𝐄𝐫 𝐆𝐮𝐢𝐝𝐞 𝐛𝐲 𝐓𝐫. 𝐊𝐚𝐲
1.99K subscribers
310 photos
2 videos
12 files
52 links
Learning made fun with Tr. Kay! Your friendly online tutor. Join for study motivation and guidance! 👩🏻‍🏫📚📌
Download Telegram
ER ကိုလေ့ကျင့်ပြီးတိုင်း စစ်ခိုင်းလို့ရတဲ့ AI တွေအများကြီးထဲမှ စာမေးပွဲနဲ့အမှတ်အနီးစပ်ဆုံးတူအောင်ပေးနိုင်တဲ့ AI လေးတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။ အဲ့တာကတော့ Gemini လေးပါ။ Gemini ကမိမိရဲ့အရေးအသားတွေရဲ့အားနည်းချက်နဲ့လိုအပ်ချက်တွေကိုတစ်ခုချင်းစီထောက်ပြပေးတဲ့အပြင် ဘယ်နေရာမှာဘယ်လိုလေးပြင်လိုက်ရင်တော့ မိမိရဲ့ Writing Skill ကိုမြင့်စေတယ်ဆိုတာကအစပြောပြပေးတာမို့ ER ရေးပြီးတိုင်းစစ်ခိုင်းဖို့ ဆရာတွေမရှိရင်လဲ တကယ်ကိုအသုံးဝင်စေမှာပါ။📙📘📗

╭──────────.★..─╮

တခြား AI တွေနဲ့လည်းစစ်ခိုင်းလို့ရပေမဲ့ ဘာ့ကြောင့် Gemini(bard ai) ကပိုပြီးမိမိအတွက်အဆင်ပြေစေလဲဆိုတာကိုပြောပြပေးပါမယ်နော်။ Gemini ကတစ်ခြား AI တွေလိုဝင်ရတာနှောင့်နှေးစေတဲ့အထဲမှာမပါပါဘူး။ အင်တာနက်လိုင်းဆွဲအားကောင်းတာနဲ့ Chrome ကနေတစ်ဆင့် Website ထဲတိုက်ရိုက်ဝင်ပြီး မိမိသိချင်တာတွေအပြင် ER ကိုပါစစ်ခိုင်းလို့ရပါတယ်။ သူ့ရဲ့ Response ကလည်းမြန်ပြီးတော့ အချိန်တိုအတွင်းမှာ မိမိရဲ့အရေးအသားကောင်းခြင်း၊မကောင်းခြင်းကိုပါ တစ်ခါထဲသိနိုင်တာမို့ အထောက်ကူပြုတဲ့ AI လို့ပြောရပါမယ်။ ဒါဆို Gemini နဲ့ဘယ်လိုစစ်ခိုင်းလို့ရမလဲဆိုတာပြောပြပေးပါမယ်ရှင်။

ပထမဆုံးအနေနဲ့ မိမိရေးထားတဲ့စာပိုဒ်ကို Copy and Paste ချပါ။ ပြီးတာနဲ့ Do u think my writing is formal? Pls rate ..../6 ဆိုတာပါတစ်ခါထဲရေးပြီးပို့လိုက်ပါ။ ဘာလို့သူ့ကို Rate ခိုင်းတာလဲဆိုရင် ER မှာအမှတ်(6) မှတ်နဲ့ဆုံးဖြတ်ပေးလို့ဖြစ်ပါတယ်။ ဒါ့ကြောင့် Gemini ရဲ့အမှတ်ပေးမှုကလည်း ER အမှတ်ပေးတာနဲ့ 80% လောက်နီးစပ်ပါတယ်။
https://t.me/Educationalsections/24 ဒါကတော့ ER ရဲ့အမှတ်ပေးစည်းမျဉ်းအ‌ကြောင်း‌တင်ပေးထားတာဖြစ်ပါတယ်။🧚🏻‍♀️

Gemini နဲ့စစ်ခိုင်းပြီးတာနဲ့သူ့ရဲ့ Response ပေါ်မူတည်ပြီး မိမိအားနည်းတဲ့နေရာတွေ၊ အမှားများတတ်တာတွေအပြင် လိုအပ်တာလေးတွေပါတစ်ခါထဲမှတ်ပြီး နောက်ရေးသားတဲ့အခါပြင်ဆင်လို့ရပါတယ်။ ဒီလိုနဲ့ပဲ ER လေ့ကျင့်ပြီးတဲ့အခါတိုင်း Gemini နဲ့စစ်ပေးရင် မိမိအတွက်အကျိုးကျေးဇူးအများကြီးရှိလာပြီး Writing အတွက်တိုးတက်လာမယ်ဆိုတာ နားလည်‌လောက်ပြီလို့မျှော်လင့်ပါတယ်ရှင်။✨
https://gemini.google.com/ ဒါကတော့ Gemini ရဲ့လင့်လေးပါရှင်။


╰─..★.──────────╯

Set specific times for focused study and stick to them as much as possible. Routine can build good habits and reduce procrastination!

#TrKay
❤30🥰3💘1
Good Evening ပါရှင်...🧚🏻‍♀️🧚🏻‍♀️

Extended Response ကိုခုမှစလေ့ကျင့်မဲ့သူလေးတွေအတွက် PDF ဖိုင်လေးတစ်ခုရှဲပေးချင်ပါတယ်။ ဒါလေးကတော့တီချယ်ခုလေးတင်လုပ်ပေးထားတာပါ။ ခုမှစလေ့ကျင့်မဲ့သူ‌လေးတွေအတွက် ဒီလိုစာပိုဒ်လေးတွေကပိုပြီးအဆင်ပြေပြီး စာလုံးလေးတွေကလည်း နားလည်စေမှာမို့ လေ့ကျင့်ကြည့်ဖို့အကြံ‌ပေးချင်ပါတယ်ရှင်။ ခုစာပိုဒ်တွေကိုတီချယ်က Mc Graw-Hill Workbook ထဲကယူပြီးပြန်လည်မျှဝေပေးတာပဲဖြစ်ပါတယ်နော်။

#TrKay
❤18💘1
Extended Response ဆိုတာအားလုံးသိကြတဲ့အတိုင်း Evidence, Fact တွေများများပါတဲ့စာပိုဒ်နှစ်ခုထဲမှ တစ်ခုကိုရွေးချယ်ပြီး ဘာကြောင့်ထောက်ခံတာလဲဆိုတာကို မိမိရဲ့အိုင်ဒီယာအပြင် စာပိုဒ်တွေရေးသားရတဲ့အခါမှာလဲ Formal စတိုင်လ်ကိုအသုံးပြုပြီးရေးမှသာ အမှတ်အပြည့်ကိုမှန်းလို့ရတာပါ။ ဒီလိုမျိုးအမှတ်ပြည့်ရဖို့ Formal Writing ကဘာ့ကြောင့်အရေးပါရတာလဲဆိုတာ Tr.Kay ရဲ့ချယ်နယ်ကနေလေ့လာကြည့်ရအောင်🙇🏻‍♀️🎀
⏜︵⊹︵⏜︵୨୧︵⏜︵⊹︵⏜

1️⃣Academic Context: Extended Response ဆိုတာပေးထားတဲ့ စာပိုဒ်နှစ်ခုထဲမှ အားသာတဲ့ဘက်ကို အချက်အလက်တိတိကျကျဖြင့် ဘာကြောင့်ထောက်ခံရလဲ၊မထောက်ခံရလဲဆိုတာကို အခိုင်အမာရေးရသော စနစ်တကျအကဲဖြတ်တဲ့ Academic Writing တစ်ခုဖြစ်ပါတယ်။ ဒီလိုမျိုး Academia Writing ဖြစ်ဖို့ဆိုတာလဲ Formal Style ဖြင့်ရေးမှသာ မိမိရဲ့အရေးအသားအပြင် စာသား Tone ကိုပါပိုပြီးလေးနက်မှုရှိတာကြောင့်ဖြစ်ပါတယ်။

2️⃣Objective Analysis: မိမိရေးမဲ့ Argument ထဲမှာ ပေးထားတဲ့စာပိုဒ်နှစ်ခုရဲ့ အားသာချက်များနှင့် အားနည်းချက်များကို ခွဲခြမ်းစိတ်ဖြာပြီး၊ ကိုယ့်ရဲ့ထင်မြင်ချက်တွေကို ဖော်ပြရတဲ့အခါမှာ စကားပြောဆိုရာတွင်သုံးသည့်စကားလုံးများ၊ Slang၊ Idioms တို့ကိုသုံးရတာမဟုတ်ဘဲ၊ Formal Words တွေကိုသုံးမှသာ အမှတ်ပေးစည်းမျဉ်းနှင့်ကိုက်ညီမှာ‌ဖြစ်ပါတယ်။

3️⃣Respect for the Task and Reader: ဒါကတော့ဉပမာအနေနဲ့ပြောရရင် စာမေးပွဲဖြေတဲ့အခါ ပြီးပြီးရော ဖြစ်သလိုဘယ်သူမှမဖြေကြပါဘူး။ ဖြေဆိုသူတွေက တစ်ခုချင်းစီကိုအာရုံစိုက်ပြီး ဂရုတစိုက်ပဲဖြေကြတာချည်းပါ။ ဒါ့ကြောင့် ER ရေးသားရတဲ့အခါမှာလည်း Formal စတိုလ်နဲ့ရေးသားခြင်းဖြင့် စာစစ်တဲ့သူကိုလဲ လေးစားရာရောက်ပြီး ဖတ်ရတဲ့သူအဖို့လဲ ကျေနပ်စေတာကြောင့်ပဲဖြစ်ပါတယ်။

⏝︶⊹︶⏝︶୨୧︶⏝︶⊹︶⏝
ခုပြောပြသွားတဲ့အချက်တွေကတော့ Formal ရေးသားရမှာအရေးကြီးတဲ့သတိထားစရာလေးတွေပဲဖြစ်ပါတယ်။ ဒါ့အပြင် Formal စတိုလ်ရဖို့ သတိထားပြီးရှောင်ရမဲ့အချက်လေးတွေကိုပါပြောပြပေးပါမယ််🔎📝

✿Personal opinions and experiences
(မိမိရဲ့အထင်အမြင်၊ အတွေ့အကြုံများကိုရေးသားခြင်း)

✿Contractions and abbreviations
(အတိုကောက်စကားလုံးများဖြင့်စာကြောင်းကိုတိုအောင်ရေးသားခြင်း)

✿Slang, colloquialisms, and idioms
(ပေါ့ပေါးပါးပါးစကားလုံးတွေကိုအသုံးပြုခြင်း)

✿Shorter, simpler sentences
(သတ်မှတ်ထားတာထက်ရိုးရှင်းပြီးတိုသောစာကြောင်းများရေးခြင်း)

✿A more casual and conversational tone
(လူတစ်ယောက်နဲ့တစ်ယောက်ပြောဆိုနေသလိုမျိုးရေးသားခြင်း)

✿Use of personal pronouns(I, We, You ဆိုတဲ့ကိုယ်ပိုင်နာမ်စားများအသုံးပြုခြင်း) တို့ပဲဖြစ်ပါတယ်။

ဒီအချက်တွေကတော့ ER ရေးတဲ့ကျောင်းသားတိုင်းမှားလေ့ရှိတဲ့သတိပြုစရာအချက်လေးတွေပဲဖြစ်ပါတယ်။ တကယ်လို့မိမိရေးသားတဲ့စာပိုဒ်တွေမှာအဲ့လိုမျိုးလေးတွေပါနေရင် ပြန်ပြင်လိုက်ပါနော်။ ဒီလိုမှမဟုတ်ဘဲဒီတိုင်းထားလိုက်ရင် အမှတ်လျော့ဖို့အတွက်သေချာနေလို့ပဲဖြစ်ပါတယ်ရှင်။ ဒါဆိုရင်တော့ ဘာ့ကြောင့် Formal Style ကအရေးကြီးတာလဲအပြင် Informal ရဲ့ရှောင်ရမဲ့အချက်တွေကို နားလည်လောက်ပြီလို့ မျှောင်လင့်ပါတယ်ရှင်။💗💕

#TrKay
❤19👍4
Extended Response ‌မ‌ရေးခင်သိသင့်သိထိုက်တဲ့ Formal Words စကားလုံးတွေအပြင် Transition Words တွေကိုခေါင်းစဉ်အလိုက်တင်ပေးထားတဲ့ website ငါးခုကိုတစ်စုတစ်စည်းထဲ မျှဝေပေးထားတာဖြစ်ပါတယ်။ မိမိသိထားတဲ့စကားလုံးတွေအပြင် မသိသေးတဲ့စကားလုံး‌တွေကိုပါ တစ်ခါထဲလေ့လာခွင့်ရမှာမို့ အကျိုးရှိရှိအသုံးချဖို့မျှော်လင့်ပါတယ်ရှင်။🙆🏻‍♀️💝


🔎https://www.learnenglishteam.com/formal-and-informal-english/

🔎https://www.engvid.com/english-resource/formal-informal-english/

🔎https://grammarvocab.com/formal-and-informal-words-list-in-english-pdf/

🔎https://engdic.org/formal-and-informal-words/

🔎https://www.wordscoach.com/blog/formal-and-informal-words-in-english/
❤21
တီချယ့်ကို ER Guide နဲ့ပက်သက်ပြီးစုံစမ်းထားတဲ့သူတွေအတွက် တီချယ့်ချယ်နယ်လေးကပဲ Announce လုပ်ပါမယ်ရှင်။♡♡♡

Personal Guide ဖြစ်တာကြောင့် တစ်ပတ်မှာအများဆံုးသုံးရက်ယူပြီးသင်ပေးပါတယ်။ (ပိတ်ရက်တွေတော့မရပါဘူးရှင်) ဒါ့ကြောင့် တီချယ်နဲ့သင်တဲ့အတောအတွင်းမှာ Author နှစ်ယောက်လုံးရဲ့ Argument တွေကို Analysis လုပ်တတ်မယ်။ အရေးအကြီးဆုံးအပိုင်းဖြစ်တဲ့ Formal အပိုင်းကို တီချယ်က အချိန်ယူပြီးရေးတတ်နိုင်အောင်ကိုသင်ပေးတာမို့ ဒီအတွက်လဲစိတ်ပူစရာမလိုပါဘူး။ ဒါတင်မကသေးဘဲ Extended Response ရဲ့အမှတ်ပေးစည်းမျဉ်းအတွင်းထဲဝင်အောင် သင်ပေးတဲ့အပြင် 4, 5, 6 မှတ်ထိရောက်အောင် ကျောင်းသားတစ်ဦးချင်းစီရဲ့အရေးအသားပေါ်မူတည်ပြီး အမှတ်များအောင် အာမခံပြီးသင်ပေးတာပါရှင့်။

တီချယ်က Extended Response ကိုပဲဦးတည်ထားပြီးလေ့လာတဲ့သူမို့ Concepts ပိုင်းသင်တဲ့အခါမှာမလိုက်နိုင်မှာတို့၊ မရမှာတို့အတွက်စိတ်ပူစရာမလိုပါဘူး။

Intensive အတွက်ပဲဖြစ်ဖြစ်၊ ခုမှစသင်မဲ့သူတွေပဲဖြစ်ဖြစ် မိမိယူမဲ့ အချိန်ပေါ်မူတည်ပြီး တီချယ့်အနေနဲ့ ER ပိုင်းကိုလျစ်ဟင်းမှုမရှိစေရအောင်တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်နဲ့သင်ကြားပေးမှာမို့ သင်တန်းအကြောင်းစုံစမ်းချင်ရင် @chatgochatgochacha မှာမေးမြန်းနိုင်ပါတယ်ရှင်။

Er Guide by Tr.Kay
#TrKay
❤‍🔥12❤10
☘️Er Guide by Tr.Kay's channel ရဲ့ကဆုန်လပြည့်နေ့အတွက်ဆုတောင်းမင်္ဂလာ☘️

ယနေ့ကျရောက်တဲ့ ကဆုန်လပြည့်နေ့ သည် ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ကြီး ဖြစ်ပါတယ်။ မြတ်စွာဘုရားရှင်သည် ဤနေ့ဤအခါ၌ သဗ္ဗညုတရွှေဉာဏ်တော်ကို ရတော်မူရန်အတွက် ဗောဓိပင်အား အမှီပြု၍ တရားအားထုတ်တော်မူခဲ့သည်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင်တို့သည် ဗောဓိပင်အား ရေသွန်းလောင်းခြင်းစသော ကုသိုလ်ကောင်းမှုတို့ကို ပြုလုပ်ကြသည်။ ရေသွန်းလောင်းကြသည့် ရည်ရွယ်ချက်မှာ ကဆုန်လတွင် ရေရှားပြတ်လပ်၍ ညှိုးလျော်အံ့ဆဲဖြစ်သော ဗောဓိပင်ကို လန်းဆန်းစိုပြေစေရန်အတွက်ပဲ ဖြစ်ပေသည်။

ဤကဲ့သို့ရေသွန်းလောင်း၍ ကုသိုလ်ပြုခြင်းဖြင့် မြန်မာပြည်သူပြည်သားအပေါင်း ဘေးရန်ကင်းကွာစိတ်ချမ်းသာပြီး မိမိတို့၏လိုရာဆန္ဒများပြည့်စုံကြပါ‌စေ၊ ပညာရေးနှင့်ပက်သက်၍လည်း အများထက်သာပြီး ရည်မှန်းချက်များပြည့်စုံကြပါစေလို့ Tr.Kay ရဲ့ချယ်နယ်ကနေ ဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်ရှင်။🙆🏻‍♀️💗

#TrKay
❤12👻1
Hello...Hello🤗💗
ER ကိုခုမှစရေးမဲ့သူတွေအတွက် အသုံးဝင်မဲ့ website လေးတစ်ခုမျှဝေပေးပါမယ်။ အဲ့ဝဘ်ဆိုက်လေးက Transition Words တွေကိုသူ့နေရာနဲ့သူ ‌ဖော်ပြပေးထားတဲ့အပြင် Academic Writing ကိုအသာပေးပြီးဖော်ပြထားတာမို့ တီချယ်တို့အရေးအသားပိုင်းမှာ Formal မဖြစ်မှာကိုစိုးရိမ်စရာမလိုတော့ပါဘူး။

╴╴╴╴╴⊹ꮺ˚ ╴╴╴╴╴⊹˚ ╴╴╴╴˚ೃ
https://writing.wisc.edu/handbook/transitions/

╴╴╴╴╴⊹ꮺ˚ ╴╴╴╴╴⊹˚ ╴╴╴╴˚ೃ
Transition Words တွေက ER ပိုင်းမှာ တကယ်အရေးကြီးပါတယ်။ ဒါ့ကြောင့်သူ့နေရာနဲ့သူရေးတတ်ဖို့ဆိုတာ တီချယ်တို့အနေနဲ့ Transition Words တွေရဲ့စကားလုံးတွေကိုသေချာလေးသိမှအဆင်ပြေမှာပဲဖြစ်ပါတယ်။ ဒါ့‌ေကြာင့်တီချယ်ရှဲပေးတဲ့ website လေးကပိုပြီးပြည့်စုံတာမို့ အကျိုးရှိရှိအသုံးချဖို့ မျှော်လင့်ပါတယ်ရှင်။

#TrKay
💘14❤5👍3
ဒီတစ်ခေါက်မှာတော့အရင်လကတင်ခဲ့ပြီးတဲ့ ER နဲ့ပက်သတ်သမျှအကြောင်းအရာတွေကို တစ်စုတစ်စည်းတည်း လေ့လာလို့ရအောင် Tr.Kay ရဲ့ချယ်နယ်ကနေ Link Collections လေးလုပ်ပေးထားပါတယ်ရှင်။👩🏼‍💻🪄

https://t.me/Educationalsections/12 ER အတွက် Transition Words အသုံးပြုပြီးရေးသားနည်း

https://t.me/Educationalsections/14 Formal Style ရေးသားရာတွင်သတိပြုရမည့်အချက်များ

https://t.me/Educationalsections/16 အမှတ်များများရဖို့အတွက် သိသင့်တဲ့အချက်များ

https://t.me/Educationalsections/18 ER မှာဘာ့ကြောင့် စာလုံးရည်ကန့်သတ်ထားရတာလဲ။

https://t.me/Educationalsections/24 ER ရဲ့အမှတ်ပေးစည်းမျဉ်းအကြောင်း

https://t.me/Educationalsections/28 Writing အတွက်သတိထားစရာအချက်များ

https://t.me/Educationalsections/34 Er Format by Tr.Kay

https://t.me/Educationalsections/36 Author's pronoun ရေးနည်း

https://t.me/Educationalsections/39 6 benefits of writing ER in GED Ready Test

https://t.me/Educationalsections/44 စာမေးပွဲအမှတ်နဲ့အနီးစပ်ဆုံးတူပြီး စစ်လို့ရမဲ့ AI အကြောင်း

https://t.me/Educationalsections/45 ER အတွက်လေ့ကျင့်လို့ရမဲ့ဖိုင်များ

https://t.me/Educationalsections/51 Formal writing ကဘာ့ကြောင့်အရေးကြီးတာလဲ။

https://t.me/Educationalsections/5Transition Words Collection Website
❤26
RLA ရဲ့မေးခွန်းတွေက ကျောင်းသားတွေရဲ့ နားလည်နိုင်စွမ်းနှင့် ဆင်ခြင်တွေးခေါ်နိုင်စွမ်းကို သိရှိအောင်မေးခွန်းပုံစံမျိုးစုံဖြင့် စစ်ဆေးပါတယ်။ စာမေးပွဲတစ်ခုချင်းစီမှာ ပါဝင်တဲ့မေးခွန်းအမျိုးအစားတွေက တစ်ခုနဲ့တစ်ခုအနည်းငယ် ကွဲပြားနိုင်တာကြောင့် အခုတစ်ခါမှာ RLA မှာမေးတဲ့ Part-1 ရဲ့ Questions Format အကြောင်းကို Tr.Kay ရဲ့ချယ်နယ်ကနေမျှဝေပေးသွားပါမယ်ရှင်။📙📘📗📕


⊹˚₊‧───────────────‧₊˚⊹

○Main Idea/Theme: Identifying the central point or message of a passage. စာပိုဒ်တစ်ခုရဲ့ အဓိကအချက် ဒါမှမဟုတ် ပေးချင်တဲ့ မက်ဆေ့ချ်ကို မေးမြန်းခြင်း။

○Supporting Details/Evidence: Locating specific facts, examples, or reasons the author uses to back up their main idea. စာရေးသူက သူတို့ရဲ့အဓိကအချက်ကို ထောက်ခံဖို့ အသုံးပြုထားတဲ့ တိကျတဲ့အချက်အလက်များ၊ ဥပမာများ သို့မဟုတ် အကြောင်းပြချက်များကို မေးခြင်း။

○Inference and Conclusion: Drawing logical conclusions based on information presented in the text, even if not explicitly stated. This often involves understanding character traits, plot, setting, or ideas. တစ်ချို့စာသားထဲမှာ တိတိကျကျ မဖော်ပြထားသော်လည်း တင်ပြထားတဲ့ အချက်အလက်တွေအပေါ် အခြေခံပြီးယုတ္တိတန်တဲ့ ကောက်ချက်တွေ ဆွဲခြင်း။ ဒါဟာ ဇာတ်ကောင်စရိုက်၊ ဇာတ်လမ်း၊ နေရာဒေသ သို့မဟုတ် အယူအဆတွေကို နားလည်ခြင်းတို့နဲ့ ဆက်စပ်နေပါတယ်။

○Author's Purpose/Point of View/Tone: Determining why the author wrote the text, their perspective on the topic, or the feeling/attitude they convey. စာရေးသူကဘာကြောင့်ဒီစာကိုရေးခဲ့လဲ၊ အကြောင်းအရာအပေါ်သူတို့ရဲ့အမြင် ဒါမှမဟုတ် သူတို့ပေးပို့တဲ့ ခံစားချက်/သဘောထား (ဥပမာ- သတင်းပေးချင်တာလား To inform၊ ဆွဲဆောင်ချင်တာလား To persuade၊ ရသမှုပေးချင်တာလား To entertain) စတာတွေကို ဆုံးဖြတ်နိုင်လားဆိုတာ စစ်ဆေးခြင်း။

○Vocabulary in Context: Understanding the meaning of unfamiliar words or phrases as they are used within the passage. စာပိုဒ်ထဲမှာအသုံးပြုထားတဲ့ မရင်းနှီးတဲ့ စကားလုံးများ သို့မဟုတ် စကားစုများရဲ့အဓိပ္ပာယ်ကို မေးခြင်း။

○Structure and Organization: Understanding how a passage is organized (e.g., cause and effect, chronological, problem-solution, compare-contrast) and how paragraphs or sections relate to each other. စာပိုဒ်တစ်ခု ဘယ်လိုဖွဲ့စည်းထားလဲ (ဥပမာ- အကြောင်းအရင်း-ရလဒ် cause and effect, အချိန်ကာလအလိုက် chronological, ပြဿနာ-ဖြေရှင်းချက် problem-solution, နှိုင်းယှဉ်-ကွဲပြား compare-contrast) နဲ့ စာပိုဒ်တွေကဘယ်လိုဆက်စပ်နေလဲဆိုတာကို မေးခြင်း။

○Rhetorical Techniques: Identifying how writers use language to convey meaning, persuade, or evoke emotion (e.g., analogy, figurative language like similes and metaphors). စာရေးသူတွေဟာ အဓိပ္ပာယ်ကို ဖော်ပြဖို့၊ ဆွဲဆောင်ဖို့ ဒါမှမဟုတ် ခံစားချက်ကို လှုံ့ဆော်ဖို့ ဘယ်လိုဘာသာစကားကို အသုံးပြုလဲဆိုတာကို ခွဲခြားသိမြင်ခြင်း (ဥပမာ- ဥပမာပေးခြင်းအပြင် စကားတွေဖြစ်တဲ့(simile, metaphor) တို့ကိုမေးခြင်း တို့ပဲဖြစ်ပါတယ်။ အခုပြောပြသွားတဲ့ အချက်တွေအားလုံးကို မိမိက ပိုင်ပိုင်နိုင်နိုင်ရှိ‌ေနပြီဆိုရင် Part-1 မှာမေးလာတဲ့ မေးခွန်းတွေအတွက် Ready ဖြစ်ပြီလို့တောင်ပြောလို့ရပါတယ်။

⊹˚₊‧───────────────‧₊˚⊹

စာမေးပွဲဆိုတာကလည်း ကျောင်းသားတစ်ဦးချင်းစီရဲ့ တတ်သိနားလည်မှုနဲ့ ကြိုးစားအားထုတ်မှုတွေကို ပြသဖို့ အခွင့်အရေးတစ်ခုပဲဖြစ်ပါတယ်။ ဒါပင်မဲ့လဲ အမှတ်တစ်ခုတည်းနဲ့ မိမိသင်ယူခဲ့ရတဲ့တန်ဖိုးကို တိုင်းတာတာမဟုတ်ပါဘူး။ အရေးကြီးဆုံးကတော့ လေ့လာသင်ယူခဲ့တာတွေ၊ ဖြတ်သန်းခဲ့တဲ့ခရီးလမ်း‌ေတွနဲ့ ရရှိခဲ့တဲ့အတွေ့အကြုံတွေသာလျှင် မိမိဘဝတစ်သက်တာအတွက် အမြဲကျန်ရစ်နေတာပဲဖြစ်ပါတယ်။✨🌟

Go in with confidence and do your best. Great results await you!

#TrKay
❤22🥰4🔥1💯1
RlA မှာဆိုရင် Extended Response ကအချိန်ကြာကြာ‌ေပးပြီးဖြေရတဲ့ စာမေးပွဲပုံစံပဲဖြစ်ပါတယ်။ Reading Questions တွေနဲ့မတူတဲ့အချက်က ER သည်ကွန်ပျူတာပေါ်မှာ typing ရေးပြီးဖြေဆိုရတဲ့အတွက်ကြောင့် ကျောင်းသားတွေကြား စိန်ခေါ်မှုတွေနဲ့အချိန်မလောက်နိုင်တဲ့ကိစ္စတွေဖြစ်ပေါ်တတ်တာပါ။ ဒါ့ကြောင့်ဒီလိုအခက်ခဲ‌ေတွမဖြစ်‌ေအာင် Part-2 မှာလာမဲ့ Writing နဲ့ပက်သက်တဲ့မေးခွန်းသဘောတရားအကြောင်းကိုလေ့လာကြည့်ရအောင်။📒🔎


ER အတွက်ပေးထားမဲ့စာမေးပွဲကြာချိန်က ၄၅ မိနစ်ဖြစ်ပါတယ်။ ဒီမိနစ်ပိုင်းလေးမှာ မိမိအနေနဲ့ ပေးထားတဲ့ ခေါင်းစဉ်ကနေ မတူညီတဲ့ အမြင်၊သဘောတရား၊ ရှုထောင့်တွေကို ဖော်ပြပြီးရေးသားထားတဲ့ စာရေးသူ (author) နှစ်ယောက်ရဲ့ Argument တွေထဲမှ ဘယ်သူ့ဘက်ကို‌ေထာက်ခံပြီးရေးမယ်ဆိုတာဆုံးဖြတ်ရမှာဖြစ်ပါတယ်။ အရေးကြီးဆံုးအချက်က မိမိရဲ့ကိုယ်ပိုင်ထင်မြင်ချက်ကို ရေးသားရမှာမဟုတ်ဘဲ၊ စာပိုဒ်‌ေတွမှာ‌ေပးထားတဲ့ Argument တွေထဲမှာမှ Evidence, Facts, Examples, Data Statistics တွေများများပါတဲ့ Argument ကိုရှာပြီး မိမိရဲ့ Response ထဲတွင်ခိုင်မာမာရေးမှသာ အမှတ်ပြည့်အတွက်မျှော်မှန်းလို့ရတာပါ။

───♡─────────────
What you need to do?
ဒါဆို ဒီလိုမျိုးအမှတ်ပြည့်ရအောင် ဘာလုပ်ရမလဲ။

○မေးလာမဲ့စာပိုဒ်နှစ်ခုလုံးရ‌ဲ့ Argument တွေကို သေချာဖတ်ပါ။

○စာရေးသူတစ်ဦးစီ၏ အဓိက ‌ေပြာချင်တဲ့အချက် (main idea) ကိုသိအောင်လုပ်ပါ။ ဉပမာ- သူတို့က Technology ရဲ့ကောင်းကျိုးဆိုးကျိုးအကြောင်းပြောနေတာလား၊ Transportation ကိုသုံးသင့်မသုံးသင့်ဆွေးနွေးနေတာလား။

○စာရေးသူတစ်ဦးချင်းစီက သူတို့ရဲ့ Argument မှာအသုံးပြုထားတဲ့ အချက်အလက်များ (evidence)၊ကိန်းဂဏန်းများ (Data Statistics)၊ ဥပမာများ (examples)၊ ကျွမ်းကျင်သူများ၏ထင်မြင်ချက်များ (experts' opinion) တွေကိုထည့်သုံးပြီး အသားပေးဖော်ပြနေတယ်ဆိုရင် ဒီစာ‌ေရးသူရဲ့ Argument ကိုမိမိအနေနဲ့ရွေးချယ်ပြီးရေးရမှာပဲဖြစ်ပါတယ်။

○ဒါ့အပြင် စာလုံးအရေအတွက်ကလဲကန့်သတ်ထားတ‌ာ‌ေကြာင့် 300-500 အတွင်းရေးမှသာ မိမိရဲ့ Writing ကအမှတ်ပေးစည်းမျဉ်းထဲဝင်မှာပါ။ ပုံမှန်အားဖြင့် ၄-၅ ပိုဒ်လောက်ရေးသားနိုင်ရပါမယ်။

○နောက်ဆုံးအချက်ကတော့ Time Management ပဲဖြစ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက်က Typing လုပ်တဲ့ချိန်မသိနိုင်တာမို့ မိမိအနေနဲ့ အချိန်နဲ့ကန့်သတ်ပြီးရေးနိုင်မှသာ စာမေးပွဲမှာ အဆင်သင့်ဖြစ်မှာပါ။
───♡─────────────

စာမေးပွဲဖြေနိုင်ဖို့ဆိုတာလဲ မေးခွန်းသဘောတရားအပြင်၊ မေးလေ့မေးထရှိတတ်တဲ့ မေးခွန်းပုံစံအမျိုးအစားတွေကို မိမိအနေနဲ့ သိမှသာစာမေးပွဲဖြေတဲ့ချိန်တွင် အခက်ခဲမရှိပဲဖြေနိုင်မှာပါ။ Part-2 အတွက်မေးလာမဲ့မေးခွန်းပုံစံလဲသိပြီးပြီဆိုတော့၊ သူတို့ရဲ့အမှတ်ပေးပုံကဘယ်လိုမျိုးလဲဆိုတာသိဖို့လဲလိုအပ်ပါတယ်။

https://t.me/Educationalsections/24ဒါလေးကတော့ ER ရဲ့အမှတ်ပေးစည်းမျဉ်းအကြောင်းလေးတင်ပေးထားတာဖြစ်ပါတယ်ရှင်။🪄📌ဒါ့ပြင် စာမေးပွဲဖြေဆိုတဲ့အခါမှာလဲ အခက်ခဲမရှိ အမှတ်ပြည့်ဖြင့်ဖြေဆိုနိုင်ကြပါစေလို့ Tr.Kay ရဲ့ချယ်နယ်ကနေဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင်။


Every hour you've spent studying, every challenging concept you've tackled—it's all bringing you closer to your goals.👨🏻‍🎓👩🏻‍🎓

#TrKay
❤15👏2
RLA စာမေးပွဲရဲ့ Part-3 မှာကြုံတွေ့ရမယ့် မေးခွန်းပုံစံတွေဟာ Part-1 မှာတွေ့ရတဲ့ မေးခွန်းပုံစံတွေနဲ့ အတူတူပါပဲဆိုတာသိပြီးပြီလား။ ပုံမှန်အားဖြင့် part-3 မှာဆိုရင် (reading comprehension) နဲ့ (language skills) တွေကို အဓိကထားပြီး မေးမြန်းတာကြောင့် Part-1 Questions Format နဲ့ခပ်ဆင်ဆင်ဖြစ်နေတာပါ။ ဒါဆိုရင် Part-3 မှာမေးတတ်တဲ့မေးခွန်းပုံစံ‌ေတ‌ွအကြောင်းကိုလေ့လာကြည့်ရအောင်။📗📘📙📕
"part-3" မှာလာမဲ့မေးခွန်းပုံစံ‌ေတွက ကျောင်းသားအများစု မှားလေ့ရှိတဲ့ Grammar နဲ့ပက်သက်တဲ့ (သဒ္ဒါ၊ ပုဒ်ဖြတ်ပုဒ်ရပ်၊ စာလုံးပေါင်း၊ ဝါကျတည်ဆောက်ပုံ) တွေကို ပုံစံအမျိုးမျိုးနဲ့ စာသားအမျိုးမျိုးမှာ ဘယ်လောက်ထိကောင်းစွာ အသုံးချနိုင်လဲဆိုတာကို စစ်ဆေးမေးမြန်းတာပဲ ဖြစ်ပါတယ်။ ဆက်လက်ပြီးတော့ Part-3 မှာ အတွေ့များတဲ့ မေးခွန်းပုံစံအကြောင်းလေ့လာကြည့်ရအောင်။

﹉﹉﹉﹉﹉୨♡୧﹉﹉﹉﹉﹉
Multiple-Choice ဒါကတော့ အတွေ့ရအများဆုံး ပုံစံဖြစ်ပြီး စာပိုဒ်တွေ ဒါမှမဟုတ် ဝါကျတစ်ခုချင်းစီကို ဖတ်ပြီး ရွေးချယ်စရာလေးခုထဲက အကောင်းဆုံးအဖြေကို ရွေးချယ်ပြီးဖြေဆိုရမဲ့ မေးခွန်းပဲဖြစ်ပါတယ်။ မေးတဲ့ပုံစံလေးတွေက✨
○Main idea or central argument of a passage.

○Locating supporting details and evidence.

○Making inferences and drawing conclusions based on the text.

○Determining the author's purpose, tone, or point of view.

○Analyzing relationships between ideas (cause/effect, compare/contrast). တို့ပ‌ဲဖြစ်ပါတယ်။

Language and Grammar အတွက်ဆိုရင်မေးနိုင်တဲ့ပုံစံလေးတွေက✨
○Correcting errors in sentence structure (run-ons, fragments, parallelism).

○Identifying and correcting errors in punctuation (commas, apostrophes, semicolons, etc.)

○Choosing the correct word usage (e.g., homonyms, commonly confused words).

○Ensuring subject-verb agreement and correct verb tense.

○Using pronouns correctly.

○Applying capitalization rules. တို့ပဲဖြစ်ပါတယ်။

Drag-and-Drop ကတော့စကားလုံးတွေ၊ ဝါကျတွေ ဒါမှမဟုတ် စာကြောင်းအပြည့်အစုံကိုပေးထားပြီး စာပိုဒ်ထဲက သတ်မှတ်ထားတဲ့ နေရာလွတ်တွေထဲကို ဆွဲယူထည့်သွင်းရမှာ ဖြစ်ပါတယ်။ အမေးများတဲ့မေးခွန်းတွေက✨
○Completing sentences with the most appropriate word or phrase.

○Ordering events or steps in a process.

○Matching evidence to claims. တို့ပဲဖြစ်ပါတယ်ရှင်။

﹉﹉﹉﹉﹉୨♡୧﹉﹉﹉﹉﹉
အဓိကအနေနဲ့ Grammar ပိုင်းကအရေးကြီးဆုံးဖြစ်တာကြောင့် အဲ့အပိုင်းနဲ့ပက်သက်ပြီး မိမိအနေနဲ့လေ့လာစရာ၊သင်ယူစရာရှိတာ‌ေတွကိုသင်ယူပြီး အဆင်သင့်ဖြစ်မှဖြေဖို့တိုက်တွန်းချင်ပါတယ်။ Reading, Writing တွေကို သေချာဂရုစိုက်ပြီးလုပ်သလို English Grammar ပိုင်းကလဲ Part-3 ရဲ့တစ်ထောင့်တစ်နေရာကနေအမှတ်ထည့်တွက်တာမို့လေ့ကျင့်ပြင်ဆင်မှသာ မိမိလိုချင်တဲ့အမှတ်တွေကိုရရှိနိုင်မှာဖြစ်ပါတယ်ရှင်။

Believe in your ability to learn and improve. You've got this!🙇🏻‍♀️

#TrKay
❤19❤‍🔥4