𝙏𝙝𝙞𝙣𝙠𝙫𝙚𝙧𝙨𝙚
1.36K subscribers
262 photos
9 videos
13 files
126 links
သတင်း ၊ ဒဿန ၊ စာပေ ၊ သိပ္ပံနှင့် ဖျော်ဖြေရေး အရေးအသားများ

Our Web(closed)
thinkverse.lovable.app

Lunatic's Collection
https://t.me/IknowledgeField/476

Merlin's Collection
https://t.me/IknowledgeField/154

Contact for business -
@MertvetsKira
Download Telegram
အားလုံးဘဲ မင်္ဂလာပါ ကျွန်နော်ကတော့ တရုတ်ကာတွန်းပိုင်းနဲ့ပက်သက်တာတွေတင်မယ့် admin bai xaiochunပါ cultivation နဲ့ပက်သက်တဲ့conceptတွေ novel review တွေနဲ့ အသုံးအနှုန်းတွေတင်ပေးမှာဖြစ်ပါတယ်🥰
#baixiaochun
❤4🎉1
ɪꜱ ʟᴜᴄɪꜰᴇʀ ᴇᴠɪʟ?

စိတ်ကူးပေါက်ရာလျှောက်ရေးတာပါ။

လူစီဖာက ကောင်းတဲ့လူတစ်ယောက်လား ဆိုးတဲ့လူတစ်ယောက်လားဆိုတာကို မပြောခင် သူ့ရဲ့ intentionကိုအရင်ပြောရအောင်၊လူစီဖာရဲ့ရည်ရွယ်ချက်ကရှင်းတယ် လွတ်လပ်ချင်တာ ပြောရရင် virtually unparalleledပါဆိုတဲ့ the presenceဆိုတဲ့သူ့ရဲ့အဖေလက်ကနေလွတ်မြောက်ချင်တာ၊အဖေရဲ့အစီအစဥ်တွေထဲကနေလွတ်မြောက်ချင်တာပေါ့ အဲ့တာတွေကြောင့်ဘဲ သူ့အဖေကိုပြန်ပုန်ကန်တယ် ကျန်တာတွေကအားလုံးသိတဲ့အတိုင်း ပုန်ကန်တာမအောင်မြင်တော့ ကောင်းကင်ဘုံကနေနယ်နှင်ခံရတယ်
ဖေဖေကိုချစ်လွန်းတဲ့သားလေးနဲ့ချတုန်းကရလာတဲ့ အမာရွတ်တောင်ပြန်မကုဘူး။

အဲ့တော့လူစီဖာက မကောင်းတဲ့ကောင်လား ထပ်ပြီးပြောရရင် mankindရဲ့ အပြစ်တွေကသူ့ကြောင့်လို့ပြောပေမယ့် သူကတော့ဂရုမစိုက်ဘူးအဲ့တာတွေကို သူကလူတွေကိုပုရွတ်ဆိတ်လိုအင်းဆက်အရာတွေလိုဘဲမြင်တာ
ဒီနေရာမှာပြောရဦးမယ် လူစီဖာကသူ့အဖေရဲ့အလင်းဆိုတာပြည့်စုံအောင်လုပ်ပေးတဲ့အမှောင်သဘောဘဲ သူသာမရှိရင် သူ့အဖေဆိုတာကလည်းရှိလာမှာမဟုတ်ဘူး။ ဒီနေရာမှာနည်းနည်းပြောရမယ် လူစီဖာကို the presence က ဆက်ခံသူအသစ်လုပ်ဖို့ရည်ရွယ်ပြီးသား လူစီဖာကမသိဘဲအာဏာလိုချင်လို့ထပြီးပုန်ကန်ထကြွပါလေရော အဆုံးသတ်ကတော့ထုံးစံပါဘဲနောက်ပိုင်း the void ထဲမှာလည်း the presence က လူစီဖာကိုသူ့ရဲ့ နေရာဆက်ခံဖို့ပြောတယ်ဒါပေမယ့်လူစီဖာကတော့ငြင်းလိုက်တယ် တကယ်လူစီဖာလိုချင်တာကရှင်းရှင်းဘဲအစကပြောခဲ့သလိုဘဲလွတ်မြောက်ချင်တာ အပေါ်ကအရာတွေပါဝါတွေဘာတွေကသူ့အတွက်အရေးမပါတော့ဘူး။


ဒီလောက်ဆို ခေါင်းစဥ်အတိုင်း လူစီဖာက မကောင်းတဲ့သူလားဆိုတာကိုပြောလို့ရပြီ။ပြောရရင် ဟုတ်ပါတယ် လူစီဖာက မကောင်းတဲ့ကောင်ပါ
သူ့ကိုဖန်ဆင်းခဲ့တဲ့ the presenceကြီးကိုယ်တိုင်ကိုက သူ့ကို အဲ့အနေနဲ့ဖန်ဆင်းခဲ့တာပါ။ဒါပေမယ့် မကောင်းမှုတွေအားလုံးရဲ့အရင်းမြစ်လားဆိုရင်လည်းမဟုတ်ပြန်ပါဘူး။ လူစီဖာကို evilဆန်တဲ့သူတစ်ယောက်မဟုတ်ဘူးလို့လူတွေဘယ်ကနေစထင်လာလဲဆိုရင် 2016ကထွက်တဲ့ lucifer tv showကနေလို့ဆိုရမယ်။

အမှန်တိုင်းဆိုရင်တော့ လူစီဖာက လူသားမျိုးနွယ်တွေဘာတွေကိုလုံးဝဂရုမစိုက်ပါဘူး သူ့ဟာသူနေတဲ့ကောင်ပါ။သူလိုချင်တာရမယ်ဆိုရင်တော့ဘာနေနေနင်းချေဖျက်စီးမယ့်ကောင်ပါ။နောက်ပိုင်းတော့ အမှန်တရားတွေသိပြီးတော့ဘာမှမလုပ်တော့ပါဘူး။
မိုက်ကယ်ကိုသတ်မိလို့လည်းနောင်တရနေပါတယ် ပြောချင်တာကတော့ လူစီဖာက evilဆန်လွန်းလို့ character မဟုတ်ပေမယ့် သူ့ဟာနဲ့သူတော့ဆန်ပါတယ် သူ့naturalကလည်းprideပါ လူတွေရဲ့ထင်မြင်ချက်တွေကိုဂရုလည်းမစိုက်သလိုလူတွေရဲ့ကိစ္စတွေကိုလည်းသူကဝင်မပါပါဘူး
ဒီလောက်ပါဘဲ xd
#allheavens
❤9
Osamu Dazai ရဲ့ No Longer Human.

အခုတင်မှာကဘာမှမဟုတ်ပါဘူး သာမန်လူသားတစ်ယောက်အနေနဲ့ ဒီစာအုပ်ဖတ်ပြီးခံစားရပုံ၊ ကျွန်တော့်ရဲ့ဒီစာအုပ်အပေါ်အတွေးအမြင်လေးတွေကိုပဲရေးသားသွားမှာပါ။

𝗛𝗼𝘄 𝗜 𝗪𝗼𝘂𝗹𝗱 𝗙𝗲𝗲𝗹 𝗥𝗲𝗮𝗱𝗶𝗻𝗴 𝗜𝘁

ဒီစာအုပ်ကိုဖတ်ပြီး Oba Yozo ရဲ့ တစ်ကိုယ်တော်အထီးကျန်ဆန်ဖြတ်သန်းနေရမှုတွေကိုဖတ်ရင်း သနားမိတယ်၊ ဝမ်းနည်းမိတယ်၊ မသက်သာတောင်ဖြစ်သေးတယ်။ သူကလူမှုပတ်ဝန်းကျင်နဲ့အရမ်းဝေးကွာတယ်၊ ကိုယ့်ကိုယ်ကို မလုံလောက်ပါလားဆိုပြီးအပြစ်တင်တယ် ဒါတွေကိုဖတ်ရင်းနဲ့ ကိုယ်တိုင်ဖြစ်ဖူးတာကိုပါသွားသတိရပါတယ်၊ ကျွန်တော်ကိုယ်တိုင်တင်မဟုတ်ပါဘူး သင်တို့လဲဖြစ်ဖူးမှာပါ။ လူဖြစ်လာရင်ဒီလိုတွေကတော့အမြဲကျော်ဖြတ်ရမှာပဲ ဒါကမှလူသားတစ်ယောက်ရဲ့အနှစ်သာရပါပဲ။ နောက်တစ်ခုခံစားမိတာက အားမလိုအားမရခြင်းပါပဲ Yozo ရဲ့ မျှော်လင့်ခြင်း ဆိုတဲ့အရာကြီး‌အပေါ်အရှုံးပေးလိုက်တာတွေ ကိုယ့်ကိုယ်ကိုဘာလို့ပြောင်းလဲဖို့များမလုပ်ရတာလဲ ဘာညာခံစားချက်လေးတောင်ရပါသေးတယ် ဒါပေမယ့်လဲ အပြစ်တင်လို့မရပါဘူး ကျွန်တော်ကသူလဲမဟုတ်သလို သူကကျွန်တော်လဲမဟုတ်ပါဘူး အမြင်ကွဲပြားမှု၊ အကျင့်ဇရိုက်ကွဲပြားမှုတွေကတော့ရှိတာပါပဲ။

𝗠𝘆 𝗢𝗽𝗶𝗻𝗶𝗼𝗻 𝗼𝗻 𝘁𝗵𝗲 𝗕𝗼𝗼𝗸

စာအုပ်အပေါ်ကျွန်တော်ရဲ့အမြင်ကိုပြောရရင်တော့ No Longer Human က လူသားတွေရဲ့ချို့ယွင်းချက်အကြောင်းရေးထားတဲ့ Masterpiece တစ်ခုပါပဲ။ ထိုစာအုပ်က လူ့သဘောလူ့သဘာဝ လူသားတစ်ယောက်ရဲ့ နူးညံ့တဲ့စိတ်ကိုဖော်ထုတ်ပြသတယ်။ Dazai ရဲ့ စာရေးပုံတွေကိုကြည့်ရမယ်ဆိုရင် သူ့ဘဝမှာဖြစ်ခဲ့တဲ့အရာတွေကို စာအုပ်ဆိုတဲ့မျက်နှာဖုံးလေးတပ်ပြီးချပြထားတယ်ဆိုပြီးမြင်မိပါတယ်။ အားနည်းချက်တွေကိုဖုံးဖိဖို့ကြိုးစားတယ်၊ အများနဲ့တူဖြစ်ဖို့ကြိုးစားတယ်စတဲ့အရာတွေကနောက်ဆုံးတော့ Depression လို့ခေါ်တဲ့အရာကိုပဲပိုမိုဖြစ်ပေါ်လာစေတာပါ နေ့စဉ်ဘဝမှာမျက်နှာဖုံးတပ်ရတာလဲပင်းပန်းလှပါပြီ။ နောက်ဆုံးအမြင်ကတော့ ဒီစာအုပ်ဟာ သာမန် မျှော်လင့်ခြင်းမဲ့နေတဲ့ကောင်လေးအကြောင်းရေးထားတာမဟုတ်ပဲ ကျွန်တော်တို့နေ့စဉ်ဘဝမှာဖြစ်နေတဲ့ ရင်ဆိုင်နိုင်စွမ်းမရှိတဲ့အရာတွေအကြောင်းရေးသားထားတာပါ အမြဲရှောင်ပြေးနေတဲ့အရာတွေပဲပေါ့။ နောက်တစ်ဖက်မှာလဲ မိမိကိုယ်ကို အလိုမကျမှုတွေက နှောင်ကြိုးအချုပ်အချယ်အဖြစ် ကျွန်တော်တို့ကိုကြိုးကိုင်ခြယ်လှယ်နေတယ်ဆိုတာ ပြသထားပါတယ်။

𝗟𝗶𝗳𝗲 𝗟𝗲𝘀𝘀𝗼𝗻𝘀 𝘁𝗵𝗲 𝗕𝗼𝗼𝗸 𝗢𝗳𝗳𝗲𝗿𝘀

1. ချို့ယွင်းချက်ရဲ့စွမ်းအား: Yozo က အခက်အခဲနဲ့ကြုံတွေ့ရတိုင်းလွှဲချလိုက်တယ် အရှုံးပေးလိုက်တယ်။ ဒီအကြောင်းအရာကိုကြည့်ပြီး ကိုယ့်ရဲ့ပြဿနာတွေကို ရိုးသားမှုရှိခြင်း၊ ချိတ်ဆက်မှုရှာဖွေခြင်းတို့ရဲ့အရေးပါပုံကိုသွားမြင်မိစေပါတယ်။ ကိုယ့်ကိုယ်ကိုအပြစ်မတင်ပါနဲ့ ချို့ယွင်းချက်တွေရှိလို့ ဘာလို့လဲဆိုတော့ ချို့ယွင်းချက်ရှိခြင်းက အားနည်းချက်မဟုတ်ပါဘူး။ အဲ့တာက တစ်ခြားလူတွေနဲ့ဆက်သွယ်နိုင်ဖို့တံတားတစ်ခုပါ ပြောချင်တာက ကိုယ့်ရဲ့ခံစားချက်တွေ၊ ပြဿနာတွေအပေါ်ပွင့်ပွင့်လင်းလင်းနေပါ ချို့ယွင်းချက်ကပဲ သင့်ကိုလူပီသစေတာပါ။

2. ကိုယ့်ကိုယ်ကို ချစ်တတ်ဖို့ အရေးကြီးမှု: ကိုယ့်အမှားတွေကို ခွင့်လွှတ်တတ်ဖို့၊ ကိုယ့်ကိုယ်ကို အပြစ်မတင်ဖို့ကအရေးကြီးဆုံးပါ အတွေးလေးတစ်ခုကလူတစ်ယောက်ကိုဘယ်လောက်ပျက်စီးစေနိုင်လဲကတော့ သင်တို့ကိုယ်တိုင်လဲသိရင်သိမှာပါ ထိုအတွေးကြောင့် ဉာဏ်အလင်းလဲပွင့်နိုင်သလို၊ သင့်ကိုမဟူရာတွင်းနက်ထဲလဲဆွဲခေါ်သွားနိုင်ပါတယ် ဒါကြောင့်ကိုယ့်ကိုယ်ကိုတော့အနည်းဆုံးပွင့်လင့်ပါ အပြစ်မတင်ပါနဲ့ သူများကမလုပ်ပေးရင်တောင်ပေါ့။

3. သက်ဆိုင်မှု: လူသားတစ်ယောက်အနေနဲ့ လူအချင်းချင်းဆက်ဆံမှု၊ ကိုယ်နဲ့သက်ဆိုင်တဲ့အဖွဲ့အစည်း၊ ပတ်ဝန်းကျင်ထဲ ရှိနေတာက ဘဝကိုသက်ဝင်စေတာပါ မဟုတ်ရင်လူမပီသတော့ပါဘူး။ လူမှုပတ်ဝန်းကျင်၊ ပြဿနာ၊ အခက်အခဲ စတဲ့အရာတွေကဆီကနေ ရှောင်ပြေးနေတာကောင်းတဲ့အရာတော့မဟုတ်ပါဘူး ဒါပေါ့ ရင်ဆိုင်ရခက်မှန်းလဲသိပါတယ် နားလည်ပါတယ်ဒါပေမယ့် လူပီသအောင်တော့အနည်းဆုံးနေချင်တယ်လို့မတွေးမိဘူးလား ဘယ်သူကတော့ ဒီလိုအရာတွေနဲ့ရင်ဆိုင်ချင်မှာလဲ။

𝗧𝗵𝗲𝗺𝗲

Alienation ခေါ် ကင်းကွာနေခြင်း ဆိုတဲ့ Theme ကိုခံစားရမှာပါ လူတိုင်း ကိုယ့်ကိုယ်ကိုမလုံလောက်မှု တစ်ခုခုလိုအပ်နေသလိုခံစားဖူးကြမှာပါ။ ဒါပေမယ့် Alienation ဆိုတဲ့အရာကြီးကကိုယ့်ရဲ့ Identity တော့မဖြစ်လာစေပါနဲ့။ Yozo ရဲ့ စိတ်ပျက်မှုကြီးကို စာဖတ်သူတွေက "ဟာအဲ့လိုကြီးမဟုတ်သေးဘူး" ဘာညာငြင်းဆိုကြတဲ့လူရှိရင်ရှိမှာပါ ကိုယ်ကဒီလိုကြီးမဖြစ်ချင်ကြဘူးမလား ဒီလိုမျှော်လင့်ချက်မဲ့သူကြီးမဖြစ်ချင်ကြဘူးမလား ဒါကြောင့်ဥပမာယူပြီး မဖြစ်နိုင်ဘူးဆိုပြီးခံစားရရင်တောင် အနည်းဆုံးတော့ကြိုးစားချင်စိတ်လေးတွေပေါ်ပေါက်လာမယ်လို့မျှော်လင့်ပါတယ် Despair မဖြစ်ချင်ရင်ပေါ့။

နောက်ဆုံးအနေနဲ့ No Longer Human က ဟင်းလင်းပြင်ကြီးမှာအော်ဟစ်လိုက်ပြီး တစ်ယောက်ယောက်ကများနားထောင်နေသလားမေးလိုက်သလိုပါပဲ။ စာအုပ်ရဲ့ Theme က စိတ်ဓာတ်ကျစရာကြီးဖြစ်နေပေမယ့်လဲ အမှောင်မိုက်ဆုံးအချိန်တွေမှာတောင် မျှော်လင့်ခြင်းကိုလက်ဆုပ်လက်ကိုင်ယူထားဖို့ပါပဲ။ မျှော်လင့်ချက်မဲ့ခြင်းဟာအဆုံးသတ်သွားသလိုခံစား‌ရပေမယ့်တကယ်တော့အဆုံးသတ်မဟုတ်ပါဘူး ကိုယ်ကိုယ်တိုင်အဆုံးမသတ်လိုက်သ၍ပေါ့။
#MerlinHermes
❤9👍1
Nikola Tesla ရဲ့ Pyramid theory ကိုသိပါသလား ဒါကတော့ Nikola Tesla ဟာ Pyramid တွေက Ancient Egyptian တွေတည်ဆောက်ထားတာမဟုတ်ပဲနဲ့ ရှာဖွေတွေ့ရှိရုံသာဖြစ်တယ် ဆိုပြီး ယုံကြည်ထားပါတယ် Nikola Tesla က သူ့ခေတ်သူ့အခါမှာ ဉာဏ်‌အကောင်းဆုံးလူသားတစ်ယောက်ပါ Smartest Man in The History လို့တောင်ထင်ကြေးပေးကျတဲ့လူပါ။ Nikola Tesla က Pyramid တွေက လူတိုင်းကို သန့်ရှင်း ပြီး wireless စွမ်းအင်တွေကို ပေးတဲ့ ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်ထောက်ပံ့မှုတစ်ခုလို့ လို့ယုံကြည်ခဲ့ပါတယ်။ ဘာလို့ဒီလိုထင်တာလဲဆိုတော့ Theory မှာ Obelisk တွေက Granite ဆိုတဲ့အရာကပြုလုပ်ထားတာဖြစ်ပြီး Granite တွေထဲမှာ Quartz တွေပါဝင်ပါတယ် (Granite ဆိုတာက ကမ္ဘာမျက်နှာပြင် အောက်က မီးသင့်‌ကျောက်တစ်မျိုးပါ ချော်ရည်တွေကနေ ဖြေးဖြေးချင်း အေးလာရာကနေ ဖွဲ့တည်လာတဲ့ ကျောက်တစ်မျိုးပါ ထိုကျောက်က အရမ်းမာပြီးသိပ်သည်းပါတယ် Quartz ဆိုတဲ့အရာလဲပါဝင်ပါတယ်) Quartz တွေဆိုတာ ဖိအားအောက်မှာ လျှပ်စစ်ထုတ်ပေးတဲ့အရာတစ်ခုပါ Obelisk က ထိပ်ကချွန်ချွန်နဲ့အရာကြီးပါ Google မှာရှာကြည့်လို့ရပါတယ်။ ဖြစ်နိုင်ချေရှိတာက Obelisk တွေက လျှပ်ကူးနိုင်တဲ့ ငွေသတ္တုတွေနဲ့ဖုံးအုပ်ထားတာဖြစ်ပြီး ထိုသတ္ထုက လျှပ်ကူးနိုင်စွမ်း အမြင့်ဆုံးရှိတာကြောင့် လျှပ်စီးကြောင်းကိုမြန်မြန်ကူးနိုင်စေပါတယ်။ သက်သေတွေတော့မရှိပေမယ့် တစ်ချို့ကကျ Pyramid တွေက Advance ဖြစ်နေပြီးသားလူတွေတည်ဆောက်ထားတာလို့လဲယုံကြည်ကျပါတယ် Advanced civilization ကို Atlantisကိုဖျက်ဆီးသွားခဲ့တာလို့လဲယုံကြည်ကျပါတယ် ရေမြုပ်သွားတာပေါ့။ ဒီ Theory က လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးသောင်း ရှေးဟောင်းကျောက်စာတွေကနေ သဲလွန်စယူပြီး Nikola ထုတ်ထားတဲ့ Theory ပါ ထိုခုနှစ်ကတော့ သမိုင်း အရ Pyramid တွေကိုတည်ဆောက်ခဲ့တဲ့ နေ့ပဲဆိုပြီးလက်ခံထားကျတဲ့နေ့ပါပဲ။
Pyramid တွေကိုတိတိကျကျ တည်ဆောက်ထားခဲ့ပုံကလဲထူးခြားပါတယ်။ ဘာလို့ထူးခြားရလဲဆိုတာက Pyramid တွေက Cardinal points or အရပ်လေးမျက်နှာနဲ့ ဖြောင့်တန်းနေအောင်တည်ဆောက်ထားလို့ပါ။

Ancient Civilization ကတည်ဆောက်ထားတယ်ဆိုတာကတော့ တော်တော်များများလက်မခံကျပါဘူး ဘာလို့ဆိုတော့ သက်သေမှမရှိတာကို။ ‌သူ့ရဲ့လေ့လာချက်အရလဲ 369 ဆိုတဲ့ Code ကိုရှာဖွေတွေ့ရှိခဲ့ပါတယ် ဒီကုဒ်က Key of the universe or hidden knowledge ကိုရနိုင်ဖို့သော့ချက်တစ်ခုဖြစ်နိုင်တယ်လို့လဲ ယုံကြည်ခဲ့ပါတယ်။ ဒါက Theory တစ်ခုမလို့ အတွေးတော့မလွန်ကျပါနဲ့။
#MerlinHermes
❤7👍1


ꜰᴀʟꜱᴇ ʜᴇʀᴏ

ဒီနေ့ပြောပြပေးသွားမှာကတော့လူတိုင်းလိုလိုရဲ့ငယ်ဘဝမှာကြည့်ဖူးကြမယ့် MEGAMINDထဲက METROCITYရဲ့SUPERHEROကြီး
ᴍᴇᴛʀᴏᴍᴀɴ အကြောင်းပေါ့

WHO IS METROMAN?

ᴍᴇᴛʀᴏᴍᴀɴကိုပြောရရင် ဇာတ်လိုက်ကြီး MEGAMINDရဲ့ NEMESISကြီးပေါ့
MEGAMINDပြဿနာရှာရင်သူကလိုက်ဖမ်းတယ်။နောက်ပိုင်းတော့သေကြောင်းအတုကြံပြီး အနားယူသွားတဲ့ False heroကြီးပေါ့။

WHY DID HE RETIRE?

အစကတော့တွေးမိတာပေါ့သူအနားယူခဲ့တာက superheroလုပ်ရတာကိုပျင်းလာတာ၊သရဲဘောကြောင်တဲ့ကောင်၊ငါသာသူ့နေရာမှာဆို တစ်ကမ္ဘာလုံးရဲ့လူစွမ်းကောင်းကြီးလုပ်ပြီးအချောဆုံးမိန်းမလှလေးတစ်ယောက်ကိုယူပြီးဘဝကိုဖြတ်သန်းပစ်မယ်ပေါ့။
ဒါပေမယ့်သူအနားယူခဲ့တာကအပေါ်ကအချက်တွေကြောင့်မဟုတ်ဘူး။ᴍᴇᴛʀᴏᴍᴀɴကဘယ်တုန်းကမှ Superheroမဖြစ်ချင်ခဲ့ဘူးဒါပေမယ့်သူက uniqueဖြစ်နေလို့လူတွေကသူ့ကိုကယ်တင်ရှင်ကြီးလိုအထင်ရောက်နေတာ သူကိုယ်တိုင်လည်းအစကအဲ့လိုထင်ခဲ့တာပေါ့ ဒါပေမယ့် သူမသေခင်megamindနဲ့နောက်ဆုံးတွေ့ခဲ့တဲ့မျှော်စင်မှာသူ့ဘဝအကြောင်းကိုပြန်တွေးမိသွားတယ် သူဘာဖြစ်ချင်တာလဲ၊သူ့ဘဝတစ်ခုလုံးအကြောင်းပေါ့။
ဒီနေရာမှာမေးစရာရှိတာက မင်းဟာကလည်း သူ့ဘဝလုံးတစ်ခုလုံးအကြောင်းသာပြောတယ် ဟိုကတွေးသွားတာက မိနစ်ပိုင်းလေးတင် ဟုတ်ရောဟုတ်ပါ့မလားပေါ့။ပြောရရင်တော့ဟုတ်ပါတယ် အဲ့နေရာမှာ METROMANသုံးသွားတာ SPEED OF LIGHTပါ SOLရှိတဲ့လူတစ်ယောက်ရဲ့အတွေးကသာမန်လူထပ်အဆပေါင်းများစွာမြန်ပြီးသာပါတယ်။SOLအကြောင်းသိချင်ရင်တော့နောက်ပိုင်းအသေးစိတ်တင်ပေးပါ့မယ်။သူကသရဲဘောကြောင်ပြီးထွက်ပြေးသွားတာလားဒါဆိုသူကမကောင်းတဲ့ကောင်လားအဲ့လိုလည်းမဟုတ်ပြန်ပါဘူး တကယ်သူသာလိုချင်ရင် megamindကိုအသာလေးဖျက်စီးလို့ရပါတယ် ပြီးရင်အေးအေးဆေးဆေးနေရုံဘဲလေ
ဒါဆိုသူဘာလို့သေကြောင်းအတုလုပ်ပြီးအနားယူသွားတာလဲ?
အဖြေကရှင်းပါတယ် megamindကြောင့်ပါ ᴍᴇᴛʀᴏᴍᴀɴက megamindကိုသူ့နေရာအစားထိုးချင်ခဲ့လို့ပါ megamindကမှsuperheroအစစ်လို့သူထင်လို့ပါ ဒါကြောင့်အလုပ်ရှုပ်ခံပြီး တကူးတကသေကြောင်းကြံသွားတာပါ။သူသာတကယ်တစ်ကိုယ်ကောင်းဆန်ခဲ့ရင် တိုက်တန်လိုဖြစ်မှာပေါ့ တိုက်တန်လည်းသူချစ်တဲ့သူကိုလိုချင်တာပါဒါပေမယ့် သူ့အစွမ်းတွေကိုအဲ့အတွက်အသုံးချပြီးတစ်ကိုယ်ကောင်းဆန်သွားတယ်

  


တစ်ခြားသူတွေကတော့ ᴍᴇᴛʀᴏᴍᴀɴကို ꜱᴜᴘᴇʀᴠɪʟʟᴀɪɴ or ꜰᴀʟꜱᴇ ʜᴇʀᴏလို့မြင်ကြပေမယ့်ကျွန်နော်ကတော့ ပတ်ဝန်းကျင်ရဲ့ influenceကိုမိသွားတဲ့လူတော်တွေထဲကလူတော်တစ်ယောက်လို့ဘဲမြင်မိတယ်

ᴍᴇᴛʀᴏᴍᴀɴကို megamindထဲမှာအကြိုက်ဆုံးဘဲ supporting ပိုင်းမှာလဲသူ့ကြောင့်ဘဲ megamindက superheroဖြစ်လာတာ။အဲ့တာအပြင်သူ့ကိုကြိုက်ရတာက societyရဲ့ influence တွေကနေရုန်းထွက်နိုင်ခဲ့တာကိုဘဲ။
ရုန်းထွက်တာကလည်းတစ်ကိုယ်ကောင်းဆန်ဆန်ပုံစံပေါက်ပေမယ့် တကယ်ကတစ်ခြားသူအပေါ်သေချာလေးတာဝန်ပေးသွားတာ။
ငယ်ငယ်ကတည်းက လူတိုင်းရဲ့အားကျတာကိုခံရတယ်လိုချင်တာကိုရတယ် superpowerတွေရှိပြီး uniqueဖြစ်တယ် ဒါပေမယ့် သူတကယ်ဘာဖြစ်ချင်တာလဲဆိုပြီးလူတွေကမမေးဘူး သူ့ကိုကယ်တင်ရှင်လိုကြီးဆက်ဆံတော့သူလည်းအဲ့လိုထင်မိပါလေရော
နောက်ပိုင်းသူရုန်းထွက်နိုင်ခဲ့တယ် သူsuperheroဖြစ်ရတာကိုကြိုက်ခဲ့တယ်ဆိုပေမယ့် ဖြစ်ချင်ခဲ့တာတော့မဟုတ်ဘူးနောက်ပိုင်း music manအကြောင်းပြောတာကြည့်ရင်သိနိုင်တယ်ဒါကတော့။

My opinion after the movie?

တွေးမိတာလေးကတော့ ဘယ်လောက်ဘဲ စူပါအစွမ်းတွေရှိပြီး unique ဖြစ်နေပါဆို ပတ်ဝန်းကျင်ရဲ့လွမ်းမိုးမှုကိုမခံနိုင်ကြဘူးဆိုတာဘဲ ကိုယ်ဖြစ်ချင်တာကိုဖြစ်ရဖို့ဆိုပတ်ဝန်းကျင်ကို လစ်လျှုရှူနိုင်ရမယ်ပေါ့ megamindလို geniusတောင်မှ ပတ်ဝန်းကျင်ကြောင့် supervillainဖြစ်လာခဲ့ရတာဘဲတကယ်က သူလည်း ᴍᴇᴛʀᴏᴍᴀɴကြောင့်ရုန်းထွက်နိုင်ခဲ့တာပါဘဲ ဒါမှမဟုတ်သတင်းထောက်မလေးနဲ့တွေ့ပြီးကိုယ့်ကိုယ်ကိုယ်ပြန်ပြင်ဆင်ချင်လာတာလည်းပါတာဘဲ
ဒီလောက်ပါဘဲစာရှည်သွားရင် sorry
#allheavens
🔥3🤓3❤1
GOKU(manga) VERSUS LLOYD GARMADON WHO WIN?
I'll tell who win and why later
Anonymous Poll
57%
GOKU
43%
LLOYD
🎉2
𝙏𝙝𝙞𝙣𝙠𝙫𝙚𝙧𝙨𝙚
Kira's Collection [click a text to read] •Admin Info 🗝 •Psychology : Gaslighting ♟ •Psychology : White Knight ⚔ •Confidence 🎭 •Flow State 🥊 •Stoicism 🌅 •The 4 Great Virtues of Stoicism 🍃 •Machiavellianism ⚜ {×} Laws of Human Nature Law No.2 : The…
ကျွန်​တော်ကမနက်ဖြန်ကစပြီး ယခုlink collectionထဲက ကျန်နေတဲ့part 2ကိုအပြီးသတ်ပါမယ်။ ပြီးတာနဲ့ philosophy,psychology linkနှစ်ခုသပ်သပ်စီခွဲ ပြီးတင်ဆက်ပေးသွားပါမယ်။

#Kira
🎉2
Laws of Human Nature
Law No.2 : The Law of Narcissism


Part 2 :
Dealing with 3 types of Narccist according to
Robert Greene


အတ္တမာနစွဲတွေနဲ့ ၎င်းတို့ကို ပါးနပ်စွာကိုင်တွယ်နည်းများ။

ပုံကြီးချဲ့တတ်ကြသူများ။

ပုံကြီးချဲ့တတ်သူတွေက ဖြစ်တာကနည်းနည်းလုပ်ပြတာကများများ အားလုံးရဲ့attentionကို မရရအောင်လုပ်ချင်သူတွေပါ။ သရုပ်ဆောင်ကောင်းသူတွေဖြစ်ပြီး
လိုချင်တာရဖို့ အတွက်ငိုပြဖို့ ၊ ရယ်ပြဖို့လဲဝန်လေးနေမဲ့ လူတွေမဟုတ် ပါဘူး။ သူတို့ကရွံဖို့ကောင်းတဲ့သတ္တဝါတွေဆိုပေမဲ့ သူတို့အကျင့်စာရိတ္တကို အသုံးချတတ်ရင် အကျိုးများစွာရနိုင်ပါတယ်။ ပုံကြီးချဲ့အတ္တစွဲတွေနဲ့ရင်ဆိုင်ရမယ်ဆိုရင် အနိုင်ယူနိုင်မဲ့နည်းလမ်းကတော့ သူတို့ကို ကိုယ့်ထက်သာတဲ့နေရာပေးပြီး ဂရုစိုက်မှု၊အသိမှတ်ပြုမူတွေကို ပြသလိုက်ပါ။ သူတို့ရဲ့ ဟန်လုပ်လံကြုပ် ဒရမ်မာကွင်းထဲက အရုပ်လေးတော့ မဖြစ်ပါစေနဲ့။
ဘယ်လောက်စည်းဖောက် ဆိုးရွားနေပါစေ သူတို့အပြစ်ကို ကိုယ့်အပြစ်အဖြစ် အ​ပြောင်းမခံပါနဲ့။ လှည့်ကွက်ကတော့ သူတို့က သနားစိတ်၊ကြင်နာစိတ်ကို အသုံးချတတ်သူတွေဖြစ်တယ်၊ဒါ့ကြောင့်ပဲ သူတို့အပေါ်မှာ သနားစိတ်လုံးဝမရှိရသလို ယုံလဲမယုံရပါဘူး။ ပြီးတော့  ကိုယ့်ရဲ့အပြစ်ကိုသူတို့အမှားဖြစ်အောင် အကွက်ချစီမံလိုက်တာက သူတို့ကို လုံးဝပျက်စီးသွားစေမှာပါ၊ ဒါကဘာကြောင့်လဲဆိုတော့ သူတို့မှာ တန်ပြန်တိုက်ခိုက်နိုင်စွမ်းရှိပေမဲ့ ခုခံနိုင်ရည်က 0 မလို့ပါ။

တဇောက်ကန်းများ။

တဇောက်ကန်းသမားတွေကပေါင်းသင်းဆက်ဆံရေးမှာဂွ အကျဆုံးပါ။
အပေါက်အလမ်းလုံးဝ မတည့်ပဲ ဆွေးနွေးမရညှိနှိုင်းမရပဲ အပြစ်တင်စိတ်၊အမှားထောက်စိတ်၊ မကောင်းမြင်စိတ်တွေ ချည်းများတာကြောင့် ရေရှည်ပေါင်းသင်းဖို့ရာနှစ်ခါပြန်စဥ်းစားပါ။ ကိုယ်မှအပ ဘယ်သူ့ကိုမှချစ်တတ်တဲ့လူတွေမဟုတ်ပါဘူး။
ဘယ်လောက်ပဲ မုန်းချင်စရာကောင်းနေပါစေ သူတို့ဟာ သာမန်လူတွေထပ် လွန်ကဲတဲ့ စိတ်မလုံခြုံမှုများနေလို့သာ သူ့ထက်သာစိတ် မာနကြောင့် ခံစားချက်ပြင်းထန်ကြ တာပါ။ သူတို့ကိုအနိုင်ယူမဲ့နည်းလမ်းက သူတို့ရဲ့စိတ်မလုံခြုံမှု(insecurities) ကိုနားလည်အောင်သိရှိအောင်လုပ်ပါ။ အလိုချင်ဆုံးဖြစ်မဲ့ဂရုစိုက်မှု၊ အသိမှတ်ပြုမှုတွေကို သူများတွေထပ်ကိုယ်က ပိုပေးပြီး အမူအကျင့်အလိုက် စိတ်ခံစားချက်တွေကို နားလည်ပေးလိုက်ပါ။ သူတို့ရဲ့စိတ်မလုံခြုံမှု ကအသုံးချလို့ရတာကြောင့် လှည့်ကွက်ကတော့ ကိုယ့်ဖက်က ပြောသူမဟုတ်ပဲ နားထောင်သူ အဖြစ်သာရှိနေပါစေ။
နားထောင်တာတစ်ခုထဲမဟုတ်ပဲ နားလည်ပြဖို့လဲလိုပါတယ်၊ အဲ့နည်းလမ်းကသာ သူတို့ရဲ့စိတ်မလုံခြုံမှု ကိုမြင်နိုင်မှာပါ။ သူတို့က သူများရဲ့အားနည်းချက်ကို လက်ကိုင်သူတွေဖြစ်တာကြောင့် ကိုယ့်ဖက်က သူတို့အားနည်းချက်ကို ပြန်လည်ကိုင်တွယ်ထားဖို့ပဲရှိပါတယ်။
Warning: သူတို့ဟာ သူတို့ကိုယ်သူတို့ပြန်လိမ်နေရသူတွေဖြစ်တာကြောင့် မြွေမြွေခြင်းခြေမြင်သလို တစ်ဖက်သားရဲ့စိတ်မလုံခြုံမှုကိုမြင်နိုင်ပါတယ်။ ကိုယ့်ဖက်ကသေချာဖုံးဖိထားနိုင်မှ ထိုးစစ်ဆင်ပါ။

လူတတ်ကြီးများ။

ခေါင်းဆောင်မှန်သမျှ သူတို့အတွေးတွေကို နောက်လိုက်တွေစီလွှမ်းခြုံသွားအောင် လုပ်တတ်ပါတယ်။ သူသိသူတတ်အတ္တစွဲတွေက ထိုခေါင်းဆောင် နေရာကိုမက်မောပြီး သူတို့ကိုယ်သူတို့ နောက်လိုက်အဖြစ်မခံပါဘူး။အမှားကင်းအောင်လုပ်ပြီး အကောင်းဆုံးရလဒ်ကိုမရမချင်း ကြိုးစားနေကြသူတွေပါ။
သူသိသူတတ်အချိုးတွေရှိပေမဲ့ သေချာပေါက် အလုပ်ကိုတစိုက်မတ်မတ်ကြိုးစားသူတွေပါ။ သို့ပေမဲ့သူတို့ဟာ မိတ်ဆွေဖြစ်လို့မကောင်း၊ရန်သူဖြစ်လို့မကောင်း လူတွေထဲမှာ ပါပါတယ်။
လူတတ်ကြီးစိတ်နဲ့သူတွေက ကိုယ့်ရဲ့မသိမှုကို အခွှင့်အရေးယူတတ်ကြပါတယ်၊ ကိုယ့်ဖက်က သူတို့ရဲ့ရပ်တည်ချက်ကိုဝေဖန်ပြီး အားနည်းချက်ကို ထောက်ပြနိုင်ရမှာပါ။ အားနည်းချက်က လူတတ်ကြီးတိုင်းမှာရှိတာမလို့ မြင်အောင်ကြည့်တတ် ဖို့သာလိုပါတယ်။  သူတို့အလုပ်ရလဒ်အပေါ်ကို အခြေပြု တည်ဆောက်ထားတဲ့မာနကို အလုပ်ရလဒ်ကို နှောင့်ယှက်ပြီးချိုးဖျက်ပစ်ပါ။ သူတို့ရဲ့ယုံကြည်မှုကို ရယူနည်းကတော့
အလုပ်ရလဒ်ကို ချီးကျုးဂုဏ်ပြုပြီး သူတို့အတ္တနဲ့မာနကို အစာအဆက်မပြတ် ကျွေးဖို့ပါပဲ။ နှစ်ဦးနှစ်ဖက် ယုံကြည်မှုလမ်းကြောင်းကောင်းတစ်ခု တည်ဆောက်နိုင်ရင်တော့ အသုံးချလို့ရပါတယ်။ သစ္စာကြီးသူတွေမလို့ သစ္စာဖောက်ခံရမှာ အင်မတန်ကြောက်ပါတယ်။ သူတို့အမှားသေးသေးလေးတွေကို ထောက်ပြရင် လက်ခံတာက လူထင်သေးခံရမှာစိုးလို့သာဖြစ်ပြီး စိတ်ထဲမှာ လူတစ်ကာရဲ့ အထင်းသေးသိမ်မှုကို သေမလောက်ကြောက်ကြပါတယ်။ ဒါ့ကြောင့် သစ္စာဖောက်ခြင်း၊အထင်သေးခြင်းတွေက သူတို့ကြောက်ရွံ့တဲ့လက်နက်ပါပဲ။

လူမှန်ရင်မာနအတ္တရှိစမြဲပါ၊ သာမန်လူထပ်ပိုလွန်သူတွေကို အသုံးချအမြတ်ထုတ်ခြင်းက လူပီသစွာနေထိုင်ခြင်းလို့ Robert Greeneက ဆိုပါတယ်။

Part 1 Link
https://t.me/IknowledgeField/50

#Kira
🔥6❤1
#SaturdayFacts

ရောင်းခဲ့သမျှကမ္ဘာပေါ်က စာအုပ်တွေထဲမှာ Mona Lisa ပန်းချီကားကို ရေးချယ်သူ Leonardo Da Vinci ရဲ့ Notebook က စျေးအမြင့်အဆုံးပဲ ဖြစ်ပါတယ်။ ရောင်းထွက်သွားတဲ့စျေးကတော့ $30.8 million ဖြစ် ပြီး
စာအုပ်ထဲမှာ Leonardoရဲ့ diagramsတွေ၊ drawingတွေ personal noteတွေနဲ့ သူ့ကိုယ်ပိုင်ရှာဖွေတွေ့ရှိချက်တွေပါဝင်ပါတယ်။

For More Contents
https://t.me/IknowledgeField

#Kira
❤8
ကျွန်တော်တို့ ɪʀʀᴇʟᴇᴠᴀɴᴛ ᴋɴᴏᴡʟᴇᴅɢᴇꜱ အနေနဲ့ Content Project အကြီးကြီးတွေမကိုင်ခင်မှာ Short Factလေးတွေနဲ့ Runပေးပါမယ်။ ကြားထဲမှာSubလဲ စုချင်သေးလို့ပါ။ နားလည်ပေးကြမယ်မျှော်လင့်ပါတယ်။

နောက်ပိုင်းမှာတော့ ကျွန်တော်ကီရာက Philsophy & Psychology ကို ကျယ်ပြန့်စွာ ရှင်းလင်းဖော်ပြမှာပါ။
Adm Sherlynကလဲ အသံချိုချိုလေးနဲ့စာအုပ်ဖတ်ပြဖို့ရှိပါတယ်။
Adm Merlinနဲ့allheavensကလဲ Content အကြီးကြီးတွေတင်ဖို့ စုနေပါတယ်။ ကြားထဲမှာ အားတဲ့admတွေက Short Factလေးတွေတင်မယ်။
qualityရှိတဲ့memeလေးတွေတင်ပြီး Runပါမယ်။ Book/Novel Recommendation လေးတွေတင်ပါမယ်။

စောင့်မျှော်နေပေးကြပါ။

#Kira
❤9