တပ်ကြပ်ကြီးဖိုးကွန်း
21.7K subscribers
10.9K photos
1.13K videos
730 links
Download Telegram
Forwarded from Ko Thet
ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကတရုတ်နိုင်ငံ ဗဟိုကော်မတီနိုင်ငံခြားရေးရာဌာနအကြီးအကဲ ဝမ်ယိနဲ့တွေ့ဆုံစဥ် မြန်မာနိုင်ငံသို့သွားရောက်ခဲ့သည့် အခြေအနေ အား ထပ်မံ အတည်ပြု

ဂျကာတာ မှာပြုလုပ်တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး အပြီးမှာ ထိုင်း နိုင်ငံခြားရေးဝန်ကြီ နဲ့ တရုတ် နိုင်ငံ ဗဟိုကော်မတီ နိုင်ငံခြားရေးရာ ဌာန အကြီး အကဲ ဝမ်ယိတို့ သီးခြားတွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံ သို့သွားရောက်ခဲ့သည့် ခရီးစဉ် နှင့်ပတ်သက်ပြီး ဆွေးနွေးခဲ့ကြောင်းနဲ့ ဝမ်ယိ ကလည်း တရုတ်နိုင်ငံအနေနဲ့ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး အာဆီယံရဲ့ကိုယ်ပိုင်မူဝါဒများနဲ့ ကြိုးပမ်းဆောင်ရွက်နေမှုများကို တတ်နိုင်သမျှ ကူညီ ပံ့ပိုးပေးသွာမယ်လို့ ကတိပြုပြောကြားခဲ့ကြောင်း CGTN သတင်းဌာနက ဖော်ပြထားပါတယ်။
REF: Wang Yi discusses bilateral ties, Myanmar with Thai deputy PM - CGTN
#KT
Forwarded from Ko Thet
ASEAN Plus Countries Table Top Exercise
******
မြန်မာနဲ့ ရုရှားတို့ ပူးတွဲဥက္ကဌအဖြစ် တာဝန်ယူဆောင်ရွက်တဲ့ အာဆီယံအပေါင်း နိုင်ငံများ အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေးလုပ်ငန်း ပူးပေါင်း Table Top Exercise လေ့ကျင့်ခန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက Park Royal Hotel (နေပြည်တော်) မှာ ကျင်းပခဲ့။
.
ဖွင့်ပွဲအခမ်းအနားကို ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)က (Touch Screen) စက်ခလုပ်နှိပ် ဖွင့်လှစ်ပေးခဲ့ပြီး မိန့်ခွန်းပြောကြားခဲ့။
.
TTX လေ့ကျင့်ခန်းသို့ အာဆီယံနိုင်ငံများ၊ ဆွေးနွေးဘက်နိုင်ငံများမှ ကိုယ်စားလှယ်များ ပါဝင်လေ့ကျင့်လျက်ရှိ။

#KT
Forwarded from Ko Thet
စင်ကာပူရဲ့ အနာဂတ်
ADMM Plus EWGCT TABLE TALK EXERCISE 2023 ပူးပေါင်းလေ့ကျင့်ခန်းကို ပူးတွဲဥက္ကဋ္ဌများဖြစ်တဲ့ မြန်မာနဲ့ ရုရှားနိုင်ငံတို့က ဦးဆောင်ပြီး နေပြည်တော်တွင် ဩဂုတ် ၂ ရက်နေ့မှ ၄ ရက်နေ့အထိ ပူးပေါင်းလေ့ကျင့်ခဲ့ပါတယ်။
-
ပူးပေါင်းလေ့ကျင့်ခဲ့တဲ့ အာဆီယံနိုင်ငံတွေကတော့ ဘရုနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ ထိုင်း၊ ဗီယက်နမ်နဲ့ မိတ်ဖက်နိုင်ငံတွေဖြစ်တဲ့ ရုရှား၊ တရုတ်၊ အိန္ဒိယနိုင်ငံတို့မှ ကိုယ်စားလှယ်အရာရှိကြီးများဖြင့် ပူးပေါင်းလေ့ကျင့်ခဲ့ပါတယ်။
-
အာဆီယံနိုင်ငံ တစ်နိုင်ငံဖြစ်တဲ့ စင်ကာပူကတော့ မြေပြင်တွင် လာရောက်ပူးပေါင်းမလေ့ကျင့်ဘဲ Video Conferencing ဖြင့်သာ ပါဝင်လေ့ကျင့်မယ်လို့ အဆိုပြုတင်ပြခဲ့ပါတယ်။
-
Vdo Conferencing ဖြင့် လေ့ကျင့်မှုသည် face to face လောက် အနှစ်သာရမရှိခြင်း၊ တက်ရောက်လာတဲ့နိုင်ငံများကို မထီမဲ့မြင်ပြုသလိုဖြစ်ခြင်းတို့ကြောင့် မြန်မာနဲ့ ရုရှားနိုင်ငံတို့က စင်ကာပူနိုင်ငံရဲ့ အဆိုပြုချက်ကို လက်မခံဘဲ ဖယ်ထုတ် Ban လိုက်ပါတယ်။
-
အာဆီယံဒေသတွင်း နိုင်ငံဖြစ်တဲ့ စင်ကာပူနိုင်ငံဟာ အမေရိကန်ရဲ့ ဖိအားပေးထိန်းချုပ်ထားမှုကြောင့် အာဆီယံလမ်းစဉ်ကို သွေဖယ်ချိုးဖောက်ရာကျပြီး အသင်းကြီးရဲ့ဂုဏ်သိက္ခာကို ထိခိုက်စေသဖြင့် အခြားအာဆီယံနိုင်ငံအားလုံးက စင်ကာပူအား ပြစ်တင်ဝေဖန်မှုများရှိနေပါကြောင်း။
#KT
https://t.me/kothetjournalist
Forwarded from Kyaw Swar🇲🇲🇲🇲🇲🇲
This media is not supported in your browser
VIEW IN TELEGRAM
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပခဲ့တဲ့ ADMM Plus EWG on CT (TTX) လေ့ကျင့်ခန်း ဖွင့်ပွဲအခမ်းအနားက ASEAN Way သီချင်းလေးကို တင်ပြပေးလိုက်ပါတယ်။
-
အကြမ်းဖက်သမားတွေကို မည်သည့်လူ့အသိုင်းအဝိုင်းကမျှ လက်မခံပါ။။။
#KT
https://t.me/kothetjournalist
Forwarded from Ko Thet
အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေး လေ့ကျင့်ခန်းသို့တက်ရောက်လာကြသော အာဆီယံနိုင်ငံများနှင့် မိတ်ဖက်နိုင်ငံများမှ ကိုယ်စားလှယ်အရာရှိကြီးများ တပ်မတော်စစ်သမိုင်းပြတိုက်သို့ လာရောက်လေ့လာနေမှုဖြစ်ပါတယ် ..
-
မြန်မာ့နိုင်ငံတော်သမိုင်းတလျှောက် တိုင်းပြည်တည်ဆောက်ရေးအခန်းကဏ္ဍတွင် မြန်မာ့တပ်မတော်မှ အစဉ်တစိုက် ဦးဆောင်ဦးရွက်ပြုခဲ့ပုံများကို သမိုင်းမှတ်တမ်းအထောက်အထားများဖြင့် ရှင်းလင်းပြသနိုင်ခဲ့ရာ မြန်မာနိုင်ငံတော်ကြီး မယိုင်လဲသွားအောင် တပ်မတော်အနေနဲ့ မည်ကဲ့သို့ အစွမ်းကုန် ထိန်းသိမ်းခဲ့ရသည်ကို နားလည်သဘောပေါက်ခဲ့ပါကြောင်း လေ့ကျင့်ခန်းလုပ်ရင်း ခင်မင်ရင်းနှီးခဲ့တဲ့ အရာရှိကြီးများကိုယ်တိုင် ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။
#KT
Forwarded from Ko Thet
ADMM Plus EWG on CT (TTX)မှ နိုင်ငံတကာ ကိုယ်စားလှယ်အရာရှိကြီးများ သည် Aug 2 ရက်နေ့က ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးအား လေ့လာဖူးမြော်ကြည်ညိုခဲ့ပြီး မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာ၊ သာသနာ ရောင်ဝါနေလို့ထွန်းလင်းတောက်ပနေသောပုံရိပ်များ၊ လေးစားအတုယူအားကျဖွယ် ဗုဒ္ဓဘာသာ၏ လမ်းစဉ်ဖြစ်သော အကြမ်းမဖက် မေတ္တာလက်နက်ကိုသာ ကိုင်စွဲကျင့်သုံးနေသည့် ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့၏ ဓလေ့ထုံးတမ်းအစဉ်အလာများ၊ အလှူအတန်း ရက်ရောမှုများ၊ အံ့ဩဖွယ် ဗိသုကာလက်ရာများကိုလည်း လေ့လာကြည့်ရှုနိုင်ခဲ့ပါတယ်။
#KT
Forwarded from Ko Thet
Breaking News

ယမန်နေ့က သံလွင်တံတား(ဘားအံ)တွင် စစ်ကိုင်းတိုင်းသို့ပို့ဆောင်မည့် လက်နက်/ခဲယမ်းများအား တရားခံများနဲ့အတူ ဖမ်းဆီးရမိခဲ့ပါတယ်။ တရားခံများအား မဖော်ပြတော့ပါ။ လက်နက်တွေကတော့
(၁) M4 သေနတ် ၁ လက်
(၂) AK သေနတ် ၁ လက်
(၃) Sigsauer ပစ္စတို ၁ လက်
(၄) ZORAKI ပစ္စတို ၁ လက်
(၅) Glock ပစ္စတို ၆ လက်
(၆) ကျည်အိမ်မျိုးစုံ ၂၁ ခု
(၇) ၄၀ မမဗုံးသီး ၂၀ လုံး
(၈) ကျည်ဆံ ၉၀၀ တောင့်
တို့ဖြစ်ပါတယ်။
-
သတင်းပေးပြည်သူများကိုလည်း ကျေးဇူးတင်ပါတယ်။။။ ❤️
#KT
Forwarded from Ko Thet
ယခု ၈ လပိုင်းမှာ PDF အဖွဲ့မှ အလင်းဝင်လာသူ စုစုပေါင်း ၇၆ ဦး ထိရှိပါတယ်။
-
ယခင် ၇ လပိုင်းမှာ အလင်းဝင်လာသူ ၂၂ ဦးရှိတဲ့အတွက် ယခု ၂ လအတွင်း အလင်းဝင်သူတွေကို နှိုင်းယှဉ်ပါက ၅၄ ဦး ပိုများလာပါတယ်။
-
အလင်းဝင်လာသူတွေရဲ့ ထွက်ဆိုချက်တွေအရ အများစုက NUG ကို ထောက်ခံလို့ဝင်တဲ့သူတွေမဟုတ်သလို တပ်မတော်ကိုအမြင်မကြည်လို့ PDF ထဲ ဝင်ခဲ့ကြသူတွေလည်း မဟုတ်ကြပါဘူး။
-
နယ်မြေအခြေအနေအရ PDFထဲ ကို မဝင်ရင် မိသားစုလိုက် tတ်ဖြတ်မယ်ဆိုပြီး ခြိမ်းခြောက်ခံရတဲ့အတွက် အtတ်ခံရမှာကြောက်ပြီး PDF ထဲ ဝင်ခဲ့ကြသူတွေ များပါတယ်။
-
ဒါ့အပြင် PDF တွေ တပ်မတော်ကို တိုက်ခိုက်နေခြင်းမဟုတ်ဘဲ အပြစ်မဲ့အရပ်သားတွေကို ဦးတည် တိုက်ခိုက်နေတာဖြစ်တဲ့အတွက် ၎င်းတို့ရဲ့လုပ်ရပ်တွေကို စက်ဆုတ်ရွံရှာလို့ အသိမှန်တွေရပြီး အလင်းဝင် လာကြတာဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုလာကြပါတယ်။
-
တပ်မတော်အနေနဲ့လည်း အလင်းဝင်လာတဲ့ လူငယ်တွေကို မိဘတွေထံပြန်လည်အပ်နှံပြီး ကောင်းကောင်း မွန်မွန်စောင့်ရှောက်ထားကြောင်း သိရပါတယ်။
-
ဘာပဲပြောပြော
ခြိမ်းခြောက်လို့ပဲ PDF ထဲ ဝင်ဝင်
အတွေးအမှားတွေကြောင့်ပဲ PDF ဝင်ဝင်
ယခုလို အသိအမြင်မှန်တွေရတာဝမ်းသာပါတယ်။
-
နောက်ထပ်အလင်းဝင်လာမယ့် သူတွေလည်း လာရောက် ဆက်သွယ်နေတာတွေရှိတယ်။ သူတို့ကိုလည်း နီးစပ်ရာ တိုင်းစစ်ဌာနချုပ်မှ တာဝန်ခံတွေနဲ့ ချိတ်ဆက်ပေးထားပြီးဖြစ်ပါတယ်။
-
ထပ်မံပြီး အလင်းဝင်လိုတဲ့ ညီငယ်/ညီမငယ်တွေအတွက်လည်း အမြဲတံခါးဖွင့်ထားလျက်ပါပဲ။။။
#KT
https://twitter.com/KoThet969/status/1696075303251071194?s=20
Forwarded from Ko Thet
The terrorists(KNPP) burned down and destroyed the Pubbarum (Buddhist Teaching Center ) Pariyatti Monastery in Loikaw.
-
လွိုင်ကော်မြို့၊ ပုဗ္ဗာရုံစာသင်တိုက်အား KNPP များမှ မီးရှိူ့ဖျက်ဆီး။

#KT

https://www.facebook.com/permalink.php?story_fbid=pfbid02gV8wxDeNR3fET1fdLd6PQWVHvwG18PqGPW2CpFKnbfaR4pZ54idatoEqMh6QMgGl&id=61555161857457