အချစ်အကြောင်းတွေးရင်း မင်းကိုလွမ်းမယ်
7.51K subscribers
50 photos
1 video
30 links
လွမ်းမယ် ဆွေးမယ် တွေးမယ် ငေးမယ်
ဒီလိုနဲ့ပဲအချစ်လို့ခေါင်းစဥ်တပ်လိုက်တာနဲ့မင်းကိုအရင်ဆုံးသတိရပါတယ်
Download Telegram
တောင်းဆိုနေရတယ်ဆိုရင်.....
သေချာပေါက် ကိုယ့်အတွက် မဟုတ်လို့ပေါ့.......။


#crd
#Nafisah@Feelitsadly
😢95
-သိပ်ချစ်တတ်တဲ့ မိန်းကလေးတစ်ယောက်က လေ

သူ တန်ဖိုးထားရတဲ့ဆက်ဆံရေးတစ်ခုကို

အဆင်မပြေလို့ဆိုတဲ့

စကားလေးတစ်ခွန်းနဲ့

လွယ်လွယ်ကူကူလေး

မစွန့်ခွါတတ်ဘူး ။

ပထမ အဆင်မပြေဘူးဆိုတဲ့အရာတွေကို

ညှိယူဖို့ ကြိုးစားလိမ့်မယ်

ပြောပြလိမ့်မယ်

အဲ့လို ပြောပြနေခြင်းတွေက

အဆင်မပြေတာတွေ ပိုဖြစ်လာရင်

မြိုသိပ်ဖို့ တွေးမိလိမ့်မယ်

တကယ် သိပ်ချစ်တတ်တဲ့

မိန်းကလေးတစ်ယောက်ကလေ

သူ မကြိုက်ဘူးဆိုတဲ့အရာတွေကို

သူသိပ်ချစ်တဲ့ လူတစ်ယောက်က လုပ်နေခဲ့ရင်

အဲ့ဒီအရာကို သဘောကျတတ်ဖို့

တစ်ခါတော့ ကြိုးစားကြဖူးတယ်တဲ့ ။

ထားပါတော့

အဆင်မပြေတဲ့အရာတွေကို

မြိုသိပ်ထားရင်းက

နာကျင်လာရတဲ့ နေ့ရက်တွေမှာ

အရင်လို ပြန်ဖြစ်လာရင်ဆိုတဲ့

မျှော်လင့်ချက်လေး ထားတတ်ကြသလို

အဲ့ဒီနေ့ရက်တွေထိ

သူ တန်ဖိုးထားရတဲ့ ရပ်ဝန်းကနေ

လှည့်ထွက်ဖို့ တွေးတောင် မတွေးရဲသေးပါဘူး
ကျွန်မ သိပ် နာကျင်နေရတယ်ဆိုတဲ့

စကားလုံးလေးနဲ့

ဂရုစိုက်ဖို့ သတိပေးခဲ့လိမ့်မယ်

ကျွန်မ လှည့်ထွက်မိသွားလိမ့်မယ်ဆိုတဲ့

စကားလုံးလေး သုံးလာတဲ့ ရက်တွေကျရင်တော့

သူက တကယ်ပဲ မျှော်လင့်ချက် မဲ့နေခဲ့တာ သေချာပါတယ်

လမ်းခွဲရအောင်ဆိုတဲ့ စကားလုံးလေးပဲဖြစ်ဖြစ်

ကျွန်မ နေခဲ့လိုက်တော့မယ်ဆိုတဲ့ စကားလုံးလေးပဲဖြစ်ဖြစ်သုံးပြီး

လွယ်လွယ်လေးနဲ့ဆိုပြီး လူတွေက

နောက်ဆုံးကျတော့မှ သူ သိပ်ချစ်တဲ့ လူတစ်ယောက်အနားက လှည့်ထွက်ခဲ့ဖို့ ရွေးတာပါ မြင်ကြပေမယ့် တကယ်တမ်းကျတော့ လွယ်လွယ်ကူကူလေး မဟုတ်ခဲ့သလို လှည့်ထွက်နိုင်ဖို့ဆိုတာ တော်ရုံနာကျင်မှုမျိုးနဲ့တော့ မဟုတ်ဘူး ။ တစ်ယောက်တည်းငို ပြီး ညတွေအများကြီးကို ဖြတ်သန်းခဲ့ဖူးပြီဖြစ်သလို လမင်းကြီးနဲ့ကော ကြယ်တွေနဲ့ကော စကားပြောဖူးတဲ့အထိ အထီးကျန်ခဲ့ဖူးပြီမို့ အဲ့ဒီမိန်းကလေးက တစ်ယောက်တည်းလည်း ရှေ့ဆက်လျှောက်နိုင်တဲ့အထိ သန်မာလာအောင် ဒဏ်ရာတွေကပဲ သင်ပေးခဲ့တာပါ ။



#crd
#ကျေးကို
#Nafisah@Feelitsadly
😢14🍓32
ဖြစ်ပြန်ပြီ.....
ထပ်ဖြစ်ပြန်ပြီလို့.......
ရေရွတ်ရုံကလွဲပြီး.....
ကျွန်တော် ဘာမှ မတတ်နိုင်ခဲ့ပြန်ဘူး.....။


#crd
#Nafisah@Feelitsadly
💔12😢71
လူတွေကို စည်းကျော်ခွင့်မပေးနဲ့။ လူအများစု abuseလုပ်ကြတာက် သူတို့ ဒီလိုလုပ်လို့ရတဲ့လူ ကိုပဲ လုပ်ကြတာ။

လူပါးဝလို့ရတဲ့လူ၊ပြောချင်တဲ့စကားကို ပါးစပ်စည်းကမ်းမ ရှိပ်ပြောတာကိုခံပေးတဲ့လူ၊ အမြဲသည်းခံပေးနေတဲ့လူအ ပေါ်မှာပဲ လူပါးဝကြတယ် ။

mentally abuser physically, abuse ဒါတွေဟာ ကိုယ်တိုင်က လက်ခံပေးလိုက်တာနဲ့ သူတို့ဘက်က ကျော်လာမဲ့ စည်းတွေ ပဲ။

မာနထားဖို့၊ တုံ့ပြန်သွင့်တာတုံ့ပြန်ဖို့၊ မကောင်းတဲ့လူတွေကို ဘဝထဲက ဆွဲထုတ်လိုက်ဖို့ မတွေဝေနဲ့ မကြောက်နဲ့ ။

Trauma တွေနဲ့မရှင်သန်နဲ့Dramaမမျိူးနဲ့။

ငါ့မို့လို့ငါကိုမှဘာလို့လဲ ဆိုတဲ့နောင်တတွေနဲ့မရှင်သွန်နဲ့။ ဘဝက် တိုတိုလေး လူတွေအမြင်ကိုဂရုမစိုက်ပဲ ကိုယ့်ကိုကိုယ်ပဲ ဂရုစိုက်။


#crd
#Eleanor
#Nafisah@Feelitsadly
💯75
နေနိုင်သွားတာ မဟုတ်ဘူးနော်.....
နေပြလိုက်တာ သိပ်တော့ မခက်ပါဘူး.....

လွမ်းလာတဲ့အခါတိုင်း....
မျက်စိကိုမှိတ်......
လက်ကို ကျစ်ကျစ်ပါအောင်.....
တင်းထားတယ်.....။

ဒီတစ်ခါတော့.....
မင်း ကြေညာတဲ့ စစ်ပွဲကို.....
ကိုယ်လက်ခံတယ်......။


#crd
#Nafisah@Feelitsadly
😭18💔91
နေသားကျတဲ့ နေ့ရက်တွေ.....
ရှိကောင်း ရှိနိုင်ပါတယ်......။

သို့သော်.....
ကိုယ်သတိရတယ်.......။


#crd
#Nafisah@Feelitsadly
💔11😭64
ပြဿနာတွေ တက်ပြီး.....
ငါတို့ မဟုတ်သလို.....
ပြန်အဆင်ပြေသွားတာတွေက.....
အကန့်အသတ်နဲ့ ထုတ်တဲ့.....
ထုတ်ကုန်တွေ အချစ်ရဲ့......။

ခြွေတာခဲ့သင့်တယ် အချစ်ရယ်......။


#crd
#သွယ်မြိတ်
#Nafisah@Feelitsadly
😭188
မတွယ်တာနဲ့.....
လူတွေဟာ ကိုယ်ထင်ထားတာထက် အပြောင်းအလဲ မြန်တယ်.......



#crd
#Nafisah@Feelitsadly
💯186
မင်းကို ရွေးချယ်ခဲ့တာ.....
မမှားဘူးလို့......
သက်သေပြချင်ခဲ့တာ......။

အခုတော့.....
အားလုံးရဲ့ အရှေ့မှာ......
မျက်ရည် မကျလာအောင် ထိန်းရင်း.....

မင်းလည်း ဒီလို လူစားမျိုးပါဆိုတာ......
ရှက်ရှက်နဲ့ လက်ခံလိုက်ရတယ်......။


#crd
#Nafisah@Feelitsadly
😢2613
ဇာတ်သိမ်းတွေက အတူတူပါပဲ......။
ဘယ်လောက်ပဲ ညှိနှိုင်းပြီး......
ပြန်တွဲပါစေ......
ဒီဇာတ်သိမ်းပါပဲ......။

ကိုယ်လည်း အရမ်းပင်ပန်းခဲ့သလို......
မင်းလည်း အရမ်းပင်ပန်းခဲ့ရတယ်.......။

ဒါကြောင့်.....
ဒီဇာတ်လမ်းကို မဆက်တော့ပဲ......
ဝေးသွားတာက အကောင်းဆုံးပါပဲ အချစ်ရယ်......။


#crd
#Nafisah@Feelitsadly
😭224
အားလုံးနဲ့ လဲပြီးရွေးခဲ့တာမလား......

ဒီစကားဟာ.....
အရွေးခံခဲ့ရတဲ့သူအဖို့.....
သိပ်ကြည်နူးဖို့ကောင်းပေမယ့်.....

အရာအားလုံးနဲ့ လဲခဲ့ပြီးမှ.....
မပြောင်းလဲသွားတာမျိုး.....
အရာအားလုံးနဲ့ လဲခဲ့ပြီးမှ.....
သတ္တိမရှိတော့တာမျိုး......
အရာအားလုံးနဲ့ လဲခဲ့ပြီးမှ.....
ဆုံးရှုံးရတာမျိုးဆိုရင်......

အားလုံးကို ကျောခိုင်းပြီး....
ရွေးခဲ့တဲ့သူအဖို့......
သိပ်ကြေကွဲဖို့ကောင်းတယ်.....။
သူ့မှာ သူပဲ ရှိတော့တာကို......။



#crd
#Nafisah@Feelitsadly
😢19❤‍🔥65
ကောင်မလေး တစ်ယောက်တော့......
တိတ်ဆိတ်သွားပြန်ပြီ......။


#crd
#Nafisah@Feelitsadly
20🕊15😭13💔1
မင်းဒဏ်ရာလည်း ငါမနှစ်သိမ့်နိုင်…..
ငါ့ဒဏ်ရာလည်း ငါ မကြေငြာနိုင်…..


#crd
#မယ်ညို
#Nafisah@Feelitsadly
😢1513
မေတ္တာမှန်ရင် အသွားအပြန်ရှိတယ်တဲ့......
အဲ့တာ xီးစကား......

ကိုယ့်ဘာသာ သွားပြီး.....
ကိုယ့်ဘာသာ ပြန်ခဲ့ရတယ်.......
ဖိနပ်တောင် ပြန်ပါမလာဘူး......။



#crd
#Nafisah@Feelitsadly
😢18😭118💯5👍4💔3
ပြည့်ပြီးသား အိုးတွေကိုပဲ.....
ထပ်ဖြည့်ချင်တာ......
လူတွေရဲ့ သဘာဝလား......။


#crd
#Nafisah@Feelitsadly
💯1911
အဲ့နေ့တုန်းက.....
ငါသာ သည်းခံခဲ့ရင် ဝေးရမှာ မဟုတ်ဘူး.....

မဟုတ်ဘူး.....
ငါကချည်းပဲ အမြဲသည်းခံခဲ့တာ......
ဒီလို တုံ့ပြန်မှသာ ငါ့အပေါ် ထပ်မလုပ်ရဲမှာ......။


#crd
#Nafisah@Feelitsadly
😭2714
အဆုံးရဲ့ အစလား.....
အစရဲ့ အဆုံးလား......။


#crd
#Nafisah@Feelitsadly
😢145
ကိုယ့်ဘာသာ ပြုတ်ကျပြီး.....
ကိုယ့်ဘာသာ ပြန်ထရတဲ့ ကလေးလိုပါပဲ......။

ချစ်ခြင်းမေတ္တာဟာ.....
ဘာအပြစ်မှ မရှိပါဘူး......။
ကိုယ့်မရင့်ကျက်ခြင်းနဲ့ ကိုယ်ပါပဲ......။



#crd
#Nafisah@Feelitsadly
20😭16
ခဏလေး တွေ့ခွင့်ရခဲ့တဲ့ ရေစက်တွေက......
နှလုံးသားကို အလုပ်ရှုပ်စေခဲ့တာပဲ......။



#crd
#Nafisah@Feelitsadly
😢27👍6🔥5👏3
စိတ်အနာတရဖြစ်အောင် လုပ်တဲ့ လူတွေအကုန်လုံးကို ဘယ်တုန်းကမှ ခွင့်မလွှတ်သလို ဘယ်တော့မှလည်း ခွင့်မလွှတ်ဘူး......။
ဘဝထဲကနေ အဲ့ဒီလူတွေကို ထုတ်ပစ်လိုက်ပေမယ့် အဲ့ဒီလူတွေ လုပ်တဲ့ လုပ်ရပ်တွေကိုတော့ ဘယ်တော့မှ မမေ့ဘူး.....။
မဖြစ်မနေ ပြောဆိုဆက်ဆံရမယ့် အနေအထားဆိုရင်တောင် အပေါ်ယံကလွဲပြီး ဘာမှ မရှိတဲ့အပြင်....
စကားပြောမိတဲ့အချိန်တွေ.....
အသံကြားရတဲ့အချိန်တွေ.....
မျက်နှာမြင်ရတဲ့ အချိန်မှာဆို မုန်းတယ်......။



#crd
#Nafisah@Feelitsadly
30💯9👏2
အထက်တန်းစား မိန်းမဖြစ်ချင်ရင် အခုလို အိမ်အလုပ်တွေ လုပ်တတ်လို့ မိန်းမပီသလှပြီရယ်လို့ အထက်တန်းစားဖြစ်မယ် မထင်နဲ့။ ဆိုတာ ကြောက်သင့်မှ ကြောက်ရမယ်၊ ရှက်သင့်မှ ရှက်ရမယ်။ တကယ့် မိန်းမဖြစ်ချင်ရင် မိန်းမအမူအရာနဲ့ ယောက်ျားစိတ် ရှိရမယ်၊ နားလည်ရဲ့ လား။ ယောက်ျားအမူအရာနဲ့လည်း မိန်းမစိတ် ရှိရမယ်။ အဲဒီလိုမှ မရှိရင် အဲဒီမိန်းမဟာ သေရောပဲ၊ အရှင်လတ်လတ်နဲ့ အသုံးမဝင်ဘဲ သေတာကို ပြောတာ ဘာအဖိုးတန်သလဲ၊ မိန်းမကလည်း ဖြစ်ရပြန် ကိုယ့်ကိုယ်ကိုယ် လည်း နောက်ပြန်ဆွဲနေပြန်ဆိုရင် ခပ်လည်လည် ခပ်ပွေပွေ ယောက်ျား မျိုးရရင် နင်တော့ ဒူးနဲ့မျက်ရည်သုတ်နေရပြီပဲ



#crd
#ဂျာနယ်ကျော်မမလေး//သူ့လိုမိန်းမ
#Nafisah@Feelitsadly
35