တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်းများ
8.37K subscribers
2.74K photos
13 videos
90 links
၂၀၂၃ ခုနှစ် ဆယ်တန်းအောင်စာရင်းများ
Download Telegram
ဂျင်းPost တွေပျံနေပါတယ်
အောင်စာရင်း မထွက်သေးပါ။
15
ဆယ်တန်းအောင်စာရင်း ထွက်ဖို့ ရက်ပိုင်းအလို။
ဆယ်တန်း အောင်စာရင်း ထွက်ရင် ကြည့်တဲ့လူဦးရေများတာကြောင့် Website တွေကျသွားတာဝင်မရတာဖြစ်တက်ပါတယ်။
ဒီအခက်အခဲတွေကိုဖြေရှင်းဖို့ ဆယ်တန်းအောင်စာရင်း App ကို ထုတ်ပေးထားပါတယ်။
ဒီမှာ Download လုပ်ပါ
https://play.google.com/store/apps/details?id=com.exammm23.app
54
ယနေ့ထုတ် သတင်းစာတွင် မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန ၏ ကြေညာချက်။
122
Meta(ခေါ်) Facebook ကုမ္ပဏီ၏ ပလက်ဖောင်းများဖြစ်သည့် Facebook ၊ Instagram၊ Messenger နှင့် Threads ပလက်ဖောင်းများအားလုံး ဝင်မရတော့

ရန်ကုန်၊ မတ် ၅

Meta(ခေါ်) Facebook ကုမ္ပဏီ၏ ပလက်ဖောင်းများဖြစ်သည့် Facebook ၊ Instagram၊ Messenger နှင့် Threads ပလက်ဖောင်းများအားလုံး ယခု ဝင်မရတော့ကြောင်း၊ တစ်ကမ္ဘာလုံးရှိ အကောင့်များအားလုံး ရပ်ဆိုင်သွားခြင်းဖြစ်ကြောင်း သိရှိရသည်။

မိမိ၏ ဖေ့ဘုတ်စ်အကောင့်ကို ဝင်ပါက “session expired, please log in again.” ၊ “Unable to log in. An unexpected error occurred. Please try logging in again.” ၊ “password you’ve entered is incorrect.” ဆိုသော စာသားများ ပြနေကြောင်း ကမ္ဘာ့သတင်းများတွင် ဖော်ပြထားသည်။
4
Breaking News- Facebook Account များ Auto Log out ဖြစ်ပြီး ပြန်ဝင်မရဖြစ်နေကြောင်း၊ လတ်တလော မြန်မာနိုင်ငံတွင်သာမက Facebook ကုမ္ပဏီတည်ရှိရာ အမေရိကန်ပြည်ထောင်စုတွင်ပါ ယင်းပြဿနာဖြစ်ပွားနေခြင်းဖြစ်ကြောင်း သိရှိရသည်။

Instagram လည်းသုံးလို့မရတော့ပါ။
1
ဖေ့ဘုတ်စ်ရှယ်ယာများ တရှိန်ထိုး ကျဆင်းနေစဉ်
22
Forwarded from ငါပြင်ပေးနေပြီ စိတ်ပူနဲ့
ငါပြင်ပေးနေပြီ စိတ်မပူကြနဲ့
18
Forwarded from ငါပြင်ပေးနေပြီ စိတ်ပူနဲ့
Facebook ၊ Instagram၊ Messenger နှင့် Threads ပလက်ဖောင်းများအားလုံး အသုံးပြုမရသည်ကို သိရှိပြီး ပြန်လည် ပြုပြင်နေဟု Meta ပြောခွင့်ရပုဂ္ဂိုလ်ပြောဆို

ရန်ကုန်၊ မတ် ၅

Facebook ၊ Instagram၊ Messenger နှင့် Threads ပလက်ဖောင်းများအားလုံး အသုံးပြုမရသည်ကို သိရှိပြီး ပြန်လည် ပြုပြင်နေဟု Meta ကုမ္ပဏီပြောခွင့်ရပုဂ္ဂိုလ် Andy Stone က ပြောဆိုသည်။

"ကျနော်တို့အနေနဲ့ ကျနော်တို့ရဲ့ဝန်ဆောင်မှု ပလက်ဖောင်းတွေမှာ လူထုတွေ အသုံးပြုမရတာကို သိရှိပါတယ်။ အခုအဲဒါကို ပြန်လည်ပြင်ဆင်နေပါတယ်" ဟု Meta ကုမ္ပဏီပြောခွင့်ရပုဂ္ဂိုလ် Andy Stone က တွစ်တာလူမှုကွန်ရက်မှတစ်ဆင့် ကြေညာထားသည်။

လက်ရှိတွင် Facebook ၊ Instagram၊ Messenger နှင့် Threads ပလက်ဖောင်းများအားလုံး အသုံးပြုမရခြင်းမှာ တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ဖြစ်ပွားနေခြင်းဖြစ်ကြောင်း သိရှိရသည်။
4
■ ၂၀၂၃ - ၂၀၂၄ ခုနှစ် ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ စတင်ဖြေဆို

၂၀၂၃ - ၂၀၂၄ ခုနှစ် ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ယနေ့(မတ် ၁၁ ရက်)မှစ၍ စတင် ဖြေဆိုနေပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ ၂၀၂၃-၂၀၂၄ ခုနှစ် ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၁၁ ရက်မှ ၁၉ ရက်အထိ တစ်ရက်လျှင် တစ်ဘာသာနှုန်းဖြင့် ကျင်းပမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ကြေညာခဲ့သည်။

စာမေးပွဲကျင်းပမည့် အချိန်စာရင်းအရ ၂၀၂၄ ခုနှစ် မတ် ၁၁ ရက် တနင်္လာနေ့၌ နံနက် ၉ နာရီမှ ၁၂ နာရီအထိ မြန်မာစာ၊ မတ် ၁၂ ရက် အင်္ဂါနေ့၌ နံနက် ၉ နာရီမှ ၁၂ နာရီအထိ အင်္ဂလိပ်စာ၊ မတ် ၁၃ ရက် ဗုဒ္ဓဟူးနေ့၌ နံနက် ၉ နာရီမှ ၁၂ နာရီအထိ သချာၤ၊ မတ် ၁၄ ရက် ကြာသပတေးနေ့၌ နံနက် ၉ နာရီမှ ၁၂ နာရီအထိ ဓာတုဗေဒ/ပထဝီဝင်၊ မတ် ၁၅ ရက် သောကြာနေ့၌ နံနက် ၉ နာရီမှ ၁၂ နာရီအထိ ရူပဗေဒ/သမိုင်း၊ မတ် ၁၆ ရက် စနေနေ့၌ နံနက် ၉ နာရီမှ ၁၂ နာရီအထိ ဇီဝဗေဒ/ဘောဂဗေဒ၊ မတ် ၁၈ ရက် တနင်္လာနေ့၌ နံနက် ၉ နာရီမှ ၁၂ နာရီအထိ လူမှုရေးသိပ္ပံ၊ မတ် ၁၉ ရက် အင်္ဂါနေ့၌ နံနက် ၉ နာရီမှ ၁၂ နာရီအထိ စိတ်ကြိုက်မြန်မာစာ စသဖြင့် ကျင်းပသွားဖြစ်ကြောင်း သိရသည်။
12