အချစ်အကြောင်းတွေးရင်း မင်းကိုလွမ်းမယ်
7.5K subscribers
50 photos
1 video
30 links
လွမ်းမယ် ဆွေးမယ် တွေးမယ် ငေးမယ်
ဒီလိုနဲ့ပဲအချစ်လို့ခေါင်းစဥ်တပ်လိုက်တာနဲ့မင်းကိုအရင်ဆုံးသတိရပါတယ်
Download Telegram
အထက်တန်းစား မိန်းမဖြစ်ချင်ရင် အခုလို အိမ်အလုပ်တွေ လုပ်တတ်လို့ မိန်းမပီသလှပြီရယ်လို့ အထက်တန်းစားဖြစ်မယ် မထင်နဲ့။ ဆိုတာ ကြောက်သင့်မှ ကြောက်ရမယ်၊ ရှက်သင့်မှ ရှက်ရမယ်။ တကယ့် မိန်းမဖြစ်ချင်ရင် မိန်းမအမူအရာနဲ့ ယောက်ျားစိတ် ရှိရမယ်၊ နားလည်ရဲ့ လား။ ယောက်ျားအမူအရာနဲ့လည်း မိန်းမစိတ် ရှိရမယ်။ အဲဒီလိုမှ မရှိရင် အဲဒီမိန်းမဟာ သေရောပဲ၊ အရှင်လတ်လတ်နဲ့ အသုံးမဝင်ဘဲ သေတာကို ပြောတာ ဘာအဖိုးတန်သလဲ၊ မိန်းမကလည်း ဖြစ်ရပြန် ကိုယ့်ကိုယ်ကိုယ် လည်း နောက်ပြန်ဆွဲနေပြန်ဆိုရင် ခပ်လည်လည် ခပ်ပွေပွေ ယောက်ျား မျိုးရရင် နင်တော့ ဒူးနဲ့မျက်ရည်သုတ်နေရပြီပဲ



#crd
#ဂျာနယ်ကျော်မမလေး//သူ့လိုမိန်းမ
#Nafisah@Feelitsadly
35
ချစ်တာကို ကိုယ်သိပါတယ်။

ဒီအတိုင်းလေး အလိုမကျရုံပါ။

ကိုယ့်ကို အချိန်ပေးစေချင်တယ်။ ဂရုစိုက်စေချင်တယ်။

မင်းရဲ့တစ်ဘဝလုံးကို ကိုယ်နဲ့ပဲ သက်ဆိုင်စေချင်တယ်။

ကိုယ့်အကြောင်းတွေကို တွေးစေချင်တယ်။

ကိုယ့်နံဘေးမှာပဲ ရှိနေစေချင်တယ်။

စားရတဲ့ကလေး ပိုငတ်သတဲ့။

မင်းဆီက ရပြီးရင်းရနေတဲ့ မေတ္တာတွေကိုတောင်မှ

ကိုယ့်မှာ မတင်းတိမ်နိုင်တယ်။

လောဘကြီးစွာ ခပ်တင်းတင်းပါပဲ

ကိုယ်မင်းကို ချစ်ပါတယ်။


#crd
#tarhmuunge
#Nafisah@Feelitsadly
56💯3
ရှိုက်သံ မကျယ်လို့......
မငိုဘူး ထင်ခဲ့တာမလား.......။


#crd
#Nafisah@Feelitsadly
😢5012❤‍🔥4
အမေ ကိုးကွယ်တဲ့ ဘုရားတွေဟာ......
အောက်ခြေလူတန်းစားတွေရဲ့......
ထမင်းပန်းကန်ကို မကြည့်ဘူး အမေ......

ဘာသာရေးဟာအဆိပ်အတောက်ပဲ ဗုဒ္ဓကိုအသုံးချလိုက် ယေရှုကိုအသုံးချလိုက် မိုဟာမက်ကိုအသုံးချလိုက် ခရစ်သျှနားကိုအသုံးချလိုက် စီးပွါးရေးဆန်ဆန်လည်ပတ်နေတယ်ဆိုတာ အမေ့ကိုကျွန်တော်ပြောပြချင်တယ်။

ဗုဒ္ဓဟာ မေတ္တာသုတ်ကိုဟောတော်မူတယ်တဲ့ အမေရွတ်ဖတ်နေတဲ့မေတ္တာသုတ်ထက် ကျွန်တော်တို့ထားတဲ့မေတ္တာတရားဟာ ပိုပြီးလက်တွေ့ဆန်တယ်။

ပဋာစာရီကိုအမေကြားဖူးလား ကျွန်တော်ကတော့ အမျိုးသမီးမတက်ရဆိုတဲ့ဘုရားတွေမြင်ဖူးတယ်။ ထဘီတန်းအောက်မဖြတ်ခိုင်းတဲ့အမေ့ကို သင်္ကန်းတွေဘယ်လိုချုပ်ရတယ်ဆိုတာ ပြောပြချင်တယ်။ ဘုန်းတန်ခိုးဟာ ကိုယ်ကျင့်တရားနဲ့ ကိုယ်ချင်းစာစိတ်အပေါ်မှာပဲမူတည်တာပါအမေ။

ပဌာန်းပါဠိတော်မှာ စိတ္တာအဓိပတိလို့ဟောတယ်။ အမေကတော့ဘုရားမရှိခိုးရင်ငရဲကြီးတယ်တဲ့။ ဗုဒ္ဓပဲမှားသလား အမေပဲမှားသလား ကျွန်တော်ဝေခွဲမရဘူးအမေ။

သံသရာဆိုတာတကယ်ရှိပါသတဲ့။ ကောင်းမှုမကောင်းမှုဟာလည်း တကယ်ရှိပါသတဲ့။ ဒီလိုပဲအမေ ကိုးကွယ်ယုံကြည်မှု ထုံးတမ်းဓလေ့အမှားတွေဟာလည်း တကယ်ရှိပါတယ်။

ဗုဒ္ဓဟာအစွဲတွေကိုချွတ်ဖို့ဟောတယ်။ အမေကတော့ဗုဒ္ဓကိုပြန်စွဲတယ်။

တရားဟာနာယူဖို့မဟုတ်ဘူးအမေ ရွတ်ဖတ်သရဖျာယ်ဖို့လည်းမဟုတ်ဘူး။

ဘုရားစင်ပေါ်တင်ထားပြီး သိဒ္ဓိတိုးအောင်လုပ်ဖို့လည်းမဟုတ်ဘူး။ တရားဆိုတာ ကျင့်ကြံအားထုတ်ပြီး သံသရာတစ်ဖက်ကမ်းကိုကူးဖို့ဆိုတာ

အမေသိအောင် ကျွန်တော်ပြောပြချင်သေးတယ်။


#crd
#ချောသွင်
#Nafisah@Feelitsadly
💯2016
မောင်က မေ့နိုင်ပေမယ့်.....
မမေ့နိုင်တဲ့သူတွေကတော့ မေးကုန်ကြပြီ မောင်ရေ......။


#crd
#ဂျူး//အမှတ်တရ
#Nafisah@Feelitsadly
😢2713💔5
"တကယ်တော့ ယောက်ျားတွေ အလိုရှိတာဟာ ရိုးသားဖြူစင်မှု မဟုတ်ဘူး၊ ကောက်ကွေ့လိမ်ညာမှုတွေပဲ။ ကူဋေသိက္ခာမဟုတ်ဘူး၊ လျှပ်ပေါ်လော်လီတဲ့ မြှူဆွယ်မှုတွေပဲ။ အေးမြနူးညံ့တဲ့ ချစ်ခြင်းမေတ္တာ မဟုတ်ဘူး၊ ပူပြင်းလောင်မြိုက်တဲ့ ရမ္မက်တွေပဲ။"


#crd
#ဂျူး//ဆုံလေရက်နဲ့လွမ်းလေခြင်း
#Nafisah@Feelitsadly
43💯16💔4
အကြီးဆုံး အမှားကို ပြပါဆိုရင်.....
အကြိမ်ကြိမ် အပြန်အလှန်.....
ခွင့်လွှတ်ပေးနေကြတဲ့.....
ကိုယ်တို့ နှစ်ယောက် ထင်ပါရဲ့......။



#crd
#chi
#Nafisah@Feelitsadly
43😭17❤‍🔥1🥰1
သူ့ သမီး သရဲကြောက်တတ်တာကို......
အသည်းစွဲ မှတ်ထားလို့လား မသိဘူး......။
အဖေတစ်ယောက် အိပ်မက်ထဲတောင်......
ပေါ်မလာဘူး......။
ဘာအရိပ်အယောင်မှတောင်......
မမြင်ရ မတွေ့ရဘူး.......။
ဖေဖေ မလွန်ဘူးလားဟင်.....။


#crd
#Nafisah@Feelitsadly
😭5013😢3
ဘဝတွေ.....
ဘဝတွေ......
ဘဝတွေကို စာနာပေးရင်း......
ကိုယ့်ဘဝကိုယ် ပြန်ကယ်ဖို့ မေ့......။



#crd
#ရွှေစွန်ညို
#Nafisah@Feelitsadly
😢137💔2
သူများဒုက္ခကို ငါ မိသားစုဆန်ခဲ့ပြီး......
ငါ့ဒုက္ခကိုကျ ငါ တစ်ကိုယ်ကောင်းဆန်ခဲ့၏.....။


#crd
#ရွှေစွန်ညို
#Nafisah@Feelitsadly
😭234
မချစ်တော့ဘူးလားလို့ မမေးရဲခဲ့ဘူး......

ဘာကြောင့် ပြောင်းလဲသွားရတာလဲလို့ မမေးရဲခဲ့ဘူး.....။

ပစ်ထားတာ ဘာကြောင့်လဲလို့ စောဒက မတက်ရဲခဲ့ဘူး......။

အလိုက်တသိလေး လုပ်ပေးဖို့ မမျှော်လင့်ရဲခဲ့ဘူး.......။

နောက်ဆုံး မတောင်းဆိုရဲခဲ့ဘူး......။

ဒီလိုပါဘဲ.....
ချစ်ခြင်းမေတ္တာဟာ.....
ချိုမြိန်တယ်လို့ အမည်ခံပြီး.....
ပိုချစ်မိတဲ့သူက ဒဏ်ရာဗလပွနဲ့......


#crd
#နှောင်းငယ်
#Nafisah@Feelitsadly
😭2013
အတ္တဆန်တဲ့ နယ်မြေမှာ ကိုယ်ချင်းစာပန်းတွေ မပွင့်လန်းဘူး။

လူ့ပြည်လို့သာပြောတာ တိရစ္ဆာန်လောက်တောင် အကြင်နာတရားမရှိတဲ့လူတွေမှ အများကြီး။

ကိုယ့်အပေါ် ကောင်းတဲ့လူအတွက်ပဲ လူကောင်းဖြစ်ရင် ရပါပြီ.....။


#crd
#Nafisah@Feelitsadly
💯2014🍓2