.
#ထိုင်ဝမ်_ဘယ်လောက်အရေးပါသလဲ ?
ထိုင်ဝမ်အစကိုဆွဲပြီး
အမေရိကန်က တရုတ်ကိုကစားတယ်၊
ထိုင်ဝမ်ဟာ စီးပွားရေးသက်သက်သာ
အမေရိကန်ရော တရုတ်အတွက်ပါ
အရေးကြီးတာ မဟုတ်ဘူး၊
ဆိုဗီယက်ယူနီယံခေတ်ကလို
အရံနိုင်ငံတွေကွဲထွက်သွားရင် တရုတ်
အင်အားနည်းသွားနိုင်တယ်၊
ထိုင်ဝမ်ကို အမေရိကန်ဖက်က
ကောင်းကောင်းထိမ်းချုပ်သွားနိုင်ရင်
နောက်က လိုက်လာမှာက
- ဟောင်ကောင်
- မကာအို
- တိဘက်
.... စတာတွေပဲ၊
အဲ့သလို ကွဲထွက်သွားရင်
ယူကရိမ်းလိုဖြစ်လာကြလိမ့်မယ်၊
ဒါကြောင့်
ထိုင်ဝမ်ဟာ တရုတ်အတွက် အရေးပါတယ်
- အချုပ်အခြာ ရှု့ဒေါင့်ကရော
- စီးပွားရေးရှုဒေါင့်ကရေ
- ရှေ့တန်းခံစစ်အနေနဲ့ရော
- ခွဲထွက်ချင်နေတဲ့ နယ်မြေအချို့ရဲ့
စံပြအဖြစ်အနေနဲ့ရော၊
စစ်ဖြစ်ချင်ဖြစ်မယ်
အခြားနည်းလမ်းနဲ့ဖြစ်ချင်ဖြစ်မယ်
ထိုင်ဝမ်ကို တရုတ်အနေနဲ့
ကာတခုအတွင်းမှာ အသေအခြာ
ထိမ်းချုပ်သွားပါလိမ့်မယ်၊
ပလိုစီက
ခေါင်းစဉ်ချပေးခဲ့ပြီဆိုတော့
ရှီက ဆက်လုပ်ရုံပဲ၊
#NayZinLatt ( 8.8.22 )
#ထိုင်ဝမ်_ဘယ်လောက်အရေးပါသလဲ ?
ထိုင်ဝမ်အစကိုဆွဲပြီး
အမေရိကန်က တရုတ်ကိုကစားတယ်၊
ထိုင်ဝမ်ဟာ စီးပွားရေးသက်သက်သာ
အမေရိကန်ရော တရုတ်အတွက်ပါ
အရေးကြီးတာ မဟုတ်ဘူး၊
ဆိုဗီယက်ယူနီယံခေတ်ကလို
အရံနိုင်ငံတွေကွဲထွက်သွားရင် တရုတ်
အင်အားနည်းသွားနိုင်တယ်၊
ထိုင်ဝမ်ကို အမေရိကန်ဖက်က
ကောင်းကောင်းထိမ်းချုပ်သွားနိုင်ရင်
နောက်က လိုက်လာမှာက
- ဟောင်ကောင်
- မကာအို
- တိဘက်
.... စတာတွေပဲ၊
အဲ့သလို ကွဲထွက်သွားရင်
ယူကရိမ်းလိုဖြစ်လာကြလိမ့်မယ်၊
ဒါကြောင့်
ထိုင်ဝမ်ဟာ တရုတ်အတွက် အရေးပါတယ်
- အချုပ်အခြာ ရှု့ဒေါင့်ကရော
- စီးပွားရေးရှုဒေါင့်ကရေ
- ရှေ့တန်းခံစစ်အနေနဲ့ရော
- ခွဲထွက်ချင်နေတဲ့ နယ်မြေအချို့ရဲ့
စံပြအဖြစ်အနေနဲ့ရော၊
စစ်ဖြစ်ချင်ဖြစ်မယ်
အခြားနည်းလမ်းနဲ့ဖြစ်ချင်ဖြစ်မယ်
ထိုင်ဝမ်ကို တရုတ်အနေနဲ့
ကာတခုအတွင်းမှာ အသေအခြာ
ထိမ်းချုပ်သွားပါလိမ့်မယ်၊
ပလိုစီက
ခေါင်းစဉ်ချပေးခဲ့ပြီဆိုတော့
ရှီက ဆက်လုပ်ရုံပဲ၊
#NayZinLatt ( 8.8.22 )
Forwarded from Nay Zin Latt We Love (sansan htay)
.
#သမ္မတဟောင်းထရမ့်အိမ်ကို_ FBI တွေဝင်စီး
ရီပါတ်ဘလစ်ကင် သမ္မတဟောင်း
ဒေါ်နယ်လ်ထရမ့်ရဲ့ Palm beach မှာရှိတဲ့
သူ့အိမ်ကို FBI ကဝင်ရောက်စီးနင်းခဲ့တယ်၊
" တကယ့်အမှောင်ခေတ်ပဲဗျ
ဘာကြောင့်ဆိုတာတော့ မသိသေးဘူး "
ဒီမိုကရက်တွေဆိုတာ
ပါးစပ်က ဘုရား... ဘုရားနဲ့
လက်တွေ့မှာ ကားယား.. ကားယား သမားတွေပါ
ဒီမိုကရေစီနဲ့ လစ်ဘရယ်ကို ပါးစပ်က
မချတမ်းပြောပြီး ကောက်ကျစ်ယုတ်မာကြသူတွေလို့
ပြောရင် မလွန်ပါဘူး၊
အမေရိကန် သမိုင်းကိုလေ့လာရင်
ရှေ့ပိုင်း အမေရိကန်ခေါင်းဆောင်တွေကသာ
အမေရိကန်နိုင်ငံရဲ့ အကျိုးစီးပွားကို
တကယ်ဖေါ်ဆောင်ခဲ့ကြပြီး
နောက်ပိုင်းခေါင်းဆောင်တွေက
ကိုယ်ကျိုးစီးပွား အတ္တကြီးသူတွေဆိုတာ
ကိယ်ကျယ်ပြန့်ပြန့်လေ့လာရင်
တွေ့နိုင်ကြပါတယ်၊
ရီပါတ်ဘလစ်ကင်ထက် ဒီမိုကရက်တွေက
ပိုယုတ်မာ ကောက်ကျစ်ကြတာကို
တွေ့ရပါလိမ့်မယ်၊
ခပ်အေးအေးလေးနဲ့ ကောက်ကျစ်တဲ့
ဘားရက်အိုဘားမား
ခပ်စွာစွာနဲ့ ယုတ်မာကောက်ကျစ်တဲ့
ဟီလာရီကလင်တန်တို့ဟာ ဒီမိုကရက်တွေပါ။
#NayZinLatt ( 9.8.22 ) 😤
#သမ္မတဟောင်းထရမ့်အိမ်ကို_ FBI တွေဝင်စီး
ရီပါတ်ဘလစ်ကင် သမ္မတဟောင်း
ဒေါ်နယ်လ်ထရမ့်ရဲ့ Palm beach မှာရှိတဲ့
သူ့အိမ်ကို FBI ကဝင်ရောက်စီးနင်းခဲ့တယ်၊
" တကယ့်အမှောင်ခေတ်ပဲဗျ
ဘာကြောင့်ဆိုတာတော့ မသိသေးဘူး "
ဒီမိုကရက်တွေဆိုတာ
ပါးစပ်က ဘုရား... ဘုရားနဲ့
လက်တွေ့မှာ ကားယား.. ကားယား သမားတွေပါ
ဒီမိုကရေစီနဲ့ လစ်ဘရယ်ကို ပါးစပ်က
မချတမ်းပြောပြီး ကောက်ကျစ်ယုတ်မာကြသူတွေလို့
ပြောရင် မလွန်ပါဘူး၊
အမေရိကန် သမိုင်းကိုလေ့လာရင်
ရှေ့ပိုင်း အမေရိကန်ခေါင်းဆောင်တွေကသာ
အမေရိကန်နိုင်ငံရဲ့ အကျိုးစီးပွားကို
တကယ်ဖေါ်ဆောင်ခဲ့ကြပြီး
နောက်ပိုင်းခေါင်းဆောင်တွေက
ကိုယ်ကျိုးစီးပွား အတ္တကြီးသူတွေဆိုတာ
ကိယ်ကျယ်ပြန့်ပြန့်လေ့လာရင်
တွေ့နိုင်ကြပါတယ်၊
ရီပါတ်ဘလစ်ကင်ထက် ဒီမိုကရက်တွေက
ပိုယုတ်မာ ကောက်ကျစ်ကြတာကို
တွေ့ရပါလိမ့်မယ်၊
ခပ်အေးအေးလေးနဲ့ ကောက်ကျစ်တဲ့
ဘားရက်အိုဘားမား
ခပ်စွာစွာနဲ့ ယုတ်မာကောက်ကျစ်တဲ့
ဟီလာရီကလင်တန်တို့ဟာ ဒီမိုကရက်တွေပါ။
#NayZinLatt ( 9.8.22 ) 😤
Forwarded from Nay Zin Latt We Love (sansan htay)
.
#ဘိုးဘွားရိပ်သာရောက်သွားတဲ့
#အမေရိကန်ဒီမိုကရေစီ
မြန်မာ့ဒီမိုကရေစီ
အပျို မဖြစ်ခင်မှာ
မုဒိန်းအကျင့်ခံလိုက်ရတယ်လို့
ရေးဘူးခဲ့တယ်၊
ဒိထက် မကဘူး...
သန္ဓေသားပါ ကိုယ့်လက်နဲ့ကိုယ်
ထပ်ပြီးအဖျက်ချခံလိုက်ရတာ၊
အားလုံးက
ဒီမိုကရေစီဆိုတာ
လူများရာနဲ့ မဲခွဲပြီး
အနိုင်ကျင့်တဲ့ဟာလားလို့
အသိတွေဝင်သွားခဲ့ကြပြီ။
..........
ဒီမိုကရေစီနဲ့ လစ်ဘရယ်လို့ပြောရင်
ဗြိတိန်နဲ့ အမေရိကန်ကို
ပြေးမြင်လေ့ရှိကြတယ်၊
မနေ့က ထရမ့်အိမ်ကို FBI က
ဝင်စီးသွားတာ... ကမ္ဘာမှာ
အတော့်ကို ဂယက်ထသွားခဲ့ကြတယ်၊
" အစဉ်အလာမရှိခဲ့ဖူး ဘူး၊
ကျွန်တော်သာ FBI အကြီးအကဲဆိုရင်
ဒီလိုဖြစ်ခွင့်မျိုး ပေးမှာ မဟုတ်ဘူး"
.... လို့၊
FBI ဒုတိယ အကြီးအကဲဟောင်းရဲ့
ဝေဖန်သံလဲကြားလိုက်ရတယ်၊
" ဒါဟာ.... လက်ဦးမှုရယူပြီး
2024 ရွေးကောက်ပွဲအတွက်
ကြိုတင်အာဏာသိမ်းလိုက်တာ "
.... စသဖြင့်
ပေါက်ကွဲမှုတွေကိုလဲ တွေ့လိုက်ရတယ်၊
..........
အမေရိကန်မှာ
သမ္မတဖြစ်ဖို့မလွယ်ဘူး၊
ဖြစ်လာတဲ့ သမ္မတတိုင်းဟာလဲ
အရှိန်အဝါ အလွန်ကြီးကြပြီး
သမ္မတဟောင်းတွေဆိုတာလဲ
ဖူးဖူးမှုတ်ခံထားကြရသူတွေပဲ၊
လက်ရှိသမ္မတလောက်သာ
အာဏာမရှိကြပေမဲ့ ဩဇာကြီးကြတယ်
ဂုဏ်ထူးဆောင် ပုဂ္ဂိုလ်တွေဖြစ်ကြပြီး
လုံခြုံရေး အစောင့်အရှောက်မှာ
သမ္မတနီးနီးရကြသူတွေ၊
AirForce One နဲ့ The Beast ဆိုတဲ့
ကားကိုသာစီးခွင့်မရကြပေမဲ့
တခြားနိုင်ငံတွေလို၊ တာဝန်ပြီးတာနဲ့
ပစ်ထားခြင်း မခံကြရသူတွေ၊
President Club member တွေ၊
အမှားတချို့ရှိရင်တောင်
အစဉ်အလာပျက်မှာစိုးလို့
အောက်ဖဲ လှန်လေ့လှန်ထမရှိတော့ဘူး၊
..........
တသက်လုံး
နှစ်ပေါင်း (၂၄၀) ကျော် ထိမ်းခဲ့တဲ့
အစဉ်အလာဟာ၊ ဘိုင်ဒင့်လက်ထက်မှာ
ပျက်စီးသွားခဲ့ပြီ၊
ယဉ်ယဉ်လေးသုံးရရင်
The Wild Democracy လို့သုံးရမလား ?
စဉ်းစားကြည့်တာပါ
Trump က စာရွက်စာတမ်းတွေ
ယူသွားတယ်ဆိုရင်တောင်
ဘိုင်ဒင်တက်ပြီး (၆) လအတွင်း
ရှာဖွေတာမျိုး ဖြစ်သင့်တယ်၊
အခုကျမှ ထလုပ်တယ်ဆိုတော့
ဒီမိုကရက်တွေ လုပ်မှားကိုင်မှား
အလွန်ကြီးပြီး၊ ထောက်ခံမှုတွေ
နိမ့်ကျသွားလို့... 2024 မှာ
ရီပါတ်ဘလစ်ကင်ကို အာဏာ
လွှဲပေးရမှာစိုးလို့ ထရမ့်ကိုကြိုတင်
နိုင်ငံရေးအရ အသေသတ်တာမျိုး
ဖြစ်မနေဘူးလား ?
သေခြာတယ်
ထရမ့်အနေနဲ့ တကြော့ပြန်လာမှာကို
အကြောက်လွန်နေကြတယ်၊
အမေရိကန်က ဒီမိုကရက်တွေတင်
ကြောက်နေကြတယ်လို့ ထင်ပါသလား ?
ကြောက်စရာနောက်တခုက...
နိုင်ငံတခု ကျဖို့ဖြစ်လာရင်
စီးပွားရေးသက်သက်သာမက
နိုင်ငံရေးစနစ်တခုပါ
လိုက်ပါ ပျက်စီးတတ်တာပဲ။
မြန်မာ့ ဒီမိုကရေစီ
သားလျောပျက်ကျသွားသလိုပဲ
အမေရိကန် ဒီမိုကရေစီလဲ
ဘိုးဘွားရိပ်သာကို ရောက်သွားခဲ့ပြီ။
#NayZinLatt ( 10.8.22 ) 🍀
#ဘိုးဘွားရိပ်သာရောက်သွားတဲ့
#အမေရိကန်ဒီမိုကရေစီ
မြန်မာ့ဒီမိုကရေစီ
အပျို မဖြစ်ခင်မှာ
မုဒိန်းအကျင့်ခံလိုက်ရတယ်လို့
ရေးဘူးခဲ့တယ်၊
ဒိထက် မကဘူး...
သန္ဓေသားပါ ကိုယ့်လက်နဲ့ကိုယ်
ထပ်ပြီးအဖျက်ချခံလိုက်ရတာ၊
အားလုံးက
ဒီမိုကရေစီဆိုတာ
လူများရာနဲ့ မဲခွဲပြီး
အနိုင်ကျင့်တဲ့ဟာလားလို့
အသိတွေဝင်သွားခဲ့ကြပြီ။
..........
ဒီမိုကရေစီနဲ့ လစ်ဘရယ်လို့ပြောရင်
ဗြိတိန်နဲ့ အမေရိကန်ကို
ပြေးမြင်လေ့ရှိကြတယ်၊
မနေ့က ထရမ့်အိမ်ကို FBI က
ဝင်စီးသွားတာ... ကမ္ဘာမှာ
အတော့်ကို ဂယက်ထသွားခဲ့ကြတယ်၊
" အစဉ်အလာမရှိခဲ့ဖူး ဘူး၊
ကျွန်တော်သာ FBI အကြီးအကဲဆိုရင်
ဒီလိုဖြစ်ခွင့်မျိုး ပေးမှာ မဟုတ်ဘူး"
.... လို့၊
FBI ဒုတိယ အကြီးအကဲဟောင်းရဲ့
ဝေဖန်သံလဲကြားလိုက်ရတယ်၊
" ဒါဟာ.... လက်ဦးမှုရယူပြီး
2024 ရွေးကောက်ပွဲအတွက်
ကြိုတင်အာဏာသိမ်းလိုက်တာ "
.... စသဖြင့်
ပေါက်ကွဲမှုတွေကိုလဲ တွေ့လိုက်ရတယ်၊
..........
အမေရိကန်မှာ
သမ္မတဖြစ်ဖို့မလွယ်ဘူး၊
ဖြစ်လာတဲ့ သမ္မတတိုင်းဟာလဲ
အရှိန်အဝါ အလွန်ကြီးကြပြီး
သမ္မတဟောင်းတွေဆိုတာလဲ
ဖူးဖူးမှုတ်ခံထားကြရသူတွေပဲ၊
လက်ရှိသမ္မတလောက်သာ
အာဏာမရှိကြပေမဲ့ ဩဇာကြီးကြတယ်
ဂုဏ်ထူးဆောင် ပုဂ္ဂိုလ်တွေဖြစ်ကြပြီး
လုံခြုံရေး အစောင့်အရှောက်မှာ
သမ္မတနီးနီးရကြသူတွေ၊
AirForce One နဲ့ The Beast ဆိုတဲ့
ကားကိုသာစီးခွင့်မရကြပေမဲ့
တခြားနိုင်ငံတွေလို၊ တာဝန်ပြီးတာနဲ့
ပစ်ထားခြင်း မခံကြရသူတွေ၊
President Club member တွေ၊
အမှားတချို့ရှိရင်တောင်
အစဉ်အလာပျက်မှာစိုးလို့
အောက်ဖဲ လှန်လေ့လှန်ထမရှိတော့ဘူး၊
..........
တသက်လုံး
နှစ်ပေါင်း (၂၄၀) ကျော် ထိမ်းခဲ့တဲ့
အစဉ်အလာဟာ၊ ဘိုင်ဒင့်လက်ထက်မှာ
ပျက်စီးသွားခဲ့ပြီ၊
ယဉ်ယဉ်လေးသုံးရရင်
The Wild Democracy လို့သုံးရမလား ?
စဉ်းစားကြည့်တာပါ
Trump က စာရွက်စာတမ်းတွေ
ယူသွားတယ်ဆိုရင်တောင်
ဘိုင်ဒင်တက်ပြီး (၆) လအတွင်း
ရှာဖွေတာမျိုး ဖြစ်သင့်တယ်၊
အခုကျမှ ထလုပ်တယ်ဆိုတော့
ဒီမိုကရက်တွေ လုပ်မှားကိုင်မှား
အလွန်ကြီးပြီး၊ ထောက်ခံမှုတွေ
နိမ့်ကျသွားလို့... 2024 မှာ
ရီပါတ်ဘလစ်ကင်ကို အာဏာ
လွှဲပေးရမှာစိုးလို့ ထရမ့်ကိုကြိုတင်
နိုင်ငံရေးအရ အသေသတ်တာမျိုး
ဖြစ်မနေဘူးလား ?
သေခြာတယ်
ထရမ့်အနေနဲ့ တကြော့ပြန်လာမှာကို
အကြောက်လွန်နေကြတယ်၊
အမေရိကန်က ဒီမိုကရက်တွေတင်
ကြောက်နေကြတယ်လို့ ထင်ပါသလား ?
ကြောက်စရာနောက်တခုက...
နိုင်ငံတခု ကျဖို့ဖြစ်လာရင်
စီးပွားရေးသက်သက်သာမက
နိုင်ငံရေးစနစ်တခုပါ
လိုက်ပါ ပျက်စီးတတ်တာပဲ။
မြန်မာ့ ဒီမိုကရေစီ
သားလျောပျက်ကျသွားသလိုပဲ
အမေရိကန် ဒီမိုကရေစီလဲ
ဘိုးဘွားရိပ်သာကို ရောက်သွားခဲ့ပြီ။
#NayZinLatt ( 10.8.22 ) 🍀
Forwarded from Nay Zin Latt We Love (sansan htay)
.
#မောဟ Ignorance
အမှား-အမှန်ကိုမသိခြင်း
အမှောင်ဖုံးခြင်း
ပညာမဖြစ်ခြင်း
.... စသည်အားဖြင့်
အဓိပ္ပါယ်ဖွင့်ဆိုကြတယ်၊
( Ignorance, Darkness,
Bewilderment, Mental incapacity
စသည်ဖြင့် ကိုယ်စားပြုရေးလေ့ရှိတယ် )
ဟိတ် (၃) မျိုးဖြစ်တဲ့
- လောဘ
- ဒေါသ
- မောဟ မှာ
မောဟက ကြောက်စရာအကောင်းဆုံးပါ
ဗုဒ္ဓက -
သစ်ပင်ရယ်လို့ဖြစ်လာရင်
ပင်စည်၊ အမြစ်၊ အကိုင်းအခက်
စတာတွေပါဝင်ဖွဲ့စည်းထားသလိုပဲ....
ခန္ဓာရလာကြတဲ့လူတွေမှာလဲ
လောဘ၊ ဒေါသ၊ မောဟ တွေနဲ့
ဖွဲ့စည်းထားကြတယ်၊
လောဘ၊ ဒေါသနဲ့မောဟကို
အပြစ်လို့မမြင်ပဲ ... အဲ့ဒီ ဟိတ် (၃) ပါးကို
အဒေါသ၊ အလောဘ၊ အမောဟ
ဖြစ်စေအောင်.. သတိဆိုတဲ့ ပညာနဲ့
ဖယ်ရှားနိုင်ဖို့ကသာ အဓိကဖြစ်ကြောင်း
ဟောကြားထားပါတယ်၊
"အဟိတ်" ဆိုတာ
လောဘ၊ ဒေါသ၊ မောဟ အားကြီးသူ
" ဒွိဟိတ်" ဆိုတာ လောဘနဲ့ဒေါသကို
ထိမ်းသိမ်းနိုင်သူ၊
" တိဟိတ်" ဆိုတာ (၃) မျိုးလုံးကို
ဆင်ခြင်နိုင်သူဖြစ်လို့...
" တိဟိတ်" ဖြစ်ကာမှ
ဒီဘဝ လူဖြစ်ကျိုးနပ်ကြမှာပါ၊
အနာဂါမ်မဖြစ်သေးသရွေ့
လောဘ၊ ဒေါသ၊ မောဟတွေ
ရှိနေကြသေးပေမဲ့...
ဖြစ်ကြောမရှည်၊ ရှိကြောမရှည်ကြဖို့က
အဓိက လူတွေအကြားကွာခြားချက်
ဖြစ်လာပါတယ်၊
...........
ကောင်းတဲ့ ဟိတ် (၃) ပါးဖြစ်ဖို့
ကလျာဏ ပုထုဇဉ်ဖြစ်ဖို့လိုတယ်
အန္ဓပုထုဇဉ် ( ဆင်ခြင်ပညာပါမလာခြင်း )
ဖြစ်လို့ကတော့...
တိရစ္ဆာန်နဲ့မခြား၊ ဆက်လက်မိုက်မဲနေမှာမို့
နောက်ဘဝတွေ မကောင်းမှာသေခြာလှတယ်၊
#မောဟကိုထပ်ခွဲလိုက်ရင်
၁။ #ကမ္မသမ္မောဟ
ကံ /ကံ၏အကျိုးကို မသိခြင်း။
၂။ #နာမရူပသမ္မောဟ
နာမ်/ ရုပ်ဖြစ်ပျက်ကို မသိခြင်း။
၃။ #ပစ္စယသမ္မောဟ
အကြောင်းကို မသိခြင်း။
၄။ #လက္ခဏသမ္မောဟ
အနိစ္စ ဒုက္ခ အနတ္တ ကိုမသိခြင်း။
၅။ #နိဗ္ဗာနသမ္မောဟ
နိဗ္ဗာန်ကိုမသိခြင်း။
ဗုဒ္ဓဘာသာရဲ့ အနှစ်သာရဟာ
ဘယ်လောက်အထိမြင့်မားတယ်ဆိုတာ
ဒိလောက်လေးလောက်နဲ့တင်
တုနှိုင်းမမီတာကိုတွေ့နိုင်ပါလိမ့်မယ်၊
မောဟ (၅) မျိုးထဲမှာ
အခြေခံအကျဆုံးက
" အကြောင်းကို မသိခြင်း" ဆိုတဲ့
#ပစ္စယသမ္မောဟ ဖြစ်လာပြန်ပါတယ်၊
အကြောင်းကြောင့် အကျိုးတရား
ဖြစ်လာရတာတွေ၊ အကြောင်းကို
မဖြတ်နိုင်သေးသရွေ့ အကျိုးတရားတွေ
ဆက်ရှိနေဦးမှာ ဆိုတဲ့ လောကနိယာမနဲ့
ဓမ္မနိယာမ ကို မမြင်နိုင်သမျှ
ခန္ဓာတွေ အဖန်တလဲလဲ ရနေကြပြီး
လောကဓံ (၈) ပါးကို ဆူကြုံနိမ့်မြင့်
တလှည့်စီ ခံစားနေကြရဦးမှာပဲ ဖြစ်ပါတယ်။
#NayZinLatt ( 10.8.22 ) 🌿
#မောဟ Ignorance
အမှား-အမှန်ကိုမသိခြင်း
အမှောင်ဖုံးခြင်း
ပညာမဖြစ်ခြင်း
.... စသည်အားဖြင့်
အဓိပ္ပါယ်ဖွင့်ဆိုကြတယ်၊
( Ignorance, Darkness,
Bewilderment, Mental incapacity
စသည်ဖြင့် ကိုယ်စားပြုရေးလေ့ရှိတယ် )
ဟိတ် (၃) မျိုးဖြစ်တဲ့
- လောဘ
- ဒေါသ
- မောဟ မှာ
မောဟက ကြောက်စရာအကောင်းဆုံးပါ
ဗုဒ္ဓက -
သစ်ပင်ရယ်လို့ဖြစ်လာရင်
ပင်စည်၊ အမြစ်၊ အကိုင်းအခက်
စတာတွေပါဝင်ဖွဲ့စည်းထားသလိုပဲ....
ခန္ဓာရလာကြတဲ့လူတွေမှာလဲ
လောဘ၊ ဒေါသ၊ မောဟ တွေနဲ့
ဖွဲ့စည်းထားကြတယ်၊
လောဘ၊ ဒေါသနဲ့မောဟကို
အပြစ်လို့မမြင်ပဲ ... အဲ့ဒီ ဟိတ် (၃) ပါးကို
အဒေါသ၊ အလောဘ၊ အမောဟ
ဖြစ်စေအောင်.. သတိဆိုတဲ့ ပညာနဲ့
ဖယ်ရှားနိုင်ဖို့ကသာ အဓိကဖြစ်ကြောင်း
ဟောကြားထားပါတယ်၊
"အဟိတ်" ဆိုတာ
လောဘ၊ ဒေါသ၊ မောဟ အားကြီးသူ
" ဒွိဟိတ်" ဆိုတာ လောဘနဲ့ဒေါသကို
ထိမ်းသိမ်းနိုင်သူ၊
" တိဟိတ်" ဆိုတာ (၃) မျိုးလုံးကို
ဆင်ခြင်နိုင်သူဖြစ်လို့...
" တိဟိတ်" ဖြစ်ကာမှ
ဒီဘဝ လူဖြစ်ကျိုးနပ်ကြမှာပါ၊
အနာဂါမ်မဖြစ်သေးသရွေ့
လောဘ၊ ဒေါသ၊ မောဟတွေ
ရှိနေကြသေးပေမဲ့...
ဖြစ်ကြောမရှည်၊ ရှိကြောမရှည်ကြဖို့က
အဓိက လူတွေအကြားကွာခြားချက်
ဖြစ်လာပါတယ်၊
...........
ကောင်းတဲ့ ဟိတ် (၃) ပါးဖြစ်ဖို့
ကလျာဏ ပုထုဇဉ်ဖြစ်ဖို့လိုတယ်
အန္ဓပုထုဇဉ် ( ဆင်ခြင်ပညာပါမလာခြင်း )
ဖြစ်လို့ကတော့...
တိရစ္ဆာန်နဲ့မခြား၊ ဆက်လက်မိုက်မဲနေမှာမို့
နောက်ဘဝတွေ မကောင်းမှာသေခြာလှတယ်၊
#မောဟကိုထပ်ခွဲလိုက်ရင်
၁။ #ကမ္မသမ္မောဟ
ကံ /ကံ၏အကျိုးကို မသိခြင်း။
၂။ #နာမရူပသမ္မောဟ
နာမ်/ ရုပ်ဖြစ်ပျက်ကို မသိခြင်း။
၃။ #ပစ္စယသမ္မောဟ
အကြောင်းကို မသိခြင်း။
၄။ #လက္ခဏသမ္မောဟ
အနိစ္စ ဒုက္ခ အနတ္တ ကိုမသိခြင်း။
၅။ #နိဗ္ဗာနသမ္မောဟ
နိဗ္ဗာန်ကိုမသိခြင်း။
ဗုဒ္ဓဘာသာရဲ့ အနှစ်သာရဟာ
ဘယ်လောက်အထိမြင့်မားတယ်ဆိုတာ
ဒိလောက်လေးလောက်နဲ့တင်
တုနှိုင်းမမီတာကိုတွေ့နိုင်ပါလိမ့်မယ်၊
မောဟ (၅) မျိုးထဲမှာ
အခြေခံအကျဆုံးက
" အကြောင်းကို မသိခြင်း" ဆိုတဲ့
#ပစ္စယသမ္မောဟ ဖြစ်လာပြန်ပါတယ်၊
အကြောင်းကြောင့် အကျိုးတရား
ဖြစ်လာရတာတွေ၊ အကြောင်းကို
မဖြတ်နိုင်သေးသရွေ့ အကျိုးတရားတွေ
ဆက်ရှိနေဦးမှာ ဆိုတဲ့ လောကနိယာမနဲ့
ဓမ္မနိယာမ ကို မမြင်နိုင်သမျှ
ခန္ဓာတွေ အဖန်တလဲလဲ ရနေကြပြီး
လောကဓံ (၈) ပါးကို ဆူကြုံနိမ့်မြင့်
တလှည့်စီ ခံစားနေကြရဦးမှာပဲ ဖြစ်ပါတယ်။
#NayZinLatt ( 10.8.22 ) 🌿
Forwarded from Nay Zin Latt We Love (sansan htay)
.
#ခြုံခိုအတိုက်ခံနေရတဲ့စီးပွားရေး
ဒေါ်လာ ... 2800+ MMK
ရွှေ ... 26+ သိန်း
( ဒီလိုရေးလို့ စာအုပ်ကြီးအတိုင်း
လိုက်ဖမ်းပြန်ရင် တရားခံဖြစ်ဦးမယ်
လက်တွေ့မှာ ဖြစ်နေတာကလဲ ငြင်းမရ )
........
#Stagflation
Stagnation ဆိုတဲ့ စီးပွားရေးဆိုတာ
တုန့်အီနေပြီး တန့်နေတာ နဲ့
Inflation ဆိုတဲ့ ငွေကြေးဖေါင်းဖွမှု
အလွန်တရာမြင့်မားလာတာ...
( ၂) မျိုးပေါင်းဆုံနေတဲ့အခြေအနေကို
ခေါ်တာပါ၊
တနည်းပြောရရင် ဝင်ငွေမတက်ဘူး
ကုန်ဈေးနှုံးကြီးလာတယ်၊
ဒီနေရာမှာ အခြေအနေ (၂) မျိုးထပ်ရှိတယ်
- ဝင်ငွေများတဲ့နိုင်ငံနဲ့
- ဝင်ငွေနည်းနိုင်ငံ
ဝင်ငွေများနိုင်ငံတွေမှာ အပိုသုံးကို
လျော့ချနိုင်ရင် ခံနိုင်ကြပေမဲ့
ဝင်ငွေနည်းနိုင်ငံတွေမှာ အပိုသုံးမရှိကြလို့
ငွေကြေးဖေါင်းပွမှုကို ခပ်ထီးထီးကြီး
ခံကြရလေ့ရှိတယ်လို့ (၂) ပိုင်း
ထပ်မြင်ရလိမ့်မယ်။
Stagflation မှာ
- GDP ⬇️ ကျဆင်းတယ်
- Unemplyment ⬆️ အလုပ်လက်မဲ့များလာ
- Demand ( Consumption ) ⬇️
သုံးစွဲငွေကျဆင်း
- Inflation ⬆️ ငွေကြေးဖေါင်းပွမှု မြင့်တက်
အဲ့ဒီ (၄) ချက်က အဓိက မြင်သာထင်သာပဲ
Inflation မှာ သာမန် (၃-၄)% မျိုးမဟုတ်တော့ပဲ
2 digit ဆိုတဲ့ ဂဏန်း (၂) လုံးကိုသတ်မှတ်တယ်၊
ဥပမာ 1 $ = 2500 ကနေ
(၃) ရက်အတွင်း 1 $ = 2800 ဆိုတော့
သိပ်များတဲ့ နှုံးဖြစ်သွားပြီ၊
Aug လ တလထဲမှာ 2500 ➡️ 3200 ဖြစ်ရင်
28% ငွေတန်ဘိုးကျတယ်လို့ သတ်မှတ်တယ်
အဲ့သလို ကျသွားတဲ့ မိမိငွေတန်ဘိုးက
အရာရာသော ကုန်ဈေးနှုံးတွေကို
မြင့်သွားစေတယ်၊
လစာနည်း ဝန်ထမ်း၊ ဝင်ငွေနည်းပြည်သူတွေ
မျက်ဖြူဆိုက်စေတယ်၊
အလုပ်လက်မဲ့ များလာလို့ ထိုင်စားရသူ
ပေါလာပြန်တယိ၊
မြန်မာ GDP ဒုတိယ (၃) လပါတ်ကို
မသိရသေးပေးမဲ့ အခြားလက္ခဏာတွေအရ
မြန်မာမှာ Stagflation ကိုတော့ အနည်းဆုံး
ရင်ဆိုင်နေရပြီလို့ မှတ်ချက်ပေးလို့ရလိမ့်မယ်၊
အဓိက ကတော့ငွေတန်ဘိုးပဲ
Monetary policy နဲ့ဆိုင်သလို
သူ့ချည့်လဲ လုပ်မရပြန်ဘူး၊
Trade policy အပါအဝင် အခြား ကိစ္စတွေနဲ့
ဝိုင်းရံမှရလိမ့်မယ်၊
...........
#နှစ်ထပ်ကွမ်းဆိုးကျိုး
မြန်မာဟာ Double negative impact
မိနေတယ်၊ တကယ်ပြောရရင်
Multi negative impact လို့ပြောရမယ်
Double negative impact ဆိုတာ
စီးပွားကျဆင်းမှုကို အင်အားနည်း
နိုင်ငံတွေမှာခံရတာမျိုး၊
ဥပမာ - တနာရီကို မုန်တိုင်းက မိုင် (၇၀) နဲ့
တိုက်လိုက်တာပဲ၊
- တဲအိမ်
- ပျဉ်ထောင်အိမ်နဲ့
- တိုက် တွေ ခံနိုင်ရည်မတူသလိုမျိုး
ပင်ကိုယ်စီးပွားကောင်းနိုင်ငံရဲ့ ငွေကြေးက
ဝင်ဆောင့်လာတဲ့အခါ အခံအားနည်းတဲ့
နိုင်ငံက ငွေကြေးက ပိုယိုင်သွားတာမျိုး၊
သူဌေး သင်္ဘောတစီးရေနစ်တာထက်
သူတောင်းစား ခွက်ပျောက်တာမျိုးနဲ့
မြန်မာမှုနယ်ပယ်မှာ တင်စားလေ့ရှိကြတာနဲ့
ခပ်ဆင်ဆင်တူလိမ့်မယ်၊
အမှန်တကယ်က
ဒိထက်ဆိုးတယ်၊ မြန်မာ့အခြေအနေက
အခြား အာဆီယံတွေလို Normal မဟုတ်၊
ပုံမှန်အုပ်ချုပ်မှု လုပ်မရအောင်ကို
စီစဉ်ထားခဲ့ပါတယ်ဆိုနေမှတော့
ကျန်တဲ့ စီးပွားရေးလဲ အနှုတ်ဖက်ကို
ရောက်အောင် လုပ်ထားတယ်ဆိုတာ
ဗေဒင်မေးစရာ လိုမယ်မထင်ဘူး၊
ဒါကြောင့်
များများမရေးချင်တာနဲ့
- မှောင်ရိပ်ခို
- အသွင်ယူ
- ခြုံခိုအတိုက်ခံနေရတယ်လို့
ရေးခဲ့လိုက်တာပါ၊
တဖက်က
ရေပက်မဝင် ဘက်စုံ၊ မျက်နှာစုံက
Full swing နဲ့တိုက်နေတဲ့အချိန်မှာ
ခံစစ်ဖက်က တုန့်ပြန်ပုံ
မှန်-မမှန်ကတော့
မြင်ရတဲ့ ရလဒ်ကပဲ အဖြေပေးထားပါတယ်။
#NayZinLatt ( 12.8.22 ) 🤒
#ခြုံခိုအတိုက်ခံနေရတဲ့စီးပွားရေး
ဒေါ်လာ ... 2800+ MMK
ရွှေ ... 26+ သိန်း
( ဒီလိုရေးလို့ စာအုပ်ကြီးအတိုင်း
လိုက်ဖမ်းပြန်ရင် တရားခံဖြစ်ဦးမယ်
လက်တွေ့မှာ ဖြစ်နေတာကလဲ ငြင်းမရ )
........
#Stagflation
Stagnation ဆိုတဲ့ စီးပွားရေးဆိုတာ
တုန့်အီနေပြီး တန့်နေတာ နဲ့
Inflation ဆိုတဲ့ ငွေကြေးဖေါင်းဖွမှု
အလွန်တရာမြင့်မားလာတာ...
( ၂) မျိုးပေါင်းဆုံနေတဲ့အခြေအနေကို
ခေါ်တာပါ၊
တနည်းပြောရရင် ဝင်ငွေမတက်ဘူး
ကုန်ဈေးနှုံးကြီးလာတယ်၊
ဒီနေရာမှာ အခြေအနေ (၂) မျိုးထပ်ရှိတယ်
- ဝင်ငွေများတဲ့နိုင်ငံနဲ့
- ဝင်ငွေနည်းနိုင်ငံ
ဝင်ငွေများနိုင်ငံတွေမှာ အပိုသုံးကို
လျော့ချနိုင်ရင် ခံနိုင်ကြပေမဲ့
ဝင်ငွေနည်းနိုင်ငံတွေမှာ အပိုသုံးမရှိကြလို့
ငွေကြေးဖေါင်းပွမှုကို ခပ်ထီးထီးကြီး
ခံကြရလေ့ရှိတယ်လို့ (၂) ပိုင်း
ထပ်မြင်ရလိမ့်မယ်။
Stagflation မှာ
- GDP ⬇️ ကျဆင်းတယ်
- Unemplyment ⬆️ အလုပ်လက်မဲ့များလာ
- Demand ( Consumption ) ⬇️
သုံးစွဲငွေကျဆင်း
- Inflation ⬆️ ငွေကြေးဖေါင်းပွမှု မြင့်တက်
အဲ့ဒီ (၄) ချက်က အဓိက မြင်သာထင်သာပဲ
Inflation မှာ သာမန် (၃-၄)% မျိုးမဟုတ်တော့ပဲ
2 digit ဆိုတဲ့ ဂဏန်း (၂) လုံးကိုသတ်မှတ်တယ်၊
ဥပမာ 1 $ = 2500 ကနေ
(၃) ရက်အတွင်း 1 $ = 2800 ဆိုတော့
သိပ်များတဲ့ နှုံးဖြစ်သွားပြီ၊
Aug လ တလထဲမှာ 2500 ➡️ 3200 ဖြစ်ရင်
28% ငွေတန်ဘိုးကျတယ်လို့ သတ်မှတ်တယ်
အဲ့သလို ကျသွားတဲ့ မိမိငွေတန်ဘိုးက
အရာရာသော ကုန်ဈေးနှုံးတွေကို
မြင့်သွားစေတယ်၊
လစာနည်း ဝန်ထမ်း၊ ဝင်ငွေနည်းပြည်သူတွေ
မျက်ဖြူဆိုက်စေတယ်၊
အလုပ်လက်မဲ့ များလာလို့ ထိုင်စားရသူ
ပေါလာပြန်တယိ၊
မြန်မာ GDP ဒုတိယ (၃) လပါတ်ကို
မသိရသေးပေးမဲ့ အခြားလက္ခဏာတွေအရ
မြန်မာမှာ Stagflation ကိုတော့ အနည်းဆုံး
ရင်ဆိုင်နေရပြီလို့ မှတ်ချက်ပေးလို့ရလိမ့်မယ်၊
အဓိက ကတော့ငွေတန်ဘိုးပဲ
Monetary policy နဲ့ဆိုင်သလို
သူ့ချည့်လဲ လုပ်မရပြန်ဘူး၊
Trade policy အပါအဝင် အခြား ကိစ္စတွေနဲ့
ဝိုင်းရံမှရလိမ့်မယ်၊
...........
#နှစ်ထပ်ကွမ်းဆိုးကျိုး
မြန်မာဟာ Double negative impact
မိနေတယ်၊ တကယ်ပြောရရင်
Multi negative impact လို့ပြောရမယ်
Double negative impact ဆိုတာ
စီးပွားကျဆင်းမှုကို အင်အားနည်း
နိုင်ငံတွေမှာခံရတာမျိုး၊
ဥပမာ - တနာရီကို မုန်တိုင်းက မိုင် (၇၀) နဲ့
တိုက်လိုက်တာပဲ၊
- တဲအိမ်
- ပျဉ်ထောင်အိမ်နဲ့
- တိုက် တွေ ခံနိုင်ရည်မတူသလိုမျိုး
ပင်ကိုယ်စီးပွားကောင်းနိုင်ငံရဲ့ ငွေကြေးက
ဝင်ဆောင့်လာတဲ့အခါ အခံအားနည်းတဲ့
နိုင်ငံက ငွေကြေးက ပိုယိုင်သွားတာမျိုး၊
သူဌေး သင်္ဘောတစီးရေနစ်တာထက်
သူတောင်းစား ခွက်ပျောက်တာမျိုးနဲ့
မြန်မာမှုနယ်ပယ်မှာ တင်စားလေ့ရှိကြတာနဲ့
ခပ်ဆင်ဆင်တူလိမ့်မယ်၊
အမှန်တကယ်က
ဒိထက်ဆိုးတယ်၊ မြန်မာ့အခြေအနေက
အခြား အာဆီယံတွေလို Normal မဟုတ်၊
ပုံမှန်အုပ်ချုပ်မှု လုပ်မရအောင်ကို
စီစဉ်ထားခဲ့ပါတယ်ဆိုနေမှတော့
ကျန်တဲ့ စီးပွားရေးလဲ အနှုတ်ဖက်ကို
ရောက်အောင် လုပ်ထားတယ်ဆိုတာ
ဗေဒင်မေးစရာ လိုမယ်မထင်ဘူး၊
ဒါကြောင့်
များများမရေးချင်တာနဲ့
- မှောင်ရိပ်ခို
- အသွင်ယူ
- ခြုံခိုအတိုက်ခံနေရတယ်လို့
ရေးခဲ့လိုက်တာပါ၊
တဖက်က
ရေပက်မဝင် ဘက်စုံ၊ မျက်နှာစုံက
Full swing နဲ့တိုက်နေတဲ့အချိန်မှာ
ခံစစ်ဖက်က တုန့်ပြန်ပုံ
မှန်-မမှန်ကတော့
မြင်ရတဲ့ ရလဒ်ကပဲ အဖြေပေးထားပါတယ်။
#NayZinLatt ( 12.8.22 ) 🤒
.
#ခြုံခိုတိုက်ရာမှ
မြန်မာ့စီးပွားရေးဟာ
အသွင်ယူ
အမှောင်ရိပ်ခို
ခြုံခိုအတိုက်ခံနေရပါတယ်လို့
မကြာခဏ သတိပေး ရေးပြခဲ့တယ်၊
အခု.. ခြုံခိုအတိုက်ခံနေရတာထက်
ပိုလာတာတွေ့ရတယ်၊
နိုင်ငံတော်က
စီးပွားရေး နိုးထဖို့ ဘီလီယံ (၄၀၀) ကျပ်ကို
ထုတ်သုံးလိုက်တာနဲ့
တခါထဲ ကျပ်ငွေထိုးဆင်းသွားလိုက်တာ
မျှော်လင့်ထားတာထက်ပိုနေတယ်၊
ဘီလီယံ (၄၀၀) ဆိုတာ
နိုင်ငံတခုအတွက် ဘာမှဒိလောက်မဟုတ်ပါဘူး
ဒိလောက်လေးနဲ့ ဒိလောက်ကြီးတောင်တော့
ဖြစ်ဖို့မကောင်းဘူး။
စားရတဲ့သူတောင်
စားမဝင်ဘူးဖြစ်သွားတယ်ဗျာ
ကြည့်ကြက်တော့ လုပ်ကြပါဦး
အောက်ခြေက လူတွေ သနားပါတယ်။
#NayZinLatt ( 14.8.22 ) 😪
#ခြုံခိုတိုက်ရာမှ
မြန်မာ့စီးပွားရေးဟာ
အသွင်ယူ
အမှောင်ရိပ်ခို
ခြုံခိုအတိုက်ခံနေရပါတယ်လို့
မကြာခဏ သတိပေး ရေးပြခဲ့တယ်၊
အခု.. ခြုံခိုအတိုက်ခံနေရတာထက်
ပိုလာတာတွေ့ရတယ်၊
နိုင်ငံတော်က
စီးပွားရေး နိုးထဖို့ ဘီလီယံ (၄၀၀) ကျပ်ကို
ထုတ်သုံးလိုက်တာနဲ့
တခါထဲ ကျပ်ငွေထိုးဆင်းသွားလိုက်တာ
မျှော်လင့်ထားတာထက်ပိုနေတယ်၊
ဘီလီယံ (၄၀၀) ဆိုတာ
နိုင်ငံတခုအတွက် ဘာမှဒိလောက်မဟုတ်ပါဘူး
ဒိလောက်လေးနဲ့ ဒိလောက်ကြီးတောင်တော့
ဖြစ်ဖို့မကောင်းဘူး။
စားရတဲ့သူတောင်
စားမဝင်ဘူးဖြစ်သွားတယ်ဗျာ
ကြည့်ကြက်တော့ လုပ်ကြပါဦး
အောက်ခြေက လူတွေ သနားပါတယ်။
#NayZinLatt ( 14.8.22 ) 😪
Forwarded from Nay Zin Latt We Love (sansan htay)
.
#ပလိုစီ_ဖရဲသီးလား ?
ထိုင်ဝမ်အပါအဝင်
(၄) နိုင်ငံခရီးမှာ ပလိုစီရဲ့သား
ပလိုစီ ဂျူနီယာတိုးတိုးတိတ်တိတ်
ပါသွားတဲ့သတင်းတွေ တက်လာပါပြီ၊
တရုတ်ကုပ္ပဏီအချို့မှာ
ရှယ်ယာအများအပြား ပိုင်ဆိုင်ထားတဲ့
သတင်းတချို့ပါ ဖေါ်ပြထားတာတွေ့ရပါတယ်၊
အမေရိကန်နိုင်ငံအကျိုးစီးပွားထက်
အတ္တအကျိုးစီးပွား အခြေခံထားတာ
ရုပ်လုံးပေါ်လာပါပြီ၊
အချိန်ရရင်တော့ ရေးပေးပါမယ်။
#NayZinLatt ( 14.8.22 ) 😂
#ပလိုစီ_ဖရဲသီးလား ?
ထိုင်ဝမ်အပါအဝင်
(၄) နိုင်ငံခရီးမှာ ပလိုစီရဲ့သား
ပလိုစီ ဂျူနီယာတိုးတိုးတိတ်တိတ်
ပါသွားတဲ့သတင်းတွေ တက်လာပါပြီ၊
တရုတ်ကုပ္ပဏီအချို့မှာ
ရှယ်ယာအများအပြား ပိုင်ဆိုင်ထားတဲ့
သတင်းတချို့ပါ ဖေါ်ပြထားတာတွေ့ရပါတယ်၊
အမေရိကန်နိုင်ငံအကျိုးစီးပွားထက်
အတ္တအကျိုးစီးပွား အခြေခံထားတာ
ရုပ်လုံးပေါ်လာပါပြီ၊
အချိန်ရရင်တော့ ရေးပေးပါမယ်။
#NayZinLatt ( 14.8.22 ) 😂
Forwarded from Nay Zin Latt We Love (sansan htay)
ရွှေဒင်္ဂါးတွေရောင်းပေးမယ်လို့
အသံထွက်လာတယ်၊ Fb မှာ Opinion တွေ
ပွထနေတာပဲ၊ ဘယ်ဈေးနဲ့ရောင်းမယ်
ဘယ်လောက်ဖြစ်သင့်တယ်... စသဖြင့်၊
တချို့ကလဲ 2100 ဈေးနဲ့တွက်ပြီး
ဘယ်လောက်ဖြစ်သင့်တယ်... စသဖြင့်၊
Wishful thinking, Wishful expectation တွေ
မရှိသင့်တော့ဘူး၊
အခုဟာက... လက်တွေ့တိုက်ပွဲ
ဉာဏ်ကစားပွဲ။
...........
#မေးခွန်းကိုဖြေကြည့်ပါ
ဒီအချိန်မှာ ရွှေဒင်္ဂါး ဘာကြောင့်
ထွက်လာရသလဲ ?
ဈေးကိုထိမ်းညှိချင်လို့ဆိုတာ ထင်ရှားတယ်၊
" ထိမ်းညှိ" တာနော်၊
ပေါက်ဈေးထက် သိပ်များရင်
ဘယ်သူမှဝယ်မှာ မဟုတ်သလို၊
ပေါက်ဈေးထက် သိပ်နိမ့်နေရင်လဲ
ရှိတဲ့ အရံရွှေတွေသာ ကုန်သွားမယ်
ရောင်းလောက်မှာ မဟုတ်ဘူး၊
ဒီ Concept ကိုတော့ လက်ကိုင်ထားရလိမ့်မယ်၊
ဒီနေရာမှာ Challenges ဖြစ်တဲ့
မေးခွန်းတွေအများကြီး ထွက်လာလိမ့်မယ်၊
တန် (၁၀၀-၂၀၀) ထုတ်ရောင်းမယ်ဗျာဆိုတဲ့
စိန်ခေါ်မှုတွေမေးလာနိုင်တယ်၊
ဈေးဘယ်လောက်ကွာသလဲလို့
ပြန်မေးမယ်၊ ကိုက်ရင် တန် (၁၀၀-၂၀၀) တောင်
ရီစရာဖြစ်သွားလိမ့်မယ်၊
...........
#လေ့လာမှုနဲ့သတိထားမှု
နိုင်ငံတိုင်းမှာ ရွှေပြားလေးတွေ အရွယ်အစား
အမျိုးမျိုးနဲ့ ရောင်းတတ်ပါတယ်၊
ထိုင်းမှာဆိုရင် ဘုရားပုံတော်လေးတွေနဲ့
တန်ဘိုးမဆုံးတဲ့ အမှတ်တရပစ္စည်းမျိုးအဖြစ်၊
( အထူးအစီအစဉ်မျိုး) မဟုတ်ရင်
ဒီပစ္စည်းမျိုးသဘာဝက Over the price မျိုး
ပုံမှန်ထက် နည်းနည်းဈေးပိုတတ်တယ်
Investment လိုမျိုး၊ Trade လိုမျိုးတွေးရင်
အကြီးကြီးမှားလိမ့်မယ်၊
သာမန်ဒင်္ဂါးကို 40000 တန်
ပိတောက်သားဘူးနဲ့ ဆိုတော့.... ⁉️
...........
#ဈေးနှုံးသတ်လိမ့်မယ်
ထပ်ပြီး ကြိုတင်သတိပေးပါရစေ
မြန်မာ့ဈေးကွက်က လတ်တလောမှာ
High fragility ဖြစ်နေတယ်
ဒင်္ဂါးထွက်လာတာ ထိမ်းညှိဖို့နော်
Market watch မလုပ်လို့မရတော့ဘူး
အမြဲတန်း Float ဖြစ်နိုင်ဖို့အတွက်
Market watch လုပ်ရတော့မှာဖြစ်သလို
ဈေးနှုံးအပြောင်းအလဲဆုံးဖြတ်ချက်အတွက်
တာဝန်ရှိလာရပြီ၊
နို့မို့ရင် ပြဿနာတွေရှိလာလိမ့်မယ်၊
..........
#အဓိကနဲ့တဆင့်ခံ
ရွှေဈေးဆိုတာ $ ပေါ်မှာအခြေခံရတာပါ
Indirect လို့ပြောပြော derivative လို့ဆိုဆို၊
အဓိက က $ ဈေးပဲ၊
$ ထိမ်းဖို့ ရေတို၊ ရေရှည်လုပ်ရလိမ့်မယ်၊
လူတယောက် စကားပြောရင်ဖြစ်ဖစ်
ရေးသားရင်ဖြစ်ဖြစ် လက်တွေ့ရှိခဲ့ဘူးလား
မရှိဘူးလား၊ ပေါ်လွင်ပါတယ်၊
ဈေးနှုံးတွေကိုကြည့်ရင်လဲ
ဈေးကွက်အခြေအနေကို အတတ်ပြောလို့ရတယ်၊
$ အဝယ်အရောင်း 300 mmk "ဟ" တယ်
ရွှေက ( 50,000- 100,000 ) "ဟ" နေတယ်
Risk နဲ့ကစားနေတဲ့သဘောပဲ
ဈေးကွက်အတက်အကျ ကြမ်းမဲ့သဘေ။
$ 4500 နဲ့ G- 35.5 သိန်းကနေ
$ 2900 နဲ့ G- 29.5 သိန်းကို ကျသွားတော့
ဒါဟာ ရာယီပါလို့ ခပ်ပါးပါးရေးခဲ့သေးတယ်၊
ဒီနေ့ $ - 3500 , G- 30 သိန်း၊
ဒီဈေးက....
ထုတ်လိုက်တဲ့ ဒင်္ဂါး ဘယ်လိုရွေ့မလဲဆိုပီး
စောင့်ကြည့်နေတဲ့ဈေးမျိုးပါ။
G - 30 သိန်းက Upper hand
မဆိုစလောက်ယူပြီး
Ready for fight position ရယ်လို့
သိထားသင့်တယ်၊
နောက်တခုက
65% ကို 2100 mmk နဲ့ကိစ္စကို
ဒင်္ဂါးနဲ့ ချိတ်တွေးကြတယ်
Conflict of policy လို့
ထောက်ပြသူတွေလဲတွေ့ရတယ်၊
Policy နဲ့ Pricing ကို
မကွဲပြားတာဖြစ်လိမ့်မယ်နဲ့တူတယ်၊
ကမ္ဘာ့ရွှေဈေးက $ 1700 အောက်ကို
နဲနဲဆင်းသွားပြီး $ 1712 ကို Bounce back
ပြန်ဖြစ်ထားတယ်နော် ( ဒီစာရေးချိန်အထိ )
Potential trend ကို မှန်းနိုင်မယ်လို့ယူဆတယ်။
သိပ်ရေးလို့လဲ ကောင်းတာမဟုတ်ဘူး
Just food for thought ပေါ့နော်၊
Wish to get idea ပါဗျာ။
#NayZinLatt ( 5.9.22 ) 🤓
အသံထွက်လာတယ်၊ Fb မှာ Opinion တွေ
ပွထနေတာပဲ၊ ဘယ်ဈေးနဲ့ရောင်းမယ်
ဘယ်လောက်ဖြစ်သင့်တယ်... စသဖြင့်၊
တချို့ကလဲ 2100 ဈေးနဲ့တွက်ပြီး
ဘယ်လောက်ဖြစ်သင့်တယ်... စသဖြင့်၊
Wishful thinking, Wishful expectation တွေ
မရှိသင့်တော့ဘူး၊
အခုဟာက... လက်တွေ့တိုက်ပွဲ
ဉာဏ်ကစားပွဲ။
...........
#မေးခွန်းကိုဖြေကြည့်ပါ
ဒီအချိန်မှာ ရွှေဒင်္ဂါး ဘာကြောင့်
ထွက်လာရသလဲ ?
ဈေးကိုထိမ်းညှိချင်လို့ဆိုတာ ထင်ရှားတယ်၊
" ထိမ်းညှိ" တာနော်၊
ပေါက်ဈေးထက် သိပ်များရင်
ဘယ်သူမှဝယ်မှာ မဟုတ်သလို၊
ပေါက်ဈေးထက် သိပ်နိမ့်နေရင်လဲ
ရှိတဲ့ အရံရွှေတွေသာ ကုန်သွားမယ်
ရောင်းလောက်မှာ မဟုတ်ဘူး၊
ဒီ Concept ကိုတော့ လက်ကိုင်ထားရလိမ့်မယ်၊
ဒီနေရာမှာ Challenges ဖြစ်တဲ့
မေးခွန်းတွေအများကြီး ထွက်လာလိမ့်မယ်၊
တန် (၁၀၀-၂၀၀) ထုတ်ရောင်းမယ်ဗျာဆိုတဲ့
စိန်ခေါ်မှုတွေမေးလာနိုင်တယ်၊
ဈေးဘယ်လောက်ကွာသလဲလို့
ပြန်မေးမယ်၊ ကိုက်ရင် တန် (၁၀၀-၂၀၀) တောင်
ရီစရာဖြစ်သွားလိမ့်မယ်၊
...........
#လေ့လာမှုနဲ့သတိထားမှု
နိုင်ငံတိုင်းမှာ ရွှေပြားလေးတွေ အရွယ်အစား
အမျိုးမျိုးနဲ့ ရောင်းတတ်ပါတယ်၊
ထိုင်းမှာဆိုရင် ဘုရားပုံတော်လေးတွေနဲ့
တန်ဘိုးမဆုံးတဲ့ အမှတ်တရပစ္စည်းမျိုးအဖြစ်၊
( အထူးအစီအစဉ်မျိုး) မဟုတ်ရင်
ဒီပစ္စည်းမျိုးသဘာဝက Over the price မျိုး
ပုံမှန်ထက် နည်းနည်းဈေးပိုတတ်တယ်
Investment လိုမျိုး၊ Trade လိုမျိုးတွေးရင်
အကြီးကြီးမှားလိမ့်မယ်၊
သာမန်ဒင်္ဂါးကို 40000 တန်
ပိတောက်သားဘူးနဲ့ ဆိုတော့.... ⁉️
...........
#ဈေးနှုံးသတ်လိမ့်မယ်
ထပ်ပြီး ကြိုတင်သတိပေးပါရစေ
မြန်မာ့ဈေးကွက်က လတ်တလောမှာ
High fragility ဖြစ်နေတယ်
ဒင်္ဂါးထွက်လာတာ ထိမ်းညှိဖို့နော်
Market watch မလုပ်လို့မရတော့ဘူး
အမြဲတန်း Float ဖြစ်နိုင်ဖို့အတွက်
Market watch လုပ်ရတော့မှာဖြစ်သလို
ဈေးနှုံးအပြောင်းအလဲဆုံးဖြတ်ချက်အတွက်
တာဝန်ရှိလာရပြီ၊
နို့မို့ရင် ပြဿနာတွေရှိလာလိမ့်မယ်၊
..........
#အဓိကနဲ့တဆင့်ခံ
ရွှေဈေးဆိုတာ $ ပေါ်မှာအခြေခံရတာပါ
Indirect လို့ပြောပြော derivative လို့ဆိုဆို၊
အဓိက က $ ဈေးပဲ၊
$ ထိမ်းဖို့ ရေတို၊ ရေရှည်လုပ်ရလိမ့်မယ်၊
လူတယောက် စကားပြောရင်ဖြစ်ဖစ်
ရေးသားရင်ဖြစ်ဖြစ် လက်တွေ့ရှိခဲ့ဘူးလား
မရှိဘူးလား၊ ပေါ်လွင်ပါတယ်၊
ဈေးနှုံးတွေကိုကြည့်ရင်လဲ
ဈေးကွက်အခြေအနေကို အတတ်ပြောလို့ရတယ်၊
$ အဝယ်အရောင်း 300 mmk "ဟ" တယ်
ရွှေက ( 50,000- 100,000 ) "ဟ" နေတယ်
Risk နဲ့ကစားနေတဲ့သဘောပဲ
ဈေးကွက်အတက်အကျ ကြမ်းမဲ့သဘေ။
$ 4500 နဲ့ G- 35.5 သိန်းကနေ
$ 2900 နဲ့ G- 29.5 သိန်းကို ကျသွားတော့
ဒါဟာ ရာယီပါလို့ ခပ်ပါးပါးရေးခဲ့သေးတယ်၊
ဒီနေ့ $ - 3500 , G- 30 သိန်း၊
ဒီဈေးက....
ထုတ်လိုက်တဲ့ ဒင်္ဂါး ဘယ်လိုရွေ့မလဲဆိုပီး
စောင့်ကြည့်နေတဲ့ဈေးမျိုးပါ။
G - 30 သိန်းက Upper hand
မဆိုစလောက်ယူပြီး
Ready for fight position ရယ်လို့
သိထားသင့်တယ်၊
နောက်တခုက
65% ကို 2100 mmk နဲ့ကိစ္စကို
ဒင်္ဂါးနဲ့ ချိတ်တွေးကြတယ်
Conflict of policy လို့
ထောက်ပြသူတွေလဲတွေ့ရတယ်၊
Policy နဲ့ Pricing ကို
မကွဲပြားတာဖြစ်လိမ့်မယ်နဲ့တူတယ်၊
ကမ္ဘာ့ရွှေဈေးက $ 1700 အောက်ကို
နဲနဲဆင်းသွားပြီး $ 1712 ကို Bounce back
ပြန်ဖြစ်ထားတယ်နော် ( ဒီစာရေးချိန်အထိ )
Potential trend ကို မှန်းနိုင်မယ်လို့ယူဆတယ်။
သိပ်ရေးလို့လဲ ကောင်းတာမဟုတ်ဘူး
Just food for thought ပေါ့နော်၊
Wish to get idea ပါဗျာ။
#NayZinLatt ( 5.9.22 ) 🤓
Forwarded from Nay Zin Latt We Love (sansan htay)
#လေ့လာဖို့သာပါ
ဘယ်သူတွေ နန်းသက်ဘယ်လောက်
ရှိခဲ့သလဲဆိုရာမှာ...
ပြင်သစ်က လူဝီ (၁၄) ဘုရင် ......... (၇၂) + နှစ်
ယူကေ အဲလိဇဘက် ဘုရင်မကြီး... (၇၀) +
ထိုင်း ရာမဘုရင် ... (၇၀) +
ဖြစ်ပါတယ်။
#NayZinLatt ( 10.9.22 ) 🌿
ဘယ်သူတွေ နန်းသက်ဘယ်လောက်
ရှိခဲ့သလဲဆိုရာမှာ...
ပြင်သစ်က လူဝီ (၁၄) ဘုရင် ......... (၇၂) + နှစ်
ယူကေ အဲလိဇဘက် ဘုရင်မကြီး... (၇၀) +
ထိုင်း ရာမဘုရင် ... (၇၀) +
ဖြစ်ပါတယ်။
#NayZinLatt ( 10.9.22 ) 🌿