တပ်ကြပ်ကြီးဖိုးကွန်း
21.8K subscribers
10.9K photos
1.13K videos
730 links
Download Telegram
မနေ့က ကျိုက်ထို PDF အဖွဲ့၏ သတ်ဖြတ်ခြင်းခံခဲ့ရတဲ့ မူလတန်းကျောင်းအုပ်ဆရာမကြီး ဒေါ်နွယ်နွယ်ဦး၏ မိသားစု၀င်များအား တပ်နယ်မှူးနှင့်မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ သွားရောက်အားပေးထောက်ပံ့ခဲ့​

#မှိုင်းဝေ
ဆိပ်ကမ်းသာလမ်းတွင် ကျပ်သိန်း ၃၀၀၀ လုယက်ခံရ

NOM ဖေဖော်ဝါရီ ၂၄၊ ၂၀၂၃

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ဆိပ်ကမ်းသာလမ်းနှင့် မဟာဗန္ဓုလလမ်းထောင့်တွင် ဖေဖော်ဝါရီလ ၂၄ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန်၌ ဘဏ်မှထုတ်လာသော ငွေကျပ်သိန်း ၃၀၀၀ ကိုဓားမြှောင်ကိုင် ဓားပြများကလုယက်သွားကြောင်းသိရသည်။

ယုံရှင်းငွေလွဲလုပ်ငန်းမှ စာရေးမမျိုးယမင်းသူနှင့် ယာဉ်မောင်းစည်သူတို့သည် ဆာကူရာတာဝါရှိ CB ဘဏ်မှ ငွေကျပ်သိန်း ၃၀၀၀ ကိုထုတ်ယူပြီးဆာလာအိတ်နှစ်လုံးဖြင့် ကားပေါ်တင်ကာသယ်လာခဲ့သည်။

ဗိုလ်ချုပ်လမ်းမှ မဟာဗန္ဓုလပန်းခြံလမ်းသို့ကွေ့ဝင်မောင်းလာစဉ် မဟာဗန္ဓုလလမ်းအလယ်အရောက်တွင် လူငါးဦးက ဓားမြှောင်များကိုင်ပြီး ယာဉ်ပေါ်တက်ကာ ဆိပ်ကမ်းသာလမ်းထိပ်သို့မောင်းခိုင်းပြီးအသင့်စောင့်နေသော စိစစ်ဆဲကားပေါ်သို့ အဆိုပါငွေဆာလာအိတ်နှစ်လုံးတင်ဆောင်ကာ ထွက်ပြေးသွားကြောင်းသိရသည်။

News Of Myanmar NOM
Forwarded from Justice Seeker Group-JSG
Media is too big
VIEW IN TELEGRAM
NLD အမတ်ပြုတ်တွေ အမေရိကန်ကို ထွက်ပြေးပြီး နောက်ကွယ်ကနေ မြှောက်ပေးနေတဲ့အကြောင်း၊ NLD အမတ်ပြုတ်တွေနဲ့ NUG က ဝံချီးဆိုတဲ့သူတွေက သူတို့ရဲ့ သားသမီးတွေကို နိုင်ငံခြားမှာ ကျောင်းထားနေတယ်ဆိုတဲ့အကြောင်း၊NUG ဟာ တော်လှန်ရေးကို ဗန်းပြပြီး ခွက်ခေါက်းတောင်းစားနေတယ်ဆိုတဲ့အကြောင်း အချင်းချင်းကတောင် ဖော်ကုန်ကြပြီနော်...
Forwarded from ဟန်ငြိမ်းဦး✍️
ရွေးကောက်ပွဲ ဥပဒေအသစ်ဆိုတာ တကယ်လုပ်ချင်တဲ့သူတွေအတွက် မခက်ခဲပါဘူး
==============================
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၃ ရက်နေ့က Trend News Journal မှာ ဒေါ်ညိုညိုသင်းနဲ့ အင်တာဗျူးထားတာကို ဖတ်လိုက်ရတယ်။ အဲဒီမှာ သူပြောထားတာတွေက "နိုင်ငံရေးသမား တွေ သူတို့ဝင်ကစားမယ့် ကစားကွင်းဟာ သန့်ရှင်းဖို့၊ လွတ်လပ်ပြီး တရားမျှတမှပဲ ဝင်ကစား မှာလေ၊ မပြိုင်ခင်ကတည်းက ရှုံးနေနိုင်တဲ့ အနေအထားမျိုးဆိုရင် ဝင်ကစားကြမှာ မဟုတ်ဘူး" နောက်ပြီး "နိုင်ငံရေးပါတီများ မှတ်ပုံတင်ဥပဒေအသစ်နဲ့ ပတ်သက်ပြီး ပါတီဝင် တစ်သိန်းရဖို့ ဆိုတာ တော်တော်လေးကြီးမားတဲ့ စိန်ခေါ်မှုဖြစ်ကြောင်း၊ တော်တော်လေး ခက်ခဲကြောင်း" စသဖြင့်ပြောသွားတာ တွေ့ရတယ်။ အဲဒီတော့ သူပြောတာတွေနဲ့ ပတ်သက်ပြီး ပြန်ပြောပြချင် တာက အမတ်ဖြစ်ချင်တဲ့ သူတွေကတော့ ရွေးကောက်ပွဲ ဝင်ပြိုင်ရမှာပဲ။ နောက်ပြီး အခု ထုတ်ပြန်ထားတဲ့ ဥပဒေအသစ်က တိုင်းရင်းသားပါတီတွေ၊ ပါတီငယ်လေးတွေက အစ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နိုင်ဖို့အတွက် PR စနစ် ပြုလုပ်ပေးထားတာပဲ ဖြစ်ပါတယ်။ ဒါဟာ နိုင်ငံရေးပါတီတွေ၊ နိုင်ငံ့တာဝန်ထမ်းဆောင်မယ့် သူတွေအတွက် အများကြီးစဉ်းစားပြီး ပြုလုပ်ပေးထားတာပဲ ဖြစ်ပါတယ်။ ပါတီဝင်အင်အား ၁ သိန်းဆိုတာ တစ်နိုင်ငံလုံး အတိုင်းအတာ နဲ့ကြည့်မယ်ဆိုရင် လွန်ကျူးတဲ့ သတ်မှတ်ချက်မဟုတ်ပါဘူး။ ဆိုတော့ဗျာ မြန်မာနိုင်ငံမှာရှိတဲ့ လူဦးရေ သန်း ၅၀ မှာ မဲပေးနိုင်တာက ၃၇ သန်းဆိုပါစို့။ အဲဒီ ၃၇ သန်းထဲကမှ ပါတီဝင်အင်အား ၁ သိန်းဆိုတာ တကယ်တမ်း အချိုးချလိုက်ရင် ၀.၂၇ ရာခိုင်နှုန်း လောက်ပဲ ရှိတယ်။ ပါတီရန်ပုံငွေ သိန်း ၁၀၀၀ ဆိုတာကလည်း အခုခေတ်အနေအထားမှာ ပါတီတစ်ခု အနေနဲ့ မတတ်နိုင်စရာ အကြောင်းမရှိဘူး။ ငမြောက်ငခြောက်နဲ့ လွယ်အိတ်တစ်လုံးလွယ်ပြီး ပါတီထောင်ချင်ပါတယ်ဆိုလို့တော့ ဘယ်ရမလဲဗျာ။ ဒီလိုမပြောပလောက်တဲ့ ကန့်သတ်ချက် လေးတစ်ခုကို ပါတီဥက္ကဋ္ဌတွေအနေနဲ့ မစွမ်းဆောင်နိုင်ကြဘူးလား။ ဒါလေးတောင်မှ မစွမ်းဆောင်နိုင်ရင်တော့ နိုင်ငံနဲ့လူမျိုးအတွက် ဘယ်လိုများလုပ်ဆောင်ပေးဖို့ စိတ်ကူးထားကြ တာလဲဆိုတာ သိချင်မိတယ်။
#ထွန်းလင်း
တပ်မ​တော်သူနာပြုနှင့် ​ဆေးဘက်ပညာတက္ကသိုလ်ရဲ့ (၂၃) နှစ်​မြောက် တပ်နှစ်ပတ်လည်​နေ့အခမ်းအနား စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့
===============

ယ​နေ့,​ဖေ​ဖော်ဝါရီလ ၂၄ ရက် ​နေ့မှာကျ​ရောက်တဲ့ တပ်မ​တော်သူနာပြုနှင့် ​ဆေးဘက်ပညာတက္ကသိုလ်ရဲ့ (၂၃) နှစ်​မြောက် တပ်နှစ်ပတ်လည်​နေ့ အခမ်းအနားကို ​စည်စည်းကာကား ကျင်းပခဲ့ပါတယ်။

အခမ်းအနားကို မနက်ပိုင်းမှာ ဆရာ​တော်၊ သံဃာ​​တော်များကို ပင့်ဖိတ်၍ တရားနာအာရုံဆွမ်းကပ်လှူခြင်း၊ စစ်​ရေးပြ အခမ်းအနားပြုလုပ်ခြင်း၊ ဗလာမပါ ကံစမ်းမဲများ ​ဖောက်​ပေးခြင်းတို့ကိုပြုလုပ်ခဲ့ပါတယ်။

ဒါ့အပြင် မိသားစုဝင်များ အဆင်​ပြေစွာ အသုံးပြုနိုင်ရန် ​တစ်ရက်လျှင် ​ရေသန့် လီတာ ၆၀၀၀ ထွက်​သော ​ရေသန့်စက်အား တည်​ဆောက်ဖွင့်လှစ် ​ပေးနိုင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

ထွန်း​ဇော်

#MyanmaToday
#MyanmarWon
Tomorrow
25.2.2023 ရက်နေ့

ဓာတ်ဆီ 92 / 95 စျေး
၄၅ / ၅၀ ကျပ် ဝန်းကျင် ခန့် ( တက် )
နိုင်ပါသည်။

ဒီဇယ်ဆီ စျေး
၄၅ ကျပ် ဝန်းကျင်ခန့် ( တက် )
နိုင်ပါသည်။

#MOPS ဈေးကိုအခြေခံတွက်ချက်
ထားခြင်းဖြစ်ပါသည်။
PPRD မှ ဈေးအပြောင်းအလဲ
ဖြစ်ပေါ်နိုင်ပါသည်။
သံဃာ ၇၀ ကျော်သတ်ခံရတုန်းက ဘာသာရေးအကြောင်း မပြောခဲ့တဲ့ ပွကြီးက သင်းအုပ်ဆရာ တယောက်အဖမ်းခံရမှ ဘာသာရေးဖိနှိပ်ချုပ်ခြယ်မှုလို့ ခေါင်းစဉ်တပ်သတဲ့လား။ #ဖိုးစီ
မော်လမြိုင်ကျွန်းမြို့
YMBA အသင်း ဥက္ကဌ. ဦးကျော်ထင် အား အကြမ်းဖက် များမှ ယနေ့ နေ့လည် သေနှက်ဖြင့် ပစ်သတ်သွား
သန့်သန့်လေးနဲ့ ပေးလိုက်ပါ

သူများဆီက
ဘာရမလဲဆိုပြီး မျှော်နေကြလို့
စိတ်ဆင်းရဲရ နေတာပါ ။

ဖြစ်နိုင်ရင် ကိုယ်တိုင်ကလည်း
လိုချင်တဲ့ဘက် ယူတဲ့ဘက်မှာ
မနေတာ အကောင်းဆုံးပါပဲ ။

လိုချင်လို့ မရလာရင်
အလိုမကျမှုတွေ ဖြစ်လာသလို

ကိုယ့်ဆီမရောက်လာရင်
မနာလိုစိတ်တွေ ဝင်လာနိုင်ပါတယ် ။

ဘဝမှာ လိုချင်တာရချင်ရင်
ကိုယ်က အပေးဘက်မှာပဲရှိနေပါ ။

အကျိုးလိုလားတဲ့မေတ္တာပေးရင်
ကိုယ်လည်း အေးချမ်းပါတယ် ။

စိတ်ကောင်းတွေထားပေးရင်
စိတ်ကောင်းသူတွေနဲ့ ဆုံရနိုင်ပါတယ် ။

စွန့်ကြဲခြင်းတွေပေးရင်
အရာရာမှာ အဆင်ပြေနိုင်ပါတယ် ။

ကိုယ်လုပ်ပေးနိုင်တာလေးတွေ
ဖြည့်ဆည်းလုပ်ပေးပြီးတော့
ကောင်းတာတွေနဲ့ပြန်နိုင်ဖို့ကြိုးစားပါ ။

🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏

#မေတ္တာဖြင့်ပြန်လည်မျှဝေအပ်ပါသည်
Media is too big
VIEW IN TELEGRAM
သစ္စာ လေးချက်ဦးထိပ်ပန်ဆင်
နေသောတပ်မတော်..

🙏🙏🙏
Forwarded from PAN
မကွေးတိုင်းဒေသကြီးအတွင်း တိုက်ပွဲသတင်းများ

ဖေဖော်ဝါရီ ၂၅

      ယမန်နေ့ မကွေးတိုင်းဒေသကြီး၊ရေစကြိုမြို့နယ်တွင် လုံခြုံရေးတပ်ဖွဲ့များရှိရာ နေရာ (၅)ခု ခလရ(၂၅၆)၊ ခလရ (၂၅၇)၊ ခလရ (၂၅၈)၊မြို့မရဲစခန်း၊ဇီးတောပြည်သူ့စစ်စခန်းတို့အား အကြမ်းဖက် pdfများက တစ်ချိန်တည်း တစ်ပြိုင်တည်း အဝေးမှ လက်နက်ကြီးများဖြင့် နံနက် ၇ နာရီမှ စတင်တိုက်ခိုက်လာရာ လုံခြုံရေးတပ်ဖွဲ့များမှ ပြန်လည်ပစ်ခတ်ခဲ့ပြီး နှစ်ဖက်ထိခိုက် ဒဏ်ရာမရရှိကြကြောင်းသိရှိရပါသည်။

အလားတူ ယမန်နေ့ နံနက် ၈ နာရီ ၄၅ မီးနစ်အချိန် ခန့်က မကွေးတိုင်းဒေသကြီး၊ရေစကြိုမြို့နယ်၊ ဇီးတောပြည်သူ့စစ်စခန်းအား အကြမ်းဖက်အင်အား(၃၅၀)ကျော်ဖြင့်စခန်းအား လာရောက်တိုက်ခိုက်ခဲ့ရာ အင်အားမမျှ၍ တပ်မတော်လေမှ ရဟတ်ယာဥ် (၁)စီး ပစ်ကူပေးရန်လာရောက်ခဲ့သော်လည်း အကြမ်းဖက် pdfများသည် ရွာထဲသို့ဝင်၍ လူသားတံတိုင်းအဖြစ် ရွာကို အကာအကွယ်ယူပုန်းခိုခဲ့ခြင်းကြောင့် တပ်မတော်လေ၏ ရဟတ်ယာဥ်က ပစ်ခတ်ခြင်းမပြုလုပ်နိုင်ခဲ့ကြောင်း၊ လက်ရှိအခြေနေတွင် အကြမ်းဖက် pdfများသည် အကြမ်း ဖက်လုပ်ရပ်များကို ပိုမိုအတင်ရဲစွာ ပိုမို လှုပ်ရှားလာနေကြောင်းသတင်းရရှိပါ သည်။

#PAN