Guide4U
2.4K subscribers
45.3K photos
943 videos
13 files
13.1K links
Guides4U
Download Telegram
မြဝတီ ကုန်သွယ်ရေး ဇုန် ဇူလိုင် ၁ ရက် အပြောင်းအလဲ
===
လာမယ့် ဇူလိုင် ၁ ရက်မှစ၍
1. ဆီထွက်သီးနှံများအားလုံး nonလိုင်စင်မှ လိုင်စင်ဖြစ်သွားပါမည်
2. ပို့ကုန်အားလုံး ကို US$ ဖြင့်သာ ပို့ခွင့်ပြုတော့မည်
3.ပို့ကုန်ရငွေပြန်လည်ဝင်ရောက်ပြီးကြောင်းဘဏ်စလစ်ပြနိုင်မှ နောက်ထပ်ပို့ကုန်လိုင်စင်ထပ်လျှောက်ခွင့်ရှိပါမည်
4.စာရင်းမှတ်ပုံစံဖြင့်ဝင်ရောက်ထားသောပြောင်းဆံများနှ လမ်းခရီးတွင် ရှိနေဆဲ ပြောင်းဆံများကို ၁ တန် ဈေးနှုန်း USD 360ဖြင့် လိုင်စင် လျှောက်ခွင့်ပြုမည်။
5.လိုင်စင်ရှိပြီး ED ဖွင့်ပြီး‌ေသာ ကားများကုိသာယခုအခါ ဇုန်ထဲ ပေးဝင်ပါမည်။
လိုင်စင်ပဲရှိပြီး ED မဖွင့်ရသေးသောကားများကို ဇူလိုင် ၁ ရက်နေ့ရောက်မှသာ ဝင်ရောက်ခွင့်ပေးမှာဖြစ်သလို ၁ရက်နေ့ သတ်မှတ်စျေး ၁ တန် ဈေးနှုန်း USD 360ဖြင့် ED ပေးဆောင်ရပါမည်။

#creditမြဝတီ News
Smart City Bus Line By Daewoo Bus မှ အဆင့်မြင့် Minibus များဖြင့်
ပဲခူး(ကလိ) ↔️ ရန်ကုန်(ထောက်ကြန့်)↔️ပြည် ခရီးစဉ်ကို ထပ်မံတိုးချဲ့ပြေးဆွဲသွားမည်
MNA လေယာဉ်စက်ချို့ယွင်း

ယနေ့၂၀၂၂ခုနှစ်၊ ဇွန်လ (၂၅)ရက်နေ့ တွင် မြန်မာအမျိုးသားလေကြောင်း UB-313/ UB-314, XY-AMK ရန်ကုန် - မြိတ် - ထားဝယ် - ရန်ကုန် ခရီးစဉ်အားပျံသန်းခဲ့ပါသည်။

ထားဝယ်လေဆိပ်မှ နံနက် (၁၀:၀၀)နာရီတွင် ထွက်ခွာခဲ့ပြီး လေယာဉ် Take Off ပြုလုပ်ချိန်တွင် No. (1) Engine မှ ပုံမှန် မဟုတ်သော အသံ (၂)ချက် ကြားရ၍ Over TQ Limit Caution ပေါ်လာသဖြင့် လေယာဉ်ထွက်ခွာမှုရပ်ဆိုင်းရန် လုပ်ဆောင်ခဲ့ရပါသည်။

လေကြောင်းလိုင်း​၏ Safety Standard အရ ခရီးသည်များ ဘေးကင်းလုံခြုံစေရေး အတွက် လေယာဉ်မှူးမှ XY-AMK လေယာဉ်ထွက်ခွာခြင်း အား ရပ်ဆိုင်းရန် ဆုံးဖြတ်ချက်ပြုလုပ်ခဲ့ပြီး အခြားလေယာဉ် (၁) စီးဖြင့် ခရီးသည်များအား တင်ဆောင်၍ခရီးစဉ်ဆက်လက် ပျံသန်းပေးခဲ့ပါသည်။

XY-AMK လေယာဉ်အား ရန်ကုန်မြို့သို့ ပျံသန်းသယ်ဆောင်ခဲ့ပြီး စက်မှုဆိုင်ရာစစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိပါသည်။ ၂၀၁၅ခုနှစ်တွင် စက်ရုံထုတ် လေယာဉ် အသစ်အား ဝယ်ငှားစနစ်ဖြင့် ဆောင်ရွက်ခဲ့ပြီး ယခု လေယာဉ်သက်တမ်းမှာ (၇)နှစ်ရှိပြီဖြစ်ပါသည်။

ယခုကဲ့သို့ လေယာဉ်ချို့ယွင်းမှုကြောင့် ခရီးသွားရာတွင် အနှောင့်အယှက်ဖြစ်ခဲ့ရသော ခရီးသည်များအား နူးညွတ်စွာတောင်းပန်အပ်ပါသည်။

မြန်မာအမျိုးသားလေကြောင်းမှ ခရီးသည်များ ဘေးကင်းလုံခြုံစွာ ပျံသန်းနိုင်စေရန် စဉ်ဆက်မပြတ်ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။
၂၆, ၆, ၂၀၂၂ တနင်္ဂနေွနေ့
စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ
ရည်ညွှန်းလက်လီဈေးနှုန်းများ
- ရန်ကုန်မြို့
- မန္တလေးမြို့
- နေပြည်တော်
- တိုင်းဒေသကြီး/ ပြည်နယ်မြို့တော်များ