𝐄𝐫 𝐆𝐮𝐢𝐝𝐞 𝐛𝐲 𝐓𝐫. 𝐊𝐚𝐲
1.99K subscribers
310 photos
2 videos
12 files
52 links
Learning made fun with Tr. Kay! Your friendly online tutor. Join for study motivation and guidance! 👩🏻‍🏫📚📌
Download Telegram
Warmly welcome to my 𝐄𝐫 𝐆𝐮𝐢𝐝𝐞 𝐛𝐲 𝐓𝐫. 𝐊𝐚𝐲's Channel✨🎀

GED မှာကျောင်းသားတော်တော်များများကခက်တယ်လ်ို့ပြောလေ့ရှိတဲ့ Reasoning Through Language Arts( RLA ) ရဲ့ Er ပိုင်းမှာဆိုရင်အမှတ်အပြည့်နဲ့အချိန်အတိုအတွင်းမှာရေးနိုင်ဖို့ဆိုတာတကယ်ရောလွယ်ကူပါ့မလား။ ဘယ်လိုနည်းလမ်းတွေက မိမိရဲ့ Writing skills ကိုတိုးတက်စေမှာလဲ။

ဒါတွေအားလုံးမစတင်ခင်မှာ တီချယ့်အကြောင်းလေးအနည်းငယ်လောက်ပြောပြပေးချင်ပါတယ်ရှင်။
👩🏻‍🎓📌March 16 ရက် 2025 မှာ RLA ကို 166+ college ready ရရှိခဲ့ပြီး
ER မှာ 6/6 full scores အပြည့်ဖြင့်တီချယ်ကဖြေဆိုအောင်မြင်ခဲ့တာဖြစ်ပါတယ်။

📢👩🏻‍🏫တီချယ့်အနေနဲ့ဒီချယ်နယ်လေးကိုထူထောင်ဖြစ်တဲ့ရည်ရွယ်ချက်လေးက ကျောင်းသားတစ်ယောက်ချင်းစီကို ER မှာမသိသေးတဲ့ Techniques တွေနဲ့အမှတ်ပြည့်ရရှိဖို့ပြင်ဆင်ရမဲ့နည်းလမ်းလေးတွေ၊ ER နဲ့‌ဆက်စပ်တဲ့ Concepts အပိုင်းစတာတွေကိုမျှဝေပေးချင်တဲ့ရည်ရွယ်ချက်နဲ့ဖန်တီးခဲ့တာဖြစ်ပါတယ်ရှင်။

ကဲ.. ဒါဆိုခုနကပြောခဲ့တဲ့ ER ကို 45 mins အတွင်းမှာအမှတ်ပြည့်ရအောင်ဘယ်လိုရေးရမလဲ။ ပထမတစ်ချက်အနေနဲ့သိထားရမှာက ဖြေမဲ့ကျောင်းသားတိုင်းသည် တစ်သတ်မှတ်တည်းသွားလို့မရနိုင်ပါ။(ဆိုလိုတာက ⌨️typing မြန်/မမြန်ဆိုတာ ဖြေဆိုသူကျောင်းသားတစ်ဦးချင်းစီမှာမူတည်နေပါတယ်) ဒါ့ကြောင့်အချိန်တိုအတွင်းမှာအမှတ်ပြည့်ရဖို့ဆိုရင် ⏱️Time Management သည်အလွန်ကိုအရေးကြီးပါတယ်။ တီချယ်ကတော့ဉပမာအနေနဲ့ပြောပြပေးပါမယ်ရှင်။


⏳5 min:Scan & Plan စာပိုဒ်ကိုအစအဆုံးအချိန်ကြာပြီးဖတ်နေတာမျိုးထက် အရေးကြီးမဲ့နေရာလေးကိုအသားပေးဖတ်ပြီးရလာတဲ့ information ကို ဘယ်ပိုဒ်မှာဘယ်လိုရေးမလဲဆိုတာပါတစ်ခါထဲအစီစဉ်ဆွဲထားရမှာဖြစ်ပါတယ်။ ဒါ့ကြောင့်မိမိရဲ့ Plan ထဲမှာ understand prompt, outline key points တွေပါနေရပါမယ်။

📝Plan ဆွဲပြီးပြီဆိုရင်မိမိရဲ့ရရှိလာတဲ့ develop ideas, support with evidence စတာတွေကို Writing အတွက် 35 min အချိန်ယူပြီး‌စရေးဖို့ပြင်ဆင်ရမဲ့အပိုင်းပဲဖြစ်ပါတယ်။ 📍📌ကျောင်းသားတွေသတိထားရမှာကရေးနိုင်ရင်ရေးနိုင်သလောက်အမှတ်ရတာမဟုတ်ပါ။ Er ရဲ့အမှတ်ပေးစည်းမျဉ်းအတွင်းနဲ့ကိုက်ညီမှသာအမှတ်ပြည့်ရရှိနိုင်မှာဖြစ်ပါတယ်။📍📌

🗒️နောက်ဆုံးမှာတော့ မိမိရဲ့အရေးအသားကိုပြန်စစ်ဖို့ 5 min မှာ Review & Edit အတွက်အချိန်ထည့်တွက်ထားရပါမယ်။ ဘယ်လောက်ပဲမိမိကတစ်ခုချင်းစီကိုသေချာရိုက်လာပါတယ်ထားပါ နှစ်ခါပြန်စစ်လို့ နောင်တရတဲ့အမှားဆိုတာမရှိပါဘူးနော်🙅🏻‍♀️။ မစစ်လို့မှားမှသာတကယ်ကိုနှမြောစရာကောင်းတာပါ။ မိမိရဲ့ Writing မှာ errors တွေပါနေမလား? စာလုံးပေါင်းသတ်ပုံ၊ စာလုံးအကြီးအသေးတွေကမှန်နေရဲ့လား? အဓိကသတိထားရမှာက Argument နှစ်ခုလုံးမှာ အငြင်းပွားသူတွေရဲ့နာမည်တွေကရောမှန်ရဲ့လား စတဲ့ensure clarity ကိုစစ်ဆေးရပါမယ်ရှင်။

ဒါဆိုရင်တော့ 🕙အချိန်ပိုင်းအတွင်းမှာ ER ကိုဘယ်လိုရေးသားရမလဲဆိုတာတီချယ်ကမျှဝေပေးသွားတာဖြစ်ပါတယ်ရှင်။နောက်ပြီးတော့လဲ ပညာဒါနအနေနဲ့ တီချယ်ကြုံတွေ့ခဲ့ရတဲ့ experience👩🏻‍🎓🔎 တွေနဲ့ ER Concepts အပိုင်းကို Zoom Platform💻 ကနေတစ်ရက်တာသင်ကြားပေးဖို့ရှိပါတယ်ရှင်။

ဒါဆိုဘယ်သူတွေတက်ရောက်သင့်လဲ? Preparation ပြီးထားတဲကျောင်းသားများအပြင် self-study သမားများအတွက်လဲ ER ကိုအလွယ်ကူဆုံးနားလည်လွယ်အောင် ရှင်းပြသွားမှာဖြစ်လို့ လက်လွတ်မခံဘဲ stay turned ပါနော်🙆🏻‍♀️

#TrKay
❤28🐳2👍1👏1
"📚🖊️ER မှာ Transition Words Usage တွေကမိမိရဲ့အမှတ်များ၊မများနဲ့သက်ဆိုင်နေပါ့မလား။ ထည့်မသုံးလဲအမှတ်ရနိုင်မလား။🙇🏻‍♀️ "

ကျောင်းသားတော်တော်များများကတော့ ER မှာ ミConnection Wordsミ အနေနဲ့ Transition စကားလုံးတွေကိုသုံးလာနေပြီဖြစ်ပါတယ်။ အသေးစိတ်အားဖြင့်အဲ့ဒီစကားလုံးတွေကို မိမိရေးမဲ့ စာပိုဒ်တွေမှာအသုံးပြုခြင်းဖြင့် စာကြောင်းကိုချောမွတ်စေပြီးဖတ်ရတဲ့အခါမှာလဲဆီလျော်မှုရှိနေပါတယ်။ ဒုတိယအချက်အနေနဲ့ ER သည် computer based test ဖြစ်တာကြောင့်စစ်ဆေးမှုအပိုင်းမှာ GED ကသတ်မှတ်ထားတဲ့ Rules တွေနဲ့ညီမှသာအမှတ်အပြည့်ရနိုင်မှာဖြစ်ပါတယ်။ ဒါ့ကြောင့် Transition Words တွေကိုသူ့‌နေရာနဲ့သူထည့်‌ရေးခြင်းဖြင့်မိမိရဲ့ Writing Scores ကိုတစ်ဖက်တစ်လှမ်းကနေပံ့ပိုးပေးရာရောက်မှာဖြစ်ပါတယ်။

👤ဒါဆို Transition Words တွေများများသုံးမယ်၊ဒါမှအမှတ်များကြီးရမှာ။
👩🏻‍🏫မဟုတ်ပါဘူးနော်...ဒါကတော့ကျောင်းသားတော်တော်များများလွဲမှားတဲ့အယူအဆပါ။စဉ်းစားကြည့်ပါ မိမိက Cafe ဆိုင်ရဲ့ပိုင်ရှင်ဖြစ်ပါစို့။ ကော်ဖီဖျော်ဖို့ ကော်ဖီအမှုန့်ကိုလိုတာထက်ပိုပြီးထည့်လိုက်တဲ့အခါ တခြားလိုအပ်တဲ့ Ingredients တွေကလဲ ကော်ဖီရဲ့မူလအရသာကိုထိန်းနိုင်မယ်လို့ထင်ပါသလား။ ကော်ဖီမှုန့်တွေအများကြီးထည့်လိုက်တဲ့အခါ အရသာကခါးသက်သက်ဖြစ်ပြီး ‌သောက်လိုက်တဲ့သူဖို့လဲစိတ်မကျေနပ်စရာနဲ့ bad review တွေရရှိလာနိုင်ပါတယ်။ ☕💡

ဒီလိုပါပဲ ER ရဲ့ Transition Words တွေကိုလိုတာထက်သုံးမိတဲ့အခါ Logical Reasoning မဖြစ်နေတော့ဘဲ မိမိရေးထားတဲ့စာပြန်ဖတ်ရင်တောင်ထောက်နေတတ်ပါတယ်။ ပိုဆိုးတာကအဲ့လိုကြောင့်နဲ့ မိမိရဲ့အမှတ်တွေပါလျော့နိုင်တယ်ဆိုတာပါပဲ🤦🏻‍♀️🤷🏻‍♀️
ဒါကြောင့်မို့ ER အတွက် Transition Words ဘယ်အချိန်မှာဘယ်စကားလုံးသုံးရမလဲဆိုတာတီချယ်ကမကြာခင်အချိန်တိုအတွင်းမှာမျှဝေပေးသွားမှာမို့လို့ Please remain connected! ပါနော်။🙆🏻‍♀️💗

#TrKay
❤16🥰4🐳1
𝐄𝐫 𝐆𝐮𝐢𝐝𝐞 𝐛𝐲 𝐓𝐫. 𝐊𝐚𝐲 pinned «Warmly welcome to my 𝐄𝐫 𝐆𝐮𝐢𝐝𝐞 𝐛𝐲 𝐓𝐫. 𝐊𝐚𝐲's Channel✨🎀 GED မှာကျောင်းသားတော်တော်များများကခက်တယ်လ်ို့ပြောလေ့ရှိတဲ့ Reasoning Through Language Arts( RLA ) ရဲ့ Er ပိုင်းမှာဆိုရင်အမှတ်အပြည့်နဲ့အချိန်အတိုအတွင်းမှာရေးနိုင်ဖို့ဆိုတာတကယ်ရောလွယ်ကူပါ့မလား။ ဘယ်လိုနည်းလမ်းတွေက…»
Hello.. Welcome back to my channel again👩🏻‍🏫💕

Extended Response ရဲ့အမှတ်ပေးမှုအပိုင်းမှာမပါမရှိဖြစ်တဲ့ Connection Words or Transition Words တွေရဲ့ဘယ်အပိုင်းမှာဘယ်လိုစကားလုံး‌ကိုသုံးရင်သင့်လျော်မလဲ?‌ ဒီအတွက် Transition Words တွေနဲ့ပက်သက်တဲ့စကားလုံးတွေရဲ့အ‌ရေးကြီးပုံကိုဉပမာလေးတွေနဲ့တွဲပြီး Tr.Kay နဲ့အတူတူအချိန်ခနလေးပေးပြီးလေ့လာကြည့်ရအောင်။🙆🏻‍♀️🔎

✓To Add or Show Similarity
(စာကြောင်းမှာထပ်ထည့်ချင်တာ သို့မဟုတ် တူညီကြောင်းပြချင်တာဆိုရင်)
🔎🗣️

In addition (ထပ်ပြီးပြောရမယ်ဆိုရင်): The hotel had a great location; in addition, the staff was very friendly.

Furthermore (နောက်ထပ်): The evidence is compelling; furthermore, eyewitness accounts corroborate the story.

Moreover (ထိုထပ်ပို၍): The project is on schedule; moreover, it's under budget.

Besides(အဲ့တာတွေအပြင်): He speaks French fluently; besides, he knows some Spanish.

Similarly(ခပ်ဆင်ဆင်အနေနဲ့): The first study showed positive results; similarly, the follow-up research confirmed these findings.

Likewise(ထိုနည်းတူ): The students were attentive; likewise, the teacher was enthusiastic.

✓To Show Contrast or Difference
(စာကြောင်းနှစ်ခုရဲ့ဆန့်ကျင်ဘက်ကိုပြောမည်ဆိုလျှင်)
🤦🏻‍♀️❌

However(သို့သော်ငြားလည်း): The weather was beautiful; however, it was very windy.

On the other hand(အခြားတစ်ဖက်မှာတော့): Exercise is beneficial for health; on the other hand, overexertion can be harmful.

In contrast(ဆန့်ကျင်ဘက်အနေနဲ့): City life is fast-paced; in contrast, rural life is often more tranquil.

Nevertheless(ဘယ်လိုပဲဖြစ်ဖြစ်): He was tired; nevertheless, he continued working.

Despite(မည်သို့ပင်ဖြစ်စေ): Despite the challenges, the team persevered.

Although(သို့သော်): Although it was raining, they decided to go for a walk.

✓To Show Cause and Effect
(အကျိုးအကြောင်းဆက်စပ်မှုကိုပြောမည်ဆိုလျှင်)
📈📉

Therefore(အဲ့တာကြောင့်): The data was inconclusive; therefore, we need to conduct further research.

Thus(ထို့ကြောင့်): The price of oil increased; thus, the cost of gasoline rose.

Consequently(အကျိုးဆက်အနေနဲ့): He didn't study; consequently, he failed the exam.

As a result(ရလဒ်အားဖြင့်): The storm was severe; as a result, many trees were uprooted.

Since(ထိုကတည်းက): Since you're not feeling well, you should stay home.

✓To Show Sequence or Time
(အစီစဉ် သို့မဟုတ် အချိန်ကိုပြမည်ဆိုလျှင်)
📝🕰️

First(ပထမဦးစွာ): First, gather all the necessary materials.

Second(ဒုတိယအနေနဲ့): Second, begin the assembly process.

Then(ပြီးရင်): We went to the park; then, we had ice cream.

Next(နောက်တစ်ခု): Next, add the eggs to the mixture.

Finally(နောက်ဆုံးအနေနဲ့): Finally, bake for 30 minutes.

✓To Conclude or Summarize
(စာပိုဒ်ကိုနိဂုန်းချုပ်၍အဆုံးသတ်မည်ဆိုလျှင်)
📖🖌️

In conclusion(အချုပ်အားဖြင့်): In conclusion, the evidence strongly supports our hypothesis.

To summarize(အကျဉ်းချုပ်ရလျှင်): To summarize, the main points are A, B, and C.

In short(အတိုချုပ်ပြောရမည်ဆိုလျှင်): In short, the project was a success.

Therefore(ထို့ကြောင့်): Therefore, we recommend implementing these changes.

ဒီ Transition Words တွေကို မိမိရဲ့ Intro, Body , Conclusion စတာတွေမှာသင့်တော်သလို အသုံးပြုပြီး စာကြောင်းတွေနဲ့ မိမိရဲ့အိုင်ဒီယာတွေကြားမှာ ချောမွေ့ပြီး ယုတ္တိရှိတဲ့ ဆက်သွယ်မှုကို ဖန်တီးနိုင်ပါတယ်။ ဒါပေမဲ့ ခုနကတီချယ်ပြောခဲ့သလိုအလွန်အကျွံ သုံးရင်တော့ သဘာဝမကျတဲ့အသွင် ဖြစ်သွားနိုင်တာကိုလည်း သတိပြုရပါမယ်နော်။📌🙅🏻‍♀️

Hope you learned something new today! Feel free to check out more on my channel.🙆🏻‍♀️💗

#TrKay
❤32👏3🤗1
ကျောင်းသားတော်တော်များများက Formal Style ရေးသားနည်းမှာအခက်တွေ့ပြီးအမှားများနေတာကိုသတိထားမိပါတယ်။ Extended Response မှာ Formal Style နဲ့ရေးသားနိုင်ဖို့ဆိုတာတကယ်ရောလွယ်ကူပါ့မလား🙇🏻‍♀️💭 ဘယ်အချက်တွေကိုရှောင်ရင် မိမိရဲ့ Writing Scores ကိုမြင့်စေမှာလဲ? မစိုးရိမ်ပါနဲ့.. Tr.Kays' channel က Formal Style ရေးသားနည်းအတွက် သတိထားစရာအချက်လေးတွေကို မျှဝေတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်။

➜Objective Tone ကိုယ်ပိုင်ထင်မြင်ချက်၊ ခံစားချက် ဒါမှမဟုတ် ဘက်လိုက်မှုတွေကို ရေးသားတာရှောင်ရှာရပါ။မယ်။ ဉပမာအနေနဲ့ "I think that... " "I believe that or I agree that" စတဲ့မိမိကိုယ်နှိုင်းပြီးရေးသားတာမျိုးတွေအပြင် စိတ်ခံစားချက်လွန်ကဲတဲ့ အဲ့ဒီစကားလုံးတွေကို သုံးမိနေပြီဆိုရင် သတိထားပြီးပြင်ဖို့လိုနေပါပြီနော်။

➜Third-Person Perspective ယေဘုယျအားဖြင့် တတိယလူပုဂ္ဂိုလ်နေရာဖြစ်တဲ့ ( He, She, It, They) တို့ကိုမိမိရဲ့ Writing Paragraph ထဲမှာထည့်သုံးလို့ရပါတယ်။ ဒီလိုမှမဟုတ်ဘဲ ( I, We, You) တို့ကိုသုံးလိုက်ရင် မိမိရဲ့ဘက်လိုက်မှုအရေးသဘောဆောင်သွားတာမို့ ‌သတိထားရှောင်ကျဉ်ရမဲ့အချက်ဖြစ်ပါတယ်။

➜Precise Language ဆိုတာလေးနက်ပြီးအဓိပ္ပာယ်ပြည့်စုံတဲ့စကားလုံးတွေကိုဆိုလိုတာပါ။ မိမိရဲ့အတွေးအမြင်တွေကို ဖော်ပြဖို့ တိကျပြီး မှန်ကန်တဲ့ ဝေါဟာရတွေကို သူ့နေရာနဲ့သူရေးသားရခြင်းပါ။တစ်နည်းအားဖြင့် ER မှာတီချယ်တို့တွေနေ့စဉ်ပြောနေကျ ဘန်းစကား၊ ဒေသသုံးစကားနဲ့ အခြားသောအတိုကောက်စကားလုံးတွေကိုထည့်ရေးလို့မရပါဘူး။ (ဥပမာအနေနဲ့ - don't, can't) လိုမျိုးပေါ့ပေါ့ပါးပါး စကားလုံးတွေကို ရှောင်ရှား‌ရပါမယ်။

‌➜Complex Sentence Structure အရ စာကြောင်းတစ်ကြောင်းနဲ့တစ်ကြောင်းဆက်နွယ်တဲ့အခါမှာ မိမိသုံးမဲ့စကားလုံးတွေက မရှုပ်ထွေးတတ်ဖို့သတိထားရပါမယ်။
ဉပမာအနေနဲ့
❎(Let's eat MgMG)ဘာသာပြန်ကြည့်ရင် ‌မောင်မောင့်ကိုစားရအောင်ဖြစ်နေပါတယ်။ တကယ်တမ်းမှန်ကန်တာက
✅(Let's eat, MgMG)
"မောင်မောင်ရေ...စားကြမယ်" လို့ဖြစ်ရမှာပါ။

➜Proper Grammar and Mechanics ER ရေးပြီးတာနဲ့ မိမိရေးထားတဲ့ Paragraphs တွေကိုပြန်စစ်ဆေးရပါမယ်။ အဓိကကတော့ သဒ္ဒါ၊ ပုဒ်ဖြတ်ပုဒ်ရပ်၊ အက္ခရာအကြီးအသေးနဲ့ စာလုံးပေါင်းသတ်ပုံများကို အထူးဂရုစိုက်ပြီးစစ်‌ဆေးရပါမယ်။ ဒီလိုနေရာတွေမှာ အမှားတွေ၊ သတ်ပုံအမှားတွေရှိနေခဲ့ရင် Writing အနှစ်သာရကိုကျဆင်းစေပြီး အမှတ်လည်းလျော့နိုင်ပါတယ်နော်။

➜Absence of Informal Elements သတိထားစရာအရေးအကြီးဆုံးကတော့စကားပြောရာတွင် ထည့်ပြောလေ့ရှိတဲ့စကားလုံးတွေ (ဥပမာ - "like," "you know") စတဲ့ စကားလုံးတွေကို Extended Response မှာထည့်သုံးတာတွေကိုရှောင်ကျဉ်ရပါမယ်ရှင်။ အခုတင်ဆက်ပေးသွားတာကတော့ ER ရေးသားတဲ့အခါ အရေးကြီးတဲ့သတိထားစရာအချက်တွေကို မျှဝေပေးသွားတာပဲဖြစ်ပါတယ်ရှင်👩🏻‍🏫💬

Thank you for your time. I will be sharing more information soon, so don't miss out – join my channel!🙆🏻‍♀️💗

#TrKay
❤26👨‍💻2💘1