Heart & Language
723 subscribers
430 photos
7 videos
24 files
123 links
ဗဟုသုတရစရာများနှင့် အင်္ဂလိပ်စာပတ်သက်သော ဗဟုသုတများကို မျှဝေပေးနေသော Channel လေးပါ။
Download Telegram
စင်ကာပူနိုင်ငံမှာ အထက်တန်း (Secondary 3) ကနေစပြီး GCE A-Level ပြီးတဲ့အထိ (၄) နှစ်စာ အခမဲ့ ပညာသင်ကြားခွင့်ရမယ့် Fully Funded "ASEAN Scholarship for Myanmar" 🇸🇬

မိဘတွေရော၊ ငယ်ရွယ်ပြီး ကြိုးစားချင်စိတ်ရှိတဲ့ လူငယ်လေးတွေအတွက်ပါ တကယ့်ကို တန်ဖိုးရှိတဲ့ စင်ကာပူအစိုးရရဲ့ ပညာသင်ဆုတစ်ခုကို တီချယ် ဒီနေ့ မျှဝေပေးလိုက်ပါတယ်။ ဒီ Scholarship ဟာ လူငယ်တွေအတွက် နိုင်ငံတကာ အတွေ့အကြုံ၊ ခေါင်းဆောင်မှု စွမ်းရည်နဲ့ ဘဝအတွက် လိုအပ်တဲ့ Life Skills တွေကို စောစောစီးစီး လေ့လာခွင့်ရမယ့် အကောင်းဆုံး အခွင့်အရေးပါပဲ။

ဘယ်သူတွေ လျှောက်ထားနိုင်လဲ? (Eligibility)

• မြန်မာနိုင်ငံသား ဖြစ်ရပါမည်။
• မွေးသက္ကရာဇ် (2 Jan 2010 မှ 1 Jan 2013 အတွင်း) မွေးဖွားသူ ဖြစ်ရပါမည်။
• အနည်းဆုံး Grade 9 ပြီးမြောက်ထားပြီး၊ အင်္ဂလိပ်စာကို ဘာသာရပ်တစ်ခုအနေနဲ့ သင်ယူခဲ့သူ ဖြစ်ရပါမည်။
• ပညာရေးရလဒ် အမြဲကောင်းမွန်ပြီး အင်္ဂလိပ်စာ ကျွမ်းကျင်ရပါမည်။
• ကျောင်းစာအပြင် အခြား ပြင်ပလှုပ်ရှားမှု (Co-curricular activities - CCA) များတွင် တက်ကြွစွာ ပါဝင်ခဲ့သည့် မှတ်တမ်းကောင်း ရှိရပါမည်။

ရရှိနိုင်မယ့် အကျိုးခံစားခွင့်များ (Fully Funded Benefits)

🎓 ၄ နှစ်စာ ကျောင်းလခနှင့် စာမေးပွဲကြေးများ (O-Level & A-Level အတွက် တစ်ကြိမ်စီ)
🏠 အဆောင်နေထိုင်ခွင့်နှင့် လစဉ်ထောက်ပံ့ကြေး (Hostel & Annual Allowance)
✈️ အသွားအပြန် လေယာဉ်လက်မှတ် (Return Economy Airfare)
💰 နေရာထိုင်ခင်း အခြေချရန် ထောက်ပံ့ကြေး (Settling-in allowance)
🏥 ကျန်းမာရေးနှင့် မတော်တဆမှုဆိုင်ရာ အာမခံ (Subsidised medical benefits & insurance)
အရေးကြီးသော ရက်စွဲများ (Key Dates)
📅 လျှောက်လွှာဖွင့်မည့်ရက်: 3 April မှ 15 May 2026 အတွင်း (ခန့်မှန်းခြေ)
✍️ Selection Test ဖြေဆိုရမည့်ရက်: 27 June 2026 (ရန်ကုန်မြို့တွင် Computer ဖြင့် ဖြေဆိုရန်)
🗣️ Interview ဖြေဆိုရမည့်ရက်: 31 July 2026 (ရန်ကုန်မြို့တွင်)

(မှတ်ချက် - လျှောက်လွှာကြေး ပေးသွင်းရန် မလိုပါ)

စင်ကာပူရဲ့ ပညာရေးစနစ်က စာတော်ရုံတစ်ခုတည်းကိုပဲ ကြည့်တာမဟုတ်ပါဘူး။ ကျောင်းစာအပြင် အားကစား၊ အနုပညာ၊ လူမှုအကျိုးပြုလုပ်ငန်း စတဲ့ ပြင်ပလှုပ်ရှားမှု (CCA) တွေမှာ ဘယ်လောက် တက်ကြွစွာ ပါဝင်ခဲ့သလဲ ဆိုတဲ့ "Holistic Development" နဲ့ ခေါင်းဆောင်မှု စွမ်းရည် (Leadership Skills) ကို အရမ်း အလေးထားပါတယ်။ ဒါကြောင့် လျှောက်လွှာတင်တဲ့အခါ ကိုယ့်ရဲ့ အဲဒီလို ဘက်စုံစွမ်းရည်တွေကို ထင်ရှားအောင် သေချာချပြဖို့ အရေးကြီးပါတယ်။ လျှောက်လွှာဖွင့်ဖို့ ရက်ပိုင်းပဲ လိုတော့တာမို့ အခုကတည်းက ကြိုတင်ပြင်ဆင်ထားကြပါနော်။
အသေးစိတ် ဖတ်ရှုပြီး လျှောက်ထားရန် Link ကို Comment မှာ ချပေးထားပါတယ်ရှင့်။

#ChitAeinThu #Myanmar #ASEANScholarship #StudyInSingapore #FullyFunded #YoungLeaders #EducationMatters #FutureLeaders #ScholarshipOpportunity

အသေးစိတ် ဝင်ရောက်ဖတ်ရှုရန်နှင့် Application ဖွင့်မည့်ရက်ကို Mailing List တွင် စာရင်းသွင်းထားရန် -
https://www.moe.gov.sg/financial-matters/awards-scholarships/asean-scholarship/myanmar
(Credit: Ministry of Education, Singapore)
2
Free Level-2 English Grammar Class

Hi Burma ရဲ့ အခမဲ့သင်တန်းတွေထဲက တစ်ခုဖြစ်တဲ့
(၂) လတာ English Grammar အတန်းလေး ထပ်မံဖွင့်လှစ်တော့မှာဖြစ်လို့ application form လေး ဖြည့်ထားလို့ရပါပြီရှင့်။

ဒီအတန်းလေးမှာဆိုရင် American Teacher ကိုယ်တိုင် Grammar Lesson တွေကို နားလည်ရ
လွယ်အောင် အခြေခံကနေ သင်ကြားပေးမှာ ဖြစ်ပါတယ်။

ဒီ English Grammar အတန်းလေးကို May 5, 2026 မှာ
စတင်ဖွင့်လှစ်သွား မှာဖြစ်ပြီး၊ အပတ်စဥ်
🗓️ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေး နေ့တိုင်း
မြန်မာစံတော်ချိန် ‌နေ့လည် (၁၂:၃၀) နာရီ မှ (၁:၃၀) နာရီအထိ 💻 Zoom Platform မှတစ်ဆင့် သင်ကြားပို့ချပေးသွားမှာပဲဖြစ်ပါတယ်။

အတန်းလေးကိုစိတ်ဝင်စားလို့ တက်ရောက်လိုပါက ဒီ Application form - http://tiny.cc/Level2GrammarClass
မှတစ်ဆင့် April 23, 2026 မြန်မာစံတော်ချိန် ၄နာရီ နောက်ဆုံးထားပြီး လျှောက်ထားပေးဖို့ လိုအပ်ပါတယ်ရှင့်။

Free class လေးဖြစ်တဲ့ အတွက်ကြောင့်မို့ လူဦးရေအကန့်အသတ်ရှိတာကြောင့် application form ကို deadline မတိုင်မီ သေသေချာချာလေး ဖြည့်ပေးကြဖို့ တိုက်တွန်းလိုက်ရပါတယ်ရှင့်။

ရွေးချယ်ခံရသူများကို Hope Institute Burma ဘက်မှ email/telegram ကနေတစ်ဆင့် ဆက်သွယ်အကြောင်းကြား ပေးသွားမှာပဲဖြစ်ပါတယ်။

❗️အထူးမေတ္တာရပ်ခံချက်❗️
ကျွန်မတို့နဲ့ partnership မရှိသော အဖွဲ့နဲ့ တခြားသော sharing page တွေအနေနဲ့ သင်တန်းလေးကို မိမိတို့ရဲ့ page မှာ ပြန်လည် ကြေငြာပေးချင်ပါက original post ကို share လုပ်ခြင်း (ဒါမှမဟုတ်) မူရင်း poster နဲ့ တွဲတင်ခြင်းအားဖြင့် ကူညီမျှဝေပေးဖို့ အသိပေးရင်းတောင်းဆိုပါတယ်ရှင့်။

#HiBurma #FreeEducation #FreeOnlineClass #Level2GrammarClass #EnglishClass

#crd #Heart@HeartLanguage0
2
https://www.facebook.com/share/1LtwijTFCu/


📣📣📣
LAP Admission for B.A. and M.A. programs.
☑️ Forms opening: 15 May 2026
☑️ Forms closing: 31 July 2026
Stay tune for more details.
1
🎓 Big News: PIU Undergraduate Admissions 2026-2027 are NOW OPEN! 🎓
Are you ready to shape your future? We are thrilled to announce that applications for our four-year bachelor’s degree programs are officially live!
📚 Programs We Offer
Join a community of learners in one of our diverse fields:
• Pāli and Buddhist Studies
• Information Technology (IT)
• Education
• Tourism Management
• English
________
💻 How to Apply
Prospective students should initiate the application process via our official online portal: 🔗 Apply Online Here: https://piueducation.org/admissions/application-form
Prefer to apply in person? If you’re having trouble with the online form, we’d love to see you! Visit our campus for assistance with your application.
📍 Location: Phaung Daw Oo Monastic Education High School, 19th Street (between 59th & 60th), Nanshae, Aungmyaytharzan Township, Mandalay.
________
⚠️ Important Dates & Details
• Deadline: June 15, 2026, at 11:59 PM (Myanmar Time).
• Notifications: Successful applicants will be notified via email in July.
• Limited Capacity: Seats are limited for each program, so we highly encourage you to enroll promptly!
________
📖 Need More Info?
For full program details, check out our guide here: 🔗 https://drive.google.com/drive/u/1/folders/1YjsGmP9LmGnmghHuVkQKFvVIL4cDNcah
Don’t wait—start your journey with PIU today! 🌟
#PIU #Admissions2026 #HigherEducation #Mandalay #FutureLeaders #ApplyNow
#Heart@HeartLanguage0 #crd

Fb link: https://www.facebook.com/share/1CNteDAQgf/
2
YouTube ပေါ်မှာ Humanities ပညာရပ်တွေ လေ့လာဖို့။

YouTube ကရှာတွေ့သမျှထဲ အကြိုက်မိဆုံး Humanities သင်တန်းတွေ (ဝါ) ဟောပြောပို့ချချက် အစီအစဉ်တိုင်းကို လိုက်စုထားတာ ရှဲပေးချင်လို့။ ကိုယ်တိုင်ကတော့ နည်းနည်းလောက်ပဲ လေ့လာရသေးတယ်။ အသိအမှတ်ပြုခံထားရတဲ့ ကောလိပ်တွေနဲ့ တက္ကသိုလ်တွေက တင်ထားတဲ့ သင်တန်းတွေကို အဓိကထား ရွေးချယ်ထားသလို၊ နာမည်ကြီး ပညာရေး/မီဒီယာ အဖွဲ့အစည်းတွေ (ဥပမာ- PBS နဲ့ MFA Boston) က ပံ့ပိုးပေးထားတဲ့ ဟောပြောပွဲတွေနဲ့ မှတ်တမ်းရုပ်ရှင် အစီအစဉ် အချို့ကိုလည်း ထည့်ထားတယ်။ ဒီအစီအစဉ်တွေထဲက အနည်းဆုံး တစ်ခုနှစ်ခုလောက်တော့ စာကိုဖတ်တဲ့သူ လေ့လာချင်နေတဲ့ ဘာသာရပ်တွေနဲ့ ကိုက်မယ်လို့ မျှော်လင့်တယ်။


စာပေ အကြောင်း
• Yale Courses
• Introduction to the Theory of Literature with Paul H. Fry
• Hemingway, Fitzgerald, and Faulkner with Wai Chee Dimock
• Cervantes’ Don Quixote with Roberto Gonzalez Echevarria
• Dante in Translation with Guiseppe Mazzotta
• Introduction to the Old Testament with Christine Hayes
• The New Testament and Literature with Dale B. Martin
• Milton with John Rogers
• The American Novel Since 1945 with Amy Hungerford
• Modern Poetry with Langdon Hammer
• Harvard University - Shakespeare After All: Later Plays with Dr. Marjorie Garber
• MIT Open Courseware - Old English and Beowulf with Arthur Bahr
• Dr. Michael Sugrue - Dr. Sugrue ဟာ Ave Maria University က သမိုင်းပညာရှင်နဲ့ ပါမောက္ခပါ။ ၂၀၂၀ ခုနှစ်မှာတော့ သူ့ရဲ့သမီးဖြစ်သူက သူမှတ်တမ်းတင်ထားတဲ့ ဟောပြောပို့ချချက်တွေကို YouTube ပေါ် စတင်တင်ပေးခဲ့တယ်။ Sugrue ရဲ့ ဟောပြောချက်တွေဟာ ရှေးဟောင်းဂရိဒဿနိကဗေဒကနေ ခေတ်သစ် စိတ်ကူးယဉ်သိပ္ပံဇာတ်လမ်းတွေအထိ ခေါင်းစဉ်အမျိုးမျိုးပါထားပြီး စာပေ၊ သမိုင်းနဲ့ အသိပညာဆိုင်ရာ သီအိုရီတွေကိုပါ ထည့်ဆွေးနွေးထားတယ်။
• Irwin Weil’s Lectures on Russian Literature - Northwestern University မှ ရုရှားနဲ့ ဂျူးစာပေနှင့် ယဉ်ကျေးမှုဆိုင်ရာ ပညာရှင် Irwin Weil ရဲ့ အသံဖမ်းထားတဲ့ ဟောပြောပို့ချချက်တွေပါ။

အနုပညာရပ်တွေအကြောင်း
• Yale Courses - Listening to Music with Craig Wright
• MIT Open CourseWare - The Film Experience with David Thorburn
• Sensing Place: Photography as Inquiry
• Composing for Jazz Orchestra
• Museum of Fine Arts, Boston - Lectures at the MFA
• Brown University - Dance In/And Theory Symposium
• Narrative Art History - ချန်နယ်ရဲ့ အညွှန်းစာအရ “ဒီဟောပြောပို့ချချက် အစီအစဉ်ဟာ Renaissance အနုပညာကို အလွတ်ကျက်မှတ်ရမယ့် ဆက်စပ်မှုမရှိတဲ့ အချက်အလက်တွေ၊ အနုပညာလက်ရာတွေအဖြစ် မဟုတ်ဘဲ၊ သဟဇာတဖြစ်တဲ့ အဆက်အစပ်တစ်ခုအနေနဲ့ တင်ဆက်ပေးဖို့ ရည်ရွယ်တယ်။ ဒီနေရာမှာ သီးခြား အနုပညာလက်ရာတစ်ခုချင်းစီကိုပဲ အဓိကထားမှာ မဟုတ်ပါဘူး (သီးခြားလက်ရာတချို့ကို နက်နက်ရှိုင်းရှိုင်း ခွဲခြမ်းစိတ်ဖြာပြတာမျိုး ပါဝင်ပေမယ့်လည်း)၊ ယဉ်ကျေးမှုအချင်းချင်း လွှမ်းမိုးမှုတွေနဲ့ အနုပညာဆိုင်ရာ အပြန်အလှန်ဆွေးနွေးမှုတွေ အပါအဝင် Renaissance ခေတ်ရဲ့ ပိုမိုကျယ်ပြန့်တဲ့ မြင်ကွင်းကြီးကို အဓိကထား တင်ဆက်သွားမှာပါ။ စာဖတ်သူတို့ အနေနဲ့ အနုပညာသမိုင်းနဲ့ ပတ်သက်ပြီး အခြေခံ ဗဟုသုတ သိပ်မရှိဘူး ဒါမှမဟုတ် လုံးဝမရှိဘူးဆိုရင်တောင် လေ့လာနိုင်တယ်။”
• “Ways of Seeing” with John Berger - ၁၉၇၂ ခုနှစ်က ထုတ်လွှင့်ခဲ့တဲ့ ဒီ BBC အစီအစဉ်မှာ အနုပညာဝေဖန်ရေးဆရာ John Berger ဟာ အနောက်တိုင်းယဉ်ကျေးမှုမှာ အနုပညာရဲ့ အခန်းကဏ္ဍကို လေ့လာဆန်းစစ်ထားတယ်။ အနုပညာက ကမ္ဘာကြီးကို မြင်တဲ့ပုံစံကို ဘယ်လိုပုံဖော်ပေးသလဲ၊ ပြီးတော့ ကမ္ဘာကြီးက အနုပညာကို မြင်တဲ့ပုံစံကို ဘယ်လိုပုံဖော်ပေးသလဲဆိုတာကို အဓိကထား ဆွေးနွေးထားတယ်။ ဒီအစီအစဉ်ကို နာမည်တူ စာအုပ်အဖြစ် ပြောင်းလဲထုတ်ဝေခဲ့ပြီး အဲဒီစာအုပ်ဟာလည်း အလွန်ထူးခြားကောင်းမွန်ပါတယ်။ ဒါပေမယ့် Berger ကိုယ်တိုင် သင်ကြားနေတာကို နားထောင်ရတာကတော့ ပိုပြီးထူးခြားတဲ့ ခံစားမှုကို ရရှိစေပါတယ်။
• Art History with Travis Lee Clark - Clark ဟာ Utah Valley University က အနုပညာသမိုင်းပညာရှင်။ သူက အနုပညာသမိုင်းအများစုနဲ့ အနောက်တိုင်းမဟုတ်တဲ့ အနုပညာရပ်တွေအထိပါတဲ့ သင်တန်းအပြည့်အစုံ အတော်များများကို သူ့ရဲ့ချန်နယ်မှာ တင်ထားတယ်။
• Leonard Bernstein Young People’s Concerts - အကယ်၍ စာဖတ်သူဟာ classical music နဲ့ စိမ်းနေသေးပြီး ဘယ်ကစရမလဲမသိ ဖြစ်နေတယ်ဆိုရင် ပြိုင်ဘက်ကင်း သံစုံတီးဝိုင်းခေါင်းဆောင် Leonard Bernstein ရဲ့ ဒီ ဟောပြောပွဲ၊ ဖျော်ဖြေပွဲတွေထက် ပိုကောင်းတာ မရှိဘူး။ သူက classical ဂီတရဲ့ အခြေခံအကျဆုံး အရာတွေကို ပြောင်မြောက်တဲ့ အမြင်၊ ကူးစက်လွယ်တဲ့ စိတ်အားထက်သန်မှုတွေနဲ့အတူ ရှင်း၊ ပြထားတယ်ယ
• Harvard Art Museums Artist Talks and Lectures - စာဖတ်သူ စိတ်ဝင်စားနိုင်တဲ့ အနုပညာနဲ့ပတ်သက်တဲ့ ခေါင်းစဉ်အားလုံးနီးပါး ပါဝင်တဲ့ ဟောပြောချက်/ပို့ချချက် အသံဖိုင် ၁၆၀ ကျော်ပါဝင်တဲ့ playlist တစ်ခုပါ။
“La Lecon de Catechisme” by Louis Emile Adan

ဒဿနိကဗေဒ အကြောင်း
• Yale Courses
• Introduction to Political Philosophy with Steven B. Smith
• The Moral Foundations of Politics with Ian Shapiro
• Philosophy and Science of Human Nature with Tamar Szabo Gendler
• MIT Open Courseware - Philosophy of Love in the Western World
• Wheaton College - A History of Philosophy with Arther Holmes. ဗီဒီယိုတစ်ခုကို ၄၅ မိနစ်ကနေ မိနစ် ၆၀ အထိ ကြာမြင့်ပြီး ဟောပြောပို့ချချက် ၈၁ ခု ပါဝင်တဲ့ သင်တန်းကြီးတစ်ခုပါပဲ။
• University of California, Berkley - 3 Philosophy Courses with John Searle. ဒီ playlist ထဲမှာ မတူတဲ့ သင်တန်းသုံးခုကို စုပေးထားပါတယ်- Philosophy of Mind; Philosophy of Society; Philosophy of Language တို့ပါ။
• Philosophical Basics - SocioPhilosophy က ရွေးချယ်စုစည်းပေးထားတဲ့ playlist တစ်ခုဖြစ်ပြီး၊ ဒဿနိကဗေဒဆိုင်ရာ တွေးခေါ်မှုအခြေခံတွေကို ပါဝင်ဖွဲ့စည်းထားတဲ့ Yale, Harvard နဲ့ Oxford ပါမောက္ခတွေရဲ့ ဟောပြောပို့ချချက်တွေ ပါတယ်။
• SocioPhilosophy - ဒီချန်နယ်မှာ ခေတ်သစ်ဒဿနိကဗေဒကို အဓိကထားပြီး ဒဿနိကဗေဒ သင်တန်းတွေ၊ ဟောပြောပို့ချချက်တွေနဲ့ အင်တာဗျူး အမြောက်အမြားကို တင်ဆက်ထားတယ်။ ပြင်သစ်နဲ့ ဂျာမန်ဘာသာစကားတွေနဲ့ ဟောပြောချက် အချို့လည်း ပါဝင်သေးတယ်။

သမိုင်းအကြောင်း
• Yale Courses
• Intro to Ancient Greek History with Donald Kagan
• The Early Middle Ages with Paul Freedman
• European Civilization (1648-1945) with John Merriman
• France Since 1871 with John Merriman
• Can It Happen Here Again? Yale, Slavery, and Legacies with David Blight
• Civil War and Reconstruction with David Blight
• American History: From Emancipation to the Present with Professor Holloway
• Early Modern England with Keith E. Wrightson
• Columbia University - History of the World to 1500 CE with Richard Bulliet
• Civilization: A Personal View - အညွှန်းစာအရ “အနုပညာသမိုင်းပညာရှင် Kenneth Clark ရေးသားတင်ဆက်ထားတဲ့ ၁၉၆၉ ခုနှစ် ဗြိတိသျှ ရုပ်မြင်သံကြား မှတ်တမ်းရုပ်ရှင် အစီအစဉ်တစ်ခု ဖြစ်ပါတယ်။ ဒီအစီအစဉ်ထဲက အပိုင်းဆယ့်သုံးပိုင်းဟာ Dark Ages ခေတ်ကစလို့ အနောက်တိုင်းအနုပညာ၊ ဗိသုကာနဲ့ ဒဿနိကဗေဒ သမိုင်းကြောင်းတွေကို ခြုံငုံဖော်ပြပေးထားပါတယ်။ The New Yorker မဂ္ဂဇင်းကတော့ ဒါဟာ သာမန်ကြည့်ရှုသူတွေအတွက် မျက်စိပွင့်နားပွင့်ဖြစ်စေတဲ့ အရာတစ်ခုလို့ ဖော်ပြခဲ့တယ်။”
• The Complete History of the Roman Empire in 4 Hours - ခေါင်းစဉ်က ဘာလဲဆိုတာကို ပြောပြနေတယ်။ “ရာစုနှစ်ပေါင်းများစွာတိုင်အောင်၊ ရောမအင်ပါယာဟာ ရှေးဟောင်းကမ္ဘာကြီးကို သတ်မှတ်ပုံဖော်ပေးခဲ့တဲ့ အင်အားစုတွေထဲက တစ်ခုဖြစ်ခဲ့တယ်။ ဒါပေမယ့် ဒါတွေအားလုံး ဘယ်လိုစတင်ခဲ့ပြီး၊ ဘာတွေက ပြိုကွဲသွားစေခဲ့တာလဲ။ ဒီကနေ့ ကျွန်တော်တို့သိထားတဲ့ ကမ္ဘာကြီးကို ပုံဖော်ပေးခဲ့တဲ့ ဒီအံ့သြဖွယ်အင်ပါယာကြီးရဲ့ သမိုင်းကြောင်းထဲကို Mary Beard နဲ့အတူ လေ့လာကြည့်လိုက်ပါ” တဲ့။ ဒီဗီဒီယိုဟာ Beard ရဲ့ ၂၀၁၂ ခုနှစ်က ထွက်ရှိခဲ့တဲ့ SPQR ဆိုတဲ့ စာအုပ်ကြီးနဲ့ အလွန်လိုက်ဖက်ပါတယ်။ (SPQR - Senatus PopulusQue Romanus”, which means the Senate and the People of Rome)
• Timeline World History Documentaries - Timeline ဟာ စာဖတ်သူ တွေးတောနိုင်တဲ့ ကမ္ဘာ့သမိုင်းရဲ့ ကဏ္ဍပေါင်းစုံလောက်နီးပါး ပါဝင်တဲ့ မှတ်တမ်းရုပ်ရှင်တွေကို BBC, PBS နဲ့ Discovery စတဲ့ ရုပ်သံလိုင်းတွေကနေ စုစည်းပေးထားတယ်။ “1922-1991: The Complete History of the Soviet Union” နဲ့ “The Rise and Fall of Napolean Bonaparte” တို့လို နာရီပေါင်းများစွာ ကြာမြင့်တဲ့ မှတ်တမ်းရုပ်ရှင်တွေ အများကြီး ပါတယ်။


အခြားအကြောင်းအရာတွေ
• Oxford University - Critical Reasoning for Beginners with Marianne Talbot
• Brown University - Translation Across Disciplines Conference, 2024
• Hillsdale College Online (YouTube ပေါ်မှာ မဟုတ်ပေမယ့်၊ အရမ်းကောင်းတဲ့ အရင်းအမြစ်တစ်ခုပါ) - မီရှီဂန်ပြည်နယ်၊ Hillsdale မှာ ရှိတဲ့ Hillsdale College ဟာ စာပေ၊ သမိုင်း၊ နိုင်ငံရေး၊ ဒဿနိကဗေဒ၊ ဘာသာရေးနဲ့ တခြားဘာသာရပ်တွေမှာ ကိုယ့်ဟာကိုယ် အချိန်ယူလေ့လာနိုင်တဲ့ အခမဲ့ ဗီဒီယိုသင်တန်းတွေကို ပံ့ပိုးပေးထားတယ်။ အခုထိတော့ Great Books 101 သင်တန်းတစ်ခုပဲ ပြီးသေးတယ်၊ ဒါပေမယ့် တခြားသင်တန်းတွေ အများကြီးကို ဆက်တက်ဖို့ အစီအစဉ်ရှိပါတယ်။ (ကြိုတင်သတိပေးချင်တာကတော့ အကောင့်တစ်ခု ဖွင့်ဖို့ လိုအပ်ပြီး၊ သူတို့ဆီကနေ ပရိုမိုးရှင်းနဲ့ ရန်ပုံငွေရှာတဲ့ အီးမေးလ်တွေ အများကြီး ရောက်လာပါလိမ့်မယ်။ စာဖတ်သူရဲ့ inbox
မရှုပ်သွားစေဖို့ unsubscribe လုပ်ထားဖို့ အကြံပေးပါတယ်။)
• Intelligence Squared - UK မှာ အခြေစိုက်တဲ့ Intelligence Squared က ယဉ်ကျေးမှု၊ စာပေ၊ နိုင်ငံရေးနဲ့ သိပ္ပံစတဲ့ ကဏ္ဍပေါင်းစုံမှာ စာဖတ်သူ စဉ်းစားတွေးတောနိုင်တဲ့ ခေါင်းစဉ်အားလုံးနီးပါးကို ဆွေးနွေးဖို့ ကမ္ဘာတစ်ဝှမ်းက တွေးခေါ်ပညာရှင်တွေကို ဖိတ်ခေါ်ကျင်းပတဲ့ စကားစစ်ထိုးပွဲ ဖိုရမ်တစ်ခုပါ။ ဗီဒီယိုအများစုဟာ တစ်နာရီကျော်ကြာမြင့်ပြီး၊ နှစ်နာရီနီးပါး ကြာမြင့်တဲ့ ဗီဒီယိုတွေလည်း အများကြီးရှိတယ်။
•Institute of Arts and Ideas - နယ်ပယ်အစုံက ကမ္ဘာကျော် ပညာရှင်တွေ ခေါင်းစဥ်တစ်ခုစီအောက်မှာ ဆွေးနွေးကြတဲ့ ဗီဒီယိုတွေ။

ပုံကတော့ လက်ရှိပျင်းလို့ ကြည့်ရင်း သဘောကျမိတဲ့ MITOpencourseware က Dynastic China ဆိုတဲ့ အတန်း၊ သင်တဲ့ဆရာက အရမ်းတက်ကြွပြီး တရုတ်ပြည် သမိုင်းကို Oracle Bone Inscription၊ Classical Chinese တို့ကနေ Modern တရုတ်စာဘယ်လိုဖြစ်လာပုံ ဘယ်ပြည်နယ်က geopolitics အရ ဘယ်နေရာမှာ ပါပုံ၊ နယ်ပယ်အစုံကို အားတက်သရောပြောတာ၊ သူကိုယ်တိုင်က တရုတ်ရှေးမင်းဆက် နှစ်ဆက်ကို သမိုင်းပညာရှင်အနေနဲ့လေ့လာထားတော့ ထပ်လေ့လာဖို့ကို Primary Source, Secondary Source ပေးတယ်၊ assignment ပေးတယ်၊ စာဖတ်စရာပေးတယ်။ ထိုင်နားထောင်ရုံပဲ အပျင်းပြေတောင် ဗဟုသုတ ရစရာပါပဲ။

#crd
1
Thesis writing, academic writing နဲ့ မကင်းနိုင်သူများအတွက် အကျိုးရှိစေမယ့် Academic Phrase Bank နဲ့ online writing assistant အတွက် TRINKA ကို ညွှန်းချင်ပါတယ်။ ပေးထားတဲ့ academic phrase bank ကို section အလိုက် ဝင်ဖတ်၊ နမူနာဝါကျတွေကို လေ့လာနေရင်ပဲ advanced level writing အတွက် အကျိုးရှိစေပါလိမ့်မယ်။
link : https://www.trinka.ai/academic-phrasebank-browse/comparing-and-contrasting/making-a-comparison?fbclid=IwdGRleARiPpJleHRuA2FlbQIxMQBzcnRjBmFwcF9pZAo2NjI4NTY4Mzc5AAEegX1hBODp-f2ItXZN8TlPAtrbVu7dpnWb-tRnBNPC5WsltKmMKPe1A6EiUFc_aem_3U869vC69JQ3UaatJFfYyg

#crdSayarSoeThan
@HeartLanguage0
3
Scholarship Opportunities from University of Suffolk

Ciao!
🌸 အလုပ်တစ်ဖက်နဲ့ အိမ်မှာနေရင်း UK ဘွဲ့ကို ရယူပြီး
ကိုယ့်ရဲ့ Career ကို မြှင့်တင်လိုသူတွေအတွက်…..
Online Bachelor and Master Degree Scholarship လေး မျှဝေပေးပါ့မယ်🌸

🌸 အလုပ်တစ်ဖက်နဲ့မို့ ကျောင်းသွားတက်ဖို့ အချိန်မပေးနိုင် ဖြစ်နေသူတွေ……
နိုင်ငံခြားသွားတက်ဖို့ ကုန်ကျစရိတ်တွေကြောင့် တွေဝေနေသူတွေအတွက် …….အမှန်တကယ်အဆင်ပြေတဲ့ Uni တစ်ခုပါ🌸

🌸 ဒါ့အပြင် Alessia ကိုယ်တိုင် လက်ရှိတက်ရောက်နေပြီးတော့ သူက UK ရဲ့ top elite universities (Oxford, Cambridge, Imperial) level မဟုတ်သေးပေမယ့် Teaching quality နဲ့ student support ပိုင်းမှာ review ကောင်းတာများပြီး Recent years မှာ ranking တက်လာနေတဲ့ modern university တစ်ခုလို့ သတ်မှတ်ထားကြတဲ့ University တစ်ခုဖြစ်ပါတယ်…..🌸

🌸 နာမည်က “University of Suffolk” ပါ…..
Alessia ကတော့ UOS ရဲ့ “ Business Major” ကို တက်ရောက်နေတဲ့ ကျောင်းသူတစ်ယောက် ဖြစ်ပါတယ် 🌸

🌸 Alessia ဘာလို့ တက်ဖြစ်တာလဲဆိုရင် Scholarship ရလို့ပါ…. ပုံမှန် UoS ရဲ့ Business Management မေဂျာက တစ်နှစ်ကို £16,000 ကျော်ရှိပါတယ်….
တကယ်လို့များ Scholarship မရခဲ့ရင် လက်လှမ်းဖို့ အဆင်မပြေလောက်ပါဘူး…🌸

🌸အဲ့တော့…. Alessia က Scholarship ဘယ်လိုရခဲ့တာလဲ? ဘယ်လောက်ရခဲ့တာလဲ?
ဆိုတော့… Alessia က UoS က partnership လုပ်ထားတဲ့ UNICAFFoundation က ပေးတဲ့ scholarship ကို ရခဲ့တာပါ…
သူက ပညာသင်ဖို့ ငွေကြေးခက်ခဲနေတဲ့ Global က ကျောင်းသားတွေကို Online Program နဲ့ affordable education အဖြစ် scholarship ပေးတာမျိုးဖြစ်ပါတယ်…..
ဘယ်လိုလျှောက်ရတာလဲဆိုတော့ Scholarship တို့ရဲ့ ထုံးစံအတိုင် Essays အမျိုးမျိုးနဲ့ Interview system ပါပဲ…… English Requirements ကတော့ ကျောင်းက placement test နဲ့ ရပါတယ်……
IELTS ရှိရင်တော့ ပိုကောင်းပါတယ်……
လွယ်လားဆို University of People လောက် Easy မဖြစ်ဘူး ထင်မိပါတယ် ( မိမိအမြင်သာ) 🌸

🌸 ဒီနေရာမှာ Scholarship က ဘယ်လောက် rate အထိပေးလဲဆိုတော့ 100% အထိပေးတယ်လို့တော့ Advisor ကပြောပါတယ်….
ကံမကောင်းစွာနဲ့ 100% ရတဲ့သူက မိမိမဟုတ်ခဲ့ပါဘူး…ကံကောင်းစွာနဲ့ 93% Scholarship ရခဲ့ပါတယ်…….
တချို့ 75%, 80% နဲ့ Alessia လျှောက်ပေးဖြစ်ခဲ့တဲ့ မောင်လေးဆို 90% ရခဲ့ပါတယ်…….
ပြီးတော့ ကျန်တဲ့ ကျောင်းလခကိုလဲ Installment နဲ့ မိမိအဆင်ပြေသလို ခွဲသွင်းလို့ ရပါတယ်……🌸

🌸 အရမ်းအဆင်ပြေတာ တခုက
အလုပ်တဖက်နဲ့ Join တဲ့သူတွေအတွက် ကျောင်းပြီးဖို့ ၃နှစ်ကနေ ၅ နှစ်အထိ အချိန်လဲပေးထားပါသေးတယ်…….

🌸 Recognized UK Degree ဖြစ်တာမို့ အွန်လိုင်းကနေ သင်ယူရပေမယ့် ကျောင်းပြီးရင် UK Campus ကနေ တိုက်ရိုက်ချီးမြှင့်တဲ့ အသိအမှတ်ပြု ဘွဲ့လက်မှတ် (Degree Certificate) ကို အတိအကျ ရရှိမှာပါ……
ကိုယ်တိုင်ကျောင်းကို သွားယူမယ်ဆိုလဲ အိုကေပါတယ်…(Visa approved ရင်ပေါ့🫡)

🌸 Programs တွေက ဘာတွေ offer လဲဆိုတော့

Bachelor-
BA Business Management
BSc Computing
LLB Law

Master-
MBA
MSc Public Health အထိ ကိုယ်နဲ့ကိုက်ညီမယ့်ဘာသာရပ်တွေကို ရွေးချယ်နိုင်ပါတယ်။

လေ့လာလိုရင် Alessia ရဲ့ Referral Link မှာ ဝင်လေ့လာလို့ရပါတယ်…

https://apply.unicaf.org/refer-a-friend/en?refcode=B5AWzpbQmW

🌸 စိတ်ဝင်စားပြီး လျှောက်ချင်တယ်ဆိုရင်တော့
Alessia က ကျောင်းလျှောက်ထားတာကနေစပြီး Scholarship ရဖို့အထိ လုပ်ငန်းစဉ်အဆင့်ဆင့်ကို ကူညီပေးပါ့မယ်…..
ဒါ့အပြင် ကိုယ်တိုင် သင်ယူနေတဲ့သူ တစ်ယောက်ဖြစ်တဲ့အတွက် Assignment တွေ၊ Portal သုံးပုံသုံးနည်းတွေကိုပါ လက်တွေ့အတွေ့အကြုံတွေနဲ့ သေချာလေး ပြောပြပေးပါ့မယ်…..

🌸UNICAFFoundation Scholarship အကြောင်းနဲ့ Referral Program အကြောင်းကိုလဲ နောက်နေ့မှာ Sharing ထပ်လုပ်ပေးသွားပါ့မယ် 🌸

#scholarship
#Unicaf
#unicafuniversity
#UniversityOfSuffolk
#BusinessManagement
#crd
#Heart@HeartLanguage0

Link : https://www.facebook.com/share/p/18wRZ9h8TN/
🥰1
❤️🎓 ချစ်ခင်လေးစားရပါသော ကျောင်းသား၊ ကျောင်းသူများ၊ သုတေသီများနှင့် ပညာကို တန်ဖိုးထားသော မိတ်ဆွေများအားလုံးသို့… 🎓❤️

လူတိုင်းရဲ့ ဘဝမှာ အိပ်မက်တစ်ခုတော့ ရှိကြပါတယ်…

တစ်ချို့က Bachelor’s Degree ပြီးမြောက်ဖို့ အိပ်မက်မက်ကြတယ်။

တစ်ချို့က Master’s Degree ကို ရယူချင်ကြတယ်။

တစ်ချို့က PhD လမ်းကြောင်းပေါ် လျှောက်လှမ်းနေကြတယ်။

တစ်ချို့ကတော့ မိမိရဲ့ အသက်မွေးဝမ်းကြောင်း ဘဝမှာ ထူးချွန်တဲ့ Achievement တစ်ခုကို တည်ဆောက်ဖို့ ကြိုးစားနေကြတယ်။

အဲဒီ အိပ်မက်တိုင်းရဲ့ နောက်ကွယ်မှာ…

ကြိုးစားမှုတွေရှိတယ်။
အခက်အခဲတွေရှိတယ်။
မေးခွန်းပေါင်းများစွာရှိတယ်။

တစ်ခါတစ်ရံ လမ်းပျောက်သလို ခံစားရတဲ့ အချိန်တွေလည်း ရှိတတ်ပါတယ်။

ဒီလိုအချိန်တွေမှာ “Research Methodology” ကို နားလည်ဖို့ ခက်ခဲနေသူများအတွက်…

📚 YouTube Video (၃၅) ခု ကို စေတနာအပြည့်ဖြင့် မျှဝေပေးလိုက်ပါတယ်။

ဒီ Video တွေဟာ သာမန် Lecture Videos တွေ မဟုတ်ပါဘူး။

နားလည်ရလွယ်ကူဖို့
လက်တွေ့အသုံးချနိုင်ဖို့
Academic Success ရရှိနိုင်ဖို့
Research ကို Confidence ရှိရှိ လုပ်ဆောင်နိုင်ဖို့

ကျွန်တော် ကိုယ်တိုင် လေ့လာခဲ့သမျှ၊ ကြုံတွေ့ခဲ့သမျှ၊ သင်ယူခဲ့သမျှ အတွေ့အကြုံတွေကို စုစည်းပြီး ဖန်တီးထားတာ ဖြစ်ပါတယ်။

❤️ တကယ်တော့…

ဒီ Video တွေကို ဖန်တီးရာမှာ အသုံးပြုခဲ့တာ ကင်မရာတစ်လုံးနဲ့ ကွန်ပျူတာတစ်လုံးတင် မဟုတ်ပါဘူး။

ကျွန်တော့်ရဲ့ အချိန်တွေ…
ကြိုးစားမှုတွေ…
အတွေ့အကြုံတွေ…
ပြီးတော့…

ကျွန်တော့်ရဲ့ နှလုံးသားကိုပါ ထည့်သွင်းထားပါတယ်။ ❤️

ဘာကြောင့်လဲဆိုတော့…

ပညာသင်ယူချင်ပေမယ့် အခွင့်အရေး မရရှိသူတွေကို နားလည်လို့ပါ။

သင်တန်းကောင်းတွေ တက်ရောက်ချင်ပေမယ့် အခက်အခဲတွေကြားကနေ ရုန်းကန်နေရသူတွေကို နားလည်လို့ပါ။

တစ်ယောက်တည်း ကြိုးစားရင်း လမ်းညွှန်မှုတစ်ခုကို မျှော်လင့်နေသူတွေကို နားလည်လို့ပါ။

ဒါကြောင့် ဒီ Video တွေကို ပညာဒါန** အဖြစ် မျှဝေလိုက်တာ ဖြစ်ပါတယ်။ 🙏

🌱 ဒီ Video တစ်ခုက သင့်ရဲ့ Thesis ကို အထောက်အကူပြုနိုင်တယ်။

🌱 သင့်ရဲ့ Research Journey ကို ပိုမိုလွယ်ကူစေနိုင်တယ်။

🌱 သင့်ရဲ့ Degree တစ်ခု၊ Achievement တစ်ခု၊ ဒါမှမဟုတ် ဘဝအောင်မြင်မှုတစ်ခုရဲ့ အစိတ်အပိုင်း ဖြစ်လာနိုင်ပါတယ်။

အကယ်၍ ဒီ Video တွေက သင့်အတွက် အကျိုးရှိတယ်လို့ ခံစားရရင်…

🤝 လိုအပ်နေသူများထံသို့ ဆက်လက်မျှဝေပေးပါ။

ပညာဟာ သိမ်းထားလို့ မကြီးထွားပါဘူး…
မျှဝေပေးတဲ့အခါမှ တန်ဖိုးပိုရှိလာတာပါ။ ❤️

ကျွန်တော် မျှဝေခဲ့တဲ့ ဒီ Video (၃၅) ခုထဲက Video တစ်ခုခုကပဲ ဖြစ်ဖြစ်…

သင့်ရဲ့ အိပ်မက်တစ်ခု အကောင်အထည်ဖော်နိုင်ဖို့ အထောက်အကူ ဖြစ်လာမယ်ဆိုရင်…

အဲဒါဟာ ကျွန်တော့်အတွက် အကြီးမားဆုံး ပီတိနဲ့ ဆုလာဘ်ပါပဲ။ 🙏❤️

မိတ်ဆွေတို့အားလုံး ပညာရေး၊ သုတေသနနှင့် ဘဝရည်မှန်းချက်များတွင် အောင်မြင်မှုအဆင့်ဆင့် ရရှိနိုင်ကြပါစေကြောင်း နှလုံးသားအပြည့်ဖြင့် ဆုတောင်းပေးလိုက်ပါတယ်။

❤️ “ပညာသည် မျှဝေခြင်းဖြင့် ပိုမိုတောက်ပလာသော အလင်းရောင်ဖြစ်သည်။” ❤️

https://youtube.com/@swan_edu.?si=px_r_TQdjVgIxlZc


#crd
#Heart@HeartLanguage0
1