ပါဘူးပြန်ပြင်ရေးလို့လဲရပါတယ် အနာဂတ်ကသူအတွက်မကောင်းတဲ့ပုံသဏ္ဍန်ဆောင်နေရင်အဲ့အနာဂတ်ကိုထားလိုက်ပြီးကျန်တဲ့future timelineကိုသွားလို့ရတယ်ပြန်ပြင်ရေးလို့ရတယ် originally timelineကိုပြန်ပြင်ရေးနိုင်တဲ့ဟာမျိုးပေါ့ သူကိုယ်တိုက်ခိုက်နိုင်တဲ့အနေထားတစ်ခုရောက်သွားတဲ့အနာဂတ်ကိုမြင်ရင်အဲ့ဒီအနာဂတ်ကိုဘယ်တော့မှဖြစ်မလာအောင်လုပ်လိုက်ရုံပဲ ချွင်းချက်ichigoကmultiples timelinesကိုဖျက်ဆီးပြစ်လိုက်လို့သူကပြောင်းမရတော့တာပါ နောက်ပြီးkyoka suigetsuကသူရဲ့အာရုံငါးပါးကိုထိန်းချုပ်ထားတာရယ်ပေါ့ kyoka suigetsuထိန်းချုပ်ခံထားရတာကသူမသိခင်မှာဖြစ်သွားတာသူသတိမထားမိခင်ပေါ့ဒါကြောင့်မို့ichigoကသူရဲ့true bankaiနဲ့yhwachရဲ့timelines rewriteတဲ့ကြိုးကိုဖျက်ဆီးနိုင်သွားတာပါ အလွယ်ပြောရရင် infinity timelinesပေါ့

နောက်တစ်ခုကတော့ immunity to attacks သူကတိုက်ခိုက်သမျှကိုပြယ်ဖျက်နိုင်တယ် ဘာလို့လဲဆိုတော့သူကအနာဂတ်တွေကိုပြန်လည်ရေးသားနိုင်တာကြောင့် ဘယ်တိုက်ခိုက်မှုမျိုးမဆိုသူအတွက်မသုံးမဝင်ပါ warningတော့ရှိတာပေါ့ တစ်စုံတစ်ယောက်ကသူကိုအနိုင်ယူဖို့အောင်မြင်ခါနီးဖြစ်နေတဲ့အခြေနေမှာ သူကအဲ့ဒီအဖြစ်အပျက်caseကိုဘယ်တော့မှမကြုံဖူးမဖြစ်ဘူးတဲ့ timelineတစ်ခုကိုပြန်ပြောင်းလိုက်မှာပေါ့ chronologyတွေအကုန်လုံးကသူလက်ထဲမှာမို့အရာအာလုံးကိုအသုံးမဝင်သလို့ပျက်ပြယ်နိုင်ပါတယ်

နောက်တစ်ခုက application of power သူရဲ့power the almightyကသူတင်မကဘူးသူဘေးနားက enviromemt တစ်ခုလုံးကိုပါခြယ်လှယ်ရတာပါပဲ သူတင်မကပဲသူပတ်ဝန်းကျင်ပါအဖြစ်အပျက်တွေကိုပြောင်းလဲနိုင်စွမ်းရှိပါတယ် လွယ်လွယ်ပြောပြရရင်သူရဲ့ sternritterအဖွဲ့တိုက်ပွဲအာလုံးcaseကိုအောင်မြင်အောင်လုပ်နိုင်သလို့ သူရဲ့အထူးတပ်ဖွဲ့ကိုတွေကိုပျက်ဆီးအောင်လဲလုပ်နိုင်ပါတယ် သူက auswahlenသုံးလိုက်ပြီးသူရဲ့အဖွဲ့သားတွေကိုပျက်ဆီးအောင်လုပ်သလို့ပဲသူအဲ့လို့လုပ်တာကသူရဲ့ စွမ်းအားတွေ့အကုန်ပြန်လည်ရှင်သန်ထမြှောက်တာမျိုးqunicy တွေစွမ်းရည်sourceအရyhwachကိုယ်တိုင်မို့အကုန် သူယူရပါတယ်

asuwahlenကselectလို့ဘာသာပြန်ရတယ်သူတို့သေသွားရင်သူတို့ရဲ့powerတွေအကုန်yhwachရောက်သွားတာမျိုးပေါ့ အရွေးချယ်ခံတွေသာရှင်သန်နိုင်မယ်ဆိုတဲ့အပြုသဘောဆောင်တဲ့forced frameထားတဲ့အာဏာစက်ပါပဲအကျိုးမယုတ်ပါဘူးသူတို့soulsတွေအကုန်ကyhwachနဲ့တစ်သားတဲ့ဖြစ်သွားတာမို့ပါredistribute soul fragmentsလို့ခေါ်ရပါတယ် ဒါဆိုဒီနေ့တော့ဒီလောက်ပဲပေါ့ဗျာ

#kouji bleachနဲ့narutoအကြောင်းအားရင်အားသလို့တင်ပေးပါမယ် ဆွေးနွေးချင်တာရှိရင်ဒီaccount dmလေးကိုလာခဲ့ပေးလို့ရပါတယ် @koujislams
❤8
ကယ်လီဂူလာ (Caligula)  ဆိုတဲ့ ရောမဧကရာဇ်ဘုရင်က စိတ်ဆတ်လွယ်တဲ့သူဖြစ်ပြီး ကြောင်တောင်တောင် အမိန့်တွေကိုသူ့လက်ထက်မှာ အကြိမ်ကြိမ် ထုတ်ခဲ့ဖူးပါတယ်။

တစ်ခါက သူ ဗြိတိန်ကို ကျူးကျော်တာမအောင်မြင်လို့ ရောမကို လှည့်ပြန်လာရပါတယ်။ အိမ်ပြန်လမ်းမှာ လက်ဗလာနဲ့ ပြန်ရမှာ ရှက်လို့ဆိုပြီး ဘာမှမဆိုင်တဲ့ ပင်လယ်နတ်ဘုရား နက်ပကျွန်း (Neptune) ကို စစ်ကြေငြာပါတယ်။

ပင်လယ်နတ်ဘုရား နက်ပကျွန်း (Neptune) ကလည်း တကယ်မရှိလို့ပဲလား၊ ဒါမှမဟုတ် မအားလို့ပဲလားလို့တော့ မသိ။ ဘာအရိပ်ယောင်မှမပြတာကို ကယ်လီဂူလာ  ကလဲ နက်ပကျွန်းနဲ့စစ်ဖြစ်တယ်ကွာ ဆိုပြီး သူ့စစ်သားတွေကို ပင်လယ်ထဲ ဓားတွေလှံတွေထိုးခိုင်းပြီး စစ်နိုင်တယ်လို့ဆိုကာ ပင်လယ်ခရုခွံတွေကို ရောမကိုပြန်သယ်လာဖူးပါတယ်။

(အဲ့ခေတ်က ရောမဘုရင်တွေက သန္ဓေမမှန်တဲ့ဂေါက်သီးတွေများပါတယ် ၊ Caligula  ကို ဘဏ္ဍာထိန်းတွေက နိုင်ငံငွေနည်းပါးနေကြောင်းပြောတဲ့အခါ ဘဏ္ဍာထိန်းတွေကို အတင်းအဓမ္မ သေတမ်းစာ ရေးခိုင်းပြီး ထိုအမတ်တွေရဲ့ ဥစ္စာတွေအကုန် နိုင်ငံဘဏ္ဍာငွေထဲထည့် ခိုင်းပါတယ်။ သူတို့ရဲ့ ဇနီးမယားတွေကို ခန္ဓာကိုယ်အသုံးချပြီး ဝင်ငွေရှာခိုင်းပါသေးတယ်)

#Kira
🗿8❤6👍1🍓1
Merry Christmas ပါ အဲဗတီးညမ်း။

We wish you the best of the best. And we are grateful that you guys being our founding subscribers in our early journey. Whatever,stay in touch with us. We will be posting Literature, Psychology, Philosophy, Science, Educational Contents from now on. Also random facts. Thank You!

#AdminTeam
❤13⚡2
Albert Camus
(အဲဘက် ကမူးစ့်)

ကျွန်တော်Kira ပါ။ ဒီနေ့ Camusအကြောင်း နည်းနည်းလေး Yapပါမယ်။

Camus ကနိုဘယ်ဆုရ ပြင်သစ်စာရေးဆရာ တစ်ယောက်ဖြစ်ပါတယ်။ သူ့ ကို Tiktokပေါ်မှာပဲ ဖြစ်ဖြစ် Social Media Platformတစ်ခုခုမှာမြင်ဖူးကြမှာပါ။

" Should i Kill myself? Or should i have a cup of coffee? "

ဆိုတဲ့ Quoteနဲ့Editနေကြတာတွေရှိပါတယ်။ အဲ့Quoteကလဲ သူပြောခဲ့တာ၊Happy Deathထဲမှာပါတယ် လို့ဆိုကြသလို အချို့ကကြ သူမပြောခဲ့ဘူး လို့ဆိုပါတယ်။ ကျွန်တော်လဲ Happy Deathမဖတ်ရသေးတော့မသိဘူး။

Camus ရဲ့ Philosophy ;  Absurdism

Nihilism ကို မြန်မာလို နတ္တိဝါဒ လို့ဘာသာပြန်နိုင်ပေမဲ့ Absurdism ဆိုတာကိုကြတော့ အချည်းအနှီးဝါဒ လို့ပဲ ဘာသာပြန်ရမှာလား ကပျော်ကချော်ဘဝအဓိကဝါဒ လို့ပဲ ဘာသာပြန်ရမှာလား ကျွန်တော်လဲမသိပါဘူး။

Absurdism ဆိုတာက ဘဝကအဓိပ္ပါယ်အတိအကျမရှိဘူး။ ရှာနေရင်လဲတွေ့မှာမဟုတ်ဘူး။ ရယ်ဖို့လည်းကောင်းတယ်။ ဒါ့ကြောင့် ပျော်ပျော်ပဲနေ။ ဆိုတာမျိုးသွားပါတယ်။

အဲ့ထပ်ပိုပြီး အနက်ဖြန့်ရရင်တော့ Jean-paul Sartre;  Existentialism (ဖြစ်တည်မှုအဓိကဝါဒ၊ နောက်ကြ ရှင်းပြပေးပါ့မယ်) ရဲ့ Impact တွေ အကြောင်းရောအစချီပြီးရှင်းပြရမှာပါ။ နောက်ကြတင်ပေးပါ့မယ်။

Camusရဲ့ လက်ရာတွေက ဘဝရဲ့အချည်အနှီးဖြစ်မှု(Absurd)။ အဓိပ္ပါယ်မဲ့မှု(Nothingness)။ တို့ကို အဓိက ဖော်ကျူးပါတယ်။ Camus ရဲ့Philosophyကို လူတော်တော်များများက Existentialism လို့သ​တ်မှတ်ကြပေမဲ့ Camusကတော့Existentialism ရဲ့အနွယ် တစ်ခုမဖြစ်ချင်​တဲ့ ပုံစံနဲ့ ပြောသွားပါတယ်။ ဒါပေမဲ့သက်ရောက်မှုရှိတယ်ဆိုတာကို တော့ ငြင်းလို့မရပါ။

Camusက သက်တမ်းတော့ တိုခဲ့တယ်။ ပြင်သစ်မှာပဲ ကားမတော်တဆမှုနဲ့ ဆုံးပါးသွားတယ်။

သူ့စာအုပ်တွေထဲမှာ အပေါက်ဆုံးက "L'Étranger" (The Stranger)  ဖြစ်တယ်။
မြန်မာလို ဆရာထင်လင်းရဲ့ စည်းအပြင်ကလူ ဆိုပြီးဘာသာပြန်တာရှိတယ်။ အဲ့တာကို ကျွန်တော်Reviewရေးပါ့မယ်။ နောက်ရက်တွေကြရင်။
နောက်ထပ် The Myth of Sisyphus , The Plague ဆိုတာတွေကလဲ တစ်ကယ်ကောင်းတဲ့စာအုပ်တွေပါ။ ကျွန်တော်တောင်အကုန်မဖတ်ရသေးဘူး။ ( Personallyအရ တော့ Absurdism ကိုသိပ်မ​ကြိုက်လို့ ) The Silent Man,The Guestတို့ကိုလဲ ညွှန်းပါတယ်ဖတ်ကြည့်ပါ။

သူကတစ်ကယ်ကောင်းတဲ့ Author/Philosopher ပါ။ သို့ကြောင့်  Tiktok philosopher ဘာညာတိုက်ခိုက်နေတာကြတော့လဲ လက်မခံချင်စရာပါပဲ။

ဒီနေ့တော့ဒီလောက်ပါပဲ။ Author အကြောင်း အတိုအချုံ့လေးပေါ့ မနက်ဖြန် Review လာပါမယ်။ See you Guys!

#Kira
❤13👍1🍓1
Forwarded from đ™đ™đ™š 𝙐𝙣𝙠𝙣𝙤𝙬𝙖𝙗𝙡𝙚
Hello guys... It's me 源光 𝗞𝗼𝘂.
ကျွန်တော်ဒီနေ့မှာတော့ ဘာသာရေးနဲ့ပတ်သတ်တယ့် Post တစ်ခုတင်ပေးပါ့မယ်။ ဗုဒ္ဓဘာသာအယူအရ ရှေးဘဝ၊နောင်ဘဝ၊ယခုဘဝ နဲ့ ဘဝကူးခြင်းအကြောင်းကို တင်ပေးပါ့မယ်။ ဒီကိစ္စနဲ့ပတ်သတ်ပြီး ဗုဒ္ဓဘာသာဝင်အချို့နဲ့ မြန်မာက အခြားဘာသာဝင်အချို့က ဝေဖန်ချက် တွေကို Tiktok,Facebook အစရှိတယ့် ဆိုရှယ်မီဒီယာတွေပေါ်မှာဝေဖန်နေကြပြီး ဗုဒ္ဓဘာသာဝင်အချို့ကလည်း ဒီကိစ္စကိုလက်တွေ့ကျကျ ဖြေရှင်းနိုင်တယ့်သူအလွန်နည်းနေတယ့်အတွက်ကြောင့် ကျွန်တော် Kou က ဒီနေ့မှာတော့ ဘဝကူးပြောင်းခြင်းဖြစ်စဥ်ကို ဉာဏ်မှီသလောက်ရှင်းပြသွားပါမယ်။ ရှင်းပြမယ့်အပိုင်းကလည်း နှစ်ပိုင်းကွဲသွား ပါမယ်။ လက်တွေ့ကျကျနဲ့ သိပ္ပံနည်းကျကျ ဖြေရှင်းချက် နှင့် ပဋိစ္စသမုပ္ပါဒ် စက်ဝိုင်း နည်းဖြင့်ဖြေရှင်းချက် ဆိုပြီး နှစ်ပိုင်းကွဲသွားပါမယ်။ ဒီ post မှာတော့ လက်တွေ့ကျကျသိပ္ပံနည်းဖြင့် ဖြေရှင်းပြပါမယ်။

𝗧𝗵𝗲𝗼𝗹𝗼𝗴𝘆 𝗮𝗻𝗱 𝗥𝗲𝗹𝗶𝗴𝗶𝗼𝗻 𝗖𝗮𝘃𝗲𝘀 #1 : 𝗕𝘂𝗱𝗱𝗵𝗶𝘀𝗺'𝘀 𝗥𝗲𝗶𝗻𝗰𝗮𝗿𝗻𝗮𝘁𝗶𝗼𝗻

Alright so, ကျွန်တော်တို့အနေနဲ့ ပြောရရင် ဗုဒ္ဓဘာသာမှာ ရုပ်ခန္ဓာနှင့်နာမ်ခန္ဓာ ဆိုပြီး နှစ်ပိုင်းရှိပါတယ်။ ရုပ်ခန္ဓာကိုယ် ဓာတ်ကြီးလေးပါးဖြစ်တယ့် ပထဝီ ( ​မြေဓာတ် )၊အာပေါ ( ရေဓာတ် )၊တေဇော ( မီးဓာတ် ) နှင့် ဝါရော ( လေဓာတ် ) ဆိုပြီး ဖွဲ့စည်းထားပြီး နာမ်ခန္ဓာ မှာ ဓာတ်ကြီးလေးပါး ရယိ နောက်ထပ် အာကာသဓာတ် ( အပိုင်းအခြားဓာတ် ) နှင့်ဖွဲ့စည်းထားပြီး နာမ်ခန္ဓာ၊ရုပ်ခန္ဓာကိုပါ ခန္ဓာငါးပါးနှင့် ဖွဲ့စည်းထားပါတယ်။ " ခန္ဓာ " ဆိုတယ့်အဓိပ္ပါယ်က မြန်မာဘာသာပြန်လျှင် " အစု " ဆိုပြီးအဓိပ္ပါယ်ရပြီး ခန္ဓာကြီးဟာအစုတစ်ခုသာဖြစ်ပါတယ်။

ဒါပေမယ့် ဘဝကူးတာနဲ့ဒါနဲ့ဘာဆိုင်လို့လည်း ?

ဒီခန္ဓာကြီးကိုဦးဆောင်တယ့် pure energy သဘောမျိုး ဓာတ်စွမ်းအင်လေးတစ်မျိုးရှိပါသေးတယ်။ ပြောရရင် ဒီ pure energy ကနေပဲ ခန္ဓာအမျိုးမျိုးပြောင်းသွားခြင်းကို ဘဝကူးခြင်းလို့ခေါ်ပါတယ်။

ဒါတွေက သိပ္ပံအယူနဲ့ဘယ်လိုဆက်စပ်သလည်း?

သိပ္ပံဘာသာရပ် ရဲ့ အကြီးမားဆုံးသောဘာသာရပ်ခွဲတစ်ခုဖြစ်တယ့် ရူပဗေဒ ဘာသာရပ်မှာဆိုရင် energy အကြောင်းကို အကျယ်တဝင့်ရေးသားထားပါတယ်။ ရူပဗေဒဘာသာရပ်မှာဆိုလျှင် energy တွေက ဖျက်စီးလို့လည်းမရ ဖန်တီးလို့လည်းမရဘူးလို့ဆိုပါတယ် ဒါပေမယ့်တစ်မျိုးကနေ တစ်မျိုးကူးပြောင်းနိုင်တယ်လို့ မှတ်ယူကြ ပြီး grade 8 စနစ်သစ်ပညာရေးမှာလည်းသင်ရပါတယ်။

Energy cannot be created or destroyed, but it can be transferred and transformed.

   Source: Leveled by Newslea.

ကျွန်တော်တို့ အလယ်တန်းပညာရေးတွေမှာသင်ရပါတယ်။ နေလုံးကြီးကနေ ကမ္ဘာပေါ်ကို နေရောင်ခြည် ဆိုတယ့် energy ရောက်လာတယ့် အခါမှာ အလင်းစွမ်းအင် ကနေ အပူစွမ်းအင် အနေနဲ့ ပြောင်းလည်းသွားပါတယ်။ အဲ့တာက အပူစွမ်းအင်ကို create/ဖန်တီးလိုက်တာ မဟုတ်ပါဘူး အခြားပုံစံ form တစ်ခုအနေနဲ့ပြောင်းလည်းသွားတာပါ energy က energy ပါပဲ ပုံစံပြောင်းသွားတာပဲရှိတာပါ။ ဗုဒ္ဓဘာသာက ဘဝကူးတာကလည်းအဲ့လိုပါပဲ ဒီ energy force လေးတစ်ခုက နောက်ထပ် အဖြစ်အပျက် ( ခန္ဓာ ) အသစ်တစ်ခုကိုပြောင်းလည်းသွားခြင်းကို ဘဝကူးတာလို့ခေါ်ပါတယ်။
Note: ဗုဒ္ဓဘာသာမှာ ခန္ဓာကိုယ် ကို ပိုင်ဆိုင်သည့်အရာလို့မသတ်မှတ်ပါဘူး အဖြစ်အပျက်တစ်ခုလို့သတ်မှတ်လေ့ရှိပါတယ်။

ဒါကြောင့်လည်း ဒီဘဝကနေ နောက်ဘဝကို ကူးပြောင်းတယ့်အခါမှာဆိုလျှင် ယခင်ဘဝရဲ့ မှတ်ဉာဏ်တွေပါဝင်တယ့် ရုပ်ခန္ဓာ၊နာမ်ခန္ဓာ နဲ့ ခန္ဓာငါးပါး ဟာ ကျန်ရစ်ခဲ့ပြီး နောက်ထပ် ရုပ်နာမ်ခန္ဓာ နှင့် ခန္ဓာငါးပါး ပါဝင်တယ့် အစုအပိုင်းကြီးစီ ပြန်လည်ဝင်ရောက်ပြီး ဘဝအသစ်ဖြစ်ပေါ်တာပါ။ သို့သော် ဗုဒ္ဓဘာသာအယူအရ ဘဝတိုင်းနီးပါးပါလာတတ်တယ့် အထုံဓာတ် နှင့် ကုသိုလ်အကုသိုလ် ဆိုတယ့် ဥပဒေသတွေက ပါလာလျက်ရှိပါတယ်။ သိပ္ပံရှုထောင့်ကကြည့်လျှင်ဒါက energy တစ်ခုကအခြားတစ်ခု​ကိုပြောင်းလည်းသွားရင် ယခင် energy က ဖွဲ့စည်းပါဝင်ခဲ့တယ့် kinetic energy အချို့က နောက် ပြောင်းလည်းသွားတယ့် energy form အထိ ပါ လာခြင်းကြောင့်ဖြစ်ပါတယ်။

အဲ့အပြင် CIA ( Central Intelligence Agency ) Government ရဲ့ official website Library မှာ * Out of body trip  * ဆိုတယ့်ခေါင်းစဥ် ၊* Life after death *ဆိုတယ့် ခေါင်းစဥ်နဲ့ Document pdf file တစ်ခုကိုတွေ့ရှိထားပါတယ်။ ထို PDF Document အရလည်း ဘဝကူးပြောင်းခြင်း ကို CIA က ထောက်ခံတယ်လို့ သတ်မှတ်နိုင်ပါတယ်။

ဒါကတော့ Kou လက်လှမ်းမှီသလောက် Research လုပ်ထားတယ့် ဗုဒ္ဓဘာသာရဲ့ ဘဝကူးပြောင်းခြင်း အကြောင်းကို လက်တွေ့ကျကျနဲ့ သိပ္ပံ ရှုထောင့်ကနေ မျှဝေပေးခြင်းပဲ ဖြစ်ပါတယ်။ ဘာသာရေးနဲ့သိပ္ပံက ဆက်စပ်ရခက်တယ့်အတွက်ကြောင့် အမှားပါသွားတာရှိရင်လည်း ဝေဖန် ဆုံးဖြတ် ခွင့်လွှတ်ပေးပါလို့ တောင်းဆိုပါတယ်။

အကယ်၍ မရှင်းတာတွေ နားမလည်တာတွေရှိရင်လည်း @Fuckthatbitchyy acc dm မှာ လာ hi ပြီးဆွေးနွှေးလို့ရပါတယ်။ Thanks for giving an attention 🙏

#Kou源光@theunknowable_0
❤8
The Stranger (or) The Outsider

သင့်ဘဝမှာ "ရှင်သန်ရခြင်းမှာ အဓိပ္ပါယ် ရှိရဲ့လား" ဆို​တဲ့ မေးခွန်းမျိုး မေးဖူးပါရဲ့လား။

ဒီမေးခွန်းကို ရှု့ထောင့်တစ်ခုကနေ ဖော်ပြထားတဲ့ စာအုပ် တစ်အုပ်။
ပြင်သစ် နိုဘယ်ဆုရ စာရေးဆရာ တစ်ဦးဖြစ်တဲ့ Albert Camusရဲ့ ပြောင်မြောက်တဲ့ လက်ရာတစ်ခု "L'tranger" (The Stranger) ဆိုတဲ့စာအုပ်ဟာ Existentialism ကနေ ဆင်းသက်လာခဲ့တယ်လို့ဆိုရမဲ့ Camusရဲ့ ဘဝအပေါ်ရှု့မြင်ပုံ Absurdism ကို စတင်မိတ်ဆက်ခဲ့တဲ့ စာအုပ်တစ်အုပ်လဲ ဖြစ်ပါတယ်။

စာအုပ်အစချီခြင်းမှာတင် သူများနဲ့မတူပဲ ဆွဲဆောင်နေတဲ့ စာသားတစ်ခု။ ထိုစာသားကို မြန်မာလိုဘာသာပြန်ရရင်...

"အမေ ဒီကနေ့ ဆုံးတယ်။ မနေ့က ဆုံးတာ ဖြစ်ချင်လဲ ဖြစ်မယ် ။ အသေအချာ မပြောနိုင်ဘူး ။"

ဆိုပြီး အစချီထားပါတယ်။

စာအုပ် အကြောင်း ။
The Biography of the Book

စာအုပ်အကြောင်းကိုပြောရရင် ဘဝမှာဖြစ်နေသမျှပျက်နေသမျှ အရာတွေက သူ့အပေါ်ကိုသက်ရောက်မှုမရှိ၊ ဘာကိုမှ လိုက်ပြီးအရေးကြီးတယ်မထင်တဲ့ Meursault ဆိုတဲ့လူငယ်တစ်ဦးဟာ သူ့အမေရဲ့ အသုဘမှာ တောင် ကော်ဖီသောက်ချင်စိတ်နဲ့ နေပူတာကလွဲပြီး ကျန်တာခေါင်းထဲမရှိသူတစ်ဦးပါ။ ဘဝ ဆိုတာကိုက အချည်အနှီး၊ရယ်ရွှင်ဖွယ် ကောင်းတယ်။ အရေးလဲမကြီးဘူး။ ဆိုတဲ့ Mindsetမျိုး ။ "Life is Absurd" ဆိုတဲ့ ဒဿန အတွေးအခေါ်ကို Meursault စီမှာ လုံးလုံးလျားလျား မြင်ရမှာဖြစ်ပါတယ်။

စာအရေးအသား ။
The Writing

စာအရေးအသားက ကျန်စာအုပ်တွေနဲ့မတူ ကွဲထွက်နေစေတာက ဖြစ်ပျက်သမျှကို ခံစားချက်ပိုင်းဆိုင်ရာချည်းပုံဖော်ထားခြင်းမျိုးမဟုတ်၊ Meursault ရဲ့ စိတ်ထဲက ဖြစ်နေတဲ့ ဗြောက်သောက်တွေ၊ Meursault ရဲ့တွေးပုံတွေးနည်းတွေကို ဖတ်သည်နှင့်အမျှ ဖြည်းဖြည်း ခြင်း နစ်ဝင်သွားမှာဖြစ်ပါတယ်။
တိုတယ်၊လိုရင်းကိုရောက်တယ်။

စာအုပ်ကပေးတဲ့ ဒဿန။
The Philosophy of the Book

Atheist Existentialism (ဘုရားမဲ့ ဖြစ်တည်မှုဝါဒ ၊ ဘာသာမဲ့ဝါဒတစ်ခုလုံးလုံးလျားလျား မဟုတ်ပါ လူသားများရဲ့ ဖြစ်တည်နေခြင်း အဓိပ်ပါယျနဲ့ပတျသပျပွီး တွေးခေါ်ထားတဲ့ ဝါဒပါ နောက်မှတင်ပေးပါ့မယ်) တစ်ဦးဖြစ်သူ Jean-Paul Sartre နဲ့ မိတ်ဆွေဖြစ်ခဲ့တဲ့ Albert Camusဟာ ၎င်းရဲ့အတွေးအခေါ် Absurdismမှာ Existentialism နဲ့ခပ်ဆင်ဆင် တွေရှိတယ်ဆိုပြီး အချို့တွေကလက်ခံထားကြပါတယ်။
Jean Paul Sartreရဲ့ ဖြေကြားချက်အရ
  Camusကို Existentialist လို့ခေါ်ရင် မှားသွားမယ် သူတစ်ကယ်ဆရာတင်ထားတာ ဆယ်စုနှစ်ရာစုခေတ်က ကိုယ်ကျင့်တရားနဲ့ပတ်သပ်တဲ့ အတွေးအခေါ်ပညာကြီးရှင်များသာ ဖြစ်တယ်  လို့ဆိုပါတယ်   ။ Camusက Existentialist နဲ့ ဆင်တူတဲ့ အမြင်ရှိပေမဲ့ အခြေခံမှာတော့ မတူဘူးလို့ ဆိုလိုတာဖြစ်ပါတယ်။

ဒီစာအုပ်ကပေးတဲ့ဒဿန အတွေးအခေါ်ဟာ ဘဝကို အဓိပ်ပါယျဟူ၍ တိတိကျကျမရှိ၊ ရှာဖွေနေခြင်းသည်လည်း အချည်အနှီး ပင်ဖြစ်ကြောင်းနဲ့ ဒီလိုအဓိပ်ပါယျမရှိ ရယ်စရာကောင်းနေတာကပဲ မိမိစိတ်ကြိုက် နေထိုင်သင့်တဲ့အကြောင်းပြချက်ဖြစ်သလို အသက်ရှင်ရတာတန်အောင် နေသင့်တယ် ဆိုတဲ့ Absurdism ; Philosophyကို ပေးပါတယ်။

စာအုပ်အပေါ် ကျွန်ုပ်၏ အမြင်။
My Opinion on this book.

ကျွန်တော်ကတော့ Absurdismကို အရမ်းကြီးနှစ်သက်တဲ့အထဲမပါပါ။ စာဖတ်သူတို့ကို ကျွန်တော်က Absurdism အကြောင်း အကြမ်းဖျင်း ပြောပြပြီးသား ဆိုပေမဲ့ ကျွန်တော်ပြောလိုက်တာနဲ့ ကိုယ်တိုင်စာအုပ်ဖတ်ပြီး နားလည်လိုက်ရတာက အနှစ်သာရ မတူပါဘူး။ စာဖတ်သူတို့ကြိုက်ရင်လဲ ကြိုက်မယ်၊ မကြိုက်ရင်လဲမကြိုက်ဘူး။ စာအုပ်ကိုကြိုက်မကြိုက် ကျွန်တော့်ကို လာမေးရင်တော့ 100% ကြိုက်ကြောင်း ပြောမကုန်အောင်ပြောမှာပါ။ စာအရေးအသားတွေ၊ Meursaultရဲ့ တွေးပုံတွေ နဲ့ Plottingကလဲ ငြိမ့်ငြိမ့်လေးနဲ့ မြောသွားစေမှာဖြစ်တာကြောင့် Albert Camusရဲ့လက်ရာထဲက The Plagueပြီးရင် အကြိုက်ဆုံးပါပဲ။ (အဲ့စာအုပ်လဲနောက်မှReviewပေးပါ့မယ်) ။

စာအုပ်က The Stranger ဆိုပြီး USမှာ Englishလို translate ထားတာရှိသလို
The Outsider အမည်နဲ့ Englandမှာ ဘာသာပြန်ရှိပါတယ်။ မူရင်းရေးသားထားတာကတော့L'tranger အမည်နဲ့ ပြင်သစ်ဘာသာစကားနဲ့ ရေးသားထားတာပါ။
မြန်မာဘာသာပြန်စာအုပ် The Outsider ကို " စည်းအပြင်ကလူ " အဖြစ်နဲ့ ဆရာထင်လင်းဘာသာပြန်ထားတာ ကျွန်တော်တို့ရဲ့ @IknowledgeField Channelမှာ Audio Bookလေးလုပ်သွားမှာပါဗျ။

Englishလိုစာအုပ်ကတော့ Englishစာ အလယ်အလတ်လောက်ရှိရင်ဖတ်လို့ရပြီး စိတ်ရှည်ရှည်နဲ့ နားမလည်တဲ့စကားလုံးတွေ ပတ်ရှာပြီးဖတ်ရင်တော့ရပါတယ်။ စာအုပ်ဖတ်တယ် ဆိုတာက ဒီလိုမရင်းနှီးတဲ့wordတွေနဲ့ ကျွမ်းဝင်စေဖို့၊Vocabulary range ကျယ်ပြန့်စေဖို့ အတွက်လဲ ဖြစ်သလို မြောဝင်ခံစားဖို့လဲ ဖြစ်ပါတယ်။ စာအုပ်ဖတ်လို့ဉာဏ်ကောင်းတာလားဆိုတော့လဲ မဟုတ်ပြန်ပါဘူး။ အဲ့ကိုယ်ဖတ်လိုက်တဲ့စာအုပ်ကို ဆင်ခြင်သုံးသပ် ရတာက ပိုပြီးဉာဏ်ကောင်းစေတာပါ။ စာအုပ်ထဲကအချက်တွေကို လုံးလုံးလျားလျားလက်ခံလိုက်ရင်တော့ Vocabulary ကြွယ်သွားတာပဲရှိပါတယ် ။
Reading books won't make you smart,Analyzing them does.

စာအုပ်ကို Audio bookမစောင့်ပဲ မြန်မာဘာသာပြန်ပဲ ​ဖတ်ချင်ရင်
@MertvetsKira ကိုလာတောင်းလို့ရပါတယ်။

ဒါပါပဲ။
React For More Guys!!

#Kira
❤13
The Level II multiverse by Max Tegmark

ဒါကိုအရင်တုန်းက Level 1 အကြောင်းတင်ဖူးပါတယ် အခုကတော့ 2 ပေါ့ ရှည်ရှည်ဝေးဝေးမပြောတော့ပဲစလိုက်ပါမယ်။

ဒါကို Brane Multiverse လို့လဲခေါ်ဆိုပါတယ် Level 2 အနေနဲ့ကတော့ ကျွန်တော်တို့နေထိုင်တဲ့ Universe ကြီးက Brane တွေအများကြီးထဲက Higher Dimension များစွာအတွင်းမှာတည်ရှိနေတဲ့စကြာဝဠာဆိုပြီးပါ ဒီလိုစဉ်းစားကြည့် Brane ဆိုတဲ့ ကျွန်တော်တို့နေထိုင်တဲ့ Universe ကြီးက 3th dimension ဖြစ်ပြီးတော့ Higher dimension တွေထဲမှာလွင့်မျောနေတဲ့ Brane ကြီးတစ်ခုလို့ဆိုပြီးပေါ့။

Brane ဆိုတဲ့အရာတွေက Higher Dimension အတွင်းမှာတည်ရှိတဲ့ Theoretical အရာဝတ္ထုတွေဖြစ်ပြီးတော့
ဥပမာပေးရရင် Higher Dimension တွေ အတွင်းမှာလွင့်မျောနေတဲ့ အမြှေးတွေလိုပါပဲ (Membrane) ကျွန်တော်တို့နေထိုင်တဲ့စကြာဝဠာကြီးက 3-Brane ကြီးဖြစ်နိုင်ပါတယ် ‌ပြောချင်တာက ကျွန်တော်တို့နေထိုင်တဲ့ Universe ကြီးက 3th dimension ဆိုတဲ့ dimension မှာရှိနေတာပါ ( Dimension ---> Universe) အလျား၊ အနံ၊ အမြင့် ဆိုပြီးပေါ့။

Higher Dimension ကိုအကျဉ်းချုပ်ရှင်းပြရရင် 2D အတွက် 3D က Higher dimension ပါ ဘာလို့ဆိုတော့ 2D က အလျားနဲ့အနံပဲရှိပါတယ် အမြင့်မရှိဘူးပေါ့ 2D character တွေကို Fiction လို့ပဲသတ်မှတ်လိုက်ပါ ပြားချပ်နေတဲ့ စက္ကူတို့ဘာတို့ ဥပမာမပေးတာက အဲ့တာတွေက 2th dimension မဟုတ်ပဲနဲ့ 3th Dimension ပါပဲ အမြင့်ရှိပါတယ် အရမ်းသေးနေလို့မမြင်ရတာပဲရှိတာပါ ကျွန်တော်တို့နေထိုင်နေတဲ့ 3D ထဲမှာ 2D object တွေမရှိပါဘူး အကုန်လုံးအမြင့်ရှိပါတယ်။

အဆက် ---

Brane Multiverse Theory မှာက ကျွန်တော်တို့နေထိုင်နေတဲ့ 3D brane အပြင် ကျန်တဲ့ Brane တွေလဲရှိဦးမယ်လို့ယူဆပါတယ်။ Brane တစ်ခုဆီတိုင်းကထူးခြားတဲ့ကိုယ်ပိုင် နိယာမတွေ၊ ရုပ်ပိုင်းဆိုင်ရာပုံစံတွေရှိပါတယ် အရင် Level 1 နဲ့ကွဲပြားချက်ပြောရရင် လူတစ်ယောက်က History Class တင်မဟုတ်ပဲ မတူညီတဲ့ Physic Class ကိုပါတက်နေရသလိုဖြစ်မှာပါ Different lecture တွေပေါ့ အကုန်ကွဲပြားနေမှာ (Level 1 ကိုသွားဖတ်နိုင်ပါတယ်) ထို မတူညီတဲ့ Brane တွေကလဲ ကျွန်တော်တို့ Brane နဲ့ရှု့ထောင့်‌ပေါင်းစုံက ပြိုင်ရင်လဲပြိုင်နေမယ် ဆုံရင်လဲဆုံနေမယ်။

Tegmark ငြင်းခုန်ချက်အရ Brane Multiverse က စကြာဝဠာကြီးရဲ့လျှို့ဝှက်ချက်တွေကိုဖြေရှင်းနိုင်တယ်တဲ့ Dark Matter တွေလို Dark Energy တွေလိုအရာတွေကိုပေါ့ နောက်ပြီး Brane Multiverse က သက်ရှိတွေအပေါ်ဘယ်လို အရေးပါစေတာလဲ ဖြစ်ပေါ်စေတာလဲပါဖြေရှင်းနိုင်မယ်လို့ငြင်းခုန်ခဲ့ပါတယ်။ ဒီလောကကြီးမှာလဲ Brane စုစုရေပေါင်း အနန္တရှိတယ်ဆိုပြီးငြင်းခုန်ခဲ့ပါတယ် တစ်ခုဆီတိုင်းက ထူးခြားဖြစ်စဉ်တွေအနေနဲ့တည်ရှိနေမယ် ပုံစံမတူပဲရှိနေမယ်၊ တန်ဖိုးမတူပဲရှိနေမှာပါ။

( Higher Dimensions ---> Brane ပေါင်းများစွာထဲက ကျွန်တော်တို့ 3-Brane or 3th dimension ---> ကျွန်တော်တို့ Universe တစ်ခြား infinite numbers of universe တွေလဲရှိနေနိုင်ပါတယ် Brane တစ်ခုတည်းမှာပဲ။ နောက်ပြီး Brane တွေက Infinite အထိရှိတယ်လို့ပြောပါတယ် နောက်ပြီး ကိုယ်ကိုင် Law of Physics လဲရှိပါသေးတယ်)

တကယ်လို့ Brane Multiverse ကြီးသာမှန်ခဲ့ရင် ကျွန်တော်တို့စကြာဝဠာကြီးကထူးခြားနေမှာမဟုတ်တော့ပဲ ကျန်တဲ့ infinite numbers of universe တွေ‌ရှိနေမှာပါပဲ ကိုယ်ပိုင် နိယာမတွေနဲ့ပေါ့ နောက်တစ်ခုကလဲ ကျွန်တော်တို့လူသားတွေ Law Of Physics ဆိုတာကြီးကိုအပြည့်အဝနားလည်နိုင်ဖို့မဖြစ်နိုင်တော့ပါဘူး ဘာလို့လဲဆိုတော့ Universe က infinite ဖြစ်နေပြီး ကိုယ်ပိုင် Physic တွေရှိတာကြောင့် မတူညီတဲ့ physics နိယာမတွေလဲ အနန္တဖြစ်နေမှာပါပဲ ဒါကြောင့် သဘာဝတရားအကုန်လုံးကိုရှင်းပြမယ့် ရူပဗေဒကြီးအကုန်လုံးကိုဖြေရှင်းနိုင်စွမ်းမရှိတော့ပါဘူး။ တစ်ခြားအကြောင်းအရာတွေလဲကျန်သေးပေမယ့် မလိုတော့ဘူးထင်တာပါပဲ။ Bye see ya
Level 1 - https://t.me/IknowledgeField/55
#MerlinHermes
@IknowledgeField
❤8
ဒီနေ့ညမှ adm Kiraက Philosophy အကြောင်းကို စပြီးတင်ပါတော့မယ်။ take careပါ ။
#Kira
❤7