တပ်ကြပ်ကြီးဖိုးကွန်း
21.2K subscribers
11.4K photos
1.16K videos
804 links
Download Telegram
🌸#ဥပုသ်စောင့်တာ_ဘာအကျိုးရှိသလဲ🌸
=====================
ဥပုသ် တစ်နေ့ စောင့်သုံးရတဲ့ ကုသိုလ်ရဲ့ တန်ဖိုးဟာ ကမ္ဘာပေါ်မှာ ရှိသမျှ ရွှေငွေ ကျောက်သံ ပတ္တမြား အစရှိတဲ့ ရတနာတွေရဲ့ တန်ဖိုးထက် သာလွန်ပါတယ်တဲ့။ ကမ္ဘာပေါ်မှာ ရှိသမျှ ရွှေငွေ ကျောက်သံ ပတ္တမြား အစရှိတဲ့ ရတနာတွေရဲ့ တန်ဖိုးဟာ ဥပုသ် တစ်နေ့ စောင့်သုံးရတဲ့ ကုသိုလ်ကို ဆယ့်ခြောက်စိတ် စိတ်ရင် တစ်စိတ်ကိုမျှ မမီနိုင်လို့ပါပဲတဲ့။


🌸စဉ်းစားကြည့်ပေါ့။ လူ့စည်းစိမ်ထက် အဆပေါင်းများစွာ သာလွန်တဲ့ နတ်စည်းစိမ်ကိုတောင် ဥပုသ်တစ်နေ့ စောင့်သုံးတဲ့ ကုသိုလ်က အလွယ်ကလေး ပေးနိုင်တယ်ပေါ့။ တကယ်တော့ နတ်စည်းစိမ်တွေနဲ့ နှိုင်းယှဉ်လိုက်မယ်ဆိုရင် လူ့စည်းစိမ်ဆိုတာ ချမ်းသာတယ်လို့တောင် ပြောလို့ မရတော့ဘူးပေါ့။ ချမ်းသာစာရင်းတောင် မဝင်တော့ဘူး ဖြစ်တယ်ပေါ့။🌸


🌸နတ်သဘင်အစည်းအဝေးတစ်ခုမှာ သိကြားမင်းကြီးက ပြောသတဲ့။ သူ့လို သိကြားမင်းဆိုတဲ့ နတ်ချမ်းသာစည်းစိမ်ကြီးကို လိုချင်ရင် ဥပုသ်စောင့်သုံးပါတဲ့။ အဲ့ဒါကို မြတ်စွာဘုရားက သိကြားမင်း ပြောတဲ့စကားဟာ မပြည့်စုံဘူးတဲ့။ တကယ်ပြောရမှာက ရဟန္တာပုဂ္ဂိုလ်က ငါ့လို ရဟန္တာ ဖြစ်ချင်ရင် ဥပုသ်စောင့်သုံးပါလို့ ပြောရမှာတဲ့။ ဘာလို့လဲဆိုရင် ဥပုသ်စောင့်သုံးတဲ့ကုသိုလ်က သိကြားမင်းစည်းစိမ်၊ အင်မတန် ကြီးကျယ်တဲ့ နတ်စည်းစိမ်ချမ်းသာတွေကို ရစေရုံတင်မကဘူး။ ရဟန္တာတောင် ဖြစ်စေနိုင်လို့ပဲ ဖြစ်တယ်ပေါ့။🌸



#ပါချုပ်ဆရာတော်ဘုရားကြီး
(ဥပုသ်စောင့်သုံးခြင်း၏အဓိပ္ပါယ် – တရားတော်မှ)

ဒီနေ့ ဥပုသ်နေ့ ဖြစ်လို့ ဥပုသ်သီလ ယူနိုင်ဖို့ နှိုးဆော်အပ်ပါတယ်ခင်ဗျား 🙏🙏🙏🙏🙏
သတ်သူက သတ်..သေသူက သေ

ပြုသူအသစ် ဖြစ်သူအဟောင်းတဲ့။

လိုလိုလားလား အားပေးခြင်းတွေက
မိမိထံပြန်လာမည်ဆိုတာလည်း မမေ့နဲ့။

ဘာလို့ အသစ်အသစ်တွေပြုနေကြမှာလည်း။

အဟောင်းတွေပဲကြေအောင်ဆပ်ရအောင်။

အရှင်တေဇာနန္ဒ(ငဖဲ)
Forwarded from Thazin Oo 🍁 (Thae Nu Seesar)
Media is too big
VIEW IN TELEGRAM
ပါတီရန်ပုံငွေများကို ယခင်ကလည်း

သုံးစွဲခြင်းမရှိသလို

နောက်လည်း သုံးစွဲရန်မရှိကြောင်း

လယ်/ဆည် ဝန်ကြီး (ဟောင်း)

ဦးမြင့်လှိုင် ပြောဆို

#PeopleMedia #ဦးမြင့်လှိုင်
ဒီနေ့ ရှမ်းပြည်က SSPP နဲ့ တပ်ချုပ်ကြီးတို့ တွေ့တယ်။
ထင်မထားတဲ့ ငြိမ်းချမ်းရေးဆွေးနွေးနိုင်မှု ဖြစ်စဉ်ပါပဲ။ တပ်ချုပ်ကြီး ပြောဖူးသလို။ ငြိမ်းချမ်းရေး အတွက် စကားတွေ အောက်ခြေမှာ အများကြီး ပြောရတယ်။ အကြိမ်ပေါင်း ထောင်၊သောင်းချီတွေ့ရတယ်။ နှစ်ဖက်ယုံကြည်မှုတွေ အများကြီး တည်ဆောက်ရတယ်။


SSPP အနေနဲ့လည်း လက်ရှိအခင်းအကျင်းကို နားလည်မှာပါ။ TNLA လည်း နားလည်နိုင်ပါစေလို့ မျှော်လင့်ပါတယ်။ EAOs တွေပါတဲ့ အခင်းအကျင်း၊ ညှိနှိုင်းလို့ရမဲ့ ဆုံးဖြတ်ချက်တွေနဲ့ ပြည်ထောင်စု သဘောတူညီမှု စာချုပ်အချို့တွေထဲက သဘောတူညီမှု အချက်တွေက PR အစိုးရ တက်လာရင် ၂၀၀၈ မှာ မဖြစ်မနေ ပြင်ဆင်ပေးရမဲ့ အရာတွေပါပဲ။


တဖက်ကရင်မှာလည်း နယ်ဒါးမြရဲ့ ကော်သူလေး တပ်မတော် တည်ထောင်တဲ့ ကိစွနဲ့ပတ်သက်ပြီး DKBA နဲ့ KNU နှစ်ဖွဲ့ က အဖွဲ့အစည်းတခုအဖြစ် ပြင်ဆင်ဖွဲ့စည်းပြီး တုန့်ပြန်ဖို့ ပြင်ဆင်လာတာတွေ့ရတယ်။ အင်အားတွေ စုပေါင်းပြီး လုပ်ကိုင်ဖို့ ညှိနှိုင်းလာတာတွေ တွေ့ရတယ်။ ငြိမ်းချမ်းရေးဖြစ်စဉ် ရှု့ဒေါင့်ကကြည့်ရင် ဗဟို အာဏာစက်က လက်ခွဲ တပ်မဟာတွေအပေါ် သက်ရောက်မှု ရှိရင် ကောင်းပါတယ်။ မဟုတ်ရင် NCA က လုပ်စားမှုသပ်သပ်လို့ အထင်မြင်လွဲမှားစေနိုင်တယ်။ ဘာပဲ ဖြစ်ဖြစ် စစ်ရာဇဝတ်မှု ကျူးလွန်ထားတဲ့သူကို ထိုက်သင့်တဲ့ တုန့်ပြန်မှု အစောကြီးကတည်းက မလုပ်ရင် ကရင်ပြည်နယ်ရဲ့ ငြိမ်းချမ်းနေမှုဟာ စောစော အဆုံးသတ်သွားနိုင်တယ်။


#ဖိုးစီ
ငြိမ်းချမ်းမှု အရေး ရှေးရှု ဆောင်ရွက်နိုင်ကြပါစေ။
Forwarded from Myanmar Hard Talk
"ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် SSPP ဒုဥက္ကဋ္ဌ (၁)တို့ တွေ့ဆုံ၍ ငြိမ်းချမ်းရေးဆိုင်ရာများ ဆွေးနွေး"

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် SSPP/SSA ဒုတိယ ဥက္ကဋ္ဌ (၁) ဗိုလ်ချုပ်ကြီး စဝ်ခေးတိုင်းတို့ ယနေ့ (သြဂုတ် ၄ရက်)တွင် နေပြည်တော်၌ တွေ့ဆုံ၍ ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

အဆိုပါ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့သည် မနက်ဖြန် (သြဂုတ် ၅ ရက်) ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ဦးဆောင်သည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဖြင့်လည်းတွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။
#mhtnews