တပ်ကြပ်ကြီးဖိုးကွန်း
21.1K subscribers
11.5K photos
1.17K videos
816 links
Download Telegram
COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း
(04-10-2022, 8:00 PM)

စစ်ဆေးသူ 12,198 ဦး
ပိုးတွေ့သူ 390 ဦး
ပိုးတွေ့ရာနှုန်း 3.20 %
ပိုးတွေ့သူစုစုပေါင်း 624,682 ဦး

ဆေးရုံများမှပြန်လည်ကောင်းမွန်လာသူ နှင့် နေအိမ်တွင်သီးခြားထားရှိရာမှ ပြန်လည်ကောင်းမွန်လာသူ 273 ဦး
ဆေးရုံဆင်းရာနှုန်း 95.89 %
ဆေးရုံဆင်းသူစုစုပေါင်း 598,994 ဦး

သေဆုံးသူ 2 ဦး
သေဆုံးရာနှုန်း 3.12 %
သေဆုံးသူစုစုပေါင်း 19,463 ဦး
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်းစီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်များအား ပြည်မြို့ရှိ၊ သီရိခေတ္တရာရတနာပုံမြို့တော်ခန်းမ၌ ယနေ့ တွေ့ဆုံ။#ဖိုးစီ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇနီး ဒေါ်ကြူကြူလှ ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ ကျက်သရေဆောင် လေးဆူဓာတ်ပျော်ရွှေဆံတော် စေတီတော်မြတ်ကြီးအား သွားရောက်ဖူးမြော်ကြည်ညိုခဲ့သည့် မြင်ကွင်းဓာတ်ပုံများ။ #ဖိုးစီ
Forwarded from Nay Zin Latt We Love (sansan htay)
. #ဒေါ်လာအားပျော့_ရွှေပြန်တက်

သတိထားကြည့်နေတာ
ဒီ Pattern က (၂) ကြိမ်ရှိသွားပြီ၊
ပထမတကြိမ်မှာ အတိုးနှုံးမြှင့်တာ
ခဏပဲခံပြီး၊ ဒေါ်လာ အားပြန်ပျော့သွားတော့

" အမေရိကန်စီးပွားရေး အခြေခံ
အားမကောင်းလို့ $ တန်ဘိုးပြန်ကျမယ်"

..... လို့ရေးခဲ့လိုက်သေးတယ်၊

ပြီးခဲ့တဲ့တခေါက်မှာ အတိုးနှုံး
ထပ်မြှင့်လိုက်သေးတယ်၊ အညွှန်းကိန်းက
114.5 အထိလားမသိဘူး... စံချိန်တင်
တက်သွားတယ်၊

မနေ့က
အမေရိကန်ကူန်ထုတ်လုပ်မှု အညွှန်းကိန်းက
ထင်သလိုဖြစ်မလာပဲ ကျသွားတယ်၊
$ အညွှန်းကိန်းလဲ 114.5 ➡️ 111 အထိကျတယ်၊
ဒေါ်လာတန်ဘိုး ပြန်ကျသွားတယ်ပေါ့၊
$ တန်ဘိုးကျသွားတာနဲ့... ရွှေက $ 1614 ကနေ
(၂) ရက်အတွင်း $ 1724 ( ရေးချိန်အတွင်း)
တဟုန်ထိုးတက်သွားပါတော့တယ်၊

..........

#ဘာဖြစ်လာမလဲ ?

အတိုးနှုံးကို (၄-၅) ကြိမ်မြှင့်ရာမှာ 3.5% အထိ
ရောက်သွားပြီနဲ့တူတယ်၊ စီးပွားအခြေခံ
အားမကောင်းလေတော့ $ တန်ဘိုးက
မြှင့်သလောက် Level မှာ မနေပဲ
ပြန်ပြန်ကျလာတယ်၊ တနည်းပြောရရင်
Inflation ကို မသတ်နှိုင်ဘူး၊
ဒါပေမဲ့ အတိုးနှုံးမြှင့်ထားပြီးလေတော့
အစိုးရက ဘွန်းတွေကိုပြန်ဝယ်တဲ့အခါမှာ
ငွေပိုသုံးရတော့မယ်၊
မဟုတ်ရင် ဘွန်းတွေထပ်ရောင်းရမယ်
ဆိုလိုတာက အကြွေးပိုထူလာလိမ့်မယ်၊

အကြွေးမချေနှိုင်လို့ ဒေဝါလီခံလိုက်ရင်
တကမ္ဘာလုံး ငုတ်တုပ်မေ့မဲ့ကိန်း၊
Nord Stream ကိုတောင်ဖေါက်ခွဲပြီး
ဓါတ်ငွေ့ဈေးကွက်ကို မျက်နှာပြောင်တိုက်ပြီး
လုခဲ့သေးသူဟာ... ဒေဝါလီမခံဘူးလို့
ဘယ်သူမှမပြောနိုင်ဘူး၊

အမေရိကန်အကြွေးက
အမေရိကန် GDP ထက်များနေပြီလေ...
လူတွေရဲ့သဘောက အကြွေးထူလွန်းရင်
လုပ်ချင်တာ လုပ်တတ်ကြတယ်မဟုတ်လား

#BaMaung ( 4.10.22 ) 😅
ရိုးရိုးလေးနေပြီးတော့
မြင့်မြင့်ကြံတဲ့သူဟာတိုးတက်တယ် ။

တိတ်တိတ်လေးနေပြီးတော့
ကျယ်ကျယ်လေးလုပ်ဆောင်တဲ့သူဟာ
ပိုထိရောက် ပြီး‌မြှောက်ပါတယ် ။

အလိုဆန္ဒကြီးသူထက်
ရသလောက်နဲ့ကျေနပ်နိုင်တဲ့သူက
ပိုပြီးတော့ ပြည့်စုံပါတယ် ။

အပြောအရမ်းကောင်းတဲ့သူထက်
စိတ်ထားကောင်းတဲ့သူက
ပိုပြီးတော့ ခင်ဖို့ကောင်းပါတယ် ။

နှမြှောတတ်တဲ့သူထက်
ပေးကမ်းစွန့်ကြဲတတ်တဲ့သူက
ပိုပြီးတော့ အောင်မြင်ကြီးပွားပါတယ် ။

မတရားကြီးပွားနေတဲ့သူထက်
ကိုယ့်သိက္ခာတန်ဖိုးနဲ့ နေတဲ့သူက
နေထိုင်မှု စိတ်ချမ်းသာရပါတယ် ။

🙏🙏🙏သာရ ဂ ဝေ သီ🙏🙏🙏
#ယနေ့စက်သုံးဆီစျေး ( ygn )
5.10.2022

လီတာ/ကျပ်
92. 1880 ( - 50 )
95. 1950 ( - 45 )
Diesel. 2480 ( + 50 )
P D. 2565 ( + 50 )

#cn
Media is too big
VIEW IN TELEGRAM
CDM လုပ်သွားပြီး အမြင်မှန်ရကာ ပြန်လည်အလင်းဝင်လာတဲ့ ဗိုလ်မှူး မျိုးမင်းထွန်း ရဲ့  ဖွင့်ဟ ဝန်ခံထွက်ဆိုချက်
ဗမာ့တပ်မတော်မှာ CDM ဘာညာ ဆိုတာ
လာမပြောနှင့်၊ CDM မရှိဘူး၊ တပ်ပြေးပဲ
ရှိတယ်
........

ထပ်ကအမိန့်မနာခံဘဲ ထွက်သွားရင် ၁၉၅၉ တပ်မတော်အက်ဥပဒေ ပုဒ်မ (၃၂) အရ

"၃၂။ ။ ဤအက်ဥပဒေကို လိုက်နာရသူတဦးဦးသည်-

(က) မိမိအားလွှဲအပ်ထားသော၊ သို့တည်းမဟုတ် မိမိကာကွယ်ခုခံရန်တာဝန်ဝတ်တရားရှိသော မြို့
စောင့်တပ်စခန်း၊ ခံတပ် ၊တာဝန်ကျနေရာ၊ နေရာရေယာဉ်၊

သို့တည်းမဟုတ်...

ကင်းတခုခုကို ရှက်ဘွယ် ကောင်းစွာစွန့်ပစ်လျှင်၊

သို့တည်းမဟုတ်..

ပေးအပ်လျှင်၊ သို့တည်းမဟုတ် အဆိုပါပြုလုပ်
မှုများ အနက် ပြုလုပ်မှုတစ်ခုခုကို ကျူးလွန်ရန်တပ်မှူးတစ်ဦးဦးအားသော်လည်းကောင်း၊အခြား
သူတစ်ဦးဦးအားသော်လည်းကောင်း၊အတင်းအ
ကျပ်ပြုရန်ဖြစ်စေ၊ သွေးဆောင်ဖြားယောင်းရန်
ဖြစ်စေ၊မည်သည့်နည်းမျိုးကိုမဆိုအသုံးပြုလျှင်၊

သို့တည်းမဟုတ် ....

(ဃ) ရန်သူနှင့်ဖြစ်စေ၊ ပြည်ထောင်စုမြန်မာနိုင်ငံ
အား လက်နက်စွဲကိုင် တိုက်ခိုက်သူတစ်ဦးဦး နှင့်
ဖြစ်စေ၊ သစ္စာမဲ့စွာ စာပေးစာယူပြုလုပ်လျှင်၊

သို့တည်းမဟုတ် ..

ထိုရန်သူကိုဖြစ်စေ၊ထိုလက်နက်စွဲကိုင်တိုက်ခိုက်
သူ တစ်ဦးဦးကို ဖြစ်စေ၊ သစ္စာမဲ့စွာ သတင်းပေး
ဆက်သွယ်လျှင်၊

သို့တည်းမဟုတ် ...

(ဇ) တိုက်ပွဲဖြစ်ပွားနေသည့်အခါတွင် နည်းလမ်း
တကျ တာဝန်လွှဲပြောင်းပေးခဲ့ခြင်းမရှိဘဲဖြစ်စေ၊
ခွင့်မရ ရှိဘဲဖြစ်စေ၊ မိမိ၏တပ်မှူး၊

သို့တည်းမဟုတ် ..

မိမိတာဝန်ကျနေရာ၊ကင်း၊စောင့်ကင်း၊လှည့်ကင်း

သို့တည်းမဟုတ် ..

အဖွဲ့ကိုစွန့်ခွါသွားလျှင်၊

သို့တည်းမဟုတ် ....

ပြုလျှင် စစ်တရားရုံးကပြစ်မှုထင်ရှား စီရင်သော
အခါ

သေဒဏ်ဖြစ် စေ၊ ဤအက်ဥပဒေတွင်ဖော်ပြထား
သည့်လျော့သောပြစ်ဒဏ်ဖြစ်စေ၊ထိုက်သင့်စေရ
မည်" ဆိုတဲ့

ပြဋ္ဌာန်းချက်တွေ နှင့် အညီ ပြတ်ပြတ်သားသား
အရေးယူဖို့ပဲရှိတယ်။

သွားတုန်းက အခြားနိုင်ငံတစ်ခုမှာ ခိုလုံခွင့်ရပြီး
ကြီးပွား ကောင်းစား လေမလား ဆိုတဲ့မျှော်လင့်
ချက်နှင့်သွားပြီး မှန်းချက်နှင့် နှမ်းထွက်မကိုက်
လို့ ပြန်လာတာကို အသာတကြည်လက်ခံလိုက်
ရင်

နောက်ပိုင်း ဒို့ဆီကရဲဘော်တွေကို

"အဆင်ပြေမယ် ထင်ရင် ကိုယ့်လူတို့ စမ်းသွား
ကြည့်လေ၊Ok တော့လည်း နေလိုက်ပေါ့၊မဟန်
ရင်လည်းဘာအကြောင်းလဲ၊ ငိုပြီးပြန်လာလို့ရ
တာပေါ့"ဆိုတဲ့အတွေးအခေါ်ကိုရိုက်သွင်းသလို
ဖြစ်တော့မှာ။

တပ်ကပြေးသွားတဲ့ကောင်တွေ ပြန်လာဖို့မက်လုံး
ပေးရလောက်အောင် ဘာအကြောင်းမှမရှိဘူး၊

ထပ်ပြေးချင်သူတွေ မပြေးရဲအောင် ပြတ်ပြတ်
သားသားလုပ်ပြဖို့ပဲရှိတယ်၊

မစင် တွင်းထဲ ကျသွားတဲ့ မုန့်ကို ရေဆေးပြီးပြန်
ဆယ်စရာမရှိ၊ လက်ထဲကမုန့်တွေ မစင်တွင်းထဲ
ထပ်မကျအောင်ပဲ ထိန်းရမှာ။

#အေးနေဝင်း
Tomorrow 6.10.2022

ဓာတ်ဆီ စျေး ၁၀၀ ကျပ်နီးပါး
တက်နိုင်ပါသည်။

ဒီဇယ်ဆီ စျေး ၁၀၀ ကျပ် ခန့်
တက်နိုင်ပါသည်။

**ဒေါ်လာစျေး အခြေအနေအရ
စျေးနှုန်းပြောင်းလဲနိုင်။

#cn
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇနီး ဒေါ်ကြူကြူလှ ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ ၏ အရှေ့ တောင်ဘက် ၅ မိုင်ခန့်အကွာရှိ ပျူမြို့ဟောင်းများအနက် အကြီးဆုံးဖြစ်သည့် သရေခေတ္တရာမြို့ဟောင်း ကမ္ဘာ့အမွေအနှစ်ဒေသသို့ ယနေ့ရောက်ရှိ။ အရှေ့တောင်အာရှဒေသ၏ မြို့ပြယဉ်ကျေးမှုအစဖြစ်သည့် သရေခေတ္တရာကမ္ဘာ့အမွေအနှစ်ဒေသသည် မြန်မာ့သမိုင်းကို ခိုင်ခိုင်မာမာ အဆင့်ရှိရှိ ပြသနိုင်မည့် ကမ္ဘာ့အဆင့်မီယဉ်ကျေးမှုဇုန်ဖြစ်စေရန် စနစ်တကျ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရန် မှာကြား။ #ဖိုးစီ