GED Science Practice Hub
183 subscribers
29 photos
8 links
Download Telegram
Challengeလေးက ဘယ်လိုပုံစံမျိုးလဲဆိုတာ သိပ်မရှင်းတဲ့သူ‌တွေရှိနေလို့အစ်မ ထပ်ပြီးရှင်းပြပေးပါမယ်ရှင့်။ 🤍

အစ်မက Zoom နဲ့ အတန်းဖွင့်ပြီး သင်ပေးတာမျိုးတော့ မဟုတ်ပါဘူးရှင့်။ Private Channel ထဲမှာ တစ်နေ့လုပ်ရမယ့်စာတွေကို တစ်နေ့ချင်းစီပို့ပေးသွားမှာပါ။

ကိုယ်အားတဲ့အချိန်မှာ ကိုယ်တိုင်လုပ်လို့ရပါတယ်ရှင့်။ အစ်မသတ်မှတ်ထားတဲ့ Deadlineမတိုင်ခင် တစ်နေ့တာအတွက်ပေးထားတဲ့ Practice တွေကို ပြီးအောင်လုပ်ပေးရုံပါပဲ။

ပြီးတော့ အစ်မဘက်ကလည်း စာစစ်ပေးမှာဖြစ်သလို၊နားမလည်တာရှိရင်လည်း မေးလို့ရပါတယ်ရှင့်။ နားမလည်တဲ့ Question တွေကို အတတ်နိုင်ဆုံး ရှင်းပြပေးသွားမှာပါ။ အတန်းမဟုတ်ဘူး feesအများကြီးပေးရတာမျိုးမဟုတ်ဘူးဆိုပြီး လုပ်ချင်သလိုလုပ်မယ်ဆိုရင်တော့ မjoinပါနဲ့ရှင့်။ စာကိုသေချာလိုက်လုပ်မယ်ဆိုမှ joinပေးပါရှင့်။

ဒီလိုနဲ့ 20 ရက်တိတိ Challenge ကို လိုက်လုပ်ပြီးသွားရင်တော့ GED Science Practice ပိုင်းကို အတော်လေး ပြီးမြောက်သွားပြီလို့ ပြောလို့ရပါတယ်ရှင့်။ 🤍
❤5
အဲလိုလေးတွေကြားရတော့ တကယ်၀မ်းသာမိကိုယ်နိုင်သ‌လောက်တစ်ဖက်တစ်လှမ်းကနေကူညီခွင့်ရလို့လည်း ကျေနပ်မိတယ်🫶
❤9
ရက်20လည်းပြည့် လုပ်စရာ practice fileတွေလည်းအကုန်ကုန်သွားပေမယ့် challengeမပြီးချင်သေးဘူးဆိုတော့ ကိုယ်တိုင်မေးခွန်းထုတ်ပြီးဖြေခိုင်းရတော့မယ် hehe🫶
❤6
တောင်းဆိုကြတဲ့Math Challengeလေးအစ်မလုပ်ပေးနိုင်ဖို့ကြိုးစားနေပါတယ်ရှင့်။ အဆင်သင့်ဖြစ်တာနဲ့တင်ပေးပါမယ်‌နော်။ အဲကျမှလာမjoinကြရတော့ တွေ့မယ်။
❤11
Mathအတွက် Challengeလေးလာဖို့ရှိပါမယ်ရှင့် အစ်မ‌သေချာလုပ်‌ပေးချင်လို့ practice fileတွေ resourcesတွေကိုသေချာရှာဖွေစုဆောင်းထားပြီး ဒီနေ့ တစ်နေ့လုံးလည်းအချိန်ပေးပြီးstudy planလေးလည်းဆွဲပြီးပြီမို့ မကြာခင် detailsတင်ပေးပါမယ်ရှင့်
❤5
Math Challenge လေးမျှော်နေကြတဲ့သူတွေအတွက် GED Math 22 Days Practice Challenge လေး လာပါပြီရှင့်။ 📚🧮

ဒီ Challenge လေးကတော့ Math Concept တွေကို သေချာပိုင်နိုင်ထားပြီး Practice ကိုပဲ ဖိလုပ်ချင်တဲ့သူတွေအတွက် အဓိကထားပြီး ပြုလုပ်ပေးမှာဖြစ်ပါတယ်ရှင့်။

အစ်မတုန်းက အသုံးပြုခဲ့တာတွေထက်ကို ပိုပြီးသေချာရှာဖွေထားတဲ့ Practice Files တွေ၊ Resources တွေနဲ့ 22 ရက်စာ Study Plan လေးဆွဲပြီး တစ်နေ့ချင်းစီ Practice များများလုပ်ပေးသွားမှာဖြစ်ပါတယ်ရှင့်။ တကယ်ကိုများများလုပ်ရမှာပါ။

📌 ဒီ Challenge က Concept တွေကို အစကနေ ပြန်သင်ပေးမယ့် Class မဟုတ်ပါဘူး။ Practice များများလုပ်ပြီး Exam အတွက် လေ့ကျင့်ပေးမယ့် Challenge ဖြစ်ပါတယ်ရှင့်။

ဒါကြောင့်

• Math Concept တွေကို သေချာပိုင်နိုင်ထားပြီးသားသူများ
• Practice ပိုင်းကို အဓိကဖိလုပ်ချင်သူများ
• တစ်နေ့တစ်နေ့ Practice များများလုပ်ဖို့ အချိန်ပေးနိုင်သူများ
• examဖြေဖို့ အချိန် 1လ or 1လ‌ကျော်လောက်ရသေးသူများ
အတွက် ပိုပြီး Recommend ပေးပါတယ်ရှင့်။ 🤍

📌 Challenge Rule

1. Join ချင်ရင် ဝင်ကြေး 5000 ကျပ် ရှိပါမယ်ရှင့်။ 22 ရက်လုံး ပုံမှန်လိုက်လုပ်ပြီး Rule တွေကို သေချာလိုက်နာတဲ့သူတွေကို 3000 ကျပ် ပြန်ပေးမှာ ဖြစ်ပါတယ်။

2. အကြောင်းအမျိုးမျိုးကြောင့် ခွင့်ယူချင်ရင် အစ်မကို သေချာခွင့်တိုင်ပေးပြီး 3 ရက်အထိ ခွင့်ယူလို့ရပါတယ်ရှင့်။ ခွင့်မတိုင်ဘဲပျက်တာ၊ 3 ရက်ထက်ပိုပြီးပျက်တာဆိုရင် Auto Fail ဖြစ်ပါမယ်။

3. ခွင့်ယူထားတဲ့ရက်က Practice တွေကိုလည်း နောက်ပိုင်းမှာ ပြန်လုပ်ပြီး ထပ်ပေးရပါမယ်ရှင့်။

4. တစ်ရက်ပေးတဲ့ Practice တွေကို Deadline မတိုင်ခင် အကုန်ပြီးအောင် ထပ်ပေးရပါမယ်။ မပြီးနိုင်ရင် ခွင့်ရက်ထဲက ယူလို့ရပါတယ်။ မဟုတ်ရင် Auto Fail ဖြစ်ပါမယ်ရှင့်။


Rule က Rule ပဲဖြစ်တဲ့အတွက် ပျက်ကွက်သွားရင် နောက်ထပ်အခွင့်အရေးပေးမှာမဟုတ်ဘဲ Auto Fail သတ်မှတ်ပါမယ်ရှင့်။ ဒါပေမယ့် Fail ဖြစ်သွားရင်လည်း စာကိုတော့ ဆက်လုပ်လို့ရပါတယ်။ Fee Refund တော့ ပြန်ရမှာမဟုတ်ပါဘူးရှင့်။

Rule တွေက နည်းနည်း Strict ဖြစ်ပေမယ့် တကယ်စာလုပ်ဖြစ်စေချင်လို့ သတ်မှတ်ထားတာပါရှင့်။ ဒါကြောင့် Rule တွေကို သေချာဖတ်ပြီး ရတယ်၊ လက်ခံနိုင်တယ်၊ အချိန်ပေးနိုင်တယ် ဆိုမှ Join ပေးပါနော်။ 🤍

Challenge လေးကတော့ 22.9.2026 မှာ စပါမယ်ရှင့်။ 📚

ပြီးတော့ Science Challenge တုန်းကထက် ဒီ Math Challenge မှာ လုပ်ရမယ့် Practice ပမာဏ ပိုများမှာဖြစ်တဲ့အတွက် အစ်မဘက်က တစ်ယောက်ချင်းစီရဲ့ Answer တွေကို အမြဲတမ်းလိုက်စစ်ပေးနိုင်မှာ မဟုတ်ပါဘူးရှင့်။ Answer Key တွေကို ပို့ပေးမှာဖြစ်လို့ ကိုယ့်ဟာကိုယ် သေချာပြန်စစ်ပေးကြပါနော်။ 🤍

ဒါပေမယ့် နားမလည်တာ၊ မသိတာရှိရင်တော့ အစ်မအတတ်နိုင်ဆုံး ပြန်ရှင်းပြပေးပါမယ်ရှင့်။ အစ်မကိုယ်တိုင်လည်း ဝါရင့်ဆရာမတစ်ယောက်မဟုတ်တဲ့အတွက် အားလုံးကို အရမ်းကျွမ်းကျင်မယ်လို့တော့ မပြောနိုင်ပေမယ့် သိသလောက်၊ တတ်နိုင်သလောက် ကူညီပေးပါမယ်ရှင့်။ 🫶🏻

Join ချင်ရင် @litszn_may07 ကို လာဆက်သွယ်လိုက်ပါနော်။ 🤍
❤9
GED Science Practice Hub pinned «Math Challenge လေးမျှော်နေကြတဲ့သူတွေအတွက် GED Math 22 Days Practice Challenge လေး လာပါပြီရှင့်။ 📚🧮 ဒီ Challenge လေးကတော့ Math Concept တွေကို သေချာပိုင်နိုင်ထားပြီး Practice ကိုပဲ ဖိလုပ်ချင်တဲ့သူတွေအတွက် အဓိကထားပြီး ပြုလုပ်ပေးမှာဖြစ်ပါတယ်ရှင့်။ အစ်မတုန်းက…»
ကဲ လုပ်ပေးဖို့တောင်းဆိုထားတဲ့သူတွေ မျှော်နေမယ်နော်။
❤6
Challengeကလေ ဖြေဖို့1လလောက်ပဲလိုလို့practiceကိုပဲလုံး၀ဖိလုပ်ချင်တယ်။ ဘယ်ဟာလုပ်ရမှန်းမသိဘူး။ ကိုယ့်ဟာကိုယ်ဆိုလည်းမလုပ်ဖြစ်လောက်ဘူးလို့ထင်တဲ့ ကလေးတွေအတွက်တော့အစ်မ လုံး၀ recommendပေးပါတယ်နော်။ 22ရက်အတွင်း practiceအကုန်နီးပါးလုပ်ပြီးသွားမှာပါရှင့်။
❤5
ကဲကဲ… လူရွေးမမှန်ပေမယ့် Challenge လေးတော့ ရွေးမှန်ချင်တယ်ဆိုရင်တော့ လာ join လိုက်တော့နော် 🤭🩷

တစ်နေ့စာတစ်နေ့ အဆင်သင့်လုပ်ပေးထားတာမို့ ဘာစာလုပ်ရမလဲဆိုပြီး ခေါင်းစားစရာလည်းမလိုတော့ဘူးနော် 📚✨

ကိုယ့်တစ်ယောက်တည်းဆို စာလုပ်ဖြစ်မလုပ်ဖြစ် မသေချာပေမယ့် Challenge လေးနဲ့ဆို စာလည်းပုံမှန်လုပ်ဖြစ်၊ habit လေးလည်းတည်ဆောက်ဖြစ်တယ်ဆိုတော့… ဒီလို feedback လေးတွေဖတ်ရတာ အစ်မတောင် အရမ်းပျော်ရပါတယ်ရှင့် 🥺🩷

နောက် Challenge လေးတွေကျလည်း ထိပ်ဆုံးကနေ လာ join ပေးကြပါဦးနော် 🤭
❤7🔥1🎉1
Math Challenge က practice ပိုင်းကို အဓိကထားပြီးလုပ်ပေးမှာလို့ ပြောထားတာကြောင့် အရမ်းများမှာစိုးလို့ လိုက်မလုပ်နိုင်မှာကြောက်ပြီး မ join ဖြစ်ရဲတဲ့သူတွေလည်း ရှိကြမယ်ထင်တယ်နော်။

တစ်ရက်ကို ပျမ်းမျှ အပုဒ် 70 80 လောက် လုပ်ရမှာပါရှင့်။ အစပိုင်းမှာတော့ ဒီထက်နည်းနိုင်ပြီး နောက်ပိုင်းမှာ အပုဒ်100 လောက်အထိ ရှိလာနိုင်ပါတယ်။

ဒါပေမယ့် 22 ရက်လုံးအဆုံးထိ ပုံမှန်လိုက်လုပ်ပြီးတာနဲ့ mathsအတွက်လိုအပ်တဲ့Practiceတွေကို အကုန်ပြီးသွားပြီလို့ ပြောလို့ရပါတယ်ရှင့်။
Ready Test တွေတော့ ထည့်ပေးထားမှာ မဟုတ်ပါဘူးနော်။

အခြားဘာသာတွေလည်း တစ်ပြိုင်တည်းလုပ်နေရလို့ အချိန်မပေးနိုင်ဘဲ တစ်ရက်စာကို အကုန်မလုပ်နိုင်တာမျိုးဆိုရင်တော့ Challenge Rule အရ Fail ဖြစ်နိုင်ပါတယ်ရှင့်။ အဲဒီအခြေအနေမှာ ပိုက်ဆံပြန်အမ်းပေးမှာတော့ မဟုတ်ပါဘူး။

ဒါပေမယ့် ကိုယ့်ဟာကိုယ်ဆို ဘာတွေ Practice လုပ်ရမလဲ၊ ဘယ်ကနေစလုပ်ရမလဲ မသိဘူး၊ အချိန်တော့ အပြည့်မပေးနိုင်သေးဘူးဆိုရင်တောင် study planလို သဘောထားပြီးJoin ထားလို့ရပါတယ်ရှင့်။ Challenge ရဲ့ တစ်ရက်စာတွေကို ကိုယ့်အဆင်ပြေတဲ့အချိန်နဲ့ ဆက်လုပ်လို့ရပါတယ်။ အစ်မကိုလည်းနားမလည်တာ လာမေးလို့ရသလို လုပ်ပြီးတိုင်းလည်း စာလာထပ်လို့ရပါတယ်။🤍

အကောင်းဆုံးကတော့ တစ်ရက်စာတစ်ရက် ပုံမှန်လိုက်လုပ်နိုင်တာပါပဲရှင့်။ အစ်မchallengeလုပ်ပေးရတဲ့ရည်ရွယ်ချက်ကိုက စာကိုနေ့တိုင်းပုံမှန်လုပ်ဖြစ်အောင်မို့လို့ပါ။📚

အသေးစိတ်သိချင်တာရှိရင် အစ်မ DM မှာ
@litszn_may07 အားမနာတမ်း လာမေးလို့ရပါတယ်ရှင့်။🫶
❤8
📢 Math Challenge Fee နဲ့ပတ်သက်ပြီး Announcement လေးရှိပါတယ်ရှင့်

အစ်မက အစတုန်းက Math Challenge က Science Challenge ထက် လုပ်စရာတွေ ပိုများတာကြောင့် သေချာအလေးထားပြီး အဆုံးထိလိုက်လုပ်စေချင်တဲ့အတွက် ဝင်ကြေး 7,000 Ks သတ်မှတ်ထားခဲ့ပါတယ်ရှင့်။

ဒါပေမယ့် တချို့ကလေးတွေက တစ်နေ့စာတစ်နေ့ အပြီးလုပ်နိုင်တာမျိုးမဟုတ်ဘဲ ကိုယ်အားတဲ့အချိန်မှာ နိုင်သလောက်လေး လိုက်လုပ်ချင်ကြတာလည်း ရှိတာကြောင့် 7,000က နည်းနည်းများသလို ဖြစ်နေမယ်လို့ အစ်မစဉ်းစားမိလာလို့ပါ။

ဒါကြောင့် Science Challenge တုန်းကလိုပဲ Math Challenge ဝင်ကြေးကို 5,000 Ks ပဲ သတ်မှတ်ပေးပါတော့မယ်‌ နော်။ Challenge ကို အဆုံးထိ သတ်မှတ်ထားတဲ့အတိုင်း လိုက်လုပ်ပြီး Complete ဖြစ်တဲ့သူတွေကို 3,000 ပြန်ပေးသွားမှာပါနော်။ 💗

Practiceကိုသေချာလုပ်ချင်ရင် ဒီmath challengeလေးကိုjoinလို့ရပါတယ်နော်။🫶
❤3
Feedback လေးဖတ်ရင်းပီတိတွေဖြစ်မိ😭🩷

Batch 1 က ကလေးလေးတွေအကုန်လုံး စာနဲ့ပတ်သက်ပြီး မေးချင်တာရှိရင် အချိန်မရွေး လာမေးကြနော်။

စာမေးပွဲဖြေတဲ့အခါမှာလည်း အားလုံးမျှော်မှန်းထားတဲ့အမှတ်တွေ ရကြပါစေရှင့်။ ကိုယ်လုပ်ထားသမျှ ကြိုးစားထားသမျှ အကောင်းဆုံးရလဒ်တွေနဲ့ ပြန်ရပါစေ။ 🤍

Batch 1 က ကလေးလေးတွေအားလုံးကို အမြဲသတိရနေမှာပါနော်။ 🫶🏻
❤7
Math Challengeလေးက သဘက်ခါစပြီနော်။ joinမယ့်သူတွေကမနက်ဖြန်နောက်ဆုံးထားလာပြောပေးပါရှင့်။

Dm- @litszn_may07
အစ်မက GED ကို စုစုပေါင်း 713 မှတ်နဲ့ အောင်မြင်ထားတဲ့ ကျောင်းသူတစ်ယောက်ပါရှင့်။ 🤍

ပြီးတော့ GED 4 ဘာသာလုံးကိုလည်း 1 လအတွင်း ဖြေဆိုပြီး အောင်မြင်ထားတာမို့ ကိုယ်တိုင်တွေ့ကြုံခဲ့ရတဲ့အတွေ့အကြုံတွေနဲ့ စာလုပ်နည်း၊ Exam နဲ့ပတ်သက်တာတွေကို တတ်နိုင်သလောက် ပြန်လည်မျှဝေပေးချင်ပါတယ်ရှင့်။

ဒါကြောင့် GED နဲ့ပတ်သက်ပြီး စာတွေမေးချင်တာရှိရင်လည်း အားမနာဘဲ အစ်မကို လာမေးလို့ရပါတယ်နော်။ 🫶🏻

@litszn_may07
❤14
Math Challengeလေးက မနက်ဖြန်စပြီမို့ joinမယ့်သူတွေကအစ်မကို ဒီနေ့နောက်ဆုံးလာပြောပေးပါရှင့်။ Octလကုန် or Novemberလအစလောက်ထဲဖြေမယ့်ကလေးတွေက ဒီbatch joinလို့ရပါတယ်နော်။
❤5