Forwarded from Sandi Myint Aung
နိုင်ငံတော်သမ္မတ(ငြိမ်း) ဦးသိန်းစိန် တက်ရောက်နေတဲ့ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး (၅) ရပ် ချမှတ်ခဲ့သည့် နှစ် (၇၀) ပြည့် အထိမ်းအမှတ်အခမ်းအနားတွင် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင် တက်ရောက် မိန့်ခွန်းပြောကြား
#
#
Forwarded from မြန်မာ့ဂုဏ် သတင်းမီဒီယာ
သမ္မတ(ငြိမ်း)ဦးသိန်းစိန် ငြိမ်းချမ်းစွာအတူနေထိုင်ရေးမူကြီး(၅)ချက် ထုတ်ပြန်ခြင်းအထိမ်းအမှတ်နေ့လယ်စာ အခမ်းအနားတွင် မိန့်ခွန်းပြော
နိင်ငံတော်သမ္မတ(ငြိမ်း) ဦးသိန်းစိန်သည် တရုတ်နိုင်ငံ မြိုတော်ဘေဂျင်းတွင်ကျင်းပနေသည့် ငြိမ်းချမ်းစွာ အတူနေထိုင်ရေး မူကြီး(၅)ချက် ထုတ်ပြန်ခြင်း နှစ် ၇၀ပြည့်အထိမ်းအမှတ် ဂုဏ်ပြုနေ့လယ်စာစားပွဲတွင် မိန့်ခွန်း ပြောကြားခဲ့ပါတယ်။ အဆိုပါနေ့လယ်စာစားပွဲတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယီနှင့် အခြားသော နိုင်ငံ ခေါင်းဆောင်အချိုလည်း မိန့်ခွန်းများပြောကြားခဲ့ပါတယ်။
#myanma_gone

Forwarded from ပြည်သူ့စစ်မှုထမ်းများ စုစည်းရာ
သင်တန်းဆင်းညစာစားပွဲပြီးတော့
ကဲကြသည်တို့ ဘာတို့ပေါ့
😊😊😊
#PMS
ပြည်သူ့စစ်မှုထမ်းချန်နယ်လေးကို
Join ထားနိုင်ပါတယ်
ကဲကြသည်တို့ ဘာတို့ပေါ့
😊😊😊
#PMS
ပြည်သူ့စစ်မှုထမ်းချန်နယ်လေးကို
Join ထားနိုင်ပါတယ်
Forwarded from ကိုလှရွှေ (သတင်းမှန်)
တရုတ်နိုင်ငံတွင် ကျင်းပမည့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီးငါးချက် ထုတ်ပြန်ခြင်း နှစ် ၇၀ ပြည့် အထိမ်းအမှတ် အခမ်းအနားသိုတက်ရောက်နေတဲ့ သမ္မတ(ငြိမ်း) ဦးသိန်းစိန်
အဆုံးအဖြတ်တိုက်ပွဲ
လားရှိုးကို MNDAAနဲ့TNLA က ဇူလိုင်၂ရက်နေ့ည ကစတိုက်တယ်။၃ရက်နေ့၄ရက်နေ့ တိုက်ပွဲတွေဆက်ဖြစ်နေဆဲဖြစ်ပြီး MNDAA,TNLAက ရှော့တိုက်ဒုံးတွေနဲ့
လားရှိုးမြို့တွင်းကိုပစ်ခတ်မှုကြောင့်လူနေရပ်ကွက်တွေထဲကျရောက်ပြီး အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးမှုတွေ ဖြစ်ပေါ်လာပါတယ်။
ဇူလိုင်၃ရက်နေ့ ရှော့တိုက်ဒုံးပစ်ခတ်မှုကြောင့်အသက် ၁၂နှစ်နဲ့၁၄နှစ် ကလေး၃ဦးအပါအဝင် ပြည်သူ၇ဦးသေဆုံးခဲ့ရပြီး၈ဦးဒဏ်ရာရ၊ ဇူလိုင်၄ရက်နေ့ပစ်ခတ်မှုကြောင့် ပြည်သူ၃ဦးသေဆုံး၊ပြင်းထန်ဒဏ်ရာရ၂ဦးရှိကြောင်းသိရပါတယ်။
လားရှိုးမှာ တိုက်ပွဲပြင်းထန်နေဆဲ ဖြစ်ပြီး ဇွန်၂၅မှာTNLA စတင်တိုက်ခိုက်ခဲ့တဲ့ မိုးကုတ်၊ကျောက်မဲ၊နောင်ချို မြို့တွေကတော့ ဒီကနေ့အထိ တိုက်ပွဲတွေဆက်ဖြစ်နေဆဲ ဖြစ်ပါတယ်။
မိုးကုတ်ကျောက်မဲနောင်ချိုမြို့ တိုက်ပွဲတွေမှာ အရပ်သားပြည်သူသေဆုံးမှုတွေ ရှိခဲ့ပေမယ့် နစကဘက်က တရားဝင်ထုတ်ပြန်ချက်မတွေ့ခဲ့ရဘဲဇူလိုင်၃ရက် ၄ရက် လားရှိုးမြို့တိုက်ပွဲမှ ထုတ်ပြန်လာပါတယ်။ ဇွန်၂၅ကစခဲ့တဲ့ဒုတိယအကျော့ ရှမ်းမြောက်တိုက်ပွဲတွေ မှာဘာသတင်းထုတ်ပြန်ချက်မှ မတွေ့ခဲ့ရဘဲ ဇူလိုင်၃ရက်နေ့ မှစ ထုတ်ပြန်လာတာတွေ့ရပါတယ်။
TNLA,MNDAA ကမြို့ထဲကိုရှော့တိုက်ဒုံးတွေနဲ့ပစ်လို့ အရပ်သားပြည်သူကလေးငယ်တွေပါ သေဆုံးကြရတာ ထင်ရှားနေတာကို တပ်မတော်ကပစ်တာလို့ TNLA က ဗြောင်လိမ်ဗြောင်စားကြေညာ ချက်ထုတ်ပါတယ်။ မြို့ရွာဖျက်ဆီးရေးဆိုတာသောင်းကျန်းသူသူပုန်လုပ်နေကျအလုပ်ဖြစ်လို့ သူပုန်ကသူပုန်အလုပ် ပီပီပြင်ပြင်လုပ်နေတာကို တပ်မတော် က တပ်မတော်အလုပ် ပီပီပြင်ပြင်ကာကွယ်တားဆီးနိုင်ဖို့လိုပါတယ်။
မိုးကုတ်ကျောက်မဲနောင်ချိုလက်လွှတ်လိုက်ရရင်စစ်မီးဟာ ပြင်ဦးလွင်မန္တလေး ဆီကပ်လာမှာဖြစ်ပြီး လားရှိုးကျရင်တော့ရှမ်းမြောက်တစ်ခုလုံးပါသွားပြီး အရှက်တကွဲအကျိုးနည်းဖြစ်ရမှာဖြစ်လို့ ကျည်တစ်တောင့်လူတစ်ယောက်ကျန်တဲ့အထိ မဆုတ်တမ်းခံစစ်ဆင်ကြရတော့မှာ ဖြစ်ပါတယ်။
မိုးကုတ်ကျောက်မဲနောင်ချိုဟာပြင်ဦးလွင် မန္တလေးရဲ့ ရှေ့ကာ မြို့တွေဖြစ်သလို တိုင်းစစ်ဌာနချုပ်တည်ရှိရာ ရှမ်းမြောက်မြို့တော် လားရှိုးဟာလည်း ဂုဏ်သိက္ခါအရကောတိုင်းပြည်ရဲ့အချုပ်အခြာ အာဏာအတွက်ပါ အရေးပါနေတဲ့အတွက် လက်ရှိအရှိန်မြင့်နေဆဲ ရှမ်းမြောက်တိုက်ပွဲတွေကို ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် အနိုင်တိုက်ရတော့မှာ ဖြစ်ပါတယ်။
အင်ဖာကိုဟီးမားတိုက်ပွဲမှာအမှားတွေ လုပ်မိလို့ စစ်ရှုံးမလို ကြုံခဲ့ရာက အနိုင်ရအောင်ပြန်လုပ်ခဲ့တဲ့ ဗိုလ်ချုပ် ကြီးဝီလျံစလင်း ရဲ့ "ဖိတ်ကျသွားတဲ့နွားနို့ခွက် အတွက် နောင်တရမနေနဲ့"ဆိုတဲ့ ဆောင်ပုဒ်အတိုင်း လက်ရှိ အခြေအနေတွေကနေ အကောင်းဆုံးဖြစ်အောင် လုပ်နိုင်ဖို့ သာ လိုပါတော့တယ်။
အခုအချိန်မှာတန်ဖိုးအရှိဆုံးအရာဟာအချိန်ဖြစ်ပါတယ်။စစ်သူကြီးနပိုလီယံက" ဒီနေမင်းကြီးမဝင်သေးဖို့နောက် ထပ်အချိန်ဆွဲလို့ရသေးရင် ဘာမဆိုငါပေးနိုင်ပါတယ်"ပြောသလို အချိန်နှောင်းမှ တန်ဖိုးသိသလိုမဖြစ်ဖို့လိုပါတယ်။
တိုက်ပွဲအနိုင်အရှုံးဟာအချိန်ကိုအကျိုးရှိရှိ သုံးနိုင်တဲ့ဘက်က အသာစီးရစမြဲ ဖြစ်လို့ စက္ကန့်မိနစ်နာရီတိုင်း အချိန်နဲ့အမျှ လှည့်စားမှု၊အငိုက်ဖမ်းမှု စစ်ကစားမှုတွေ လုပ်နိုင်တဲ့ဘက်က အသာစီးရမှာဖြစ်ပါတယ်။
တိုက်ပွဲတွေဟာအချိန်နဲ့အမျှအရေးကြီးနေပါတယ်။ မိုးကုတ်၊ကျောက်မဲ၊နောင်ချို ၊လားရှိုးတိုက်ပွဲတွေဟာ တိုင်းပြည်ကံကြမ္မာအဆုံးအဖြတ်ပေးမယ့်တိုက်ပွဲတွေ ဖြစ်လို့ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် နိုင်အောင်တိုက်ဖို့လိုပါတယ်။
#ThaungLwinHein

အရင်းလှဲ အဖျားထင်းဖြစ်
တရုတ်မြန်မာစစ်လေးကြိမ်ဖြစ်ခဲ့တဲ့
ကုန်းဘောင်ခေတ်ဆင်ဖြူရှင်မင်းလက်ထက် ၊တရုတ်တပ်တွေ အင်းဝနေပြည်တော်နားအထိ ရောက်လာတဲ့ တတိယအကြိမ်စစ်မှာ သိန္နီဘက်မှာတိုက်နေတဲ့ စစ်သူကြီးမဟာသီဟသူရကို အင်းဝနေပြည်တော်ဘက်ပြန်ကပ်ဖို့လက်အောက်ခံတပ်မှုးတွေကတင်ပြကြပါတယ်။
စစ်သူကြီးမဟာသီဟသူရက အင်းဝနေပြည်တော်နားအထိ လိုက်တိုက်စရာမလို၊နောက် က ထောက်ပံ့ရေးလမ်းကြောင်းကိုဖြတ်တောက်တိုက်ခိုက် ရင် အရင်းလှဲအဖျားထင်းဖြစ် ဆိုသလိုတရုတ်တပ်တွေ ပြန်ဆုတ်လာကြရလိမ့်မယ်
"စစ်တို့သဘောသည် နောက်တပ်မနှင့်မျိုးရိက္ခာအမြစ်အရင်းဖြစ်သည်။စစ်ဦးစစ်ဖျားဆိုသည်မှာအခက်အလက်မျှသာဖြစ်သည်။ အမြစ်အရင်းဖြစ်သော မျိုးရိက္ခာ၊နောက်တပ်မကို ဖြတ်ပိုင်းတူးပစ်လျှင်အခက်အလက်ဖြစ်သောစစ်ဖျားစစ်ဦးနွမ်းနွယ်သွေ့ခြောက်၍ ထင်းမီးအစာတို့ ဖြစ်ရသကဲ့သို့သာရှိလိမ့်မည်"
လို့ စစ်သမိုင်းမှာ ရာဇဝင်တွင်မယ့် စကားပြောဆိုခဲ့ပြီးထောက်ပံ့ရေးလမ်းကြောင်း တွေကိုဖြတ်တောက်တိုက်ခိုက်တဲ့အတွက် တရုတ်တပ်တွေ လက်နက်ခဲယမ်း စားနပ်ရိက္ခါပြတ်ပြီးပြန်ဆုတ်ခွာကြရပါတယ်။
ရှေ့မှာလူအင်အားများပြားလေနောက်က ထောက်ပံ့ပို့ဆောင်ရေးတွေ ပိုလိုအပ်လေဖြစ်လို့ ရန်သူ့ထောက်ပံ့ရေးလမ်းကြောင်းတွေ ဖြတ်တောက်တိုက်ခိုက်ရေးဟာမဖြစ်မနေလုပ်ရမယ့် အလုပ်ဖြစ်ပါတယ်။
ရှေ့မှာလိုအပ်တဲ့လူလက်နက်ခဲယမ်းအင်အားဆေးဝါးဖြည့်တင်းရေး၊လူနာပြန်သယ်ထုတ်ရေးဆိုတဲ့ ရန်သူ့ထောက်ပံ့ရေးလမ်းကြောင်း ဟာတောထဲတောင်ထဲ လူအထမ်းနဲ့မဟုတ်ဘဲ ကားလမ်းတွေအတိုင်းယာဥ်တန်းနဲ့ လုပ်နေတာဖြစ်လို့ ခြေလျင် က မဖြတ်တောက်နိုင်ရင်တောင်မှ မိမိလေကြောင်းအရေးသာမှုနဲ့ ထိထိမိမိဖြတ်တောက်ချေမှုန်းနိုင်ဖို့ လိုပါတယ်။

"စစ်နိုင်ဖို့သာ အဓိက "
ဘယ်လိုပဲ တိုက်တိုက်၊ ဘာလက်နက်ပဲ သုံးသုံး၊ ဘယ်လို သံခင်းတမန်ခင်းပဲ ကျင့်သုံးကျင့်သုံး အဓိက စစ်နိုင်ဖို့ပဲ လိုတယ်။
ကျန်တဲ့ စီးပွားရေးတွေက မူဝါဒ ဘယ်လောက်အားကောင်း အားကောင်း နယ်မြေတည်ငြိမ်မှု မရှိရင်၊ လုံခြုံရေးအရ အစိုးရက အကာအကွယ်မပေးနိုင်ရင် ဘယ်လုပ်ငန်းရှင်မှာ လာပြီး ရင်းနှီးမြုပ်နှံ့မှာ မဟုတ်ဘူး။ စစ်ပွဲ တွေ အဆုံးမသတ်နိုင်ရင် ဆေးရုံ၊ဆေးခန်းတွေလည်း ပိတ်ရတယ်။ ပညာရေးကျောင်းတွေလည်း ပိတ်ရတယ်။
အညာမှာ အနီအစိမ်းကွဲပြားမှုနဲ့ ရွာလုံးကျွတ်သတ်ဖြတ်တာတွေအများကြီး။ ဒလန်ခေါင်းစဉ်နဲ့အသတ်ခံရတဲ့ ဝန်ထမ်းတွေလည်း မနည်းဘူး။ စစ်ကြောင့်ပဲ ကုန်ထုတ်လုပ်မှုတွေကျသွားရပြီ။ အရွယ်ရောက်တဲ့ လူငယ်တွေ အများကြီး စတေးခံ ဖြစ်သွားရပြီ။ ဘယ်သူနာလဲ ပြောရင် တိုင်းပြည်နာတာပါပဲ။
စစ်ကြီးအဆုံးသတ်ဖို့ဆိုတာ အတော်ခက်ပါလိမ့်မယ်။ အထူးသဖြင့် လူမျိုးရေးနာမည်ခံတဲ့ စစ်ဟာ ဘယ်တော့မှ ပြီးဆုံးတယ်မရှိပါဘူး။ အရကန်နိုင်ငံတို့၊ တအောင်းပြည်နယ်တို့ ၊ ဝ ပြည်နယ်တို့ဆိုတဲ့ မျှော်လင့်ချက်တွေကပဲ ဒီစစ်ပွဲရဲ့ မျိုးစေ့တွေ ဖြစ်နေတာပါ။
ပြည်ထောင်စုကို သစ္စာမရှိတဲ့ ကိုးကန့် MNDAA တွေ၊ အင်အားကြီးရင် လူပါးဝတတ်တဲ့ တအောင်း TNLA တွေ နဲ့ ကွန်ဖက်ထရိတ်အိပ်မက်မက်နေတဲ့ AA တို့အပေါ်မှာ ဥပဒေနဲ့ NCA အကြောင်းပြောပြီး တရားချလို့ မရတော့ပါဘူး။ ဘယ်လိုပဲ တိုက်တိုက်၊ ဘာလက်နက်ပဲ သုံးသုံး၊ ဘယ်လို သံခင်းတမန်ခင်းပဲ ကျင့်သုံးကျင့်သုံး အဓိက စစ်နိုင်ဖို့ပဲ လိုတာ အဓိက ကျပါတယ်။
(နရီမိုး)

Forwarded from 🇲🇲 အောင်ဇေယျ 🇲🇲 (Nga Min)
နမ့်စန်မြို့နယ်အတွင်း လက်နက်/ခဲယမ်းများနှင့်အတူ တရားခံများ ဖမ်းဆီးရမိ
နေပြည်တော်၊ ဇူလိုင် ၁၃
နေပြည်တော်၊ ဇူလိုင် ၁၃