တပ်ကြပ်ကြီးဖိုးကွန်း
22K subscribers
10.7K photos
1.08K videos
712 links
Download Telegram
Forwarded from Ko Thet
Breaking News
************
ဖေ ၁၇ ရက်နေ့ နေ့လည်အချိန်မှာ ရှမ်းပြည်မြောက်ပိုင်း KIA တပ်ရင်း(၉)ဌာနချုပ်အား တပ်မတော်မှ သိမ်းပိုက်ရရှိခဲ့ပြီး ကနဦးသတင်းအရ -
(၁) KIA အလောင်း ၅ လောင်း
(၂) သေနတ် ၃ လက်
(၃) ကျည်ဆန် ၃၀ တောင့်
(၄) Drone ၁ စီး
(၅) လူနေတဲ ၅၁ လုံး
(၆) လက်ပစ်ဗုံး/အိုင်ကွန်နှင့် မိုင်းမျိုးစုံ
(၇) ကျည်ကာအင်္ကျီ/ ဦးထုပ်/ယူနီဖောင်းများ
(၈) ဆိုင်ကယ် ၂ စီး
(၉) မီးစက် ၃ လုံးနှင့် ဆက်စပ်ပစ္စည်းများ
သိမ်းပိုက်ရရှိပြီး တပ်မတော်ဘက်မှ စစ်သည်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့။
-
သူပုန်ဒန်းစီးအဖွဲ့ ၄၀ ဖြင့် ဆုတ်ခွာသွားပြီး နယ်မြေဆက်ရှင်းနေဆဲဖြစ်။
သတင်းဆက်အား ထပ်မံတင်ပြပေးပါမယ်။
-
#KT
https://m.facebook.com/story.php?story_fbid=pfbid02EPhGCLv1sQLHngmcEN3A96w9dpdKj6TCHNTqLz5Dur3a2jGJpwxhQxzmCVPqS3kAl&id=100055642724106
Forwarded from MWD News
This media is not supported in your browser
VIEW IN TELEGRAM
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်အမှတ် ၊ ၂၃/၂၀၂၃ အား ယနေ့ရက်စွဲဖြင့် ထုတ်ပြန်သည်။ (ဖေဖော်ဝါရီလ ၁၇ )
Forwarded from MWD News
This media is not supported in your browser
VIEW IN TELEGRAM
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်အမှတ် ၊ ၂၄/၂၀၂၃ အား ယနေ့ရက်စွဲဖြင့် ထုတ်ပြန်သည်။ (ဖေဖော်ဝါရီလ ၁၇ )
Forwarded from ဟန်ငြိမ်းဦး✍️
Media is too big
VIEW IN TELEGRAM
PDF အမည်ခံ အကြမ်းဖက်သမားများ၏ မတရား အနိုင်ကျင့်ဖမ်းဆီးချုပ်နှောင်ခံထားရသူအချိုရဲ့ ကိုယ်တွေ့ဖြစ်ရပ်စကားများ
17/02/2023

၂၄နာရီအတွင်း ဖျာပုံခရိုင် မအူပင်ခရိုင် ရန်ကုန်အနောက်ပိုင်းခရိုင် ရန်ကုန်အရှေ့ပိုင်းခရိုင် ရန်ကုန်မြောက်ပိုင်းခရိုင်နှင့် ပဲခူးခရိုင်ဒေသတွေမှာ လေမိုးလျှပ်စီးမိုးကြိုး
မိုးတွေရွာနိုင်ပါတယ်....

ISSUED TIME
17/02/2023 11:55AM(MMT)
မင်း ဂွတ် သီး Su Su San
ကိုယ့်အတွက်အားဖြစ်စေဖို့

အထင်ကြီးစေချင်တဲ့စိတ်အခံရှိသူက
အထင်မကြီးခံရတဲ့အခါ
စိတ်မကောင်း ဖြစ်ရတတ်တယ် ။

အထင်သေးခံရတာကို
သည်းမခံနိုင်တဲ့သူက
စိတ်ဓာတ်တွေရိုင်းသွားတတ်တယ် ။

သူများအထင်ကြီးလို့လည်း
ကိုယ်ဘ၀ဟာ ပိုမကောင်းလာသလို

အထင်သေးခံရလိုလည်း
ကိုယ့်ဘ၀ဟာ နိမ့်ကျမသွားပါဘူး ။

ကိုယ့်ပါရမီကံ ရှိသလောက်ပဲလုပ်ပါ
ကိုယ့်လုပ်နိုင်သလောက်ပဲလုပ်ပါ ။

ရလာဒ်အနေထားအပေါ်မှာကြည့်ပြီး
တန်ဖိုးကို ဆုံးဖြတ်လို့မရပါဘူး ။

စင်ကြယ်ရိုးသားမှုဂုဏ်နဲ့
ဘယ်လိုရလာသလဲကို ကြည့်ပြီးမှ
တန်ဖိုးဖြတ်ကြရမှာပါ ။

အထင်ကြီးမှုသေးမှုဆိုတာဟာ
အပေါ်ယံကြည့်ပြီးဆုံးဖြတ်တာဖြစ်လို့

ကြိုးစားရှာဖွေမှုက စင်ကြယ်ပြီး
ကိုယ့်ဂုဏ်သိက္ခာ မညိုးနွမ်းဘူးဆိုရင်
ကိုယ့်အတွက် အားဖြစ်နေမှာပါ ။

🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏

#မေတ္တာဖြင့်ပြန်လည်မျှဝေအပ်ပါသည်
Forwarded from Snow Queen #SQ🇲🇲🇲🇲🇲🇲
Feb 18
Mdy

ဆိုင်ကယ်စီးနေသည့် အုပ်ချုပ်ရေးမှူးအား သေနတ်သမား၂ ဦးက အလစ်အငိုက်တွင် အနောက်မှ သေနတ်ဖြင့်ပစ်သတ်မှု မန္တလေး၌ ယနေ့ညနေက ဖြစ်ပွား
==========================================
၁၇. ၂. ၂၀၂၃
Written by Min Mahar

ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ် ၊ ချမ်းမြသာစည်တောင်ရပ်ကွက်၊ ၇၈ လမ်းနှင့် ရန်မန်းသံလမ်းကြား၊ ပညာပျိုးခင်းလမ်း( ဘုရားကြီးအရှေ့မုခ် ရတနာပူရပြတိုက်လမ်း) ၊ အကွက် ၉၀၂၊ သီတာအေးရပ်ကွက်၊ ပညာပျိုးခင်းဘုန်းကြီးကျောင်းအရှေ့တွင် ဖေဖော်ဝါရီ ၁၇ ရက် ညနေ ၄ နာရီခွဲကျော်က မဟာအောင်မြေမြို့နယ်၌နေထိုင်သည့် အသက် ၅၆ နှစ်အရွယ်ခန့်ရှိသော ရွှေဘုန်းရှိန်ရပ်ကွက်အုပ်ချုပ်ရေးမှူးသည် ပညာပျိုးခင်းလမ်းအတိုင်း အနောက်မှအရှေ့သို့မောင်းနှင်လာစဉ် ဆိုင်ကယ်တစ်စီးဖြင့် အမည်မသိလူ ၂ ဦးမှ အနောက်မှကပ်လိုက်ကာ ထိုဆိုင်ကယ် အနောက်တွင် ထိုင်နေသူမှ သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေး....

#mtnews #myanmar_transparency_news
Forwarded from PAN
ပြည်ကြီးမဏ္ဍိုင်မြို့အနီး ခရီးသည်တင်မှန်လုံးကား
တစ်စီးအား pdf အကြမ်းဖက်အဖွဲ့က သေနတ်နှင့်ပစ်ခတ်ခဲ့သည့် သတင်းဆက်

ဖေဖော်ဝါရီ ၁၇

ယနေ့ ညနေ ၃ နာရီအချိန်ခန့်က တနသာ်ရီတိုင်းဒေသကြီး၊ပြည်ကြီးမဏ္ဍိုင်မြို့၊ခဲချောင်းကျေးရွာအနီးတွင် ကော့သောင်းမှ မြိတ်သို့ ထွက်ခွာလာသည့် ရွှေညီအကို မော်တော်ယာဥ်လိုင်းမှ ယာဥ်အမှတ် 2Q/6341 ခရီးသည်တင် မော်တော်ယာဥ်အား pdf အကြမ်းဖက်အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်ခဲ့ ခရီးသည်နှစ်ဦး (ကျား ၁ ၊ မ ၁)ကျည်ဆံထိမှန် သေးဆုံးခဲ့ကြောင်း သတင်းထုတ်ပြန်ပြီးဖြစ်ပါ သည်။
ဖြစ်စဥ်မှာ ၂၀၂၃ ခုနှစ်ဖေဖော်ဝါရီလ ၁၇ ရက် ၁၀၀၀ အချိန်တွင် ကော့သောင်းမြို့မှ မြိတ်မြို့သို့ ရွှေညီအစ်ကိုခရီးသည်တင်ယာဉ်လိုင်းမှ ယာဉ်မောင်း ဦးမင်းမင်းချမ်း အသက် ၃၇ နှစ်အဘ ဦးမောင်မောင်ဌေး ၁၀/မလမ(နိုင်) ၂၀၄၂၀၇ ဗမာ/ဗုဒ္ဓဘာသာ မောင်းနှင်သည့် ယာဉ်အမှတ်  2Q/ 6341  King Long ခဲရောင်ဖြင့် ခရီးသည်များဖြစ်ကြသော ဦးထွန်းနိုင် အသက် ၄၈ နှစ်အဘ ဦးချစ်လှ၊ကျဘမ်း အထက်ပေါင်းကျေးရွာ ပုလောမြို့နယ်၊ ဦးမင်းစိုး အသက် ၄၅ နှစ်အဘ ဦးဖိုးကြွက် မှီခို မော်ဆုံးကျေးရွာ သမုတ်အုပ်စု မြိတ်မြို့နယ်၊ ကိုမင်းခက် အသက် ၃၁ နှစ်အဘ ဦးကုလားငယ် ရာဘာခြစ် အုတ်ဖိုမော်ကျေးရွာ ကျွန်းစုမြို့နယ်၊ ကိုအောင်သူရိန်စိုး အသက် ၂၅ နှစ်အဘ ဦးစိုးနိုင် ဓါတ်ပုံရိုက် မြို့သစ်ရပ်ကွက် မြိတ်မြို့၊မပြည့်ဝါဆို အသက် ၂၁ နှစ်အဘ ဦးထွန်းဝင်း အလှပြင်လုပ်ငန်း မိုင်းတွေးကျေးရွာ ကျွန်းစုမြို့နယ်၊ ဒေါ်မြတ်မြတ်ဝင်း အသက် ၃၆ နှစ်အဘ ဦးဝင်းတင် ရောင်းဝယ် ဇေယျာသီရိ-၁ ရပ်ကွက် မြိတ်မြို့၊ ဒေါ်တင်တင်မော် အသက် ၄၇ နှစ်အဘ ဦးလှရှိန်  ရာဘာခြစ် အုတ်ဖိုမော်ကျေးရွာ ကျွန်းစုမြို့နယ်၊ ဒေါ်နှင်းစိုး အသက် ၅၀ နှစ်အဘ ဦးနေဖေ ဥယျာဥ် စန္ဒဝတ်ကျေးရွာ မြိတ်မြို့နယ်၊ မောင်နေမင်းခန့် အသက် ၅ နှစ်အဘ ဦးအောင်တင် မှီခို ရွှေဟင်္သာရပ်ကွက် ကော့သောင်းမြို့၊ မောင်ပြည့်ဖြိုးအောင် အသက် ၉ နှစ်အဘ ဦးအောင်တင် ကျောင်းသား (Grade-2) ရွှေဟင်္သာရပ်ကွက် ကော့သောင်းမြို့ စုစုပေါင်း အမျိုးသား (၆) ဦးအမျိုးသမီး (၄) ဦးတို့အားတင်ဆောင်ထွက်ခွာလာစဥ် ၁၆၂၀ အချိန်ခန့်၌ ဘုတ်ပြင်းမြို့နယ် မနိုးရုံးအုပ်စု ခဲချောင်းကျေးရွာလမ်းဆုံအရောက်တွင် အစိမ်းရောင်ပျောက်ကျားယူနီဖေါင်း/အနက်ရောင်ဝတ်စုံများဝတ်ဆင်ထားပြီး လက်နက်ငယ်ကိုယ်စီကိုင်ဆောင်ထားသည့် ခေါင်းဆောင်စီစစ်ဆဲ (PDF) အကြမ်းအကြမ်းဖက်အဖွဲ့မှ ယာဥ်အားတားဆီးရာ အရှိန်ပါနေသဖြင့် အနည်းငယ်ကျော်၍ ယာဥ်ရပ်တန့်စဥ် အကြမ်းဖက်အဖွဲ့မှ လက်နက်ငယ်ဖြင့်ပစ်ခတ်ရာ ယာဥ်နောက်ဖက်လေကာမှန်ကွဲကြေ ယာဥ်နောက်ဖုံးကျည်ထိမှန်ခဲ့ပြီး ယာဥ်ပေါ်ပါခရီးသည်များအနက် နောက်ဆုံးခုံတန်းမှလိုက်ပါလာသည့် မပြည့်ဝါဆို ၌ဝဲကျောရိုးဘေးကျည်ဖေါက်ဝင်၍ဝဲရင်အုံကျည်ဖေါက်ထွက်ဒဏ်ရာ (စိုးရိမ်ရ)  မောင်ပြည့်ဖြိုးအောင် ၌ယာကျောပြင်ကျည်ဖေါက်ဝင်၍ ဝဲနံစောင်းကျည်ဖေါက်ထွက်ဒဏ်ရာ (စိုးရိမ်ရ) တို့ရရှိခဲ့ကြောင်း၊ မော်တော်ယာဥ်ရပ်တန့်သွားစဥ် အကြမ်းဖက်အဖွဲ့ဝင်များသည် ယာဥ်အနီးရောက်ရှိလာပြီး ဘာကြောင့်ချက်ခြင်းမရပ်တာလဲ ဘယ်သူတွေထိမှန်သွားလဲဟုမေးမြန်းစဥ် ယာဥ်မောင်း ဦးမင်းမင်းချမ်း မှအမျိုးသမီး (၁) ဦးနှင့် ကလေး (၁) ဦးဒဏ်ရာရရှိနေကြောင်းဖြေကြားစဥ် အကြမ်းဖက်အဖွဲ့မှ ၄င်းတို့ဆောင်ရွက်ပေးမည်ဟုပြောကြား၍ အကြမ်းဖက်အဖွဲ့ဝင် (၂) ဦးမှာယာဥ်အမိုးပေါ်တက်လိုက်ပါလျှက် မြောက်ဘက်သို့ဆက်လက်ထွက်ခွာလာရာ  ရွာသာယာကျေးရွာအနီးအရောက်လမ်းမကြီး၏ အနောက်ဘက်တောလမ်းအတွင်းသို့ (၁၅) မီးနစ်ခန့်ယာဥ်အားမောင်းနှင်စေပြီး ဥယျာဥ်တဲ (၂) လုံးအနီးရောက်ရှိစဥ် အသင့်စောင့်နေသည့် အရပ်ဝတ် ဝတ်ဆင်ထားသူများမှ ဆေးကုသပေးရန်ဒဏ်ရာရရှိထားသူ (၂) ဦးအား ဝါးဖြင့်ပြုလုပ်ထားသောထမ်းစင်ဖြင့်သယ်ဆောင်သွားပြီး အကြမ်းဖက်အဖွဲ့မှ ယာဥ်ပေါ်ပါ ကျန်ခရီးသည်များအား အမည်/နေရပ်/အလုပ်အကိုင် မေးမြန်းခြင်း ဖုန်းအားစစ်ဆေးခြင်း ဖုန်းနံပါတ်မှတ်သားခြင်းများပြုလုပ်နေခဲ့ကြောင်း ၁၉၀၀ အချိန်ခန့်တွင် အကြမ်းဖက်အဖွဲ့သည် ဒဏ်ရာရရှိသူနှစ်ဦးအားသယ်ဆောင်၍ ပြန်လည်ရောက်ရှိလာပြီး ၄င်းတို့နှစ်ဦးလုံးသေဆုံးခဲ့ပြီဖြစ်ကြောင်း ယခုကဲ့သို့ဖြစ်၍ မိမိတို့ စိတ်မကောင်းပါကြောင်းပြောကြား၍ အလောင်း (၂) လောင်းအားယာဥ်ပေါ်တင်ပေးပြီး  ခရီးသည်များနှင်အတူ မော်တော်ယာဥ်အား ဆက်လက်ထွက်ခွာစေခဲ့ကြောင်း သိရှိရပါသည် ။
ဖြစ်စဥ်နဲ့ပတ်သက်ပြီး ယာဥ်ပေါ်တွင် လိုက်ပါလာခဲ့သော ခရီးသည်တစ်ဦးအား PAN မှ ဆက်သွယ်မေးမြန်းခဲ့ရာ '' ကားကအရှိန်နဲ့လာတာ သူတို့ရပ်ခိုင်းတော့ ချက်ချင်းရပ်ဘို့က မလွယ်ဘူး နည်းနည်းကျော်သွားတော့ သူတို့က မရပ်ဘဲ မောင်းပြေးတယ်ထင်လို့လားမသိ၊ သေနတ်နဲ့လှန်းပစ်တယ်လေ၊ တကယ်ဆို မိုးပေါ်ထောင်ဖောက်ပြီးခြောက်လှန်ရုံလောက်ဆို ဘယ်သူမှ ထိမှာ မဟုတ်ဘူး၊ အခုတော့ ဘာမှအပြစ်မရှိတဲ့ ကလေးနှစ်ယောက်သေရပြီ၊ ကလေးတွေရဲ့ မိသားစု၊မိဘတွေ ရင်ကျိုးပြီပေါ့၊ ဒါဟာ မင်းမဲ့စရိုက်ဆန်တဲ့အကြမ်းဖက်မှုဘဲ၊ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနဲ့ မဖြေရှင်းဘဲ လက်နက်ကိုင်ဖြေရှင်းကြတော့ ကြားထဲက ပြည်သူတွေ ဒုက္ခရောက်ကြရတယ်၊ အသက်တွေသေကြ အိုးအိမ်တွေပျက်စီးဆုံးရှုံး စွန်ခွာကြရတယ် ဘယ်သူ့ကို
Forwarded from PAN
အပြစ်ပြောရမလဲဗျာ မြန်မာပြည်ကြီးအမြန်အေးချမ်းစေချင်ပါပြီ '' လို့ ရင်နင့်စွာ ဖြေကြားလာခဲ့ပါတယ်။

#PAN
Forwarded from Kyaw Win Maung  (Unknown)
Feb 18

"မြန်မာ- ရုရှား နှစ်နိုင်ငံသံတမန်ဆက်ဆံရေး (၇၅)နှစ်မြောက် စိန်ရတုအထိမ်းအမှတ်အဖြစ် ရုရှားနိုင်ငံ ဝန်ကြီးချုပ် မစ္စတာမီခေးလ်မီရှုစတင် မှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံသို့ သဝဏ်လွှာပေးပို့"

"ရုရှား-မြန်မာဆက်ဆံရေးသည် ချစ်ကြည်ရင်းနှီးမှု၊ မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှု၊ အပြန်အလှန်လေးစားမှု၊ တစ်ဖက်နှင့်တစ်ဖက်အကျိုးစီးပွားကို ထည့်သွင်းစဉ်းစားမှု“မူ”များပေါ်တွင်အခြေခံကြောင်း ရုရှားဝန်ကြီးချုပ်ပြောကြား"
Forwarded from Ko Thet
Breaking News
************
ပြည်သူများ၏ သတင်းပေးမှုအရ
ဖေ ၁၇ ရက်နေ့ မွန်တည့်ချိန်မှာ ထားဝယ်မြို့နယ်၊ သင်္ကန်းတုံးရွာအနီးရှိ တောင်ကြောပေါ်အား တပ်မတော်မှ ဝင်ရောက်ရှင်းလင်းရာ အကြမ်းဖက်သမား ၃၀ ဉီးခန့်ဖြင့် ထိတွေ့မှုဖြစ်ပွားခဲ့ရာမိမိဘက်က ထိခိုက်မှာမရှိဘဲ -
(၁) PDF အလောင်း ၁ လောင်း
(၂) COLT AR15 သေနတ် ၁ လက်
(၃) အမ်-၇၉ သေနတ် ၁ လက်
(၄) ကျည် ၁၅ တောင့်၊ ကျည်အိမ် ၁ ခု
(၅) 40 mm ဗုံးသီး ၁၀ လုံး
(၆) အိုင်ကွန် ၁ လုံး
(၇) PDF T1 လည်စည်း ၁ ခု
တို့အား သိမ်းဆည်းရမိခဲ့ ။
-
#KT
https://m.facebook.com/story.php?story_fbid=pfbid02Jvzz8yaeAaiSjSsknRDGzBikJwGZKeMTmwdpDTYfYfaBQ389ghgobZ8nLVYjaK8ql&id=100055642724106