Forwarded from ⚓ MM Navy News ⚓ (U Oo)
အားကောင်းသော မုန်တိုင်းငယ်သတင်း အမှတ်စဉ်(၀၂/၂၀၂၃)
===================================
(၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁ ရက်နေ့ မြန်မာစံတော်ချိန်(၁၄:၀၀)နာရီအချိန်ထုတ်ပြန်ချက်)
==========================================
(က) အားကောင်းသော မုန်တိုင်းငယ်အခြေအနေ
------------------------------------------------
(၁) ယနေ့မြန်မာစံတော်ချိန် (၁၂:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်(Depression) သည် မြောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ ပိုမိုအားကောင်း လာကာ အားကောင်းသော မုန်တိုင်းငယ်(Deep Depression)အဖြစ်သို့ ရောက်ရှိ ခဲ့ပါသည်။ အဆိုပါ အားကောင်းသော မုန်တိုင်းငယ်(Deep Depression) သည် မြန်မာနိုင်ငံ၊ မောင်တောမြို့(Maungdaw)၏ အနောက်-အနောက် မြောက်ဘက် ရေမိုင်(၆၅)မိုင်ခန့်၊ စစ်တွေမြို့(Sittwe)၏ အနောက်မြောက် ဘက် ရေမိုင်(၁၁၅)မိုင်ခန့်၊ ကျောက်ဖြူမြို့(Kyaukpyu)၏ အနောက်မြောက် ဘက် ရေမိုင်(၁၇၀)မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ဒီဂါမြို့(Digha)၏ အရှေ့ဘက် ရေမိုင် (၂၁၀) မိုင်ခန့်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ခီပူပါရာမြို့ (Khepupara)၏ အရှေ့-အရှေ့တောင်ဘက် ရေမိုင်(၇၀)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါ သည်။
(၂) အားကောင်းသော မုန်တိုင်းငယ်(Deep Depression)၏ လက်ရှိအခြေအနေ မှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိပါသဖြင့် အဝါ ရောင်အဆင့်ဟု သတ်မှတ်ပါသည်။
(ခ) အားကောင်းသော မုန်တိုင်းငယ်၏ တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း
-------------------------------------------------------------------------
အဆိုပါ အားကောင်းသော မုန်တိုင်းငယ်(Deep Depression)သည် မြန်မာစံတော်ချိန် (၁၂:၃၀)နာရီအချိန်တွင် မြောက်လတ္တီကျု (၂၁.၂)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၉၁.၂) ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက်လေဖိအား(၉၉၀)ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်း မှာ တစ်နာရီလျှင် (၃၅)မိုင်နှုန်းခန့် ဖြစ်ပါသည်။
(ဂ) နောက်(၃၆)နာရီအတွင်းခန့်မှန်းချက်
--------------------------------------------
အဆိုပါ အားကောင်းသော မုန်တိုင်းငယ်(Deep Depression)သည် အနောက်မြောက် ဘက်သို့ ရွေ့လျားနိုင်ပြီး၊ နောက်(၉)နာရီအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေ၊ ခီပူ ပါရာမြို့(Khepupara)၏ အရှေ့ဘက်သို့ ရောက်ရှိနိုင်ကာ၊ ထိုမှတစ်ဆင့် နောက် (၃၆)နာရီအတွင်း အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားပြီး၊ အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။
(ဃ) သတိပေးနှိုးဆော်ချက်
------------------------------
သို့ဖြစ်ပါ၍ ယနေ့မွန်းလွဲမှ (၃.၈.၂၀၂၃)ရက်နေ့အတွင်း မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုး တန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မကြာခဏ မိုးသက်လေပြင်း များကျရောက်ပြီး လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးမည်။ မိုးသက်လေပြင်းများကျ ရောက်စဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် (၄၅)မိုင်မှမိုင်(၅၀)အထိ တိုက် ခတ်နိုင်ပါသည်။ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းများကျရောက်စဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၄၀) အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၁၂)ပေမှ (၁၅)ပေခန့်နှင့် မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၉)ပေ မှ (၁၁)ပေခန့် ရှိနိုင်ပါသည်။
(င) ယနေ့မွန်းလွဲမှ (၃.၈.၂၀၂၃)ရက်နေ့အတွင်း တစ်ပြည်လုံးတွင် နေရာစိပ်စိပ်မှ နေရာ အနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ပြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် တို့တွင် ဒေသအလိုက်နှင့် မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ် တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။
အကြံပြုချက်
--------------------
၂။ သို့ဖြစ်ပါ၍ အားကောင်းသော မုန်တိုင်းငယ်(Deep Depression)၏ အရှိန်နှင့် မုတ်သုံလေ အားအလွန်ကောင်းနေခြင်းတို့ကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက်ရေကြီးခြင်း နှင့်အတူ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်ကိုလည်းကောင်း၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် မြစ်ငယ်၊ ချောင်းငယ်များ အနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများဖြစ်ပေါ်နိုင်သောကြောင့် ကြိုတင်သတိ ပြုနေထိုင်ကြပါရန် နှင့် ပြည်တွင်းလေကြောင်းပျံသန်းရေးနှင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့်
ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်။
မိုးဇလ

Forwarded from KO CHIT (MDY) (Chit KO KO MDY)
Aug 1
လာမယ့်တပတ်အတွင်း ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှာ ဒေါ်အောင်ဆန်းစုကြည်အမှုအချို့ ကြားနာဖို့ရှိနေ
============================================
သြဂုတ် ၁
လာမယ့်ရက်သတ္တပတ်အတွင်း ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှာ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုအချို့ကို ကြားနာသွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။
ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရဲ့ သြဂုတ်လ ၈ရက်နေ့မှာ ကြားနာစစ်ဆေးမယ့် ကြိုတင်သတိပေးတဲ့ အမှုစာရင်းထဲ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်လည်း ပါဝင်နေတာဖြစ်ပါတယ်။
အဆိုပါအမှုစာရင်းထဲမှာ ဒေါ်အောင်ဆန်းစုကြည်အပြင် ဒေါက်တာမျိုးအောင်နဲ့ ဦးရဲမင်းဦးတို့အမှုလည်း ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။
သြဂုတ်လ ၈ရက်နေ့ ပြည်ထောင်စုလွှတ်တော်ချုပ်ရုံးမှာ ကြားနာသွားဖို့ရှိနေတဲ့ အမှုတွေကို အထူးအယူခံဝင်ခွင့်ပြုရန် သင့်မသင့် ကြားနာသွားမှာဖြစ်တယ်လို့ သိရပါတယ်။

အသိဥာဏ်မရှိတဲ့သူဟာ
တစ်ဘ၀စာပဲ ကြည့်တတ်ပါတယ် ။
သူများဘယ်လိုနေနေ
ကိုယ်အဆင်ပြေပြီးရောဆိုတဲ့
စိတ်မျိုး ဘယ်တော့မှ မထားပါနဲ့ ။
ကိုယ်ရဖို့အတွက်လည်း
မတရားလုပ်ရပ်တွေ မသုံးပါနဲ့ ။
၀ဋျဆိုတဲ့တရားဟာ
ချက်ချင်မလာသေးရင်တောင်မှ
အချိန်တန်ရင် လည်တတ်ပါတယ် ။
လူဆိုတာ ကိုယ်အင်္ဂါချို့တဲ့မှ
သနားစရာလူဖြစ်တာမဟုတ်ပါဘူး ။
တစ်ခဏတာ လူ့ဘဝမှာ
ကိုယ်ချင်းစာတရားမရှိဘူးဆိုရင်
လူ့အင်္ဂါရပ် ချို့တဲ့တာဖြစ်လို့
သူတို့ဘ၀လည်း သနားစရာပါပဲ ။
လောကမှာ အယူသီလတွေ
ပျက်စီးဆုံးရှုံးရတာထက်
ကြီးကျယ်တဲ့ ဆုံးရှုံးမှုမျိုးမရှိပါဘူး ။
ဒါကြောင့် ကိုယ်ရထားတဲ့အထဲက
ဘာတွေပဲ ပျက်စီးသွားပါစေ ။
မိမိသီလတန်ဖိုးကိုတော့
မပျက်စီးအောင် သတိထားပါ ။
🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏
#မေတ္တာများစွာဖြင့်ပြန်လည်မျှဝေပါသည်

Forwarded from Ko Thet
ASEAN Plus Countries Table Top Exercise
******
မြန်မာနဲ့ ရုရှားတို့ ပူးတွဲဥက္ကဌအဖြစ် တာဝန်ယူဆောင်ရွက်တဲ့ အာဆီယံအပေါင်း နိုင်ငံများ အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေးလုပ်ငန်း ပူးပေါင်း Table Top Exercise လေ့ကျင့်ခန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက Park Royal Hotel (နေပြည်တော်) မှာ ကျင်းပခဲ့။
.
ဖွင့်ပွဲအခမ်းအနားကို ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)က (Touch Screen) စက်ခလုပ်နှိပ် ဖွင့်လှစ်ပေးခဲ့ပြီး မိန့်ခွန်းပြောကြားခဲ့။
.
TTX လေ့ကျင့်ခန်းသို့ အာဆီယံနိုင်ငံများ၊ ဆွေးနွေးဘက်နိုင်ငံများမှ ကိုယ်စားလှယ်များ ပါဝင်လေ့ကျင့်လျက်ရှိ။
#KT

Forwarded from 𝐊𝐚 𝐊𝐚 𝐇𝐚𝐧✍️
ယနေ့ ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့မှာ ကမ္ဘာ့ဉာဏ်တော်အမြင့်ဆုံး ထိုင်တော်မူ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး အနေကဇာတင်လှူပူဇော်ခြင်းနှင့် ကျောက်စာရုံစေတီတော်များ ရွှေထီးတော်တင်လှူခြင်း ရေစက်ချအောင်ပွဲ ကုသိုလ်တော်မဟာမင်္ဂလာ အခမ်းအနား ကျင်းပခဲ့တဲ့ ပုံရိပ်တွေဟာ မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနကြက်သီးမွေးညင်းထလောက်အောင် ဂုဏ်ယူမဆုံးဖြစ်ရပါတယ်....
ပြည်ထောင်စုနယ်မြေ နေပြည်တော်ဒက္ခိဏသီရိမြို့နယ်အတွင်း သီတင်းသုံးနေတဲ့ အချိုးအစားကျန သပ္ပာယ်လှတဲ့ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို ဖူးမြော်ရရုံနဲ့တင် ပီတိ သောမနအဝဝနှင့်အတူ ကြည်ညိုသဒ္ဓါကုသိုလ် အဖြာဖြာပွားများရပါတယ်...
မာရဝိဇယ မြတ်စွာဘုရားကြီးရယ်လို့ ခုလို ကမ္ဘာ့အလယ် ၀င့်ကြွားဖွယ် ပေါ်ပေါက်လာခြင်းဟာ ဆရာ ဒကာတွေ ညီညွတ်စွာ ပူးပေါင်းကူညီဆောင်ရွက်ခဲ့ကြခြင်းရဲ့ ရလဒ် ဆိုတာ ငြင်းနိုင်မယ်မထင်ပါ...ဒီလို ပံ့ပိုးကူညီခဲ့ကြသူတွေထဲမှာ နေပြည်တော် (၂၀၃မိုင်) ရာဇအောင်မြေကျောင်းတိုက်ရဲ့ ဦးစီးပဓာန နာယက မဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇ အသျှင်ပဝရသိဒ္ဓိ (အောင်စေဆရာတော်) လည်း အပါအ၀င်ဖြစ်ပါတယ်...
ယခင်နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ၎င်းထံလှူဒါန်းထားသည့် စကျင်ကျောက်တော်ကြီးကို တပ်မတော်မှ ဦးဆောင်၍ ဘုရားကြီးတည်ထားကိုးကွယ်ဖို့ လွှဲအပ်ခဲ့တဲ့ အတွက် ဦးဆောင် ဘုရားဒါယကာကြီး နစကဥက္ကဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ စီစဉ်ညွန်ကြားမှုနဲ့ စကျင်ကျောက်တုံးတော်ကြီးများကို မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်မှ နေပြည်တော်ကောင်စီနယ်မြေ သို့ ရေလမ်း၊ ကုန်းလမ်း တွေနဲ့ သယ်ယူခဲ့ရပါတယ်...
ခုလို အလေးလံဆုံး ကျောက်တုံးကြီးတွေ ကို အရှည်ဆုံးကုန်းလမ်းကြောင်းဖြင့် အခက်အခဲပေါင်းမြောက်များစွာ ကျော်လွှားကာ (၇) ခေါက်တိတိပင့်ဆောင်ပူဇော်ရာမှာ အောင်စေဆရာတော်အနေနဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦး၊ ဗျူဟာမှူး ဗိုလ်မှူးကြီး-ကျော်စိန်ထွန်း၊ ဗိုလ်မှူးကြီး ထူးလှိုင်၊ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်ရုံး၊ ထောက်ပံ့နှင့် ပို့ဆောင်ရေး ညွှန်ကြားရေးမှူးရုံး၊ စစ်ဘက်နယ်ဘက်ဆိုင်ရာ များနှင့်အခြားသောဌာနဆိုင်ရာတို့နဲ့အတူ လမ်းတလျှောက်မှာ ပင့်ဆောင်လာတဲ့ အဖွဲ့အစည်းအသီးသီးမှ လုပ်အားရှင်တွေ ကို ရေသန့်၊ ဖျော်ရည်၊ မုန့်၊ ကွမ်း၊ ဆေးနှင့်ဝတ္ထုငွေများစွန့်ကြဲပေးခြင်းဖြင့် တစ်တပ်တစ်အားပါ၀င် ကူညီဆောင်ရွက်ပေးခဲ့ပါတယ်...
အောင်စေဆရာတော်အနေနဲ့ ခုလို သာသနာရေးကိစ္စမှာသာမက ကပ်ရောဂါဘေး၊ လေဘေး၊ မုန်တိုင်းဘေး စတဲ့ နိုင်ငံ့အရေးကိစ္စ ကြုံလာတိုင်းမှာ အမြဲအဆင်သင့် ကူညီဆောင်ရွက်ပေးလေ့ရှိတာကို တွေ့ရပါတယ်...
ဒါကြောင့် ခုလ်ို မာရဝိဇယမြတ်စွာဘုရားကြီး ကမ္ဘာ့အလယ် တင့်တယ်စွာ ပွင့်ထွန်းပေါ်ပေါက်လာရေးအတွက် ကျောက်တုံးတော်ကြီးများ လမ်းခရီး၌ အန္တရာယ်ကင်းဘေးရှင်းချောမောစွာ သယ်ဆောင်လာကတည်းက စိတ်အား၊ လူအား၊ စေတနာအားအပြည့်နဲ့ နစက ဥက္ကဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ ပါရမီကို တစ်တောင့်တစ်နေရာကနေ ပါ၀င်ဖြည့်ဆည်းပေးခဲ့တဲ့ နေပြည်တော် ၂၀၃မိုင် ရာဇအောင်မြေကျောင်း ဦးစီးပဓာန နာယက ဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇ အသျှင်ပဝရသိဒ္ဓိ (အောင်စေဆရာတော်) ရဲ့ ဂုဏ်ကျေးဇူးတော်တွေကို ရိုသေမြတ်နိုးစွာ ရှိခိုးဦးခိုက်ပူဇော်လိုက်ရပါတယ် ဘုရား...
အောင်စေ ဆရာတော် ကျန်းမာချမ်းသာစွာဖြင့် နိုင်ငံ့၀န်ကို သာသနာ့၀န်ကို ကျေပွန်စွာ ဆက်လက်ထမ်းဆောင်နိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါတယ် ဘုရား...။