တပ်ကြပ်ကြီးဖိုးကွန်း
21.1K subscribers
11.5K photos
1.17K videos
816 links
Download Telegram
လက်ရှိတည်ရှိနေတဲ့ နိုင်ငံရေးပါတီများ ဆက်လက်တည်ရှိလိုပါက ဥပဒေပြဌာန်းတဲ့ရက်ကစပြီးရက်ပေါင်း၆၀အတွင်းပါတီမှတ်ပုံတင်ခွင့်ပြန်လည်လျှောက်ထားရမှာဖြစ်ပြီးပြန်လည်လျှောက်ထားခြင်းမရှိရင် နိုင်ငံရေးပါတီအဖြစ်မှ အလိုအလျောက် ပျက်ပြယ်ပြီးဖြစ်တယ်လို့ပါပါတယ်။

ပါတီCECများဖမ်းဆီးခံထားရခြင်း၊ထွက်ပြေးတိမ်းရှောင်နေကြရခြင်းကြောင့်ဆိုတဲ့အကြောင်းပြချက်နဲ့ စာရင်းစစ်ဆေးမခံရဘဲအထူးအခွင့်အရေးရနေတဲ့NLD ပါတီအနေထားဟာ ပါတီပြန်လည်မှတ်ပုံနင်ခွင့်ကိစ္စမှာဘယ်သူတွေကဘယ်လိုဆုံးဖြတ်ကြမှာလဲ စိတ်ဝင်စားစရာကောင်းလာပါတယ်။

အခုပြဌာန်းလိုက်တဲ့ဥပဒေအသစ်အရ ရက်ပေါင်း၆၀အတွင်းပြန်လည်မှတ်ပုံတင်ခြင်းမပြုရင်နိုင်ငံရေးပါတီအဖြစ်က အလိုအလျောက်ပျက်ပြယ်သွားမှာဖြစ်ပါတယ်။NUG ဘက်ပါသွားတဲ့ NLDဗဟိုအလုပ်အဖွဲ့ ဆိုတဲ့အဖွဲ့ဘက်ကတော့ ပြန်လည်မှတ်ပုံတင်စရာအကြောင်းမရှိတဲ့အတွက် နစက ဥပဒေအောက်မှာ နေထိုင်ကြတဲ့ ပါတီCEC တွေ ပြန်လည်မှတ်ပုံမတင်ရင် NLDပါတီ အလိုအလျောက် နိဌိတံ သွားမှာ ဖြစ်ပါတယ်။

ဥပဒေအောက်မှာရှိနေကြတဲ့ CECများက NLDပါတီအမည်နဲ့ပြန်လည်မှတ်ပုံတင်လာရင်လည်း CRPH,NUGမှာပါဝင်နေတဲ့ NLDပါတီဝင်တွေကိုပါတီဝင်အမည်စာရင်းကထုတ်ပယ်ရမှာဖြစ်ပါတယ်။အကြမ်းဖက်အဖွဲ့ လို့သတ်မှတ်ထားတဲ့ NUGမှာ သမ္မတ၊အတိုင်ပင်ခံအဖြစ်အမည်စာရင်းပေါက်နေတဲ့ ဦးဝင်းမြင့်နဲ့ဒေါ်အောင်ဆန်းစုကြည်တို့ကိုလည်း ပါတီကထုတ်ပယ်ရမလိုဖြစ်နေတဲ့အတွက် NUGဘက်မပါတဲ့ ပါတီCECများက ပြန်လည်မှတ်ပုံတင်ဖို့ကလည်း အလွန်အလားအလာနည်းနေပါတယ်။

ဗကပ ပြိုကွဲချိန်မှာ ပါတီဝင်တစ်ဦးချင်းဟာပါတီပဲ လို့ သတ်မှတ်ပြီးလူစုခွဲလိုက်သလို NLDလည်း ပြည်သူရှိသမျှပါတီရှိနေမယ်ဆိုတဲ့ စကားနဲ့ ပဲတရားဝင်နိုင်ငံရေးပါတီအဖြစ်ရပ်တည်ခွင့်ကနေ ပျက်ပြယ်သွားရမယ့် အခြေအနေ ဖြစ်နေပါတယ်။

NUG က လက်နက်ကိုင်တော်လှန်ရေးနဲ့အာဏာသိမ်းဖို့ လမ်းကလည်းမဖြစ်နိုင်၊ရွေးကောက်ပွဲဝင်ဖို့ကလည်းမဖြစ်နိုင်၊ရွေးကောက်ပွဲပျက်အောင်ဖျက်ဖို့ကလည်း မဖြစ်နိုင်နဲ့ ထွက်ပေါက်မရှိပိတ်မိနေပြီ ဖြစ်သလို NLDပါတီတရားဝင်နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည်ခွင့်ဟာလည်း ပါတီပြန်လည်မှတ်ပုံတင်ခြင်းထွက်ပေါက်တစ်ခုမှိန်ပျပျသာ ရှိပါတော့တယ်။

နောက်ထပ်ရက်ပေါင်း(၆၀)အကြာမှာ NLDပါတီ တရားဝင်နိုင်ငံရေးပါတီအဖြစ်ဆက်လက်ရှိမရှိ ဖြစ်တည်မှုကို စောင့်ကြည့်ကြရမှာ ဖြစ်ပါတယ်။

#ThaugLwinHein
ကိုယ့်အကြောင်းကိုယ်သိဖို့လို

ကိုယ့်အကြောင်းကိုယ်ပဲ
ဥာဏ်နဲ့ကြည့်တတ်လာပြီဆိုရင်

အများအရေး အကြောင်းတွေဟာ
မသိရလို့လည်း ကိုယ့်အတွက်
ဘာမှမဖြစ်တော့ပါဘူး ။

သူများအကြောင်းကိုအချိန်ပေးပြီး
အတင်းပြောနေတာတွေရယ်
ဒေါသဖြစ်နေတာတွေရယ်ဟာ

ကိုယ့်အတွက်အကျိုးမရှိသည့်အပြင်
အကုသိုလ်တောင် ဖြစ်ရပါတယ် ။

ကိုယ့်ရဲ့တစ်ချို့အမုန်းတရားတွေကို
တစ်စိမ့်စိမ့်တွေးပြီးတော့
အမျက်ဒေါသတွေ ပျိုးနေမယ့်အစား

ခွင့်လွှတ်ပေးလိုက်တာက
ကိုယ့်အတွက်လွတ်လပ်စေပါတယ် ။

မပြီးနိုင်ပဲ တုန့်ပြန်နေမယ့်အစား
သံသရာအကြွေးတွေမပါဖို့
တရားနှင့်ပဲအကျေဆပ်ပေးလိုက်ပါ ။

ကိုယ့်ကောင်းကွက်ကိုသာကြည့်ရင်း
အေးချမ်းတဲ့ဘဝကို တရားနဲ့ပဲ
တည်ဆောက် ရှင်သန်ဖို့လိုပါတယ် ။

🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏

#မေတ္တာများစွာဖြင့်ပြန်လည်မျှဝေအပ်ပါသည်
NLDအာဏာရငါးနှစ်မှာ ဘာဒီမိုကရေစီအခွင့်အရေးတွေ ရခဲ့သလဲဆိုတာပြန်လေ့လာကြည့်ရင် NLDရဲ့ဒီမိုကရေစီဆိုတာ အမည်ခံသက်သက်ဖြစ်ကြောင်းသိနိုင်ပါတယ်။အမေရိကန်က ဒီမိုကရေစီလူ့အခွင့်အရေး အော်ပြီး သူ့ အကျိုးစီးပွားအတွက်ဝင်ရောက် ချယ်လှယ်နေသလို NLDကလည်း ဒီမိုကရေစီဖက်ဒရယ်အော်ပြီး NLDနဲ့ဝန်းရံသူတွေသာ ဒီမိုကရေစီရသွားကြတာ မြင်ခဲ့ကြရပြီးဖြစ်ပါတယ်။

သမ္မတအရေးပေါ်ရန်ပုံငွေကနေ ပြည်သူ့ဘဏ္ဍာကျပ်သန်းပေါင်း ၄၆၂၆သန်းထုတ်သုံးပြီးဆိုရှယ်မီဒီယာမှာ ပြည်သူလူလူထု လွတ်လပ်စွာပြော
ဆိုရေးသားခွင့်ကို ထိန်းချုပ်ခဲ့ပါတယ်။ NLDအစိုးရ ကိုဝေဖန်ထောက်ပြသူတွေကိုထောင်ဒဏ်တစ်သက်ချနိုင်တဲ့ အစိုးရကိုအကြည်ညိုပျက်စေမှု ပုဒ်မ၁၂၄-က တွေနဲ့ဖမ်းဆီးအရေးယူမှုအများဆုံးအစိုးရအဖြစ်မှတ်တမ်းဝင်သွားခဲ့ပါတယ်။

ပြည်ခိုင်ဖြိုးအစိုးရလက်ထက်လျှပ်စစ်မီတာတိုးကောက်ဖို့စီစဥ်တာကို အပြင်းအထန်ဆန့်ကျင်ခဲ့တဲ့NLDက သူ့လက်ထက်မှာအဆပေါင်းများစွာတိုးမြှင့်ကောက်ခံပါတယ်။

အာဏာမရခင်က ထောက်ပြခဲ့တဲ့ ဒီမိုကရေစီနဲ့မညီတဲ့ဥပဒေတွေကိုNLDအာဏာရချိန်မှာမပြုပြင်ဘဲ ဥပဒေအရ ဆိုပြီး ဆက်လက်ကျင့်သုံးပါတယ်။

လွှတ်တော်ကိုယ်စားလှယ်ဘဝက နိုင်ငံတော်သမ္မကြီးဦးသိန်းစိန်ပါတီဥက္ကဌတာဝန်ဆက်ယူထားတာ အခြေခံဥပဒေနဲ့မညီဘူးလို့ တင်ပြခဲ့တဲ့ ဦးဝင်းမြင့်က သူလွှတ်တော်ဥက္ကဌဖြစ်တော့ပြည်ထောင်စုဝန်ကြီးဖြစ်တဲ့ဒေါ်အောင်ဆန်းစုကြည်ပါတီဥက္ကဌတာဝန်ဆက်ယူထားတာဥပဒေနဲ့ညီတယ်လို့ဖြစ်သွားပါတယ်။

ပြည်ခိုင်ဖြိုးအစိုးရလက်ထက်ကအစိုးရအဖွဲ့ဝင်ဝန်ကြီးတွေပိုင်ဆိုင်မှု ကြေညာသင့်ကြောင်း တင်ပြခဲ့တဲ့လွှတ်တော်ကိုယ်စားလှယ်ဦးဝင်းမြင့်က NLDအစိုးရဖြစ်ချိန် သူလွှတ်တော်ဥက္ကဌဖြစ်တော့ လုံခြုံရေးအခြေအနေအရ မကြေညာသင့်ဘူးလို့ ပြောပြန်ပါတယ်။

၂၀၁၅ ရွေးကောက်ပွဲအကြိုကာလမှာသမ္မတကြီးဦးသိန်းစိန် မဲဆွယ် နေတာတွေ ဥပဒေနဲ့မညီဘူးလို့ စာ၇စောင်၈စောင်လောက်ရေးပို့ပြီးရွေးကောက်ပွဲကော်မရှင်ဆီတိုင်ကြားတဲ့ NLDက ၂၀၂၀ ရွေးကောက်ပွဲအကြိုကာလမှာ သမ္မတကြီးဦးဝင်းမြင့်နဲ့ ပြည်ထောင်စုဝန်ကြီးဒေါ်အောင်ဆန်းစုကြည် မဲဆွယ်စည်းရုံးတာ တရားဝင်လုပ်ခွင့်ရှိတယ်၊ဥပဒေနဲ့ညီတယ်လို့ လုပ်လာပြန်ပါတယ်။

ဖက်ဒရယ်ဒီမိုကရေစီနဲ့မညီတဲ့အခြေခံဥပဒေကိုပြင်ရမယ်လို့ လက်သီး လက်မောင်းတန်းကြွေးကြော်ခဲ့ပြီး ဖက်ဒရယ်အခြေခံဖြစ်တဲ့ ပြည်နယ်တိုင်းဒေသကြီးဝန်ကြီးချုပ်များခန့်အပ်ရေးဥပဒေပြင်မယ်လို့ လွှတ်တော်မှာအားလုံးက ထောက်ခံပြင်ဆင်ဖို့ လုပ်ချိန်မှာ ကန့်ကွက်ခဲ့တာ NLD လွှတ်တော်ကိုယ်စားလှယ်တွေ ဖြစ်ပါတယ်။

ငါးနှစ်အတွင်း ပြည်ပကြွေးမီ အများဆုံးတင်ခဲ့တဲ့အစိုးရအဖြစ်မှတ်တမ်းဝင်ခဲ့ပြီး တံတားကြီးတစ်စင်း ဆည်ကြီးတစ်ခု ဆောက်သွားတာ မမြင်ခဲ့ရတာ NLDအစိုးရဖြစ်ပါတယ်။

အဂတိလိုက်စားမှုကတော့ နေစရာအိမ် စီးစရာကား မရှိခဲ့တဲ့ NLD လွတ်တော်ကိုယ်စားလှယ်တွေ ရယကဥက္ကဌတွေ အများအပြား ကြီးပွားသွားကြတာမျက်စေ့အောက်မှာ မြင်တွေ့ခဲ့ကြရသလို ပြည်ထောင်စုဝန်ကြီးတွေဝန်ကြီးချုပ်တွေ ဘီလီယံနဲ့ချီလာဘ်စားမှုတွေပေါ်ပေါက်ခဲ့တဲ့အတွက် NLDဒီမိုကရေစီဆိုတာတိုင်းပြည်နဲ့လူထူအတွက်မဟုတ်ဘဲ NLDနဲ့ ဝန်းရံသူတွေအတွက် သာဖြစ်ခဲ့ပါတယ်။

အခု NLD က ပေါက်ဖွားလာတဲ့ NUG ကလည်း အမေရိကန်အနောက်အုပ်စုအထောက်အပံ့မျှော်ပြီးပေးတာယူ၊ခိုင်းတာလုပ် ဘဝနဲ့ လက်ကိုင်တုတ် အဖြစ် ဒီမိုကရေစီအော်ပြီးအမေရိကန်အနောက်အုပ်စုအလိုကျ တိုင်းပြည်အလုံးစုံပျက်သုဥ်းရေး လိုက်လုပ်ပေးနေရတာဖြစ်လို့ တိုင်းပြည်တည်ငြိမ်အေးချမ်းပျက်ပြား၊များများသေ၊များများဒုက္ခရောက် ဆီးရီးယားလစ်ဗျားလို ပြည်တွင်းစစ်မီးကြီးအကြီးအကျယ်ဖြစ်၊ပြည်သူလူထုအားလုံးစစ်ဘေးဒုက္ခသည်များအဖြစ် ဘဝပျက်ကြ ဆိုတာ NUGရဲ့ ဒီမိုကရေစီ ဖြစ်နေပါတယ်။

#ThaungLwinHein
Forwarded from Banyunt
ရန်ကုန်-မန္တလေးအမြန်လမ်း (၁၂၀/၅)မှာ လက်နက်သယ်လာတဲ့ ပဒက်လေးနှစ်ကောင် ဂိန်
Forwarded from Snow Queen #SQ🇲🇲🇲🇲🇲🇲 (Snow Queen)
Jan 29

- အမြဲမေးနေတဲ့ အမျိုးတို့ရေ...
ဘွဲ့ရအမျိုးသမီးလျှောက်လွှာတွေ
ခေါ်ယူနေပြီနော်
လျှောက်လွှာတွေကိုတော့ (၂၀၂၃ )ခုနှစ် ဇန်နဝါရီလ (၂၈) တွင် စတင်ထုတ်ပေးမည်။

ဖေဖော်ဝါရီလ (၂၆ )ရက် နောက်ဆုံးထား၍ ပြန်လည်ပေးပို့ရမည်။

#ဘမှန်
Forwarded from Snow Queen #SQ🇲🇲🇲🇲🇲🇲 (Snow Queen)
Jan 29

ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း
ဦးဖြိုးမင်းသိန်းလက်ထက်
တစ်ပေ ကျပ် ၂၀၀၀ နှင့်
ကျပ် ၄၈၀၀ ဖြင့်
ချပေးခဲ့သည့် YP စက်သုံးဆီဆိုင်၏ မြေကွက် ၆ ကွက်၊ ဧကပေါင်း ၇၅ ဧကကျော်ကို ဂရန်ပြန်လည်ပယ်ဖျက်
=================
၂၉. ၁. ၂၀၂၃
Written by Phyo Wei

ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်းဦးဖြိုးမင်းသိန်းလက်ထက် တစ်ပေ ကျပ် ၂၀၀၀ နှင့် ကျပ် ၄၈၀၀ ဖြင့် ချပေးခဲ့သည့် YP စက်သုံးဆီဆိုင်၏ မြေကွက် ၆ ကွက်၊ ဧကပေါင်း ၇၅ ဧကကျော်ကို ဂရန်ပြန်လည်ပယ်ဖျက်လိုက်ပြီဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ သိရသည်။

Yangon Petrol Co.,Ltd အနေဖြင့် စက်သုံးဆီအရောင်းဆိုင်များ ဖွင့်လှစ်ရောင်းချရန်အတွက် မရမ်းကုန်းမြို့နယ် နှင့် သင်္ဃန်းကျွန်းမြို့နယ်များ၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်နှင့် ဒလမြို့နယ်များရှိ မြေနေရာများအား ...

Facebook တွင် ဖတ်ရှုရန်
https://m.facebook.com/story.php?story_fbid=pfbid02sSW4wvSxe6VbpzCz1dPFbZaMSuBZ2Hx9gLh6Kbk4jPJdstPQYqd6uY3QZcAssYaEl&id=100084427521875&mibextid=Nif5oz

Website တွင် ဖတ်ရှုရန်
https://www.mtnewstoday.com/archives/10323

#mtnews #myanmar_transparency_news
Forwarded from Banyunt
🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲
🕊️🕊️🕊️🕊️🕊️🕊️🕊️🕊️🕊️🕊️

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ရတနာပလ္လင်တော်ပေါ်သို့ပင့်ဆောင်ရန် ဆောင်ရွက်နေသည့်မြင်ကွင်းများ

နေပြည်တော်၊ဒက္ခိဏသီရိမြို့နယ်၊မာရဝိဇယဗုဒ္ဓဥယျာဉ်တော်အတွင်းတည်ထားကိုးကွယ်ရန် ဆောင်ရွက်လျက်ရှိသည့် မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးအား ရတနာပလ္လင်တော်ထက်သို့ပင့်ဆောင်ပူဇော်ရန်‌ ဆောင်ရွက်နေသည့် လုပ်ငန်းဆောင်ရွက်နေသောမြင်ကွင်းပုံရိပ်များအား ကြည်ညိုသဒ္ဒါပွားများနိုင်ကြစေရန် စုစည်းဖော်ပြလိုက်ရပါသည်။

(ဇန်နဝါရီ ၂၉ ရက်(ယနေ့)နံနက် ၉ နာရီတွင် ၉၀ ဒီဂရီပင့်ထောင်ပြီးဖြစ်သည်။)
🙏🙏🙏🙏🙏🙏🙏🙏🙏🙏
Forwarded from Justice Seeker Group-JSG
ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်အဆိုနှင့် ပတ်သက်၍ ကန့်ကွက်ရှုတ်ချဆန္ဒထုတ်ဖော်ပွဲကို ယနေ့ နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်ရှိ ကျောက်တိုင်ကွင်းတွင် ဒေသခံပြည်သူများစုပေါင်း၍ ပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။