တပ်ကြပ်ကြီးဖိုးကွန်း
22.1K subscribers
10.6K photos
1.07K videos
706 links
Download Telegram
အာဆီယံက တစ်ကွက်ပြလိုက်တဲ့ တရားဝင်မှုဆိုတာ။
https://t.me/Phoesi01233
Forwarded from Truth Media🇲🇲🇲🇲 (KyawKyaw Min)
BreakingNews;;;

ဒီပဲယင်းမြို့၊တောင်ပြင်ရပ်ကွက်၊မြို့မအနောက်ကွက်သစ်၊အရှေ့ထိပ်ကံပြားရောPDFပဒက်တွေလက်ထဲရောက်သွားပြီလိုဖြစ်နေတော့ပြည်သူတွေကြောက်နေကြပြီပေါ့။

မြို့ပါတ်ပါတ်လည်မှာကိုယ့်ဘက်ကစစ်ဆေးရေးဂိတ်တောင်မဖွင့်နိုင်တော့တဲ့အခြေအနေဆိုတော့လူတွေလဲည်းဟိုအိမ် ဒီအိမ်ပုန်းအိပ်နေရပြီ။

ဒီပဲယင်းကိုလျှော့မတွက်ပါနဲ့ဗျို့။
စာတတ်တဲ့ကောင်လည်းလူမိုက်
စာမတတ်တဲ့ကောင်လည်းလူမိုက်
ခေတ်အဆက်ဆက်ရာဇဝင်လူမိုက်တွေပါ။အရှင်မထားပဲအသေဗျင်းမှ ရမယ့်ကောင်တွေပဒက်မျိုးစိတ်တွေပါဗျို့အာစိတို့...

Truth Media
🌷သံသရာခရီးလမ်း..
ဘယ်အထုပ်ကို ထမ်းမလဲ?🌷

ကုသိုလ်"
ယူရင် ယူသလောက်ရတယ်
ရအောင်ယူနေသူဟာ
ရောဂါကင်းတယ်ပြဿနာရှင်းတယ်

စားဝတ်နေရေး အဆင်ပြေတယ်
စိတ်ချမ်းသာမှုဆိုတဲ့
အပြစ်ကင်းသောကောင်းကျိုးတွေ
ကိုပဲ သယ်ဆောင်ပေးတယ်။

အကုသိုလ်"
ယူရင် ယူသလောက်ရတာ မှန်တယ်

ဒါပေမယ့်...
ယူတဲ့သူဟာ ရောဂါများတယ်
ပြဿနာများတယ်....
သောကများမယ်။

စားဝတ်နေရေး အဆင်မပြေတဲ့အတွက်
လောဘတွေနဲ့ပူလောင်ရတတ်တယ်။

အပြစ်တွေနဲ့ ကိုယ်စိတ်ဆင်းရဲပြီး
မကောင်းတဲ့ ဆိုးကျိုး တွေပဲ ရရှိ
တတ်တယ်။

စက္ကန့်တိုင်း မိနစ်တိုင်း
ကုသိုလ်ယူလို့ရသလို

မယူတတ်ရင်လည်း
အကုသိုလ်တွေချည်းဖြစ်နေတတ်
တယ်။

ကုသိုလ်"နဲ့ အကုသိုလ်တွေဟာ
ဒီဘဝယူရင် နှစ်ခုစလုံး
သံသရာတစ်လျှောက် အထုပ်ကြီး
နှစ်ထုပ်အနေနဲ့
ကိုယ့်နောက်ကနေအရိပ်လိုအမြဲကပ်
ပါလေ့ရှိတယ်။

သင်ရော...
သံသရာလမ်းမှာ
ဘယ်အထုပ်ကို ထမ်းယူသွားမလဲ?

#အရှင်နန္ဒိယ(သာကီနွယ်)

#တရားဓမ္မတို့ဖြင့်ငြိမ်းအေးကြပါစေခင်ဗျာ
ဆော်သာဆော်ပစ်
နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီဥက္ကဋ္ဌဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းနေရာတွင်ဗိုလ်ချုပ်ကြီးမြထွန်းဦးနှင့်အစားထိုး

ပြင်ဆင်ဖွဲ့စည်းလိုက်သည့် ကော်မတီတွင်ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး၀န်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးက ဥက္ကဋ္ဌဖြစ်လာပြီး အတွင်းရေးမှူးမှာရင်းနှီးမြုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်ဆံရေး၀န်ကြီးဒေါက်တာကံဇော်ဖြစ်သည်။

အဖွဲ့၀င်အဖြစ်အကြံပေးMEC ဥက္ကဋ္ဌဒုတိယဗိုလ်ချုပ်ကြီး ညိုစော၊စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဦး၀င်းရှိန်၊စီးပွားကူးသန်းဝန်ကြီး ဦးအောင်နိုင်ဦး၊ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေတို့ဖြစ်သည်။

Truth Media
Tomorrow
21.9.2023 ရက်နေ့

ဓာတ်ဆီ 92 စျေး
၅၀ ကျပ် ဝန်းကျင် ခန့် ( ကျ )
နိုင်ပါသည်။

ဓာတ်ဆီ 95 ဈေး
၅၀ ကျပ် ဝန်းကျင် ခန့် ( ကျ )
နိုင်ပါသည်။

ဒီဇယ်ဆီ ရိုးရိုး / ပရီမီယံ စျေး
၁၀ ကျပ် ဝန်းကျင် ခန့် ( တက် )
နိုင်ပါသည်။

#MOPS ဈေးကိုအခြေခံတွက်ချက်
ထားခြင်းဖြစ်ပါသည်။
PPRD မှ ဈေးအပြောင်းအလဲ
ဖြစ်ပေါ်နိုင်ပါသည်။( +/- 5 )
Forwarded from PAN (Aye Lwin)
နိုင်ငံလေးနိုင်ငံ၏ သံတမန်နိုင်ငံကူးလက်မှတ်နှင့် အထူးနိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများအား ဗီဇာ ကင်းလွတ်ခွင့် ထပ်မံခွင့်ပြု
**********************************
စက်တင်ဘာ ၂၀

      မြန်မာနိုင်ငံအနေနှင့် အပြန်အလှန်ဗီဇာ သဘောတူညီချက်ကို ဘယ်လာရုစ်၊ မော်ရိုကို၊ နီပေါနှင့် ဂျပန် နိုင်ငံတို့မှ ....

အပြည့်အစုံဖတ်ရှု့ရန် အောက်ပါ link ကို နှိပ်ပါ 👇

Webpage >>...

https://positiveanglenews.com/2023/09/20/နိုင်ငံလေးနိုင်ငံ၏-သံတမ/

#PAN
ရှောင်တာနယ် ကျေးဇူးဆပ်ခြင်း

NLDအစိုးရလက်ထက် စီးပွားရေးအကြံပေး ဖြစ်သူသြစတြေလျနိုင်ငံသား ရှောင်တာနယ်ကို လွတ်ငြိမ်းချမ်းသာခွင့်နဲ့ပြန်လွှတ်လိုက်တဲ့အပေါ် သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ဘယ်လိုအပေးအယူနဲ့ပြန်လွှတ်တာလဲလို့ သတင်းထောက်တစ်ယောက်ရဲ့မေးမြန်းမှုအပေါ် ပြန်ကြားရေးတာဝန်ခံက "ဘာအပေးအယူမှ မရှိဘူး"လို့ ပြန်ဖြေကြားခဲ့တာ ကြားခဲ့ရဘူးပါတယ်။

နိုင်ငံရေးဆိုတာ နှစ်ဘက်ဆွေးနွေးညှိနှိုင်းအပေးအယူလုပ်ကြရတာဖြစ်လို့နိုင်ငံခြား အကျဥ်းသားပြန်လွှတ်မှုတွေမှာလည်း နိုင်ငံတကာမှာ ဆွေးနွေးညှိနှိုင်းအပေးအ ယူလုပ်ပြီးမှ ပြန်လွှတ်ကြရိုးရှိကြတဲ့အ တွက် ဘာအပေးအယူမှမရှိဘဲ မေတ္တာဖြင့်ပြန်လွှတ်လိုက်တယ်ဆိုတာ တော်တော်ထူးဆန်းနေပါတယ်။

RFAအင်တာဗျူးမှာလည်း"သူ့ကိုပြန်လွှတ်လိုက်တာ ဘာခံဝန်စည်းကမ်းသတ်မှတ်ချက်လက်မှတ်မှ ထိုးခဲ့ရတာမရှိဘူး"လို့ ရှောင်တာနယ်က ပြောခဲ့တဲ့အပြင် ခံဝန်ကတိလက်မှတ်ထိုးမှလွှတ်မယ်ဆိုရင်လည်း သူက လက်မှတ်ထိုးမှာမဟုတ်ဘူးလို့ (ထောင်ထဲမှာတုံးကရောဂါအစုံ ထကြွပြီး သေတော့မလိုလုပ်ပြရာကအပြင်ရောက်မှ)ရဲရဲတောက် ဖြေကြားတဲ့အတွက် တာဝန်ရှိသူတွေက တောင်းပန်ပြီးပြန်လွှတ်လိုက်ရသလိုတောင်ဖြစ်နေပါတယ်။

မြန်မာနိုင်ငံနယ်နမိတ်ပြင်ပပြန်ရောက်တာနဲ့ GZ,PDF တွေကိုဒေါ်အောင်ဆန်းစုကြည်က ထောက်ခံအားပေးတယ်လို့ သူ့ကိုပြောတယ်ဆိုပြီး စ ဖွခဲ့တာလည်းရှောင်တာနယ်ဖြစ်ပါတယ်။

အစိုးရရဲ့စီးပွားရေးအကြံပေးလုပ်ခဲ့တော့ စီးပွားရေးလမ်းကြောင်းတွေသိနေပြီးဘာတွေဘယ်လိုပိတ်ဆို့ရမယ်လို့အမေရိကန်အနောက်အုပ်စုကိုအကြံပေးနေတာလည်း ရှောင်တာနယ်ဖြစ်ပါတယ်။

အခုတစ်ခါ မြန်မာနိုင်ငံကိစ္စ ဖွဖို့အတွက် "An Unlikely Prisonar"လို့အမည်ပေးထားတဲ့စာအုပ်ကို ရှောင်တာနယ်ကရေးသားထုတ်ဝေလိုက်ပြီး VOA, RFAတို့က ကြော်ငြာ အင်တာဗျူးတွေ မြိုင်မြိုင် ဆိုင်ဆိုင် လုပ်ပေးနေကြပါတယ်။

စာအုပ်ထဲမှာပါဝင်တဲ့အကြောင်းအရာများကိုVOAအင်တာဗျူးမှာ "အာဏာသိမ်းမှုမတိုင်ခင်ကတည်းက စစ်တပ်အပေါ် မှာ စီးပွားရေး အရပစ်မှတ်ထား ဖိအားပေးဖို့ ကျွန်တော်ကြိုးစားနေခဲ့တာ ကို ဒေါ်စုသိနေပါတယ်"ပြောထားပြီး ဘင်္ဂါလီလူ့အခွင့်အရေးနဲ့ပတ်သက်လို့ "အာဏာမသိမ်းခင် မြန်မာပြည်ကို ကျွန်တော်ရောက်နေတဲ့အကြောင်း ရင်းကလည်း ဘယ်သူတွေဟာ အဓိကချိုးဖောက်သူတွေဖြစ်သလဲ၊ဘယ်သူတွေမှာ တာဝန်ရှိသလဲ ဆိုတာတွေ ကိုအတိအကျ သိရဖို့စုံစမ်းဖော်ထုတ်ဖို့ ဖြစ်ပါတယ်"လို့ ရှောင်တာနယ်ကပြောပါတယ်။

ပထမပြောကြားချက်အရ NLDအစိုးရလက်ထက်ကတည်းက တပ်မတော်အပေါ် စီးပွားရေးအရပစ်မှတ်ထားဖိအားပေးနေပြီ ဖြစ်လို့ NLDအစိုးရဟာ ရှောင်တာနယ်ကိုအကြံပေးခန့်ပြီး တပ်မတော်အင်အားချည့်နဲ့သွားအောင်ကြံစည်လုပ်ဆောင်ခဲ့တာ ထင်ရှားနေပြီ ဖြစ်ပါတယ်။

ဒုတိယပြောကြားချက်အရ သူမြန်မာပြည်ရောက်နေ တဲ့ အကြောင်းရင်းက ဘင်္ဂါလီ လူ့အခွင့်အရေး ချိုးဖောက်မှုကို စုံစမ်းဖော်ထုတ်ဖို့ လို့ ထုတ်ပြောလာတဲ့အတွက် သိုက်ဆရာလှေပေါ်တင်ခေါ်လာတဲ့ကိန်း ဆိုက်နေခဲ့ပြီ ဖြစ်ပါတယ်။

#ThaungLwinHein
မကောင်းတဲ့မျက်လုံးနဲ့
ကြည့်နေတယ်ဆိုရင်တော့
အပုတ်အဆိုးတွေပဲ မြင်မှာပေါ့ ။

မတရားတဲ့နားနဲ့
ထောင်နေတယ်ဆိုရင်တော့
ပူလောင်မှုတွေ ရောက်လာမှာပေါ့ ။

လွတ်နေတဲ့စိတ်နဲ့
အချိန်တွေ ကုန်နေမှတော့
စိတ်အေးချမ်းမှု မရနိုင်ဘူးပေါ့ ။

စိတ်က
ကုသိုလ်နယ်ဘက်ရောက်နေရင်
ချမ်းသာအဆင်ပြေသလို

အကုသိုလ်နယ်ဘက်ရောက်နေရင်
ဆင်းရဲပင်ပန်းရပါတယ် ။

အတတ်နိုင်ဆုံးနားလည်ပေးလိုက်
အတတ်နိုင်ဆုံးအကောင်းမြင်လိုက်ပါ
ကိုယ့်စိတ်တွေငြိမ်းချမ်းနေပါ့မယ် ။

စိတ်ထားတတ်ရင်
ကိုယ့်အတွက်ကုသိုလ်တွေကျန်ပြီး
ဘ၀အဆင့်တန်းလည်းမြင့်ပါတယ် ။

အေးချမ်းပြီးတန်ဖိုးရှိတဲ့ဘ၀ဆိုတာ
ကိုယ့်စိတ်ကိုအဆိုးတွေဆီမရောက်မှ
တကယ်ပြည့်စုံပိုင်ဆိုင်နိုင်ပါတယ် ။ ။

🙏🙏🙏သာရ ဂ ဝေ သီ🙏🙏🙏

#ရွှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ
အမေရိကန်သမ္မတပြောတဲ့
ကုလသမဂ္ဂညီလာခံမိန့်ခွန်း

အမေရိကန်အနောက်အုပ်စုအလိုကျ လိုက်ပါလုပ်ဆောင်ပေးနေရတဲ့ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ (၇၈)ကြိမ်မြောက်အထွေထွေညီလာခံ ကိုအမေရိကန်နိုင်ငံနယူးယော့မြို့မှာစတင်ကျင်းပနေပြီး စက်တင်ဘာ၁၉ရက်နေ့ကစလို့ နိုင်ငံအကြီးအကဲများမိန့်ခွန်းပြောကြားရာမှာ အမေရိကန်သမ္မတဂျိုးဘိုင်ဒန် တက်ရောက်ပြောကြားခဲ့ပါတယ်။

ရုရှားကယူကရိန်းကိုကျူးကျော်တိုက်ခိုက်တာဟာ ကုလသမဂ္ဂပဋိဉာဉ်ကိုချိုးဖောက်တာ ဖြစ်လို့ အဖွဲ့ဝင်နိုင်ငံအားလုံးက ဝိုင်းဝန်းရှုံ့ချကြဖို့အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က ပြောကြားပါတယ်။အီရတ်ကိုဝင်တိုက်ဖို့ ကုလသမဂ္ဂက သဘောမတူ တဲ့ကြားက ကုလသမဂ္ဂဆုံးဖြတ်ချက်ကို ဘေးဖယ်ထားပြီး ဝင်တိုက်ခဲ့တဲ့အမေရိကန်က အခု ကုလသမဂ္ဂစင်မြင့်ပေါ်ကနေ ကုလသမဂ္ဂပဋိဉာဉ် ကို အလေးအနက်ထား ပြောကြားနေတာဟာ တော်တော်မျက်နှာပြောင် တဲ့လုပ်ရပ်ဖြစ်ပါတယ်။

ရုရှားကသူ့နယ်နမိတ်ထိစပ်နေတဲ့ ယူကရိန်းကို နေတိုးစစ်အုပ်စုထဲဝင်ဖို့မကြိုးစားဖို့ တားဆီးတာ မလိုက်နာတဲ့အတွက် သူ့နိုင်ငံလုံခြုံရေးမကျိုးပေါက်ဖို့အကြောင်းပြချက်ခိုင်ခိုင်မာမာနဲ့ဝင်တိုက် တာ ဖြစ်ပါတယ်။(ဒီထောင်ချောက်ထဲရောက်အောင်ယူကရိန်းကို မောင်းသွင်းခဲ့တာလည်းအမေရိကန်ပဲ ဖြစ်ပါတယ်)အမေရိကန်က သူ့နိုင်ငံကိုဘာမှဒုက္ခမပေးနိုင်တဲ့အီရတ်ကို လူတွေအစုလိုက် အပြုံလိုက်သေစေနိုင်တဲ့လက်နက်တွေရှိတယ် လို့အကြောင်းပြဝင်တိုက်တာ ဖြစ်ပြီး အကြောင်းပြတဲ့လက်နက်တွေ ရှာမရတော့လည်း မှားတယ်လို့ဝန်မခံဘဲ အီရတ်ပြည်သူတွေ ဒီမိုကရေစီအရေးအတွက်လို့ ခပ်တည်တည်ပဲ မျက်နှာပြောင်တိုက် အ ကြောင်းပြချက်ခေါင်းစဥ်ပြောင်းလိုက်တာဖြစ်ပါတယ်။

အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်ခုကိုကျူးကျော်ဝင်ရောက်တိုက်ခိုက်တာချင်းအတူတူမှာ ရုရှားကယူကရိန်းကိုကျူးကျော်တာဟာ အမေရိကန်ကအီရတ်ကိုကျူးကျော်တာထက် အများကြီးကျိုးကြောင်းဆီလျော်မှုရှိနေပါတယ်။ကိုယ်က ကုလသမဂ္ဂပဋိဉာဉ်ကိုချိုးဖောက်တော့အကောင်း၊သူများက ချိုးဖောက်တော့ဝိုင်းဝန်းရှုံ့ချကြပါ လို့ တောင်းဆိုတာဟာ လူကြီးလူကောင်းတွေ လုပ်လေ့ရှိတဲ့အလုပ်မျိုးမဟုတ်တဲ့အတွက် အမေရိကန်သမ္မတရဲ့မိန့်ခွန်းဟာမိမိအဆင့်အတန်းကိုဖော်ပြရာကျနေပါတယ်။

နိုင်ငံတကာရင်ဆိုင်နေရတဲ့အကျပ်အတည်းတွေကြား ဦးဆောင်ဖြေရှင်းဖို့တာဝန်ယူထားတယ်လို့လည်းပြောကြားသွားတဲ့အတွက် အမေရိကန်တာဝန်ယူဦးဆောင်ဖြေရှင်းလိုက်တဲ့ အာရပ်နွေဦးတော်လှန်ရေးမှာ ဘယ်အာရပ်နိုင်ငံတွေ ငြိမ်းချမ်းသာယာဒီမိုကရေစီရသွားကြပြီလဲ။လစ်ဗျားမှာ ကဒါဖီမရှိတော့လို့ ကဒါဖီအုပ်ချုပ်တာထက် တိုင်းပြည်လူထုကောင်း စားသွားပြီလား၊ဆီးရီးယားမှာကောငြိမ်း ချမ်းသာယာနေပြီလား။အာဖဂန်နစ္စတန်မှာ အနှစ်နှစ်ဆယ် အမေရိကန်ကိုယ်တိုင်ပါဝင်ဦးဆောင်တည်ဆောက်တဲ့ ဒီမိုကရေစီက ဘာဖြစ်သွားပြီလဲ။အာဖဂန်ပြည်သူတွေပိုင်တဲ့ ဒေါ်လာ ဘီလီယံနဲ့ချီတဲ့ငွေတွေကို သိမ်းပြီးဆော်ဒီနိုင်ငံသားဘင်လာဒင်ကြောင့်ဖြစ်ရတဲ့ 9/11 မှာသေဆုံးသူမိသားစုတွေကိုပေးမယ်ဆိုတာ က တရားမျှတတဲ့ အမေရိကန် ဦးဆောင်ဖြေရှင်းမှုလား မေးစရာတွေ ဖြစ်ပါတယ်။တရုပ်တစ်နိုင်ငံတည်းမူကိုလက်ခံတယ်၊ထိုင်ဝမ်ကိုတိုက်ရင် အမေရိကန်က ထိုင်ဝမ်ဘက်က ကူမယ် ဆိုကတည်းက မီးစတစ်ဖက်ရေမှုတ်တစ်ဖက် ဗြောင်လိမ်ဗြောင်စား ဆိုတာထင်ရှားနေပါတယ်။

ကုလသမဂ္ဂပဋိဉာဥ်မှာ အချုပ် အခြာ အာဏာပိုင်နိုင်ငံအားလုံးတန်းတူ ဖြစ်ပြီး ပြည်တွင်းရေးကိုဝင်မစွက်ဖက်ရ တဲ့အတွက်နိုင်ငံတကာပြဿနာကို အမေရိကန်က ဦးဆောင်ဖြေရှင်းမယ်ဆိုတာဟာ ငါအင်အားအကြီးဆုံးဖြစ်လို့ ငါဗိုလ်လုပ်မယ် လို့ ကုလစင်မြင့်ပေါ်ကနေ လူမိုက်စကား ပြောသွားတာပဲ ဖြစ်ပါတယ်။

အမေရိကန်သဘောမတူရင်ကုလသမဂ္ဂ ဘာမှ လုပ်လို့မရပေမယ့် ကုလသမဂ္ဂသဘောမတူရင်လည်း အမေရိကန်လုပ်ချင်ရင်လုပ်လို့ရတယ်ဆိုတဲ့ ဆိုရိုးအတိုင်း ကုလအတွင်းရေးမှုးချုပ်ဂူတာရက်စ်ခမျာလည်း အမေရိကန်လုပ်သမျှ အားလုံးကောင်းပါတယ်ခင်ဗျားလုပ်နေရတဲ့ဘဝ ဖြစ်ပါတယ်။

#ThaungLwinHein
Sep 21

အရာတော်နယ်
============

စစ်ကိုင်းတိုင်း၊အရာတော်မြို့နယ်

ဆားထောင်း

လှတော

ကတို့ကုန်း

ရွှေပန်းကုန်း

ဒုံသစ်ဇရစ်

သမရိုး

မူးမြစ်

- စတဲ့ကျေးရွာတွေမှာ အကြမ်းဖက် PDF တွေအခြေပြုနေကြပြီး လှုပ်ရှားသွားလာနေကြတယ်လို့သိရပါတယ်၊အကြမ်းဖက် PDF ခန့်မှန်းအင်အား ၂၅၀ ဝန်းကျင်ခန့်ရှိကြောင်း သတင်းပေးပို့လာပါတယ်။

#SQ
Sep 21

အရာတော်နယ်
============

စစ်ကိုင်းတိုင်း၊အရာတော်မြို့နယ်

ဆားထောင်း

လှတော

ကတို့ကုန်း

ရွှေပန်းကုန်း

ဒုံသစ်ဇရစ်

သမရိုး

မူးမြစ်

- စတဲ့ကျေးရွာတွေမှာ အကြမ်းဖက် PDF တွေအခြေပြုနေကြပြီး လှုပ်ရှားသွားလာနေကြတယ်လို့သိရပါတယ်၊အကြမ်းဖက် PDF ခန့်မှန်းအင်အား ၂၅၀ ဝန်းကျင်ခန့်ရှိကြောင်း သတင်းပေးပို့လာပါတယ်။

#SQ
Forwarded from PAN (AZ Myat)
"ဆီးရီးယား သမ္မတ နှင့် ဆီးရီးယား နိုင်ငံ၏ကိုယ်စား လှယ်တော် အဖွဲ့ဝင် များ သည် တရုတ် - ဆီးရီးယား နှစ်နိုင်ငံ ချစ်ကြည်ရေး ခရီးစဥ်အဖြစ် ယနေ့ တရုတ်နိုင်ငံသို့ ရောက်ရှိလာခဲ့"

စက်တင်ဘာ ၂၁

#PAN သတင်းဌာန၏ website တွင် သတင်းအပြည့်အစုံ ဖတ်ရန် 👇

positiveanglenews.com/2023/09/21/ဆီးရီးယား-သမ္မတ-နှင့်-ကိ
လိုအပ်သူများဆက်သွယ်အကူအညီ
တောင်းနိုင်ပါကြောင်းလေးစားစွာဖြင့်
တင်ပြအပ်ပါတယ်ခင်ဗျာ။
Forwarded from PAN (Aye Lwin)
ပြည်ပအင်အားစုများသည် ဒေသတွင်း၌ အရှေ့ တောင်အာရှနိုင်ငံများအား သဘောထားကွဲလွဲမှု
ဖြစ်ပေါ်အောင် ကြိုးစားနေကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi က သတိပေး ပြောကြား

(နိုင်ငံတကာသတင်းဆောင်းပါး)

       နိုင်ငံများ၏ ကြီးမားသည့် အင်အားပြိုင်ဆိုင်မှုတွင် အသုံးချခံမဖြစ်ရအောင် ယူကရိန်းစစ်ပွဲ၏
ကြေကွဲစရာဖြစ်ရပ်များသည် အာရှတိုက်တွင် ထပ်မံမဖြစ်သင့်ကြောင်း ......

အပြည့်အစုံဖတ်ရှု့ရန် အောက်ပါ link ကို နှိပ်ပါ 👇

Webpage >>...

https://positiveanglenews.com/2023/09/21/ပြည်ပအင်အားစုများသည်-ဒေ/

VK link>>...

https://vk.com/wall-220066330_2111

#PAN
Tomorrow
22.9.2023 ရက်နေ့

ဓာတ်ဆီ 92 စျေး
၄၀ ကျပ် ဝန်းကျင် ခန့် ( ကျ )
နိုင်ပါသည်။

ဓာတ်ဆီ 95 ဈေး
၄၅ ကျပ် ဝန်းကျင် ခန့် ( ကျ )
နိုင်ပါသည်။

ဒီဇယ်ဆီ ရိုးရိုး / ပရီမီယံ စျေး
၂၀ ကျပ် ဝန်းကျင် ခန့် ( တက် )
နိုင်ပါသည်။

#MOPS ဈေးကိုအခြေခံတွက်ချက်
ထားခြင်းဖြစ်ပါသည်။
PPRD မှ ဈေးအပြောင်းအလဲ
ဖြစ်ပေါ်နိုင်ပါသည်။( +/- 5 )
ကမ္ဘာ့စိုးရိမ်ပူပန်ရေးသမဂ္ဂ

(၇၈)ကြိမ်မြောက်ကုလသမဂ္ဂအထွေထွေညီလာခံအဖွင့်မိန့်ခွန်းပြောကြားတဲ့ ကု လသမဂ္ဂအထွေထွေအတွင်းရေးမှုးချုပ် ဂူတာရက်စ် က မြန်မာ့အရေးစိုးရိမ်ပူပန်မှုကို ထည့်သွင်းပြောကြားသွားပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှုးချုပ်တစ်နှစ်အတွင်းပြောခဲ့တဲ့စိုးရိမ်ပူပန်ကြောင်းအရေအတွက်ကိုတစ်နှစ်ဝင်ငွေနဲ့စားပြီးစိုးရိမ်ကြောင်းတစ်ကြိမ်ပြောရင် ဒေါ်လာဘယ်လောက်ရတယ်လို့ တွက်ပြလာတဲ့အထိ ကုလသမဂ္ဂအတွင်းရေးမှုးချုပ်အလုပ်ဟာ စိုးရိမ်ပူပန်ကြောင်းပြောပြီးလစာထုတ်စားနေတဲ့အလုပ်လို့ လှောင် ပြောင်လာကြတဲ့အထိဖြစ်နေပါတယ်။

အမှန်တကယ်လည်း ကမ္ဘာကြီးတစ်နေရာမှာ တစ်ခုခုဖြစ်တာနဲ့ စိုးရိမ်ပူပန်ကြောင်းပြောရုံကလွဲလို့ ဘာမှ မလုပ်နိုင်တဲ့အတွက် နိုင်ငံတွေက ကုလသမဂ္ဂကိုယုံကြည်လေးစားမှုမရှိကြတော့ဘဲ မိမိအကျိုးစီးပွားအတွက်အသုံးချခံစင်မြင့်တစ်ခုအဖြစ်သာ သဘောထားလာကြတာဖြစ်ပါတယ်။

ကုလသမဂ္ဂကိုယ်တိုင်ကလည်းစတင်ဖွဲ့စည်းခဲ့စဥ်က ရည်ရွယ်ချက်ကောင်းများနဲ့ဖွဲ့စည်းခဲ့တာဖြစ်ပေမယ့် အမေရိကန်အနောက်အုပ်စု ဘက် ဘက်လိုက်မှုတွေ ကြောင့် ယုံကြည်လေးစားမှုတွေကင်းမဲ့လာကြပြီး ကုလသမဂ္ဂက ဆုံးဖြတ်ချက်တွေချချင်သလောက်ချ ၊ဂရုမစိုက်ဘဲ လုပ်ချင်ရာလုပ်ဖြစ်လာကြပါတယ်။

"မြန်မာနိုင်ငံမှာ ရက်စက်ကြမ်းကြုတ်တဲ့အကြမ်းဖက်မှုတွေ၊ပိုမိုဆိုးရွားလာနေတဲ့ ငတ်မွတ် ခေါင်းပါးမှုတွေ အပြင်ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်ရောက်ရေးအတွက် မျှော်လင့်ချက်တွေ ဟာလည်း ရိုက်ချိုးဖျက်ဆီးခံနေရတယ်"လို့ ကုလအတွင်းရေးမှုးချုပ်ကပြောကြားသွားပါတယ်။

ရက်စက်ကြမ်းကြုတ်တဲ့အကြမ်းဖက်မှုတွေကျူး လွန်နေတဲ့ NUG,PDFကို ဒီမိုကရေစီသူ ရဲကောင်းတွေအဖြစ်မြှောက်ပေးနေတာကုလသမဂ္ဂဖြစ်ပါတယ်။

အမေရိကန်အနောက်အုပ်စုစပွန်ဆာလုပ်ပြီးကုလသမဂ္ဂအဖွဲ့ကဖွဲ့တယ်ဆိုတဲ့ မြန်မာ့အရေးလွတ်လပ်သောစုံစမ်းစစ်ဆေးရေးယန္တယား(IIMM)တို့ ၊မြန်မာနိုင်ငံဆိုင်ရာလူ့အခွင့်အရေးအထူးကိုယ်စားလှယ်တို့အပါအဝင်ကုလအဖွဲ့အစည်းပေါင်းများစွာ ဟာ NUG လက်အောက်ခံ ပကဖ၊ပအဖ၊PDF တွေမုဒိန်းကျင့်လူသတ်တဲ့အကြမ်းဖက်မှုတွေဖုံးမရဖိမရ လူသိရှင်ကြား အထင်အရှားဖြစ်ပျက်နေတာကိုတစ်ခုမှမဖော်ပြကြဘဲ တပ်မတော်ကလုပ်တယ်လို့သာမျက်စိမှိတ် အော်နေကြတာဖြစ်လို့ ဂူတာရက်စ်ပြောတဲ့မြန်မာပြည်မှာ ရက်စက်ကြမ်းကြုတ်မှုတွေ ဖြစ်အောင် မီးထိုးပေးနေတာ ကုလသမဂ္ဂကိုယ်တိုင်ဖြစ်ပါတယ်။

ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်ရောက်ရေးဟာ ရွေးကောက်ပွဲကျင်းပ၊အနိုင်ရပါတီကိုအာဏာပြန်အပ် ဆိုတဲ့ လမ်းကြောင်းကြီးအထင်အရှားရှိနေပြီးသားဖြစ်ပါတယ်။ဒီလမ်းကြောင်းပေါ်မရောက်အောင်ဖျက်ဆီးနေတဲ့အကြမ်းဖက်NUG,PDFကို အားပေးမြှောက်ပင့်နေတာ ကုလသမဂ္ဂကိုယ်တိုင်ဖြစ်လို့ မြန်မာပြည်ဒီမိုကရေစီလမ်းပေါ်ပြန်ရောက်ရေးကို ရိုက်ချိုးဖျက်ဆီးနေတာ ကုလသမဂ္ဂသာဖြစ်ပါတယ်။

အချုပ်အခြာ အာဏာပိုင်နိုင်ငံတိုင်းဟာ မိမိရေမြေသဘာဝ သမိုင်းနောက်ခံအရ သင့်လျှော်တဲ့အုပ် ချုပ်မှုစနစ်နဲ့ အုပ်ချုပ်ကြတာဖြစ်ပြီး ကမ္ဘာ့နိုင်ငံအားလုံးဒီမိုကရေစီနိုင်ငံဖြစ်အောင်လုပ်ရမယ်လို့ ကုလသမဂ္ဂကိုတာဝန်ပေး အပ်ထားတာလည်း မဟုတ်တဲ့အတွက် ဘယ်စနစ်နဲ့အုပ်ချုပ်သည်ဖြစ်စေ ကုလ သမဂ္ဂက စိုးရိမ်ပူပန်နေရမယ့်အလုပ်လည်းမဟုတ်ပါဘူး။

ဒီမိုကရေစီစနစ်မကျင့်သုံးတဲ့ နိုင်ငံပေါင်းများစွာရှိနေတာကို ဘာမှမပြောဘဲ မြန်မာနိုင်ငံကျမှ ဒီမိုကရေစီနိုင်ငံမဖြစ်မှာထူးထူးခြားခြားစိုးရိမ်ပူပန်နေတယ်ဆိုကတည်းက ကုလသမဂ္ဂကြီးရဲ့စိုးရိမ်ပူပန်မှုဟာ ပုံမှန်မဟုတ်ဘူးဆိုတာသိသာထင်ရှားနေပြီ ဖြစ်ပါတယ်။

#ThaungLwinHein
🌼ရှောင်နိုင်သမျှ ရှောင်ပါ🌼

အတ္တကြီးတဲ့သူတွေ
အလိုရမ္မက်ကြီးတဲ့သူတွေက

သူတို့ဘဝ ကောင်းစားဖို့အတွက်ဆို
သူတစ်ပါးဘဝတွေကို
ချနင်းဖို့ ဝန်လေးနေမှာ မဟုတ်ကြဘူး ။

ကိုယ့်ဘဝလေး
သူတစ်ပါး ချနင်းခံမှာကြောက်ရင်

အပေါင်းအသင်းဖွဲ့တာဖြစ်စေ
အကျိုးတူ လုပ်ဆောင်တာဖြစ်စေ

အတ္တကြီးသူ
အလိုရမ္မက်ကြီးသူတွေကို
ရှောင်နိုင်သမျှ ရှောင်လိုက်တာ
အကောင်းဆုံးပါ ။🌻

#လမ်းခွဲမှာ_ဝမ်းနည်းစရာ_မလိုပါ 📖
✍️အရှင်ဇဝန (ရွှေကုန်းမြေ)✍️

#မေတ္တာများစွာဖြင့်ပြန်လည်မျှဝေအပ်ပါသည်
This media is not supported in your browser
VIEW IN TELEGRAM
သော့တွဲနှင့် နတ်ရုပ် ဖြစ်ခဲ့သော ဘောင်မဝင် တန်းမဝင် တီမောသမ္မတနှင့် အစိုးရလုပ်တန်း ကစားနေတဲ့ နွားရူးကြီးတို့ တွေ့ကြသည်ဆိုရာဝယ်
Tomorrow
23.9.2023 ရက်နေ့

ဓာတ်ဆီ 92 စျေး
မပြောင်းနိုင်ပါ။

ဓာတ်ဆီ 95 ဈေး
၅ ကျပ် ဝန်းကျင် ခန့် ( တက် )
နိုင်ပါသည်။

ဒီဇယ်ဆီ ရိုးရိုး / ပရီမီယံ စျေး
၃၀ ကျပ် ဝန်းကျင် ခန့် ( တက် )
နိုင်ပါသည်။

#MOPS ဈေးကိုအခြေခံတွက်ချက်
ထားခြင်းဖြစ်ပါသည်။
PPRD မှ ဈေးအပြောင်းအလဲ
ဖြစ်ပေါ်နိုင်ပါသည်။( +/- 5 )