Grammar Guru
338 subscribers
214 photos
9 videos
1 file
145 links
Welcome to Grammar Guru!
Download Telegram
10
You hear people say all the time: "Quality over quantity."

Well, we say, "Is it too much to ask for both?"

Grammar အခြေခံရပြီးရင် ဘာဆက်လုပ်ရမှန်းမသိ ဖြစ်နေပြီလား

Check this out:

Course Unit ပေါင်း 60+ အထိ အသေးစိတ်ကျကျ သင်ပြထားတာကို အချိန်မရွေး လေ့လာနိုင်မယ့်အခွင့်အရေး⬇️
https://www.facebook.com/share/p/YebASVjuLAXt34cV/?mibextid=oFDknk
🤩42👍1
What is a Transition Word
--------------------------------------------------------------------
Transition Words များဟာ စာရေးသားရာမှာ အလွန်အရေးကြီးတဲ့ ကိရိယာတွေဖြစ်ပါတယ်။ စာဖတ်ရှုသူများအတွက် စာကြောင်းတစ်ခုနှင့်တစ်ခုဆီလျော်မှုရှိစေရန်နှင့် အကြောင်းအရာတစ်ခုနှင့်တစ်ခုဆက်နွယ်ပုံကို ပိုမိုကောင်းမွန်စွာနားလည်နိုင်ရန် Transition words များက အထောက်အကူပြုပေးပါတယ်။

Transition Words တွေကို ယေဘုယျအားဖြင့် ၆မျိုးခွဲခြားနိုင်ပါတယ်။

▪️Addition words
စာကြောင်းတစ်ခုအဆုံးသတ်သွားတဲ့အခါမှာ အဲ့ဒီစာကြောင်းနဲ့ပတ်သက်ပြီး အချက်အလက်များ၊ Ideasများ စသည်တို့ဖော်ပြဖို့ရာမှာ နောက်ပါစာကြောင်းကို Addition words များနှင့်စတင်လေ့ရှိပါတယ်။

Examples: also, furthermore, moreover, in addition, besides

▪️Contrast words
စာကြောင်းတစ်ခုကို ထွက်ဆိုပြီးတဲ့အခါ နောက်စာကြောင်းက သူနဲ့ဆန့်ကျင်ဖက် သို့်မဟုတ် ကွာခြားချက်တွေကို ဖော်ပြရာမှာ Contrast Words တွေနဲ့စတင်လေ့ရှိပါတယ်။

Examples: however, on the other hand, yet, in contrast, although

▪️Cause and Effect
အကြောင်းတစ်ခုကြောင့် အကျိုးဆက်ဖြစ်ပေါ်လာကြောင်းပြောဆိုတဲ့အခါ သုံးတဲ့ Transition Wordsတွေဖြစ်ပါတယ်။ ပထမစာကြောင်းမှာ Causeကိုဖော်ပြီး ဒုတိယစာကြောင်းမှာ အဲ့ဒီအချက်အလက်ကို ထောက်ပံ့ပေးဖို့ ဥပမာဖော်ပြပေးဖို့ Cause and Effect wordsတွေကိုသုံးပါတယ်။

Examples: therefore, consequently, thus, as a result, because

▪️Time/Sequence
ဖြစ်ရပ်များရဲ့ အစဉ်ကိုဖော်ပြရမှာသုံးတဲ့ Transition wordsတွေကို Sequence words တွေလို့ခေါ်ပါတယ်။

Examples: first, next, then, finally, afterward, before, eventually

▪️Comparison
စာကြောင်းတစ်ခုကို Comparison words နဲ့စတင်ထားတဲ့အခါ ရှေ့စာကြောင်းမှာပါတဲ့ထွက်ဆိုချက် သို့မဟုတ် ideaတစ်ခုရဲ့ဆင်တူမှုတွေကို ဖော်ပြနေတာဖြစ်ပါတယ်။

Examples: similarly, likewise, in the same way, just as

▪️Conclusion/Summary
သူတို့ကို စာကြောင်းတစ်ခု သို့မဟုတ် စာပိုဒ်တစ်ခုကိုအနှစ်ချုပ်ရာ၊ လုံးကောက်ဖော်တဲ့စာကြောင်းတွေရှေ့မှာသုံးပါတယ်။

Examples: in conclusion, to sum up, overall, in short, therefore

စာအရေးအသားတစ်ခုမှာ Transition Wordsများကို မှန်ကန်စွာမသုံးခြင်းက စာဖတ်သူကို စိတ်ရှုပ်ထွေးစေမှာဖြစ်ပြီး အရေးအသားပြေပြစ်စေမှာမဟုတ်တဲ့အတွက် သူတို့တစ်ခုချင်းစီရဲ့အသုံးပြုပုံကိုနားလည်ထားရပါမယ်။

Like and follow for future Grammar Datasets!
Stay Tuned!🔜

Join our Telegram community: ⬇️
https://t.me/Grammatify

#GrammarGuru
#EssentialEnglishGrammar
5
7🤩3👍1
2🤩1
The Tense Drought: A Common Struggle for English Learners 🧗‍♂
-----------------------------------------------------------------------
အင်္ဂလိပ်ဘာသာစကားလေ့လာနေတဲ့ကျောင်းသားအများစုဟာ “Tense Drought”လို့ခေါ်တဲ့ Tenseတွေရဲ့အသုံးအနှုန်းတွေကို ရောထွေးပြီး သေချာမသုံးတတ်တဲ့ကာလတစ်ခုကို အစပိုင်းမှာဖြတ်သန်းရလေ့ရှိပါတယ်။

Tenseတွေက လုပ်ဆောင်ချက်(Action)တွေရဲ့အချိန်‌အပိုင်းအခြားနှင့် ရှုထောင့်မျိုးစုံကို ဖော်ပြပေးတာနဲ့အညီ သူတို့ကိုပိုင်ပိုင်နိုင်နိုင်သုံးနိုင်ခြင်းက အင်္ဂလိပ်လိုသွက်လက်စွာပြောနိုင်ဖို့ အရေးကြီးလှပါတယ်။ သို့သော်လည်း လေ့လာသူအမျာစုဟာ Tenseတွေရဲ့ ပမာဏ၊ သူတို့ရဲ့မသိမသာကွဲပြားချက်တွေနဲ့ ထုံးနည်းမကျတဲ့အသုံးတွေကြောင့် စိတ်ရှုပ်ကြရတတ်ပါတယ်။

အင်္ဂလိပ်ဘာသာစကားမှာ Tense ၁၂ မျိုးရှိပြီး တစ်ခုချင်းစီမှာ အသုံးပြုတဲ့ စည်းမျဉ်းစည်းကမ်းတွေကွဲကြပါတယ်။ တစ်ချို့ Tenseတွေကို နေ့စဉ်အသုံးအနှုန်းတွေမှာအများဆုံးတွေ့ရပြီး အချို့ကို စာပေအရေးအသားမှာပဲအဓိကမြင်တွေ့ရတဲ့အချက်ဟာလည်း လေ့လာသူတွေအဖို့ Past Tense, Past Perfect, Present Perfect စတဲ့အသုံးအနှုန်းတွေကိုခွဲခြားရာမှာလမ်းပျောက်စေတတ်တာကိုတွေ့ရပါတယ်။

ဥပမာအနေနဲ့ Present Perfect Tenseနဲ့ Past Simpleကို လေ့လာသူများစုရှုပ်ထွေးတတ်ကြပါတယ်။ သူတို့နှစ်ခုရဲ့အသုံးဟာ ဆင်တူသလိုရှိနေတဲ့တွက်ကြောင့် “Have you done your homework?” နဲ့ “Did you do your homework?”လို မေးခွန်းနှစ်ခုကိုမြင်ရတဲ့အခါ Tense Drought ကိုဖြစ်စေပြီး လေ့လာသူတွေဟာ ဘယ်အသုံးကိုသုံးပြီး ဆိုလိုရင်းကို ဖော်ပြရမလဲမသိတော့ပါဘူး။

အဲ့ဒီလိုအတားအဆီးတွေကို ဘယ်လိုကျော်လွှားရမလဲ

1) Practice In Context

လေ့လာသူအများစုဟာ Tensesတွေရဲ့ Concept တွေကို Context (အသုံးပြုသည့်အခြေအနေ)မပါပဲ မှတ်သားတတ်ကြပါတယ်။ ဒီလိုလေ့လာတဲ့အခါ Tense drought ကို ကျိန်းသေကြုံတွေ့ရမှာပါ။ အဲ့ဒီအတွက်ကြောင့် Tenseတစ်ခုကိုလေ့လာတဲ့အခါ သူ့ရဲ့ Contextကိုယ်ပါ လေ့ကျင့်ပေးရပါမယ်။

2) Focus on High-Frequency Tenses

လေ့လာတဲ့အခါ Present Simple, Present Continuous, Past Simpleနဲ့ Past Continuous စတဲ့ အသုံးများတဲ့ Tenseတွေကိုအရင်ဦးစားပေးလေ့လာတာကလည်း နည်းလမ်းကောင်းတစ်ခုပါပဲ။ အသုံးများတဲ့ Tenseတွေကို အရင်လေ့လာပြီးမှ ပို Complexဖြစ်တဲ့ conceptတွေကိုလေ့လာရင် နားလည်ရပိုလွယ်ပါတယ်။

3) Input and Output Balance

English movies, books, podcasts နဲ့ songsတွေနဲ့အထိအတွေ့ရှိခြင်းကလည်း Tensesတွေရဲ့သဘာဝကို ပိုမိုနားလည်စေမှာပါ။ သို့ပေမဲ့ သိနေရုံနဲ့မပြီးသေးပါဘူး။ အဲ့ဒီ inputကို outputတစ်ခုနဲ့ balance လုပ်ဖို့အတွက် လေ့ကျင့်ဖို့လည်းလိုပါသေးတယ်။

4) The Right Resources

အပေါ်က ၃ချက်လုံးကို ရနိုင်မဲ့နေရာကတော့ Grammar Guruရဲ့ Intermediate English Grammar Level (1) courseပဲဖြစ်ပါတယ်။ Level (1) course ဟာ Tense drought ကို တိုက်ဖျက်ဖို့ Unit ပေါင်း 30+ နဲ့ အထူးဖန်တီးထားတာဖြစ်ပါတယ်။

Unit တစ်ခုကို ၁၀ မိနစ်ခန့်သာ ကြာမြင့်ပြီး တစ်နေ့ကို ခဏလေးသာ အချိန်ပေးရုံနဲ့ Tenses, verbs တွေနဲ့ တခြား Level မြင့် Usage တွေကို ‌လေ့လာရမယ်။ Unit တစ်ခုပြီးတိုင်း Google form နဲ့စီစဉ်ထားတဲ့ Exercises တွေလုပ်ရမယ့်အတွက် real output လည်းရှိမယ်ဆိုတော့ သင်က tense droughtကိုကြုံတွေ့နေရတယ်ဆိုရင် လက်မလွှတ်သင့်တဲ့ courseတစ်ခုဖြစ်ပါတယ်။

ဆက်လက်လေ့လာရန်🔺
https://www.facebook.com/share/p/YebASVjuLAXt34cV/?mibextid=oFDknk

5) Patience and Persistence

Tensesတွေကို လေ့လာတာကလည်း ဘာသာစကားရဲ့ ကဏ္ဍအများစုကိုလေ့လာရတာနည်းတူ အချိန်ကိုပေးဆပ်ရတဲ့အတွက် စိတ်ရှည်မှုနဲ့ဇွဲတော့လိုအပ်ပါတယ်။ အခုလို The Right Resources တွေကို စိတ်ရှည်ရှည်နဲ့လေ့လာမယ်ဆို tense drought ကို အောင်မြင်စွာ ကျော်လွှားနိုင်မှာကျိန်းသေပါတယ်။

Like and follow for future Grammar Datasets!
Stay Tuned!🔜

Join our Telegram community: ⬇️
https://t.me/Grammatify

#GrammarGuru
#Tenses
#IntermediateGrammar
11🤩1
Intermediate Grammar Video Course ကို 100% Free တက်နိုင်မယ့်အခွင့်အရေး!

မြန်မာနိုင်ငံရဲ့ Ongoing Situation တွေကြောင့် ပညာရေးဆိုင်ရာလမ်းကြောင်းတွေ ပိတ်ဆို့သွားတာကိုသိကြမှာပါ။ ဒါကြောင့်ပဲ အခုဆိုရင် ကမ္ဘာက လက်ခံထားတဲ့ GED, SAT အစရှိတဲ့ Certificate တွေကို ရယူနိုင်ဖို့ အများစုကခြေဦးလှည့်လာကြပါပြီ။

ဒီလို Program တွေကို စိတ်ဝင်စားတယ်ဆိုရင်တော့ အရေးကြီးဆုံးက ကိုယ့်အနေနဲ့ English လို ရေးထားတဲ့စာတွေကို ကောင်းကောင်းမွန်မွန် နားလည်နိုင်ဖို့လိုပါတယ်။

သင်က Scholarship Opportunity လိုချင်လို့ပဲဖြစ်ဖြစ်၊ ကျောင်းလျှောက်ဖို့ပဲဖြစ်ဖြစ်၊ လိုအပ်တဲ့ Certificate တွေရှိနေပေမဲ့ English အားနည်းနေလို့ ဘာမှဆက်မလေ့လာဖြစ်တဲ့သူတစ်ယောက်ဆိုရင်တော့ Grammar Guru ရဲ့ Intermediate Grammar Course ကို Offer လုပ်ပေးချင်ပါတယ်။


အသေးစိတ်ဖတ်ရန်

Intermediate Video Course လေးကို Basic Level ပိုင်ပြီးသား၊ ဘယ်လိုအဆင့်ဆက်တက်ရမလဲဆိုတဲ့သူတွေအတွက် အဓိကထား စီစဉ်ထားတာဖြစ်ပါတယ်။ အသက်အရွယ်အပိုင်းအခြားမရှိတာကြောင့် ကိုယ့်ရဲ့ကလေးတွေ၊ ညီ၊ညီမတွေ၊ သူငယ်ချင်းတွေက လိုအပ်နေတယ်ဆိုရင်လည်း Sharing လုပ်ပေးနိုင်ပါတယ်။
ဒီ Free Program လေးမှာ လူအကန့်အသတ် 10 ယောက်အထိသာ လက်ခံပေးသွားမှာမို့လို့ (ကျောင်းလျှောက်ဖို့၊ International Curriculum တွေတက်ရောက်ဖို့) စသဖြင့် အကြောင်းပြချက်အခိုင်အလုံရှိတဲ့သူတွေကို အထူးထည့်သွင်းစဉ်းစားပေးသွားမှာပါ။


Instructor တွေနဲ့ Course Material အကြောင်း

Intermediate Course မှာ Level 2 ခုရှိပြီးတော့ Level တစ်ခုစီကို Grammar Teaching 1 နှစ်ကျော် အတွေ့အကြုံရှိတဲ့ Instructor နှစ်ယောက်က ခွဲဝေ သင်ကြားပေးထားတာဖြစ်ပါတယ်။

Level 1 ကို Instructor Scott က ပို့ချထားတာဖြစ်ပြီး Tenses, Speech, Voice ကို အလွယ်ကူဆုံးနားလည်လာနိုင်အောင် ဆောင်ရွက်ပေးမှာပါ။
Level 2 မှာတော့ Modal, Auxiliary Verb တွေနဲ့ Clauses တွေအကြောင်းကို Instructor Martin က အသေးစိတ်သင်ကြားပေးထားတာဖြစ်ပါတယ်။


Application Process
Free Grammar Course ကိုတက်ရောက်နိုင်ဖို့ ပြုလုပ်ရမယ့် Step တွေကတော့ -
1. Grammar Guru ရဲ့ Facebook Page ကို Like or Follow ပြုလုပ်ပြီး Telegram Channel ကိုလည်း Join ထားပေးပါ။
2. အောက်မှာချပေးထားမယ့် Google form ကို နောက်တစ်ပတ် တနင်္ဂနွေနေ့၊ September 15 ရက်နေ့ည 11:59 နာရီနောက်ဆုံးထားပြီး ဖြည့်သွင်းပေးရပါမယ်။

Fb Page:
https://www.facebook.com/profile.php?id=61556539552433&mibextid=ZbWKwL

Telegram Channel:
https://t.me/Grammatify


Application Form:
https://docs.google.com/forms/d/e/1FAIpQLSdLD-_4i8Vxa91F33zoGWotjU-YqNOG_6NtH1oRlAXeOqfmsw/viewform?usp=sf_link


Instructor တွေက စာရင်း‌လျှောက်ထားသူတွေကို သေချာစိစစ်ရွေးချယ်ပြီးနောက် 16 ရက်နေ့ တနင်္လာနေ့မှာတော့ ဝင်ရောက်ခွင့်ရသူတွေကို Email (သို့) Facebook ကနေတစ်ဆင့် ကြေညာပေးသွားမှာဖြစ်ပါတယ်။

ဒါကြောင့်မို့ Grammar Guru ရဲ့ Page ကိုလည်း စောင့်ကြမို့မမေ့နဲ့နော်။


Due date: 2024 September 15th, 11:59 PM
For further inquiries: Contact us via Messenger.


#GrammarGuru
8
10
🤩3
Free Intermediate Grammar Course ကိုတက်ရောက်ခွင့်ရသူများကို ကြေညာခြင်း‼️
-----------------------------------------------------------------------
Sept 8 ရက်နေ့ကစတင်ခဲ့တဲ့ Grammar course application period လေးကတော့ ပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်။

ဒီသင်တန်းလေးအတွက် လျှောက်လွှာတင်သူအများအပြားရှိခဲ့ရာကနေ Grammar Guru ရဲ့ Instructor တွေက တစ်ဦးချင်းအကြောင်း အသေးစိတ်စစ်ဆေးဖတ်ရှုပြီးရာမှာတော့ Grammar Course အတွက် အသင့်တော်ဆုံးဖြစ်မယ့် Learner 10 ‌ယောက်ကို ရွေးချယ်ပြီးသွားခဲ့ပါပြီ။

ဒီရွေးချယ်ခံရသူ 10 ယောက်ကိုတော့ မနက်ဖြန်မနက် 8 နာရီမှာ Course Link နဲ့တကွ Information အလုံးစုံကို Email ကနေတစ်ဆင့် ပေးပို့ပေးသွားမှာဖြစ်ပါတယ်။

အောက်မှာတော့ ဒီ 10 ယောက်ရဲ့နာမည်တွေကို ဖော်ပြပေးထားပါတယ်ခင်ဗျာ။ ရွေးချယ်ခံရတဲ့ ကိုယ့်နာမည်ပါနေမလားစစ်သွားကြပါဦးနော်။

📌 အရွေးချယ်မခံရတဲ့သူတွေကိုလည်း ဒီ Grammar Course လေးအတွက် 20% Discount ပေးသွားဦးမှာဖြစ်တဲ့အတွက် တက်ရောက်ချင်တယ်ဆိုရင် Page Messenger မှာ လာရောက်စုံစမ်းနိုင်ပါတယ်ခင်ဗျာ။

#GrammarGuru
16🤩3
This media is not supported in your browser
VIEW IN TELEGRAM
What purchasing the English grammar course package at Grammar Guru will do to your English:
🤩4🤣32👍1😭1