တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်းများ
8.37K subscribers
2.74K photos
13 videos
90 links
၂၀၂၃ ခုနှစ် ဆယ်တန်းအောင်စာရင်းများ
Download Telegram
ကျောင်းနေအရွယ်ကလေးအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့...
(ကျောင်းအပ်နှံရေးသီတင်းပတ် မေလ ၂၃ ရက်မှ ဇွန်လ ၂ ရက်ထိ)
12
ကျောင်းအချိန်စာရင်းတွင် စာကြည့်တိုက် အချိန်ထည့်ထား
--------------------
အခုပညာသင်နှစ်ကစပြီး အခြေခံပညာကျောင်းတွေရဲ့ စာသင်အချိန်စာရင်းထဲမှာ စာကြည့်တိုက်အချိန် ထည့်သွင်း ထားပြီးဖြစ်တယ်လို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက ပြောပါတယ်။ မေလ ၁၄ ရက်က တက္ကသိုလ်ပါမောက္ခချုပ်တွေ၊ ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးတွေ၊ တိုင်းနဲ့ပြည်နယ် တွေက ပညာရေးမှူးတွေနဲ့ အွန်လိုင်းကနေ တွေ့ဆုံရာမှာ ဒေါက်တာညွန့်ဖေက အခုလို ပြောကြားလိုက်တာပါ။

ဆရာ၊ ဆရာမတွေအနေနဲ့ ကျောင်းသားကျောင်းသူတွေ အမှန်တကယ်ပညာတတ်စေရေး၊ တိုင်းချစ်ပြည်ချစ်စိတ်နဲ့ မျိုးချစ်စိတ်ရှိသူတွေဖြစ်စေရေး ပြုစုပျိုးထောင်သင်ကြားပေးရမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။ အခု၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းတွေနဲ့ တက္ကသိုလ်၊ ဒီဂရီကောလိပ်တွေအားလုံး ဇွန်လ ၃ ရက်မှာ တစ်ပြိုင်တည်း ဖွင့်လှစ်သွားမှာဖြစ်ပြီး အခြေခံပညာကျောင်းတွေရဲ့ ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် မေလ ၂၃ ရက်ကနေ ဇွန်လ ၂ ရက်အထိ သတ်မှတ်ထားပါတယ်။
17
Tiktok မှာလဲ Sai Aung Khant ရှိနေပါပြီ
အဆင်ပြေရင် Follow လေးလုပ်ခဲ့ပေးကြပါဦးဗျ။
ပညာရေးနဲ့သက်ဆိုင်တာတွေတင်ပေးသွားမှာပါ။

https://vt.tiktok.com/ZSYhAwhM1/
7
တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများ ဇွန်လ ၁၁ ရက်တွင် ကြေညာမည်
🔴🔴🔴🔴🔴🔴🔴🔴🔴🔴🔴🔴

• ၂၀၂၄-ခုနှစ်၊ မတ်လတွင်ကျင်းပခဲ့သော တက္ကသိုလ်ဝင်စာမေးပွဲ နှင့် ၂ဝ၂၄-ခုနှစ်၊ဧပြီလ နှင့် မေလများတွင် အထူးအစီအစဉ်တစ်ရပ်အနေဖြင့် ကျင်းပဆောင်ရွက်ပေးခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို(၁၁-၆-၂ဝ၂၄)ရက်၊ အင်္ဂါနေ့နံနက်(၀၆ : ၀၀)အချိန်၌ ထုတ်ပြန်ကြေညာမည်ဖြစ်ပါသည်။

• အဆိုပါ အောင်စာရင်းများကို သက်ဆိုင်ရာမြို့နယ်အသီးသီးရှိ စာစစ်ဌာနကျောင်းများတွင် တစ်ချိန်တည်းကပ်ထားမည်ဖြစ်ပါသည်။

• အောင်စာရင်းထုတ်ပြန်မည့်(၁၁-၆-၂၀၂၄)ရက်နေ့၊ နံနက်(၄)နာရီတွင် မြန်မာနိုင်ငံစာစစ်ဦးစီးဌာန Website www.myanmarexam.org တွင် ဝင်ရောက်ကြည့်ရှုနိုင်ရန် စီစဉ်ထားမည် ဖြစ်ပါသည်။

• တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို Website မှ အသိပေးထုတ်ပြန်ကြေညာသည့်အပြင် ဝေးလံသောဒေသများရှိ စာစစ်ဌာနများနှင့် အင်တာနက် အဆက်အသွယ်ကောင်းစွာ မရရှိသော စာစစ်ဌာနများ၏ အောင်စာရင်းများကို မြန်မာ့အသံရေဒီယိုအစီအစဉ်မှလည်း အောင်စာရင်း ထွက်သည့်နေ့တွင် ကြေညာပေးပါမည်။

• အောင်စာရင်းနှင့်ပတ်သက်၍ မရှင်းလင်းသည်များ ရှိလာပါက မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၊ ဖုန်းနံပါတ် ( ၀၁-၆၅၃၅၀၉) နှင့် ( ၀၁ – ၆၅၃၄၆၇ )တို့ ထံသို့ အောင်စာရင်း ထုတ်ပြန်ကြေညာမည့် (၁၁-၆- ၂၀၂၄) ရက်နေ့ (အင်္ဂါနေ့) တွင် ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။

ရင်းမြစ် မြန်မာနိုင်ငံစာစစ်ဦးစီးဌာန

https://t.me/Yangontime456
29
လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် စာစစ်ဌာနများမှာ
တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို မြန်မာ့အသံမှ ထုတ်လွှင့်ကြေညာပေးမည်။
38
တက္ကသိုလ်ဝင် အောင်စာရင်းထွက်ရန် ၁၃နာရီသာလိုတော့သည်။
မကြာခင် ဘယ်သူအောင်တယ် ရှုံးတယ် သိရတော့မှာပါ။အောင်တော့သူတွေအတွက်ကတော့ပျော်စရာပေါ့။
ကျမယ့်သူတွေအတွက်တော့ နောက်တစ်နှစ်အတွက် ဒီနှစ်၊ဒီအတန်း၊ဒီနေရာမှာပဲပေါ့ ။
82
၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ
ပဲခူးတိုင်းဒေသကြီး
တောင်ငူမြို့ အထကနတ်စင်ကုန်း စာစစ်ဌာန အောင်စာရင်း။
1
၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ
ပဲခူးတိုင်းဒေသကြီး
တောင်ငူမြို့ အထကလေးမိုင်နှင့် အထက ၄ စာစစ်ဌာန အောင်စာရင်း။
1
၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ
ပဲခူးတိုင်းဒေသကြီး
ထန်းတပင်မြို့ အထကထန်းတပင် စာစစ်ဌာန အောင်စာရင်း။