တပ်ကြပ်ကြီးဖိုးကွန်း
21.2K subscribers
11.4K photos
1.16K videos
804 links
Download Telegram
Forwarded from PAN (Swe Zin)
KIA အဖွဲ့အနေဖြင့် ကချင်ပြည်နယ်အတွင်းရှိ စစ်ရေးနှင့်မသက်ဆိုင်သော ရထားလမ်း၊ ကားလမ်းများနှင့် တံတားများအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်း၊ နယ်မြေလုံခြုံရေးစခန်းငယ်များအား အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခြင်းများ ဆောင်ရွက်လာသဖြင့် တပ်မတော်မှ လိုအပ်သည့် တုန့်ပြန်မှုများ ဆောင်ရွက်
************
နိုဝင်ဘာ ၃

KIA အဖွဲ့အနေဖြင့် နိုင်ငံတော်အစိုးရနှင့် တပ်မတော်၏ ထာဝရငြိမ်းချမ်းရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှုအပေါ် လိုက်ပါ ဆောင်ရွက်ခြင်းမရှိသည့်အပြင် နယ်စပ်ဒေသကုန်သွယ်ရေး ပျက်စီးစေရန်နှင့် လမ်းပန်းဆက်သွယ်မှု ပြတ်တောက် စေရေးစသည့် နိုင်ငံတော်၏ အုပ်ချုပ်မှုယန္တရားကို ထိခိုက်ပျက်စီးစေလိုသော ရည်ရွယ်ချက်များဖြင့် ကချင်ပြည်နယ်အတွင်း စစ်ရေးနှင့်မသက်ဆိုင်သော လမ်း၊ တံတားများအား ဖောက်ခွဲဖျက်ဆီးမှုများ ပြုလုပ်လာခဲ့ကြောင်း သိရှိရပါသည်။

Webpage >>...
https://positiveanglenews.com/2023/11/03/kia-အဖွဲ့အနေဖြင့်-ကချင်ပြည/

VK link»...
https://vk.com/wall-220066330_3074

#PAN
အိုခြင်းဆိုတာ…
အစားထိုးပြုပြင်လို့ မရနိုင်တဲ့
အတွက်
လက်ခံနိုင်အောင် ကြိုးစားပါ။

နာခြင်းဆိုတာ…
ငြင်းလို့ မရနိုင်တဲ့အတွက်
သည်းခံနိုင်အောင် ကြိုးစားပါ။

သေခြင်းဆိုတာ…
ပြေးလို့ မလွတ်နိုင်တဲ့အတွက်
ရင်ဆိုင်နိုင်အောင် ကြိုးစားပါ။

သဘာ၀ကို ဆန့်ကျင်လို့ မရပါဘူး။
နားလည်အောင်သာ ကြိုးစားပါ။

ဆုတ်ယုတ်လာတဲ့ခန္ဓာဟာ…
ကြာလာလေ မကောင်းလေပါ။

သူမကောင်းပေမယ့်လည်း
သတိလေးနဲ့ ခန္ဓာကို ကြည့်လိုက်ပါ။

ဖောက်ပြန်မှုတရားတွေ ပြတာရယ်
ပျက်စီးမှုတရားတွေ ပြတာရယ်
ဒါတွေကို
မှန်ကန်စွာ သိနေကြမယ်ဆိုရင်

ဒုက္ခပေးတဲ့ ခန္ဓာကြီးကနေ
ဘာ၀နာအနှစ်တွေ ရလိုက်တာပါပဲ။

ကိုယ့်ခန္ဓာကြီးဟာ…
တစ်ဖက်က မကောင်းပေမဲ့

ကိုယ့်ဖက်က
ကောင်းတာတွေကိုယူတတ်မယ်ဆိုရင်
ကိုယ့်အတွက် အကျိုးရှိပါတယ်။

🙏🙏🙏သာရ ဂ ဝေ သီ🙏🙏🙏

#မေတ္တာများစွာဖြင့်ပြန်လည်မျှဝေအပ်ပါတယ်ခင်ဗျာ
This media is not supported in your browser
VIEW IN TELEGRAM
💚 ချစ်တဲ့ပြည်သူတွေရဲ့ အားပေးစကားသံ၊ တေးသီချင်းသံတွေဟာ ရှေ့တန်းရောက် တပ်မတော်သားကြီးများအတွက် အပြုံးအားဆေးများပါ 💚
မောင်ပြန်လာပြီမေ - အေစော
Forwarded from PAN (Aye Lwin)
Breaking News
*****
နိုဝင်ဘာ ၄

       ကောလင်းမြို့ကို အကြမ်းဖက်သောင်း ကျန်းသူ PDF များက တစ်ညလုံးနီးပါး ယခုသတင်းရရှိအချိန်ထိ အပြင်းအထန် တိုက်ခိုက်နေကြောင်း၊ ထွေအုပ်ရုံးနှင့် ရဲစခန်းရှိ လုံခြုံရေးအဖွဲ့များက ပူးပေါင်းခုခံတိုက်ခိုက်နေကြောင်း၊ ရန်သူများမြို့ထဲထိ ဝင်ပစ်နေခြင်းဖြစ်ကြောင်း သိရပါငည်။

      ယနေ့ နံနက် ၇ နာရီ ၅၆ မိနစ်အချိန်ခန့် ပေးပို့သော သတင်းအရ ကောလင်းမြို့အတွင်း ရောက်ရှိနေသော အကြမ်းဖက်အင်အား ထောင်ဂဏန်းခန့် ရှိနိုင်ကြောင်း၊ အကြမ်းဖက်များအခြေပြုနေသည့် ကုက္ကိုကုန်းရွာ၊ ဥမင်ကုန်းနှင် သဲကောအခြေ စိုက်စခန်းများကို နှိမ်နင်းပေးရန် ကောလင်းရှိ ပြည်သူများမှ အကြံပြုပေးပို့သည်။

https://t.me/positiveanglenews
#PAN
ဟုတ်မဟုတ်တော့မသိ၊သတင်းအဖြစ်တင်ပေးတာပါ
❝ရှမ်း/မြောက်တိုက်ပွဲမှာ AA အဖွဲ သေဆုံးသူ လျှိဝှက်စာရင်း ပေါက်ကြားလာ၊ သေဆုံးသူတွေထဲမှာ
ရခိုင်တောင်ပိုင်းက လူငယ်အများဆုံးဖြစ်ဟုဆို❞

ရှမ်းပြည်နယ် (မြောက်ပိုင်း) ဒေသမှာ လတ်တလော
ဖြစ်ပွားနေတဲ့ တိုက်ပွဲအတွင်း သေဆုံးသွားတဲ့
AA သောင်းကျန်းသူအဖွဲမှ သေဆုံးသူ လျှိဝှက်
စာရင်းတွေ လူမှုကွန်ရက်မှာ ပေါက်ကြား
လာခဲ့ပါတယ်။

အဆိုပါလျှိဝှက်စာရင်းအရ သေဆုံးသူ
အရေအတွက်ဟာ (၃၀) ဦးရှိသလို ဒဏ်ရာရရှိသူ
အရေအတွက်ကလည်း(၃၀) ဦးရှိနေပြီး စိုးရိမ်ရ
အခြေအနေရှိသူ အများအပြား ပါဝင်နေတာ
တွေ့ရပါတယ်။

အတွင်းသတင်းတွေအရ သေဆုံးသူတွေထဲမှာ
ပါဝင်သူအများစုဟာ ရခိုင်ပြည်နယ်တောင်ပိုင်း
ဒေသကနေ AA အဖွဲထဲဝင်သွားသူတွေ ဖြစ်ကြ
တယ်လို သိရပြီး AA သောင်းကျန်းသူ ခေါင်းဆောင်
ပိုင်းတွေအနေနဲ့ တိုက်ပွဲတွေမှာ ရခိုင်တောင်ပိုင်းက
လူငယ်တွေကိုပဲ အများဆုံး အသုံးပြုနေကြပြီး
ရခိုင်မြောက်ပိုင်းကလူတွေကိုတော့ အသုံးပြုတာ
နည်းတယ်လိုလည်း သိရပါတယ်။
ကြူကုတ်-ပန်ဆိုင်းမြိုကို တပ်မ(၉၉)တပ်တွေ ပြန်သိမ်းပြီး နယ်မြေရှင်းနေပါတယ်။

ပန်ဆိုင်းစခန်းကုန်းမှာ ထိုင်ထားတဲ့ MNDAA ပူးပေါင်းအင်အား (၂၅၀)ခန့်ကို ကြည်း+လေ ပူးပေါင်းစစ်ဆင်ရာမှာ MNDAA ပူးပေါင်းအဖွဲ အငိုက်မိပြီး ကျဆုံး၊ ဒဏ်ရာရများစွာနှင့် အကောင်းတိုင်းကျန်သူများလည်း အရှင်ဖမ်းခံရတယ်လိုဆိုပါတယ်။ (သတင်းအတည်မပြုနိုင်သေးပါ)

မန်တုံနဲ့ နမ့်ခမ်းမြိုတွေကို TNLA တွေ ဝိုင်းတိုက်ပါတယ်။ မန်တုံရဲစခန်းကို ဝင်တိုက်ပေမယ့် ရဲတွေက မန့်တုံ ခလရ(၁၃၀) သွားပေါင်းနေတာမို ထိတွေ့မှုမဖြစ်ခဲ့ပါဘူး၊ မန်တုံ ခလရ(၁၃၀)ကုန်းက ဗျူဟာအရ အပေါ်စီးယူပြီး အမြင့်ဆုံးကုန်းမှာ ထိုင်ထားတာမို ခံစစ်သေချာပြင်ထားရင် တိုးဖိုရာ တော်တော်ကြီးကို ခက်ခဲပါတယ်။ ပြီးတော့ ကုန်းပေါ်မှာ ၁၀၅မမ ဟောင်ဝစ်ဇာ (၂)လက်လည်း ထိုင်ထားပါတယ်။ အရင်နှစ်တွေကလည်း မန်တုံ ခလရ(၁၃၀)ကုန်းကို KIA+TNLA ပေါင်းတိုက်ကြတာပဲ၊ တစ်ကြိမ်မှ မနိုင်ပါဘူး။

နမ့်ခမ်းကတော့ ရွှေလီတံတားကင်းအဖွဲကို မြိုထဲပြန်ပေါင်းခိုင်းထားလို TNLA တွေ တံတားကို အခုအခံမရှိ သိမ်းလိုက်နိုင်ပေမယ့် နမ့်ခမ်းမြိုကိုဝင်တိုက်ရာမှာတော့ ခြေလျင်တပ်တွေက မြိုတွင်းမှာ အပြင်းအထန်ခုခံတာရော၊ လေကြောင်းကနေ ပစ်တာတွေရောကြောင့် TNLA တိုအခြေမလှခဲ့ကြပါဘူး။

အခြား လားရှိး၊ သိန္နီနဲ့ မုန်းကိုးဘက်တွေမှာ စစ်တပ်ဘက်က စခန်းအချိုကို MNDAA ဘက်ကသိမ်းလိုက်တဲ့ သတင်းတွေတက်ပါတယ်။ စခန်းအတော်များများ ဒီတိုင်းထားပြီး အခြားမှာသွားပေါင်းလိုက်တဲ့ စခန်းတွေ ဖြစ်ဖိုများပါတယ်။ စခန်းတစ်ခုမှာတော့ လက်ပစ်ဗုံးတွေ အများကြီးရသွားတာ တွေ့ရပါတယ်။ ခဲယမ်းတွေ ကားတစ်စီးအပြည့်ရသွားတာလည်း တွေ့ရပါတယ်။ စခန်းနာမည်တွေတော့ မမှတ်မိပါ။

နမခဘက်မှာလည်း တိုက်ပွဲတွေတော်တော်ကြမ်းနေပါတယ်။

#YMN
❝ နှစ်ဖက်အမြင် ❞

ခေတ်စနစ်တွေ ပြောင်းလာတာနဲ့ အမျှ မီဒီယာ ရဲ့ ကဏ္ဍက အရေးပါလာတယ်။ ဝါဒဖြန့်တာလို့ပဲ ပြောပြော၊ သတင်းမှန်ရှင်းပြတာလို့ပဲ ဆိုဆို မီဒီယာကို ချန်ထားခဲ့လို့ မရတော့ဘူး။ ဒါက လျို့ဝှက်အပ်သလား၊ ချပြသင့်သလားဆိုတာကတော့ Commender တွေကသာ ဆုံးဖြတ်ရမှာပဲဖြစ်တယ်။ နေရာတကာ သတင်းဖုံးနေတာမျိုးက အလုပ်မဖြစ်တော့ဘူး။ အကျိုးဆက်က ဘာဖြစ်သွားသလဲဆိုတော့ သတင်းမှားဖြစ်စဉ်အပေါ် ကိုယ်ရပ်တည်ချက်နဲ့ အဖြစ်မှန်တွေက မလွှမ်းခြုံနိုင်တော့သလိုမျိုး ဖြစ်သွားတယ်။ မုသားဟာ ကမ္ဘာပတ်လို့ ပြီးသွားတဲ့အခါ ဘယ်မှ ပြန်ရှင်းပြလို့ မရတော့ဘူး။

ကိုယ်တွေကတော့ သတင်းရေးသူ သပ်သပ်ဆိုတော့ နှစ်ဖက်အမြင်ကို မြင်နေရတယ်။ တဖက်က အစိုးရ အနေနဲ့ မူဝါဒ ထိန်းရတဲ့ အခြေအနေကိုလည်း သဘောပေါက်တယ်။ ကိုယ့်စစ်သည်သေနေတာ ၊ အဖမ်းခံနေရတာ၊ စခန်းတွေကျတာ၊ လက်နက်တွေ ပါသွားတာ။ ဒါကို မခံနိုင်တဲ့ ထောက်ခံသူတွေရဲ့ ခံစားချက်ကိုလည်း နားလည်တယ်။

အစိုးရဘက်က ကြည့်မယ်ဆိုရင် တိုက်ပွဲတွေက မြို့တွင်းတိုက်ပွဲ ဆန်တာကို ကြုံနေရတယ်။ ဥပမာ ချင်းရွှေဟော်နဲ့ သိန္နီလိုမျိုး ဖြစ်စဉ်မျိုး။ အရပ်ဘက်ပစ်မှတ်နဲ့ ရန်သူ့ပစ်မှတ် မကွဲပြားတဲ့အခါ စွတ်ပြီး လုပ်လို့မရတဲ့ အပိုင်းတွေ ရှိလာတယ်။ လွှတ်လို့ရတဲ့ စခန်းတွေကို ဆုတ်ပေးလိုက်တာမျိုး ဖြစ်လာတယ်။ သေချာတာကတော့ ဒီလမ်းပေါ်က စခန်းတွေဆိုတာ ဘယ်လိုမှ ဆုံးရှုံးလို့မဖြစ်တဲ့ စခန်းတွေမို့ ရအောင်ပြန်ယူပါလိမ့်မယ်။ အချိန်တခုတော့ လိုချင် လိုမှာပေါ့။ အားမလို အားမရ ဖြစ်ကြတဲ့ ပြည်သူတွေအတွက် တပ်မတော်ဟာ သူ့တာဝန် သူ ကျေပွန်အောင် အချိန်ယူပြီး ဆောင်ရွက်ပါလိမ့်မယ်။

ပြည်သူတွေရဲ့ အမြင်ဘက်က ကြည့်ရင် ကိုယ့်စစ်သည်‌ တွေ ထိတာကို နာရတယ်။ စခန်းတွေ ကျနေတာ မြင်ရတဲ့အပေါ် အားမလို အားမရဖြစ်ကြတယ်။ ကိုယ်တချက်ထိရင် သူတို့ ဌာနချုပ်လည်း ပြန်တီးစေချင်တဲ့ ဆန္ဒ ရှိကြတယ်။ NCA ဟာ ငြိမ်းချမ်းရေးအတွက် အကောင်းဆုံး မော်ဒယ်တခုဆိုတာ လက်ခံပေမယ့် ဒီ Process အပေါ် မပါလာတဲ့ လက်နက်ကိုင်တွေကို ပြတ်ပြတ်သားသား ဖြစ်စေချင်ကြတယ်။ အစိုးရအဆက်ဆက်၊ ခေါင်းဆောင်အဆက်ဆက်တိုင်းမှာ လုံးခြာလိုက်နေတဲ့ ဒီဖြစ်စဉ်ကို မယုံကြည်တော့ဘူး။

တိုက်ပွဲတွေ ဖြစ်လိုက်၊ လမ်းတံတားတွေ အချိုးခံရလိုက်၊ ငြိမ်းချမ်းရေးအကြောင်းတွေပြောပြီး တေံဆုံဆွေးနွေးလိုက်ဆိုတဲ့ ကိစ္စတွေကို မြင်ရဖန်များလာတဲ့အခါ ငြိမ်းချမ်းရေးဆိုတဲ့ စကားလုံးထက် အမြစ်ဖြတ်မှရမယ်ဆိုတဲ့ အတွေးဝင်ကြတာ သိပ်တော့ မဆန်းဘူး။ ဒါ့ကြောင့်လည်း တက်နိုင်တဲ့ အပိုင်းကနေ အားတက်သရော ကူကြတယ်။ ၂ ရက်တည်းနဲ့ ကျပ်သိန်းပေါင်း ၃ သောင်းကျော်ဆိုတာ သူတို့ ဘယ်လောက်တောင် အားတက်သရော ရှိသလဲ ဆိုတာ သိသာစေတယ်။

ပြည်သူတွေကြားချင်တာက ကိုးကန့် သမိုင်း ဇစ်မြစ်တွေ မဟုတ်ဘူး။ ကျားဖြန်ဂိုဏ်းတွေလည်း နားမလည်ဘူး။ Diplomatic ဆိုတာတွေလည်း အသေးစိတ်ရှင်းပြစရာ မလိုဘူး။ စခန်းတွေ ကျနေတဲ့ ဖြစ်စဉ်အပေါ်မှာ ဘယ်လို ပြတ်ပြတ်သားသား ချေမှုန်းမလဲ ဆိုတဲ့ စကားတွေသာ ဖြစ်တယ်။ ဒီလိုမျိုး ထောက်ခံသူ ပြည်သူ‌ တွေရဲ့ လိုလားချက်က တမျိုး၊ ပေးထားချက်ထဲမှာ လုပ်နေရတဲ့ အစိုးရကြားမှာ ဒီတိုက်ပွဲတွေကို ဘယ်လို ကစားမလဲ ဆိုတာကသာ အဖြေ ဖြစ်တယ်။ ရေရှည်ငြိမ်းချမ်းရေးအတွက် ပြည်သူကိုယ်တိုင်က အမြစ်ဖြုတ်တာ မဟုတ်သည့်တိုင် ပြင်းပြင်းထန်ထန် လက်တုန့်ပြန်စေချင်တာကိုလည်း တွေ့ရတယ်။

သေချာတာကတော့ တပ်မတော်ဟာ သူ့အလုပ်သူ လုပ်ပါလိမ့်မယ်။ သေချာတဲ့ စစ်ရေးပစ်မှတ် တွေကို မှန်မှန်ကန်ကန် ချေမှုန်းတိုက်ခိုက်ပါလိမ့်မယ်။ တပ်မတော်ကို ချစ်မြတ်နိုးသူ မိဘ ပြည်သူတွေအနေနဲ့ တပ်မတော်သားတွေကို အားဖြစ်စေတဲ့ စကားတွေနဲ့ အားတက်သရော ဆက်ပြီး ထောက်ခံပေးကြပါလို့ပဲ မေတ္တာ ရပ်ခံချင်မိပါတယ်။ ဗိုလ်ချုပ် ဇော်မင်းထွန်းပြောခဲ့သလို လက်လွှတ်ခဲ့ရတဲ့ စခန်းတွေကိုလည်း အမြန်ဆုံး သိမ်းပိုက်ရရှိလိမ့်မယ်လို့လည်း ယုံကြည်မိပါတယ်။ ဒံပေါက်ဝေတဲ့ ရုပ်သံ သတင်းတွေနဲ့အတူ ရန်သူ့စခန်းတွေကိုလည်း ကိုယ့်တိုက်လေယာဉ်တွေက ဘယ်လို ဗုံးကြဲခဲ့သလဲ ဆိုတဲ့ ရုပ်သံအတိုတွေကိုလည်း စစ်တိုက်နေတဲ့ ကိုယ့်စစ်သည်တွေအပါအဝင် ထောက်ခံသူတွေ အားတက်စေဖို့ စောင့်မျှော်နေမိပါရဲ့။


(နရီမိုး)
Forwarded from KO CHIT (MDY) (Chit KO KO MDY)
မြန်မာ-တရုတ်နှစ်နိုင်ငံအကြား ပို့ကုန်/သွင်းကုန်များအတွက် Cargo Flight ခရီးစဉ် နေ့စဉ်ပျံသန်းနေဟု MNA ကြေညာ

၄. ၁၁. ၂၀၂၃
Written by Ye Kyaw

မြန်မာအမျိုးသားလေကြောင်း (MNA)မှ Cargo Flight ဖြင့် မြန်မာ-တရုတ်နှစ်နိုင်ငံအကြား ပို့ကုန်/သွင်းကုန်လုပ်ငန်းများကို စတင်ဆောင်ရွက်နေပြီဖြစ်ပြီး နေ့စဉ်ပျံသန်းပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း ယနေ့တွင် အသိပေးကြေညာထားသည်။

MNA မှ ရန်ကုန် – ကူမင်း – ရန်ကုန် ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေးခရီးစဉ် Cargo Flight အား နိုဝင်ဘာ ၃ ရက် ည ၁၁ နာရီ ၅၅ မိနစ်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ Boeing 737-400 Freighter လေယာဉ်ဖြင့် စတင်ပျံသန်းပြေးဆွဲခဲ့...
Forwarded from Kyaw Swar
နောက်ဆုံးရ ကောလင်းတိုက်ပွဲ သတင်း

လက်ရှိတွင် ကောလင်းမြို့တွင်းမှ ဒဏ်ရာရ
အကြမ်းဖက်များအား ဥက္ကံကျေးရွာနှင့် ကုက္ကိုကုန်းကျေးရွာများသို့ အဆက်မပြတ်ပေးပို့နေကြောင်းသိရပါသည်။

ဒဏ်ရာရသူများထဲမှ ကုက္ကိုကုန်းသချိုင်းကုန်းတွင် (၈)လောင်း
ဥက္ကံသချိုင်းကုန်းတွင်(၅)လောင်းတန်းစီထားပြီး
၄င်းတို့၏ မိဘများအားစောင့်ဆိုင်းနေကြကြောင်း ၁၆၀ဝ နာရီသတင်းပေးပို့ချက်အရသိရပါသည်။
နောက်ထပ်လည်း သေမည့်သူအများအပြားရှိနေကြောင်းသတင်းပေးပို့လာ

ကောလင်းအကြမ်းဖက်အားလုံးကိုစေခိုင်းနေသူမှာ (KIA/AA/PDF) အကြမ်းဖက်ခေါင်းဆောင်များ စုစည်းနေရာဖြစ်သော ဥမင်ကုန်းကျေးရွာစသင်ကျောင်းဖြစ်ကြောင်း ဖြစ်သည်။

လက်ရှိတွင် ဥမင်ကုန်းစာသင်ကျောင်း
သဲကောစာသင်ကျောင်းနှင့်
ကုက္ကိုကုန်းဆေးရုံများသည် လက်ရှိကောလင်းမြို့အကြမ်းဖက်မှု့များအား နောက်ကွယ်မှ စေခိုင်း ကူညီနေသည့်နေရာများဖြစ်ဟုဆို

ဥမင်ကုန်းစာသင်ကျောင်း (KIA/PDF/AA) ၂၀ဝ ခနှ်ု
သဲကောစာသင်ကျောင်း (KIA/PDF/AA) ၃၀ဝ ခန့်
ကုက္ကကုန်း ဆေးရုံ အင်အားမသိ များသည်ဟုဆိုပါသည်။

အကြမ်းဖက်အဖွဲ့များမှ လေယာဉ်
စောင့်ကြည့်သတင်းအဖွဲ့ရှိသည်
တ့တားဦးလေဆိပ်
နမခလေဆိပ်
မပခလေဆိပ်များမှ လေယာဉ်များ ပျံတက်လာပြီဟုသတင်းပေးသည်နှင့် လေယာဉ်ကွယ်ရာနေရာများကို ပြေးပုန်းကြပြီး လေယာဉ်ပျံသွားလျှင်ပြန်လာပစ်နေကြသည်ဟု သိရသည့်အတွက်
လေယာဉ်မပျံတက်မှီ ကောလင်းဒေသတခုလုံးအား ဖုန်း အင်တာနက် လိုင်းများ လုံးဝပိတ်ထားမှ လေကြောင်းတိုက်ခိုက်မှု့ထိရောက်မည်ပြောပါသည်။

https://t.me/kyawswar49111