တပ်ကြပ်ကြီးဖိုးကွန်း
21.3K subscribers
11.4K photos
1.16K videos
800 links
Download Telegram
Forwarded from Kyaw Swar
TNLA ၏ တစ်ကျော့ပြန်တိုက်ခိုက်မှုကြောင့် ကျောက်မဲတွင် သုံးရက်အတွင်း ပြည်သူ ၂၁ ဦးသေဆုံး

၂၇.၆.၂၀၂၄
Written by TZ

ရှမ်းပြည်နယ် ( မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ ကျောက်မဲမြို့ကို TNLA ဦးဆောင်သည့် မြောက်ပိုင်းသုံးဖွဲ့၊ NUG ဩဇာခံ မန္တလေး PDF တို့ ပူးပေါင်းလက်နက်ကိုင်အဖွဲ့များ၏ ပစ်ခတ်တိုက်ခိုက်မှုအတွင်း လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမူကြောင့် သုံးရ​က်အတွင်း ​ပြည်သူ ၂၁ ဦးကျည်ထိမှန်၍ သေဆုံးသွားကြောင်း သိရသည်။

ဇွန်လ ၂၅ ရက် နံနက်ခင်းမှစတင်၍ ဇွန်လ ၂၇ ရက်နေ့အထိ ကျောက်မဲမြို့အနီးတစ်ဝိုက်အတွင်း TNLA/PDF နှင့် လုံခြုံရေးတပ်ဖွဲ့တို့ အပြန်အလှန် ပစ်ခတ်ရာ ထိုတိုက်ပွဲများအတွင်း ပြည်သူများ အသက်ပေးခဲ့ရခြင်းလည်းဖြစ်သည်။

"လက်နက်ကြီးတွေနဲ့ပစ်နေကြတော့ အလောင်းတွေမကောက်ရဲဘူး။ နည်းနည်းငြိမ်သွားပြီဆိုရင် သွားကောက်လို့။ အခုလည်း အလောင်းတွေရှိသေးတယ်။ မကောက်ရဲသေးလို့။ တချို့က လက်နက်ကြီးကျည်ကျလို့ သေတယ်။ တချို့က ကျည်ထိလို့သေတယ်။ အခုလည်းပစ်နေတာ။ အများဆုံးသေတာက ( ၁) ရပ်ကွက်ကပိုများတယ်။ သေတဲ့သူတွေအကုန်က အမျိုးသားတွေ။ ဒီအလောင်းတွေက ၂၅ ရက်ကနေ ၂၇ ရက်ထိ အလောင်းတွေ" ဟု ဒေသခံလူမှုကူညီရေးအသင်းမှ MT News သို့ ဖြေကြားသည်။

လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမူကြောင့် သေဆုံးသူများမှာ ကျောက်မဲမြို့၊ ( ၁) ရပ်ကွက်၊ ( ၂) ရပ်ကွက်၊ ( ၉) ရပ်ကွက် တောင်/ မြောက်တို့တွင် နေထိုင်သူများ ဖြစ်ကြောင်း သိရသည်။ အဆိုပါ ရုပ်အလောင်းများကို နမ့်ခုံးရှမ်းများပရဟိတအသင်း(ကျောက်မဲအသင်းခွဲ)နှင့်နာရေးကူညီမှုအသင်း(ကျောက်မဲ)တို့မှ အေးချမ်းသာသုဿာန်တွင် သင်္ဂြိုဟ်လိုက်ကြောင်း သိရသည်။

၁၀၂၇ အပိုင်း (၂) စစ်စစ်ရေးကို TNLA ပူးပေါင်းအဖွဲ့က ဇွန်လ ၂၅ ရက်တွင် စတင်ခဲ့ပြီး လက်ရှိတွင် ကျောက်မဲ၊ နောင်ချို၊ မိုးကုတ်၊ မိုးမိတ်၊ သီပေါ၊ မတ္တရာ စသည့်မြို့နယ်များ၌ တိုက်ပွဲများဖြစ်ပွားနေသလို ပြည်သူများစွာသေကြေနေသလို ပြည်သူထောင်သောင်းချီလည်း စစ်ဘေးရှောင်နေကြရသည်။

ဓာတ်ပုံ - နမ့်ခုံးရှမ်းများ
ပရဟိတအသင်း

#ကျောက်မဲ #TNLA #မန္တလေးPDF #AA #MNDAA #၁၀၂၇စစ်ဆင်ရေးအပိုင်း၂ #NUG #မိုးကုတ် #mtnews
28-6-2024 ရက်နေ့ ယနေ့
ပြည်သူ့စစ်မှုထမ်းအမှတ်စဉ်(၁) သင်တန်းသားများ သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ
Forwarded from Sandi Myint Aung
နိုင်ငံတော်သမ္မတ(ငြိမ်း) ဦးသိန်းစိန် တက်ရောက်နေတဲ့  ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး (၅) ရပ် ချမှတ်ခဲ့သည့် နှစ် (၇၀) ပြည့် အထိမ်းအမှတ်အခမ်းအနားတွင်  တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင် တက်ရောက် မိန့်ခွန်းပြောကြား

#
သမ္မတ(ငြိမ်း)ဦးသိန်းစိန် ငြိမ်းချမ်းစွာအတူနေထိုင်ရေးမူကြီး(၅)ချက် ထုတ်ပြန်ခြင်းအထိမ်းအမှတ်နေ့လယ်စာ အခမ်းအနားတွင် မိန့်ခွန်းပြော

နိင်ငံတော်သမ္မတ(ငြိမ်း) ဦးသိန်းစိန်သည်  တရုတ်နိုင်ငံ မြိုတော်ဘေဂျင်းတွင်ကျင်းပနေသည့် ငြိမ်းချမ်းစွာ အတူနေထိုင်ရေး မူကြီး(၅)ချက် ထုတ်ပြန်ခြင်း နှစ် ၇၀ပြည့်အထိမ်းအမှတ် ဂုဏ်ပြုနေ့လယ်စာစားပွဲတွင် မိန့်ခွန်း  ပြောကြားခဲ့ပါတယ်။ အဆိုပါနေ့လယ်စာစားပွဲတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယီနှင့် အခြားသော နိုင်ငံ ခေါင်းဆောင်အချိုလည်း မိန့်ခွန်းများပြောကြားခဲ့ပါတယ်။

#myanma_gone
မင်္ဂလာနံနက်ခင်းပါ🙏ဘေးအန္တရာယ် အတိုက်အခိုက် အနှောင့်အယှက်များမှကင်းဝေးပါစေ၊ ရရှိပြီးသောရာထူးစည်းစိမ်ဥစ္စာများရေရှည်တည်တံ့ခိုင်မြဲပါစေ၊ကပ်ကြီး၃ပါး ရန်သူမျိုးငါးပါးဘေးရန်မှကင်းဝေးကြပါစေခင်ဗျာ။🙏🙏🙏
တရုတ်နိုင်ငံတွင် ကျင်းပမည့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီးငါးချက် ထုတ်ပြန်ခြင်း နှစ် ၇၀ ပြည့် အထိမ်းအမှတ် အခမ်းအနားသိုတက်ရောက်နေတဲ့ သမ္မတ(ငြိမ်း) ဦးသိန်းစိန်