တပ်ကြပ်ကြီးဖိုးကွန်း
22.1K subscribers
10.6K photos
1.07K videos
706 links
Download Telegram
ရခိုင်ပြည်နယ်မှာ ကမ်းခြေတွင် သဲပုံ
စေတီပွဲစည်းကားသိုက်မြိုက်စွာ ကျင်းပ
နေတယ်။
Media is too big
VIEW IN TELEGRAM
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်ဇနီး ဒေါ်ကြူကြူလှ ၂၀၂၃ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်ပွဲ မဟာမင်္ဂလာအခမ်းအနားနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲအခမ်းအနား တက်ရောက်ကြည်ညိုသည်။
(မတ်လ ၅ )
Forwarded from Kyaw Win Maung  (Unknown)
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်  နှင့်ဇနီး ဒေါ်ကြူကြူလှ ၂၀၂၃ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်ပွဲ မဟာမင်္ဂလာအခမ်းအနားနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲအခမ်းအနား တက်ရောက်ကြည်ညို
Forwarded from PAN
မတ္တရာမြို့နယ်အတွင်း သာမန်ပြည်သူတစ်ဦး pdf များက သေနတ်ဖြင့် ပစ်သတ်
++++++++++++++++++++++++++

မတ် ၅

မန္တလေးတိုင်းဒေသကြီး နယ်မြေသတင်း
ယနေ့ နံနက် ၆ နာရီခွဲ အချိန်ခန့်တွင် မတ္တရာမြို့နယ်၊လွန်တောင်းကျေးရွာအုပ်စု၊လွန်တောင်းကျေးရွာ အပြင်ဘက်ရှိ မေတ္တာရှင် ကွမ်းယာဆိုင်အနီး တဲတစ်ခုအတွင်း၌ ရဲဝင်းမောင်၊၂၅နှစ်၊(ဘ)ဦးမြင့်ဝင်း၊တောင်သူ၊လွန်တောင်းကျေးရွာ၊မတ္တရာမြို့နယ်နေသူအား မျက်နှာတွင် မက်(စ်)တပ်ဆင်ထားသည့် အမည်မသိ အကြမ်းဖက် pdf ၄ဦး၊ဆိုင်ကယ် ၂စီး  ဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့်ပစ်ခတ်သွားကြောင်း သတင်းရရှိပါသည်။
ပစ်ခတ်မှုကြောင့် ရဲဝင်းမောင်တွင် ဝဲ နားထင် ကျည်ဖောက်ဝင်ဒဏ်ရာ ၁ချက်၊ယာ နားအောက် ကျည်ဖောက်ဝင်ဒဏ်ရာ ၁ချက်၊မေးစေ့အောက် ကျည်ဖောက်ဝင်ဒဏ်ရာ ၁ချက်၊ ယာခြေ သလုံး ကျည်ဖောက်ဝင်/ဖောက်ထွက်ဒဏ်ရာ ၂ချက်၊ဝမ်းဗိုက် ဝဲ/ယာ ကျည်ဖောက်ဝင်ဒဏ်ရာ ၂ချက်ဖြင့် နေရာတွင် သေဆုံးခဲ့ကြောင်း၊ အသတ်ခံရသူ ရဲဝင်းမောင်မှာ သာမန်ပြည်သူ တောင်သူအလုပ်လုပ်ကိုင်သူဖြစ်ပြီး မည်သည့်အတွက်ကြောင့် အကြမ်း ဖက် pdf များက သတ်ဖြတ်သည်ကို မသိရှိရသေးကြောင်း သိရှိရပါသည်။

#PAN
Forwarded from Snow Queen #SQ🇲🇲🇲🇲🇲🇲
Mar 5

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်ဇနီး ဒေါ်ကြူကြူလှ ၂၀၂၃ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်ပွဲ မဟာမင်္ဂလာအခမ်းအနားနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲအခမ်းအနား တက်ရောက်ကြည်ညို
တိတ်ဆိတ်ခြင်းနဲ့ရှင်သန်ပါ

မကောင်းတဲ့သူတွေကို
မေတ္တာမပျက်ပဲ ခွင့်လွှတ်လိုက်ပါ ။

မတုန့်ပြန်ပဲသည်းခံလိုက်မယ်ဆိုရင်
ကိုယ်ဘာမှ လုပ်စရာမလိုပဲ
သူ့အလိုလို လွင့်စဥ်သွားကြမှာပါ ။

သူများစိတ်ပုပ်တိုင်း
ကိုယ့်စေတနာ မကောက်ပါစေနဲ့ ။

အသိမရှိသူနဲ့ယှဥ်လိုက်မယ်ဆိုရင်
ကိုယ်က ပိုပြီးယုတ်ညံ့ရပါတယ် ။

သူများပေးလာတိုင်းလည်း
ကိုယ်ရင်ထဲမှာ သိမ်းယူမထားပါနဲ့ ။

ကိုယ်မယူရင် သူတို့ပဲပြန်ရမှာမို့
လက်မခံပဲ ရှောင်နေဖို့လိုပါတယ် ။

စကားများရင် အမှားပါနိုင်လို့
ပိုရှူပ်သွားနိုင်တဲ့ ကိစ္စဆိုရင်
ဖြေမရှင်းတော့ပဲ ငြိမ်နေလိုက်ပါ ။

တိတ်ဆိတ်ခြင်းဟာ
အကောင်းဆုံးဖြေရှင်းခြင်းဖြစ်လို့
ဒီနည်းနဲ့ပဲ ဘဝကို ရှင်သန်းလိုက်ပါ ။

🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏

#မေတ္တာဖြင့်ပြန်လည်မျှဝေအပ်ပါသည်
Forwarded from PAN
"ရေနံစျေးနှုန်းများမြှင့်တင်မည့် Saudia Arabia"
•••••••••••••••••••••••••••••••••••••••••••••••••••

ယခုလမည့် April လတွင် အာရှ နှင့် ဥရောပ နိုင်ငံများသို့တင်ပို့နေသော ရေနံ၏စျေးနှုန်းများထဲမှ Saudi Arabia နိုင်ငံမှ ထွတ်ရှိသော ရေနံစျေးနှုန်းများမြင့်တတ်မှာဖြစ်ပြီး ထိုသို့ရေနံစျေးနှုန်းမြင့်တက် ရခြင်းမှာ အာရှနှင့် ဥရောပ နိုင်ငံတို့တွင်ရေနံစိမ်းဝယ်လိုအား မြင့်တတ်လာခြင်းနှင့် ရေနံစိမ်းတင်ပို့မှု စရိတ်များကြီးမြင့်လားခြင်းကြောင့်ဖြစ်သည်ဟုဖော်ပြထားပါသည်။

PAN
(Mar.6.2023)
source.Bloomberg News

Saudi Arabia Raises Oil Prices for Asia and Europe for April

Saudi Arabia signaled it sees oil demand picking up in Asia and Europe by raising most prices for crude shipments to the regions.
လှိုင်းကြီး လေထန် မြန်မာ့ဒီမိုကရေစီသရုပ်အမှန်...

🔹လက်ရှိကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံတွေအနေနဲ့ အစိုးရအုပ်ချုပ်ရေးပုံစံစနစ်ကို နည်း မျိုးစုံကျင့်သုံးကြတယ်။ ဘယ်လောက်ပဲ ခေတ်ရှေ့ပြေးနေပါပြီလို့ ဆိုစေဦးတော့ ဘုရင်စနစ်ကို ကျင့်သုံးသေးတဲ့ ဘရူနိုင်းနိုင်ငံတွေရှိသလို ကွန်မြူနစ်စနစ်ကို ခိုင်ခိုင်မာမာ ယုံကြည်ပြီး ဆက်လက်ကျင့်သုံးကြတဲ့ နိုင်ငံတွေလည်း အများအပြားကျန်ရှိနေသေးတယ်။


🔹ဒီနေရာမှာ လူအကြိုက်အများဆုံး စနစ်က ဒီမိုကရေစီစနစ်ဖြစ်သလို ဒီလိုလူကြိုက်များရတဲ့ ဒီမိုကရေစီစနစ်ရဲ့ အသက်ဟာလည်း ရွေးကောက်ပွဲတစ်ခုမှာ လွတ်လပ်မှုနဲ့ တရားမျှတမှု ရှိခြင်းပဲဖြစ်တယ်။ ဒီမိုကရေစီရဲ့ စံတန်ဖိုးကို ဒီ ၂ ချက်နဲ့ပဲ တိုင်းတာ ဖော်ညွှန်းလေ့ရှိတယ်။ ဒီမိုကရေစီစနစ်ကို ကျင့်သုံးပါမယ်ဆိုတဲ့ ရွေးကောက်ပွဲတစ်ခုမှာ လွတ်လပ်မှုနဲ့ တရားမျှတမှု မရှိနေဘူးဆိုရင် ကွန်မြူနစ်စနစ်ကျင့်သုံးတဲ့ နိုင်ငံတွေလိုပဲ တပါတီစနစ်ကိုပဲ မဲပေးရတာမျိုးဟာ ဘာများအဓိပ္ပာယ်ရှိနေဦးမှာလဲ။


🔹 ဒီမိုကရေစီစနစ်ဟာ ကမ္ဘာပေါ်မှာ ရှိတဲ့ စနစ်တွေအားလုံထက် ပိုမိုကောင်းမွန်တယ်ဆိုတဲ့ ယုံကြည်ချက်ရှိကြလို့သာ လူသားတွေအနေနဲ့ ယုံကြည်လက်ခံနေကြတာဖြစ်တယ်။ ဒါပေမယ့် ဒီနေရာမှာ လူသားတွေ သတိပြုရမယ့်အချက်က ဒီမိုကရေစီစနစ်ဟာ အမှား၊အမှန်ကို ခွဲခြားတဲ့ စနစ်တစ်ခုမဟုတ်ဘူး။ နားလည်လွယ်အောင်ရှင်းပြရရင် ဒီမိုကရေစီစနစ်ဆိုတာ အသားဖြူတဲ့ ကောင်မလေးတွေကိုပဲ ရွေးချယ်ချစ်တာမျိုးကို မှန်တယ်လို့ တထစ်ချ ထောက်ခံတာမျိုးမဟုတ်ဘဲနဲ့ အသားညိုတဲ့ မိန်းကလေးတွေကို ချစ်မြတ်နိုးတဲ့သူတွေကိုလည်း နားလည်လက်ခံပေးနိုင်ရမယ်ဆိုတဲ့ တွေးခေါ်နိုင်မှု ဖြစ်ပါတယ်။ ဆိုလိုတာကတော့ ဒီမိုကရေစီဟာ အများစုဆန္ဒကို လက်ခံပေးရသလို အနည်းစု ဆန္ဒကိုလည်း အသိအမှတ်ပြုပေးရတာမျိုးဖြစ်ပါတယ်။


🔹မြန်မာ့နိုင်ငံရေးမှာလည်း ၂၀၂၀ ရွေးကောက်ပွဲမှာ ဒီလို တရားမျှတမှု မရှိတဲ့ ပြသနာတွေအများကြီးရှိခဲ့တယ်။ UEC က လွတ်လပ်တဲ့ ကော်မရှင်တခုလို့ ဆိုထားပေမယ့် NLD အစိုးရထိပ်ပိုင်းတာဝန်ရှိသူတွေက မဲပေးရုံတွေတည်ဆောက်နေမှုအခြေအနေတွေကို သွားရောက်စစ်ဆေးကြပ်မတ်တာတွေ၊ NLD သမ္မတရဲ့ အကြံပြုချက်ကြောင့် တပ်မဲရုံတွေ အပြင်ရောက်သွားရတဲ့ကိစ္စတွေ၊ ကိုဗစ်အကြောင်းပြပြီး တခြားပါတီတွေကို စည်းရုံးရေးဆင်းဖို့ ကန့်သတ်ထားချိန်မှာ ပါတီဥက္ကဋ္ဌက အပတ်စဉ် TV ဖန်သားပြင်ပေါ်မှာ စည်းရုံးရေးဆင်းနေတာတွေ၊ သမ္မတ ဖြစ်ရင် ပါတီကိစ္စ ကင်းရှင်းရမယ်ဆိုတဲ့ ဥပဒေတွေကို သမ္မတကိုယ်တိုင် FB အကောင့်ဖွင့်ပြီး ပြောင်းပြောင်းတင်းတင်း မဲဆွယ်နေတာတွေ၊ ဦးသိန်းစိန်အစိုးရကို အရပ်သား တပိုင်းအစိုးရပါလို့ ဝေဖန်ခဲ့ကြပြီးမှ ဒီမိုကရေစီအစိုးရ စစ်စစ်ဦးဆောင်တဲ့ UEC လက်ထက်ကြမှ မဲလက်မှတ် ဘယ်နှစ်သန်း ရိုက်နှိပ်ထားပါတယ် ဆိုတာတွေနဲ့ တတိယအကြိမ် မဲဆန္ဒရှင်စာရင်းကိုတောင် မကြေငြာရဲတဲ အဖြစ်အပျက်တွေက သိသိသာသာ တရားမျှတမှု မရှိခဲ့တဲ့ လုပ်ရပ်တွေချည်းပါပဲ။


🔹ပြောချင်တာက ဒီမိုကရေစီစနစ်ဟာ အမှားအမှန်ခွဲခြားပြတယ်ဆိုတာထက် ကိုယ်ထောက်ခံတဲ့ လူပုဂ္ဂိုလ်က အပြစ်လုပ်နေရင်တောင် ဒါ့မှမဟုတ် ကိုယ်အားပေးတဲ့ ပါတီအဖွဲ့အစည်းက မမှန်တာလုပ်နေရင်တောင် မျက်စိမှတ်ထောက်ခံပြီး တရားမျှတမှုတွေကို ရေငုံနှုတ်ပိတ်နေတတ်ကြနိုင်တာမျိုးပါ။ ပိုဆိုးတာတစ်ခုကတော့ မြန်မာလူမျိုးအများစုရဲ့ ဒီမိုကရေစီသဘောတရားအပေါ်မှာ နားလည် လက်ခံသဘောပေါက်ကြပုံက အတော်လေး အံ့အားသင့်စရာကောင်းပါတယ်။ ကိုယ်ချစ်မြတ်နိုးတဲ့သူကို အခြားအဖွဲ့အစည်းက မထောက်ခံကြလိုက်တာနဲ့ တိုက်ခိုက်ကြဖို့၊ ဆဲဆိုကြဖို့ ၊ SP လုပ်ကြဖို့ ၊ အောက်ဖဲလှန်ဖို့ ဝန်မလေးတတ်ကြတဲ့ လူတန်းစားတရပ်က မြန်မာပြည်မှာသပ်သပ်ကို ရှိပါတယ်။ မြန်မာနိုင်ငံမှာ ဒီလို နားမလည်တဲ့ အခြေခံလူတန်းစားတွေရှိနေလို့လည်း "မြန်မာနိုင်ငံကြီး ဒီမိုကရေစီရရင် လျှပ်စစ်မီး အလိုလို ရမှာပါဆိုပြီး ဂျင်းထည့်ခဲ့တဲ့ ပါတီခေါင်းဆောင်တွေ ရှိလာတာ အထူးအဆန်းတော့မဟုတ်ပါဘူး။

🔹စာချုပ်ရရင် မြန်မာလူမျိုးတွေအနေနဲ့ ဒီမိုကရေစီရဲ့ အခြေခံ သဘောတရားကိုအနိမ့်ဆုံးအဆင့် နားလည်သဘောပေါက်အောင် အတန်းငယ်တွေမှာကအစ သင်ရိုးတွေထဲမှာ ထည့်သင်ပေးနိုင်မှ နောင်မျိုးဆက်တွေမှာ အဆင်ပြေမယ့် သဘောရှိပါတယ်။ ခုတော့ ဓမ္မနဲ့ အဓမ္မကြားမှာ ကြားနေ ဆိုတာမရှိဘူးဆိုတဲ့ ကွန်မြူနစ်အတွေးအခေါ်တွေ၊ FB ပရိုဖိုင်မှာ အနီရောင်မှ လိုက်မချိမ်းရင် Unfriend လုပ်လိုက်တယ်ဆိုတဲ့ နိမ့်ပါးတဲ့ အတွေးအခေါ် အယူအဆတွေ၊ ငါတို့ ကျောင်းမတက်ရင် မင်းတို့လည်း ကျောင်းမတက်ရဘူးဆိုတဲ့ တယူသန်ယုတ်မာတဲ့ စိတ်ထားတွေက အတော်လေးကို ပြင်ယူရမယ့် သဘောရှိပါတယ်။


#ဖိုးစီ
ဒီနေ့ ရွှေစာရံဘုရားပွဲမှာတော့ ဘုရားဖူးပြည်သူတွေနဲ့ ကြက်ပျံမကျစည်ကားနေ

#မှိုင်းဝေ