တပ်ကြပ်ကြီးဖိုးကွန်း
21.1K subscribers
11.5K photos
1.17K videos
816 links
Download Telegram
Forwarded from Kyaw Win Maung  (Unknown)
ညောင်လေးပင်မြို့နယ်တွင် ပီဒီအက်(ဖ်) အကြမ်းဖက်သမားတစ်ဦးက အကြမ်းဖက်လုပ်ရပ်များလုပ်ဆောင်ရန် ဖောက်ခွဲရေးပစ္စည်းများအား ဆိုင်ကယ်ဖြင့် သယ်ဆောင်လာစဉ် ပေါက်ကွဲမှုဖြစ်ပွား၍သေဆုံး

NOM
ဇန်နဝါရီ ၂၂၊ ၂၀၂၃

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ တာဝိကျေးရွာနှင့် အင်ကုန်းကျေးရွာအကြား လှည်းလမ်းပေါ်တွင် ဇန်နဝါရီလ ၂၁ ရက် ည ၇ နာရီ ၁၅ မိနစ်အချိန်၌ ပီဒီအက်(ဖ်) အကြမ်းဖက်သမားတစ်ဦးက အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ရန် ဖောက်ခွဲရေးပစ္စည်းများအား ဆိုင်ကယ်ဖြင့် သယ်ဆောင်လာစဉ် ပေါက်ကွဲမှုဖြစ်ပွား၍ သေဆုံးခဲ့ကြောင်းသိရသည်။

ပေါက်ကွဲမှုကြောင့် အဆိုပါ ပီဒီအက်(ဖ်) အကြမ်းဖက်သမားအမျိုးသားမှာ ဦးခေါင်း၊ လက်နှင့် ခြေထောက်တို့ ပြတ်ကာ ခန္ဓာကိုယ်အနှံ့ ပေါက်ကွဲစထိမှန်ဒဏ်ရာများဖြင့် သေဆုံးခဲ့ပြီး ၎င်းစီးနင်းလာသည့် ဆိုင်ကယ်မှာပျက်စီးခဲ့ကြောင်းသိရသည်
ကိုယ့်ကိုယ်ကို အားကိုးတတ်မှ

သူနေတတ်သလိုနေတာကို
ကိုယ့်အလိုမကျရကောင်းလားဆိုပြီး
စိတ်ထဲမှာ ဒေါသမထွက်ပါနဲ့ ။

သူနှင့်ကိုယ်ဝါသနာချင်းမတူတာကို
ကိုယ့်ဘက်မပါရကောင်းလားလို့
စိတ်ထဲမှာ ပူလောင်ခံစားမနေပါနဲ့ ။

လူဆိုတာက
သူကြိုက်တာကို သူရွေးချယ်မယ် ။

ကိုယ်က သူလုပ်ရပ်မကြိုက်ရင်
ဘေးရှောင်ပြီး နေပေးလိုက်ပါ ။

ကိုယ်မလျှော့တော့ ကိုယ်မပေါ့သလို
ကိုယ်မပြင်တော့ ကိုယ်မကောင်းပေါ့ ။

အများစိတ်ဟာ ကိုယ်မပိုင်လို့
ကိုယ့်အတ္တလေး ချမ်းသာဖို့အတွက်
လောဘဒေါသတွေနဲ့ မချည်ချင်ပါနဲ့ ။

ကိလေသာဆိုတာ ကိုယ်ဖြစ်ရင်
ကိုယ့်မှာ ဆင်းရဲစွာနေရတာမို့လို့
သတိထားပြီး အလိုကို လျှော့ချနေပါ ။

ကိုယ့်ကိုအားကိုပြီးနေတတ်မှ
အများရှိသူဖြစ်စေ မရှိသည်ဖြစ်စေ
ချမ်းသာစွာ နေနိုင်ကြမှာပါ ။

🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏

#ကုသိုလ်ကောင်းမှုများကိုမမေ့မလျော့ပြုနိုင်ကြပါစေ
ဇန်နဝါရီလ (၂၃)ရက်နေ့ တွေ့ရှိထူးခြားသတင်းများ

🟢 မြိုင်မြို့နယ် မူလွန်-ငှက်ပျောတွင်းကျောင်းမှ မူလတန်းပြ ဆရာမဖြစ်သူအား PDF အကြမ်းဖက်များမှ ပစ်ခတ်သတ်ဖြတ်သွား။

🔸 ငါန်ဇွန်မြို့နယ် နတ်ကြီးကျေးရွာ၌ အမျိုးသား-၁ဦးအား အကြမ်းဖက်PDF များမှ ပစ်ခတ် သတ်ဖြတ်သွား။

🟢 မြင်းခြံမြို့နယ် နယ်ခြားကျေးရွာအနီး အကြမ်းဖက် PDF အဖွဲ့၏ လက်လုပ်စိန်ပြောင်းများ သိမ်းဆည်းရမိ။

🔸 ၁၃၂ KV ဘီလူးချောင်း(၂)-တီကျစ် နှစ်ထပ်ဓာတ်အားလိုင်း တာဝါတိုင် (၁) တိုင်အား အကြမ်းဖက်များမှ ဖောက်ခွဲဖျက်ဆီး။

🟢 မုံရွာမြို့ ရွှေတော်ဝင်ပုဂ္ဂလိကဆေးရုံနှင့် ရွှေတောင်မေတ္တာဆေးခန်းတို့ရှိ ဆေးရုံအုပ်အပါအဝင် ၃ဦးကိုဖမ်းဆီးထိမ်းသိမ်းခဲ့ကြောင်း။

🔸 စစ်ကိုင်းတိုင်း အင်းတော်မြို့နယ် မဲဇာကျေးရွာအနီး လုံခြုံရေးအဖွဲ့များအား အကြမ်းဖက် PDF များက ပစ်ခတ်သတ်ဖြတ်။

🟢 စစ်ကိုင်းတိုင်း ခန္တီးမြို့နယ် နန်စီပွန်ကျေးရွာတွင် KIA အကြမ်းဖက် ၁ဦးအား ပစ္စတို ၁လက်နှင့်အတူ ပစ်ခတ်ဖမ်းဆီးရမိ။

🔸 စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့ စာရေး(ရှေ့) ကျေးရွာမှ အပြစ်မဲ့မိသားစု ၁ စုအား PDF များမှ ရက်ရက်စက်စက် သတ်ဖြတ်သွားကြောင်း။

🟢 ညောင်လေးပင်မြို့နယ် ဆွဲဒလဲကျေးရွာတွင် မိသားစုဝင် ၃ဦးအား အကြမ်းဖက် KNU/PDF များမှ ပစ်ခတ်သတ်ဖြတ်သွား။

🔸 ညောင်လေးပင်မြို့နယ် ပုဇွန်မြောင်ကျေးရွာအတွင်း KNU/PDF မှ Drop Bomb ဗုံးဖြင့် ဗုံးချဖောက်ခွဲခဲ့ရာ ပြည်သူ (၂) ဦး ထိခိုက်ဒဏ်ရာရရှိ။

🟢 သထုံမြို့နယ် ကမာစိုင်ကျေးရွာအနီး KNU/PDF များထောင်ထားသော မိုင်း ၂ လုံး ပေါက်ကွဲမှုကြောင့် ကုန်တင် အန်စာတုံးယာဉ် ၁ စီး ထိခိုက်ပျက်စီး။

🔸 စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် လှတောကျေးရွာရှိ လုံခြုံရေးအဖွဲ့ဝင်များအား အကြမ်းဖက် PDF များမှ လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း။

🟢 မကွေးတိုင်း တောင်တွင်းကြီးမြို့နယ် အုန်းတော(၁)ရပ်ကွက် ဘူတာပတ်လမ်းရှိ ဈေးဆိုင်တန်း မီးလောင်ကျွမ်းမှုဖြစ်ပွား။

🔸 ကျောက်ကြီး-နတ်သံကွင်းသွားလမ်းရှိ ညောင်ကုန်း တံတားအား အကြမ်းဖက်များမှ မိုင်းခွဲဖျက်ဆီး။

🟢 မုံရွာမြို့နယ် မြေနဲကျေးရွာနှင့် ကူတောပလ္လင် ကျေးရွာအကြား PDFများထောင်ထားသည့် မိုင်းများအား ဖော်ထုတ်ရှင်းလင်း။

🔸 နွားထိုးကြီးမြို့နယ် ထန်းခွမြောက်ရွာနေ ပျောက်ဆုံးနေသူ အမျိုးသား တစ်ဦးအား နွားထိုးကြီးမြို အနောက်ဘက် ဂေါက်ကွင်းအနားလမ်း၌ အလောင်းပြန်တွေ့ရှိ။

နိုင်ငံတကာသတင်း

🌍 ဆီးရီးယားနိုင်ငံ တောင်ပိုင်းရှိ အမေရိကန်ဦးဆောင်သောညွန့်ပေါင်းတပ်စခန်း ဒရုန်းဖြင့် တိုက်ခိုက်ခံရ။

🌍 ယူကရိန်းနိုင်ငံ Donbass ဒေသအပြင်ဘက်ရှိ ဒေသများကို ရုရှားက ပစ်ခတ်ခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြား။

🌍 ဗြိတိန်ဘုရင်ကြီး၏ နန်းတက်ပွဲအခမ်းအနားကို ဆန့်ကျင်ဆန္ဒပြသွားရန် စီစဉ်ထားကြောင်း ဆန့်ကျင်သူများမှပြောကြား။

🌍 သမ္မတဂျိုးဘိုင်ဒင်၏ နေအိမ်ကို တရားရေးဌာနက ထပ်မံရှာဖွေရာ လျှို့ဝှက်အဆင့် စာရွက်စာတမ်းများထပ်မံတွေ့ရှိခဲ့ကြောင်း။
#MP (မောင်ပိန်)
https://t.me/SayarMgPein
Forwarded from Snow Queen #SQ🇲🇲🇲🇲🇲🇲 (Snow Queen)
Jan 23

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ မြေနဲကျေးရွာနှင့် ကူတောပလ္လင် ကျေးရွာ ကြားတွင် PDF ပဒက်များထောင်ထားသည့် မိုင်းများအား လုံခြုံရေးအဖွဲ့များမှ ဖော်ထုတ်ရှင်းလင်း

=================================================
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်

မနေ့က နေ့လယ် ၂ နာရီခန့်တွင် မုံရွာမြို့နယ် မြေနဲကျေးရွာနှင့် ကူတောပလ္လင်ကျေးရွာကြားတွင် နယ်မြေရှင်းလင်းဆောင်ရွက်လျက်ရှိသော လုံခြုံရေးအဖွဲ့များသည် PDF ပဒက်များ၏ ထောင်ထားသည့်မိုင်းများအား ဖော်ထုတ်ရှင်းလင်းမှုများပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
PDF ပဒက်များသည် အများပြည်သူများ အေးချမ်းစွာ သွားလာလျက်ရှိြပိး စားဝတ်နေရေးများအတွက် တောင်ယာလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက် လျက်ရှိသည်ကို ထိခိုက်tayကျေစေလိုသောကြောင့် ရည်ရွယ်ချက်ရှိရှိဖြင့် မိုင်းများအား ထောင်ထားခဲ့ရာ လုံခြုံရေးအဖွဲ့များက အများပြည်သူများအား ထိခိုက်မှုမရှိစေရန် PDF ပဒက်များထောင်ထားသည့် သံကိုယ်ထည်ဖြင့် ပြုလုပ်ထားသော လက်လုပ်မိုင်း ၃၃ လုံး၊ ကော်ပုံးဖြင့်ပြုလုပ်ထားသော လက်လုပ်မိုင်း ၄ လုံး၊ ၁၂ ဗို့ဘတ္ထရီ ၁၀ လုံး၊ ဝါယာကြိုး ၁၃ ခွေ၊ ရီမုခလုတ် ၁၂ ခု တို့အား ဖော်ထုတ်ရှင်းလင်းပေးခဲ့ကြောင်း သိရှိရပါသည်။
လုံခြုံရေးအဖွဲ့များကတော့ အများပြည်သူများ၏ အသက်အန္တရာယ်ပေးမဲ့ PDF ပဒက်တွေရဲ့ ယုတ်မာမှုရန်မှ ကာကွယ်ပေးလိုက်ပါပြီ။
#FiftyTwoNews
Forwarded from Snow Queen #SQ🇲🇲🇲🇲🇲🇲 (Snow Queen)
စစ်ကိုင်းတွင် မိသားစုလိုက် သတ်ဖြတ်ခံရ
******
၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်နေ့ နံနက် ၁၁၃၀ နာရီတွင် စစ်ကိုင်းမြို့နယ်၊ စာရေး(ရှေ့)ကျေးရွာနေ မိသားစုအား နေအိမ်၌ ရှိနေစဉ် အကြမ်းဖက် PDF ၅ ဦးခန့်မှ လက်လုပ်သေနတ်များ ကိုင်ဆောင်၍ ဆိုင်ကယ် ၃ စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်၍ ပြန်လည်ထွက်ခွာသွားခဲ့ရာ ဒေါ်ရွှေချောတွင် ဝမ်းဗိုက် ကျည်ဖောက်ဝင်ဒဏ်ရာ၊ သမီးဖြစ်သူ ဒေါ်အိအိချော(၃၅)နှစ်တွင် ရင်အုံကျည်ဖောက်ဝင်ဒဏ်ရာ၊ ဒေါ်ဝင်းပပအောင် (၃၀)နှစ်တွင် နဖူးကျည်ထိမှန်ဒဏ်ရာ၊ ဒေါ်ဝင်းပပအောင်၏ ခင်ပွန်းဖြစ်သူ ဦးအောင်နိုင်သူ(၃၀)နှစ်တွင် ရင်အုံ ကျည်ဖောက်ဝင်ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်းနှင့် သေဆုံးသူများသည် အကြမ်းဖက်သူများအား ထောက်ခံ အားပေးခြင်းမရှိသဖြင့် အကြမ်းဖက်သူများမှ ဒလန်ဟုစွပ်စွဲ၍ မိသားစုလိုက် သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်
ကသာမြို့နယ်၊အလယ်ကျွန်းကျေးရွာရှိ စာသင် ကျောင်းနှင့်နေအိမ်များမီးရှို့ဖျက်ဆီးခံရ

စစ်ကိုင်းတိုင်း၊ကသာမြို့နယ်၊အလယ်ကျွန်းကျေး ရွာရှိ စာသင်ကျောင်းနှင့်လူနေအိမ်များ ဇန်နဝါရီ ၂၃ ရက်(ယနေ့) နံနက်ပိုင်းက မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း သိရသည်။

ယနေ့နံနက်ပိုင်းက Terrorist #PDF လက်နက်ကိုင်အဖွဲ့ဝင်များ သည် ကသာမြို့နယ်၊အလယ်ကျွန်းကျေးရွာရှိအ.ထ.က(ခွဲ)ကျောင်း (အလယ်ကျွန်း)နှင့်နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့ကြသဖြင့် လုံခြုံရေးအဖွဲ့ဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ပေးခဲ့ကြကြောင်း သိရသည်။
ကိုယ့်အပြစ်ကိုယ်ကြည့်မှအမှားနည်းမှာပါ
=========================

ဘယ်သူ့ကိုမှ
သံသယမျက်လုံးနဲ့ မကြည့်နဲ့
ကိုယ့်ကိုကိုယ် ယုံကြည်မှု နည်းစေတယ်။

ဘယ်သူ့ကိုမှ
အပြစ်မြင်စိတ်နဲ့ မကြည့်နဲ့
ကိုယ့်အပြစ် ကိုယ်မမြင်ရင်
ပြုပြင်ဖို့ ခက်ခဲသွားတတ်တယ်။

ဘယ်သူ့ကိုမှ
မကောင်းစိတ်နဲ့ အဆိုးမမြင်နဲ့
အလကားနေရင်း
ကိုယ့်စိတ်လေး ညစ်နွမ်းရတတ်တယ်။

လောကမှာ
အကောင်းနဲ့ အဆိုး
ဒွန်တွဲနေတဲ့အတွက်
ကိုယ်တိုင်သာ အဆိုးထဲမပါအောင်
မေတ္တာနဲ့နေပြီး ဥပေက္ခာသုံးတတ်ဖို့
လိုပါတယ်။

သူများရဲ့
ကောင်းခြင်းဆိုးခြင်းတွေကို
ဝေဘန်နေခြင်းဟာ
ကိုယ်ပိုင်တဲ့အချိန်ကို ဖြုန်းတီးရာ
ရောက်ပြီး အကုသိုလ်ကို ရှာယူနေသလိုဖြစ်တတ်တယ်။

ဒါ့ကြောင့်..
ကိုယ့်အပြစ်ကိုသာ
ကြည့်ပြီး အမှားနည်းအောင် ပြုပြင်ပါ။
အမှားနည်းရင်..
ပြဿနာနည်းလို့ အကုသိုလ်နည်းပါတယ်။

သဗ္ဗေ သတ္တာ သုခိတာ ဟောန္တု ။ ။

🙏 အရှင်နန္ဒိယ(သာကီနွယ်)🙏

#မေတ္တာများစွာဖြင့်ပြန်လည်မျှဝေအပ်ပါသည်
CDM တွေနဲ့ ပတ်သက်ပြီး တစ်လအတွင်းမှာ စီမံချက်နဲ့ အရေးယူတော့မယ်ဆိုပြီး သိရတယ်.... ဘာကြောင့်လဲဆိုတော့ အခုသိနေရတာက CDM လုပ်ထားတဲ့သူတွေက CDM ဆိုပြီးသာခေါင်းစဉ်တပ်ထားတာ အိမ်မှာအေးဆေးနေကြတဲ့သူတွေမဟုတ်ဘူး... အထူးသဖြင့် ဆရာဝန်တွေဆိုရင် CDM လုပ်ထားပြီး ပုဂ္ဂလိကဆေးရုံတွေမှာ ဆေးလိုက်ကုပေးနေကြတယ်...

ကျောင်းဆရာ/ဆရာမတွေလဲ အတူတူပဲ.... ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းတွေမှာ စာလိုက်သင်ပေးနေကြတယ်... အဲဒါကြောင့် အခုသိရတဲ့ စီမံချက်ထဲမှာ တစ်လအတွင်း CDM သမားတွေကို ထိထိရောက်ရောက်ကို အရေးယူတော့မှာ....

သူတို့တင်ပဲလားဆိုတော့ မဟုတ်သေးဘူးနော် အဲဒီ CDM သမားတွေကို လက်ခံထားတဲ့ ဆေးရုံတွေ၊ ကိုယ်ပိုင်ကျောင်းတွေကိုလည်း ပိတ်ပြစ်မယ်လို့ သိရတယ်... တကယ်လုပ်လားမလုပ်လားဆိုတာကတော့ မန္တလေးမှာ ဖြစ်သွားတဲ့ ဖြစ်စဉ်ကို အားလုံးအသိပဲဖြစ်မှာပါ.... အဲဒီတော့ ပြောချင်တာက CDM တော့ လုပ်ခဲ့ကြတယ်.... ဒါပေမယ့် အခု CDM လုပ်ခဲ့တဲ့ အမှားကိုသိပြီး အမှန်ပြင်ချင်တဲ့စိတ်နဲ့ ပြန်လည်ဆက်သွယ်ချင်တယ်ဆိုရင်လည်း အချိန်မရွေးပြန်လည်ဆက်သွယ်နိုင်ပြီး ကြိုဆိုပေးသွားမယ်လို့လည်း သိရတယ်....
Forwarded from Eleven Media Group
Media is too big
VIEW IN TELEGRAM
ဇန်နဝါရီ ၂၄ ရက် နံနက်ခင်းသတင်းအစီအစဉ် (နံနက် ၇ နာရီခွဲ တိုက်ရိုက်ထုတ်လွှင့်မှု)
■ ၂၀၂၁ ခုနှစ်ဒီဇင်ဘာမှ စ၍ ဖောက်ခွဲခံရခြင်း၊ ပစ်ခတ်ဖျက်ဆီးခြင်းနှင့် မီးရှို့ဖျက်ဆီးမှုများကြောင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ရုံး အဆောက်အဦ ၁၃ ခုနှင့် ရုံးပိုင်ပစ္စည်းများပျက်စီးခဲ့ပြီး ကျပ်သန်း ၃၆၀ ကျော်ဆုံးရှုံး
■ ၂၀၂၂ခုနစ်အတွင်း ပုဂံဒေသသို့ ခရီးသွားဧည့်သည် တစ်သန်းကျော် လာရောက်လည်ပတ်ခဲ့ပြီး ဟိုတယ်နှင့် တည်းခိုရိပ်သာများ၌ ် ပြည်တွင်းပြည်ပဧည့်သည် နစ်သိန်းရှစ်သောင်းကျော် တည်းခိုခဲ့
■ ကယ်လီဖိုးနီးယားပြည်နယ်တွင် နှစ်ကူးပွဲအတွင်း သေနတ်သမားတစ်ဦးက ပစ်ခတ်သဖြင့် လူ ၁၀ ဦး သေဆုံး
■ ဂျာမနီလုပ် Leopard တင့်ကားများကို ပိုလန်မှတစ်ဆင့် ယူကရိန်းထံပို့ဆောင်ရန် အဆင်သင့်ဖြစ်နေသည်ဟု ဂျာမနီနိုင်ငံခြားရေး ဝန်ကြီး ပြောကြား
■ ဂါနာချိုကို ၈ နှစ်သက်တမ်းတိုးရန် မန်ယူ စီစဉ်
Forwarded from Kyaw Win Maung  (Unknown)
ရှမ်းနီ(တိုင်းလျန်)သွေးစည်းညီညွတ်ရေးပါတီ (SSP) ပါတီဝင်တစ်ဦး သတ်ဖြတ်ခံရ

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်က နမ္မားမြို့မှာ ရှမ်းနီ(တိုင်းလျန်)သွေးစည်းညီညွတ်ရေးပါတီ (SSP) ပါတီဝင်ဖြစ်တဲ့ ဦးတင်ညွန့် ဒီကနေ့ မနက်ပိုင်းက သတ်ဖြတ်ခံလိုက်ရပါတယ်။

သူဟာ ၂၀၂၀ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးတဲ့ ကိုယ်စားလှယ်လောင်းတစ်ဦးဖြစ်ပြီး ဒီကနေ့ မနက်ပိုင်းမှာ လက်ဖက်ရည်ဆိုင် ထိုင်နေချိန်မှာ လက်နက်ကိုင်ဆောင်ထားတဲ့ KIA/PDF အဖွဲ့တွေရောက်လာပြီး သေနတ်နဲ့ ပစ်သတ်ခဲ့တာလို့ သိရပါတယ်။

အသက် ၆၅ နှစ်အရွယ် ဦးတင်ညွန့်ဟာ ရှမ်းလူမျိုးတစ်ဦးဖြစ်ပြီး ရွေးကောက်ပွဲအတွက် လူဦးရေစာရင်း ကောက်ယူတဲ့နေရာမှာလည်း ကူညီနေသူလည်းဖြစ်ပါတယ်။
Forwarded from Kyaw Win Maung  (Unknown)
စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်၊ အမှတ်(၁) ရပ်ကွက်ရှိ မြို့နယ်မီးသတ်ရုံးအား PDF ပဒက်များမှ လာရောက်ပစ်ခတ်

====================
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၄ ရက် #FiftyTwoNew

မနေ့က ညနေ ၆ နာရီခန့်တွင် ဝက်လက်မြို့နယ် အမှတ်(၁)ရပ်ကွက်တွင်ရှိသော မြို့နယ်မီးသတ်ရုံးအား PDF ပဒက်များက လာရောက်Pyitခတ် ခဲ့ကြောင်း သိရှိရပါသည်။
လုံခြုံရေးအဖွဲ့များသည် အများပြည်သူများအား လိုက်လံ့tတ်ဖြတ်လျက်ရှိသော PDF ပဒက်များအား ပြန်လည်pyitခတ်မှုများပြုလုပ်ခဲ့ရာ ပဒက်များမှာ ဒဏ်ရာများစွာဖြင့် ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း သိရှိရပါသည်။
PDF ပဒက်များ၏ pyit ခတ်မှုကြောင့် မြို့နယ်မီးသတ်ရုံးရှိ အဆောက်အဦ ခေါင်မိုးပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့သောကြောင့် အမိုးသွပ်နှင့် ရေတိုင်ကီ ၁ လုံး တို့ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရှိရပါသည်။
Forwarded from Ba Nyunt
Media is too big
VIEW IN TELEGRAM
ရန်သူကို နေလိုမီးလိုကျင့်ပါ
အွန်ချောင်လည်း မရဘူး
မန်းဖိုက်တာတွေက အဲ့လို့ဖမ်းတယ်
ဖိုးဇင်ဆီဆိုင်က လို အာချောင်မယ့်သူများ
ထပ်အာချောင်ကြပါ
ဒါ အကင်းပဲရှိသေးတယ်
တကယ့်လုပ်ရင် ပြေတီဦးလိုပြောလိုက်မယ်
ရူးတောင်သွားအုံးမယ်
#banyunt
၁/၂၀၂၃ အစည်းအဝေးက ဘာတွေထူးခြားခဲ့သလဲ
==============
၁။ နစက ပေးတဲ့ အာမခံချက်တစ်ခုက NUG နဲ့ PDF တွေက ဘယ်လိုပဲ နှောက်ယှက်ဖျက်ဆီးနေပါစေ ရွေးကောက်ပွဲကို မဖြစ်ဖြစ်အောင် နေရာအကြားအလပ်မရှိ ကျင်းပနိုင်ဖို့ ဆောင်ရွက်မယ်လို့ ပြောသွားခဲ့တာ တွေ့ရတယ်။ ဒါက မနေ့က လုပ်တဲ့ ၁/၂၀၂၃ အစည်းအဝေးမှာ နိုင်ငံတော် ဝန်ကြီးချုပ် ပြောသွားခဲ့တဲ့ စကားတခွန်းဖြစ်ပါတယ်။ ဆိုတော့ ကျနော်တို့ နားလည် သဘောပေါက်တာကတော့ ဒီလကုန်လို့ ဖေ (၁)ရက်နေ့ ရောက်တဲ့ အခါ ကာလုံကို အစီရင်ခံတင်ပြမဲ့ တပ်ချုပ်ကြီးရဲ့ တင်ပြချက်ဟာ ရွေးကောက်ပွဲ ကျင်းပဖို့ အသင့်ဖြစ်နေပြီဆိုတဲ့ တင်ပြမှုပဲ ဖြစ်လိမ့်မယ်လို့ မျှော်လင့်လို့ရတဲ့ သဘောဖြစ်သွားခဲ့တာ တွေ့ရတယ်။

၂။ နောက်တချက် ပြန်ကြည့်ဖို့ လိုတာက နစက က ချမှတ်ထားတဲ့ ရှေ့လုပ်ငန်းစဉ်(၅)ရပ်မှာ ကျန်တဲ့ အပိုင်းတွေက အကုန်ပြီးစီးနေပြီလို့လည်း မှတ်ယူလို့ရတယ်။ ရွေးကောက်ပွဲအတွက် ကော်မရှင်ကိုလည်း အသစ်ပြန်လည်ဖွဲ့စည်းပြီးပြီ။ စီးပွားရေးလည်း အတော်အသင့်ထိန်းထားနိုင်ပြီ ဖြစ်နေသလို ကိုဗစ်ကလည်း အရင်လောက် ပမာဏ မများတော့ဘူး။ ငြိမ်းချမ်းရေးနဲ့ပတ်သက်ရင်လည်း ပါနိုင်သလောက် အဖွဲ့တွေကို ဆွဲခေါ်ပြီးတဲ့အချိန်မှာ နစက အနေနဲ့ သူလုပ်ရမဲ့ လုပ်ငန်းစဉ် ပြီးပြီလို့ပဲ မှတ်ယူလိမ့်မယ်။ ဆိုတော့ ရှေ့လုပ်ငန်းစဉ်(၅)ရပ်ထဲက နောက်ဆုံးအချက်ဖြစ်တဲ့ အရေးပေါ်ကာလဆိုင်ရာပြီးဆုံးရင် ၂၀၀၈ ခြေဥနဲ့အညီ တရားမျှတတဲ့ ရွေးကောက်ပွဲတစ်ခု အောင်မြင်စွာ ကျင်းပပြီးစီးရေးဆိုတာပဲ ကျန်တော့တယ်။

၃။ ဝန်ကြီးချုပ်ပြောတဲ့အထဲမှာ " ရှေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ ပါတီပေါင်း (၉၀)ကျော် စာရင်းတင်ခဲ့ပေမယ့် တကယ်ပြိုင်ခဲ့ကြတဲ့အချိန်မှာ ပါတီပေါင်း(၈၀)ကျော်ပဲ ပြိုင်ခဲ့ကြသလို ရွေးကောက်ခံကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရချိန်မှာလည်း (၁၉)ပါတီလောက်သာ ကိုယ်စားပြုခဲ့တာက ပါတီစာရင်းများပြားပြီးတော့ ပါတီအလိုက်ပြည်သူလူထုကိုယ်စားပြုမှုမှာ အားနည်းနေတဲ့ အချက်ကို ပြောသွားတာတွေ့ရတယ်။

၄။ လာမဲ့ ၂၀၂၃ ရွေးကောက်ပွဲနဲ့အတူ တက်လာမဲ့ အစိုးရသစ်ကာလဟာ ဒီမိုကရေစီနဲ့ဖက်ဒရယ် ကို အခြေပြုတဲ့ ပြည်ထောင်စု ကို သွားမယ်၊ PR စနစ်ကို ကျင့်သုံးမယ်လို့လည်း ပြောထား‌ တော့ မြန်မာပြည်ရဲ့ ပါတီစာရင်းက အရင်ကထက် မများရင်သာ နေမယ်၊ လျော့သွားဖွယ် မရှိဘူးလို့တော့ သုံးသပ်မိတယ်။ ဒါ့ကြောင့်လည်း အစည်းအဝေးမှာ ပါတီတွေ ကျစ်ကျစ်လစ်လစ်ဖြစ်ဖို့ ပါတီဆိုင်ရာ မှတ်ပုံတင်ခြင်းဥပဒေကို ပြင်ဆင်သင့်တာ ပြင်ဆင်ပြဋ္ဌာန်းဖို့ ပြောသွားတာ တွေ့ရတယ်။

၅။ အစိုးရပိုင်သတင်းစာတွေရဲ့ ဒီလ ၂၂ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ သတင်းတွေထဲမှာ PDF တွေရဲ့ မိုင်းထောင်ဖောက်ခွဲ၊ မီးရှို့ဖျက်ဆီးမှုတွေကြောင့် တိုင်းဒေသကြီးနဲ့ပြည်နယ် အသီးသီးမှာရှိတဲ့ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး အဆောက်အဦ ၁၃ လုံးနဲ့ ရုံးသုံးပစ္စည်းတွေ ပျက်စီးဆုံးရှုံးခဲ့တယ်လို့လည်း သိရတယ်။ ဖြစ်တဲ့ မြို့နယ်တွေကို တချက်ပြန်ကြည့်ရင် ဖာပွန်၊ ကြာအင်းဆိပ်ကြီး၊ ဆားလင်းကြီး၊ ပင်လည်ဘူး၊ ထီးလင်း၊ ပုလော၊ မင်းတပ်၊ ကန့်ပက်လက်၊ ဒီမော့ဆို၊ ဖရူဆို၊ ထန်တလန်နဲ့ တမူးတို့ မှာ ဖြစ်ပွားခဲ့တယ်။

၆။ ဒီစာရင်းတွေကို ဘာလို့ပြောပြနေရသလဲဆိုတော့ အစိုးရအနေနဲ့ကြည့်ရင် မြန်မာနိုင်ငံမှာ မြို့နယ်ပေါင်း ၃၃၀ ရှိတယ်။ ခုလက်ရှိ အတိုက်ခံရ၊ ဖျက်ဆီးခံရတယ်ဆိုတာ မြို့နယ် (၁၃)ခုထဲက ကော်မရှင်ရုံးခွဲအသေးလေးတွေ သာဖြစ်တယ်။ NLD အစိုးရ လက်ထက်တုန်းက တိုက်ပွဲမရှိဘဲနဲ့တောင် ရှမ်းပြည်နယ်က ဒေသအချို့ကို ရွေးကောက်ပွဲ မကျင်းပဖို့ ချန်ထားပြစ်ခဲ့ဖူးတယ်။ ပြောချင်တာက ရွေးကောက်ပွဲ နည်းဥပဒေမှာ ပြည်သူဘယ်နှစ်ယောက်မဲလာပေးမှ၊ ဘယ်ဒေသတွေ မကျင်းပဖြစ်လို့ အထွေထွေရွေးကောက်ပွဲ မကျင်းပနိုင်ဘူးဆိုတဲ့ ပြဋ္ဌာန်းချက် ရှိမနေဘူး။ နေပြည်တော်လို ပြည်ထောင်စုနယ်မြေတစ်ခုတည်းမှာပဲ ကျင်းပရင်တောင် ၂၀၂၃ ရွေးကောက်ပွဲက အတည်ဖြစ်တယ်ဆိုတာ သဘောပေါက်ဖို့လိုတယ်။

၇။ စာချုပ်ရရင် ဖေ(၁)ရက်နေ့မှာ တပ်ချုပ်ကြီးဆီက နိုင်ငံတော် ယာယီသမ္မတဆီ ကိုတက်လာမဲ့ အစီရင်ခံစာဟာ ရွေးကောက်ပွဲကျင်းပလို့ရပါပြီဆိုတဲ့ မီးစိမ်းတစ်ခုဖြစ်မယ်လို့ မျှော်လင့်လို့ရတယ်။ ဘယ်လို အနှောင့်အယှက်အတားအဆီးရှိနေပါစေ ရွေးကောက်ပွဲကို မဖြစ်မနေ ကျင်းပသွားမယ်ဆိုတဲ့ အရိပ်အယောင်တွေ တွေ့ရတယ်။ ဒါဟာ ၂၀၂၃ခုနှစ်အတွင်း ပထမအကြိမ်ကျင်းပတဲ့ အစည်းအဝေးဆိုရင်လည်း မမှားဘူး။ ရွေးကောက်ပွဲကျင်းပပါ့မယ်ဆိုတာကို ကမ္ဘာတဝန်းကို အသိပေးလိုက်တာဆိုရင်လည်း မမှားဘူး။ ဒါကိုမှ ဒီရွေးကောက်ပွဲ မပျက်ပျက်အောင် ဖျက်စီးမယ်ဆိုရင်တော့ ကိုယ့်လောက်မိုက်တဲ့အဖွဲ့အစည်း မရှိတော့ဘူး။


#ဖိုးစီ
Forwarded from KO CHIT (MDY) (Chit KO KO MDY)
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ဦးပိန်တံတားကြီးအနီးမှာတော့ နိုင်ငံတစ်ကာအဆင့်မှီ တောင်သမန် ကျေးလက်ခရီးသွား လုပ်ငန်းကို ဖော်ဆောင်လျက်ရှိပါသည်။
တောင်သမန်ကျေးလက်ခရီးသွားလုပ်ငန်းအား ဖော်ဆောင်ခြင်းအားဖြင့် ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာမှာဖြစ်သလို ပြည်တွင်း၊ ပြည်ပခရီးသွားများ ဝင်ရောက် လေ့လာလည်ပတ်ခြင်းဖြင့် နိုင်ငံတော်ရဲ့ဝင်ငွေလည်းတိုးတက်လာမှာ ဖြစ်တယ်လို့သိရှိရပါသည်။
အဆိုပါ ကျေးလက်ခရီးသွားဝန်ဆောင်မှုလုပ်ငန်းမှာတော့ နိုင်ငံတစ်ကာအဆင့်မီ ဟိုတယ်များ၊ shopping center များ၊ လူနေအိမ်များ၊ စားသောက်ခန်းများစသည်ဖြင့် ဝန်ဆောင်မှုလုပ်ငန်းတွေ ပါဝင်မှာဖြစ်ကာ ယခုအခါမှာတော့ ၂၀%ကျော် ပြီးစီးနေပြီဖြစ်တယ်လို့ သိရှိရပါတယ်။